← Chapters

အခန်း (၁၁၃၉)

Vol. 82 Ch. 1139

အခန်း (၁၁၃၉)

Vol. 82 Ch. 1139

မူလကမ္ဘာမှ နတ်ဘုရားသားရဲများ၏ ကျင့်ကြံခြင်းကို မည်သူမှ မသိကြပေ။ မူလကမ္ဘာနှင့် မဟာတောရိုင်းကမ္ဘာသည် ကျင့်ကြံခြင်း၏ မူလအစ ဖြစ်သည်ဟု မရေမတွက်နိုင်သော လူများက ယုံကြည်ထားကြသည်။

ထိုကမ္ဘာနှစ်ခု၏ ခေတ်များသည် အတောက်ပဆုံး ဖြစ်ခဲ့သည်။

သို့သော် သူတို့အားလုံးက မှားယွင်းနေသည်။

တောက်ပသော အစစ်အမှန်ကျင့်ကြံခြင်းလောကသည် အနာဂတ်တွင် ရှိသည်။

အတိတ်တွင်ရှိသော စွမ်းအင်များ နိမ့်ပါးသွားပြီး အမျိုးမျိုးသော သဘာဝစွမ်းအင်များကို အသေးစိတ်ကျကျ ထိန်းချုပ်နိုင်သည်။

တာအိုအင်းကွက်နှင့် ဓားနည်းစနစ်တိုင်းသည် ကျင့်ကြံခြင်း၏ တိုးတက်မှုကို ဖော်ပြနေသည်။

ရွှေကျီးကန်း၏စကားကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က စိတ်လှုပ်ရှားနေသည်။

သူက အနာဂတ်မျိုးဆက်၏ ကျင့်ကြံခြင်းနည်းစနစ်ကို မြင်ဖူးသည်။ မဟာတောရိုင်းကမ္ဘာ၏ ကျင့်ကြံခြင်းနည်းစနစ်များကိုလည်း မြင်ခဲ့ရသည်။

သူက ပြိုင်ဘက်ကင်းသော ကြွယ်ဝမှုကိုလည်း ပိုင်ဆိုင်ထားသည်။

ထို့ကြောင့် သူ၏ ကျင့်ကြံခြင်းက အလွန်လျင်မြန်သည်။

ရွှေအလင်းသည် သူ့ခန္ဓာကိုယ်တွင် ပေါ်ထွက်လာသည်။

ချီစွမ်းအင်၊ အင်မော်တယ်စွမ်းအင်၊ နတ်စွမ်းအင် ....

သူ့ခန္ဓာကိုယ်တွင်ရှိသော စွမ်းအင်များက မဟာတောရိုင်းကမ္ဘာ၏ မူလဝိညာဉ်စွမ်းအားနှင့် ပေါင်းစပ်သွားကြသည်။

ထိုအချိန်တွင် သူ၏ကျင့်ကြံခြင်းက ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့်ကို ကျော်လွန်ပြီး အင်မော်တယ်သခင်အဆင့်သို့ ရောက်သွားသည်။ ထို့အပြင် အင်မော်တယ်သခင် အထွတ်အထိပ်အဆင့်သို့ ဆက်ရောက်သွားသည်။

ဤနေရာသည် အပျက်အစီးနယ်မြေဖြစ်သောကြောင့် အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်သွားရန် မဖြစ်နိုင်ပေ။

အပျက်အစီးနယ်မြေ၏ ဖိအားက သူ့ကို အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်မသွားအောင် တားဆီးထားသည်။

သို့သော် စတေးခြင်းနှင့် မီးစည်းမျဉ်းကို ထိန်းချုပ်ပြီး တခြားစည်းမျဉ်းလေးခုအပြင် ကပ်ဘေးစွမ်းအားကိုလည်း နားလည်ထားသော ဟန်မူယဲ့က အင်မော်တယ်ဘုရင်များကို ကြောက်နေရန် မလိုတော့ပေ။

“သင်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲ”

ဟန်မူယဲ့က ရွှေကျီးကန်းကို ဦးညွတ်လိုက်ပြန်သည်။

ရွှေကျီးကန်းက သူ့ကို ထွင်းဖောက်မြင်နေသောကြောင့် စကားလုံးများဖြင့် သူ၏ စွမ်းအားကို လှုံ့ဆော်ပေးခဲ့သည်။

သူ့ကို ကူညီပေးခဲ့သည်။

ထိုကျင့်ကြံခြင်းကို အပျက်အစီးနယ်မြေ၏ အပြင်ဘက်သို့ သယ်သွားနိုင်သည်။

“အမှန်အတိုင်းပြောရရင် ငါ့အမြင်မှာ ရွှေကျီးကန်းမျိုးနွယ်နဲ့ လူသားမျိုးနွယ်က ကွဲပြားမှုမရှိဘူး”

“ဒါပေမဲ့ မင်းက သူတို့ကို ဒီနေရာကနေ ခေါ်ထုတ်သွားနိုင်မယ်လို့ မျှော်လင့်တယ်”

ရွှေကျီးကန်းက ပြောလိုက်ပြီး ပျောက်ကွယ်သွားသည်။

“တစ်နေ့မှာ မင်းက ခွန်းဝူကို ရောက်သွားရင် ရွှေကျီးကန်းမျိုးနွယ်ရဲ့ အမွေအနှစ်ကို မေးကြည့်ဖို့ မမေ့ပါနဲ့”

ဟန်မူယဲ့က မဟာနေမင်းရွှေကျီးကန်းကို မမြင်ရတော့ပေ။

သူက ပြုံးလိုက်ပြီး ရှေ့တွင်ရှိသော ခြေသုံးချောင်းရွှေကျီးကန်းရုပ်တုကို ကြည့်သည်။

မဟာနေမင်းရွှေကျီးကန်းက ရွှေကျီးကန်းမျိုးနွယ်နှင့် လူသားမျိုးနွယ်သည် ကွဲပြားမှုမရှိဟု ပြောသွားသော်လည်း ရွှေကျီးကန်းမျိုးနွယ်ကို ဂရုစိုက်နေသည်။

ထိုသို့မဟုတ်လျှင် ဤနေရာတွင် ပေါ်လာမည်မဟုတ်ပေ။

ဟန်မူယဲ့ကို ကူညီပြီး ရွှေကျီးကန်းမျိုးနွယ်၏ လက်ရွေးစင်များအား လွတ်မြောက်သွားစေရန် ထောက်ပံ့ပေးမည်မဟုတ်ပေ။

လျှို့ဝှက်နယ်မြေမှ ထွက်သွားချင်လျှင် ရိုးရှင်းသည်။ အဆင့်သုံးဆင့်ကို ကျော်ဖြတ်ပြီး ဤနေရာသို့ ရောက်လာရမည်။ ထို့နောက် ရွှေကျီးကန်းရုပ်တု၏ အသိအမှတ်ပြုခြင်းကို ရရှိပြီး အစစ်အမှန်ဝိညာဉ်အရိုးနှင့်အတူ ထွက်သွားနိုင်မည်။

သို့‌သော် လက်ရွေးစင်အများစုက ဤနေရာသို့ မရောက်နိုင်ပေ။

သူတို့အားလုံး ဤနေရာသို့ ရောက်လာလျှင်ပင် အသိအမှတ်ပြုခံရပြီး အစစ်အမှန်ဝိညာဉ်အရိုးကို ရရှိနိုင်မည်မဟုတ်ပေ။

နေဖမ်းပွဲတိုင်းတွင် ထိပ်ဆုံးအယောက်တစ်ရာကသာ အစစ်အမှန်ဝိညာဉ်အရိုးကို ရရှိနိုင်သည်။

သို့သော် ဤတစ်ကြိမ်တွင် မတူတော့ပေ။

ဤနေရာတွင် အလွန်များပြားသော အစစ်အမှန်ဝိညာဉ်အရိုးများ ရှိနေသည်။

ဟန်မူယဲ့က ရုပ်တုများ၏စွမ်းအားကို အသက်သွင်းပြီး အရိုးများကို ယူသွားနိုင်သည်။

သူက မဟာနေမင်းရွှေကျီးကန်း၏ ရည်ရွယ်ချက်ကို နားလည်သည်။ ဤနေရာတွင်ရှိသော အစစ်အမှန်ဝိညာဉ်အရိုးများကို တတ်နိုင်သလောက် များများယူသွားပြီး ရွှေကျီးကန်းမျိုးနွယ်ကို ကူညီပေးစေချင်သည်။

ထို့ကြောင့် သူက အစစ်အမှန်ဝိညာဉ်အရိုးများကို ယူသွားမည်။

ဟန်မူယဲ့က ခြေသုံးချောင်းရွှေကျီးကန်းရုပ်တုကို ထိကြည့်လိုက်ပြီး စွမ်းအားကို သုံးသပ်နေသည်။

“ဘုန်း”

ရွှေရောင်အမှတ်အသားတစ်ခုသည် သူ့ရှေ့တွင် ပေါ်လာသည်။

သူက လက်မြှောက်ပြီး ဓားရှည်ကို ထုတ်ယူသည်။ ရွှေရောင်အမှတ်အသားက ဓားရှည်ပေါ်သို့ ‌ရောက်သွားသည်။

ခြေသုံးချောင်းရွှေကျီးကန်း၏ စွမ်းအား ဖြစ်သည်။

မူလကမ္ဘာ၏ နတ်ဘုရားသားရဲများသည် အစစ်အမှန်ဝိညာဉ်အရိုးကို မကျင့်ကြံကြပေ။

သူတို့က ကောင်းကင်နှင့်မြေကြီး၏ အမွေအနှစ်ကို ကျင့်ကြံပြီး လောက၏ နတ်ဘုရားအင်းကွက်များကို သုံးသပ်ကြသည်။

ဟန်မူယဲ့က လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ ခြေသုံးချောင်းရွှေကျီးကန်းများက သူ့ရှေ့တွင် ပေါ်လာသည်။ ထို့နောက် အင်းကွက်များသည် သူ့ဓားပေါ်သို့ ရောက်လာကြသည်။

ဓားသည် သူ၏ အစစ်အမှန်ဝိညာဉ်အရိုး ဖြစ်သည်။

နတ်ဘုရားအင်းကွက် တစ်ခု ....

ဆယ်ခု ....

၉၉ခု ....

အစစ်အမှန်လက်နက်၏ အကန့်အသတ် ဖြစ်သည်။

မဟာတောရိုင်းကမ္ဘာတွင် နတ်ဘုရားအင်းကွက် ၉၉ခုရှိသော အစစ်အမှန်လက်နက်ကို တွေ့နိုင်ရန် အလွန်ခက်ခဲလိမ့်မည်။

ယခုအချိန်တွင် ဓား၏စွမ်းအားက အပျက်အစီးနယ်မြေကို ချိုးဖောက်ပြီး ဟန်မူယဲ့နှင့်အတူ အပြင်ဘက်သို့ လိုက်လာနိုင်သည်။

သို့သော် ဟန်မူယဲ့၏အမြင်တွင် ယခု ထွက်သွားရန် အချိန်မကျသေးပေ။

သူက ဓားရိုးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး နောက်ဆုံး ခြေသုံးချောင်းရွှေကျီးကန်းရုပ်တု၏ ရှေ့တွင် ရပ်နေသည်။

သူက လက်ကို ဆန့်ထုတ်ပြီး ရုပ်တုကို ထိတွေ့လိုက်သည်။ စိတ်ထဲတွင် အလင်းတံခါးတစ်ခု ပေါ်လာသည်။

“ဘုန်း”

မရေမတွက်နိုင်သော ရွှေရောင်ချပ်ဝတ်ပုံရိပ်များက တိုက်ခိုက်နေကြသည်။

မူလကမ္ဘာကို ကျူးကျော်ခြင်း ဖြစ်သည်။

သူက တခြားရွှေကျီးကန်းများ၏ မှတ်ဉာဏ်ထဲတွင် ထိုမြင်ကွင်းကို မြင်ခဲ့ရသည်။

ကမ္ဘာဦးချပ်ဝတ်နှင့် မရေမတွက်နိုင်သော ပုံရိပ်များက မူလကမ္ဘာသို့ ဝင်ရောက်ပြီး ဖျက်ဆီးပစ်လိုက်သည်။

ထိုအရာသည် မူလကမ္ဘာပျက်စီးခြင်း၏ အစဖြစ်ပြီး ကပ်ဘေး၏ အရင်းအမြစ် ဖြစ်သည်။

မူလကမ္ဘာ၏ ဖိနှိပ်မှု ပျောက်ကွယ်သွားသောကြောင့် သေဆုံးခြင်းစွမ်းအား ကျိုးပေါက်လာသည်။

မရေမတွက်နိုင်သော နတ်ဘုရားသားရဲများက ကျွန်ပြုခံလိုက်ရသည်။ အမျိုးမျိုးသော သားရဲများက အသတ်ခံနေရသည်။

မူလကမ္ဘာခေတ်၏ ကျွမ်းကျင်သူနှင့် ပုဂ္ဂိုလ်ကြီးများက ကိုယ်ပိုင်ကလန်များကို ကာကွယ်ပြီး ထွက်သွားရုံသာ တတ်နိုင်ခဲ့သည်။

ဤတစ်ကြိမ်တွင် ဟန်မူယဲ့က ဖိနှိပ်ပြီး သတ်ဖြတ်ခံလိုက်ရသော နဂါးမိကျောင်းကို ပြန်မြင်ရသည်။

သူက ခွေသားရဲများကိုလည်း မြင်ခဲ့ရသည်။ သူတို့က သတ်ဖြတ်ခံရပြီး သူတို့၏ အရေခွံကို မိုးကြိုးဗုံများအဖြစ် ဖန်တီးလိုက်သည်။

ကမ္ဘာဦးချပ်ဝတ်နှင့် ပုံရိပ်များက ထွက်သွားကြသည်။ သူတို့က မူလကမ္ဘာ၏ နောက်ဆုံးအစိတ်အပိုင်းဖြစ်သော ခွန်းဝူကို ချန်ထားခဲ့သည်။

သူတို့က မူလကမ္ဘာတွင် အမှတ်အသား ချန်ထားခဲ့သည်။

မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ကုန်လွန်သွားသည်။ ထိုလူများက ပြန်မလာခဲ့ပေ။

သို့သော် သူတို့၏ အမှတ်အသားက ရှိနေသည်။

သူတို့က ခွန်းဝူတွင်ရှိသော နတ်ဘုရားသားရဲများ ကြီးထွားလာပြီး နောက်တစ်ကြိမ် သတ်ဖြတ်နိုင်ရန် စောင့်ဆိုင်းနေကြသည်။

“သူတို့ မှတ်သားထားတဲ့နေရာက နဂါးမိကျောင်းကို ချိပ်ပိတ်ထားတဲ့နေရာပဲ”

နဂါးမိကျောင်း၏ ခန္ဓာကိုယ်ကို သုံးပိုင်းခွဲထုတ်ခဲ့သည်။

တစ်ခုကို သွေးစက်ကျချောက်ကမ်းပါးတွင် ချိပ်ပိတ်ထားသည်။ နောက်တစ်ခုသည် နတ်ဘုရားကမ္ဘာတွင် ရှိနေပြီး နောက်ဆုံးတစ်ခုက ခွန်းဝူတွင် ဖြစ်သည်။

ထွက်ခွာသွားသောလူများက ခွန်းဝူတွင်ရှိသော နဂါးမိကျောင်း၏ခန္ဓာကိုယ်ကို ချိပ်ပိတ်ထားသောနေရာတွင် အမှတ်အသားချန်ခဲ့သည်။

“ဘုန်း”

မြင်ကွင်းက ပျောက်ကွယ်သွားသည်။ ရွှေကျီးကန်းအင်းကွက် ဆင်းသက်လာပြီး ဟန်မူယဲ့၏ အစစ်အမှန်ဝိညာဉ်အရိုးဖြစ်သော ဓားရှည်နှင့် ထိတွေ့သည်။

နတ်ဘုရားအင်းကွက် အခုတစ်ရာ ဖြစ်သည်။

အင်းကွက်များအားလုံးသည် သူ့လက်ထဲတွင်ရှိသော ဓားရှည်ကို လွှမ်းခြုံထားသည်။

ဓားသည် ရွှေရောင်မှ မီးခိုးရောင်အဖြစ် ပြောင်းလဲသွားသည်။

‘ချိပ်ပိတ်ခံလိုက်ရတာလား’

ဟန်မူယဲ့က အံ့အားသင့်သွားသည်။

သူ၏ အစစ်အမှန်ဝိညာဉ်အရိုးက ချိပ်ပိတ်ခံလိုက်ရသည်။

နတ်ဘုရားအင်းကွက်တစ်ရာ ပါဝင်နေသော အစစ်အမှန်လက်နက် ဓားရှည်သည် အလွန်အားကောင်းပြီး ကောင်းကင်နှင့်မြေကြီးကို ဆုတ်ဖြဲပစ်နိုင်သောကြောင့် ချိပ်ပိတ်ခံလိုက်ရသည်။

ထို့ကြောင့် သူက ဓားရှည်ကို ဖြည်းဖြည်းချင်း ပြန်လည်သန့်စင်ရမည်။

သို့သော် အင်းကွက်တစ်ရာက အလွန်အားကောင်းသောကြောင့် သူက ယခုအချိန်တွင် မထိန်းချုပ်နိုင်သေးပေ။

နှမြောစရာကောင်းသည်။

ဟန်မူယဲ့က ဓားရှည်ကို ဝှေ့ယမ်းလိုက်ပြီး ပြုံးသည်။

ဓားသည် စွမ်းအားများ ပျောက်ကွယ်သွားသော်လည်း အလွန်မာကျောသည်။

သူက ပတ်ဝန်းကျင်တွင်ရှိသော ရုပ်တုများကို ကြည့်လိုက်ပြီး ပျံသန်းသည်။

သုံးရက်အကြာတွင် ပတ်ဝန်းကျင်သည် တုန်ခါသွားသည်။

ရုပ်တုတစ်ခု၏ရှေ့တွင် မတ်တပ်ရပ်နေသော ဟန်မူယဲ့က ကောင်းကင်ထက်တွင်ရှိသော အက်ကွဲကြောင်းကို ခေါင်းမော့ကြည့်လိုက်သည်။

သူက အစစ်အမှန်ဝိညာဉ်အရိုးကို အသက်သွင်းလိုက်လျှင် ဤနေရာမှ ထွက်သွားနိုင်လိမ့်မည်။

ဟန်မူယဲ့က လက်ထဲတွင် ရွှေရောင်သန်းနေသော အစစ်အမှန်ဝိညာဉ်အရိုးတစ်ခုကို ကိုင်ထားသည်။

သူက ထိုအရိုးကို အသက်မသွင်းခဲ့ပေ။

သူက ရှေ့တွင်ရှိသော အလင်းလွှာဆီသို့ လျင်မြန်စွာ ပြေးဝင်သွားသည်။

အလင်းလွှာထဲမှ ထွက်လာသောအခါတွင် အဆုံးမရှိသော အလင်းရောင်ကို မြင်ရသည်။

ပေါက်ကွဲသံများကို ကြားရသည်။

ဖရိုဖရဲဖြစ်နေသော တိုက်ပွဲ ဖြစ်သည်။

ရွှေကျီးကန်းလက်ရွေးစင်များသည် လူသားစစ်တပ်နှင့် တိုက်ခိုက်နေကြသည်။

အစစ်အမှန်ဝိညာဉ်အဆင့် ရွှေကျီးကလန်သားနှစ်ယောက်က အစွမ်းကုန်ထုတ်သုံးပြီး ဝင်္ကပါမဖွဲ့စည်းနိုင်သော ရွှေကျီးကန်းလက်ရွေးစင်များကို ကာကွယ်ပေးနေသည်။

ရှေ့တွင် လူသားမျိုးနွယ်၏ အစစ်အမှန်ဝိညာဉ်အဆင့် ခြောက်ယောက်က ရွှေကျီးကန်းများကို ဖြည်းဖြည်းချင်း ဖိနှိပ်နေသည်။ သူတို့၏ခေါင်းပေါ်တွင် ရွှေကျီးကန်းမီးတောက်များက တဖျပ်ဖျပ် လှုပ်ရှားနေကြသည်။

ဤနေရာသည် တတိယအဆင့် ဖြစ်သည်။

ရွှေကျီးကန်းမီးတောက်၏ အသိအမှတ်ပြုခြင်းကို ရရှိလျှင် ရုပ်တုများရှိသောနေရာသို့ ရောက်သွားလိမ့်မည်။

သို့သော် ယခု ကောင်းကင်တွင်ရှိနေသော မီးတောက်များကို မည်သူမှ ဂရုမစိုက်နိုင်ကြပေ။

ရှန်းကျန်းယွီနှင့် ကျူးချန်ယန်က အစွမ်းကုန်ထုတ်သုံးပြီး နောက်တွင်ရှိသော ရွှေကျီးကလန်သားများကို ကာကွယ်နေသည်။

“ဘုန်း”

အဝေးတစ်နေရာတွင် အသံတစ်သံ ထွက်လာသည်။

ရွှေကျီးကန်းမျိုးနွယ်၏ အစစ်အမှန်ဝိညာဉ်အဆင့် ကျန်းယု ဖြစ်သည်။

သို့သော် ယခုအချိန်တွင် ကျိုးယု၏အခြေအနေက သနားစရာကောင်းနေသည်။ သူ၏ လက်တစ်ဖက်က မရှိတော့ပေ။

သူက ကောင်းကင်ထက်သို့ ပျံတက်ပြီး ရွှေကျီးကန်းမီးတောက်နှင့် ထိတွေ့သည်။ ထို့နောက် ပျောက်ကွယ်သွားသည်။

အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူတစ်ယောက်က ထွက်ပြေးသွားသည်။

“မင်းသားရှန်းနဲ့ မင်းသားကျူး၊ ကျေးဇူးပြုပြီး ထွက်သွားပါတော့”

“မင်းတို့တွေ ထွက်သွားကြ။ ငါတို့က တားဆီးထားမယ်”

“အဆီအနှစ်ဝိညာဉ် နဝမအဆင့်တွေ ထွက်သွားတော့”

ရွှေကျီးကန်းလက်ရွေးစင်များကြားတွင် အော်ဟစ်သံကို ကြားရသည်။

သို့သော် အခြေအနေကို မပြောင်းလဲနိုင်ပေ။

သူတို့က အကောင်းဆုံး ကြိုးစားထားခဲ့သည်။

“ခေါင်းဆောင်ဟန်က မင်းတို့ကို ငါ့ဆီမှာ အပ်သွားခဲ့တယ်။ အဲဒါကြောင့် မင်းတို့အားလုံးကို ခေါ်ထုတ်သွားရမယ်”

ရှန်းကျန်းယွီက အော်ဟစ်လိုက်ပြီး တောက်ပသော ရွှေအလင်းကို ထုတ်လွှတ်သည်။

All Chapters