အခန်း (၁၁၃၆)
Vol. 82 Ch. 1136
ဟန်မူယဲ့က ပေါင်းစပ်နေသော ကမ္ဘာဦးချပ်ဝတ်၏ စွမ်းအားနှင့် အစစ်အမှန်ဝိညာဉ်အဆင့်၏ ဉာဏ်အလင်းကို ဖြည်းဖြည်းချင်း သုံးသပ်နေသောကြောင့် သူနှင့် တိုက်ခိုက်နေသော ကျွမ်းကျင်သူနှစ်ယောက်က နောက်ဆုတ်သွားနိုင်ခဲ့သည်။
လူသားမျိုးနွယ်၏ ကျွမ်းကျင်သူနှစ်ယောက်က ပူးပေါင်းလိုက်လျှင်ပင် သူ့ကို ဒဏ်ရာပေးပြီး သတ်ဖြတ်နိုင်ရန် ခက်ခဲနေသည်။
“ခေါင်းဆောင်ဟန်ရဲ့ လက်သီးနည်းစနစ်ကို သင်ယူလို့ရမလား”
ရှန်းကျန်းယွီက ဟန်မူယဲ့ဆီသို့ ရောက်လာပြီး ဦးညွတ်လိုက်သည်။
သူ့မျက်လုံးများက တောက်ပနေပြီး ဟန်မူယဲ့ကို မျှော်လင့်ချက်များဖြင့် ကြည့်သည်။
“ငါတို့အားလုံးက ရွှေကျီးကန်းမျိုးနွယ်ဝင်တွေပဲလေ။ သင်ယူလို့ရတာပေါ့”
ဟန်မူယဲ့က ပြုံးလိုက်ပြီး ပြောသည်။
နောက်ဆယ်ရက်တွင် ဟန်မူယဲ့က ရှန်းကျန်းယွီနှင့် တခြားလူများကို ကောင်းကင်ဖျက်ဆီးလက်သီးနှင့် ပတ်သတ်၍ သင်ကြားပေးခဲ့သည်။
ရှန်းကျန်းယွီနှင့် ကျူးချန်ယန်သာမက သူ၏ လက်သီးနည်းစနစ်ကို စိတ်ဝင်စားနေသော တခြားလူများကလည်း သင်ယူရန်အတွက် ရောက်လာကြသည်။
ဟန်မူယဲ့အပြင် ဟန်ကျင်း၊ ဟန်တင်းရီနှင့် ကျိုးယွမ်မျိုးနွယ်၏ လူများကလည်း ထိုလက်သီးနည်းစနစ်ကို လေ့ကျင့်ထားသည်။
သို့သော် ကျွမ်းကျင်မှုတွင် ဟန်မူယဲ့က နံပတ်တစ် ဖြစ်သည်။
ထိုဆယ်ရက်တွင် လူသားစစ်တပ်က အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သည်။ သို့သော် အမြဲတမ်း ရှုံးနိမ့်ပြီး နောက်ဆုတ်သွားရသည်။
အထူးသဖြင့် ရှန်းကျန်းယွီက ကောင်းကင်ဖျက်ဆီး လက်သီးနည်းစနစ်ကို ကျွမ်းကျင်သွားပြီး အားပြင်းသော လက်သီးချက်များကို ထုတ်သုံးနိုင်ခဲ့သည်။ သူက အစစ်အမှန်ဝိညာဉ်အဆင့် လူသားကို ဖိနှိပ်ခဲ့သည်။
ထိုဖြစ်ရပ်ကြောင့် ရွှေကျီးကန်းမျိုးနွယ်များက အသာစီးရနေသည်။
လူသာစစ်တပ်က ရှေ့တက်လာရန် တုံ့ဆိုင်းနေသည်။
ဟန်မူယဲ့၏ တွက်ချက်မှုအရ တစ်လအကြာတွင် လူသားစစ်တပ်က အားနည်းသွားလိမ့်မည်။
အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူလေးယောက်ကပင် ဖရိုဖရဲဖြစ်နေလိမ့်မည်။
ဤနေရာသည် ရွှေကျီးကန်းလျှို့ဝှက်နယ်မြေ ဖြစ်သည်။
လူသားများက ဤနေရာတွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့လျှင် အားနည်းသွားလိမ့်မည်။
အကယ်၍ အပြင်ဘက်တွင်ရှိသော ရွှေကျီးကန်းမျိုးနွယ်၏ ကျွမ်းကျင်သူများ ဝင်ရောက်လာလျှင် သူတို့က လွတ်မြောက်နိုင်မည်မဟုတ်ပေ။
ရွှေကျီးကန်းမျိုးနွယ်စုသည် ခွန်အားကောင်းသည်။ သူတို့က လျှို့ဝှက်နယ်မြေသို့ ခိုးဝင်သွားသော လူသားစစ်သည်တစ်သိန်းနှင့် ရွှေကျီးကန်းလက်ရွေးစင်များကို လျစ်လျူရှုထားရန် မဖြစ်နိုင်ပေ။
ဟန်မူယဲ့နှင့် တခြားလူများက အချိန်ဆွဲထားနိုင်လျှင် အနိုင်ရလိမ့်မည်။
လူသာများအတွက် ဤနေရာတွင် အချိန်ကြာနေလျှင် အန္တရာယ်ပိုများလာလိမ့်မည်။
“ဝီ”
ရွှေအလင်းတစ်ခုသည် ကောင်းကင်ထက်တွင် ရုတ်တရက် ပေါ်လာသည်။
ထိုအလင်းသည် အပြင်ဘက်မှတစ်ဆင့် အက်ကွဲကြောင်းတစ်ခုကို ဖန်တီးလိုက်ပုံရသည်။
တောင်ထွတ်တွင်ရှိသော လူတိုင်းက စိတ်လှုပ်ရှားစွာ ခေါင်းမော့ကြည့်သည်။
“ရွှေကျီးကန်းမျိုးနွယ်ရဲ့ စွမ်းအားပဲ”
“နောက်ဆုံးတော့ ကျွမ်းကျင်သူတွေ ရောက်လာကြပြီ”
ရွှေကျီးကန်းမျိုးနွယ်၏ လက်ရွေးစင်များက ကျယ်လောင်စွာ အော်ဟစ်နေကြသည်။
သူတို့က လျှို့ဝှက်နယ်မြေတွင် မျှော်လင့်ချက်ကင်းမဲ့နေခဲ့သည်။
လူသားစစ်တပ်နှင့် အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများနှင့် ရင်ဆိုင်နေရသည်။
အကယ်၍ ခေါင်းဆောင်ဟန်ကြောင့်သာမဟုတ်လျှင် သူတို့အားလုံး သေဆုံးသွားလိမ့်မည်။
“ရှန်းကျန်းယွီက ဘယ်မှာလဲ ....”
ကောင်းကင်ထက်တွင် ကျယ်လောင်သောအသံ ပေါ်ထွက်လာသည်။
ပုံရိပ်ယောင်ဆန်သော မျက်နှာတစ်ခုကို မြင်ရသည်။
“ရှန်းကျန်းယွီက အကြီးအကဲရှန်းကျန်းကို နှုတ်ဆက်ပါတယ်”
ရှန်းကျန်းယွီက ရှေ့တက်လာပြီး အော်ဟစ်လိုက်သည်။
ကောင်းကင်တွင်ရှိသော မျက်နှာပုံရိပ်သည် ရှန်းထန်ကလန်၏ အစစ်အမှန်ဝိညာဉ် ဒုတိယအဆင့် ကျွမ်းကျင်သူ ဖြစ်သည်။
“ရှန်းကျန်းယွီ၊ လူသားကျွမ်းကျင်သူတွေက ကျစ်ယန်မြို့ကို တိုက်ခိုက်နေကြတယ်။ မြို့သခင်ဟယ်က ယဇ်ပလ္လင်ကို ဖျက်ဆီးပစ်ခဲ့တယ်။ မင်းတို့အတွက် ဆယ်ရက်အချိန်ရမယ်”
ကောင်းကင်ထက်တွင်ရှိသော အသံကြောင့် လူတိုင်းက မျက်လုံးပြူးသွားသည်။
ကျစ်ယန်မြို့သည် တိုက်ခိုက်ခံနေရသည်။
ယဇ်ပလ္လင်ကို ဖျက်ဆီးပစ်လိုက်သည်။
လူသားမျိုးနွယ်က ကျစ်ယန်မြို့ကို တိုက်ခိုက်ရန် ကျွမ်းကျင်သူများကို စေလွှတ်ခဲ့သည်။
အစစ်အမှန်ဝိညာဉ် ဒုတိယအဆင့်တွင်ရှိသော မြို့သခင်ဟယ်ကပင် မခုခံနိုင်ခဲ့ပေ။
‘လူသားတွေက အရမ်းအားကောင်းနေတာလား’
‘ယဇ်ပလ္လင်ကို ဖျက်ဆီးလိုက်ရင် ငါတို့က ထွက်သွားနိုင်အုံးမှာလား’
“မင်းတို့က လျှို့ဝှက်နယ်မြေရဲ့ တတိယအဆင့်ကို ဆယ်ရက်အတွင်း ကျော်ဖြတ်ဖို့လိုတယ်။ ရွှေကျီးကန်းမျိုးနွယ်က အကြီးအကဲတွေရဲ့ အသိအမှတ်ပြုခြင်းကို ရယူပြီး ရွှေကျီးကန်းခုံရုံးကနေ ပြန်ထွက်လာရမယ်”
ရွှေကျီးကန်းခုံရုံး ....
လွန်ခဲ့သော နှစ်ပေါင်းများစွာတွင် ရွှေကျီးကန်းမျိုးနွယ်၏ ဘိုးဘေးများက ခမ်းနားသော ထိုမြို့ကို တည်ဆောက်ခဲ့ကြသည်။
သို့သော် ထိုနေရာသည် အပျက်အစီးဖြစ်နေသည်။ ထို့အပြင် လူသားများက ထိန်းချုပ်ထားသည်။
ရွှေကျီးကန်းခုံရုံးမှ မည်သို့ ထွက်လာရမည်နည်း။
ရှန်းကျန်းယွီ၏ မျက်နှာက ဖြူဖျော့သွားသည်။
သူတစ်ယောက်တည်းမဟုတ်ပေ။ တခြားလက်ရွေးစင်များ၏ မျက်နှာကလည်း ဖြူဖျော့နေသည်။
“အကြီးအကဲ၊ ရွှေကျီးကန်းခုံရုံးကနေ ကျွန်တော်တို့ကို စောင့်နေမှာလား”
ရုတ်တရက် ဟန်မူယဲ့၏အသံ ပေါ်ထွက်လာသည်။
မည်သို့ ထွက်သွားရမည်ဆိုသော မေးခွန်းများ မဟုတ်ပေ။ အပြင်ဘက်တွင် စောင့်ကြိုနေမည့်အကြောင်း ဖြစ်သည်။
ကောင်းကင်ထက်တွင် အကြီးအကဲရှန်းကျန်၏ မျက်နှာက အံ့အားသင့်သွားပုံပေါ်ပြီး ဟန်မူယဲ့ကို ကြည့်သည်။
“ဟုတ်တယ်။ ဆယ်ရက်နေရင် ခေါင်းဆောင်နဲ့ ပထမအကြီးအကဲရဲ့ ဦးဆောင်မှုအောက်မှာ ငါတို့က ရွှေကျီးကန်းခုံရုံးရဲ့ နေရာဟောင်းကို ထိန်းချုပ်ထားလိမ့်မယ်”
“မင်းတို့က ဆယ်ရက်အတွင်း ထွက်မလာဘူးဆိုရင်တော့ ငါတို့လည်း ဘာမှ မတတ်နိုင်ဘူး”
အကြီးအကဲရှန်းကျန်းက အကူအညီမဲ့နေသည်။
တောင်ထွတ်တွင် လူတိုင်းက တိတ်ဆိတ်သွားသည်။
ရွေးချယ်စရာရှိလျှင် အကြီးအကဲရှန်းကျန်းက ထိုသို့ ပြောမည်မဟုတ်ပေ။
လျှို့ဝှက်နယ်မြေတွင် သောင်းချီသော ရွှေကျီးကန်းလက်ရွေးစင်များ ရှိနေသည်။
အဓိကမျိုးဆက်များဖြစ်သော ရှန်ကျန်းယွီနှင့် တခြားလူများလည်း ရှိနေကြသည်။
အကယ်၍ ရွှေကျီးကန်းလက်ရွေးစင်များကို ဆုံးရှုံးလိုက်ရလျှင် နှစ်ပေါင်းများစွာကြာသည်အထိ နာလန်ထူနိုင်မည်မဟုတ်ပေ။
အနာဂတ်တွင်လည်း နေဖမ်းပွဲတွင် ပါဝင်ရဲသောလူများ ရှိမည်မဟုတ်ပေ။
ရွှေကျီးကန်းမျိုးနွယ်၏ အမွေအနှစ်က ပြတ်တောက်သွားလိမ့်မည်။
“စိတ်မပူပါနဲ့။ မင်းတို့က အချိန်မီ ထွက်မလာနိုင်ဘူးဆိုရင် လျှို့ဝှက်နယ်မြေမှာပဲ နှစ်တစ်ရာကြာအောင် ကျင့်ကြံနေနိုင်တယ်။ ငါတို့ မျိုးနွယ်စုသုံးခုက နည်းလမ်းရှာပြီး လျှို့ဝှက်နယ်မြေကို ပြန်ဖွင့်မှာပါ ....”
အကြီးအကဲရှန်းကျန်း၏အသံက ကောင်းကင်တွင်ရှိသော အက်ကွဲကြောင်းနှင့်အတူ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
ရွှေကျီးကန်းမျိုးနွယ်၏ လက်ရွေးစင်များအတွက် ထိုဖြစ်ရပ်သည် မကောင်းပေ။
အများစုက အရိုးများ ထုတ်ယူခံရသကဲ့သို့ လဲကျနေသည်။
တတိယအဆင့်ကို ဆယ်ရက်အတွင်း ကျော်ဖြတ်ပြီး အကြီးအကဲများ၏ အသိအမှတ်ပြုခြင်းကို ရရှိမည်ဟု မည်သူက ပြောရဲမည်နည်း။
လွန်ခဲ့သော နှစ်ပေါင်းများစွာတွင် အကြီးအကဲများ၏ အသိအမှတ်ပြုခြင်းကို လူအနည်းငယ်ကသာ ရရှိဖူးသည်။
လျှို့ဝှက်နယ်မြေတွင် ကျင့်ကြံနေရန်အတွက်လည်း မဖြစ်နိုင်ပေ။
ဤနေရာတွင်ရှိသော သေဆုံးခြင်းစွမ်းအားသည် သူတို့ကို တိုက်စားသွားလိမ့်မည်။ အချိန်ကြာလာသောအခါ အသိစိတ်ကို ဆုံးရှုံးပြီး လျှို့ဝှက်နယ်မြေတွင်ရှိနေသော တခြားသားရဲများကဲ့သို့ ဖြစ်သွားလိမ့်မည်။
ဤနေရာတွင် ဆယ်နှစ်ပင် နေနိုင်မည်မဟုတ်ပေ။ အနှစ်တစ်ရာဆိုလျှင် ပိုဆိုးသည်။
“ဝီ”
ထိုအချိန်တွင် ကောင်းကင်ထက်မှ ရွှေမြားတစ်စင်း ဆင်းသက်လာသည်။
ထိုမြားက လူသားစစ်တပ်ဆီသို့ ရောက်သွားသည်။
ခဏအကြာတွင် လူသားစစ်တပ်၏ ကျယ်လောင်သော အော်ဟစ်သံကို ကြားရသည်။
မရေမတွက်နိုင်သော အဆီအနှစ်ဝိညာဉ်များက ဝင်္ကပါကို ဖွဲ့စည်းလိုက်ကြသည်။
“အိမ်ပြန်မယ်”
“ရွှေကျီးကန်းမျိုးနွယ်ရဲ့ လျှို့ဝှက်နယ်မြေကို ချိုးဖောက်ပြီး အိမ်ပြန်ဖို့ အမိန့်ကျလာတယ်”
လူသားမျိုးနွယ်၏ အငွေ့အသက်က အလွန်သန်မာသောကြောင့် လျှို့ဝှက်နယ်မြေ၏ တစ်ဝက်ခန့်ကို လွှမ်းခြုံသွားသည်။
ယခုအချိန်တွင် ရွှေကျီးကန်းမျိုးနွယ်က စိတ်ဓာတ်ကျနေသည်။
ရွှေကျီးကန်းမျိုးနွယ်က လျှို့ဝှက်နယ်မြေကို ချိုးဖောက်ပြီး သတင်းပို့ပေးရန် မလုပ်နိုင်ခဲ့ပေ။
ထို့အပြင် လျှို့ဝှက်နယ်မြေတွင်ရှိသော လူသားများအားလုံးကို ပေါင်းစပ်လိုက်လျှင် ရွှေကျီးကန်းမျိုးနွယ်ထက် ပိုမိုသန်မာသည်။
“ငါတို့ ဘာလုပ်ကြမလဲ”
ရှန်းကျန်းယွီက မျှော်လင့်ချက်မဲ့နေသော မျက်နှာထားဖြင့် ပြောလိုက်သည်။
သူက ဟန်မူယဲ့ကို လှည့်ကြည့်သည်။
ယခုအချိန်တွင် ဟန်မူယဲ့၏ မျက်နှာထားက လေးနက်နေသော်လည်း တခြားလူများကဲ့သို့ ထိတ်လန့်သွားခြင်း မရှိပေ။
“ခေါင်းဆောင်ဟန်၊ ရွှေကျီးကန်းစစ်တပ်ကို အမိန့်ပေးမယ်ဆိုရင် ငါက ရှေ့ပြေးအဖြစ် ဆက်လုပ်ဖို့ ဆန္ဒရှိတယ်”
ကျူးချန်ယန်က တစ်ကိုယ်လုံး တုန်ခါသွားပြီး ခေါင်းညိတ်သည်။
သိပ်မဝေးသောနေရာတွင် ဟန်တင်းရီက ဒူးထောက်ပြီး အော်ဟစ်လိုက်သည်။
“ခေါင်းဆောင်၊ ဟန်တင်းရီက သေဆုံးသည်အထိ ခေါင်းဆောင်ရဲ့နောက်ကိုလိုက်ဖို့ ဆန္ဒရှိပါတယ်”
“ဟန်ကျင်းက ခေါင်းဆောင်ရဲ့နောက်ကို အဆုံးအထိ လိုက်ပါမယ်”
ဟန်ကျင်းကလည်း ဒူးထောက်ပြီး အော်ပြောသည်။
ဘေးတွင်ရှိနေသော ကျိူးဝူနှင့် တခြားလူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ဒူးထောက်ကြသည်။
“ခေါင်းဆောင်ဟန်ရဲ့နောက်ကို လိုက်ပါ့မယ်”
ချက်ချင်းဆိုသလိုပင် တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်လာကြသည်။
ယခုအချိန်တွင် လူတိုင်းက စည်းလုံးသွားသည်။
သေဆုံးသည်အထိ တိုက်ခိုက်ရန် ဆန္ဒမရှိလျှင် လျှို့ဝှက်နယ်မြေ၏ တတိယအဆင့်သို့ ရောက်နိုင်မည်မဟုတ်ပေ။
ဟန်မူယဲ့၏ မျက်လုံးများက ရွှေအလင်းဖြင့် တောက်ပနေသည်။
သူ့ခန္ဓာကိုယ်တွင်ရှိသော သွေးမျိုးဆက်စွမ်းအားက လောင်ကျွမ်းနေသည်။
ရွှေကျီးကန်း အစစ်အမှန်ဝိညာဉ်သည် သူ့နောက်တွင် အလိုလျောက် ပေါ်လာသည်။
သူနားလည်ထားသော မီးစည်းမျဉ်းက ထူးခြားသော ရွှေအလင်းစက်ကွင်းအဖြစ် ပြောင်းလဲပြီး သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံလိုက်သည်။
သွေးမျိုးဆက်စွမ်းအားနှင့် မီးစည်းမျဉ်းသည် အခြေခံသာ ဖြစ်သည်။
ထိုစွမ်းအားများ၏အထက်တွင် စတေးခြင်း ရှိနေသည်။
ကောင်းကင်ထက်တွင် အလင်းပေးနေသော မဟာနေမင်းရွှေကျီးကန်းကလည်း စတေးခြင်း ဖြစ်သည်။
သူက ခန္ဓာကိုယ်ကို အသုံးပြုပြီး စတေးခြင်းစွမ်းအားဖြင့် လောကကို အလင်းပေးနေသည်။
ထိုအရာသည် စည်းမျဉ်းစွမ်းအားလည်း ဖြစ်သည်။
စတေးခြင်းစည်းမျဉ်း ....
“ဝီ”
ဟန်မူယဲ့၏နောက်တွင် ရွှေအလင်းစက်ကွင်းတစ်ခု ပေါ်လာပြန်သည်။
ဒုတိယမြောက်စည်းမျဉ်း ဖြစ်သည်။
စတေးခြင်းသည် သေဆုံးခြင်းမဟုတ်ဘဲ ဖီးနစ်ကလန်၏ ပြန်လည်မွေးဖွားခြင်းနှင့် ဆင်တူသည်။
သူက အဆုံးအထိ တိုက်ခိုက်မည်။
“ရှန်းကျန်းယွီနဲ့ ကျူးချန်ယန်။ တကယ်လို့ စစ်တပ်ကို တတိယအဆင့်အထိ ဦးဆောင်သွားရင် ငါတို့အားလုံး သေသွားနိုင်တယ်”
“တကယ်လို့ ငါတို့သုံးယောက်ပဲ တတိယအဆင့်ကို သွားမယ်ဆိုရင် ရှင်သန်နိုင်ဖို့ ၉၀% အခွင့်အရေးရှိတယ်”
“မင်းတို့က ဘာကိုရွေးမှာလဲ”
ဟန်မူယဲ့က စကားအဆုံးတွင် သူတို့နှစ်ယောက်ကို တိတ်ဆိတ်စွာ ကြည့်နေသည်။
တောင်ထိပ်တွင် လူတိုင်းက တိတ်ဆိတ်သွားသည်။
အားလုံးက ရှန်းကျန်းယွီနှင့် ကျူးချန်ယန်ကို ကြည့်နေကြသည်။
သူတို့နှစ်ယောက်၏ မျက်နှာထားက ပြောင်းလဲသွားသည်။
သူတို့က တုံ့ဆိုင်းနေသည်။
သေခြင်းရှင်ခြင်းနှင့် ရင်ဆိုင်ရသောအခါတွင် မည်သူက တည်ငြိမ်နိုင်မည်နည်း။
“ခေါင်းဆောင်ဟန်ကရော ဘာကိုရွေးမှာလဲ”
ရှန်းကျန်းယွီက အသက်ရှူသွင်းလိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။
ကျူးချန်ယန်ကလည်း သူ့ကို ကြည့်နေသည်။
လူတိုင်းက ဟန်မူယဲ့ကို ကြည့်လိုက်ကြပြန်သည်။
အဝေးတစ်နေရာတွင် ဟန်တင်းရီ၏ နှုတ်ခမ်းများက တွန့်သွားသည်။ သို့သော် သူက စကားမပြောခဲ့ပေ။
သူက ဟန်မူယဲ့ကို ထွက်သွားရန် ပြောချင်သည်။
သူက ခေါင်းဆောင်၏ ပါရမီနှင့် အလားအလာကို ကောင်းမွန်စွာ နားလည်ထားသည်။
ခေါင်းဆောင်က ဤနေရာတွင် သေဆုံးသွားလျှင် မဖြစ်ပေ။
“ရှန်းကျန်းယွီ၊ ရှေ့ပြေးတပ်အနေနဲ့ လူငါးသောင်းကိုဦးဆောင်ပြီး ဒုတိယအဆင့်ကို သွားပါ။ အတားအဆီးတွေကို အမြန်ဆုံး ဖြေရှင်းပြီး တတိယအဆင့်ကိုတက်ဖို့ သားရဲတွေကို သတ်ဖြတ်ပါ”
“ကျူးချန်ယန်နဲ့ ကျန်တဲ့ လက်ရွေးစင်တစ်သောင်းက ငါနဲ့အတူ ရန်သူတွေကို တားဆီးထားမယ်”
“ငါတို့က လူသားစစ်တပ်ကို တတိယအဆင့်အထိ မရောက်အောင် ကိုင်တွယ်ရမယ်”