← Chapters

"ထွက်သွားစမ်း"

Vol. 48 Ch. 750

"ထွက်သွားစမ်း"

Vol. 48 Ch. 750

ဒယ်လီ၏ နဖူးမှ ချွေးများစီးကျလာခဲ့သည်။

ကူလန်ထံမှ ဆင်းရဲသားရက်ကွက်တွင်ဖြစ်ခဲ့သည်များကို ကြားသည့်အချိန်တွင် ဒယ်လီသည် စိုးရိမ်ခြင်းမရှိခဲ့ပေ။ ချမ်းဘော့ဒ်ဘုရင်ကိုယ်တိုင်ရောက်ရှိလာသည်မဟုတ်ပဲ လွန်ခဲ့သော နှစ်၀က်ခန့်က ချမ်းဘော့ဒ်ဘုရင်ကယ်တင်သွားခဲ့သည့် ကလေးများသာရောက်ရှိလာသောကြောင့်ပင်။ ထို့ကြောင့် သူသည် ဤနေရာသို့ ကျွမ်းကျင်စစ်သည်များနှင့် ကိုယ်တိုင်လာရောက်ရန်ဆုံးဖြတ်လိုက်ခြင်းပင်။

"ဒီကောင်တွေက ကလေးတွေပဲရှိပါသေးတယ် သူတို့ဘာလုပ်နိုင်မှာမို့လို့လဲ။ ချမ်းဘော့ဒ်ဘုရင်ကိုတော့ ငါတို့ ရန်စလို့မရဘူးဆိုပေမယ့် အဲ့ကလေးတွေကိုတော့ နည်းနည်းခြောက်လိုက်လို့ ရပါတယ်။ နည်းနည်းလောက်ခြိမ်းခြောက်ပြီးတော့ ပြန်လွှတ်လိုက်တာပေါ့..." သူတွေးခဲ့လိုက်မိသည်။

သို့သော် ကလေးများဟု သူထင်ခဲ့သူများသည် ဤမျှစွမ်းအားမြင့်မားနေမည်ဟုမထင်ခဲ့ပေ။ ယခုအချိန်တွင် သူကသာ အားနည်းနေ၏။ သူသည် ရေပူစမ်းမြို့တော်၏ နံပါတ်၁သိုင်းဆရာဖြစ်သော်လည်း ဤကလေးများကို ယှဥ်ပြိုင်နိုင်ခြင်းမရှိပေ။

ထင်မထားလောက်အောင်ပင်။

ဒယ်လီသည် လက်ရှိအချိန်တွင် ကြောင်တောင်တောင်အခြေအနေသို့ ရောက်ရှိနေ၏။

သူသည် လေမြန်တပ်ဖွဲ့မှ ထောင်နှင့်ချီသောစစ်သည်များရှေ့တွင် တောင်းပန်၍ အရှုံးပေးလိုက်ပါက သူ၏ ရေပူစမ်းမြို့တော်၏ နံပါတ်၁သိုင်းဆရာဟူသည့် နာမည်သည် ချီးတွင်းထဲရောက်သွားလိမ့်မည်ဖြစ်သည်။

သို့သော် မတောင်းပန်ပါကလည်း ဘာမှ လုပ်နိုင်ခြင်းမရှိပေ။

လုပ်ကြံသတ်ဖြတ်သူများသည် သူ့ထက်များစွာပို၍ စွမ်းအားမြင့်မားပြီး သူတို့၏အနောက်တွင်လည်း ဇီးနစ်အင်ပါယာ၏ တော်၀င်မိသားစုကပင် ထိန်းချုပ်နိင်ခြင်းမရှိသည့် ချမ်းဘော့ဒ်ဘုရင်မှ အထောက်ပံ့ပေးထားသည်။ ဒယ်လီအား ပို၍ မျှော်လင့်ချက်ကင်းမဲ့စေသည်မှာ ဤလူများကို ဖမ်းဆီးထားနိုင်စေကာမူ ဘာမှ လုပ်နိုင်ခြင်းမရှိဖြစ်နေခြင်းပင်။ သူတို့အား အပြစ်ပေးလို့မရ သတ်ဖြတ်လို့မရပေ။ ချမ်းဘော့ဒ်ဘုရင်သည် သူ၏လူများကို အလွန်စောင့်ရှောက်ကာကွယ်ပေးတတ်သည့်အတွက် ချမ်းဘော့ဒ်ဘုရင်ဒေါသဖြစ်အောင်လုပ်မိပါက ရေပူစမ်းမြို့တော်တစ်ခုလုံးနှင့် တိုလီမီမိသားစုတစ်ခုလုံး ပြာပုံဖြစ်သွားနိုင်သောကြော့င်ပင်။

ဒယ်လီသည် အရှုံးပေးလိုခြင်းမရှိသော်လည်း ဘာမှမတတ်နိုင်ချေ။ သူသည် ပထမဆုံးအနေဖြင့် စွမ်းအားကင်းမဲ့သည့်လူတစ်ယောက်လို ခံစားလိုက်ရသည်။

"ဘာလဲ။ မင်းဒီမှာ ဘာလုပ်နေသေးတာလဲ..." အစ်ဇာနီမျက်မှောင်ကြုံ့ကာပြောလိုက်သည်။ "မင်းထွက်မသွားသေးဘူးဆိုရင် ငါမင်းကို အခွင့်ရေးထပ်မပေးတော့လို့ အဆိုးမဆိုနဲ့။ ဒီနေ့နေမ၀င်ခင် တိုလီမီမိသားစုက လူတွေအကုန်လုံးဒီနေရာကို လာပြီးတော့ လွန်ခဲ့တဲ့နှစ်၀က်လောက်က အသတ်ခံခဲ့ရတဲ့ ဦးလေးယော့ခ်နဲ့ င့ါသူငယ်ချင်းတွေအကုန်လုံးကို ဂါရ၀လာပြုရမယ်။ နောက်ပြီးတော့ မင်းအဖေကလည်း လူသတ်သမား ကူလန်ကို သူ့လက်နဲ့ကိုယ်တိုင်သတ်ပြီးတော့ အပြစ်ပေးရမယ်။ အဲ့လိုမှသာ ရေပူစမ်းမြို့တော်က အကြိတ်အစိုင်ခဲတစ်ခုကို ရှင်းထုတ်ပြီးသားဖြစ်လိမ့်မယ်။ မင်းငါပြောသလို လုပ်မယ်ဆိုရင် ဒီကိစ္စကို ဒီနေရာမှာတင်ပဲ အဆုံးသတ်ပေးမယ်။ အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ ဒီနေ့ည လထွက်လာတာနဲ့ တိုလီမီမိသားစုတစ်ခုလုံးကို သတ်ပစ်မယ်..."

"မင်း..." ဒယ်လီဒေါသဖြစ်သွားသည်။ အမဲရောင်သူရဲကောင်းသည် ဤကဲ့သို့ ခက်ခဲသည့် တောင်းဆိုမှုမျိုးပြုလုပ်လိမ့်မည်ဟုထင်မထားပေ။ သူအော်ဟစ်လိုက်သည်။ "မင်းင့ါကို အကဲမစမ်းနဲ့..."

"အကဲမစမ်းနဲ့ဟုတ်လား.." အစ်ဇာနီ၏ မျက်နှာပေါ်မှ လှောင်ပြောင်မှုသည် ပို၍ထင်ရှားလာ၏။ သူထည့်ပြောလိုက်သည်။ "ထားလိုက်ပါတော့ ငါမင်းနဲ့ စကားမပြောချင်တော့ဘူး။ အကြံပေးရမယ်ဆိုရင်တော့ မင်းအားနည်းတဲ့အချိန်မှာ ၀န်ခံပြီးတော့ အရှုံးပေးတတ်အောင်လေ့ကျင့်ထားသင့်တယ်။ မင်းမှာ စွမ်းအားရှိလို့ ခုခံချင်တယ်ဆိုရင်တော့ ငါမင်းကို ဒီနေရာကနေပဲ စောင့်နေမယ်။ အခုတော့ မင်းမသေချင်သေးဘူးဆိုရင် ပြန်ပြီးတော့ မင်းတို့မိသားစုအကြီးကဲကို ငါပြောတာပြန်ပြောလိုက်..."

စောက်ခွက်ဖြတ်ရိုက်ခံလိုက်ရသလိုပင်။

အစ်ဇာနီ စကားပြောပြီးသည့်အချိန်တွင် လေတိုးသံကဲ့သို့ အသံများစွာထွက်ပေါ်လာသည်။

အနောက်တွင်ရှိနေကြသည့် လေးသည်တော်များသည် လေညှင်းတစ်ခုသူတို့အား ဖြတ်သန်းတိုက်ခတ်သွားသလိုခံစားလိုက်ရသည်။ သူတို့သည် လေးကြိုးတင်ထားကြသော်လည်း သားရဲကောင်များ၏ သားရေဖြင့်ပြုလုပ်ထားသည့် ကြံ့ခိုင်သည့် လေးကြိုးများမှာ ဆံချည်မျှင်များကဲ့သို့ပင် ပြတ်ထွက်ကုန်ကြ၏။ လေးအလတ်ပေါင်း၂၀၀ခန့်မှာ ဖျက်ဆီးခံလိုက်ရပြီး မည်သူလုပ်လိုက်သည်ဆိုသည်အား ဘယ်သူမှ မမြင်လိုက်ရပေ။

ကြောက်စရာကောင်းလွန်းလှသည်။

ရန်သူသည် မည်သူ့ကိုမှ သတ်ဖြတ်လိုခြင်းမရှိသည်မှာ ထင်ရှားလှသည်။ အဲ့လိုမဟုတ်ပါက ပိုင်းဖြတ်ခံလိုက်ရသည်မှာ လေးကြိုးများမဟုတ်ပဲ သူတို့၏ လည်ပင်းများဖြစ်နေမည်ဖြစ်သောကြောင့်ပင်။

မည်သူမှ ခုခံနိုင်စွမ်းမရှိခဲ့ကြပေ။

ဒယ်လီထိန်းချုပ်နိုင်စွမ်းမရှိအောင်ပင် တုန်ခါသွားတော့သည်။

သူ၏ ရဲစွမ်းသတ္တိများအားလုံး ပျောက်ကွယ်သွားပြီဖြစ်၏။ မိသားစု၏ ကံကြမ္မာသည် သူ၏လက်ထဲတွင်ရှိနေသောကြောင့် ဖိအားသည် မွန်းကြပ်စေ၏။ သူ၏ မာနထောင်လွှားမှုတို့မှာ နေရောင်အောက်မှ နှင်းစက်များကဲ့သို့ပင် အရည်ပျော်ကျသွားပြီး အစ်ဇာနီ၏ အကြည့်များအောက်တွင် သူခေါင်းငုံ့လိုက်ရသည်။ ထို့နောက်တွင် မြေပြင်အား ခြေဆောင့်ကာ သူ၏ ခန္ဓာကိုယ်သည် မီးတောက်များအဖြစ်သို့ ပြောင်းလဲသွားပြီး ပျံသန်းကာ ပျောက်ကွယ်သွားတော့သည်။

"ဆုတ်ခွာကြတော့..."

ဒယ်လီ၏ အသံကို အ၀ေးမှ ကြားလိုက်ရသည်။

ကျွမ်းကျင်စစ်သည်၁၀၀၀ကျော်တို့မှာလည်း ရဲစွမ်းသတ္တိပျောက်ဆုံးကုန်ပြီဖြစ်သည်။ အမိန့်ကိုကြားသည့်အချိန်တွင် အလျှင်မြန်ဆုတ်ခွာသွားကြတော့၏။

အံ့သြနေသည့်ဒန်နီရယ်မှာ သူမ၏ ကမ္ဘာကြီးပြောင်းလဲသွားသည်ကို နားလည်လိုက်မိသည်။

"ဖီးလစ်က ရေပူစမ်းမြို့တော်ရဲ့ နံပါတ်၁သိုင်းဆရာကို လွယ်လွယ်ကူကူအနိုင်ယူလိုက်တာလား..."

ဒန်နီရယ်အား ပို၍အံ့သြစေသည်မှာ အစ်ဇာနီ၏ စကားကိုကြားသည်နှင့် ဇီးနစ်အင်ပါယာ၏ ပင်မတပ်ဖွဲ့ဆယ်ဖွဲ့ထဲမှ တစ်ခုဖြစ်သည့် လေမြန်တပ်ဖွဲ့မှ စစ်သည်များသည် ကြောက်လန့်တကြားဆုတ်ခွာကုန်ကြခြင်းပင်။

"ဒယ်လီက ဖီးလစ်နောက်မှာရှိနေတဲ့ အင်အားစုကို တကယ်ပဲကြောက်နေတဲ့ပုံပဲ...ဖီးလစ်က တကယ်ပဲ နာမည်ကြီးနေတဲ့ ချမ်းဘော့ဒ်ဘုရင် လက်အောက်ကလား။ နောက်ပြီး သူ့ကိုလည်း အတော်တန်ဖိုးထားတဲ့ပုံပဲ။ ချမ်းဘော့ဒ်ဘုရင်ဆိုတာလဲ ဘယ်လိုလူမျိုးလဲ။ သူဒီနေရာမှာ ရှိမနေတာတောင် သူ့နာမည်တစ်ခုတည်းက ရေပူစမ်းမြို့တော်ကို နှစ်ပေါင်းများစွာ အုပ်ချုပ်နေတဲ့ တိုလီမီ မိသားစုကို ကြောက်လန့်စေတာပဲ။ ကြယ်ခြောက်လုံးအဆင့်သိုင်းဆရာတစ်ယောက်တဲ့ ဒယ်လီတောင် ဘာမှမလုပ်ရဲပဲ ထွက်ပြေးသွားတယ်..."

ဒန်နီရယ်သည် ချမ်းဘော့ဒ်ဘုရင်အကြောင်းကို တစ်ခြားသောကြေးစားစစ်သည်များထံမှ ကြားခဲ့ဖူးသော်လည်း သူမနှင့် ရင်းနှီးသည့်လူများသေဆုံးသွားခဲ့သောဖြစ်ရပ်ဆိုးကြောင့် ၀မ်းနည်းနေဆဲပင်။ ထို့ကြောင့် သူမသည် သိပ်အာရုံမစိုက်ခဲ့မိပဲ လေ့ကျင့်ရန်နှင့် မိဘမဲ့ကလေးများကို ထိန်းသိမ်းစောင့်ရှောက်ပေးရန်တို့ကိုသာ အာရုံစိုက်ခဲ့သည်။ ထို့ကြောင့် သူမသည် ချမ်းဘော့ဒ်ဘုရင်အကြောင်းကို ကောင်းစွာမသိခဲ့ပေ။

ဤအခိုက်တန့်တွင် လှပသည့်အမျိုးသမီးကြေးစားစစ်သည်ကောင်မလေးသည် နာမည်သာကြားခဲ့ဖူးပြီး သေချာမသိခဲ့သည့် ချမ်းဘော့ဒ်ဘုရင်အား စိတ်၀င်စားလာခဲ့၏။

"ကောင်းပြီလေ ဒန်နီရယ်။ အဲ့မှာတင်ရပ်မနေနဲ့ဦး မြို့ထဲကနေ မှော်လည်းအနည်းငယ်လောက်သွား၀ယ်လိုက်။ ဒီကိစ္စတွေပြီးသွားရင် ချမ်းဘော့ဒ်တိုင်းပြည်ကို ပြန်သွားရအောင် အဲ့နေရာမှာဆိုရင် ကလေးတွေကို ဘယ်သူမှ အနိုင်ကျင့်မှာမဟုတ်ဘူး။ ကလေးတွေကလည်း အကောင်းဆုံးဆရာတွေရဲ့ သင်ကြားမှုအောက်မှာ လေ့ကျင့်နိုင်လိမ့်မယ်။ နင်ရော စိတ်ပါရင် ချမ်းဘော့ဒ်မှာပဲ လေ့ကျင့်လို့ရတယ်..." အစ်ဇာနီသည် ဒန်နီရယ်အား ရွှေဒင်္ဂါးအိတ်တစ်လုံးပေးကာပြောလိုက်သည်။ ထို့နောက်တွင် အို၀င်နှင့် ပေါလ်တို့ကိုလည်း သူမနှင့်အတူလိုက်၍ လိုအပ်သည့် မှော်လည်းများနှင့် အ၀တ်စားများ၀ယ်ရန်တောင်းဆိုလိုက်သည်။

လမ်းတွင် ဒန်နီရယ်သည် သိချင်စိတ်ကို မထိန်းနိုင်တော့သည့်အတွက် မတွေ့ရသည်မှာ နှစ်၀က်ခန့်ရှိပြီဖြစ်သည့် သူမ၏ သူငယ်ချင်းနှစ်ယောက်နားကို ဆွဲကာ သူမနှင့်ကွဲသွားပြီး ဖြစ်ပျက်ခဲ့သည့်အရာများကို မေးလိုက်သည်။

ဒန်နီရယ်သည် သူတို့၏ အတွေ့ကြုံများကို ပထမဆုံးအနေဖြင့် ကြားလိုက်ရပြီး သူတို့ငါးဦးကံကောင်းသွားခဲ့သည့်အတွက်လည်း ၀မ်းသာမိသည်။

"ဒါဆို ဖီးလစ်က အခုဆိုရင်ချမ်းဘော့ဒ်ဘုရင်ရဲ့ တပည့်တစ်ယောက်ဖြစ်နေပြီပေါ့။ သူက အင်ပါယာထဲမှာဆို စွမ်းအားအမြင့်ဆုံးလူတွေထဲက တစ်ယောက်ပဲ။ သူ့ရာထူးအရှိန်၀ါက ကြီးမားလို့ တိုလီမီမိသားစုခေါင်းဆောင်ကတောင် သူ့ကိုလာနှုတ်ဆက်ရလိမ့်မယ်။ ဒယ်လီ ဖီးလစ်ကို ဘာမှမပြောရဲခဲ့တာက မဆန်းပါဘူး..." သူမတွေးလိုက်မိသည်။

ဒန်နီရယ်အတွက် ဤသည်မှာ ပထမဆုံးအနေဖြင့် ငွေပမာနများများကိုင်၍ အသုံးပြုဖူးခြင်းဖြစ်သည်။

နှစ်နာရီခန့်ကြာသည့်အချိန်တွင် သူတို့သည် ချမ်းဘော့ဒ်တိုင်းပြည်သို့ ပြန်ရန်အတွက် လိုအပ်သည်များအားလုံးကို ၀ယ်ယူပြီးဖြစ်သည်။ ပစ္စည်းအများစုကို အို၀င်နှင့် ပေါလ်တို့မှ ၀ယ်ယူခဲ့ခြင်းဖြစ်သည်။ ပစ္စည်းတော်တော်များများကို ဒန်နီရယ်မရင်းနှီးသည့်အတွက်ပင်။

လိုအပ်သည်များအားလုံးကို ၀ယ်ပြီးသည့်အချိန်တွင် လှည်းမောင်းသမားတစ်ချို့ငှားကာ ဆင်းရဲသားရက်ကွက်သို့ ပြန်လာခဲ့တော့သည်။ ဆင်းရဲသားရပ်ကွက်အား လေမြန်တပ်ဖွဲ့မှ စစ်သည်များထက်မံ၍ ၀ိုင်းထားသည်ကိုတွေ့လိုက်ရ၏။ အထဲတွင်ဘာဖြစ်နေသည်ကို မည်သူမှ မသိနိုင်ချေ။

ဖြစ်ပျက်နေသည်များကို သိချင်သည့်လူတစ်ချို့ကို စောင့်နေသည့်စစ်သည်များမှ တွန်းထုတ်နေကြသည်။ ဒန်နီရယ်နှင့် အမဲရောင်သူရဲကောင်းနှစ်ဦးကိုလည်း စစ်သည်များမှ တားဆီးလိုက်သည်။

"ရပ်လိုက်...ထွက်သွားတော့...အဲ့လိုမဟုတ်ဘူးဆိုရင် အမိန့်မနာခံမှုနဲ့ အသတ်ခံရမယ်..." လေမြန်တပ်ဖွဲ့မှ ရာထူးမြင့်စစ်သည်ခေါင်းဆောင်တစ်ယောက်မှ သူတို့သုံးယောက်ကို အော်ဟစ်လိုက်သည်။

All Chapters