"သွားမလို့လား...ဘယ်ကိုလဲ"
Vol. 48 Ch. 748
"မင်း...မင်းကဘယ်သူလဲ...မင်း.."
ကူလန်နှင့် သူငယ်ချင်းများသည် အရှေ့တွင်မြင်ခဲ့ရသည့် မြင်ကွင်းများကြောင့် ခြောက်ခြားနေပြီးဖြစ်သည်။ သူတို့အား စိုက်ကြည့်နေသည့် အမဲရောင်သူရဲကောင်း၏ အေးစက်စက်အကြည့်များအောက်တွင် မည်သည့်အချိန်က ဤကဲ့သို့ ကြောက်မက်ဖွယ်လူတစ်ယောက်အား စော်ကားခဲ့မိသည်ကို မစဥ်းစားနိုင်ဖြစ်နေကြ၏။
"လွန်ခဲ့တဲ့ နှစ်၀က်လောက်က ကလေးအယောက်၄၀နဲ့ ယော့ခ်လို့ခေါ်တဲ့ ကြေးစားစစ်သည်တစ်ယောက်ကို မင်းသတ်ဖြတ်ခဲ့တယ်။ မင်းတို့ရဲ့ကောင်းတွေကို ဖြတ်ပြီးတော့ လှံရှည်ပေါ်မှာစိုက်ထားခဲ့တယ်။ ငါတို့ ငါးယောက်ကို ကယ်တင်ခဲ့တဲ့ ဘုရင်အလတ်ဇန္ဒားကြောင့်သာ မဟုတ်ဘူးဆိုရင် မင်းဆီကို လက်စားခြေဖို့ပြန်လာမယ့်လူ ရှိတော့မှာမဟုတ်ဘူး..." အစ်ဇာနီသည် အရာအားလုံးကို တည်တည်ငြိမ်ငြိမ်ပြန်ပြောရင်းဖြင့် ကူလွန်အနီးသို့ ဖြေးညှင်းစွာချည်းကပ်လာသည်။ သို့သော် သူ၏အသံသည် ကူလန်နှင့် သူ၏ သူငယ်ချင်းများ၏နားထဲတွင် ရေခဲတုံးကဲ့သို့ပင် အေးစက်နေ၏။ သူတို့သည် တုန်ခါကာ ကြောရိုးများစိမ့်အေးအောင် ခံစားလိုက်ရသည်။ နွေးထွေးသည့်နေရောင်ခြည်သည် သူတို့အတွက်အေးစက်နေ၏။
"ချမ်းဘော့ဒ်ဘုရင် အလတ်ဇန္ဒား...အဲ့တာဆို....မင်းက သူပေါ့...မင်းက ဘုရင်အလတ်ဇန္ဒား ကယ်သွားတဲ့ ခွေးသားပဲ..." ကူလွန်၏ မျက်နှာသည် ဖြူဖက်ဖြူယော်ဖြစ်သွား၏။ သူသည် အသုံးမကျပဲ မာနထောင်လွှားနေသည့်လူတစ်ယောက်ဖြစ်သော်လည်း ချမ်းဘော့ဒ်ဘုရင်သည်လက်ရှိအချိန်တွင် ဇီးနစ်အင်ပါယာအား ကိုယ်စားပြုနေသည်ဖြစ်ကြောင်းကို နားလည်၏။ တိုလီမီမိသားစုအား ခြောက်လန့်နေခဲ့သည့် အိမ်မက်ဆိုးကြီးသည် ယခုအချိန်တွင်ရောက်ရှိလာခဲ့ပြီဖြစ်သည်။
"ငါ တနေ့ကျပြန်လာခဲ့မယ်လို့ မင်းကို ပြောခဲ့ပါတယ်..."
ထိုကဲ့သို့ပြောနေရင်းဖြင့် အစ်ဇာနီ၏ မျက်နှာပေါ်တွင် ခြောက်ခြားဖွယ်အပြုံးတစ်ခုပေါ်လာခဲ့သည်။ အဖြူရောင်သွားများသည် ကူလန်၏မျက်လုံးထဲတွင် ဓားသွားများလိုပင်။
အစ်ဇာနီ၏ ခန္ဓာကိုယ်သည်အနည်းငယ်ယိမ်းသွားပြီး လှုပ်ရှားလိုက်သည့်ပုံမရပေ။ သို့သော် ကူလွန်၏အနောက်တွင်ရှိနေသည့် ဆွေကြီးမျိုးကြီးလူငယ် ငါးယောက်မှာ သူတို့၏ လည်ပင်းများကို ဆုပ်ကိုင်ရင်းစွမ်းအားကင်းမဲ့စွာ လဲကျသေဆုံးသွားကြ၏။
ဒန်နီရယ်၏မျက်လုံးများ ပြူးကျယ်သွားသည်။ သူမသည် ကြယ်တစ်လုံးအဆင့်စစ်သည်တစ်ယောက်ဖြစ်သော်လည်း အစ်ဇာနီမည်ကဲ့သို့ တိုက်ခိုက်လိုက်သည်ကို မြင်လိုက်ရခြင်းမရှိသောကြောင့်ပင်။ အစ်ဇာနီသည် လူများ၏ လည်ပင်းကို အကြည့်တစ်ချက်တည်းဖြင့်ပင် ဖြတ်နိုင်နေသလိုပင်။
ကြောက်မက်ဖွယ် လုပ်ကြံသတ်ဖြတ်ခြင်းစွမ်းရည်များပင်။ ဆွေကြီးမျိုးကြီးလူငယ်ငါးယောက်သည်လည်း လေမြန်တပ်ဖွဲ့မှ စစ်သည်များကဲ့သို့ပင် သေဆုံးသွားတော့သည်။
"မလုပ်ပါနဲ့ င့ါကို မသတ်ပါနဲ့ ကျေးဇူးပြုပြီး ငါ့ကို မသတ်ပါနဲ့ ငါမှားခဲ့ပါတယ်။ ငါမှားခဲ့မှန်းငါသိပါတယ်..." တစ်ယောက်တည်းအသက်ရှင်နေခဲ့သူ ကူလွန်သည် အလွန်ထိတ်လန့်သွားကာ ကြောက်လန့်တကြားဖြင့်တောင်းပန်နေတော့သည်။
လေထုထဲတွင် ပျံ့နှံ့နေသည့် သွေးနံ့များနှင့်အတူ ကူလန်သည် ဒူးထောက်၍ မျက်ရည်စက်များနှင့်အတူ တောင်းပန်နေတော့သည်။
အစ်ဇာနီသည် မျက်မှောင်ကြုံ့ကာ အနောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။
"မင်းသွားလို့ရပြီ ငါမင်းကို အခုမသတ်ချင်သေးဘူး..." အစ်ဇာနီသည် ရုတ်တရက် တွေးကာပြောလိုက်သည်။
"ဟင် တကယ် တကယ်လား..." မျက်နှာပေါ်တွင် မျက်ရည်များ နှာရည်များနှင့်အတူ ကူလန်သည် ကြားရသည်အား ယုံနိုင်ခြင်းမရှိပေ။ ရက်စက်ကာအညှာတာကင်းမဲ့သည့် အမဲရောင်သူရဲကောင်းသည် သူ့အား ဤကဲ့သို့ လွှတ်ပေးလိမ့်မည်ဟု ထင်ထားခြင်းမရှိသည့်အတွက်ပင်။
"ထွက်သွားစမ်းကွာ..." အစ်ဇာနီသည် စိတ်မရှည်စွာဖြင့် အော်ဟစ်လိုက်သည်။
"ဟုတ်ဟုတ်...ကျေးဇူးပါ..." ကူလန်သည် သူ၏လက်များကို ခေါင်းပေါ်တင်ကာ ပြေးထွက်သွားတော့၏။ ဤအခိုက်တန့်တွင် ပို၍မြန်မြန်ပြေးနိုင်ရန်အတွက် ခြေထောက်အပိုပါလျှင် ကောင်းမည်ဟုပင် တွေးမိနေ၏။
"သူ့ကို လွှတ်မပေးလိုက်နဲ့လေ..." ဒန်နီရယ်သည် အစ်ဇာနီအား လျှင်မြန်စွာပင်သတိပေးလိုက်သည်။ "ဖီးလစ် သူက လေမြန်တပ်ဖွဲ့ခေါင်းဆောင် တိုလီမီရဲ့ အငယ်ဆုံးသားပဲ။ သူ့အကိုဒယ်လီက ရေပူစမ်းမြို့တော်ထဲမှာ နံပါတ်၁ သိုင်းဆရာပဲ။ သူက နင့်ကို လာရှာပြီးတော့ လက်စားချေလိမ့်မယ်။ သူ့ကို သတ်ပြီးတော့ နင်တို့ ရေပူစမ်းမြို့တော်ထဲကနေအမြန်ထွက်သွားကြတော့။
သူမပြောလိုက်သည့်အရာကြောင့် ထွက်ပြေးနေသည့် ကူလန်ကြောက်လန့်သွားသည်။
"နေဦး..." အစ်ဇာနီသည်ချက်ချင်းပင် ကူလန်အား အော်ပြောလိုက်သည်။ သူသည် ဒန်နီရယ်၏ အကြံကိုလက်ခံလိုက်သည့်ဟန်ပင်။
ကူလန်၏ ဒူးများ ပျော့ကွေသွားပြီး သူ၏ ခြေထောက်များ တုန်ခါကာ မြေပြင်ပေါ်သို့ လဲကျတော့မလိုပင်။ သူသည် ခေါင်းပေါ်သို့ လက်တင်ကာအသနားခံလိုက်သည်။ အမဲရောင်သူရဲကောင်းမှ သူ့အား စိုက်ကြည့်၍ လည်ပင်းဖြတ်လိုက်မည်စိုးသောကြောင့်ပင်။
သို့သော် ထိုကဲ့သို့မဖြစ်ခဲ့ပေ။
"မင်း အိမ်ပြန်ပြီးတော့ အာဏာအရှိဆုံးထင်နေတဲ့ မင်းအဖေရယ်၊ စွမ်းအားအကြီးဆုံးလို့ ထင်နေတဲ့ မင်းအကိုရယ်ကို ပြောလိုက်။ ဖီးလစ်-အစ်ဇာနီက ခင်ဗျားတို့ကို မကြာခင်လာတွေ့မယ်လို့..."
အစ်ဇာနီသည် ကူလန်အား မသတ်သေးပဲ ရေပူစမ်းမြို့တော်၏ အလည်ခန့်ညားထည်၀ါသောမြို့တော်၀န်စံအိမ်တည်ရှိရာအရပ်သို့ လှမ်းကြည့်ကာ ထိုကဲ့သို့ ပြောလိုက်သည်။
ကူလန် တုန်ခါသွားသည် သို့သော် ဘာမှပြန်ပြောခြင်းမရှိပေ။ သူသည် အ၀ေးသို့ အမြန်ထွက်ပြေးကာ ဆင်းရဲသားရက်ကွက်မှ ထွက်ခွာသွားတော့သည်။
"နင်..." ဒန်နီရယ်သည် အစ်ဇာနီအား စိုက်ကြည့်ကာ ဘာပြောရမလဲမသိဖြစ်နေ၏။ ကူလန်အား လွှတ်ပေးလိုက်ခြင်းကြောင့် အနာဂတ်တွင်ပြသနာများစွာဖြစ်လာနိုင်သောကြောင့်ပင်။
အစ်ဇာနီသည် အမျိုးသမီးစစ်သည်အား စိုက်ကြည့်ပြီး ညင်သာစွာပြုံးလိုက်သည်။ထိုအပြုံးသည် ကူလန်အား ပြုံးပြခဲ့သည့်အပြုံးနှင့်တူသော်လည်း ဒန်နီရယ်သည် အေးစက်ထိတ်လန့်သွားခြင်းမရှိပဲ တစ်ခါမှ မကြုံဖူးသေးသည့် နွေးထွေးမှုမျိုးကို ခံစားလိုက်ရ၏။
ဤအခိုက်တန့် အစ်ဇာနီသည် အိမ်နီးခြင်းကောင်လေးတစ်ယောက်လိုပင် လူတိုင်းသူ့အား ဖော်ရွေရင်းနှီးကြမည်ဖြစ်သည်။
"ဒန်နီရယ် မင်အသက်ရှင်နေသေးတာပဲ။ တော်သေးတာပေါ့..." အစ်နာနီသည် အမျိုးသမီးစစ်သည်ထံသို့ သွားလိုက်ပြီး တင်းကြပ်စွာဖတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် အို၀င်သည် အကန်ခံခဲ့ရသည့် ကလေးမလေးအား ပွေ့ချီကာအစ်ဇာနီထံသို့ ခေါ်လာခဲ့သည်။ သူတို့အားလုံးတွင် ဖှေးပေးထားခဲ့သည် မှော်ဆေးရည်များရှိနေသည့်အတွက် ကောင်မလေးအား လွယ်ကူစွာပင် ကယ်တင်နိုင်ခဲ့သည်။
"ဒန်နီရယ် တကယ်နင်ပဲနော်...အဲ့နေ့မနက်တုန်းက လူသတ်ပွဲကနေ နင်ဘယ်လိုလွတ်မြောက်သွားခဲ့တာလဲ..."
"ဒါကောင်းတယ် ဖြစ်ရပ်ဆန်းပဲ နင်အသက်ရှင်နေတုန်းပဲနော် ဘုရားသခင်ကောင်းချီးပေးပါစေ...ငါတို့က နင်..."
အနက်ရောင်သူရဲကောင်းငါးဦးတို့သည် ဒန်နီရယ်အား ၀န်းရံရင်းဖြင့် အလွန်ပျော်ရွှင်နေကြသည်။ သူတို့၏ လွန်ခဲ့သည့် နှစ်၀က်ခန့်က သေသွားပြီဟု ထင်ခဲ့သည့် သူငယ်ချင်းအား မထင်မှတ်ပဲပြန်တွေ့ခဲ့လိုက်ရသည့်အတွက်ကြောင့် ပျော်ရွှင်သွားခဲ့ကြ၏။
အမျိုးသမီးကြေးစားစစ်သည်၏ မျက်လုံးများသည် နီရဲနေသော်လည်း ပြုံးနေဆဲပင်။
လူသတ်ပွဲဖြစ်ခဲ့သည့် ညက သူမသည် ဆာလောင်နေခဲ့သည်။ နေ့ခင်းအချိန်က သူမ၏ ပေါင်မုန့်များကို တီနာလေးအားပေးခဲ့သည့်အတွက်ကြောင့် ညဘက်တွင် အမှိုက်ပုံမှ စားစရာများရှာဖွေရန်အတွက် တိတ်ဆိတ်စွာဖြင့် ထွက်လာခဲ့သည်။ သို့သော် သူမသည် ချော်လဲကာ ကျောက်တုံးနှင့်ခေါင်းရိုက်ခဲ့မိသည့်အတွက် သတိလစ်မေ့မျောသွားခဲ့သည်။
ဒုတိယနေ့ သူမနိုးလာသည့်အချိန်တွင် သူမ၏ အိမ်သည် သွေးစက်များစွာဖြင့် မီးလောင်ကျွမ်းနေသည်ကို တွေ့လိုက်ရသည်။ သူမ၏ သူငယ်ချင်းများအားလုံးသည် ပျောက်ဆုံးနေပြီး အကုန်လုံးသေဆုံးသွားသလိုခံစားနေရ၏။
ဤအခိုက်တန့်တွင် ဒန်နီရယ်သည် ကမ္ဘာကြီးတစ်ခုလုံးပြိုလဲလာသလို ခံစားခဲ့ရ၏။
သူမ၏ မိသားစုကဲ့သို့ ခံစားနေရသည့်လူများမှာ သူမ၏ အိမ်သည်လည်း မီးလောင်ကျွမ်းသွားခဲ့၏။ သူမသည် ကမ္ဘာပေါ်တွင် တစ်ယောက်ထဲကျန်ခဲ့ပြီး ထက်မံ၍ စွန့်ပစ်ခံခဲ့ရသလို ခံစားလိုက်ရသည်။ သူမသည် အိမ်နီးခြင်းများထံမှ စုံစမ်းကြည့်လိုက်သည့်အချိန်တွင် သူမ၏ သူငယ်ချင်းများအားလုံးအသတ်ခံလိုက်ရသည်ကို ကြားသိလိုက်ရ၏။
သို့သော် သေဆုံးသွားခဲ့ပြီဟု သူမထင်ခဲ့သည့် လူတစ်ချို့မှာ ယခုအချိန်တွင် သူမအရှေ့သို့ ရောက်နေပြီး သူတို့ထဲမှ တစ်ယောက်သည် သူမအတွက် ဘယ်တော့မှ မေ့နိုင်မည်မဟုတ်သည့် လူတစ်ယောက်ပင်။ ရုတ်တရက်ပျော်ရွှင်ခြင်းကြောင့် သူမသည် အိမ်မက်မက်နေသလိုပင် ခံစားလိုက်ရသည်။ ဖြစ်ပျက်နေသည်များကို ယုံကြည်နိုင်ခြင်းမရှိသေးပေ။
သူမသည် မငိုမိအောင်ထိန်းနေသော်လည်း ၀မ်းသာခြင်းကြောင့် ကျသည့် မျက်ရည်စက်များသည် သူမ၏ ပါးပြင်မှ စီးကျလာနေလျှက်ရှိသည်။
သူမသည် အမဲရောင်သူရဲကောင်းစစ်သည်ငါးဦး၏ ရင်ဘက်များကို ကိုင်ကြည့်လိုက်သည့်အချိန်တွင် အိမ်မက်မက်နေသည်မဟုတ်ကြောင်းသိလိုက်ရ၏။ ရုတ်တရက်ခံစားလိုက်ရသည့် ပျော်ရွှင်မှုများသည် သူမကို မွမ်းကြပ်စေလုနီးနီးပင်။
အ၀ေးတွင်ရှိနေသည့် ကလေးများသည် ရုတ်တရက်ပြေးလာပြီး သူမ၏ ခြေထောက်များကို ပွေ့ဖက်လိုက်သည်။ မီလီဟုအမည်ရသည့် ကောင်မလေးသည် ချစ်စရာကောင်းသည့်အသံလေးတစ်ခုနှင့်အတူ သူမအားနှစ်သိမ့်ရန်ကြိုးစားလိုက်သည်။ "မငိုပါနဲ့ အမဒန်နီရယ်..."
ဒန်နီရယ်သည် ရယ်မောလိုက်ပြီး သူမ၏မျက်နှာပေါ်မှ မျက်ရည်စက်များကို သုပ်လိုက်သည်။ ကောင်မလေးမီလီ၏ ခေါင်းကို ပွတ်ကာပြောလိုက်သည်။ "ဟေ့ကောင်တွေကြည့်ကြစမ်း ဒါက နင်တို့ကို အမပြောပြဖူးတဲ့ အကိုကြီးဖီးလစ်ပဲ။ သူက အစွမ်းမရှိဘူးလား။ လူဆိုးတွေအကုန်လုံးကို ဆုံးမပေးလိုက်တာ.."
"အတော်စွမ်းတာပဲ.." ကလေးများအားလုံးသည် အစ်ဇာနီအား လေးစားစွာဖြင့် ကြည့်လိုက်ကြသည်။
အမဲရောင် သူရဲကောင်းစစ်သည်ငါးဦးသည်လည်း ရယ်မောလိုက်ကြ၏။
ဤမြင်ကွင်းကြောင့် သူတို့သည် လွန်ခဲ့သည့် ရှစ်နှစ်ခန့်ကအချိန်ကို သတိရလိုက်မိသည်။ ထိုအချိန်က သူတို့အားလုံးအသက်ရှင်နေခဲ့ပြီး ချစ်စရာကောင်းကာ ပျော်ရွှင်ခဲ့ရသည့်အချိန်များပင်။ သို့သော် လူသတ်သမားများသည် သူတို့၏ ဓားများဖြင့် အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့သည့်အတွက်ကြောင့် သူတို့ ယနေ့အချိန်တွင် လက်စားချေခဲ့ခြင်းပင်။
ရုတ်တရက် ဒန်နီရယ် တစ်စုံတစ်ရာကို စဥ်းစားလိုက်မိပြီး ထိတ်လန့်တကြားပြောလိုက်သည်။ "ဖီးလစ် နင်တို့တွေ အဲ့ခွေးသားကို လွှတ်မပေးလိုက်သင့်ဘူး။ သူက စစ်သည်တွေခေါ်ပြီးတော့ သေချာပေါက်ပြန်လာလိမ့်မယ်။ နင်တို့က အခုစွမ်းအားကြီးနေပြီဆိုပေမယ့် သူ့နောက်မှာ လေမြန်တပ်ဖွဲ့ကြီးတစ်ခုလုံးရှိနေတယ်။ နင်တို့တွေ အင်ပါယာတပ်ဖွဲ့ကြီးတစ်ခုလုံးကို တစ်ယောက်ထဲယှဥ်နိုင်မှာမဟုတ်ဘူး..."
ဤအခိုက်တန့်တွင် ဒန်နီရယ်သည် အလွန်ထိတ်လန့်နေ၏။ သူမသည် ကလေးများကို အထုပ်ပိုးပြင်ခိုင်းလိုက်ပြီး အမဲရောင်သူရဲကောင်းငါးယောက်အား ကူလန်စစ်သည်များနှင့်အတူ ရောက်မလာခင်ထွက်ပြေးရန်ပြောလိုက်သည်။
အစ်ဇာနီပြုံးကာ သူ၏လက်ကို ၀ှေ့ရမ်းလိုက်သည်။ "မစိုးရိမ်ပါနဲ့ လေမြန်တပ်ဖွဲ့တစ်ဖွဲ့လုံး ငါတို့နဲ့မတိုက်ခိုက်ရဲပါဘူး။ တိုလီမီမိသားစုတောင် အခုချိန်မှာ ထိတ်လန့်နေလောက်ပြီ။ အဲ့ကူလန်ဆိုလည်း ကံကောင်းအောင်ဆုတောင်းသင့်နေပြီ။ တိုလီမီမိသားစုသာ မပါးနပ်ဘူးဆိုရင် ငါတို့က အဲ့မိသားစုတစ်ခုလုံးကို ဖျက်ဆီးပစ်ဖို့ တွန့်ဆုတ်နေမှာမဟုတ်ဘူး။ ဒီနှစ်တွေအားလုံးမှာ သူတို့လက်တွေမှာ သွေးစွန်းနေခဲ့ပြီလေ..."
သူတို့ထွက်မလာမှီတွင် ဘာကိုမှ မကြောက်ရန်ဖှေးမှာထားသည့်အတွက်ကြောင့် သူတို့သည် တိုမီလီမိသားစုအား ထိတ်လန့်ခြင်းမရှိတော့ပေ။
အစ်ဇာနီ ကူလန်အား လွှတ်ပေးလိုက်ခဲ့စဥ်က မြို့တော်၀န်စံအိမ်သို့ သွား၍ အတိတ်ရန်ကြွေးအားရှင်းလင်းရန်ဆုံးဖြတ်ထားပြီးဖြစ်သည်။ ကူလန်ကိုသာ သတ်ဖြတ်ခြင်းသည် အပြစ်ရှိသည့် ဆွေကြီးမျိုးကြီးမိသားစုအပေါ် သက်ရှာနေခြင်းဖြစ်သောကြောင့်ပင်။
"နင်...နင်ကယုံကြည်မှုလွန်ကဲနေတာပဲ။ ကူလန်ရဲ့အကို ဒယ်လီက ရေပူစမ်းမြို့တော်ရဲ့ နံပါတ်၁သိုင်းဆရာပဲ သူက လွန်ခဲ့တဲ့နှစ်၀က်လောက်က ကြယ်ခြောက်လုံးအဆင့်သိုင်းဆရာတစ်ယောက်...နင်တို့က စွမ်းအားကြီးတယ်ဆိုပေမယ့် ကြယ်ခြောက်လုံးအဆင့်သိုင်းဆရာတစ်ယောက်နဲ့ တိုက်ခိုက်နိုင်လို့လား။ ငါ့စကားနားထောင်ပြီး အချိန်မှီထွက်သွားကြပါ...နို့မို့ဆို နောက်ကျလွန်းသွားလိမ့်မယ်..."
ဒန်နီရယ်သည် အလွန်စိုးရိမ်နေ၏။
တစ်ချိန်တည်းမှာပင် မာနထောင်လွှားနေသည့် အသံတစ်ခုထွက်ပေါ်လာ၏။ "သွားတော့မလို့လား...ဘယ်ကိုလဲ...မင်းတို့ကောင်တွေ ထွက်ပြေးနိုင်မယ်ထင်နေလို့လား..."
တစ်ချိန်တည်းမှာပင် ညီညာသည့် ခြေသံများနှင့် သတ္တုခြင်းရိုက်ခတ်သည့်အသံများထွက်ပေါ်လာတော့သည်။
စစ်သည်များသည် ဤခြံ၀န်းကို အရပ်မျက်နှာပေါင်းစုံမှ ၀ိုင်းထားလိုက်ကြတော့၏။