"ကြောက်မက်ဖွယ်လုပ်ကြံသတ်ဖြတ်သူများ"
Vol. 48 Ch. 749
ဒန်နီရယ်၏ မျက်နှာအမူယာသည် ချက်ချင်းပြောင်းလဲသွား၏။
အမဲရောင်ချပ်၀တ်များနှင့် ကျွမ်းကျင်စစ်သည်များသည် ဆင်းရဲသားရက်ကွက်သို့ ပြေး၀င်လာကြပြီး လမ်းကြားတိုင်းမှ ထွက်ပေါ်လာကာ ဤခြံ၀န်းလေးကို ၀ိုင်းထားလိုက်ကြသည်။ သူတို့သည် အကောင်းဆုံးသော လှံရှည်များ ဒိုင်းများကို ကိုင်ဆောင်ထားကြ၏။
ဒန်နီရယ် ပတ်၀န်းကျင်သို့ လှမ်းကြည့်လိုက်သည့်အချိန်တွင် မြင်နေရသည့် အရာများအားလုံးသည် အမဲရောင်စစ်သည်များသာဖြစ်နေ၏။ မြင်ကွင်းသည်သူမအား မျှော်လင့်ချက်ကင်းမဲ့စေသည်။
အိမ်တစ်ခု၏ ခေါင်မိုးပေါ်တွင်ရပ်နေသူမှာ အပြာရောင်ဆံပင်ရှည်များနှင့် လူငယ်တစ်ယောက်ပင်။ သူသည် စကားပြောလိုက်သည့်လူဖြစ်ပြီး တောက်ပသည့်နေရောင်ခြည်သည် သူ၏မျက်နှာပေါ်သို့ ကျရောက်နေ၏။
သူသည် ရေပူစမ်းမြို့တော်၏ နံပါတ်၁သိုင်းဆရာဖြစ်သူ ဒယ်လီပင်။
ဒယ်လီ၏ လှပသောငွေရောင်မျက်လုံးများသည် ပြူးကျယ်နေပြီး မျက်မှောင်ကြုံ့နေလျှက်ရှိသည်။ ကြယ်တစ်လုံးအဆင့်စစ်သည်တစ်ယောက်ဖြစ်သည့်အတွက် သူမသည် အတွင်းအားစွမ်းအင်ကို ကောင်းမွန်စွာအာရုံခံနိုင်၏။ သူမအတွက် အပြာရောင်ဆံပင်ရှည်များနှင့်လူငယ်သည် ကောင်းကင်ပေါ်တွင်တောက်ပနေသည့် နေမင်းကဲ့သို့ပင်။ တကယ်တန်းတွင် သူ၏ အတွင်းအားစွမ်းအင်မီးတောက်များသည် အလွန်တောက်ပနေသည့်အတွက် မနက်ခင်းနေအလင်းရောင်ပင် မှေးမှိန်သွားရ၏။
ကြယ်ခြောက်လုံးအမြင့်ဆုံးအဆင့်သိုင်းဆရာတစ်ယောက်သည် အလွန်ကြောက်မက်ဖွယ်ပင်။
ရေလှိုင်းကဲ့သို့သော ဖိအားများအောက်တွင် ဒန်နီရယ်သည် မွမ်းကြပ်သလိုပင် ခံစားလိုက်ရ၏။
ဒယ်လီနှင့် နှိုင်းယှဥ်ကြည့်ပါက အစ်ဇာနီနှင့် ကျန်သည့်အမဲရောင်သူရဲကောင်းစစ်သည် ငါးဦးတို့တွင် အတွင်းအားစွမ်းအင်တောက်ပခြင်းများမရှိပေ။ သူတို့သည် သာမန်စစ်သည်များထက်ပင် ပို၍အားနည်းသည်ဟုထင်ရ၏။
စွမ်းအင်ခြင်းကွာခြားမှုကို သတိထားလိုက်မိသည့်အတွက်ကြောင့် ဒန်နီရယ်သည် အလွန်စိုးရိမ်နေ၏။
"ဒယ်လီလား..." အစ်ဇာနီသည် တစ်ဖက်သို့လှည့်ကာ ပြေးလာနေသည့်စစ်သည်များကို ကြည့်လိုက်သည်။ ထို့နောက်တွင် ခေါင်မိုးပေါ်တွင်ရပ်နေသည့် အပြာရောင်ဆံပင်ရှည်နှင့်လူငယ်ကို ကြည့်ကာ ပြောလိုက်သည်။ "မင်းက နောက်ဆုံးတော့ရောက်လာခဲ့ပြီပေါ့။ မင်းနဲ့ စစ်သည်တွေကိုပါ ခေါ်လာပါလား...ဟားဟားဟား ဘာလို့လဲ...အဖိုးကြီးတိုလီမီရော..."
"မင်းကိုယ်မင်း ဘာထင်နေလဲ..ငါ့အဖေက မင်းတို့လိုကောင်တွေကို တွေ့ဖို့ဒီနေလိုနေရာမျိုးကို လာမယ်ထင်လို့လား..." ဒယ်လီမှပြောလိုက်သည်။ ထီမမြင်သည့်အမူယာတစ်ခုဖြင့် "ချမ်းဘော့ဒ်ဘုရင်ကပဲ င့ါအဖေနဲ့ စကားပြောဖို့ ထိုက်တန်တယ်..."
"ဟုတ်လား..." အစ်ဇာနီသည် အထင်သေးသည့်ဟန်ဖြင့် ပြောကာပြုံးလိုက်သည်။ ထို့နောက်တွင် သူရုတ်တရက်ပျောက်ကွယ်သွားတော့သည်။
နောက်အခိုက်တန့်တွင် ခေါင်မိုးပေါ်တွင်ရပ်နေသည့် ဒယ်လီ၏ အမူယာမှာ ပြောင်းလဲသွားတော့သည်။ ဖုံးကွယ်ထားသည့် စူးရှသောစွမ်းအင်တစ်ခုသည် သူ၏လည်ပင်အား ပစ်မှတ်ားနေသည့်အတွက်ကြောင့်ပင်။ သေမင်း၏ ဓားသွားသည် သူ့ထံသို့ ရောက်ရှိလာနေသလိုခံစားလိုက်ရသည်။ သူသည် ရန်သူအား မြင်နိုင်ခြင်းမရှိသော်လည်း သူ၏မသိစိတ်က အန္တရာယ်ရှိနေကြောင်းကို ဖော်ပြနေ၏။ ရလဒ်အနေဖြင့် သူ၏ ခန္ဓာကိုယ်ပေါ်မှ အမွှေ့းမျှင်များအားလုံးထောင်မက်သလို ခံစားလိုက်ရသည်။
သူ၏ ခြောထောက်များပေါ်သို့ အားစိုက်ပြီး သူ၏ မီးဂုဏ်သတ္တိအတွင်းအားစွမ်းအင်များကို ထုတ်လွှတ်လိုက်သည်။ သူ၏ခြေထောက်အေကာ်တွင်ရှိနေသည့် ခေါင်မိုးသည် သဲများဖြင့် ပြုလုပ်ထားသလို ပြိုကျသွားတော့၏။ ဒယ်လီသည် ထိုတိုက်ခိုက်မှုအား ရှောင်သည်ဆိုရုံမျှသာ ရှောင်ရှားလိုက်နိုင်၏။
သို့သော် သူ၏ အပြာရောင်ဆံပင်ရှည်အနည်းငယ်မှာ ဓားချက်မိသွားသဖြင့် လေပေါ်တွင် ဆံချည်မျှင်တစ်ချို့လွှင့်မြောနေ၏။
ဒယ်လီသည် ပထမဆုံးတိုက်ခိုက်မှုကို ရှောင်လိုက်နိုင်သော်လည်း အန္တရာယ်မှ လွှတ်မြောက်ခြင်းမရှိသေးပေ။ သူ့အား သတ်ဖြတ်လိုသော ဆန္ဒများမှ လွှမ်းခြုံနေဆဲဖြစ်သည်။
မည်မျှပင် ကြိုးစားစေကာမူ ရေပူစမ်းမြို့တော်၏ နံပါတ်၁သိုင်းဆရာသည် ရန်သူ၏ တည်နေရာကို သိရှိနိုင်ခြင်းမရှိပေ။ မသိစိတ်အာရုံကိုသာ အသုံးပြု၍ မြင်နိုင်စွမ်းမရှိသည့် ရန်သူ၏ တိုက်ခိုက်မှုများကို ရှောင်ရှားနေရ၏။
မြင်နိုင်ခြင်းမရှိပဲ သေစေနိုင်သည့်စွမ်းအင်သည် ပျောက်ကွယ်သွားခြင်းမရှိပေ။
ဒယ်လီသည် ကြုံး၀ါးကာ ဘေးပတ်ပတ်လည်သို့ ပြေးလိုက်သည်။ သို့သော် ရန်သူသည် သူ၏လည်ပင်းကို ပစ်မှတ်ထားနေသည်ဟု ခံစားနေရဆဲပင်။
ကြောက်မက်ဖွယ် လုပ်ကြံသတ်ဖြတ်နိုင်စွမ်းပင်။
ဒယ်လီသည် ရန်သူ၏ ဖိနှိမ်ခြင်းကိုခံနေရပြီး သူ၏ စွမ်းအားမြင့်မားသော မီးဂုဏ်သတ္တိစွမ်းအင်များကို ထိရောက်စွာအသုံးပြုနိုင်ခြင်းမရှိပေ။ သူသည် အားနည်းသည့်အခြေအနေသို့ ရောက်ရှိနေပြီး အသက်ရှူရန်အချိန်မရလောက်အောင်ပင် မမြင်နိုင်သည့် တိုက်ခိုက်မှုများကို ခုခံနေရ၏။
ဆုတ်ခွာ
ရှောင်ရှား
ဤသည်မှာ ရေပူစမ်းမြို့တော်၏ နံပါတ်၁သိုင်းဆရာလုပ်နိုင်သည့် တစ်ခုတည်းသောအရာများပင်။ သူ၏ သိုင်းကွက်များဖြင့် တန်ပြန်တိုက်ခိုက်လိုသော်လည်း ရန်သူသည် သူ့အား အချိန်မပေးချေ။
သူ့ခြေထောက်အောက်တွင်ရှိနေသည့် အဆောက်ဦးများ အားလုံးသည် သဲရုပ်များကဲ့သို့ပင် ပြိုလဲကုန်၏ မာကြောသည့်မြေပြင်ပင် ကွဲအက်ကုန်သည်။
မြေပြင်ကိုပါ တုန်လှုပ်နေစေသည့် မြင်ကွင်းသည် လူတိုင်းအား အံ့သြစေ၏။
ဒန်နီရယ်သည်လည်း အလွန်အံ့သြနေသည့်အတွက် သူမ၏ ပါးစပ်များကို လက်ဖြင့်ပိတ်ထားရသည်။ သူမသည် ဖြစ်ပျက်နေသည့်အရာများကို ယုံကြည်နိုင်ခြင်းမရှိသေးပေ။
အံ့သြခြင်းမရှိသည့်လူများမှာ ကျန်ရှိနေသည့် အမဲရောင်သူရဲကောင်းလေးယောက်ပင်။ သူတို့သည် အစ်ဇာနီမည်မျှစွမ်းအားကြီးမားကြောင်းကို အသေချာသိသည့်အတွက်ပင်။
ချမ်းဘော့ဒ်ဘုရင်၏ သင်ကြားပေးမှုကြောင့် အစ်ဇာနီသည် ကြယ်၇လုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး သူ၏ လုပ်ကြံသတ်ဖြတ်နိုင်စွမ်းမှာ ရူလောက်ဖွယ်ပင်။ ထို့အပြင် သူ၏ မွေးရာပါအစွမ်းဖြစ်သည့် ကိုယ်ယောင်ဖျောက်နိုင်ခြင်းကြောင့် ပြိုင်ဘက်ကင်းမဲ့နေ၏။ ထို့ကြောင့် ဒယ်လီနှင့်တိုက်ခိုက်ခြင်းသည် အစ်ဇာနီအတွက် ကလေးနှင့်ကစားနေသလိုသာဖြစ်၏။
စက္ကန့်နှစ်ဆယ်ခန့်ကြာသည့်အချိန်တွင် အစ်ဇာနီသည် ဒယ်နီရယ်၏အရှေ့တွင် ရုတ်တရက်ပေါ်လာသည်။
"၀ုန်း..."
မီးဂုဏ်သတ္တိအတွင်းအားစွမ်းအင်များကို ထုတ်လွှတ်လိုက်သည်။ အစ်ဇာနီ၏ တိုက်ခိုက်မှုများ ရပ်တန့်သွားသည့်အချိန်တွင် ဒယ်လီသည် အခွင့်ကောင်းယူကာ တန်ပြန်တိုက်ခိုက်လိုက်သည်။ ဒယ်လီသည် သူ၏ သိုင်းကွက်အား အသုံးပြု၍ မီးနဂါးတစ်ကောင်ကို အစ်ဇာနီထံသို့ ပစ်လွှတ်လိုက်ခြင်းပင်။
ရန်သူအား ထူထပ်သည့်အတွင်းအားစွမ်းအင်များဖြင့် ဖိနှိမ်လိုသည့်အတွက်ပင်။ သူသည် ရန်သူအား လုပ်ကြံသတ်ဖြတ်ခြင်းအစွမ်းများသည် စွမ်းအားအစစ်မှန်အောက်တွင် အသုံးမ၀င်ကြောင်းကိုလည်း ရန်သူအား ပြသလိုနေသည်။
သို့သော် အစ်ဇာနီ ထိတ်လန့်ခြင်းမရှိပေ။
"ဖုန်း.." သူ၏ လက်ကို ဆန့်တန်းကာ ပျံသန်းလာနေသည့် မီးနဂါးကို ဆုပ်ကိုင်လိုက်သည်။ ကျားတစ်ကောင်သည် ရန်လိုနေသည့် မြွေဆိုးတစ်ကောင်အား သူ၏လက်သည်းများဖြင့် ပုတ်လိုက်သလိုပင်။
အစ်ဇာနီ ရုတ်တရက်ထုတ်လွှတ်လိုက်သည့် စွမ်းအင်အရှိန်၀ါသည် ဒယ်နီ၏မီးစွမ်းအင်များကို ရုတ်တရက် လွှမ်းမိုးသွားပြီး မီးတောက်များအားလုံး ငြိမ်းသက်သွား၏။
"ဒါက..." ဒန်နီရယ်သည် သူမ၏ မျက်လုံးများကို ယုံကြည်နိုင်ခြင်းမရှိပေ။ နောက်ဆုံးတွင် သူမသည် အစ်ဇာနီ၏ အတွင်းအားစွမ်းအင်များကို အာရုံခံနိုင်ပြီဖြစ်ပြီး ဒယ်လီ၏ထက်များစွာပို၍ စွမ်းအားမြင့်မားနေသည့်အတွက်ပင်။ ယခင်က နေမင်းကဲ့သို့တောက်ပနေသည့် ဒယ်လီ၏ စွမ်းအင်များသည် ယခုအချိန်တွင် အစ်ဇာနီ၏ စွမ်းအင်အရှိန်၀ါအောက်တွင် ဖယောင်းတိုင်အလင်းရောင်မျှသာဖြစ်သွားတော့သည့်အတွက်ပင်။
အတွင်းအားစွမ်းအင်ပမာနအနေဖြင့်ရော သိုင်းကွက်အနေဖြင့်ရောပါ ရေပူစမ်းမြို့တော်၏ နံပါတ်၁သိုင်းဆရာမှာ ရှုံးနိမ့်သွားခဲ့ပြီဖြစ်သည်။
နောက်ထပ်သိုင်းကွက်တစ်ခုထုတ်လွှတ်ရန်ကြံနေသည့် ဒယ်လီမှာ ထိတ်လန့်သွားပြီး ထက်မံတိုက်ခိုက်ရန်သတ္တိမရှိတော့ပေ။
"မင်းအခုနားလည်ပြီလား တိုလီမီမိသားစုနဲ့ လေမြန်တပ်ဖွဲ့က အရှင်မင်းကြီးရဲ့ မျက်လုံးထဲမှာ ဘာမှမဟုတ်ဘူး။ မင်းက ပုရွက်ဆိတ်တစ်ကောင်ထက်တောင် ပိုအားနည်းသေးတယ်။ မင်းအင်ပါယာတစ်ခုလုံးကို လိုက်ရှာကြည့်မယ်ဆိုရင်တောင် င့ါဘုရင်ရှေ့မှာ မလေးမစားလုပ်ရဲတဲ့လူကို မင်းတွေ့ရမှာမဟုတ်ဘူး..." အစ်ဇာနီသည် ဒယ်လီအား လူပျက်တစ်ကောင်ကဲ့သို့ လှောင်ပြောင်ကာပြောလိုက်သည်။
ဒယ်လီသည် ပါးစပ်အဟောင်းသားဖြင့် ဘာမှပြန်ပြောနိုင်ခြင်းမရှိပေ။
လေမြန်တပ်ဖွဲ့၏ ချပ်၀တ်အပြည့်စုံ၀တ်ဆင်ထားသည့် စစ်သည်များသည် ယခုအချိန်တွင် ကောက်ရိုးမျှင်များကဲ့သို့ပင် အသုံးမကျပဲဖြစ်နေ၏။
"မင်း....ငါတို့ကိုအထင်မသေးနဲ့...ငါအမိန့်ပေးလိုက်ရင် လေးသည်တော်တွေအကုန်လုံးပစ်လိမ့်မယ်။ မင်းဒီနေရာကနေအသက်ရှင်လျှက်ထွက်နိုင်မယ်ဆိုရင်တောင် မင်းနောက်မှာရှိတဲ့ အမျိုးသမီးနဲ့ ကလေးတွေကထွက်သွားနိုင်မှာမဟုတ်ဘူး..." ဒယ်လီမှ ခြိမ်းခြောက်လိုက်သည်။
"မင်းကြိုးစားကြည့်လို့ရပါတယ်..." အစ်ဇာနီသည် စိတ်ခံစားချက်ကင်းမဲ့သည့်အမူယာတစ်ခုနှင့်အတူပြန်ပြောလိုက်သည်။ "မင်းရဲ့လေးသည်တော်တွေမြှားပစ်နိုင်သေးလားဆိုတာကို ကြည့်လိုက်ပေါ့..."
ဒယ်လီတုန်လှုပ်သွားသည်။
တိတ်ဆိတ်ငြိမ်သက်နေခဲ့သည့် ကျန်ရှိနေသည့် အမဲရောင်သူရဲကောင်းလေးဦးပျောက်ကွယ်နေသည်ကိုလည်း သူရုတ်တရက်သတိထားလိုက်မိသည်။ သူတို့တွင် အရှိန်၀ါမရှိသည့်အတွက်ကြောင့် ဘယ်နေရာရောက်နေသည်ကို အာရုံခံနိုင်စွမ်းမရှိပေ။ သို့သော် အန္တရာယ်ရှိသည့် ခံစားချက်ကိုမူ ခံစားနေရဆဲပင်။ စစ်သည်များအားလုံးသည် သားရဲကောင်ကြီးများ ပစ်မှတ်ထားခံနေရသည့် ယုန်ငယ်လေးများကဲ့သို့ခံစားနေရ၏။
ထိုအမဲရောင်သူရဲကောင်းလေးဦး၏ လုပ်ကြံသတ်ဖြတ်ခြင်းစွမ်းအင်များသည်လည်း အစ်ဇာနီထပ် နိမ့်ကျခြင်းမရှိသည့်ပုံပင်။
"ဒါက ကြောက်စရာပဲ...ချမ်းဘော့ဒ်ဘုရင်လက်အောက်မှာ ဒီလိုကြောက်စရာကောင်းတဲ့ လုပ်ကြံသတ်ဖြတ်သူတွေအများကြီးရှိနေတာလား...ဒယ်လီတွေးလိုက်မိသည်။