← Chapters

အပိုင်း(၁၅၃)-အလယ်ပိုင်းဒေသသို့ ဦးတည်ခြင်း

Vol. 002 Ch. 153

အပိုင်း(၁၅၃)-အလယ်ပိုင်းဒေသသို့ ဦးတည်ခြင်း

Vol. 002 Ch. 153

သူမ ထိုနေရာတွင် အချိန်ကြာမြင့်စွာနေခဲ့သော်လည်း အပြင်တွင် ညဥ့်နက်ချိန်တောင်မရောက်သေးပေ။ သူမ ဟိန်းသံလေးအား အဆုံးသတ်ရန်ထားခဲ့ပြီး ဂူသို့သွားကာ စတင်ကျင့်ကြံတော့သည်။

မနက်အစောတွင် သူတို့နိုးလာသည်နှင့် ဆေးကြောကာ ထွက်သွားကြလေသည်။

ဒီနေ့တွင် သူတို့၏ တိုက်ပွဲစွမ်းရည်တိုးတက်စေရန် တိုက်ခိုက်မည့် ဝိညာဉ်သားရဲများသွားရှာမည်ဖြစ်သည်။

ထိုနေရာတွင် နှစ်လကြာနေပြီးနောက် ဝိညာဉ်သားရဲများသည် သူတို့အား သတိထားမိလာကြသည်။ သူတို့၏ မယုံကြည်နိုင်လောက်သော တိုက်ခိုက်မှုစွမ်းရည်များကြောင့် ဝိညာဉ်သားရဲများသည် သူတို့အားမြင်သည်နှင့် ပုန်းကြတော့သည်။

သူတို့သည် တစ်ပတ်ပတ်ရှာကြသော်လည်း ဝိညာဉ်သားရဲတစ်ကောင်မှ မတွေ့ပေ။ နောက်ဆုံးတွင် မတတ်သာတော့ပဲ တခြားနေရာသို့သွားရှာကြလေသည်။

“ငါတို့ထပ်သွားမယ်ဆိုရင် သူတော်စင်သားရဲတွေရှိတဲ့ အပိုင်းထဲရောက်သွားကြတော့မယ်” တောင်ထိပ်တွင်ရပ်ကာ ဝူရန်ဖေသည် တောင်များကိုကျော်ကြည့်ပြီး ပြောလိုက်သည်။

“ငါတို့ ပစ္စည်းတွေက မှော်ဝင်လက်စွပ်ထဲမှာရှိတာပဲ၊ ငါတို့ဘယ်အချိန်မဆိုသွားလို့ဖြစ်တယ်” ဖက်တီးကျူပြောလိုက်သည် “ဒီနေရာမှာ ဝိညာဉ်သားရဲရှာမတွေ့မှတော့ ရှေ့တိုးသွားကြမလား”

ရှီမာယူယူသည် အနည်းငယ်တွန့်ဆုတ်နေခဲ့သည်။ လက်ရှိတွင် သူမသည်သာ ထူးချွန်အဆင့် ဝိညာဉ်သခင်ဖြစ်ပြီး ဘေဂုံထန်နှင့် ဝူရန်ဖေသည် အဆင့်ကိုး ဝိညာဉ်သခင်နှင့် ဝေကျိရွှီနှင့် ဖက်တီးကျူတို့သည် အဆင့်ရှစ် ဝိညာဉ်သခင်များဖြစ်ကြသည်။ ဒီနေရာတွင် ဝိညာဉ်သားရဲတစ်ကောင် နှစ်ကောင်လောက်ကို သူတို့တိုက်နိုင်သည်၊ သို့သော် သူတို့ခြုံခိုတိုက်ခိုက်ခံရပါက ပြဿနာဖြစ်လာမည်ဖြစ်သည်။

သို့သော် သူတို့ထပ်သွားရမည်၊ သူတို့ရည်ရွယ်ချက်သည် မပြည့်ဝသော သူတို့အတွက် သန်မာလာဖို့ဖြစ်သည်။

“ငါတို့ အန္တရာယ်ရှေ့မှာ ကြီးလာတာလို့ မင်းမပြောဘူးလား” ဝေကျီရွှီသည် ရှီမာယူယူ တွန့်ဆုတ်နေသည်ကို မြင်သည်နှင့် စလိုက်သည်။

ရှီမာယူယူ မျက်လုံးပင့်ကြည့်သည်။ ဟုတ်တယ်၊ သူတို့ အန္တရာယ်ရှိမည်ကို သိရဲ့နဲ့ ဒီနေရာကိုလာခဲ့ကြတာပဲ၊ အခုမှ သူမ ဘာလို့ တွန့်ဆုတ်နေတာလဲ။

အမှန်တော့ ဖက်တီးကျူနှင့် တခြားသူများသည် သူမအတွက် ဒီနေရာသို့လာသည်ဟု သူမတွေးသည်။ သူမအတွက်ကြောင့်သာ မဟုတ်လျှင် သူတို့ ဆိုဖီယာတောင်တန်းသို့ စွန့်စားလာမည် မဟုတ်ပေ။ အနည်းဆုံးတော့ သူမလာမည် မဟုတ်ပေ။ ထို့ကြောင့် သူတို့၏ လုံခြုံမှုကို သူမစိုးရိမ်သည်။

“သွားရအောင် ဒီနေရာနဲ့ မတူတဲ့ ဟိန်းသံတွေ၊ အားကောင်းတဲ့ ဝိညာဉ်သားရဲတွေ ငါတို့ကို စောင့်နေလိမ့်မယ်” ဝူရန်ဖေပြောလိုက်သည်။

သူတို့ရှေ့ဆက် စွန့်စားသည်နှင့် ပုန်းနေသော ဝိညာဉ်သားရဲများသည် ထွက်လာကြသည်။ အားလုံးသည် အနာတရများနှင့် ကျန်ခဲ့လေသည။ မလွယ်တော့မလွယ်ဘူး၊ အဲသူငယ်ချင်းအုပ်စုက နောက်ဆုံးတော့ သွားကြပြီ။

ထို့နောက်တွင် တည်သီးကဲ့သို့ ပျော့သောသူများဟု ထင်ထားကြသော်လည်း သူတို့သည် စားရန်ခက်သော အရိုးများကဲ့သို့ သန်မာကြသည်။ သူတို့အား ရန်စသော ဝိညာဉ်သားရဲများသည် အဆုံးသတ်မကောင်းပေ။ လမ်းတစ်လျှောက်တွင် သူတို့ တိုက်ခိုက်သမျှသည် တစ်ဝက်မှာ သေဆုံးပြီး ကျန်တစ်ဝက်မှာ နောက်ထပ်ပေါ်မလာရဲလောက်အောင် ကြောရွံ့သွားကြသည်။

ထို့ကြောင့် သူတို့အတူရှိနေချိန်အတွင်းတော့ ပုန်းရန်ပဲဆုံးဖြတ်လိုက်ကြသည်။ ဝိညာဉ်သခင်များသည် ဝိညာဉ်သားရဲတစ်ကောင်မှ ရှာမတွေ့သောအခါ ထွက်သွားကြလေသည်။

ထိုလှည့်ကွက်သည် အသုံးဝင်မည်ဟုထင်မထားပေ။ ထိုသူငယ်ချင်းတစ်စု ထွက်သွားသည်နှင့် ဝိညာဉ်သားရဲများသည် သာမာန် ဘဝအတိုင်းပင် ပြန်နေကြလေသည်။

ရှီမာယူယူနှင့် သူငယ်ချင်းများသည် ထိုကျန်ခဲ့သော ဝိညာဉ်သားရဲများ၏ အတွေးများကို မသိလိုက်ပဲ ထွက်သွားကြလေသည်။ သူတို့သာသိလျှင် ထိုသားရဲများပြောသလောက် သူတို့အားကြီးသည် မဟုတ်ဟုကန့်ကွက်ကြလေမည်။

သို့သော် အားလုံးသည် တိုက်ပွဲအတွေ့အကြုံတိုးတက်လာသည်ဟု သူမ တွေ့ရှိခဲ့ရသည်။ ဝေကျိရွှီနှင့် တခြားသူများသည် ဝိညာဉ်သခင်သာရှိသေးသော်လည်း ထူးချွန်အဆင့် ဝိညာဉ်သခင်နှင့်ပေါင်းသော် ပြဿနာမဖြစ်ခဲ့ပေ။

ဘေဂုံထန်နှင့် ဝူရန်ဖေတို့အား ဖယ်ထားလျှင် သူတို့သည် အဆင့်ခုနှစ်၊ ရှစ်အဆင့်ရှိသာ ထူးချွန်ဝိညာဉ်သခင်နှင့် ယှဉ်လို့ရသည်။

သူမ အကြောင်းတော့ ထည့်ပြောရန်မလိုပေ။ သူမ အရင်ဘဝမှ သင်ယူထားသော အရည်အချင်းများနှင့် သူမ၏ စိတ်စွမ်းအင်၊ ဝိညာဉ်စွမ်းအင် ကန်နှင့် တွဲလိုက်လျှင်၊ သူမသည် ဝိညာဉ်ဧကရာဇ်အဆင့်သို့ မရောက်သော်လည်း ဝိညာဉ်ဧကရာဇ်အလယ်အဆင့်ဟု တွေးမှတ်လို့ရသည်။

သူတို့တွင် ဝိညာဉ်စေတီရှိသည်ကို သတိရကာ သူမသည် ဝိညာဉ်လေးအား ဝိညာဉ်အသီးများကို ခူးခိုင်းပြီး တစ်ယောက်စီအား ခွဲဝေပေးလိုက်သည်။ စားပြီးနောက် ရှေ့ဆက်စွန့်စားကြလေသည်။

“ဝိညာဉ်အသီးလား၊ ယူယူ မင်းဒါကိုဘယ်ကရတာလဲ” ဖက်တီးကျူသည် ဝိညာဉ်အသီးအားမြင်သည်နှင့် အဆက်မပြတ်လိုက်နေတော့သည်။ သူ စားပြီးသည်နှင့် ခန္ဓာကိုယ်အတွင်းတွင် ဝိညာဉ်ချီများ စီးဆင်းသွားကာ ဝိညာဉ်ရေကန်ထဲသို့ ဝင်သွားသည်ကို ခံစားလိုက်ရသည်။

“ငါ မျက်လှည့်သုံးလိုက်တာ” ရှီမာယူယူသည် တစ်ကိုက်ကိုက်ရင်းပြောလိုက်သည်။

“ဒီ ဝိညာဉ်အသီးတွေက ငါတို့စားနေကျဟာတွေထက် အရသာပိုရှိတယ်၊ ဝိညာဉ်စွမ်းအင်လည်း ပိုပါတယ်” ဝေကျိရွှီ ရှင်းပြသည်။

ဘေဂုံထန်နှင့် ဝူရန်ဖေတို့သည် တိတ်ဆိတ်စွာ ဝိညာဉ်အသီးများကိုစားနေကြသော်လည်း သိချင်စိတ်ဖြင့် မျက်လုံများပိတ်ထားကြသည်။

ဝိညာဉ်စေတီ၏ တည်ရှိမှုကို သူတို့အား ရှီမာယူယူ မပြောချင်သေးပါ။ အားလုံးသည် အနည်းငယ်ခန့်မှန်းမိကာ မပြောပဲနှင့် နားလည်ကြသည်။

သူတို့သည် အချင်းချင်းလျှို့ဝှက်ချက်များကို သိခွင့်ပေးထားကြသည်။ သူတို့အားယုံကြည်သည်မှာ တစ်ခုခုလုပ်စရာရှိလျှင် ပြဿနာမရှိပဲ သူတို့ကိုယ်သူတို့ ပြင်ဆင်နိုင်သည်။

ထို့အပြင် တချို့လျှို့ဝှက်ချက်များသည် အတူနေရင်နှင့် ဖုံးထားရန် မလွယ်သည်များလည်းရှိသည်။

ဝိညာဉ်အသီးများ စားခြင်းဖြင့် အားလုံး၏ ကျင့်ကြံမှုအဆင့်သည် တက်လာသည်။

“လှုပ်ရှားမှုတွေ့တယ်” ရှီမာယူယူသည် ရုတ်တရက် မတ်တတ်ရပ်ကာ ဝိညာဉ်အသီးအား ဘေးသို့ပစ်ပြီး လင်းလုံထုတ်ကာ အရှေ့သို့ သတိထားကာ ကြည့်လိုက်သည်။

ရှီမာယူယူသည် တစ်ကိုက် နှစ်ကိုက်သာ စားထားသော ဝိညာဉ်အသီးအားပစ်လိုက်သည်ကိုကြည့်ကာ ဖက်တီးကျူနှမြောနေသည်။ သို့သော် နောက်ထပ်အတွေးမှာ သူမတွင် ဝိညာဉ်အသီးများနောက်ထပ်ရှိနေသေးသည်ကို သိလိုက်သည်နှင့် ဖက်တီးကျူ စိတ်သက်သာသွားသည်။ ဒါဆိုရင် ဝိညာဉ်အသီးကို သူပုံမှန်စားရတော့မှာပေါ့။

ဒီတစ်ကြိမ်တွင် သူတို့သည် အဆင့်တစ်အစွယ်ကွေးကျားနှင့် တွေ့ရလေသည်။ သူတို့အားမြင်သည်နှင့် အစွယ်ကွေးကျားသည် အလျင်စလိုပြေးလာသည်။ သူဗိုက်ဆာ၍ ဝိညာဉ်အသီးစားချင်သည့်ပုံပေါ်သည်။

“ငါတို့ရောက်တာနဲ့ သူတော်စင်သားရဲတွေ့ရတယ်၊ မြန်လွန်းနေတာ မဟုတ်ဘူးလား” ဖက်တီးကျူသည် စားလက်စ ဝိညာဉ်အသီးအား လက်စွပ်အတွင်းသိမ်းကာ လက်နက်ထုတ်ပြီး သားရဲအား ရင်ဆိုင်လိုက်သည်။

ဝူရန်ဖေနှင့် တခြားသူများလည်း မနှေးပေ။ ဖက်တီးကျူပြင်ဆင်သည်နှင့် သူတို့လည်း လှုပ်ရှားတော့သည်။

အဆင့်တစ်သူတော်စင် သားရဲနှင့် အုပ်စုအဆင့်ကိုးသူတော်စင်သားရဲတို့သည် အဆင့်တစ်ဆင့်သာ ကွာသည်။ သို့သော် အင်အားကိုပြောလျှင် ကွာခြားချက်ကြီးမားသည်။ သူတို့ထဲမှ နှစ်ယောက်သုံးယောက်သည် အဆင့်ကိုးသူတော်စင်သားရဲအားတွေ့ရင်ဆိုင်၍ ဖြေရှင်းကြဖူးသော်လည်း အဆင့်တစ်သူတော်စင်သားရဲအား တိုက်ခိုက်ရန် အားလုံးပူးပေါင်းပြီး ရင်ဆိုင်ရမည်။

တစ်နာရီခွဲအကြာတွင် သူတို့ငါးယောက်သည် အစွယ်ကွေးကျားအား အနိုင်ရလိုက်သည်။ သို့သော် သူတို့မသတ်ပဲ အသက်ချမ်းသာပေးလိုက်သည်။

“ယူယူ ရှီမာမျိုးနွယ်က ဝိညာဉ်သားရဲလိုတယ်လို့မပြောဘူးလား၊ မင်းထိန်းကျောင်းပြီး ဆေးတွေနဲ့ အတူထည့်ပေးလိုက်လေ” ဝေကျိရွှီပြောလိုက်သည်။

သူတော်စင်သားရဲ၏ ဈေးနှုန်းသည် ဝိညာဉ်သားရဲတစ်ကောင်ထက် များစွာဈေးကြီးသည်။ အထွတ်အမြတ်သားရဲသည် အဆင့်နိမ့်သားရဲများထက် တန်ဖိုးရှိသည်။

ရှီမာယူယူ စဉ်းစားကာ သဘောတူလိုက်သည်၊ ရှီမာမျိုးနွယ်သည်လည်း မျက်နှာပန်းလှရန် ဝိညာဉ်သားရဲလိုအပ်နေသည်လေ။ သားရဲထိန်းကျောင်းသူများအသင်းကိုလည်း သူမ သူတော်စင်သားရဲတစ်ကောင်းပေးမည်ဟု ကတိပေးခဲ့သည်။ အခုထိ မပေးရသေးပေ။ သူမ ဝိညာဉ်သားရဲအားထိန်းကျောင်းပြီးသည်နှင့် ပို့ပေးလိုက်သည်။

သားရဲထိန်းကျောင်းခြင်းကျမ်းအား ကျင့်ကြံနေသည့် အချိန်ပြီးနောက်တွင် သူမ ကိုယ်ပိုင်အားလည်း ကြီးထွားလာပြီး၊ သူမ၏ ဝိညာဉ်စွမ်းအင်လည်း များစွာတိုးတက်လာသည်၊ အခုဆိုလျှင် သူမ သူတော်စင်သားရဲအား လွယ်ကူစွာ ထိန်းကျောင်းနိုင်ပြီဖြစ်သည်။

ဝေကျိရွှီအား သူမ ထိန်းကျောင်းခိုင်းသည့် အကြိမ်များလည်းရှိသည်။ ဆိုဖီယာတောင်တန်းသို့ လာပြီးနောက်တွင် သူမ ဝေကျိရွှီအား သားရဲထိန်းကျောင်းခြင်းကျမ်းအား ပြသခဲ့သည်။ သားရဲများထိန်းကျောင်းသည့် အပိုင်းမပါဝင်သော်လည်း၊ လူတစ်ယောက်၏ စိတ်စွမ်းအင်ထိန်းတိုးတက်စေသည့် အပိုင်းကိုသာ ပြသခဲ့သည်။

ဝေကျိရွှီသည် ညတိုင်းလေ့ကျင့်၍ အဆင့်နှစ်အတွင်းမှာပင် သူ ဝိညာဉ်သားရဲများကို ထိန်းကျောင်းနိုင်ပြီဖြစ်သည်။

သူတို့အဖွဲ့သည် တောင်အား စီးနင်းတိုက်ခိုက်ကြတော့သည်။ တိုက်ခိုက်နေစဉ်အတွင်းမှာပင် သူတို့ကိုယ်ပိုင်အားများကို တိုးစေရန် မမေ့လျော့ခဲ့ကြပေ။

ရှီမာယူယူတွင် သက်ရှိအရာများကို သိုလှောင်နိုင်သည်ကို သိသောအခါ မအံ့သြတော့ပေ။ သူမ သူတော်စင်သားရဲများ တစ်ကောင်ပြီးတစ်ကောင် သိုလှောင်သည်ကို သူတို့ မြင်တွေ့ခဲ့ကြသည်။

သူတို့သည် ဝိညာဉ်အသီးများကို နေ့တိုင်းစားကြသည်၊ ဝိညာဉ်သားရဲများနှင့် တိုက်ခိုက်ကြသည်၊ တောင်မှ ဝိညာဉ်စွမ်းအင်များကို စုပ်ယူကြသည်။ သူတို့သည် သေခြင်း၊ရှင်ခြင်းနှင့် ရင်ဆိုင်ရသော်လည်း သူတို့၏ အင်အားသည် တဟုန်ထိုး တိုးတက်လာသည်။

လအနည်းငယ်အကြာတွင် ရှီမာယူယူသည် ဟိန်းသံလေးနှင့်အတူ ရှီမာမျိုးနွယ်မှ အိမ်တော်ထိန်း သူမအားစောင့်နေသော ဆိုဖီယာတောင်တန်းသို့ ထွက်ခဲ့လေသည်။

ဆေးများပေးချိန်တွင် သူမ ဝိညာဉ်သားရဲများထည့်ရန် ခြင်းဆယ်ခုလိုချင်သည်ဟု ပြောထား၍ သူသည် သားရဲထိန်းကျောင်းသူများအသင်းသို့သွားကာ လှောင်အိမ်များငှားလာပြီး ရောက်လာသည်။ သူသည် ရှီမာယူယူရောက်လာသည်ကို စောင့်နေခဲ့သည်။

All Chapters