← Chapters

"ဆင်းရဲသားရက်ကွက်ကို ပြန်ရောက်ခြင်း"

Vol. 48 Ch. 746

"ဆင်းရဲသားရက်ကွက်ကို ပြန်ရောက်ခြင်း"

Vol. 48 Ch. 746

ဒန်နီရယ်သည် မထင်မရှားကြေးစားစစ်သည်တပ်ဖွဲ့တစ်ခုမှ အားနည်းသည့် ကြေးစားစစ်သည်တစ်ဦးသာဖြစ်သည်။ သူမ၏ ဘ၀သည် မီးစာကုန်ခါနီး ဖယောင်းတိုင်တစ်ချောင်းကဲ့သို့ပင် အချိန်မရွေးမှေးမှိန်ကာ အလင်းရောင်ပျောက်ကွယ်သွားနိုင်၏။

သို့သော် မကြာသေးမှီအချိန်ခန့်က သူမကြုံတွေ့ခဲ့ရသည့် ထူးခြားသောအဖြစ်ပျက်တစ်ခုကြောင့် သူမ၏ စွမ်းအားများသည် သိသိသာသာမြင့်တက်လာခဲ့ပြီး ကြယ်တစ်လုံးအဆင့်စစ်သည်တစ်ယောက်ဖြစ်လာခဲ့သည်။

ရုတ်တရက်ဖြစ်လာသည့်အပြောင်းလဲသည် သူမ၏ ဘ၀လမ်းကြောင်းအပေါ်သက်ရောက်စေခဲ့သည်။ အသက်၁၈နှစ်အောက် ကြယ်တစ်လုံးစစ်သည်တစ်ယောက်အနေဖြင့် သူမ၏ အစွမ်းသည် ဒေသတစ်၀ိုက်ကြေးစားစစ်သည်လောကတွင် အလည်လတ်အဆင့်ရှိသည်ဖြစ်ရာ သူမသည် ရေပူစမ်းမြို့တော်တွင်ရှိသည့် အလယ်လတ်အဆင့်ကြေးစားစစ်သည်အဖွဲ့တစ်ခုကို ၀င်ရောက်နိုင်ပြီဖြစ်သည်။

သူမသည် နေ့တိုင်းလိုလို အသက်နှင့်ရင်းကာ အလုပ်လုပ်ရသော်လည်း ငွေကြေးအနည်းငယ်အဆင်ပြေလာခဲ့ပြီဖြစ်ရာ အစားစာနှင့်အ၀တ်စားဖိုးများအတွက် ပူပင်စရာမလိုတော့ပေ။

သေခြင်း၏ ဓားသွားပေါ်တွင် ကခုန်ရသည့် ကြေးစားစစ်သည်အများစုနှင့် မတူညီသည့်အချက်မှာ သူမသည် မိန်းကလေးတစ်ယောက်ဖြစ်နေခြင်းပင်။ ချောမောလှပသည့် မိန်းကလေးတစ်ယောက်ပင်။

ချောမောလှပခြင်းသည် မိန်းကလေးတိုင်းလိုချင်သည့်အရာတစ်ခုဖြစ်သော်လည်း ကြေးစားစစ်သည်တစ်ယောက်အနေဖြင့် ရှိသင့်သည့်အရာမဟုတ်ပေ။

သူမ၏ လှပမှုကြောင့် မလိုလားအပ်သည့်ပြသနာများစွာဖြစ်တတ်၏။

ထူးဆန်းသည့်အရာမှာ သူမ ကြယ်တစ်လုံးအဆင့်စစ်သည်တစ်ယောက်မဖြစ်ခဲ့စဥ်က သူက၏ ရုပ်ရည်သည်သာမန်မျှသာဖြစ်၏။ ထိုအချိန်က သူမသည် အသားမဲမဲပိန်ပိန်နှင့် အနည်းငယ်ညစ်ပေကာ ယောက်ျားလေးများကဲ့သို့ပင် လက်နက်များကိုင်စွဲကာ တိုက်ခိုက်ရ၏။ အသက်ရှင်နိုင်ရန်အတွက် ဖိအားများကြောင့် သူမသည် အရေးကြီးသည့်အရာများကိုသာ ဂရုစိုက်သဖြင့် သူမ၏ ရုပ်ရည်သွင်ပြင်အား ဂရုစိုက်ခဲ့ခြင်းမရှိပေ။ တကယ်တန်းတွင် သူမသည် မိန်းကလေးတစ်ယောက်ဖြစ်သည်ကိုပင် တစ်ခါတစ်ရံမေ့လျော့နေတတ်၏။

သို့သော် ထိုဖြစ်ရပ်အပြီးတွင် သူမသည် ကြယ်တစ်လုံးအဆင့်စစ်သည်တစ်ယောက်ဖြစ်လာကာ ပြောင်းလဲခဲ့သည်။ အတွင်းအားစွမ်းအင်များပိုင်ဆိုင်လာသောကြောင့်လား မဆိုတတ်ချေ သူမသည် ကြက်ပေါက်လေးတစ်ကောင်မှ လှပသည့် ကြိုးကြာတစ်ကောင်အဖြစ်သို့ ပြောင်းလဲလာခဲ့၏။ ယောက်ျားလျာကဲ့သို့သော အရုပ်ဆိုးဆိုးကောင်မလေးတစ်ယောက်သည် လှပသည့်မိန်းကလေးတစ်ယောက်ဖြစ်လာခဲ့၏။

စွမ်းအားများမြင့်တက်လာခြင်းနှင့်အတူ ရရှိလာခဲ့သည့်လှပမှုသည် သူမအား ဒုက္ခများစွာလည်းယူဆောင်လာပေးခဲ့သည်။

ဥပမာအားဖြင့် သူမသည် ပတ်၀န်းကျင်တွင်ရှိသော ယောက်ျားလေးများ၏ အကြည့်ကို ခံရပြီး အဖွဲ့သားများသည်လည်း စနောက်ပိုးပန်းတတ်ကြ၏။

ထို့ကြောင့် နောက်ဆုံးတွင် သူမသည် သံမဏိမျက်နှာဖုံးတစ်ခုကိုသာ နေ့စဥ်၀တ်ဆင်၍ အလုပ်လုပ်ကိုင်ရတော့၏။

သူမ၏ ငွေကြေးအခြေအနေသည်ပို၍ကောင်းမွန်အဆင်ပြေလာခဲ့သော်လည်း ဒန်နီရယ်သည် ဆင်းရဲသားရက်ကွက်တွင်သာ နေထိုင်နေဆဲပင်။

နှလုံးသားနွေးထွေးစေသည့်အမှတ်တရများစွာသည် ဤနေရာတွင်သာဖြစ်ပျက်ခဲ့ပြီး ထိုဖြစ်ရပ်များသည် သူမ၏ ဘ၀ကိုအရောင်သွေးစုံစေခဲ့သည်။ ထိုအမှတ်တရများကို ပြန်တွေးမိသည့်အချိန်တိုင်းတွင် သူမပြုံးမိမည်ဖြစ်သည်။

သို့သော်...သွေးအေးစွာသတ်ဖြတ်ခြင်းများနှင့် တောက်လောင်နေသည့်မီးတောက်များသည် ထိုလှပသည့် အမှတ်တရများအားလုံးကို ၀ါးမျိုပစ်ခဲ့ပြီး ထိုလူကိုပင် လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်က ယူဆောင်သွားခဲ့သည်။

ဒန်နီရယ်သည် ဆင်းရဲသားရက်ကွက်တွင်သာ သူမနေနေကျနေရာတွင် ဆက်လက်နေထိုင်ခဲ့၏။ လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်က ထိုလူလုပ်ခဲ့သလိုပင် သူမသည် မိဘမဲ့ကလေးအယောက်၂၀ခန့်ကို ကာကွယ်စောင့်ရှောက်ပေးနေခဲ့ပြီး ထိုကလေးများ၏ အားကိုးရာဖြစ်လာခဲ့သည်။

"ဟားဟား သေချာရပ်လေ ခါးကို မက်မက်ထား ရှေ့ကိုကြည့်ပြီး အမြန်ထိုး..." ဒန်နီရယ်သည် ပြုံးရင်းဖြင့် ခေါင်းငြိမ့်ကာပြောလိုက်သည်။

လှပသည့် မနက်ခင်းလနေရောင်ခြည်သည် အမှိုက်ပုံများပေါ်သို့ကျရောက်နေပြီး သပ်သပ်ရပ်ရပ်ရှိသည်ဟုဆိုနိုင်သည့် ကွင်းပြင်ငယ်လေးပေါ်တွင် ထွန်းလင်းနေ၏။ အသက်ခြောက်နှစ်မှ ရှစ်နှစ်အတွင်းယောက်ျားလေးများသည် နေရောင်အောက်တွင် လက်သီးထိုးနည်းကို စိတ်ပါ၀င်စားစွာလေ့ကျင့်နေကြ၏။ သူတို့သည် ကလေးများသာရှိသေးသော်လည်း အမူယာများမှာ လေးလေးနက်နက်ရှိကြ၏။ သူတို့အော်ဟစ်ကာ လေ့ကျင့်နေကြရင်းဖြင့် ချွေးစက်များသည် နဖူးပေါ်မှ စီးကျနေကြ၏။

သိပ်မ၀ေးသည့်နေရာတွင် ကောင်မလေးများသည် အမှိုက်ပုံများမှ အသုံးပြုလို့ရသေးသည့် ပစ္စည်းများနှင့် ပုပ်သိုးခြင်းမရှိသေးသည့်အစားသောက်များကို ကောက်ယူနေကြ၏။

အကြမ်းဖတ်မှုများ၊ လူသတ်မှုများ၊ ဓားပြမှုများ၊ အနံ့ဆိုးများဖြင့်ပြည့်နှက်နေသည့် ဤဆင်းရဲသားရက်ကွက်ထဲတွင် ထိုခြံ၀န်းလေးမှာ လုံခြုံကာ သန့်ရှင်းသည့် ကောင်းကင်ဘုံငယ်လေးတစ်ခုလိုပင်။ ရွှေရောင်နေရောင်ခြည်အောက်တွင် ကလေးများ၏ အပြစ်ကင်းစင်သောရယ်မောသံများသည် မနက်ခင်းအေးစက်မှုကို ပျောက်ဆုံးစေပြီး ညစ်ပတ်အေးစက်သည့် နေရာသည် စည်စည်ကားကားဖြင့်နွေးထွေးလာတော့၏။

အနီရောင်လယ်သာချပ်၀တ်ကို ၀တ်ဆင်ထားသည့် ဒန်နီရယ်သည် လက်ရှိအချိန်တွင် စိတ်ကျေနပ်နေသည့်အတွက်ကြောင့် သတိမေ့လျော့နေ၏။

၀တ်ဆင်နေကျ သံမဏိမျက်နှာဖုံးကိုလည်း ၀တ်ဆင်ထားခြင်းမရှိသောကြောင့် သူမ၏ မျက်နှာပေါ်တွင်ရှိနေသည့် တောက်ပနေသောအပြုံးကို ကောင်းမွန်စွာမြင်တွေ့နေရသည်။ ထိုကလေးများကို ကြည့်နေရင်းဖြင့် သူမ၏ အတွေးများသည် လွန်ခဲ့သည့် ရှစ်နှစ်ခန့်က အချိန်သို့ ပြန်လည်ကာ လွင့်မျောသွား၏။ ထိုစဥ်ကလည်း ဤကဲ့သို့ ကလေးများရှိနေ၏။ သူမသည် ထိုကလေးများထဲတွင် အကြီးဆုံးကလေးပင်...

ရုတ်တရက်ပင် ဒယ်နီရယ်တစ်စုံတစ်ခုကို သတိထားမိလိုက်ကာ မျက်မှောင်ကြုံ့လိုက်သည်။

သူမလက်ခုပ်တီးလိုက်ရာ ကလေးများသည် ခြံ၀န်း၏ ထောင့်တစ်ခုတွင်ရှိသော ကျောက်တုံးအိမ်လေးထဲသို့ အမြန်ပြေး၀င်သွားကြ၏။ လက်ခုပ်သံသည် အချက်ပြလိုက်ခြင်းဖြစ်ပေလိမ့်မယ်။ ကလေးများသည် အိမ်ထဲမှနေ၍ ပြတင်းပေါက်များ တံခါးကြားမှ ချောင်းကြည့်နေကြ၏။

ခြေသံများစွာထွက်ပေါ်လာသည်။

လေမြန်တပ်ဖွဲ့မှ စစ်သည်တပ်ဖွဲ့တစ်ဖွဲ့သည် အမှိုက်ပုံအားကျော်ဖြတ်ကာ သားသားနားနား၀တ်ဆင်ထားသည့် လူငယ်တစ်ချို့ကို ၀န်းရံပေးရင်းဖြင့် ရောက်ရှိလာ၏။ သူမရှိရာထံသို့ ဦးတည်လာရင်းဖြင့် ရက်စက်ကြမ်းကြုတ်စွာအော်ဟစ်နေပြီး ရန်လိုနေသည့် ဟန်ပင်။

ဒန်နီရယ်မျက်မှောင်ကြုံ့ကာ တစ်စုံတစ်ခုကိုတွေးလိုက်မိပြီး သူမ၏ သံမဏိမျက်နှာဖုံးကို ပြန်၀တ်လိုက်သည်။

စစ်သည်များနှင့် လူငယ်ယောက်ျားများ၏ မျက်နှာပေါ်တွင် သူမကောင်းကောင်းနားလည်သည့် အသွင်ပြင်တစ်ခုကို မြင်လိုက်ရပြီး ပျို့အန်ချင်စိတ်ပါပေါက်လာ၏။

......

"တစ်နှစ်ကျော်လောက်ကြာသွားတာတောင် ဒီနေရာက မပြောင်းလဲသေးဘူးပဲ..." အစ်ဇာနီသည် ကောင်းမွန်စွာလေ့ကျင့်ထားသည့် မြင်းနက်တစ်ကောင်ကို စီးရင်းဖြင့် သူ၏ အဖော်လေးယောက်နှင့်အတူ အတိတ်အား ပြန်အောက်မေ့နေပုံပင်။

သူတို့မြင်ရသည့်အရာများသည် ပုပ်သိုးနေသည့်အမှိုက်သရိုက်များ၊ အနက်ရောင်နံစော်နေသည့် အရည်များဖြင့်ပြည့်နှက်နေသည့် လမ်းကြားများသာဖြစ်၏။ လမ်းသွားလမ်းလာများစွာသိပ်မရှိပဲ ရှိနေသည့်လူများသည် အေးစက်သည့်ပုံရှိ၏။ အ၀တ်စားပြည့်စုံစွာ၀တ်ဆင်ထားခြင်းမရှိသည့် ပြည့်တန်ဆာမလေးများသည် အေးစက်သည့် လေညှင်းထဲတွင် ချမ်းတုန်နေရင်းဖြင့် ဖောက်သယ်ရှာနေကြသည်။ ကြောင်ရိုင်းခွေးရိုင်းများသည်လည်း အမှိုက်ပုံများကြားတွင်ရှိသည့် ပုပ်သိုးနေသည့်အလောင်းများကို လုရင်းဖြင့် အခြင်းခြင်းကိုက်နေကြပြီး ကြွက်များသည်လည်း ဟိုပြေးဒီပြေးရှိနေ၏။

ဘာမှမပြောင်းလဲသေးပေ။

"တိုလီမီ မိသားစုရဲ့ ဆိုး၀ါးတဲ့ အုပ်ချုပ်မှုစနစ်အောက်မှာ သက်ဆိုင်ရာအရာရှိတွေက ဒီဆင်းရဲသားရက်ကွက်ကို လျစ်လျူရှုထားကြတာပဲ။ ဆွေကြီးမျိုးကြီးတွေနဲ့ အရှိန်၀ါကြီးမားသူတွေက နေ့တိုင်းလိုလို မီးပုံဘေးမှာ ပါတီပွဲကျင်းပနေကြတော့ ဒီလိုရက်ကွက်ကို ခေါင်းထဲဘယ်ထည့်ကြတော့မှာလဲ..." သူတို့ငါးယောက်ထဲတွင် အငယ်ဆုံးဖြစ်သည့် အသက်၁၅နှစ်ခန့်ရုပ်ရည်သွင်ပြင်ရှိသည့် မိုက်ကယ်-အို၀မ်မှ ဒေါသဖြင့်ပြောလိုက်သည်။ "ချမ်းဘော့ဒ်တိုင်းပြည်နဲ့ ယှဥ်မယ်ဆိုရင် ဒီနေရာက ငရဲပြည်လိုပဲ တကယ်လို့ ဘုရင်အလတ်ဇန္ဒားသာ ဒီမြို့တော်ကို အုပ်ချုပ်မယ်ဆိုရင် အခြေအနေတွေက ဒီလိုရှိမှာမဟုတ်ဘူး..."

ထိုကဲ့သို့ပြောနေရင်းဖြင့် သူ၏ ရွှေရောင်ဆံပင်များသည် နေရောင်အောက်တွင် တောက်ပနေလျှက်ရှိသည်။

အနောက်တွင်လိုက်ပါလာနေသည့် လူငယ်သုံးယောက်သည်လည်း တိတ်ဆိတ်နေလျှက်ရှိသည်။

လွန်ခဲ့သည့် နှစ်၀က်ခန့်က ဖြစ်ပျက်ခဲ့သည့်အရာကြောင့် သူတို့သည် ဤမြို့တော်၏ အုပ်ချုပ်သူများကို လွန်စွာမုန်းတီးကြပြီး သတ်ဖြတ်လိုသော ဆန္ဒများထွက်ပေါ်လာ၏။ သူတို့သည် ယခုလိုနေ့အား စောင့်နေခဲ့ကြသည်မှာ ၂၁၇ရက်ပင်ရှိပြီဖြစ်သည်။

ဦးလေးယော့ခ်နှင့် ကျန်ရှိနေသည့် သူငယ်ချင်းများနေထိုင်ခဲ့ဖူးသည့် နေရာကိုကြည့်ရင်းဖြင့် လူသတ်သမားများကို တန်ရာတန်ကြေးပေးဆပ်ရအောင်လုပ်မည်ဟု ဆုံးဖြတ်ချက်ချလိုက်ကြ၏။

သူတို့သည် ယခင်ကနေထိုင်ခဲ့သည့်နေရာနှင့် အလွန်နီးကပ်လာပြီဖြစ်သည်။

ဖော်ပြ၍ မရနိုင်သည့် ၀မ်းနည်းမှုနှင့် အထီးကျန်မှုတို့မှာ သူတိုငါးယောက်လုံးကို လွှမ်းခြုံနေသည့်အချိန်တွင် အရှေ့မှ စူးရှသည့် ရယ်မောသံတစ်ခုကို ကြားလိုက်ရသည်။ ထိုအသံသည် သူတို့၏ အိမ်ဟောင်းမှ ထွက်ပေါ်လာနေခြင်းဖြစ်သည်။

"ဟားဟားဟား နင်က ပုန်ကန်ချင်နေတဲ့စော်တစ်ယောက်ပဲ။ နင်ဘယ်လိုထင်လဲ။ နင့်ရဲ့ ကြယ်တစ်လုံးအဆင့်အစွမ်းတွေက နင့်ကို ကယ်နိုင်မယ်လို့ ထင်နေတုန်းလား...ဟားဟား င့ါကို ရိုက်မလို့လား။ အခုနင်က ငါဖမ်းတာခံထားရတာမဟုတ်ဘူးလား။ အဲ့ကောင်မရဲ့ အတွင်းအားစွမ်းအင်တွေကို ပိတ်ပြီးတော့ ကြိုးချည်လိုက်စမ်း...ဟီးဟီး သူက ဒီသူပုန်မကို ဒီနေရာမှာတင်ပဲ အဲ့ကလေးတွေရှေ့တွင် မြည်းစမ်းလိုက်တော့မယ်။ ဟားဟား ဒီကြယ်တစ်လုံးအဆင့်ကြေးစားစစ်သည်မကို စီးကြည့်ဦးမယ်ကွာ ဟားဟား..."

အစ်ဇာနီနှင့် သူ၏ အပေါင်းဖော်လေးယောက်တို့သည် ချက်ချင်းလိုလိုပင် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး မြင်းဇာတ်ကြိုးကိုင်ထားသည့် သူတို့၏ လက်များတုန်ခါသွား၏။

ထိုအသံအား သူတို့ကောင်းစွာမှတ်မိနေပြီး စိတ်၀ိဉာဥ်ထဲထိစွဲကျန်နေသည့်အသံဖြစ်သောကြောင့်ပင်။

လွန်ခဲ့သည့် ၂၁၇ရက်လုံး သူတို့ကို တွန်းအားပေးခဲ့သည်မှာ ထိုအသံသာဖြစ်သည်။ သူတို့ ထိုလူအပေါ်ထားရှိသည့် အမုန်းတရားကြောင့် သူတို့သည် မည်မျှမောပန်းနေပါစေ ပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့သည်။

သူတို့ဘ၀တွင် အကြီးမားဆုံးရန်သူအား ဤနေရာတွင်တွေ့ရလိမ့်မည်ဟုထင်မထားခဲ့ပေ။ ဤနေရာသည် သူတို့ကြီးပျင်းခဲ့ပြီး အမှတ်တရများစွာရှိခဲ့သည့် နေရာပင်ဖြစ်ပြီး ဦးလေးယော့ခ်နှင့် သူတို့ သူငယ်ချင်းများစွာအသတ်ခံခဲ့ရသည့် နေရာလည်းဖြစ်သည်။

အစ်ဇာနီသည် သူ၏မြင်းနက်အား အသာယာပုတ်လိုက်သည်။

ဤအခိုက်တန့်တွင် သူ၏ စိတ်သည်အတည်ငြိမ်ဆုံးဖြစ်နေ၏။

အသံတစ်စုံတစ်ရာမပြုပဲ သူ၏ ပေါင်းဖော်များကို အချက်ပြကာ အသံလာရာထံသို့ ဦးတည်သွားလိုက်၏။

All Chapters