← Chapters

အခန်း (၁၁၄၄)

Vol. 82 Ch. 1144

အခန်း (၁၁၄၄)

Vol. 82 Ch. 1144

ရှန်းကျန်းယွီအပြင် ရွှေရောင်ပုံရိပ်များလည်း ဆင်းသက်လာကြသည်။

သူတို့အားလုံးသည် အစစ်အမှန်ဝိညာဉ်အရိုး၏ စွမ်းအားကို ထုတ်လွှတ်နေသည်။

အစစ်အမှန်ဝိညာဉ်အရိုး တစ်ခု ....

ဆယ်ခု ....

တစ်ရာ ....

တစ်ထောင် ....

တစ်သောင်း ဖြစ်သည်။

အဆီအနှစ်ဝိညာဉ် နဝမအဆင့်တွင်ရှိသော ရွှေကျီးကန်းလက်ရွေးစင် တစ်သောင်းသည် အစစ်အမှန်ဝိညာဉ်အရိုးနှင့် ပေါင်းစပ်ပြီး အစစ်အမှန်ဝိညာဉ် တစ်ဝက်အဆင့် ဖြစ်လာကြသည်။

အစစ်အမှန်ဝိညာဉ် တစ်ဝက်အဆင့် ရွှေကျီးကန်းလက်ရွေးစင်တစ်သောင်းက အစစ်အမှန်ဝိညာဉ်အဆင့် လူသားမည်မျှကို ဖိနှိပ်နိုင်မည်နည်း။

“ဘုန်း”

ဓားရှည်ကိုင်ထားသော ဟန်မူယဲ့နှင့် ကျူးချန်ယန်က ပျံသန်းလာခဲ့သည်။ သူတို့က အားကောင်းသော သတ်ဖြတ်လိုစိတ်ကို ထုတ်လွှတ်နေသည်။

“အကြီးအကဲတို့၊ ရွှေကျီးကန်းလျှို့ဝှက်နယ်မြေကို ခိုးဝင်လာတဲ့ လူသားမျိုးနွယ်ရဲ့ အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူရှစ်ယောက်နဲ့ စစ်သည်တစ်သိန်းကို သတ်ဖြတ်လိုက်ပါပြီ”

ဟန်မူယဲ့၏စကားသံသည် ကြမ်းတမ်းသောအရှိန်အဝါကို သယ်ဆောင်ထားသည်။

ယခုအကြိမ်တွင် လျှို့ဝှက်နယ်မြေမှ ထွက်လာသော ကျွမ်းကျင်သူများအားလုံးသည် သတ်ဖြတ်လိုစိတ်ကို ထုတ်လွှတ်နေကြသည်။

သူတို့က ယခုလေးတင် သတ်ဖြတ်ခဲ့သောကြောင့် ပုံမှန်ပင် ဖြစ်သည်။

စစ်သည်တစ်သိန်းနှင့် အစစ်အမှန်ဝိညာဉ်အဆင့် လူသားရှစ်ယောက်က အသတ်ခံလိုက်ရသည်။

ရွှေကျီးကန်းလျှို့ဝှက်နယ်မြေသို့ ခိုးဝင်လာသော လူသားများအားလုံး သေဆုံးသွားကြသည်။

ရှန်းယွဲ့နှင့် တခြားလူများက မနေနိုင်တော့ဘဲ ရယ်လိုက်ကြသည်။

လေထုထဲတွင် အဆုံးမရှိသော ရွှေကျီးကန်းစွမ်းအင်လှိုင်းများ ပေါ်ထွက်လာသည်။

ကောင်းကင်နှင့်မြေကြီးသည် ရွှေအလင်းဖြင့် တောက်ပနေသည်။

“အကြီးအကဲတို့၊ ရှေးခေတ်မှတ်တမ်းတွေအရဆိုရင် အစစ်အမှန်ဝိညာဉ်အရိုး တစ်သောင်းနဲ့ ရွှေကျီးကန်းခုံရုံးရဲ့ အကာအကွယ်အစီအရင်ကို အသက်သွင်းနိုင်ပါတယ်”

ဟန်မူယဲ့က လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး ပြောလိုက်သည်။

“ကျွန်တော်တို့ အသက်သွင်းကြမလား”

အစစ်အမှန်ဝိညာဉ်အရိုး တစ်သောင်းသည် အစစ်အမှန်ဝိညာဉ်အဆင့် တစ်သောင်းနှင့် ညီမျှသည်။

အတိတ်တွင် ရွှေကျီးကန်းခုံရုံးက မည်မျှ သန်မာခဲ့သနည်း။

“အသက်သွင်းမယ်”

ရှန်းယွဲ့က တုံ့ဆိုင်းမနေဘဲ အော်ပြောလိုက်သည်။

သူ့စကားအဆုံးတွင် ဟန်မူယဲ့က လက်ထဲတွင်ရှိသော အနက်ရောင်ဓားဖြင့် ခုတ်ချသည်။

“ဘုန်း ....”

ဓားရှည်သည် အောက်တွင်ရှိသော ကျောက်ဆောင်ကို ထိုးခွဲလိုက်ပြီး မရေမတွက်နိုင်သော ကျောက်ခဲများကို ပြုတ်ကျလာစေသည်။

အပျက်အစီးများကြားတွင် ရွှေအလင်းပေါ်ထွက်လာပြီး သွယ်ယှက်နေသည်။

ကောင်းကင်ထက်တွင် အစစ်အမှန်ဝိညာဉ်အရိုး တစ်သောင်းသည် ရွှေအလင်းများနှင့် ပေါင်းစပ်သွားသည်။

သူတို့က ပြဇာတ်တစ်ပုဒ်ကို ညွှန်းဆိုနေပုံရသည်။

ရွှေကျီးကန်းခုံရုံး၏ ဂုဏ်ကျက်သရေကို ပြန်လည်ဖော်ပြနေသည်။

“ဘုန်း”

ရွှေရောင်ဝင်္ကပါများသည် တစ်ခုပြီးတစ်ခု အသက်ဝင်လာသည်။

ရွှေကျီးကန်းဦးခေါင်းနှင့် လူသားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော ရွှေရောင်ချပ်ဝတ် လူသန်ကြီးများကို ဖန်တီးလိုက်သည်။

ထိုလူသန်ကြီးများက လူသားစစ်တပ်ဆီသို့ ပြေးဝင်သွားကြသည်။

သူတို့သည် ရွှေကျီးကန်းခုံရုံး၏ နောက်ဆုံးဂုဏ်ကျက်သရေ ဖြစ်သည်။

ရွှေကျီးကန်းခုံရုံးသည် မတည်ရှိတော့ပေ။

“သတ်”

ရှန်းယွဲ့က မျက်ရည်များစီးကျနေပြီး အော်ဟစ်လိုက်သည်။

“သတ်”

မရေမတွက်နိုင်သော ရွှေကျီးကန်းမျိုးနွယ်ဝင်များက အော်ဟစ်လိုက်ပြီး ကောင်းကင်ထက်တွင် ပျံသန်းလာသည်။

အစစ်အမှန်ဝိညာဉ်အရိုးများက တုန်ခါနေကြသည်။

ရှေးခေတ်၏ ရွှေကျီးကန်းဘိုးဘေးများက ပြန်ရောက်လာပြီး မျိုးဆက်သစ်များနှင့်အတူ ရန်သူကို တိုက်ခိုက်နေပုံပေါ်သည်။

“ဘုန်း”

စစ်တပ်ဝင်္ကပါတစ်ခုက ချက်ချင်းပျက်စီးသွားသည်။

ကောင်းကင်ဖိနှိပ်ဘုရင် ယန်ကျန်းက အံကြိတ်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်သည်။

သူက အစစ်အမှန်ဝိညာဉ်အရိုးတစ်သောင်းကို မြင်နေရသည်။ ထို့အပြင် ဓားရှည်ကိုင်ထားသော ဟန်မူယဲ့ကိုလည်း မြင်ရသည်။

အရာအားလုံးကို အစစ်အမှန်ဝိညာဉ်အဆင့်သို့ စတင်ဝင်‌ရောက်လာသော ထိုလူငယ်က လုပ်သွားခဲ့သည်။

ယန်ကျန်းက ပျံသန်းလိုက်ပြီး ဓားမော့ဖြင့် ဟန်မူယဲ့ကို ခုတ်ချသည်။

သူ့ကို အာရုံစိုက်နေသော ရှန်းချီယုက ရှေ့တက်လာပြီး တားဆီးသည်။

သို့သော် ရှန်းချီယုက ဓားမော့ကို မခုခံနိုင်ဘဲ တွန်းထုတ်ခံလိုက်ရသည်။

ဟန်မူယဲ့က အော်ပြောသည်။

“အကြီးအကဲတို့၊ ရန်သူကို သတ်ဖြတ်ဖို့ ကူညီပေးပါ”

သူ့စကားကြောင့် အဆုံးမရှိသော ရွှေကျီးကန်းအလင်းရောင်သည် သူ့ကို လွှမ်းခြုံသွားသည်။

ကမ္ဘာဦးချပ်ဝတ်သည် သူ့ခန္ဓာကိုယ်တွင် ပေါ်လာသည်။ ထို့နောက် အစစ်အမှန်ဝိညာဉ်အရိုး တစ်သောင်း၏ ရွှေအလင်းများသည် သူ့၏ နောက်ကျောတွင် ရွှေကျီးကန်းတောင်ပံတစ်စုံအဖြစ် စုစည်းသွားသည်။

ရွှေကျီးကန်းသွေးမျိုးဆက်ကို တိုးမြှင့်ပေးခဲ့သည်။

ဟန်မူယဲ့က ပျံသန်းလိုက်ပြီး ဓားမော့အလင်းနှင့် ရင်ဆိုင်သည်။

“ဘုန်း”

ဓားမော့အလင်းက ပျက်စီးသွားသည်။

ဟန်မူယဲ့၏ဓားထက် မာကျောသောအရာ မရှိနိုင်ပေ။

ဓားရှည်ကို ခြေသုံးချောင်းရွှေကျီးကန်း၏ အင်းကွက်တစ်ရာဖြင့် အားဖြည့်ပေးထားသည်။

သူ၏ ဓားရှည်သည် မဟာတောရိုင်းကမ္ဘာတွင် အမာကျောဆုံးလက်နက် ဖြစ်သည်ဟု ပြောနိုင်သည်။

ထို့ကြောင့် ယန်ကျန်း၏ ဓားမော့အလင်းကို ဖျက်ဆီးနိုင်ခဲ့သည်။

ဟန်မူယဲ့က ရှေ့ဆက်ပျံသန်းသွားသည်။

ယန်ကျန်းက အံ့အားသင့်နေသော်လည်း နှာမှုတ်လိုက်ပြီး ဓားမော့ဖြင့် ဆက်ခုတ်ချသည်။

ဓားနှင့်ဓားမော့က ထိတွေ့သွားသည်။

ဟန်မူယဲ့က ပေတစ်ထောင်အထိ နောက်ဆုတ်ပေးလိုက်ရသည်။ သူ့နောက်ကျောတွင်ရှိသော တောင်ပံက ပေါက်ကွဲသွားပြီး ဖြူဖျော့နေသော မျက်နှာဖြင့် သွေးတစ်လုပ်အန်ထုတ်သည်။

အစစ်အမှန်ဝိညာဉ် တတိယအဆင့်ကို စိန်ခေါ်လိုက်သည့်အတွက် တန်ဖိုးတစ်ခု ပေးဆပ်ရမည်။

ဤကမ္ဘာတွင် အစစ်အမှန်ဝိညာဉ် တတိယအဆင့်သည် အသန်မာဆုံးဖြစ်သည်။

သို့သော် သွေးအန်ထုတ်နေသော ဟန်မူယဲ့က ကျယ်လောင်စွာ ရယ်လိုက်သည်။

ဓားမော့ကိုင်ထားသော ယန်ကျန်း၏ မျက်နှာထားက မည်းမှောင်နေသည်။

သူက ဟန်မူယဲ့ကို တစ်ချက်တည်း မသတ်နိုင်သောကြောင့် မဟုတ်ပေ။ သူ၏ ဓားမော့တွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာသောကြောင့် ဖြစ်သည်။

သူ၏ ဓားမော့သည် အစစ်အမှန်လက်နက် ဖြစ်သည်။

ထို့အပြင် အင်းကွက်သုံးဆယ်လည်း ပါဝင်သည်။

ထိုအစစ်အမှန်လက်နက်သည် သူ၏ တိုက်ခိုက်နိုင်စွမ်းကို နှစ်ဆတိုးလာစေသည်။ သို့သော် လွယ်ကူစွာ အက်ကွဲသွားခဲ့သည်။

“သတ်”

ဟန်မူယဲ့က ဓားကိုင်ထားပြီး အော်ဟစ်လိုက်သည်။

“သတ်”

မရေမတွက်နိုင်သော ‌ရွှေကျီးကန်းမျိုးနွယ်ဝင်များက ဟိန်းဟောက်လိုက်သည်။

“သတ်”

နတ်ဘုရားခုံရုံးက အချိန်ကိုဖြတ်ကျော်ပြီး အသံပေးလိုက်ပုံရသည်။

မရေမတွက်နိုင်သော ရွှေကျီးကန်းကျွမ်းကျင်သူများက ဟိန်းဟောက်နေကြသည်။

ဟန်မူယဲ့နှင့်အတူ ရန်သူကို သတ်ဖြတ်တော့မည်ဟု ထင်ရသည်။

ရွှေကျီးကန်းခုံရုံးသည် သူတို့အားလုံးကို ကာကွယ်ထားသည်။

“ဘုန်း”

ပေတစ်သောင်းကြီးမားသော ရွှေကျီးကန်းဦးခေါင်းနှင့် လူသားခန္ဓာကိုယ်ပုံရိပ်တစ်ခုက ပြိုကွဲသွားသည်။

သို့သော် ထိုပုံရိပ်က အနည်းဆုံး လူသားစစ်သည်တစ်သိန်းကို သတ်ဖြတ်သွားခဲ့သည်။

“ဘုန်း”

နောက်ထပ် ပုံရိပ်တစ်ခုက ပေါက်ကွဲသွားပြီး အစစ်အမှန်ဝိညာဉ်အဆင့် လူသားတစ်ယောက်၏ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်လိုက်သည်။

ပိုမိုများပြားသော ပုံရိပ်များက ပြေးထွက်လာကြသည်။

အစစ်အမှန်ဝိညာဉ်အရိုး တစ်သောင်းသည် စွမ်းအားများကို ထောက်ပံ့ပေးနေသည်။

ယန်ကျန်းက အော်ဟစ်တော့မည့်အချိန်တွင် ရှန်းယွဲ့နှင့် ရှန်းချီယုက တစ်ပြိုင်နက် ရောက်လာသည်။

ဓားမော့မရှိလျှင် သူက ရွှေကျီးကန်းကျွမ်းကျင်သူများနှင့် အတူတူလောက်သာဖြစ်သည်။

ရွှေကျီးကန်းမျိုးနွယ်ဝင်များသည် လူသားများထက် ပိုမိုသန်မာကြသည်။

အစစ်အမှန်ဝိညာဉ် တတိယအဆင့်တွင်ရှိသော လူသားနှစ်ယောက်က ပြေးထွက်လာကြသည်။ သူတို့က ကျန်းယန်နှင့် ပူးပေါင်းပြီး ရှန်းယွဲ့နှင့် ရှန်းချီယုကို ခုခံနေခဲ့သည်။

ထို့ကြောင့် စစ်မြေပြင်က ဖရိုဖရဲဖြစ်နေပြီး သူတို့က စစ်တပ်များကို အမိန့်မပေးနိုင်တော့ပေ။

တခြားအစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများက အစစ်အမှန်ဝိညာဉ် တစ်ဝက်အဆင့် ရွှေကျီးကန်းလက်ရွေးစင်တစ်သောင်း၏ ဝိုင်းရံတိုက်ခိုက်မှုကြောင့် ထွက်ပြေးနေရသည်။

လူသားစစ်တပ်ကလည်း ဖြည်းဖြည်းချင်း နောက်ဆုတ်သွားသည်။

သူတို့က မခုခံနိုင်တော့ပေ။

ဟန်မူယဲ့က ကျယ်လောင်စွာ အော်ဟစ်သည်။

မရေမတွက်နိုင်သော ရွှေကျီးကန်းပုံရိပ်များသည် လောကကို လောင်ကျွမ်းနေပုံရသည်။

ဟန်မူယဲ့က နေရာတွင် ရပ်နေပြီး အလင်းစက်ကွင်းများကို ထုတ်လွှတ်သည်။

မီးစည်းမျဉ်း ....

စတေးခြင်းစည်းမျဉ်း ....

သတ္တိစည်းမျဉ်း ....

စည်းမျဉ်းသုံးခုသည် အလင်းစက်ကွင်းသုံးခုအဖြစ် ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည်။

ထိုစွမ်းအားများက သူ့ခန္ဓာကိုယ်ကို သွယ်ယှက်နေသောကြောင့် သူက ကောင်းကင်နှင့်မြေကြီး၏ အဆီအနှစ်စွမ်းအားထဲတွင် ရှိနေသည်ဟု ခံစားရသည်။

သူ့ခန္ဓာကိုယ်က မယုံကြည်နိုင်အောင် ပြောင်းလဲသွားသည်။

ဤကမ္ဘာနှင့် ဆက်သွယ်မှုပိုများလာသည်။

ထိုဖြစ်ရပ်၏ ကောင်းကျိုး၊ ဆိုးကျိုးကို ဟန်မူယဲ့က သေချာမသိပေ။

သို့သော် စည်းမျဉ်းများက ပိုမိုသန့်စင်လာသည်ဟု ခံစားရသည်။

“ဘုန်း”

ယန်ကျန်း၏ လက်သီးချက်ကြောင့် နောက်ဆုတ်ပေးလိုက်ရသော ရှန်းယွဲ့က ကျယ်လောင်စွာ ရယ်မောသည်။

ယန်ကျန်းက လှံတစ်လက်ကိုင်ထားပြီး မျက်နှာထားပြောင်းလဲသွားသည်။

သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ မရေမတွက်နိုင်သော စစ်တပ်များက ရှင်းထုတ်ခံလိုက်ရသည်။

ယခုအချိန်တွင် ထွက်မသွားလျှင် သူ၏ စစ်တပ်တစ်ခုလုံး ပျောက်ကွယ်သွားလိမ့်မည်။

“နောက်ဆုတ်”

သူက အံကြိတ်ထားပြီး အော်ပြောသည်။

အစစ်အမှန်ဝိညာဉ် တတိယအဆင့် လူသားနှစ်ယောက်က သူ့နောက်တွင် နီးကပ်စွာ လိုက်လာသည်။

ကျန်ရှိနေသော အစစ်အမှန်ဝိညာဉ်အဆင့် လူသားများက စစ်မြေပြင်မှ ဖြည်းဖြည်းချင်း ဆုတ်ခွာလာကြသည်။

အနည်းဆုံး လူသားမျိုးနွယ်၏ အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူဆယ်ယောက် သေဆုံးသွားခဲ့သည်။

ကျဆုံးသွားသော စစ်သည်များကိုတော့ မရေတွက်နိုင်တော့ပေ။

စစ်တပ်ကို ပြန်လည်စုစည်းလိုက်သောအခါတွင် အနည်းဆုံး စစ်သည်တစ်သန်း ပျောက်ကွယ်သွားခဲ့သည်။

ယန်ကျန်းက တစ်ကိုယ်လုံးတုန်ခါနေပြီး လက်သီးဆုပ်ထားသည်။

“ရွှေကျီးကန်းမျိုးနွယ်၊ မင်းတို့ စောင့်နေလိုက်”

တစ်ဖက်တွင် ရွှေကျီးကန်းမျိုးနွယ်ဝင်များက စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြသည်။

မရေမတွက်နိုင်သော ရွှေအလင်းစီးကြောင်းများသည် ကောင်းကင်တွင် ပေါ်ထွက်လာသည်။

ထိုရွှေအလင်းတိုင်းသည် အစစ်အမှန်ဝိညာဉ် တစ်ဝက်အဆင့် ကျွမ်းကျင်သူများကို ကိုယ်စားပြုသည်။

“သွားကြစို့”

ယန်ကျန်းက လှည့်ထွက်သွားသည်။

All Chapters