← Chapters

အခန်း (၁၁၃၇)

Vol. 82 Ch. 1137

အခန်း (၁၁၃၇)

Vol. 82 Ch. 1137

ဟန်မူယဲ့၏ ခန္ဓာကိုယ်တွင်ရှိ‌သော ရွှေကျီးကန်းပုံရိပ်က တောင်ပံဖြန့်လိုက်သည်။

ရှန်းကျန်းယွီနှင့် ကျူးချန်ယန်က လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး လေးနက်စွာ ခေါင်းညိတ်သည်။

“အဆီအနှစ်ဝိညာဉ် နဝမအဆင့် ကျွမ်းကျင်သူတွေအားလုံးကို ချန်ထားခဲ့ပါ။ အဆီအနှစ်ဝိညာဉ် အဌမအဆင့်နဲ့ ကျန်တဲ့လူတွေအားလုံးက ရှန်းကျန်းယွီနဲ့အတူ ဒုတိယအဆင့်ကို လိုက်သွားပါ”

ထို့နောက် ဟန်မူယဲ့က ရှန်းကျန်းယွီကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

“ဒုတိယအဆင့်မှာ လူသားစစ်တပ်နဲ့ တွေ့နိုင်တယ်”

“ကျန်းယုက သေသွားတာလည်း ဖြစ်နိုင်တယ်”

အကယ်၍ ကျန်းယုသေသွားလျှင် ဒုတိယအဆင့်တွင် လူသားစစ်သည်နှစ်သောင်းနှင့် အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူနှစ်ယောက် ရှိနေလိမ့်မည်။

လက်ရွေးစင်ငါးသောင်းနှင့်အတူ ဒုတိယအဆင့်သို့သွားမည့် ရှန်းကျန်းယွီက သူတို့နှင့် ခက်ခဲစွာ ရင်ဆိုင်ရလိမ့်မည်။

“မစိုးရိမ်ပါနဲ့”

ရှန်းကျန်းယွီက ခေါင်းညိတ်လိုက်ပြီး တောက်ပနေသော မျက်လုံးများနှင့် ပြောသည်။

“ငါက တာဝန်ကို အောင်မြင်အောင်လုပ်ခဲ့မယ်”

လက်‌ရွေးစင်ငါးသောင်းစစ်တပ်က လျင်မြန်စွာ စုဝေးလိုက်သည်။ အဆီအနှစ်ဝိညာဉ် နဝမအဆင့် ကျွမ်းကျင်သူများက ဂိတ်တံခါးတွင် နေခဲ့ကြသည်။

ကျူးချန်ယန်နှင့် ဟန်မူယဲ့က ပခုံးချင်းယှဉ်လျက် ရှိနေသည်။

တောင်ထွတ်၏ရှေ့တွင် လူသားစစ်တပ်က တစ်ဟုန်ထိုးပြေးဝင်လာသည်။

ဟန်မူယဲ့က ခပ်အုပ်အုပ် ဟိန်းဟောက်သည်။ သူ့ခန္ဓာကိုယ်တွင်ရှိသော ကမ္ဘာဦးချပ်ဝတ်က တောက်ပလာပြီး ပေတစ်ထောင်ကြီးမားသော ရွှေရောင်ချပ်ဝတ်နှင့် စစ်သူကြီးပုံရိပ်ကို ဖန်တီးသည်။

အစစ်အမှန်ဝိညာဉ် ရွှေကျီးကန်းပုံရိပ်က စစ်သူကြီးနှင့် ပေါင်းစပ်သွားပြီး မီးတောက်ဝတ်ရုံတစ်ခု ဖြစ်လာသည်။ စစ်သူကြီး၏ လက်ထဲတွင်ရှိသော ဓားရှည်သည် အစစ်အမှန်ဝိညာဉ်အရိုး ဖြစ်သည်။

ထိုစစ်သူကြီးက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး ဓားဖြင့် ခုတ်ချသည်။

ရိုးရှင်းသော ထိုဓားချက်သည် ပြိုင်ဘက်ကင်းနေသည်။

အပျက်အစီးနယ်မြေ၏ အပြင်ဘက်တွင် ဖြစ်နေလျှင် အင်မော်တယ်ကမ္ဘာတစ်ခုကို နှစ်ပိုင်းပြတ်သွားစေလိမ့်မည်။

လူသားစစ်တပ်၏ ဝင်္ကပါမှတစ်ဆင့် ဖြစ်ပေါ်လာသော ရွှေရောင်ချပ်ဝတ်နှင့် စစ်သူကြီးများက တစ်ပိုင်းတစ်စစီ ဖြစ်သွားကြသည်။

လူသားစစ်တပ်၏ အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူလေးယောက်က ရွေးချယ်စရာမရှိဘဲ ပျံသန်းလာပြီး ဟန်မူယဲ့၏ဓားချက်ကို ခုခံလိုက်ရသည်။

“ဘုန်း”

ထောင်ချီနေသော ရွှေအလင်းများ ပေါက်ကွဲထွက်လာသည်။

အဆုံးမရှိသော အလင်းရောင်သည် နေရာအနှံ့သို့ ဖြာထွက်သွားသည်။

ဟန်မူယဲ့၏ ဓားသည် တောင်တန်းနှင့်ပင်လယ်ကို ခုတ်ပိုင်းနိုင်သောစွမ်းအားဖြင့် ကျဆင်းလာခဲ့သည်။

လူသားစစ်တပ်တွင် အစစ်အမှန်ဝိညာဉ်အဆင့် လေးယောက်ရှိသော်လည်း ထိုဓားချက်ကို တားဆီးနိုင်ရုံသာ ဖြစ်သည်။ သူတို့က ချက်ချင်း စိတ်ဓာတ်ကျသွားသည်။

ဟန်မူယဲ့က ကျယ်လောင်စွာ အော်ဟစ်သည်။

သူက သတ်ဖြတ်မှုများကို လုပ်ဆောင်ဖူးသည်။

သူက အလွန်ပြင်းထန်သော သတ်ဖြတ်လိုစိတ်ကို ထိန်းချုပ်ပြီး သတ်ဖြတ်ခြင်းဓားကို စုစည်းခဲ့သည်။

ယခုအချိန်တွင် သူက ခွန်အားကို ထိန်ချန်မထားတော့ပေ။ လက်ထဲတွင်ရှိသော ဓားရှည်ဖြင့် တည်နေရာကို တုန်ခါသွားအောင် တိုက်ခိုက်နေသည်။

ကျူးချန်ယန်နှင့် လက်ရွေးစင်တစ်သောင်းက သူ့နောက်မှ နီးကပ်စွာလိုက်လာပြီး လူသားစစ်တပ်ကို အစွမ်းကုန်တားဆီးနေသည်။

“နောက်ဆုတ်မယ်”

အဆုံးတွင် လူသားစစ်တပ်က အမိန့်ပေးလိုက်သည်။

တောက်ပနေသော ‌ငွေရောင်ချပ်ဝတ်စစ်သည်များက ဒီရေကျသွားသကဲ့သို့ ဆုတ်ခွာလိုက်ကြသည်။

ဓားရှည်ကိုင်ထားသော ဟန်မူယဲ့က တောင်ထွတ်၏ရှေ့တွင် စစ်နတ်ဘုရားသဖွယ် ဖြောင့်မတ်စွာ ရှိနေသည်။

နေ့တစ်ဝက်အကြာတွင် လူသားစစ်တပ်က ပြန်လည်စုစည်းလာသည်။

ဤတစ်ကြိမ်တွင် သူတို့က သတိထားနေသည်။

ဟန်မူယဲ့က အစစ်အမှန်ဝိညာဉ်အဆင့် လေးယောက်ကို တားဆီးထားသောအချိန်တွင် လူသားစစ်တပ်က ဖြည်းဖြည်းချင်း ရှေ့တက်လာသည်။

ရွှေကျီးကန်းလက်ရွေးစင်များ တစ်သောင်းခန့်သာ ကျန်ရစ်ခဲ့သည်။ သူတို့က ဝင်္ကပါကိုလည်း ကောင်းမွန်စွာ မသုံးနိုင်သောကြောင့် ဖြည်းဖြည်းချင်း နောက်ဆုတ်ပေးနေရသည်။

ကျူးချန်ယန်က အစွမ်းကုန်တိုက်ခိုက်ထားလျှင်ပင် စစ်တပ်ဝင်္ကပါတချို့ကို တားဆီးရုံသာ တတ်နိုင်ခဲ့သည်။

တစ်ရက်အကြာတွင် လူသားစစ်တပ်က ဂိတ်တံခါး၏ မိုင်ငါးဆယ်အတွင်းသို့ ရောက်လာခဲ့သည်။

နောက်တစ်နေ့တွင် ဂိတ်တံခါးနှင့် ဆယ်မိုင်ခန့်သာ ကွာဝေးတော့သည်။

“ဒုတိယအဆင့်ကို ဆုတ်ခွာမယ်”

“ကျူးချန်ယန်၊ သူတို့အားလုံးကို ခေါ်သွားလိုက်ပါ”

“ငါက ဒီနေရာကို စောင့်ကြပ်ထားမယ်”

ဟန်မူယဲ့က အလင်းဂိတ်တံခါး၏ရှေ့တွင် ရှိနေသည်။ သူ၏ ရွှေရောင်ချပ်ဝတ် စစ်သူကြီးပုံရိပ်က ဂိတ်တံခါးကို ပိတ်ဆို့ထားသည်။

သူက တိုက်ခိုက်လိုစိတ်နှင့်အတူ ရွှေကျီးကန်းမီးတောက်ကို ထုတ်လွှတ်နေသည်။

ရွှေအလင်းသည် ကောင်းကင်တွင် ပျံ့နှံ့သွားသည်။

“ငါက မင်းနဲ့အတူ နေခဲ့မယ် ....”

ကျူးချန်ယန်က စကားပြောလိုက်သောကြောင့် ဟန်မူယဲ့က သူ့ကို လှည့်ကြည့်သည်။ သူ့မျက်လုံးထဲတွင်ရှိသော ရွှေအလင်းကြောင့် ကျူးချန်ယန်က ခေါင်းငုံ့လိုက်ရသည်။

“သွားကြစို့”

ကျူးချန်ယန်က အံကြိတ်ထားပြီး ဂိတ်တံခါးထဲသို့ ဝင်သွားသည်။

ရွှေကျီးကန်းလက်ရွေးစင် တစ်သောင်းကလည်း သူနှင့်အတူ ဒုတိယအဆင့်သို့ လိုက်ပါသွားသည်။ ဓားကိုင်ထားသော ဟန်မူယဲ့က ဂိတ်တံခါး၏ရှေ့တွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။

လူသားစစ်တပ်က ကျယ်လောင်စွာ ဟိန်းဟောက်နေသည်။

ဝင်္ကပါများကို စုစည်းနေပြီး ဂိတ်တံခါးဆီသို့ ပြေးဝင်လာကြသည်။

အစစ်အမှန်ဝိညာဉ်အဆင့် လေးယောက်က ဖြည်းဖြည်းချင်း ရှေ့တက်လာသည်။

ဟန်မူယဲ့က တစ်ယောက်တည်းဖြစ်သောကြောင့် သူတို့က ဝိုင်းရံပြီး သတ်ဖြတ်နိုင်သည်။

ဟန်မူယဲ့က တည်ငြိမ်သောမျက်နှာထားဖြင့် လက်ထဲတွင်ရှိသောဓားကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။

သူက ခန္ဓာကိုယ်ထဲတွင် နိုးထလာသောစွမ်းအားကို ခံစားမိသည်။

စည်းမျဉ်းစွမ်းအား ဖြစ်သည်။

“ဒါက စတေးခြင်းလား”

ဟန်မူယဲ့က ရေလှိုင်းများသဖွယ် တိုးဝင်လာသော လူသားစစ်တပ်ကို ကြည့်လိုက်ပြီး ကျယ်လောင်စွာရယ်သည်။ ထို့နောက် ဓားဖြင့် တိုက်ခိုက်လိုက်သည်။

သူက မျှော်လင့်ချက်မဲ့သော အခြေအနေတွင် ရှိနေသည်။

လျှို့ဝှက်နယ်မြေတွင် အစွမ်းကုန်သုံးပြီး ရုန်းကန်နေရသည်။

တခြားလူများအတွက် နောက်တွင် ချန်နေခဲ့သည်။

ထိုအရာသည် စတေးခြင်း ဖြစ်သည်။

စတေးခြင်းစွမ်းအားသည် သေခြင်းရှင်ခြင်းကို ပြောင်းလဲနိုင်သည်။

ယခုအချိန်တွင် စည်းမျဉ်းစွမ်းအား၏ ထောက်ပံ့မှုကြောင့် ဟန်မူယဲ့က မသေဆုံးနိုင်တော့ပေ။

သူက ခပ်အုပ်အုပ်အော်ဟစ်လိုက်ပြီး ပြင်းထန်စွာ ခုတ်ချသည်။ သူ၏ရှေ့တွင် မိုင်တစ်ရာပတ်ဝန်းကျင်သည် မီးတောက်များဖြင့် လွှမ်းခြုံသွားသည်။

မီးစည်းမျဉ်း ....

သူက ရွှေကျီးကန်းမျိုးနွယ်ဝင် ဖြစ်ပြီး မီးစည်းမျဉ်းနှင့် စတေးခြင်းစည်းမျဉ်း၏ ထောက်ပံ့မှုကို ရရှိထားသောကြောင့် မည်သည့်အရာကိုမှ ကြောက်ရွံ့နေရန် မလိုအပ်ပေ။

ဟန်မူယဲ့က ကမ္ဘာဦးချပ်ဝတ်ကို သိမ်းလိုက်ပြီး ပျံထွက်သွားသည်။ သူက ဓားကို ဝှေ့ယမ်းလိုက်သည်။

ကမ္ဘာဦးချပ်ဝတ်က ကောင်းမွန်သော်လည်း စွမ်းအင်ကုန်ဆုံးမှု များသည်။ ကိုယ်ပိုင်ဓားဖြင့် လွတ်လပ်စွာ တိုက်ခိုက်ခြင်းသည် ပိုကောင်းသည်။

ဓားအလင်းသည် ပြန့်ကျဲနေပြီး သူ့ရှေ့တွင်ရှိသော စစ်တပ်ဝင်္ကပါ၏ စစ်သူကြီးပုံရိပ်များက မခုခံနိုင်ခဲ့ပေ။

အစစ်အမှန်ဝိညာဉ်အဆင့် လေးယောက်က ဟန်မူယဲ့ကို ဝိုင်းရံသတ်ဖြတ်ချင်သော်လည်း အမီမလိုက်နိုင်ခဲ့ပေ။

ဟန်မူယဲ့က မိုင်တစ်ရာပတ်ဝန်းကျင်တွင် ပြိုင်ဘက်ကင်းနေသည်။

“သူ့ကို ဝိုင်းထား။ နောက်မဆုတ်နဲ့”

အစစ်အမှန်ဝိညာဉ်အဆင့် တစ်ယောက်က အော်ပြောလိုက်ပြီး လက်ဝါးချက်ဖြင့် ရိုက်ချသည်။

သူ့နောက်တွင်ရှိသော အစစ်အမှန်ဝိညာဉ် ပင့်ကူပုံရိပ်က ပိုးမျှင်များကို ထုတ်လွှတ်ပြီး ဟန်မူယဲ့ကို ချုပ်နှောင်ရန် ကြိုးစားသည်။

“ဟူး ....”

မီးတောက်က ပိုးမျှင်များကို လောင်ကျွမ်းပစ်လိုက်သည်။

သို့သော် ပိုမိုများပြားသော ပိုးမျှင်များ ပေါ်ထွက်လာပြီး ဟန်မူယဲ့ကို လွှမ်းခြုံခဲ့သည်။

ဟန်မူယဲ့က ပိုးမျှင်များကို ဓားဖြင့် ခုတ်ချလိုက်သည်။

ထိုအချိန်တွင် ဒါဇင်ချီသော စစ်သူကြီးပုံရိပ်များက ပြေးဝင်လာပြီး ဟန်မူယဲ့ကို ဝိုင်းရံလိုက်ကြသည်။

“ဘုန်း”

ဟန်မူယဲ့က ဓားဖြင့် ထိုးသွင်းလိုက်ပြီး ရှေ့တွင်ရှိသော စစ်သူကြီးပုံရိပ် ဆယ်ခုကို ဖျက်ဆီးသည်။

ကျန်ရှိနေသော အစစ်အမှန်ဝိညာဉ်အဆင့် လူသားသုံးယောက်ကလည်း သူ့ဆီသို့ ရောက်လာသည်။

ကျွမ်းကျင်သူများ လှုပ်ရှားလိုက်သောအခါ ကမ္ဘာလောကသည် တုန်ခါသွားခဲ့သည်။

ဓားမော့တစ်လက်သည် ဟန်မူယဲ့၏ ဦးခေါင်းကို ခုတ်ချသည်။

ဟန်မူယဲ့၏ လက်ထဲတွင်ရှိသော ဓားရှည်သည် လှုပ်ရှားလိုက်ပြီး ဓားမော့ကို ခုခံသည်။

“ဘုန်း”

အဆုံးမရှိသော ရွှေအလင်း ဖြာထွက်လာသည်။

လှံတစ်ချောင်းသည် ချက်ချင်းရောက်လာခဲ့သည်။

သို့သော် ဟန်မူယဲ့က အစစ်အမှန်ဝိညာဉ်အဆင့် လေးယောက်ကို တစ်ဦးတည်းခွန်အားဖြင့် ခုခံနိုင်ခဲ့သည်။

ဟန်မူယဲ့၏ လှုပ်ရှားမှုများက ပိုမိုလျင်မြန်လာပြီး ဓားနည်းစနစ်မှတစ်ဆင့် လက်သီးနည်းစနစ်ကို ပြောင်းလဲအသုံးပြုသည်။

အစစ်အမှန်ဝိညာဉ်အဆင့်များနှင့် တိုက်ခိုက်သောအခါတွင် အဆုံးစွန်အထိ ဖိနှိပ်ခံရလျှင် သူ၏ အားနည်းချက်များကို မြင်နိုင်လိမ့်မည်။

သူ၏ ဓားနည်းစနစ်နှင့် လက်သီးနည်းစနစ်က သန်မာသော်လည်း အစစ်အမှန်ကျွမ်းကျင်သူများနှင့် ရင်ဆိုင်ရန် မဖြစ်နိုင်ပေ။

မဟာတာအိုသည် အလွန်ရိုးရှင်းသည်။

လက်သီးချက်နှင့် ခြေကန်ချက်များသည် မဟာတာအို၏စွမ်းအားကို သယ်ဆောင်ထားပြီး စည်းမျဉ်းကို ဖော်ထုတ်နိုင်လိမ့်မည်။ သန့်စင်သော ခွန်အားကသာ ယုံကြည်နိုင်သော အထောက်အပံ့တစ်ခု ဖြစ်သည်။ အနာဂတ်တွင် သူ၏ ခွန်အားကို အဆုံးစွန်အထိ တိုးမြှင့်ရမည်။

ဓားတာအိုအတွက်လည်း အတူတူပင် ဖြစ်သည်။

ဟန်မူယဲ့က ဓားဖြင့် ခုတ်ချသည်။

ထိုဓားချက်တွင် နည်းစနစ်များကို မသုံးခဲ့ပေ။ အမြန်နှုန်းတစ်ခုသာ ရှိသည်။

ခွန်အားလည်း မပါပေ။

သို့သော် အလွန်လျင်မြန်သည်။

ဓားအလင်းသည် အချိန်ကို ထိုးဖောက်သွားသကဲ့သို့ ပျောက်ကွယ်နေသည်။

အချိန်နှင့် တည်နေရာစွမ်းအားကို ထိန်းချုပ်ထားသော ဟန်မူယဲ့သည် ဓားတစ်ချက်ဖြင့် အချိန်ကို လွယ်ကူစွာ ချိုးဖျက်နိုင်သည်။

သို့သော် မဟာတောရိုင်းကမ္ဘာသည် အလွန်တည်ငြိမ်ပြီး မူလကမ္ဘာထက် တစ်ဆင့်သာနိမ့်သည်။

မဟာတောရိုင်းကမ္ဘာတွင် အချိန်ကို ချိုးဖျက်နိုင်သောလူ မရှိပေ။

အချိန်နှင့်တည်နေရာကို ထိန်းချုပ်ထားသော နတ်ဘုရားသားရဲကပင် မဟာတောရိုင်းကမ္ဘာကို ကျော်လွန်နိုင်မည်မဟုတ်ပေ။

သို့သော် ဟန်မူယဲ့၏ ဓားချက်က အချိန်ကို ချိုးဖျက်သွားသည့်အတွက် အလွန်လျင်မြန်ကြောင်း သိနိုင်သည်။

“ခလွမ် ....”

ဓားသည် ရှေ့တွင်ရှိသော အနက်ရောင်ချပ်ဝတ်နှင့် အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူ၏ပခုံးကို ခုတ်ချလိုက်သည်။ ထိုလူ၏ မျက်နှာက ဖြူဖျော့သွားသည်။

ဟန်မူယဲ့က နောက်ဆုတ်ပြီး ဓားကို ပြန်ဆွဲယူသည်။

ဟန်မူယဲ့က ပေတစ်သိန်းအကွာသို့ ရောက်သွားသောအခါတွင် အနက်ရောင်ချပ်ဝတ်နှင့်လူက ပခုံးကို ညင်သာစွာ ထိကြည့်သည်။ သူက ငေးမောနေသည်။

ထိုဓားချက်အောက်တွင် သူက သေဆုံးသွားတော့မည်ဟု ခံစားလိုက်ရသည်။

ကျန်ရှိနေသော အစစ်အမှန်ဝိညာဉ်အဆင့် လူသုံးယောက်ကလည်း ထိတ်လန့်သွားကြသည်။

ထိုဓားက အလွန်ကောင်းမွန်သည်။

‘ဒီရွှေကျီးကန်းမျိုးနွယ်ဝင်က ဘယ်သူလဲ။ သူက အဆုံးမရှိတဲ့နည်းလမ်းတွေကို ပိုင်ဆိုင်ထားတဲ့အပြင် ဆက်တိုက် တိုးတက်လာတယ်’

“ငါတို့က သူ့ကို သတ်ပစ်ရမယ်”

ဓားမော့နှင့် လူအိုကြီးက အော်ဟစ်လိုက်သည်။ သူ၏ အစစ်အမှန်ဝိညာဉ်က ဓားမော့ထဲသို့ စွမ်းအားများကို ထည့်သွင်းသည်။

တခြားလူသုံးယောက်ကလည်း သူ့နောက်မှ နီးကပ်စွာ လိုက်လာကြသည်။

“ဝင်္ကပါ”

သူတို့လေးယောက်က နောက်တွင်ရှိသော စစ်ပွဲဝင်္ကပါ၏စွမ်းအားကို ဆွဲယူပြီး ကောင်းကင်အထိ ကြီးမားသော မြွေတစ်ကောင်ကို ဖန်တီးသည်။

ခေါင်းသုံးလုံးမြွေက ကောင်းကင်ထက်တွင် ဟိန်းဟောက်နေသည်။

ထိုမြွေက ဟန်မူယဲ့ကို ပေါက်ချလိုက်သည်။

“ဘန်း”

ဟန်မူယဲ့က ဓားမြှောက်သည်။ သူ၏ ဓားက မြွေဦးခေါင်းနှင့် ထိတွေ့လိုက်သောအချိန်တွင် သူက လွင့်ထွက်သွားသည်။

သူ့မျက်နှာက နီရဲနေပြီး သွေးအန်လိုက်ရသည်။

အစစ်အမှန်ဝိညာဉ်အဆင့် လေးယောက်နှင့် သောင်းချီသော စစ်တပ်ကို သူက တစ်ယောက်တည်း မတားဆီးနိုင်ပေ။

ရွှေကျီးကန်းပုံရိပ်သည် သူ့နောက်တွင် ပေါ်လာသည်။ ကမ္ဘာဦးချပ်ဝတ်ကိုလည်း ပြန်ဝတ်လိုက်သည်။ ပေတစ်ထောင်ကြီးမားသော စစ်သူကြီးပုံရိပ်က လက်သီးဖြင့် ထိုးချသည်။

“ဘန်း”

လက်သီးချက်က မြွေနှင့် ထိတွေ့သွားပြီး ဟန်မူယဲ့က နောက်ဆုတ်လိုက်ရသည်။

ရွှေရောင်ချပ်ဝတ်စစ်သူကြီးက လက်နှင့်ခြေထောက်ကို လှုပ်ရှားပြီး ဧရာမမြွေကြီးနှင့် တိုက်ခိုက်နေသည်။

All Chapters