"အမဲရောင်သူရဲကောင်းစစ်သည်များ"
Vol. 48 Ch. 745
ရှက်ရွံ့သည့်အမူယာတစ်ခုနှင့်အတူ အစ်ဇာနီသည် နတ်ဘုရားဘုရင်နန်းတော်ထဲသို့ ရောက်လာခဲ့သည်။
လွန်ခဲ့သည့်လေးရက်ခန့်က သူ၏ ကျင့်ကြံရာ၌ အဆင့်တက်ခြင်းမရှိခဲ့ပေ။ ကောင်းကင်နန်းတော်ထဲတွင် သဘာ၀စွမ်းအင်များပေါများ၍ ဖှေးမှ နတ်ဘုရားဆေးပင်များရရှိခဲ့သော်လည်း သူ့အတွက် ထူးခြားမှုတစ်စုံတစ်ရာမရှိခဲ့ပေ။ သူ၏လမ်းကြောင်းတွင် မမြင်နိုင်သည့်အဆီးအတားတစ်ခုဖြစ်ပေါ်နေသလိုပင် မည်မျှကြိုးစားလေ့ကျင့်စေခါမူ အဆင့်မတက်နိုင်ဖြစ်နေ၏။ တကယ်တန်းတွင် သူသည် စိုးရိမ်စိတ်များလည်းပိုများလာလေရာ အနုတ်ဘက်ဆောင်သည့် သက်ရောင်မှုများဖြစ်နေ၏။
ဖှေးသည် တောက်ပသည့်မျက်လုံးများဖြင့် အစ်ဇာနီအား ကြည့်လိုက်သည်။ သူသည် ကောင်လေး၏ နှလုံးသားထဲထိ ထိုးဖောက်မြင်နိုင်နေသလိုပင်။
"လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က ငါရေပူစမ်းမြို့တော်ကိုဖြတ်သွားတုန်းက မင်းနဲ့အဖိုးကြီးယော့ခ်ကို ဆင်းရဲသားရက်ကွက်မှာတွေ့ခဲ့တာ ငါမှတ်မိပါတယ်။ တီနာရဲ့ ချစ်စရာကောင်းတဲ့မျက်နှာလေးကိုလည်း ငါအခုထိမှတ်မိသေးတယ်...ရေပူစမ်းမြို့တော်က မာနထောင်လွှားနေတဲ့ကောင်က မင်းတို့ကို ဒီလောက်ထိရက်စက်လိမ့်မယ်လို့ ငါထင်မထားခဲ့ဘူး။ ပြန်စဥ်းစားကြည့်ရင် င့ါအမှားတွေလဲပါပါတယ်..." ဖှေးအတိတ်အကြောင်းကို ပြန်ပြောလိုက်သည်။
"ဆရာ့အမှားမဟုတ်ပါဘူး ဆရာ။ အဲ့ ကူလွန်ဆိုတဲ့ကောင်က အတော်ယုတ်မာရက်စက်တဲ့ကောင်ပဲ။ လူသားဆန်တဲ့ကောင်မဟုတ်ဘူး..." အစ်ဇာနီသည် သူ၏ လက်သီးများကို ဆုပ်ကာ ပြန်ပြောလိုက်သည်။
"အင်း အခုဆိုမင်းင့ါစီမှာ ပညာသင်နေခဲ့တာ တစ်နှစ်ခွဲတောင်ကျော်လာခဲ့ပြီ။ အခုဆို ကြယ်၇လုံးအဆင့်စစ်သည်တစ်ယောက်လဲဖြစ်နေပြီလေ။ မင်းရဲ့ မွေးရာပါ ကိုယ်ဖျောက်စွမ်းရည်နဲ့ဆိုရင် မင်းဇီးနစ်အင်ပါယာထဲမှာ ကြိုက်တဲ့နေရာကိုသွားလာလို့ရနေပြီ...အဲ့တာကြောင့် မင်းရေပူစမ်းမြို့တော်ကို ပြန်သွားပြီး လက်စားချေဖို့ ငါခွင့်ပြုလိုက်မယ်။ ပြီးရင်တော့ အတိတ်ကို အတိတ်မှာထားခဲ့လိုက်တော့ပေါ့..." ဖှေးခေါင်းငြိမ့်ကာ ပြောလိုက်သည်။
စကားပြောနေရင်းဖြင့် စိတ်ခံစားချက်ပြင်းထန်လာပြီး ဂုဏ်ယူသလိုဖှေးခံစားလိုက်ရသည်။
စတွေ့သည့်အချိန်က အသားမဲမဲနှင့် အစ်ဇာနီသည် အတွင်းအားစွမ်းအင်ပင်ပိုင်ဆိုင်ခြင်းမရှိသေးသည့် ကြေးစားစစ်သည်ကောင်လေးတစ်ဦးသာဖြစ်သည်။ တစ်နှစ်ခွဲခန့်ကြာပြီးသည့်အချိန်တွင် အစ်ဇာနီသည် ယခုအချိန်၌ ခန့်ညားကြံ့ခိုင်ခါတည်ငြိမ်သည့် ယောက်များတစ်ယောက်ဖြစ်လာပြီဖြစ်သည်။ သူသည် ပိုကောင်းသည့်လူတစ်ယောက်ဖြစ်လာသည့်အတွက် ဖှေးသည် သူ၏ တပည့်လမ်းမှားရောက်ခဲ့ခြင်းမရှိသည်ကို ဂုဏ်ယူနေခြင်းပင်။
"အာ ဆရာ..ဆရာဆိုလိုတာက ကျွန်တော်..." အစ်ဇာနီသည် ဖှေးပြောသည်ကို ကြားသည့်အချိန်တွင် စိတ်လှုပ်ရှားသွား၏။
"မင်း ကျင့်စဥ်မအောင်မြင်ပဲဖြစ်နေတာက မင်းရဲ့အတိတ်ကနေ မလွတ်မြောက်နိုင်သေးလို့ပဲ။ မင်းမှာ ရန်ငြိုးတွေရှိနေတုန်းဆိုတော့ မင်းစိတ်ကို တည်ငြိမ်အောင်ထားပြီး အဆင့်တက်အောင်မကျင့်နိုင်သေးဘူး။ အဲ့တာအပြင် မင်းက ကျွမ်းကျင်တဲ့လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် လက်တွေ့အတွေ့ကြုံလဲလိုသေးတယ်။ တိုက်ပွဲတွေကိုဖြတ်သန်းပြီးမှပဲ မင်းကအမှန်တကယ်စွမ်းအားမြင့်မားတဲ့ လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ဖြစ်လာနိုင်လိမ့်မယ်။ အဲ့တာကြောင့် မင်းအခုသွားပြီး ဦးလေးယော့ခ်နဲ့ တီနာလေးတို့အတွက် လက်စားချေပေးလိုက်ပါ..." ဖှေး တစ်စက္ကန့်ခန့် နားကာ ဆက်ပြောလိုက်သည်။ "မင်းသွားပြီး လုပ်စရာရှိတာလုပ်လိုက်...မင်းက ငါ့တပည့်မို့ ဘယ်သူ့ကိုမှ ကြောက်ဖို့မလိုဘူးဆိုတာကို မှတ်ထားလိုက်ပါ..."
အစ်ဇာနီ၏ စိတ်ထဲတွင် ဖော်မပြနိုင်သည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရပြီး ဖှေးအားအလွန်ကျေးဇူးတင်သွား၏။
သူသည် ဘာမှဆက်မပြောတော့ပဲ ဒူးတစ်ဖက်ထောက်၍ အရိုသေပြုကာ နတ်ဘုရားဘုရင်နန်းတော်အတွင်းမှ ထွက်လာခဲ့တော့သည်။
......
-ရေပူစမ်းမြို့တော်-
ထည်၀ါလှသည့် ခံတပ်ကြီးသည် အင်ပါယာအရှေ့ပိုင်းဒေသ၏ မြို့တော်ဖြစ်ပြီး ဇီးနစ်အင်ပါယာထဲတွင်ရှိသည့် ထိပ်တန်းမြို့တော်ဆယ်မြို့ထဲမှ တစ်ခုပင်။
ကြီးမားသည့် အမဲရောင်နံရံကြီးများလိုပင် ချမ်းဘော့ဒ်တိုင်းပြည်မှ အင်ပါယာတောင်ပိုင်းသို့ သွားလာနိုင်သည့် လမ်းကြောင်းများကို ကာရံထား၏။ ခံတပ်အား ဖြတ်သန်းသွားလိုသူတိုင်းသည် စာရွက်စာတမ်းကိစ္စများကို ဦးစွာလုပ်ရမည်ဖြစ်ပြီး ကုန်သည်များသည်လည်း ဤနေရာသို့ ဖြတ်သန်းလိုပါက ကုန်ပစ္စည်းခွန်များပေးကြရ၏။
မနက်ပိုင်းအချိန်ဖြစ်သောကြောင့် မြူမုန်မြူခိုးများကို မြင်နေရဆဲပင်။
အရှေ့ဘက်ကောင်းကင်သည် တောက်ပနေပြီဖြစ်ပြီး ဂိတ်တံခါးများမဖွင့်သေးသည့် ရေပူစမ်းမြို့တော်သည် အိပ်ပျော်နေသည့် မိန်းမချောလေးတစ်ယောက်လိုပင်။ ခံတပ်မျှော်စင်များပေါ်တွင် လွှင့်ထူထားသည့်အလံများသည် မနက်ခင်းလေညှင်းနှင့်အတူ လှုပ်ရှားနေကြ၏။ ခံတပ်နံရံများပေါ်တွင် ကင်လှည့်နေသည့်စစ်သည်များကိုလည်းမြင်နေကြရ၏။ မြို့တော်ကြီးတစ်ခုလုံးသည် နွေဦးနံနတ်ခင်းအစောပိုင်းတွင် အလွန်ငြိမ်းချမ်း၍ တိတ်ဆိတ်နေသလိုခံစားရ၏။
အ၀ေးတစ်နေရာမှ မြင်းခွာသံများကိုကြားလိုက်ရသည်။
မကြာမှီတွင် အမဲရောင်ချပ်၀တ်များ၀တ်ဆင်ထားသည့် သူရဲကောင်းစစ်သည်ငါးဦး မြင်းများဖြင့် မြို့တော်ရှေ့သို့ ရောက်လာသည်ကိုတွေ့လိုက်ရသည်။ သူတို့သည် အလွန်လဲမြန်ဆန်ကာ တိတ်တိတ်ဆိတ်ဆိတ်ရောက်ရှိလာသဖြင့် တိမ်များပေါ်မှ စီးနှင်းလိုက်ပါလာသလိုပင်။ ဂိတ်တံခါးရှေ့တွင်ရပ်လိုက်ပြီး ပတ်၀န်းကျင်ကိုအကဲခတ်ပြီးနောက်တွင် ရှေ့မှဦးဆောင်လာသော ခန့်ညားသည့်လူငယ်သည် သူ၏ လက်ကို ၀ှေ့ရမ်းလိုက်သည်။ ထို့နောက်တွင် သူတို့ငါးဦးလုံးမြင်းများပေါ်မှ ခုန်ဆင်း၍ မြို့ဂိတ်တံခါးဖွင့်မည့်အချိန်ကို စောင့်ဆိုင်းနေကြ၏။
မြင်းများအပါ၀င် သူတို့ငါးဦးလုံးသည် ဆူညံသံတစ်စုံတစ်ရာပြုလုပ်ခြင်းမရှိပဲ ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင် တိတ်ဆိတ်နေ၏။
အချိန်းများကုန်ဆုံးလာသည်နှင့်အမျှ မြို့တော်ဂိတ်တံခါးရှေ့တွင် လူများပိုများလာ၏။ ထိုလူများသည် လယ်ကွင်းများမှပြန်လာကြသည့် မြို့ခံများ၊ လက်ဆက်သည့် ဟင်းသီးဟင်းရွက်များ ရောင်းချရန်စီစဥ်နေကြသည့် စျေးသည်များ၊ ဖြတ်သန်းသွားလာသည့် ကုန်သည်များ၊ တာ၀န်ပြီးဆုံး၍ ပြန်လာကြသည့် ကြေးစားစစ်သည်များ၊ မြို့တစ်ခုပြီးတစ်ခုလှည့်လည်သွားလာနေသည့် ခရီးသွားကဗျာဆရာများ အစရှိသည်တို့ပင်။
သူတို့အားလုံးသည် မြို့တော်ဂိတ်တံခါးရှေ့တွင် စုပြုံကာ ဂိတ်တံခါးဖွင့်မည့်အချိန်ကို ခန့်မှန်းတွက်ဆနေကြသည်။
ထိုလူအုပ်ထဲတွင် အမဲရောင်သူရဲကောင်းစစ်သည်ငါးဦးမှာ ထူးခြားကွဲထွက်နေ၏။ သူတို့ထံမှ ခံစားနေရသည့် အေးစက်သည့် ခံစားချက်သည် အနီးနားတွင်ရှိနေသည့်လူများကို ထိတ်လန့်တုန်လှုပ်စေ၏။
ထို့ကြောင့် နေရာတစ်၀ိုက်တွင်ရှိနေသည့် လူများသည် သူတို့အား ရှောင်နေကြသော်လည်း လျို့၀ှက်သည့်လူငါးဦးကို စိုက်ကြည့်နေကြ၏။
ခန့်ညားသည့်လူငယ်ငါးဦးအား ညွှန်ပြရင်းဖြင့် လူအုပ်ထဲမှ လူတစ်ချို့သည် အခြင်းခြင်းတီတိုးပြောဆိုနေကြသည်။ "သူတို့ကြည့်ရတာ ပုံမှန်နဲ့မတူဘူး။ လက်ရှိနေရာတစ်၀ိုက်မှာတော့ တစ်ခြားအင်ပါယာက စစ်သည်တွေနဲ့ သံတမန်အဖွဲ့တွေ ဖြတ်သွားဖြတ်လာရှိတယ်။ ဒါပေမယ့် သူတို့ငါးယောက်က ဒီမှာ ဘာလာလုပ်နေကြတာလဲ..."
မနက်ခင်းနေရောင်ခြည် စတင်၍ ကျရောက်လာသည့်အချိန်တွင် မြို့တော်ဂိတ်တံခါးများ စတင်ပွင့်လာ၏။
ဂိတ်တံခါးကို ဖွင့်ပေးပြီးသည့်အချိန်တွင် အိပ်ချင်မူးတူးဖြစ်နေသည့်စစ်သည်များမြို့ပြင်သို့ ထွက်လာပြီး ဂိတ်တံခါးဘေးတွင်ရပ်ကာ လူများထံမှ မြို့၀င်ကြေးများကောက်နေကြ၏။ စောင့်နေကြသည့်လူများသည်လည်း အသားကျနေပြီဖြစ်သောကြောင့် တန်းစီကာ မြို့၀င်ကြေးများကို အလှည့်ကျပေးဆောင်ရင်းမြို့တော်ထဲသို့ ၀င်ရောက်ရန်ပြင်ဆင်ကြ၏။
ငြိမ်သက်နေကြသည့် အမဲရောင်သူရဲကောင်းငါးဦးသည် ချက်ချင်းပင် မြင်းများပေါ်သို့ ခုန်တက်ကာ မြို့တော်ထဲသို့ တဟုန်ထိုးစီး၀င်သွားကြ၏။
ဂိတ်စောင့်စစ်သည်များသည် သူတို့အား တားဆီး၍ မြို့၀င်ကြေးကောက်ခံရန်ကြိုးစားလိုက်ကြသော်လည်း ဦးဆောင်လာသည့် လူငယ်မှ သူတို့အား စိုက်ကြည့်လိုက်သည့်အချိန်တွင် ချက်ချင်းပင်အေးစက်သွား၏။ သားရဲတိရိစ္ဆာန်များ၏ ပစ်မှတ်ထားခြင်းခံရသလို ခံစားလိုက်ရပြီး လှုပ်ရှားရဲသည့် သတ္တိပင်မရှိတော့ချေ။ အမဲရောင်သူရဲကောင်းငါးဦးအ၀ေးသို့ ရောက်သွားသည့်အချိန်မှသာလျှင် လူအုပ်ထဲတွင်ရှိနေသည့်လူများတုန့်ပြန်နိုင်တော့၏။ "ဘယ်သူတွေလဲကွ...သူတို့ဒီကို ဘာလာလုပ်ကြတာလဲ။ အတော်ကြောက်စရာကောင်းတဲ့လူတွေပဲ။ င့ါကို ကြည့်သွားတာ သေမင်းကစိုက်ကြည့်လိုက်သလို ခံစားလိုက်ရတယ်..."
"ဟုတ်တယ် ကြောက်စရာပဲ..."
"သူတို့အခုမြို့ထဲ၀င်သွားပြီဆိုတော့ မကောင်းတဲ့အရာတွေများဖြစ်တော့မှာလားမသိဘူး..."
ဂိတ်စောင့်စစ်သည်များသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ချွေးပျံနေကြသည်။
"မဖြစ်ပါစေနဲ့လို့ပဲ ငါတော့မျှော်လင့်ပါတယ်..."
......
-မြို့တော်၀န်စံအိမ်-
ရေပူစမ်းမြို့တော်ထဲတွင် လူအများစု၏ မုန်းတီးခြင်းခံရသည့် သခင်လေးခူလွန်သည် မနက်အစောပိုင်းတွင် စံအိမ်မှ ထွက်လာခဲ့၏။ ဘေးတွင် လူယုံကိုယ်ရံတော်များစွာဖြင့် မျက်နှာပေါ်တွင် စိတ်လှုပ်ရှားသည့်အမူယာတစ်ခုနှင့်အတူ ဆင်းရဲသားရပ်ကွက်ထံသို့ ဦးတည်သွားနေလျှက်ရှိသည်။
"အဲ့စော်ပြန်ရောက်နေပြီဆိုတာ မင်းတို့ကောင်တွေ သေချာလို့လား..." ခူလွန်မေးလိုက်၏။
"ဟီးဟီး မစိုးရိမ်ပါနဲ့ သခင်လေး။ ဒီနေ့ မြို့တော်ဂိတ်တံခါးဖွင့်တုန်းက အဲ့စော်၀င်လာာတာကို ကျွန်တော်တို့တွေ့လိုက်ပါတယ်။ သူက အိမ်ခြေရာမဲ့ခွေးသားတွေကို ဂရုစိုက်ပေးဖို့ ဆင်းရဲသားရက်ကွက်ကို ပြန်သွားတာနေမာပေါ့။ ကျွန်တော်တို့ အခုသွားမယ်ဆိုရင် အဲ့ကောင်မကို ဖမ်းလို့ရလောက်တယ်။ အဲ့စော်ကို ကြိုးတုတ်ပြီးတော့ သခင်လေးလုပ်ချင်သလိုလုပ်ပေါ့...." မျောက်မျက်နှာနှင့် ခပ်ပိန်ပိန်လူတစ်ယောက်သည် ဖား၍ပြောလိုက်သည်။
"ဟားဟားဟား အဲ့ကောင်မကတော့ ယဥ်ပါးအောင်လုပ်ဖို့ခက်မှာပဲ။ ဒါပေမယ့် သူ့ကိုတော့ အော်လေးစိတ်၀င်စားတယ်။ အ၀တ်စားတွေချွတ်ပြီးရင် ဘယ်လိုမျက်နှာဖြစ်နေမလဲကြည့်ကြသေးတာပေါ့ကွာ ဟားဟားဟား.." ခူလွန်သည် စိတ်ကူးယဥ်ကြည့်ရင်း စတင်ရယ်မောတော့သည်။
ထိုလူများသည် လမ်းသွားလမ်းလာများကို တွန်းထုတ်၍ ဆင်းရဲသားရက်ကွက်သို့ ဦးတည်လာခဲ့တော့၏။
တစ်ချိန်တည်းမှာပင် အမဲရောင်သူရဲကောင်းများ၏ ခေါင်းဆောင်ဖြစ်သူ လူငယ်သည် ရုတ်တရက်ပြောလိုက်သည် "မရောက်တာကြာပြီဆိုတော့ ဆင်းရဲသားရက်ကွက်ကို အရင်သွားကြည့်ရအောင်လေ။ တစ်နှစ်ခွဲလောက်ကြာသွားပြီဆိုတော့ ဘာတွေများပြောင်းလဲသွားပြီလဲမသိဘူး..."
သူတို့ငါးယောက်သည် ဤမြို့နှင့်အလွန်ရင်းနှီးသည့်ပုံရှိပြီး လမ်းများကို လွယ်လွယ်ကူကူပင် ဖြတ်သန်းသွားလာနေကြ၏။
သူတို့ငါးယောက်သည် လူအုပ်အား ကျော်လွန်၍ ဆင်းရဲသားရက်ကွက်၏ အပြင်ဘက်စွန်းသို့ ရောက်ရှိလာခဲ့ကြသည်။
"ငါတို့ ပြန်ရောက်လာခဲ့ပြီပဲ..." ဤသည်မှာ အမဲရောင်သူရဲကောင်းငါးဦး၏ စိတ်ထဲတွင် ပထမဆုံးတွေးခဲ့မိသည့်အရာပင်။
လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်က သူတို့သည် မိဘမဲ့ကလေးများဖြစ်ပြီး တနေ့ပြီးတစ်နေ့အသက်ရှင်နိုင်ရန်အတွက် အနိုင်နိုင်ရုန်းကန်ခဲ့ရသည်။ သူတို့သည် ဤနေရာတွင် ကြီးပြင်းလာခဲ့ကြသူများပင်။
အိမ်ပြန်ရောက်ခဲ့ပြီဖြစ်သည်။
သူတို့သည် ယခုအချိန်တွင် စွမ်းအားမြင့်စစ်သည်များဖြစ်နေပြီဖြစ်ပြီး အင်ပါယာတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည့် ဘုရင်တစ်ပါး၏ ထောက်ခံခြင်းကိုလည်းခံထားရသည်။