← Chapters

အခန်း (၁၁၄၀)

Vol. 82 Ch. 1140

အခန်း (၁၁၄၀)

Vol. 82 Ch. 1140

“ကျူးချန်ယန်၊ သူတို့ကို ခေါ်သွားတော့။ ငါက ရန်သူတွေကို တားထားလိုက်မယ်”

သူက ရှေ့တက်သွားပြီး နေတစ်စင်းကဲ့သို့ အလင်းရောင်ကို ထုတ်လွှတ်သည်။

ယခုအချိန်တွင် သူက အစစ်အမှန်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို လောင်ကျွမ်းတော့မည်။

မျှော်လင့်ချက်မဲ့သော တိုက်ပွဲအတွက် သူက အစွမ်းကုန်ထုတ်သုံးမည်။

ခေါင်းဆောင်ဟန်ကလည်း ထိုသို့ပင် လုပ်ခဲ့သည်။

ချင်းနန်ရွှင်ကလည်း အတူတူပင်ဖြစ်သည်။

“မင်းက တားဆီးမှာလား”

ထိုအချိန်တွင် အသံတစ်သံ ထွက်လာသည်။

“မင်းက လုပ်နိုင်ရဲ့လား”

“ဒါမှမဟုတ် ငါလုပ်လိုက်ရမလား”

ဟန်မူယဲ့က သူ့ဘေးတွင် ပေါ်လာပြီး သူ့ကို ဆွဲခေါ်သွားသည်။ ထို့နောက် ရွှေရောင်သန်းနေသော အစစ်အမှန်ဝိညာဉ်အရိုးတစ်ခုသည် ကြောင်အနေသော ရှန်းကျန်းယွီဆီသို့ ရောက်လာသည်။

“သန့်စင်လိုက်ပါ”

နောက်ထပ် အစစ်အမှန်ဝိညာဉ်အရိုးတစ်ခုသည် အံ့အားသင့်နေသော ကျူးချန်ယန်ဆီသို့ ရောက်သွားသည်။

ဟန်မူယဲ့က အဆုံးမရှိသော မီးတောက်များကို ထုတ်လွှတ်ပြီး ဝတ်ရုံတစ်ခုအဖြစ် ပြောင်းလဲသည်။ သူက တည်ငြိမ်နေပြီး လက်ထဲတွင်ရှိသော အနက်ရောင်ဓားရှည်ဖြင့် ရှေ့သို့ ညွှန်ပြလိုက်သည်။

“ဝမ်းနည်းပါတယ်။ မင်းတို့ကို စိတ်ပျက်စေမိပြီ။ ငါက မသေသေးဘူးလေ”

သူက ပြန်လည်ရှင်သန်လာသည်။

ရွှေအလင်းဖြင့် တောက်ပနေသော ဟန်မူယဲ့ကို ကြည့်လိုက်ပြီး လူသားကျွမ်းကျင်သူများက ကြောင်အသွားကြသည်။

အထူးသဖြင့် ပထမအဆင့်၏ ဂိတ်တံခါးတွင် ဟန်မူယဲ့နှင့် တိုက်ခိုက်ခဲ့သော အစစ်အမှန်ဝိညာဉ်အဆင့် လေးယောက် ဖြစ်သည်။ သူတို့က ဆွံ့အနေကြသည်။

သူတို့က ဟန်မူယဲ့နှင့် ပြင်းထန်စွာတိုက်ခိုက်ပြီး နောက်ဆုံးတွင် စုပေါင်းခွန်အားဖြင့် သတ်ဖြတ်နိုင်ခဲ့သည်။

သို့သော် ယခုအချိန်တွင် အကောင်းအတိုင်းရှိနေသော ဟန်မူယဲ့သည် သူတို့၏ရှေ့တွင် ရပ်နေသည်။

သူတို့က အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများဖြစ်ပြီး လောက၏ စွမ်းအားကို ကောင်းမွန်စွာ နားလည်ထားသည်။

သူတို့လေးယောက်၏ စုပေါင်းခွန်အားသည် ဖျက်ဆီးနိုင်စွမ်းကောင်းသည်။

သူတို့၏ တိုက်ခိုက်မှုမှ လွတ်မြောက်လာသောလူ မရှိနိုင်ပေ။

“ဒါ .... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ ....”

ဓားမော့ကိုင်ထားသော လူအိုကြီးက ရေရွတ်လိုက်သည်။

“ပြန်ပြီး ရှင်သန်လာတာလား”

အနက်ရောင်ချပ်ဝတ်နှင့်လူက အံကြိတ်ထားသည်။ သူ့မျက်လုံးများက ကြမ်းတမ်းစွာ တောက်ပနေပြီး သူ့နောက်တွင်ရှိသော အစစ်အမှန်ဝိညာဉ် ကျားသစ်ပုံရိပ်က ဟိန်းဟောက်လိုက်သည်။

“ငါတို့က သူ့ကို တစ်ကြိမ်သတ်နိုင်ရင် နောက်တစ်ကြိမ်လည်း သတ်နိုင်တယ်”

ထိုလူက အော်ဟစ်လိုက်ပြီး ဟန်မူယဲ့ဆီသို့ ပြေးဝင်လာသည်။

တခြားလူများကလည်း တုံ့ဆိုင်းမနေဘဲ ဟန်မူယဲ့ကို တိုက်ခိုက်လိုက်ကြသည်။

အစစ်အမှန်ဝိညာဉ်အဆင့် ခြောက်ယောက် ဖြစ်သည်။

သူတို့၏ စွမ်းအားကြောင့် လေပြင်းများ တိုက်ခတ်လာပြီး တတိယအဆင့်ကို ထိုးဖောက်သွားတော့မည်ဟု ထင်ရသည်။ အမျိုးမျိုးသော သားရဲပုံရိပ်များ ဖြစ်ပေါ်လာသည်။

အစစ်အမှန်ဝိညာဉ်အဆင့်သည် အလွန်အားကောင်းသည်။ သူတို့၏ စွမ်းအားကြောင့် အောက်တွင်ရှိသော စစ်တပ်က လူစုခွဲပြီး နောက်ဆုတ်လိုက်ရသည်။

လူတိုင်းက ကောင်းကင်ကို ကြည့်နေသည်။

သူတို့ သေဆုံးသွားပြီဟု ထင်နေသော ‌ခေါင်းဆောင်ဟန်က ပြန်ရောက်လာခဲ့သည်။

ခေါင်းဆောင်ဟန်က တစ်ယောက်တည်း လူသားစစ်တပ်ကို ခုခံပြီး သေဆုံးသွားသည်ဟု သူတို့က ထင်ထားကြသည်။

“ခေါင်းဆောင်”

ဟန်တောင်တန်းကလန်၏ လူများက အော်ခေါ်လိုက်ကြသည်။

ဟန်မူယဲ့က လူသားစစ်တပ်၏ အစစ်အမှန်ဝိညာဉ်အဆင့် ခြောက်ယောက်ကို တစ်ယောက်တည်း ရင်ဆိုင်တော့မည်။

ယခုအခြေအနေသည် ဂိတ်တံခါးကို တစ်ယောက်တည်း တားဆီးထားသော အချိန်နှင့် ဆင်တူသည်။

‘ဒါက ဖြစ်နိုင်ရဲ့လား’

‘တစ်ယောက်တည်း ခုခံနိုင်မှာလား’

ဟန်မူယဲ့က ကျယ်လောင်စွာ ရယ်လိုက်ပြီး စည်းမျဉ်းစွမ်းအားများကို ထုတ်သုံးသည်။

သူက လက်ထဲတွင်ရှိသော အနက်ရောင်ဓားကို မြှောက်လိုက်ပြီး ရှေ့သို့ ကြည့်သည်။

“ဘုန်း ....”

သူက ခြေတစ်လှမ်းတိုးလိုက်ပြီး ပျောက်ကွယ်သွားသည်။

လျင်မြန်သည်။

ယခင်အတိုင်း သူ၏ ဓားသည် လျင်မြန်နေသည်။

ဤတစ်ကြိမ်တွင် သူက ပိုမိုလျင်မြန်လာသည်။

ရှေ့ဆုံးတွင်ရှိသော အနက်ရောင်ချပ်ဝတ်နှင့်လူက ရယ်လိုက်ပြီး မျက်နှာကို လက်နှစ်ဖက်ဖြင့် ကာထားသည်။

ယခင်တိုက်ပွဲတွင် သူက ဟန်မူယဲ့၏ ဓားချက်ကြောင့် ထိတ်လန့်သွားခဲ့ရသည်။

ထိုဓားချက်က အလွန်လျင်မြန်သောကြောင့် သူက တုံ့ပြန်ရန် အချိန်မရခဲ့ပေ။

သို့သော် လုံလောက်သောခွန်အား မရှိသောကြောင့် သူ့ကို အနည်းငယ် ဒဏ်ရာပေးရုံသာ တတ်နိုင်ခဲ့သည်။

“ခလွမ် ....”

ဓားရှည်က ထိုလူ၏ ချပ်ဝတ်နှင့် ထိတွေ့သွားသည်။

သူထင်ထားသည့်အတိုင်း ဓားချက်သည် လျင်မြန်ရုံသာဖြစ်ပြီး ခွန်အားမရှိပေ။

‘သူ့ဓားချက်က မြန်နေရင်ရော ဘာလုပ်ရမှာလဲ’

ထိုလူက ဆိုးယုတ်စွာ ရယ်လိုက်ပြီး လက်မြှောက်၍ ဓားကို ဆုပ်ကိုင်တော့မည့်အချိန်တွင် ရုတ်တရက် ရပ်တန့်သွားသည်။

သူက ထူးဆန်းသော အက်ကွဲသံကို ကြားလိုက်ရသည်။

သူက ခေါင်းငုံ့ကြည့်လိုက်ပြီး မျက်လုံးပြူးသွားသည်။

အရှင်မင်းကြီး ချီးမြှင့်ထားသော အစစ်အမှန်ဝိညာဉ်အဆင့် တိုက်ခိုက်မှုကို ခုခံနိုင်သည့် သူ၏ ချပ်ဝတ်က အက်ကွဲနေသည်။

“ဘန်း”

ချပ်ဝတ်က ပျက်စီးသွားသည်။

ချပ်ဝတ် ပျက်စီးသွားသောကြောင့် ဓားရှည်သည် သူ၏ ခန္ဓာကိုယ်ထဲသို့ စွပ်ခနဲ တိုးဝင်လာသည်။

သူက ဓားကို ဆုပ်ကိုင်ပြီး အသည်းအသန် တွန်းထုတ်နေသည်။

ရွှေရောင်သွေးများ ပန်းထွက်လာသည်။ ကြောက်ရွံ့မှုသည် သူ့မျက်နှာကို စိုးမိုးထားသည်။

ဓားက သူ၏ ခန္ဓာကိုယ်ကို ထိုးဖောက်ပြီး သွေးအဆီအနှစ်ကို စုပ်ယူနေသည်။

ဓားကို ဆွဲထုတ်လိုက်သောအခါ သူ၏ ဒဏ်ရာကို မကုသနိုင်ခဲ့ပေ။

သူက အစစ်အမှန်ဝိညာဉ်အဆင့် ဖြစ်ပြီး မဟာတောရိုင်းကမ္ဘာ၏ ထိပ်ဆုံးတွင် ရှိနေသည်။ ပုရွက်ဆိတ်နှင့်တူသော အဆီအနှစ်ဝိညာဉ်များကဲ့သို့ မဟုတ်ပေ။

အစစ်အမှန်ဝိညာဉ်အဆင့်တွင် ခန္ဓာကိုယ်ကို တိကျစွာ ထိန်းချုပ်နိုင်သည်။

သို့သော် သူက ဒဏ်ရာမှတစ်ဆင့် ထွက်ခွာနေသော အသက်စွမ်းအားကို မတားဆီးနိုင်ခဲ့ပေ။

သူက ထိတ်လန့်နေပြီး ကြောက်ရွံ့နေသော မျက်လုံးများဖြင့် နောက်ဆုတ်သွားသည်။

ဟန်မူယဲ့က လက်ထဲတွင်ရှိသော ဓားကို ဖြည်းဖြည်းချင်း ကြည့်သည်။

အင်းကွက်တစ်ရာကြောင့် ချိပ်ပိတ်ခံထားရသော ဓားသည် မာကျောရုံသာ မဟုတ်ပေ။

စိတ်ကူးမယဉ်နိုင်သော စွမ်းအားကိုလည်း သယ်ဆောင်ထားသည်။

သို့သော် ထိုစွမ်းအားကို သူက လက်ရှိအချိန်တွင် မသုံးနိုင်သောကြောင့် ဓားကိုယ်တိုင်က အသုံးပြုနေသည်။

ဥပမာအနေဖြင့် ဓားသည် ပြိုင်ဘက်၏ ချပ်ဝတ်ကို အလိုလျောက် ထိုးဖောက်လိမ့်မည်။

ဓားက ရန်သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသောအခါတွင် အသက်သွေးကို စုပ်ယူလိမ့်မည်။

ဓားကြောင့် ဖြစ်ပေါ်လာသော ဒဏ်ရာကို မကုသနိုင်ပေ။

“ဓားကောင်းတစ်လက်ပဲ”

ဟန်မူယဲ့က ရယ်လိုက်ပြီး ဓားကို ဝှေ့ယမ်းသည်။ ဓားသည် သူ့လက်ထဲမှ ထွက်သွားပြီး လျင်မြန်စွာ လှုပ်ရှားနေသည်။

“ခလွမ် ....”

ဓားမော့နှင့်လူအိုကြီးက ဓားကို တားဆီးလိုက်သည်။ ဓားက ပျောက်ကွယ်သွားပြီး ပုဆိန်နှင့် လူသန်ကြီးတစ်ယောက်ကို ထိုးစိုက်သည်။

လူသန်ကြီးက ပုဆိန်ကို ဝှေ့ယမ်းလိုက်သည်။ ဓားရှည်က လေထုထဲတွင် ပျံဝဲနေပြီး သိပ်မဝေးသောနေရာတွင် သတိထားနေသော ဓားရှည်နှင့် အစစ်အမှန်ဝိညာဉ်အဆင့် လူတစ်ယောက်၏ ခြေထောက်ကို ထိုးဖောက်သည်။

“အဲဒီဓားက မကောင်းဆိုးဝါးပဲ”

ဓားက အသက်သွေးကို စုပ်ယူသွားသောကြောင့် အစစ်အမှန်ဝိညာဉ်အဆင့် ကျင့်ကြံသူက ထိတ်လန့်နေသည်။

ချက်ချင်းဆိုသလိုပင် အစစ်အမှန်ဝိညာဉ်အဆင့် ခြောက်ယောက်တွင် နှစ်ယောက်က ဒဏ်ရာရသွားသည်။

သူတို့၏ ဒဏ်ရာက မပြင်းထန်သော်လည်း သူတို့က ထိတ်လန့်နေသည်။

အောက်တွင်ရှိသော နှစ်ဖက်လုံး၏ စစ်သည်များက ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။

ရွှေကျီးကန်းမျိုးနွယ်၏ အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူက လူသားများ၏ အစစ်အမှန်ဝိညာဉ်အဆင့် ခြောက်ယောက်နှင့် တိုက်ခိုက်ပြီး နှစ်ယောက်ကို ဒဏ်ရာရစေခဲ့သည်။

‘ဒါက ဘယ်လိုကျွမ်းကျင်သူမျိုးလဲ’

“ဘုန်း ....”

အစစ်အမှန်ဝိညာဉ် ပင့်ကူပုံရိပ် ပေါ်ထွက်လာသည်။

ပင့်ကူက ပိုးမျှင်များကို ပစ်ထုတ်ပြီး ဓားရှည်ကို ရစ်ပတ်သည်။

တခြားလူများကလည်း လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး အစစ်အမှန်ဝိညာဉ်စွမ်းအားဖြင့် ဓားရှည်ကို တားဆီးသည်။

ဓားရှည်က ဆက်တိုက် လှုပ်ရှားနေသော်လည်း တစ်လွှာပြီးတစ်လွှာ ရစ်ပတ်ထားသောကြောင့် ဖြည်းဖြည်းချင်း နှေးကွေးလာသည်။

ဟန်မူယဲ့က အမျိုးမျိုးသော ဓားနည်းစနစ်များကို ထုတ်သုံးခဲ့သည်။ သို့သော် ဓားရှည်က မလွတ်မြောက်နိုင်ပေ။

ထိုမြင်ကွင်းကြောင့် လူသားမျိုးနွယ်၏ အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။

တစ်ဖက်လူက ဓားကောင်းတစ်လက်ကို ရလာသည်။

ထိုလူက ကံကောင်းခြင်းတချို့နှင့် ကြုံတွေ့ပြီး လျင်မြန်စွာ တိုးတက်လာသည်ဟု အထင်မှားနေခဲ့သည်။

“ဟားဟား၊ ဓားကို ဖမ်းလိုက်ပြီ”

“ဒီဓားက ရတနာတစ်ပါးပဲ ဖြစ်ရမယ်”

သူတို့က အော်ဟစ်လိုက်ပြီး ဓားကို ဆုပ်ကိုင်ရန် ကြိုးစားနေကြသည်။

“ဝီ”

ဟန်မူယဲ့၏နောက်တွင် ရွှေအလင်းဖြင့် လွှမ်းခြုံထားသော ရှန်းကျန်းယွီက ရှေ့တက်လာသည်။

ကျူးချန်ယန်က နောက်မှ လျင်မြန်စွာ လိုက်လာခဲ့သည်။

ယခုအချိန်တွင် ရွှေအလင်းသည် သူတို့နှစ်ယောက်လုံးကို လွှမ်းခြုံထားသည်။ ရွှေကျီးကန်းပုံရိပ်သည် သူတို့၏ ဦးခေါင်းထက်တွင် လွင့်မျောနေပြီး အစစ်အမှန်ဝိညာဉ်အရိုးကို ထောက်ပံ့ပေးထားသည်။

သူတို့က အစစ်အမှန်ဝိညာဉ်အရိုးကို သန့်စင်ရမည်။

“အရင်ဆုံး ပြန်သွားပြီး အရိုးကို သန့်စင်ရအောင်”

ဟန်မူယဲ့က အော်ပြောလိုက်သည်။

ရှန်းကျန်းယွီက ကြောင်အနေပြီး အနက်ရောင်ဓားရှည်ကို ညွှန်ပြသည်။

“မင်းရဲ့ဓား”

ဟန်မူယဲ့က ရယ်လိုက်ပြီး ဓားရှည်ကို ကြည့်သည်။

“ဓားလား”

“ဘာဓားလဲ”

ထိုအရာသည် ဓားမဟုတ်ပေ။

သူ၏ အစစ်အမှန်ဝိညာဉ်အရိုး ဖြစ်သည်။

ဓားသည် ထိန်းချုပ်မှု လွတ်သွားနိုင်သည်။ သို့သော် အစစ်အမှန်ဝိညာဉ်အရိုးကတော့ ထိန်းချုပ်မှုလွတ်သွားရန် မဖြစ်နိုင်ပေ။

ဟန်မူယဲ့က ပေါ့ပါးစွာ ရယ်လိုက်ပြီး ချုပ်နှောင်ခံထားရသော ဓားရှည်သည် အလင်းရောင်ကို ထုတ်လွှတ်သည်။

ရွှေရောင်အင်းကွက်များ ပေါ်ထွက်လာပြီး ဓားရှည်ကို လှည့်ပတ်၍ ပျံသန်းနေကြသည်။

“ဒါ .... ဒါက အစစ်အမှန်ဝိညာဉ် ....”

ပိုးမျှင်များကို ထိန်းချုပ်ထားသော လူအိုကြီးက ထိတ်လန့်စွာ ပြောသည်။

သို့သော် အင်းကွက်များက ဓားရှည်နှင့် ပေါင်းစပ်ပြီး ဖျတ်ခနဲ သူ၏ လည်ပင်းကို ဖြတ်တောက်သည်။

“ဘုန်း”

အဆုံးမရှိသော ရွှေအလင်းသည် ခမ်းနားသော အစစ်အမှန်ဝိညာဉ်စွမ်းအားနှင့်အတူ ပေါက်ကွဲထွက်လာသည်။

ဟန်မူယဲ့၏ အလစ်တိုက်ခိုက်မှုသည် အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူကို တိုက်ရိုက် သတ်ဖြတ်ခဲ့သည်။

အစစ်အမှန်ဝိညာဉ်အဆင့် ခြောက်ယောက်၏ တိုက်ခိုက်မှုအောက်တွင် ဟန်မူယဲ့က တစ်ယောက်ကို သတ်နိုင်ခဲ့သည်။

အလစ်တိုက်ခိုက်မှု ဖြစ်နေလျှင်ပင် သူ၏ ခွန်အားကို ဖော်ပြနိုင်သည်။

“ဘုန်း”

အစစ်အမှန်ဝိညာဉ်စွမ်းအားသည် ပတ်ဝန်းကျင်တွင် ပြန့်ကျဲနေသည်။ ပေါက်ကွဲလာသော ရွှေအလင်းက အလွန်တောက်ပပြီး တိုက်ရိုက်ကြည့်ရန် မဖြစ်နိုင်ပေ။

All Chapters