← Chapters

"ဘုရင်၏ ဓားသွားလေးလက်"

Vol. 48 Ch. 753

"ဘုရင်၏ ဓားသွားလေးလက်"

Vol. 48 Ch. 753

တံဆိပ်ကို ကြည့်ခြင်းအားဖြင့် ထိုလူများသည် မြင်းလေညှင်းတပ်ဖွဲ့မှ သာမန်ရာထူးနိမ့်အဖွဲ့၀င်များ ဖြစ်သည့်ပုံမရပေ။ သူတို့သည် မာနထောင်လွှားနေသည့် လူမိုက်များကဲ့သို့ပင်။ သူတို့သည် ဒုတိယထပ်သို့ တက်လာလျှင်လာခြင်းပင် ပတ်၀န်းကျင်သို့ အကဲခတ်လိုက်သည်။ နွမ်းပါးသည့်အ၀တ်စားများဖြင့် ကလေးများကို တွေ့လိုက်ရသည့်အချိန်တွင် ထိုအဖွဲ့မှကြေးစားစစ်သည်တစ်ယောက်သည် မျက်မှောင်ကြုံ့လိုက်၏။

"ဘာလဲဟ ဒီစားသောက်ဆိုင်က ဒီနားတစ်၀ိုက်မှာ နာမည်ကြီးတဲ့ဆိုင်လို့ကြားတယ်။ ဒါဆို သူတောင်းစားလေးတွေက ဘာလို့ ဒီထဲမှာရောက်နေကြတာလဲ။ သေစမ်း ညစ်ပတ်နေတာလဲ။ စားချင်စိတ်တောင်မရှိတော့ဘူး..." အမာရွတ်နှင့်လူတစ်ယောက်သည် တီတိုးပြောလိုက်၏။

သူ၏အနောက်တွင်ရှိသည့် ခပ်ပိန်ပိန်အရပ်မြင့်မြင့်နှင့် ကြေးစားစစ်သည်သည် ထိုသူဆိုလိုသည်ကို နားလည်လိုက်၏။ အရှေ့တွင် ရှိနေသည့် စားပွဲခုံအား လက်ဖြင့်ပုတ်ကာ အော်ဟစ်လိုက်သည်။ "မြင်းလေညှင်းတပ်ဖွဲ့က သွေးမီးတောက်ကြေးစားစစ်သည်တပ်ဖွဲ့က သိုင်းဆရာတွေနဲ့ အစည်း၀ေးလုပ်မလို့ပဲ။ အဲ့တာကြောင့် ဒုတိယထပ်မှာရှိတဲ့ စားပွဲတွေအကုန်လုံးကို ငါတို့ ယူလိုက်မယ်။ မသက်ဆိုင်တဲ့လူတွေအကုန်လုံး အခုချက်ချင်းထွက်သွားကြ။ အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ အကျိုးဆက်ကို ခံစားဖို့ပြင်ထားကြ..."

ဒုတိယထပ်တွင် ဧည့်သည်သိပ်မရှိပေ။ ကြေးစားစစ်သည်အဖွဲ့နာမည်ကို ကြားသည့်အချိန်တွင် ဖြူဖက်ဖြူယော်ဖြစ်ကုန်ကြ၏။ တစ်ချို့မှာ ပြန်အော်ချင်ကြသော်လည်း သည်းခံရန်သာဆုံးဖြတ်၍ အောက်ထပ်သို့ အမြန်ဆင်းသွားကြလိုက်၏။

အစ်ဇာနီသည် မျက်မှောင်ကြုံ့ကာ သွားရောက်ရင်ဆိုင်ရန်ပြင်နေသည့် ကျန်ရှိနေသော အမဲရောင်သူရဲကောင်းများကို တားလိုက်သည်။ ထို့နောက်တွင် ၀ိတ်တာများကို ခေါ်၍ စားသောက်ဖွယ်များအားလုံးကို ပထမထပ်သို့ ပြောင်းခိုင်းလိုက်သည်။ ထို့နောက်တွင် ဒန်နီရယ်နှင့်ကလေးများကို ခေါ်ကာ ပထမထပ်တွင်သာ စားသောက်ရန်ပြင်လိုက်၏။

"သေစမ်း အတော်လှတဲ့စော်ပဲ။ အဲ့ခါးကိုကြည့်ပါဦး အတော်စီးလို့ကောင်းမှာပဲ..." ကြေးစားစစ်သည်တစ်ချို့သည် အနီရောင်ချပ်၀တ် ၀တ်ဆင်ထားသည့် ဒန်နီရယ်ကို မြင်လိုက်၏။ တောက်ပသည့် မျက်လုံးများဖြင့် သူမထံသို့ လေချွန်ကာပြောလိုက်၏။

ဒန်နီရယ်သည် သူတို့အား စိုက်သာကြည့်လိုက်၏။

သူမသည် မြင်းလေညှင်းကြေးစားစစ်သည်အဖွဲအ့ကြောင်းကို ကြားဖူးသောကြောင့် ယှဥ်နိုင်မည်မဟုတ်ကြောင်းနားလည်၏။ အစ်ဇာနီနှင့် ကျန်ရှိနေသူမျာအတွက် ဒုက္ခမပေးလိုသောကြောင့် သူမသည် ဒေါသဖြစ်နေသော်လည်း အောက်ထပ်သို့သာဆင်းရန်ပြင်လိုက်သည်။

"ဟားဟားဟား" ဤအရာကိုမြင်သည့်အချိန်တွင် ကြေးစားစစ်သည်များသည် ပို၍ပင် ရမ်းကားလာတော့၏။

ပထဆုံးအော်ဟစ်သည့် ခပ်ပိန်ပိန်နှင့် အရပ်ရှည်ရှည်ကြေးစားစစ်သည်၏ မျက်နှာပေါ်တွင်ကောက်ကျစ်သည့်အပြုံးတစ်ခုရှိနေ၏။ ကလေးမလေးမီလီသူ၏ အရှေ့မှ ဖြတ်လျှောက်သည့်အချိန်တွင် သူ၏ ခြေထောက်တစ်ဖက်အား ရှေ့ထုတ်ကာ ကလေးမလေးအား ချော်လဲစေလိုက်သည်။

"ဘုန်း..." မီလီမြေပြင်ပေါ်သို့ လဲကျသွားပြီး သူမ၏ နှာခေါင်းအတွင်းမှ သွေးစက်များကျလာတော့သည်။ ထို့ကြောင့် ကောင်မလေးမီလီမှာ ချက်ချင်းပင် ငိုကြွေးတော့သည်။

"ခင်ဗျား..." ဒန်နီရယ်ဒေါသဖြစ်သွား၏။

ထိုကြေးစားစစ်သည် ခြေထိုးခံလိုက်သည်ကို သူမမြင်တွေ့လိုက်ရသော်လည်း မီလီအား အချိန်မှီကယ်နိုင်လိုက်ခြင်းမရှိပေ။

"ဘာလဲ။ ဒီသူတောင်းစားကလေးက ငါ့ခြေထောက်ကို တက်နင်းလို့ ငါ့ရဲ့တန်ဖိုးကြီးဖိနပ်တော့ အစွန်းထင်သွားပြီ။ ငါတို့ ဘယ်လိုလုပ်သင့်လဲ..." အရပ်ရှည်ရှည်နှင့်ပိန်ပိန်ကြေးစားစစ်သည်မှာ ဒန်နီရယ်အား ရမ္မက်မီးတောက်လောင်နေသည့် အပြုံးတစ်ခုနှင့်အတူ ခြေဆုံးခေါင်းဆုံးကြည့်လိုက်သည်။ ထို့နောက်တွင် ရယ်မောကာ ဆက်ပြောလိုက်သည်။ "အချောလေး နင်က ဒီကလေးမလေးနဲ့အမျိုးတော်တယ်မလား။ ဟီးဟီး ကောင်းတယ် နင်င့ါကို ဘယ်လိုအလျှော်ပေးမလဲ။ နင့်မှာ ပိုက်ဆံမရှိဘူးဆိုရင်လဲ ငါတို့နဲ့ ခနလာထိုင်ပြီးတော့ အဖော်လုပ်ပေးပါလား..."

ဤကြေးစားစစ်သည်များသည် အရေးကြီးကိစ္စများလုပ်ရန်ရှိနေပြီး ဒုတိယထပ်တွင် လူစိမ်းတစ်ယောက်အား ခေါ်မထားသင့်ပေ။ သို့သော် ဒန်နီရယ်သည် အလွန်လှပပြီး ကိုယ်လုံးကိုယ်ပေါက်သည်လည်း ပြည့်စုံလွန်းလှသည်။ ထို့အပြင် သူမတွင် သာမန်အမျိုးသမီးများတွင်တွေ့ရခဲသည် အရှိန်၀ါတစ်မျိုးရှိနေ၏။ ထို့ကြောင့် မြင်းလေညှင်းတပ်ဖွဲ့မှ ကြေးစားစစ်သည်များသည် သူတို့ကိုယ်သူတို့ ထိန်းချုပ်နိုင်ခြင်းမရှိကြပေ။

"ငါတို့ ချမ်းဘော့ဒ်ကို ရောက်ကတည်းက ဘာမှကို မလုပ်ရသေးဘူး။ ဒီစော်ကို ကြည့်ရတာလဲ ကြေးစားစစ်သည်တစ်ယောက်ဖြစ်တဲ့ပုံပဲ။ နောက်ပြီးတော့ သာမန်အ၀တ်စားတွေကိုပဲ ၀တ်ထားတာ။ နောက်ခံတောင့်မယ့်ပုံမပေါ်ဘူး။ ငါတို့အာသာဖြေပြီးရင် အဲ့စော်ကို သတ်ပစ်လို့ရတာပဲ။ ဘယ်သူမှတောင် သိလိုက်မှာမဟုတ်ဘူး..." သူတို့တွေးလိုက်မိကြသည်။

"ခင်ဗျား...အကဲမစမ်းနဲ့။ ခင်ဗျား မီလီကို သေချာချော်လဲအောင်လုပ်လိုက်တာပဲ..." ဒန်နီရယ်သည် မီလီအား ထူပေးပြီး ပေကျံနေသည့်သွေးများသုပ်ပေးပြီးသည့်အချိန်တွင် ခပ်ပိန်ပိန်ကြေးစားစစ်သည်အား ဒေါသဖြင့် အော်ဟစ်လိုက်သည်။

"ဒီကောင်တွေကအတော်ဆိုးတာပဲ။ကလေးတစ်ယောက်ကို တောင်ဒီလိုလုပ်ရက်တယ်..." သူမတွေးလိုက်မိသည်။

"ဟားဟာားဟား ငါက အကဲစမ်းနေတယ်ဆိုရင်တောင် နင်ဘာလုပ်နိုင်လဲ။ ငါသေချာလုပ်တာပဲ...နင်င့ါကို အလျှော်ပေးမှာလားမပေးဘူးလား..." ခပ်ပိန်ပိန်နှင့် ကြေးစားစစ်သည်သည် ကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်သည်။

ကောင်မလေးမီလီသည် ကြောက်လန့်သဖြင့် ဒန်နီရယ်၏ လက်မောင်းထဲတွင်နေကာ အငိုတိတ်သွား၏။

ကျန်ရှိနေသည့် ကလေးများနှင့်အတူ အောက်သို့ ဆင်းသွားသည့် အစ်ဇာနီသည် ဒုတိယထပ်သို့ ပြန်တက်လာ၏။ သူသည် ပတ်၀န်းကျင်သို့ ကြည့်လိုက်ပြီး အခြေနေကို ချက်ချင်းပင်နားလည်သွားတော့သည်။ မျက်မှောင်ကြုံ့လိုက်ပြီး သူ၏အနောက်မှ တက်လာသည့် အို၀င်၏နားနားသို့ တစ်စုံတစ်ရာကပ်ပြောလိုက်သည်။ ထို့နောက်တွင် အစ်ဇာနီသည် ဒန်နီရယ်၏ ပခုံးအားကိုင်ကာ သူမနှင့် ကောင်မလေးမီလီအား အောက်ထပ်သို့ ခေါ်သွားလိုက်တော့သည်။

"နင်ဘယ်သွားမလို့လဲ နင်သေချင်နေတာလား...ခွေးသားတွေ..." ခပ်ပိန်ပိန်နှင့် ကြေးစားစစ်သည်သည် ဤအရာကိုမြင်သည့်အချိန်တွင် ဒေါသပေါက်ကွဲသွား၏။

သူသည် စားပွဲခုံအား ပုတ်လိုက်ပြီး အနောက်မှ လိုက်တော့မည့်အချိန်တွင် အမဲရောင်ချပ်၀တ်နှင့်လူတစ်ယောက်သည် ရုတ်တရက်သူ့ရှေ့မှ ၀င်ကာလိုက်သည်။

အမဲရောင်သူရဲကောင်းလူငယ်တစ်ယောက် သူ၏ အရှေ့သို့ ၀င်ပိတ်လိုက်သည်ကို မြင်လိုက်ရသည်အချိန်တွင် လူငယ်၏ အမြန်နှုန်းကြောင့် ခပ်ပိန်ပိန်ကြေးစားစစ်သည်ထိတ်လန့်သွား၏။ သူသည် သေချာမသိသေးပဲ လှုပ်ရှားရဲခြင်းမရှိသောကြောင့် ဒေါသဖြင့် မေးလိုက်သည်။ "မင်းကဘယ်သူလဲ မင်းက မြင်းလေညှင်းတပ်ဖွဲ့ကိစ္စကို ၀င်ရှုပ်နေတာလား...လစ်စမ်းကွာ..."

"ခင်ဗျား အလျှော်လိုချင်တယ်ဆို..." အို၀င်သည် သူ၏လက်ဖ၀ါးကိုဖြန့်လိုက်ပြီး တောက်ပနေသည့် ရွှေဒင်္ဂါးဆယ်ပြားကိုပြလိုက်သည်။ ထို့နောက်တွင် ခပ်ပိန်ပိန်နှင့်ကြေးစားစစ်သည်ထံသို့ ပစ်ပေးလိုက်ပြီး ရွှေဒင်္ဂါးများသည် သူ၏ ခြေထောက်အောက်တွင် တစ်ခုပေါ်တစ်ခုထပ်နေတော့သည်။ ထို့နောက်တွင် အို၀င်သည် ရန်စသည့်အနေဖြင့် ရယ်မောလိုက်၏။ "ပိုက်ဆံကအဲ့မှာလေ ခင်ဗျားကောက်လိုက်ဖို့ပဲလိုတယ်..."

"ထွီ ခွေးသားလေး မင်းက င့ါကို စော်ကားရဲတယ်ပေါ့..." ခပ်ပိန်ပိန်ကြေးစားစစ်သည်သည် စက္ကန့်အနည်းငယ်ခန့်ဆွံ့အသွားပြီးနောက်တွင် ဒေါသတကြီးဖြင့် သူ၏ဓားကို ဆွဲထုတ်ကာ အို၀င်အား ခုတ်ပိုင်းလိုက်သည်။

အို၀င်သည် နှာခေါင်းရှုံ့ကာ ရှောင်တိမ်းလိုက်၏။

"၀ှစ်..." သူ၏ ခန္ဓာကိုယ်သည် ပုံရိပ်ယောင်တစ်ခုကဲ့သို့ပင် ကွယ်ပျောက်သွား၏။

"ရွှီး ရွှီး ရွှီး.." စူးရှသည့်အသံများထွက်ပေါ်လာပြီး သွေးများပန်းထွက်လာ၏။ ခပ်ပိန်ပိန်ကြေးစားစစ်သည်သည် မူလက အံ့သြသွားသော်လည်း အသတ်ခံနေရသည့် ၀က်တစ်ကောင်ကဲ့သို့ စတင်၍ အော်ဟစ်တော့သည်။

မီလီအား ချော်လဲအောင်လုပ်ခဲ့သည့် သူ၏ ညာဘက်ခြေထောက်သည် ဒူးအရင်းမှစ၍ ပိုင်းဖြတ်ခြင်းကိုခံလိုက်ရပြီး ရွှေဒင်္ဂါးပြားများဘေးတွင် ခြေထောက်ပြတ်ကြီးမှာ ပြုတ်ကျသွား၏။

သူ၏မျက်နှာပေါ်တွင် မျှော်လင့်ချက်ကင်းမဲ့သည့်အမူယာတစ်ခုပေါ်လာပြီး သူ၏ ခန္ဓာကိုယ်သည်လည်း ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး လူးလိမ့်အော်ဟစ်နေတော့သည်။

"ချွင် ချွင် ချွင်..."

ဒုတိယထပ်တွင်ရှိနေသည့် ကြေးစားစစ်သည်များသည် ထိတ်လန့်သွားကြသော်လည်း ချက်ချင်းတုန့်ပြန်လိုက်ကြသည်။ သူတို့၏ လက်နက်များကို ဆွဲထုတ်လိုက်ပြီး အို၀င်အား ချက်ချင်း၀ိုင်းလိုက်ကြသည်။ မျက်နှာပေါ်တွင် သတ်ဖြတ်လိုသောအမူယာများဖြင့် ပြတင်ပေါက်များ၊ လှေကားများစသည်တို့ကို သူတို့၏ ခန္ဓာကိုယ်များဖြင့် ပိတ်ထားလိုက်ကြ၏။

ညာဘက်ပါးပေါ်တွင် အမာရွတ်တစ်ခုရှိသော ခေါင်းဆောင်သည် လမ်းလျှောက်လာပြီး အို၀င်အား လေးနက်သည့်အမူယာတစ်ခုဖြင့်ကြည့်လိုက်သည်။ "စိတ်၀င်စားစရာပဲ...င့ါကိုယ်ငါ လူကဲခတ်မှားလိမ့်မယ်လို့ ငါမထင်ခဲ့ဘူး..မင်းက ဘယ်ကလဲ.."

"ဘာ ခင်ဗျားက ကျွန်တော့ကို ရှုံးပြီးတော့ မိတ်ဖွဲ့ဖို့ကြိုးစားနေတာလား.." အို၀င်သည် ကြောက်လန့်ခြင်းမရှိပေ။ ထိုအစားသူတို့အား ကြမ်းတမ်းစွာအော်ဟစ်လိုက်သည် "မင်းတို့အခုရောက်နေမှာ ချမ်းဘော့ဒ်မှာဆိုတော့ မင်းတို့ ငြိမ်ငြိမ်နေသင့်တယ်။ မင်းတို့က မင်းတို့ရဲ့ မြင်းလေညှင်းတပ်ဖွဲ့ကို အရှက်ခွဲနေတာလား။ မင်းတို့အဖွဲ့ခေါင်းဆောင်တောင် င့ါဘုရင်အရှေ့မှာ ဒီလိုရမ်းကားရဲမှာမဟုတ်ဘူး..မင်းကဘယ်သူလဲ မင်းဒီလိုဘာလို့ပြုမူရဲရတာလည်း..."

"မင်း...မင်းက ချမ်းဘော့ဒ်ဘုရင်လက်အောက်ကလား..." ပါးပေါ်တွင်အမာရွတ်နှင့်လူထိတ်လန့်သွားသည်။

"ငါက ဘုရင်အလတ်ဇန္ဒားလက်အောက်က [ဓားသွားလေးလက်]ထဲကတစ်ယောက်ပဲ။ ငါက အရှင်မင်းကြီးအမိန့်အောက်က သတ်ဖြတ်ခြင်းဓားသွား အို၀င်ပဲ..." အို၀င်သည် သူ့ကိုယ်သူ အထာကျသည့် နာမည်ပြောင်တစ်ခုပေးလိုက်သည်။

ငယ်သေးသည့်အတွက်ကြောင့် အို၀င်နှင့် သူ၏ သူငယ်ချင်းများသည် ထူးဆန်းသည့်အကြံများရှိနေကြ၏။ ထို့ကြောင့် သူတို့သည် သူတို့ကိုယ်သူတို့ အထာကျသည်ဟုထင်ရသည့် နာမည်ပြောင်များပေးထားလေကာ သူတို့အဖွဲ့ကိုလည်း ဓားသွားလေးလက်ဟု နာမည်ပေးထား၏။

အို၀င်၏ စကားကိုကြာားသည့်အချိန်တွင် ပါးပေါ်တွင်အမာရွတ်နှင့်လူ၏ မျက်နှာသည်အကျဥ်းထန်းသွားတော့၏။

Hail The King

အပိုင်း(၇၅၄) Part A "ကိုယ့်ပါးကိုယ်ပြန်ရိုက်စမ်း"

သူတို့သည် ဓားသွားလေးလက်ဆိုတာဘာလဲမသိသော်လည်း ဤအမဲရောင်သူရဲကောင်းသည် ချမ်းဘော့ဒ်သိုင်းဆရာတစ်ယောက်ဖြစ်သည်မှာ ထင်ရှား၏။

"သေစမ်း ငါတို့ သွေးမီးတောက်တပ်ဖွဲ့နဲ့ ဆွေးနွေးမယ့်ကိစ္စက ချမ်းဘော့ဒ်ဘုရင်နဲ့ သက်ဆိုင်နေတယ်။ အဲ့တာကြောင့် ငါတို့က ဒုတိယထပ်မှာလူမရှိအောင်လုပ်ထားတာ။ ဒါပေမယ့် ငါတို့က ချမ်းဘော့ဒ်သိုင်းဆရာတွေကို တိုက်ရိုက်ပြသနာရှာမိသွားပြီ ငါတို့ ဘာလုပ်သင့်လဲ..."

အို၀င်လှုပ်ရှားသည်ကို ကြည့်ခြင်းအားဖြင့် ဤအမဲရောင်သူရဲကောင်းလူငယ်သည် ကြောက်မက်ဖွယ်သိုင်းဆရာတစ်ယောက်ဖြစ်သည်ကို အမာရွတ်နှင့်လူရိပ်စားလိုက်မိသည်။ သူတို့သည် ဤနေရာတွင်သူ့အား အဖွဲ့လိုက်၀ိုင်းတိုက်ခိုက်စေကာမူ နိုင်နိုင်မည်မဟုတ်ပေ။ ထို့အပြင် တိုက်ပွဲပြင်းထန်လာပါက တစ်ခြားချမ်းဘော့ဒ်တိုင်းပြည်မှ သိုင်းဆရာများရောက်လာပြီး သူတို့၏ အကြံစည်ကို ပျက်ဆီးသွားစေနိုင်၏။

ထို့ကြောင့် ပါးတွင်အမာရွတ်နှင့်လူသည် ဒေါသဖြစ်လာပြီး မြေပြင်ပေါ်တွင် လူးလိမ့်အော်ဟစ်နေဆဲဖြစ်သည့် ခပ်ပိန်ပိန်ကြေးစားစစ်သည်အား ကြိမ်းမောင်းလိုက်သည် "စောက်ပါးစပ်ပိတ်စမ်း မင်းကြောင့်သာမဟုတ်ရင် ငါတို့ ချမ်းဘော့ဒ်သိုင်းဆရာတွေကို စော်ကားမိမှာမဟုတ်ဘူး..."

အကြိမ်းခံလိုက်ရသည်အတွက်ကြောင့် ခြေထောက်ဖြတ်ခံထားရသည့် ခပ်ပိန်ပိန်စစ်သည်သည် ကြောက်လန့်သွားပြီး ပါးစပ်ပိတ်ကာ အသံမထွက်ရဲတော့ပေ။

"မစ်စတာ အို၀င် ကျွန်တော့ရဲ့ ဒီညီအကိုက ခြေထောက်တစ်ဖက်လဲဆုံးရှုံးပြီးသွားပါပြီ။ ကျွန်တော်တို့ ဒီနေရာမှာပဲ ဒီကိစ္စကို ထားလိုက်ကြရအောင်လေ..." သူတို့တွင် အရေးကြီးကိစ္စများ လုပ်ရန်ကျန်သေးသည့်အတွက်ကြောင့် အမာရွတ်နှင့်လူသည် သူ၏ဒေါသကို ချုပ်ထိန်းကာ ပြေပြေလည်လည်ဖြေရှင်းရန်ကြိုးစားလိုက်သည်။

"အဲ့ကောင်က ငါတို့မင်းသမီးလေးကို ချော်လဲအောင်လုပ်လိုက်တာပဲ။ သူ့အတွက် ခြေထောက်တစ်ဖက်ဆုံးရှုံးတယ်ဆိုတာက နည်းလွန်းနေသေးတယ်။ ဒါပေမယ့် ငါတို့က အိမ်ရှင်ဖြစ်တာရော ခွင့်လွှတ်တတ်တာရောကြောင့် ဒီနေရာမှာတင် ထားပေးလိုက်မယ်။ ဒါပေမယ့် င့ါအမကို လေချွန်ခဲ့တဲ့ကောင်တွေ ကိုယ့်ပါးကိုယ်သုံးချက်ပြန်ရိုက်ကြ..." အို၀င်သည် တည်တည်ငြိမ်ငြိမ်နှင့် ခန့်ညားသည့်ပုံပေါက်နေသည်။ သို့သော် သူသည် ဉာဏ်ကောင်းသည့်လူတစ်ယောက်ပင်။ သူသည် ဒန်နီရယ်အား လေချွန်ခဲ့သည့် ကြေးစားစစ်သည်များကိုကြည့်၍ အေးစက်စွာပြောလိုက်သည်။

မျက်နှာတွင်အမာရွတ်နှင့်လူသည် မျက်မှောင်ကြုံ့လိုက်သည်။ သို့သော် သူသည် အသက်ပြင်းပြင်းရှူ၍ သူ၏ စိတ်ကို ထိန်းချုပ်လိုက်သည်။ လှည့်မကြည့်ပဲ သူအမိန့်ပေးလိုက်၏။ "မင်းတို့ ဒီဆရာပြောတာကြားတယ်မလား။ မင်းတို့ ဘာလို့မလုပ်ကြသေးတာလဲ။ ခုနကအမျိုးသမီးကို တောင်းပန်တဲ့အနေနဲ့ မင်းတို့ပါးကိုယ်မင်းတို့ သုံးချက်ပြန်ရိုက်လိုက်ကြစမ်း..."

"ဖြောင်း ဖြောင်း ဖြောင်း..." ပါးရိုက်သည့်အသံများမှာ စားသောက်ဆိုင် ဒုတိယထပ်မှ ထွက်ပေါ်လာ၏။

မြင်းလေညှင်းကြေးစားစစ်သည်တပ်ဖွဲ့သည် တင်းကြပ်သည်ဟုဆိုနိုင်၏။ မျက်နှာတွင်အမာရွတ်နှင့်လူအမိန့်ပေးလိုက်သည်နှင့်တပြိုင်နက် ကြေးစားစစ်သည်များအားလုံးသည် တွန့်ဆုတ်ခြင်းမရှိပဲ သူတို့ပါးများကိုအားကုန်သုံးရိုက်ကြ၏။ သူတို့၏မျက်နှာများ ယောင်ကိုင်းကုန်ပြီး သွေးများသည် ပါးစပ်အတွင်းမှ စီးကျလာကြသည်။

ထိုကဲ့သို့ လုပ်အပြီးတွင် အို၀င်အား ရက်စက်ကြမ်းကြုတ်စွာ စိုက်ကြည့်နေကြပြီး အတော်တန်ကြောက်မက်ဖွယ်ပင်။

အို၀င်၏ မျက်နှာပေါ်တွင် အေးစက်သည့်ပြုံးတစ်ခုပေါ်လာကာပြောလိုက်သည်။ "ကောင်းပြီလေ ငါတို့ ဒီကိစ္စကို ဒီမှာပဲထားလိုက်ကြတာပေါ့။ ဒါမယ့် ခင်ဗျားတို့ကိုတော့ သတိပေးလိုက်မယ်။ ချမ်းဘော့ဒ်တိုင်းပြည်က တစ်ခြားနေရာတွေလိုမဟုတ်ဘူး ခင်ဗျားတို့ ချမ်းဘော့ဒ်မှာ ကောင်းကောင်းနေထိုင်ကြ အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ အကျိုးဆက်တွေကပြင်းထန်လိမ့်မယ်။ ကောင်းပြီလေ ခင်ဗျားတို့ လုပ်စရာရှိတာဆက်လုပ်ကြ ငါသွားပြီ..."

သူသည် ကြေးစားစစ်သည်များ၏ ရက်စက်ကြမ်းကြုတ်သည့်အကြည့်များအားကြောက်လန့်ခြင်းမရှိပေ။

အမာရွတ်နှင့်လူ၏ မျက်လုံးများပြောင်းလဲသွားသော်လည်း ဘာမှ ပြောခြင်းမရှိပေ။

"အော် တစ်ခုရှိသေးတယ် ခင်ဗျားတို့တွေက ရှုံးတယ်လို့ ၀န်ခံချင်သေးပုံမရဘူး။ ခင်ဗျားတို့ တကယ်ပဲ င့ါကို စိန်ခေါ်ချင်တယ်ဆိုရင် အချိန်မရွေးလာရှာလို့ရတယ်။ ချမ်းဘော့ဒ်ဓားကွင်းမှာ ယှဥ်ကြတာပေါ့။ အဲ့ဓားကွင်းတွေက စစ်သည်တွေ ပြသနာကို အကြမ်းနည်းနဲ့ ဖြေရှင်းဖို့လုပ်ထားတာ။ ဒါမယ့် ငါတို့ စာချုပ်မှာလက်မှတ်ထိုးဖို့တော့လိုတယ်။ ဓားကွင်းပေါ်မှာ သတ်လို့လဲရတယ်လေ။ ခင်ဗျားတို့ လိုချင်တယ်ဆိုရင်တော့ ခင်ဗျားတို့အကုန်လုံးကို အဲ့မှာ သတ်ပေးလဲရတယ်..." အို၀င်သည် လှေကားမှမဆင်းခင် ရုတ်တရက်အနောက်သို့ လှည့်ကာပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ လည်ပင်းအား လက်မဖြင့် ပိုင်းဖြတ်သည့် ဟန်လုပ်ကာ ကြေးစားစစ်သည်များကို ထက်မံ၍ ရန်စလိုက်သေးသည်။

အမာရွတ်နှင့်လူ သူ၏လက်သီးများကို ဆုပ်လိုက်သည် သို့သော် ထိုလူငယ်သည်သူတို့အား ရည်ရွယ်ချက်ရှိရှိဖြင့် ရန်စနေသည်ကို သူသဘောပေါက်သည့်အတွက်ကြောင့် စိတ်ထိန်းကာ အို၀င်လှေကားမှ ဆင်းသွားသည်ကိုသာ ကြည့်နေလိုက်၏။

"ထွီ အတော်အချိုးမပြေတဲ့ကောင်ပဲ။ အဲ့ချမ်းဘော့ဒ်ဘုရင်ဆိုတဲ့ကောင်လဲ ကြာကြာအသက်ရှင်နိုင်မာမဟုတ်ပါဘူး။ မင်းက ဘုရင်အဲ့ လူယုံအဆင့်ပဲရှိသေးတာ။ ချမ်းဘော့ဒ်ဘုရင်သေသွားတာနဲ့ မင်းကို ငါကိုယ်တိုင်လာရှာပြီး သတ်ပေးမယ်..." ကြေးစားစစ်သည်တစ်ယောက်သည် အို၀င်ဆင်းသွားသည့် လှေကားအားကြည့်ကာ ပြောလိုက်သည်။

"ပါးစပ်ပိတ်ထားစမ်း..." အမာရွတ်နှင့်လူမှ အော်ဟစ်လိုက်သည်။ "မင်းဘာပြောနေတာလဲ....ငါတို့မှာ ဒုက္ခတွေလုံလောက်ပြီလို့ မင်းမထင်ဘူးလား..."

All Chapters