← Chapters

အခန်း (၇၅၄)

Vol. 48 Ch. 754

အခန်း (၇၅၄)

Vol. 48 Ch. 754

အို၀င်သည် ဉာဏ်များသည့်အပြုံးတစ်ခုနှင့်အတူ လှေကားပေါ်မှ ဆင်းလာခဲ့သည်။

သူသည် စောနက အနည်းငယ် မောက်မာကာ အနိုင်ကျင့်သလိုဖြစ်နေသော်လည်း သူသည် မာနထောင်လွှားနေခဲ့ခြင်းမဟုတ်ပေ။ သူသည် ရည်ရွယ်ချက်ရှိရှိ ထိုကဲ့သို့ပြုမူခဲ့ခြင်းဖြစ်ပြီး အရာတော်တော်များများကိုလည်းရှာတွေ့ခဲ့သည်။

ပထမထပ်ရှိ စားသောက်ဆိုင်ခန်းမဆောင်တွင် အစ်ဇာနီသည် ကလေးများနှင့်အတူ စားသောက်နေပြီးဖြစ်သည်။

ဒန်နီရယ်သည် အလွန်စိတ်ပူပန်နေလျှက်ရှိသည်။ မြင်းလေညှင်းကြေးစားစစ်သည်တပ်ဖွဲ့သည် ဇီးနစ်အင်ပါယာတစ်၀ိုက်တွင် အကြီးဆုံးကြေးစားစစ်သည်တပ်ဖွဲ့တစ်ခုဖြစ်သည့်အတွက်ကြောင့်ပင်။ ဒေသတစ်၀ိုက်တွင်ရှိသည့် အင်ပါယာများနှင့်ပါ ယှဥ်ပြိုင်နိုင်၏။ ရေပူစမ်းမြို့တော်၏ တိုလီမီမိသားစုထက်များစွာပို၍ စွမ်းအားကြီးမားသူများဖြစ်သောကြောင့် အို၀င်သည် ထိုကြေးစားစစ်သည်များနှင့် တစ်ယောက်ခြင်းယှဥ်ပြိုင်နိုင်စွမ်းမရှိလိမ့်မည်ကို စိုးရိမ်သည့်အတွက်ပင်။

အို၀င်သည် အန္တရယ်ကင်းစွာဖြင့် လှေကားမှ ဆင်းလာသည်ကို တွေ့သည့်အချိန်မှသာလျှင် သူမစိတ်အေးသွား၏။

ဒန်နီရယ်၏ စိတ်ထဲတွင် ပို၍ပို၍ ရှုပ်ထွေးသွား၏။

"ချမ်းဘော့ဒ်ဘုရင်က တကယ်ပဲ ဇီးနစ်အင်ပါယာကအဖွဲ့၀င်တိုင်းပြည်တစ်ခုရဲ့ ဘုရင်တစ်ပါးပဲ ဟုတ်ရဲ့လား။ ဘာလို့ ဒီကမ္ဘာမှာရှိနေတဲ့အရာအားလုံးက သူ့ကို မရပ်တန့်နိုင်ဘူးလို့ ခံစားနေရတာလဲ..." သူမတွေးလိုက်မိသည်။

နာရီ၀က်ခန့်ကြာသွားပြီဖြစ်ပြီး ကလေးများအားလုံး ဗိုက်ပြည့်သွားကာ ဆက်လက်စားသောက်နိုင်ခြင်းမရှိတော့ပေ။

အစ်ဇာနီသည် ကလေးများနှင့် ဆိုင်အတွင်းမှ ထွက်လာခဲ့ပြီးမြင်းလေညှင်းတပ်ဖွဲ့မှ ကြေးစားစစ်သည်များကို အာရုံစိုက်ခြင်းမရှိပေ။ ထို့ကြောင့် မျက်နှာတွင်အမာရွတ်နှင့်ခေါင်းဆောင်မှာ စိတ်အေးသွားပြီး သက်ပြင်းချလိုက်သည်။

ကလေးများအားလုံး လှည်းပေါ်သို့ တက်ပြီး ထွက်ခွာရန်ပြင်လိုက်သည့်အချိန်တွင် အစ်ဇာနီနှင့် ကျန်ရှိနေသည့်အမဲရောင်သူရဲကောင်းလေးယောက်တို့သည် ကြေးစားစစ်သည်အယောက်၂၀ခန့်ရှိသည့်အုပ်စုတစ်စုလမ်းလျှောက်လာသည်ကို မြင်လိုက်ရသည်။ သူတို့သည် ထွားကျိုင်းကာ ဖိအားပေးသည့်ဟန်ရှိနေ၏။ သူတို့၏လက်နက်များနှင့် ချပ်၀တ်များပေါ်တွင် သွေးကဲ့သို့ အရောင်ရှိသည့် မီးတောက်ပုံတံဆိပ်များရှိနေ၏။

ထိုတံဆိပ်သည် အင်ပါယာတစ်၀ိုက်ရှိ နံပါတ်၂ ကြေးစားစစ်သည်တပ်ဖွဲ့ဖြစ်သော သွေးမီးတောက်တပ်ဖွဲ့၏ အမှတ်တံဆိပ်ပင်။

အစ်ဇာနီ၏ သူ၏အပေါင်းဖော်များကို အံ့သြစေသည်မှာ ထိုအဖွဲ့၏ ခေါင်းဆောင်သည် ခြေတံများရှည်လျားပြီး လှပသည့် ကိုယ်လုံးကိုယ်ပေါက်ရှိသည့် ဆံပင်ငွေရောင်အမျိုးသမီးမှော်ဆရာတစ်ယောက်ဖြစ်နေခြင်းပင်။

အမဲရောင်မှော်ဆရာ၀တ်ရုံသည် သူမ၏လှပသောခန္ဓာကိုယ်အား ဖုံးကွယ်ထားနိုင်ခြင်းမရှိပေ။ မီတာ၀က်ခန့်ရှည်လျားသည့် မှော်တောင်၀ှေးသည်လည်း သူမ၏လက်ထဲတွင် တောက်ပနေသည်။ ထို့အပြင် သူမ၏ ပခုံးပေါ်တွင် အရောင်သွေးစုံလင်သည့် ကြက်တူရွေးတစ်ကောင်နှင့်တူသော နတ်ဆိုးသားရဲတစ်ကောင်ရှိနေကာ လေထဲတွင်အရောင်သွေးစုံလင်ကာ လှပနေသည့် အတောင်ပံများကို ဖြန့်ခက်ရင်းဖြင့် အာရုံစူးစိုက်မှုတို့ကို ဖမ်းစားနေလျှက်ရှိသည်။

အဆိုပါအမျိုးသမီးမှော်ဆရာသည် စစ်သည်တပ်ဖွဲ့ကိုဦးဆောင်၍ အစ်ဇာနီနှင့်သူ၏ သူငယ်ချင်းများကို ဖြတ်သန်းသွား၏။

ထင်ယောင်ထင်မှားဖြစ်ခဲ့သည်လားမသိသော်လည်း ထိုအမျိုးသမီးသည် သူတို့အဖွဲ့အား တစ်ချက်ကြည့်သွားသလိုအစ်ဇာနီခံစားလိုက်ရသည်။

"ဒီအမျိုးသမီးက သေစေနိုင်တယ်..." သူတွေးလိုက်မိသည်။

သို့သော် သူသည် ဤနေရာ၌ ဆက်လက်နေထိုင်ခြင်းမရှိပဲ မှော်လှည်းပေါ်သို့ တက်ကာ ကလေးများနှင့်အတူထွက်လာခဲ့တော့သည်။

အစ်ဇာနီသည် ချမ်းဘော့ဒ်တိုင်းပြည်၏ စွမ်းအားအမြင့်ဆုံး စစ်သည်တော်များထဲမှ တစ်ယောက်ဖြစ်သည့်အတွက် ကိုယ်ပိုင်စံအိမ်တစ်ခုကို ပိုင်ဆိုင်ထား၏။ သူသည် ထိုစံအိမ်ထဲတွင် မနေသည်မှာကြာပြီဖြစ်သော်လည်း အစေခံများနှင့် သန့်ရှင်းရေး၀န်ထမ်းများမှ စံအိမ်အား နေ့စဥ်နေ့တိုင်း သန့်ရှင်းရေးလုပ်ကာ ထိန်းသိမ်းစောင့်ရှောက်ထားကြ၏။ ထို့ကြောင့် ကလေးများကို ထိုစံအိမ်ထဲတွင် နေစေနိုင်မည်ဖြစ်သည်။

ဒန်နီရယ်နှင့် ကလေးများသည် ကြီးမားသည့်အခန်းများ၊ လှပသည့် ဥယျာဥ်များကိုကြည့်ရင်းဖြင့် အဓိပ္ပါယ်ပါပါ ပြုံးလိုက်ကြ၏။

ယနေ့မှစ၍ သူတို့၏ အိမ်ထဲသို့ အေးစက်သည့် လေများတိုက်ခတ်လာမည်ကို စိုးရိမ်စရာမလိုတော့ပေ၊ အေးစက်ဆာလောင်နေခြင်းလဲရှိတော့မည်မဟုတ်ပေ၊ ကြွက်များကိုလည်းမြင်တွေ့ရတော့မည်မဟုတ်ပေ၊ ခွေးရိုင်းကြောင်ရိုင်းများ၏ တိုက်ခိုက်ခြင်းကိုလည်း ခံရတော့မည်မဟုတ်ပေ...။ သူတို့သည် ကောင်းမွန်ကာ သက်တောင့်သက်သာရှိသည့် အခန်းများထဲတွင်အပူပင်ကင်းကင်းနေနိုင်ကြတော့မည်ဖြစ်သည်။

"ဟားဟား ဒီနေ့ကစပြီး ဒါကမင်းတို့ရဲ့ အိမ်အသစ်ပဲ။ ခနနေကြရင် လူတစ်ချို့ရောက်လာပြီးတော့ မင်းတို့ကို ဓာတ်ပုံလာရိုက်လိမ့်မယ်။ သူတို့ ခိုင်းတဲ့အတိုင်းဆက်လုပ်လိုက်ကြပေါ့။ မင်းတို့အတွက် အ၀တ်စားပြင်ခိုင်းဖို့လည်း အစေခံတွေကိုမှာပြီးပြီ။ အခုလောလောဆယ်တော့ နားလိုက်ကြဦး။ ငါ့မှာလည်း ကိစ္စတွေရှိသေးတော့ သွားလိုက်ဦးမယ်..." အစ်ဇာနီသည် ကလေးများကို ပြောလိုက်၏။

"ဟုတ်ကဲ့ပါ အကိုကြီး အစ်ဇာနီ လုပ်စရာရှိတာလုပ်လိုက်ပါဦး၊ ကျွန်တော်တို့ ကောင်းကောင်းနေခဲ့ပါ့မယ်..."

အစ်ဇာနီသည် ကလေးများ၏ ခေါင်းကို ပွတ်ကာ ဒန်နီရယ်အား ကိစ္စတစ်ချို့မှာကြားလိုက်သည်။ ထို့နောက်တွင် သူ၏ စံအိမ်အတွင်းမှ ထွက်လာခဲ့တော့သည်။

သူထွက်လာသည့်အချိန်တွင် ကျန်ရှိနေသည့်အမဲရောင်သူရဲကောင်းလေးဦးသည်လည်း သူ့အား စောင့်ဆိုင်းနေကြသည်။

သူတို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ခေါင်းငြိမ့်လိုက်ကြပြီး အစ်ဇာနီသည် အနောက်ဘက်တောင်တန်းများထံသို့ ပျံသန်းသွားလိုက်သည်။ ကျန်ရှိနေသည့် လေးယောက်မှာ သူတို့ ရောက်ခဲ့သည့် စားသောက်ဆိုင်ထံသို့ ဦးတည်ကာ ထွက်သွားလိုက်၏။

အနောက်ဘက်တောင်တန်းများထံသို့ ရောက်သည့်အချိန်တွင် အစ်ဇာနီအချက်ပေးသံတစ်ခုပြုလုပ်လိုက်သည်။ အရိပ်မဲတစ်ခုသည် တောင်တန်းများထံမှ ပြေးဆင်းလာပြီး ထိုအရာသည် ကြီးမားသည့်အတောင်ပံကြီးနှစ်ခုရှိနေသည့် ဘလက်ကီပင်။

အစ်ဇာနီသည် ဘလတ်ကီ၏ ကျောပေါ်သို့ ခုန်တက်လိုက်ပြီးနောက်တွင် ဘလက်ကီသည် ဓားငါးလက်တောင်တန်းပေါ်တွင်တည်ရှိသည့် ကောင်းကင်နန်းတော်ထံသို့ ဦးတည်ကာ ပျံသန်းသွားတော့၏။

Hail The King

အပိုင်း(၇၅၅) "လုပ်ကြံသတ်ဖြတ်သူ လမ်းစဥ်"

ဘလက်ကီသည် နဂါးဂိတ်တံခါးကို ကျော်လွှားနိုင်သည့်အတွက်ကြောင့် ကြီးမားထည်၀ါသည့် ပြောင်းလဲမှုများဖြစ်ပေါ်နေပြီဖြစ်သည်။

ဘလက်ကီသည် လွန်ခဲ့သည့် လ၀က်ခန့်က တောင်ကြားတစ်ခုတွင် ယုံကြည်မှုရှိရှိခုန်ကျော်ခဲ့သည့်အတွက်ကြောင့် သူ၏ ဘ၀တစ်ခုလုံးပြောင်းလဲသွားခဲ့သည်။ မြင့်မြတ်သောဖန်ဆင်းရှင်၏ ကန့်သက်ချက်များကို ကျော်လွှားနိုင်ခဲ့ပြီး စိတ်ကူးမယှဥ်နိုင်လောက်သည့်အရာတစ်ခုကို ရှရိခဲ့သည်။ သာမန်ခွေးတစ်ကောင်အဆင့်မှ ဆင့်ကဲပြောင်းလဲသော သာလွန်သောဘုရင်အဆင့်ရှိသည့် နတ်ဆိုးသားရဲတစ်ကောင်အဆင့်သို့ ပြောင်းလဲသွားခဲ့သည်။

ယခုအချိန်တွင် သူ၏ခန္ဓာကိုယ်သည် တောင်တစ်လုံးအရွယ်စားခန့်ပင်ရှိနေပြီဖြစ်ပြီး နေရာတစ်၀ိုက်တွင်ရှိနေသော တစ်ခြားနတ်ဆိုးသားရဲများကို ခြောက်ခြားစေသည်။

ကြီးမားသည့် အတောက်ပံကြီးများသည်လည်း အမဲရောင်ဓားသွားများစွာဖြင့် ပြုလုပ်ထားသလိုပင်။ ဘလက်ကီသူ၏ အတောင်ပံများကို ခတ်လိုက်သည့်အချိန်တိုင်းတွင် မှောင်မိုက်သောအစိမ်းရောင်ရှိသည့်စွမ်းအင်တိမ်တိုက်များ၏ သူ၏ အတောက်ပံများအောက်တွင် စီးဆင်းနေမည်ဖြစ်ပြီး သူ၏ ကြီးမားသောခန္ဓာကိုယ်ကြီးကို လေပေါ်သို့ မြှောက်ပင့်ပေးလိုက်သည်။

အလွန်မြန်ဆန်လှပြီး ဓားငါးလက်တောင်ပေါ်တွင်ရှိသည့် ကောင်းကင်နန်းတော်ထံသို့ ချက်ချင်းပင် ပျံသန်းကာရောက်ရှိသွား၏။

အစ်ဇာနီသည် ဘလက်ကီ၏ ကြောပေါ်တွင်တည်ငြိမ်စွာ စီးနှင်းလိုက်ပါလာနေလျှက်ရှိပြီး သူ၏ ရှည်လျားသောဆံပင်များသည် လေထဲတွင်လွှင့်ပျံနေလျှက်ရှိသည်။

ရုတ်တရက်ပင် ဘလက်ကီသည် ထူးခြားသောအရာတစ်ခု၏ အနံ့ရလိုက်သလို သူ၏ နှခေါင်းရှုံပွရှုံ့ပွဖြစ်သွားသည်။

သူ၏အတောင်ပံများကို ခက်ခါအနောက်သို့ လျှင်မြန်စွာလှည့်လိုက်၏။ သူ၏ကြီးမားသောမျက်လုံးကြီးများကို တစ်စုံတစ်ခုကို သတိထားလိုက်မိသလို ကြောက်မက်ဖွယ်ကောင်းသည့် အနီရောင်မီးတောက်များကို ထုတ်လွှတ်လိုက်သည်။ ထို့နောက်တွင် သူ၏ပါးစပ်ကို ဖွင့်ကာ ဟိန်းဟောက်လိုက်ပြီး လိမ္မော်ရောင်မီးတောက်တိမ်တိုက်ကြီးတစ်ခုကိုပစ်လွှတ်လိုက်၏။

ထိုကြောက်မက်ဖွယ်မီးလုံးကြီးသည် နေရာတစ်သို့ ဥက္ကာပျံတစ်ခုလို ပျံသန်းသွားတော့သည်။

"ဖုန်း..."

အရှေ့သို့ ပျံသန်းနေရင်းဖြင့် မြင်နိုင်ခြင်းမရှိသည့်အရာတစ်ခုကို ၀င်တိုက်လိုက်သည်။

နေရာတစ်ခုလုံးသည် လှိုင်းများကဲ့သို့ ကွေးညွှတ်လာပြီး ကြီးမားသည့်မီးလုံးကြီးပေါက်ကွဲသွားကာ အပူစွမ်းအင်များကို အရပ်မျက်နှာလေးဘက်လုံးသို့ ထုတ်လွှတ်လိုက်ပြီး ထိမိသမျှအရာရာတိုင်းကို လောင်ကျွမ်းစေလိုက်၏။

ပေါက်ကွဲမှုဖြစ်သွားသည့်အချိန်တွင် အပြာရောင်ကောင်းကင်၏ တစ်စိတ်တပိုင်းသည် မှန်တစ်ချက်လိုပင်ကွဲအက်သွားကာ အမဲရောက်အက်ကွဲကြောင်းများပေါ်လာတော့သည်။

ရုတ်တရက် အော်သံတစ်ခုထွက်ပေါ်လာပြီး မဲနက်နေသည်အထိမီးလောင်ထားသည့် လူတစ်ယောက်သည် အက်ကွဲကြောင်းများထဲမှ ပြုတ်ကျလာတော့သည်။ ထိုလူသည် လှည့်ပင်မကြည့်တော့ပဲ ချက်ချင်းထွက်ပြေးကာ ပျောက်ကွယ်သွားတော့၏။

ဘလက်ကီသည် ကြောက်မက်ဖွယ်ဟိန်းဟောက်သံများကို ပြုလုပ်လိုက်၏။

သို့သော် ထိုလူနောက်အား ပြေးလိုက်ခြင်းမရှိပဲ ကောင်းကင်နန်းတော်ထံသို့သာ ပျံသန်းသွားတော့၏။

ကောင်းကင်နန်းတော်အား ဖုံးကွယ်ပေးထားသည့် မမြင်နိုင်သည့်စွမ်းအကာကံကကို ကျော်ဖြတ်ကာ နတ်ဘုရားဘုရင့်နန်းတော်တည်ရှိရာ တောင်ပေါ်သို့ ဆင်းသက်လိုက်သည်။

အစ်ဇာနီသည် ဘလက်ကီ၏ ကြောပေါ်မှ ခုန်ဆင်း၍ ထိုနန်းတော်ထဲသို့ ၀င်သွားလိုက်သည်။

ဖှေးသည် အဖြူရောင်နတ်ဘုရားကြာပန်း၏အနောက်တွင်ရှိသည့် ကစဥ့်ကလျားပုလ္လင်ပေါ်တွင်ထိုင်ကာ အနားယူနေလျှက်ရှိသည်။

အစ်ဇာနီရောက်လာတော့မည်ကို သိသည့်အတိုင်းပင် ဖှေးသည် မျက်လုံးဖွင့်ကာ အစ်ဇာနီအား ခြေဆုံးခေါင်းဆုံးကြည့်လိုက်၏။ ထို့နောက်တွင် ချိုသာသည့်အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ "ကောင်းတယ် မင်းကအဆီးတားကို ကျော်ဖြတ်နိုင်သွားပြီပဲ။ မင်းက အဆင့်နှစ်ခုတောင်တက်သွားပြီးတော့ ကြယ်ကိုးလုံးအလယ်လတ်အဆင့်ကိုတောင်ရောက်သွားပြီ။ ငါဒါကို ထင်မထားခဲ့ဘူး။ ရေပူစမ်းမြို့တော်မှာ ထူးခြားတဲ့အရာတစ်ခုဖြစ်ခဲ့လို့လား..."

အစ်ဇာနီသည် လေးစားစွာအရိုသေပေးလိုက်ပြီး ဖှေးအား ရေပူစမ်းမြို့တော်တွင်ဖြစ်ခဲ့သမျှအရာအလားလုံးကို ပြန်ပြောပြလိုက်သည်။

"အေး မင်းလုပ်ခဲ့တာကောင်းပါတယ်။ ကူလန်ကိုပဲ သတ်လိုက်တာက ပိုကောင်းတဲ့ဆုံးဖြတ်ချက်ပဲ။ ဒယ်လီနဲ့ အဖိုးကြီးတိုလီမီတို့ကလည်း မကောင်းတဲ့လူတွေဆိုပေမယ့် ဇီးနစ်အင်ပါယာက သူတို့ကို လိုအပ်နေသေးတယ်။ တိုက်ပေါ်ကို မှောင်မိုက်တဲ့အချိန်တွေက ရောက်လာတော့မယ်။ သူတို့ကို သတ်ပြီးတော့ လေမြန်တပ်ဖွဲ့ကို ဖျက်ဆီးလိုက်တာက ဇီးနစ်အင်ပါယာရဲ့ အင်အားကို လျှော့သွားစေပြီတော့ ရေပူစမ်းမြို့တော်ကိုလည်း ကစဥ့်ကလျားဖြစ်သွားစေလိမ့်မယ်။ သူတို့ရှိနေမယ်ဆိုရင် တောင်ဘက်ကနေ ချမ်းဘော့ဒ်တိုင်းပြည်ကို ကျူးကျော်လာမယ့် ရန်သူတွေကို သူတို့က တားဆီးပေးထားနိုင်လိမ့်မယ်..." ဖှေးသည် အစ်ဇာနီ၏ တင်ပြချက်ကို ကြားသည့်အချိန်တွင် ခေါင်းငြိမ့်လိုက်သည်။ သူသည် အစ်ဇာနီနှင့် ကျန်ရှိနေသည့်အမဲရောင်သူရဲကောင်းလေးဦးတို့ ရေပူစမ်းမြို့တော်တွင် ဆောင်ရွက်ခဲ့သည့်အရာများကို နှစ်သက်အားရသည့်အတွက်ပင်။

ထို့နောက်တွင် ခနတာစဥ်းစားကြည့်လိုက်ပြီး ပြုံးကာပြောလိုက်သည်။ "အဲ့နေညက တစ်ခြားအသက်ရှင်နေတဲ့လူတွေရှိနေဦးမယ်လို့ ငါထင်မထားခဲ့ဘူး။ ဒါက ကျေနပ်ဖွယ်ကောင်းတဲ့ အံ့သြစရာတစ်ခုပဲလေ။ အဲ့တာကြောင့်လဲမင်းအဆင့်နှစ်ခုတောင် တက်သွားခဲ့တာထင်တယ်။ ကောင်းတယ် ကောင်းတယ် ဒန်နီရယ်နဲ့ကလေးတွေကိုတော့ မင်းအစီစဥ်အတိုင်းပဲနေရာချထားလိုက်ပေါ့။ လူ၀င်မှုဌာနကတော့ စုံစမ်းစရာရှိတာကို စုံစမ်းလိမ့်မယ်။ သူတို့မှာ မကောင်းတဲ့နောက်ကြောင်းမရှိဘူးဆိုရင်တော့ ချမ်းဘော့ဒ်မြို့သူမြို့သားတွေဖြစ်ခွင့်ရှိပါတယ်။ ခက်ခဲမှုတွေကို ဖြတ်သန်းဖူးတဲ့ကလေးတွေကပဲ အရာရာကိုတန်ဖိုးထားတတ်လိမ့်မယ်။ အဲ့ကလေးတွေကလည်း အို၀င်တို့လိုပဲ မကြာခင်မှာ ချမ်းဘော့ဒ်တိုင်းပြည်ရဲ့ကျွမ်းကျင်သူရဲကောင်းတွေဖြစ်လာလိမ့်မယ်..."

"ကျေးဇူးပါ ဆရာ..." အစ်ဇာနီ၏ မျက်နှာပေါ်တွင် ကျေးဇူးတင်သည့်အမူယာတစ်ခုထွက်ပေါ်လာ၏။

ထို့နောက်တွင် ဖှေးအား မြင်းလေညှင်းတပ်ဖွဲ့နှင့် သွေးမီးတောက်တပ်ဖွဲ့တို့၏ တွေ့ဆုံပွဲအကြောင်းကို ပြောပြလိုက်သည်။ ထို့နောက်တွင် အစ်ဇာနီသည် စိတ်ပူပန်သည့်ဟန်ဖြင့် ထပ်ပြောလိုက်သည်။ "မိုက်ကယ်-အို၀င်ရဲ့ စမ်းသပ်မှုအရဆိုရင် သူတို့မှာ ကောင်းတဲ့ရည်ရွယ်ချက်ရှိပုံမရဘူး။ သူတို့ တစ်ခုခုကို ကြံစည်နေကြတယ်ထင်တယ်။ ချမ်းဘော့ဒ်တိုင်းပြည်ရဲ့ မိတ်ဆွေဖြစ်ပုံမရဘူး...ကျင်းပတော့မယ့် အရှင်မင်းကြီးမင်္ဂလာဆောင်ကို ဖျက်ဆီးဖို့ကြိုးစားနေကြတာလည်းဖြစ်နိုင်တယ်..."

"ဒီကောင်တွေက လူပျက်တွေပါကွာ..."

ဖှေး၏ မျက်လုံးများထဲတွင် အလင်းရောင်များထွက်ပေါ်လာနေပြီး ဤကိစ္စအား သူသိရှိပြီးဖြစ်သည့်ပုံပင်။ သူသည် ကစဥ့်ကလျားပုလ္လင်အား လက်ချောင်းများဖြင့် တောက်နေရင်းဖြင့် မျက်လုံးများပိတ်ကာ ခနတာခန့်စဥ်းစားလိုက်သည်။ ထို့နောက်တွင် သူပြောလိုက်၏။ "မင်းတို့က ဒီ မြင်းလေညှင်းကြေးစားစစ်သည်တပ်ဖွဲ့နဲ့ သွေးမီးတောက်ကြေးစားစစ်သည်တပ်ဖွဲ့ကြားမှာ ရှိတဲ့ကိစ္စကို စုံစမ်းထားလိုက်။ ငါတော့ ဘာမှဆက်မေးမှာမဟုတ်ဘူး။ ကိစ္စကို မင်းတို့ကြိုက်တဲ့ နည်းလမ်းသုံးပြီး သိုသိုသိပ်သိပ်ကိုင်တွယ်လိုက်ကြ..."

"ဟုတ်ကဲ့ပါ ဆရာ..."

"မင်းက ကြယ်ကိုးလုံးအလယ်လတ်အဆင့်ကို ရောက်နေပြီဆိုပေမယ့် ငါပေးထားတဲ့ နတ်ဘုရားဆေးပင်ရဲ့ အစွမ်းတွေက မင်းခန္ဓာကိုယ်ထဲမှာ ကျန်နေတုန်းပဲ။ အဲ့ဆေးပင်အစွမ်းတွေကို အတွင်းအားစွမ်းအင်မပြောင်းရသေးဘူး။ မင်းလောလောဆယ်တော့ ကောင်းကင်နန်းတော်ထဲမှာနေပြီး ကျင့်ကြံဖို့မလိုသေးဘူး။ အခုအချိန်မှာမင်းအတွက် လိုအပ်နေတာက လုပ်ကြံသတ်ဖြတ်သူတစ်ယောက်အနေနဲ့ လက်တွေ့အတွေ့ကြုံကိုလိုအပ်နေတာ။ လုပ်ကြံသတ်ဖြတ်သူတွေက လမ်းစဥ်က တောမီးလောင်တဲ့အချိန်မှာ အခွ့င်ကောင်းယူတတ်တာပဲဆိုတာကို မင်းသိဖို့လိုသေးတယ်။ တကယ်လို့ မင်းလွဲချော်သွားပြီဆိုရင် ဆုတ်ခွာပြီးတော့ နောက်ထပ်အခွင့်ရေးတစ်ခုကို စောင့်သင့်တယ်။ မင်းက အခြေအနေကို သုံးသပ်ပြီးတော့ အကောင်းဆုံးဆုံးဖြတ်ချက်ကို ချနိုင်ဖို့လိုတယ်။ အခုချိန်မှာ င့ါမြို့တော်ထဲမှာ အခြေအနေက ကစဥ့်ကလျားဖြစ်နေတော့ မင်းတို့ငါးယောက်အတွက်လေ့ကျင့်ဖို့အကောင်းဆုံးအချိန်ပဲ။ လက်တွေ့တိုက်ပွဲ၀င်ပြီးတော့ မင်းတို့ ငါးယောက်လေ့ကျင့်ကြည့်ကြပေါ့..."

"ဟုတ်ကဲ့ပါ ဆရာ.." အစ်ဇာနီသည် ထက်မံ အရိုသေပေးပြီး နတ်ဘုရားဘုရင့်နန်းတော်မှ ထွက်လာခဲ့တော့သည်။

ယခုအချိန် နန်းတော်ဆောင်ထဲတွင် ဖှေးတစ်ယောက်ထဲသာရှိနေပြီး အဖြူရောင်နတ်ဘုရားကြာပန်းသည်လည်း ရေကန်မျက်နှာပြင်ပေါ်တွင် အသာယာယိမ်းနေလျှက်ရှိသည်။

ရက်ကွန်းကောင်လေးကိုလည်းမတွေ့ရချေ။ ရက်ကွန်းကောင်လေးသည် ဘလက်ကီနှင့် ကျန်ရှိနေသော နဂါးသုံးကောင်နှင့်လည်း ဆော့ကစားခြင်းမရှိပဲ နန်းတော်ဆောင်ထဲတွင်သာအေးဆေးနှပ်နေလေ့ရှိသည်။ ညစာစားချိန်မဟုတ်ပါက ထိုအကောင်အား မြင်ရရန်ခဲယဥ်းလှ၏။

နန်းတော်ဆောင်ထဲတွင် တိတ်ဆိတ်စွာဖြင့် အပြာရောင်ပေါ်တယ်တစ်ခုထွက်ပေါ်လာပြီး ဖှေးသည် ထိုပေါ်တယ်အတွင်းသို့ ၀င်သွားလိုက်တော့သည်။

-ဒိုင်ယာဘလိုကမ္ဘာ အိမ်မက်ဆိုးခက်ခဲမှုအဆင့်-

အေးရိတောင်ထိပ်တွင် နေ့တိုင်းနှင်းကျသည့်အတွက်ကြောင့် အရာအားလုံးအား အဖြူရောင်နှင်းပွင့်များဖုံးအုပ်ထားသည်။

ကြောက်မက်ဖွယ်တိုက်ပွဲတစ်ခုဖြစ်ပွားနေပြီး လေးနာရီခန့်ပင် ကြာနေပြီဖြစ်သည်။

ရုတ်တရက်ပင် ဒေါသထွက်နေသည့် ကြုံး၀ါးသံတစ်ခုထွက်ပေါ်လာပြီး ကျဆင်းလာနေသည့် နှင့်ပွင်းများကိုပင် ဖျက်ဆီးပစ်လိုက်ကာ တိုက်ပွဲအဆုံးသက်တော့မည်ကို ဖော်ပြနေ၏။

ရှေးကျသည့် နတ်စင်ပေါ်တွင် ရှေးမျိုးနွယ်သုံးယောက်ထဲမှ တစ်ယောက်ဖြစ်သည့် တာလစ်သည်နောက်ဆုံးတွင် လဲကျသွားခဲ့ပြီဖြစ်သည်။ စွမ်းအားအမြင့်ဆုံးရှေးမျိုးနွယ်သည် ကြုံး၀ါးလိုက်ပြီး ရွှေရောင်ရုပ်တုတစ်ခုအဖြစ်သို့ ပြန်လဲပြောင်းလဲသွား၏။ ထိုရွှေရုပ်တုအတွင်းမှ ရွှေရောင်စွမ်းအင်တိမ်တိုက်များထွက်ပေါ်လာကာ ဖှေး၏ ခန္ဓာကိုယ်ထဲသို့ စီး၀င်သွားပြီး သူ၏ခန္ဓာကိုယ်၏ ဆဲလ်များကိုပြောင်းလဲကာ သူ၏ စွမ်းအားများကိုမြှင့်တင်ပေးလိုက်သည်။

ဤသည်မှာ ဟာရိုဂတ်မြေပုံ၏ နောက်ဆုံးအလုပ်ကို ပြီးမြောက်လိုက်ခြင်းပင်။

သာမန်ခက်ခဲမှုအဆင့်တုန်းကလိုပင် ဖှေးသည် ကမ္ဘာကျောက်တုံးအခန်းမှ ဘေးလ်ကို သတ်လိုသည့်အတွက် ရှေးမျိုးနွယ်သုံးပါး တာလစ်၊ ခါလစ်နှင့် မော်ဒတ်တို့ ၏ စမ်းသပ်မှုကို အရင်ကျော်ဖြတ်ရမည်ဖြစ်သည်။ အိမ်မက်ဆိုးခက်ခဲမှုအဆင့်မှ ရှေးမျိုးနွယ်များသည် သာမန်ခက်ခဲမှုအဆင့်မှ ရှေးမျိုးနွယ်များထွက်များစွာပို၍ စွမ်းအားမြင့်မားပြီး ဖှေး၏ သိုင်းကွက်သုံးခုဖြစ်သော လေဗွေ၊ ခုန်ကျော်တိုက်ခိုက်ခြင်းနှင့် ပုဆိန်ပစ်ပေါက်ခြင်းတို့မှာ နောက်အဆင့်တစ်ခုသို့ ရောက်ရှိသွားပြီဖြစ်သည်။

All Chapters