← Chapters

အခန်း (၁၁၄၆)

Vol. 82 Ch. 1146

အခန်း (၁၁၄၆)

Vol. 82 Ch. 1146

ရှကြွယ်က မဟာရှနတ်ဘုရားမီးပြင်းဖို၏ ရွှေကျီးကန်းမီး‌တောက်ကို သန့်စင်ထားသောကြောင့် အကြီးအကဲများ၏ မီးတောက်ထက် ပိုမိုအားကောင်းသော ရွှေကျီးကန်းမီးတောက်ကို ပိုင်ဆိုင်ထားသည်။

အရေးအကြီးဆုံးအနေဖြင့် နတ်ဘုရားမီးပြင်းဖိုမှ ရွှေကျီးကန်းသည် အရာအားလုံးအား ဖျက်ဆီးနိုင်သော ရွှေကျီးကန်းဓားရှည်ကို ရှကြွယ်ဆီသို့ ပေးအပ်ခဲ့သည်။

ရှကြွယ်က လွန်ခဲ့သောနှစ်ပေါင်းသုံးရာတွင် ကျင့်ကြံရာမှ ထွက်လာပြီး ပြိုင်ဘက်ကင်းသည်ဟု ပြောနိုင်သည်။

ရွှေကျီးကန်းမျိုးဆက်သစ်တွင် သူနှင့် ယှဉ်နိုင်‌သောလူ မရှိပေ။

ရှန်းကျန်းယွီကပင် ရှကြွယ်ထက် နိမ့်ကျသည်ဟု ဝန်ခံခဲ့သည်။

သို့သော် ဟန်တောင်တန်းကလန်ခေါင်းဆောင်နှင့် မတိုက်ခိုက်လျှင် နံပတ်တစ်မျိုးဆက်သစ်ကို သေချာမသိနိုင်ဟု တချို့က ပြောကြသည်။

အဘယ်ကြောင့်ဆို‌သော် လျှို့ဝှက်နယ်မြေမှ ထွက်လာပြီး အဆင့်တက်သွားသော အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများ၏ နှလုံးသားထဲတွင် ဟန်မူယဲ့က နံပတ်တစ် ဖြစ်နေသည်။

ထိုကိစ္စနှင့်ပတ်သတ်၍ မဟာရှကလန်၏ လူများက မကျေနပ်ကြပေ။

ထို့ကြောင့် ရှကြွယ်ကို ဟန်တောင်တန်းသို့ သွား‌ရောက်ပြီး ဟန်မူယဲ့နှင့် တိုက်ခိုက်ကြည့်ရန် ပြောကြသည်။

ရှကြွယ်က အမှန်တကယ်ပင် ဟန်တောင်တန်းသို့ သွားခဲ့သည်။

သို့သော် ဟန်မူယဲ့နှင့် မတိုက်ခိုက်ခဲ့ပေ။

သူက ဟန်မူယဲ့နှင့် အချိန်အတော်ကြာအောင် စကားပြောပြီး ဟန်တောင်တန်းမှ သခင်လေးစီယွမ် ပြုလုပ်ထားသော ချပ်ဝတ်တစ်ခုကို လက်ဆောင်ရခဲ့သည်။

ထိုချပ်ဝတ်ကို မဟာတောရိုင်းရွှေကျီးချပ်ဝတ်ဟု ခေါ်ပြီး စီယွမ်ကိုယ်တိုင် ဖန်တီးထားခဲ့သည်။

ထိုချပ်ဝတ်က ရွှေကျီးကန်းမျိုးနွယ်ဝင်များ၏ သွေးမျိုးဆက်စွမ်းအားနှင့် မီးတောက်စွမ်းအားကို လှုံ့ဆော်ပေးနိုင်သည်။

ထိုချပ်ဝတ်ကြောင့် ရှကြွယ်၏ တိုက်ခိုက်နိုင်စွမ်းက နှစ်ဆတိုးလာသည်။

အပြင်လူများကတော့ ရှကြွယ်နှင့် ဟန်မူယဲ့၏ ဆွေးနွေးပွဲကို သိပ်မသိကြပေ။

သူတို့က တိုက်ပွဲသတင်းကိုလည်း မကြားရပေ။

အဘယ်ကြောင့်ဆိုသော် ရှကြွယ်က အံ့ဖွယ်ကိုးပါးဓားစံအိမ်၏ ဓားထိန်း လင်းရှန် ဖြစ်နေသည်။

ဟန်မူယဲ့က လင်းရှန်၏ ပြောင်းလဲမှုကို မြင်ရသောအခါတွင် ခံစားချက်များဖြင့် သက်ပြင်းချသည်။ လင်းရှန်က အလွန်ကံကောင်းနေသည်။

သူက လင်းရှန်နှင့်တွေ့ရန်အတွက် သီးသန့်ကျင့်ကြံနေရာမှ ထွက်လာခဲ့သည်။

လင်းရှန်က ဟန်မူယဲ့ဆီသို့ ရောက်လာသောအချိန်တွင် မှတ်ဉာဏ်များကို ပြန်ရထားသည်။

သူက နတ်ဘုရားမီးပြင်းဖိုထဲတွင် တိုးတက်လာအောင် ကျင့်ကြံနေသောအချိန်တွင် ယခင်ဘဝ၏ မှတ်ဉာဏ်များကို နိုးထစေခဲ့သည်။

မိတ်ဆွေဟောင်းများ ပြန်တွေ့သောအခါ အတိတ်ကို သတိရပြီး ခံစားနေရသည်။

လင်းရှန်က မဟာတောရိုင်းကမ္ဘာ၏ ကျင့်ကြံမှုများကို အပြင်လောကသို့ ယူသွားနိုင်မည်မဟုတ်ပေ။ သို့သော် ဉာဏ်အလင်းများကတော့ ဆက်ရှိနေလိမ့်မည်။

ရှကြွယ်က မဟာတောရိုင်းရွှေကျီးချပ်ဝတ်ဖြင့် ရှေ့တန်းသို့ ပြန်ရောက်သွားပြီး ပြိုင်ဘက်ကင်းနေသည်။

လွန်ခဲ့သော နှစ်ပေါင်းငါးရာတွင် ဟန်တောင်တန်းရွှေကျီးကလန်က နှိမ့်ချစွာ နေခဲ့သည်။

အထူးသဖြင့် ခေါင်းဆောင်ဟန်က အပြင်ဘက်တွင် တစ်ခါမှ ပေါ်မလာခဲ့ပေ။

လျှို့ဝှက်နယ်မြေနှင့် ခုံးရုံးတွင် ဟန်မူယဲ့၏ ဆောင်ရွက်ချက်များကို လူတိုင်းက ဖုံးကွယ်ထားလိုက်သည်။

ထိုသို့ ပြိုင်ဘက်ကင်းသော ပါရမီရှင်တစ်ယောက်ကို ထုတ်ပြောလိုက်လျှင် မကောင်းပေ။

လူသားမျိုးနွယ်က ဟန်မူယဲ့၏အကြောင်းကို သိထား‌သော်လည်း တိတ်ဆိတ်စွာ နေခဲ့သည်။

သူတို့က နှစ်ပေါင်းများစွာကြာအောင် အစီအစဉ်ချပြီး နေဖမ်းပွဲတွင် ရွှေကျီးကန်းလျှို့ဝှက်နယ်မြေကို တစ်ခါတည်းဖျက်ဆီးလျက် အစစ်အမှန်ဝိညာဉ်အရိုးများကို သိမ်းယူရန် ကြံစည်ထားသည်။

သို့သော် လျှို့ဝှက်နယ်မြေသို့ ခိုးဝင်သွားသော စစ်သည်တစ်သိန်းနှင့် အစစ်အမှန်ဝိညာဉ်အဆင့် လူသားရှစ်ယောက် ကျဆုံးသွားခဲ့သည်။

ထို့နောက် ရွှေကျီးကန်းခုံရုံးတွင်လည်း ရှုံးနိမ့်လာခဲ့သည်။

ထိုဖြစ်ရပ်သည် ကောင်းကင်တစ်သောင်းတိုင်းပြည်၏ ဂုဏ်သတင်းကို ထိခိုက်စေမည်ဖြစ်သောကြောင့် သူတို့က ထုတ်မပြောကြပေ။

ထို့ကြောင့် လွန်ခဲ့သောနှစ်များတွင် ဟန်မူယဲ့က ဟန်တောင်တန်းတွင် တိတ်ဆိတ်စွာ ကျင့်ကြံနိုင်ခဲ့သည်။

သို့သော် ဟန်တောင်တန်းကလန်၏ တိုးတက်မှုကြောင့် တခြားမျိုးနွယ်များက အာရုံစိုက်ထားကြသည်။

ဟန်တောင်တန်းကလန်သည် မိုင်ထောင်ချီပတ်ဝန်းကျင်ကို လွှမ်းခြုံထားသော မြို့ကြီးတစ်မြို့ ဖြစ်လာသည်။

မဟာတောရိုင်းကမ္ဘာမှ မျိုးနွယ်စုအသီးသီး၏ အရင်းအမြစ်များသည် ဤနေရာတွင် စုစည်းနေကြသည်။

မရေမတွက်နိုင်သော ကုန်သည်များက မြို့ကို နေ့စဉ် ဝင်ထွက်နေကြသည်။

ပန်းပဲဖိုတစ်သောင်းခန့်သည် မြို့ထဲတွင် ရှိနေသည်။

အာခီမီစံအိမ်များလည်း ရှိကြသည်။

ဟန်တောင်တန်းက မဟာတောရိုင်းကမ္ဘာ၏ ကလန်တစ်ခုနှင့် မတူဘဲ လူသားမြို့တစ်မြို့နှင့် တူနေသည်။ လူသားမြို့များထက်ပင် တိုးတက်သည်။

မဟာတောရိုင်းချပ်ဝတ်၏ ဂုဏ်သတင်းကြောင့် ဟန်တောင်တန်း၏ ပန်းပဲပညာရပ်သည် မျိုးနွယ်စုများကြားတွင် နာမည်ကြီးနေသည်။

ထို့အပြင် အံ့ဖွယ်ဝိညာဉ်တိုင်းပြည်မှ ကုန်လှည်းများလည်း ရောက်လာသည်။ သူတို့က ဟန်တောင်တန်းနှင့် အရေးပါသော အာခီမီသဘောတူညီချက်တစ်ခုကို ပြုလုပ်ခဲ့ပြီး ဟန်တောင်တန်း၏ အင်အားက လျင်မြန်စွာ ကျယ်ပြန့်လာသည်။

အံ့ဖွယ်ဝိညာဉ်တိုင်းပြည်သည် ဟန်တောင်တန်းကို အာခီမီဆေးများဖြင့် ထောက်ပံ့ပေးထားသည်။

ကုန်လှည်းများသည် နေ့စဉ်လည်ပတ်နေသည်။

အထူးသဖြင့် အံ့ဖွယ်ဝိညာဉ်တိုင်းပြည်မှ မင်းသမီးလေး၏နာမည်အောက်တွင်ရှိသော ကုန်လှည်းများ ဖြစ်ကြသည်။

ဟန်တောင်တန်းကလန်ခေါင်းဆောင်က မင်းသမီးလေး၏ မွေးနေ့ပွဲအတွက် ဉာဏ်အလင်းသားရဲကို ထောက်ပံ့ပေးခဲ့သည်ဟု ပြောသည်။ သူမက ဉာဏ်အလင်းသားရဲကို အလွန်နှစ်သက်သောကြောင့် ကုန်လှည်းများကို ပို့ပေးခဲ့သည်။

ထိုသို့ဖြင့် သူတို့၏ ကူးသန်းရောင်းဝယ်မှုက ဆက်လက်ဖြစ်ပေါ်လာသည်။

ကုန်လှည်းများကို တာဝန်ယူထားသော ယွင်ချန်က ဟန်တောင်တန်းကလန်ခေါင်းဆောင်ကို အစ်ကိုကြီးဟု ခေါ်သည်။

ယွင်ချန်က ကျောက်ချန်ဖြစ်ကြောင်း အပြင်လူများက မသိကြပေ။

သူက ဟန်မူယဲ့ကို အမြဲတမ်း အစ်ကိုကြီးဟု ‌ခေါ်ခဲ့သည်။

အံ့ဖွယ်ဝိညာဉ်တိုင်းပြည်၏ မင်းသမီးလေးဖြစ်နေသော မူဝမ်ကတော့ သူ၏ မရီး ဖြစ်သည်။

ဟန်တောင်တန်းမြို့ ....

ဟန်မူယဲ့က သီးသန့်အခန်းထဲတွင် ရှိနေသည်။

လွန်ခဲ့သော နှစ်ပေါင်းငါးရာတွင် သူက သီးသန့်ကျင့်ကြံရာမှ တစ်ခါတလေသာ ထွက်လာခဲ့သည်။

သူက ဟန်တောင်တန်းမြို့တွင် နေထိုင်နေသော်လည်း နှစ်တိုင်းတွင် တစ်ဒါဇင်ခန့်ရှိသော လုပ်ကြံမှုများကို ကြုံတွေ့ရသည်။

အကယ်၍ သူက မြို့ထဲမှ ထွက်သွားလျှင် မရေမတွက်နိုင်သော မုဆိုးများကို ဆွဲဆောင်မိလိမ့်မည်။

ကောင်းကင်တစ်သောင်းတိုင်းပြည်၏ အမဲလိုက်ဆုကြေးများတွင် သူ၏ ဆုကြေးက အစစ်အမှန်ဝိညာဉ် တတိယအဆင့် ကျွမ်းကျင်သူများထက် တစ်ဆင့်သာနိမ့်သည်။

ရှကြွယ်နှင့် ရှန်းကျန်းယွီကပင် သူ့နောက်တွင် ရှိနေသည်။

အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဖိနှိပ်ဘုရင် ယန်ကျန်း၏ ဆုကြေးတိုးမြှင့်မှုကြောင့် ဖြစ်သည်။

ဟန်မူယဲ့က ယန်ကျန်း၏ အစစ်အမှန်လက်နက် ဓားမော့ကို အက်ကွဲသွားစေခဲ့သည်။ ထို့အပြင် အစီအစဉ်တစ်ခုလုံးကိုလည်း ဖျက်ဆီးခဲ့‌သောကြောင့် ယန်ကျန်းက သူ့ကို အလွန်မုန်းတီးနေသည်။

အကယ်၍ ဟန်မူယဲ့က ဟန်တောင်တန်းတွင် မဟုတ်ခဲ့လျှင် ယန်ကျန်းက ကိုယ်တိုင်ရောက်လာပြီး သူ့ကို သတ်ဖြတ်နိုင်သည်။

ယခုအချိန်တွင် အစိမ်းရောင်ဝတ်စုံနှင့် လူငယ်က ဟန်မူယဲ့၏ရှေ့တွင် ရပ်နေသည်။

ယွင်ချန်ဖြစ်နေသော ကျောက်ချန်က လက်ထဲတွင် စာအုပ်ကိုင်ထားပြီး ရေရွတ်သည်။

“အစ်ကိုကြီး၊ ဒီစီးပွားရေးက တကယ်ကောင်းတာပဲ”

“ဒီခရီးမှာ ပျက်စီးခြင်းပုလဲ သုံးသန်းကို ရလိမ့်မယ်”

“ပြီးတော့ နတ်ဘုရားသားရဲတွေနဲ့ နီးစပ်ဖို့ အခွင့်ကောင်းတစ်ခုပဲ”

သူပြောနေသော စီးပွားရေးသည် မဟာတောရိုင်း၏ မျိုးနွယ်တစ်ခုက ပစ္စည်းများဝယ်ယူရန် သူတို့ကို ဆက်သွယ်လာခြင်း ဖြစ်သည်။

ထိုပစ္စည်းများထဲတွင် ကလန်အမျိုးမျိုး၏ ရတနာများ ပါဝင်နေသည်။

စုစုပေါင်းတန်ဖိုးသည် ပျက်စီးခြင်းပုလဲ ဆယ်သန်းခန့် ရှိသည်။

ပစ္စည်းများကို ထိုမျိုးနွယ်ဆီသို့ ပို့ပေးနိုင်လျှင် ပျက်စီးခြင်းပုလဲ သုံးသန့်ခန့် ပြန်ရလိမ့်မည်။

“ဒါက မလွယ်ဘူး”

ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်ပြီး မျက်လုံးထဲတွင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။

“ကောင်းကင်တစ်သောင်းတိုင်းပြည်က မဟာတောရိုင်းကမ္ဘာရဲ့ အရင်းအမြစ်တွေကို နှစ်ပေါင်းသိန်းချီအောင် တားဆီးထားတယ်”

“ငါတို့ရဲ့ ကုန်လှည်းတွေက တောနက်ထဲကို သွားမယ်ဆိုရင် တိုက်ခိုက်ခံရလိမ့်မယ်”

ဤစီးပွားရေးသည် အစစ်အမှန် ဖြစ်သည်။

တစ်ဖက်တွင်ရှိသော မျိုးနွယ်စုကလည်း စစ်မှန်သည်။

သို့သော် သူတို့က ဤစီးပွားရေးကို လက်ခံလိုက်လျှင် မရေမတွက်နိုင်သော မုဆိုးများက သူတို့နောက်သို့ လိုက်လာကြလိမ့်မည်။

ကောင်းကင်တစ်သောင်းတိုင်းပြည်သည် နတ်ဘုရားသားရဲများကို ဖြည်းဖြည်းချင်း သေဆုံးသွားစေချင်သောကြောင့် ကုန်လမ်းကြောင်းများကို ပိတ်ဆို့ထားသည်။

မဟာတောရိုင်းကမ္ဘာသည် နတ်ဘုရားသားရဲနှင့် ထူးခြားသောသားရဲများ၏အိမ် ဖြစ်သည်။

“အဲဒီလိုလား”

ဟန်မူယဲ့၏စကားကို ကြားရသောအခါတွင် ယွင်ချန်က ခေါင်းခါလိုက်ပြီး နောင်တများနှင့်အတူ ပြောသည်။

“အဲဒါဆိုရင် ဒီစီးပွားရေးကို လက်မခံဘဲ နေကြရအောင်”

“ဘာလို့ လက်မခံဘဲ နေရမှာလဲ”

ဟန်မူယဲ့က ပြုံးသည်။

“ငါတို့မသွားရင်လည်း တခြားကုန်လှည်းတွေက သွားမှာပဲလေ”

“ငါက ယွင်လျန်မြို့ကို ဆက်သွယ်ပြီးပြီ။ သူတို့က အဲဒီနေရာကို ခရီးထွက်ဖို့ ဆန္ဒရှိတယ်”

ယွင်လျန်မြို့သခင် ဖုန်းမင်ထိုက်သည် အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူ ဖြစ်သည်။

သူတစ်ယောက်တည်းဆိုလျှင် မလုံလောက်ပေ။

သို့သော် သူ့နောက်ကွယ်တွင် နတ်ဘုရားသားရဲ ဖီးနစ်ငှက် ရှိနေသည်။

“ယွင်လျန်မြို့လား”

ယွင်ချန်က ခေါင်းညိတ်သည်။

“အဲဒါဆိုရင် ပစ္စည်းတွေစုဆောင်းဖို့ လူလွှတ်လိုက်တော့မယ်”

“သူတို့တွေ ဘယ်တော့ရောက်လာမှာလဲ မသိဘူး”

ဟန်မူယဲ့က မတ်တပ်ရပ်လိုက်ပြီး အပြင်ဘက်သို့ ကြည့်သည်။ သူ၏ သွေးများက လှုပ်ရှားနေသည်။

“ငါက ယွင်လျန်မြို့ကိုသွားပြီး သူတို့ကို ခေါ်ခဲ့မယ်”

ယခင်တစ်ခေါက်က ကျင်းဟော်ကို ဟန်တောင်တန်းသို့ ခေါ်မည်ဟု ပြောခဲ့သည်။

သို့သော် သူတစ်ယောက်တည်းကိုသာ ခေါ်မည်မဟုတ်ပေ။

ဟန်မူယဲ့က ရှင်သန်ခြင်းစည်းမျဉ်းကို နောက်ဆုံးအဆင့်အထိ သုံးသပ်ထားသည်။

သူက နတ်ဘုရားသားရဲ ဖီးနစ်ငှက်နှင့် ကိုယ်တိုင် ဆုံတွေ့ရမည်။

ဖီးနစ်ငှက်ကလည်း သူ၏ ရှင်သန်ခြင်းစည်းမျဉ်းကို စိတ်ဝင်စားလိမ့်မည်။

ဟန်မူယဲ့က ဟန်တောင်တန်းကလန်၏ ‌‌ခေါင်းဆောင်ဖြစ်သော်လည်း ဟန်တောင်တန်းမြို့၏ အရေးကိစ္စများကို စီမံပေးရန် မလိုအပ်ပေ။

ဟန်တင်းရီက ဟန်တောင်တန်းမြို့ကို စီမံပေးနေသည်။

အကြီးအကဲဟန်ယွင်ဟယ်နှင့် တခြားလူများ၏ ကျင့်ကြံခြင်းအခြေခံက အားနည်းသောကြောင့် အဆီအနှစ်ဝိညာဉ် အဌမအဆင့်ကို မကျော်လွန်နိုင်တော့ပေ။

ဟန်တောင်တန်းကလန်၏ အသန်မာဆုံးလူများသည် အစစ်အမှန်ဝိညာဉ်အဆင့်တွင်ရှိသော ဟန်တင်းရီ၊ ဟန်ကျင်းနှင့် မူချန်ခုံးတို့ ဖြစ်ကြသည်။

ဟန်ကျင်းက ဟန်မူယဲ့သင်ပြပေးသော ဓားနည်းစနစ်ကို ကျင့်ကြံပြီး ဟန်တောင်တန်းတွင် သူ၏ တိုက်ခိုက်နိုင်စွမ်းသည် ဟန်မူယဲ့အောက် တစ်ဆင့်သာနိမ့်သည်။ သို့သော် သူက ကျင့်ကြံခြင်းတွင် အာရုံစိုက်ထားပြီး ဟန်တောင်တန်းမြို့ကို စိတ်မဝင်စားပေ။

ဟန်မူယဲ့က အခန်းထဲမှ ထွက်လာပြီး ဟန်တင်းရီနှင့် ဆုံတွေ့လိုက်သည်။ ထို့နောက် မြို့ထဲမှ တိတ်ဆိတ်စွာ ထွက်သွားသည်။

ဟန်တောင်တန်းမြို့သည် အလွန်တိုးတက်နေသည်။

လမ်းပေါ်တွင် မျိုးနွယ်စုအသီးသီးမှ လူများကို မြင်နိုင်သည်။

တချို့လူများ၏ ခန္ဓာကိုယ်ပုံစံက ထူးခြားပြီး တချို့ကတော့ နဖူးတွင် မျိုးနွယ်စု၏ အမှတ်အသား ပါဝင်ကြသည်။

ဟန်တောင်တန်းသည် မျိုးနွယ်စုပေါင်းစုံကို လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ခွင့်ပေးထားသော ရှားပါးသည့် မြို့တစ်မြို့ ဖြစ်သည်။

ဤမြို့တွင် လူအနည်းငယ်ကသာ စည်းကမ်းဖောက်ဖျက်ရဲသည်။

အဘယ်ကြောင့်ဆိုသော် ထိုစည်းကမ်းများက လူတိုင်းကို ကာကွယ်ပေးထားသည့်အတွက် ဖြစ်သည်။

လူတစ်ယောက်က မြို့ထဲတွင် ခွန်အားသုံးရန် ကြိုးစားလျှင် ဟန်တောင်တန်းမြို့၏ အစောင့်များ ရောက်မလာခင် တခြားမျိုးနွယ်များ၏ အစောင့်များက စည်းကမ်းဖောက်ဖျက်သောလူကို အရိုးချိုးပြီးသား ဖြစ်နေလိမ့်မည်။

ဟန်မူယဲ့က မြို့ထဲမှ ထွက်လာပြီး ဓားအလင်းကို အသုံးပြု၍ ကောင်းကင်ထက်တွင် ပျံသန်းနေသည်။

သူက နောက်တွင် နီးကပ်စွာလိုက်လာသော အလင်းစီးကြောင်းများကို ခံစားမိသည်။

သူက ပြုံးလိုက်ပြီး ဓားပျံကို အရှိန်မြှင့်သည်။

မဟာတောရိုင်းကမ္ဘာတွင် ဓားကျင့်ကြံသူများ သိပ်မရှိပေ။ သို့သော် အနည်းငယ်တော့ ရှိနေသေးသည်။

ဓားနည်းစနစ်သည် အဓိကအားဖြင့် ကောင်းကင်တစ်သောင်းတိုင်းပြည်နှင့် အံ့ဖွယ်ဝိညာဉ်တိုင်းပြည်တွင် လည်ပတ်နေသည်။

All Chapters