← Chapters

အပိုင်း(၁၅၄)-အိမ်တော်ထိန်းအား ထပ်မံတွေ့ဆုံခြင်း၊ သန်မာလာခြင်း

Vol. 002 Ch. 154

အပိုင်း(၁၅၄)-အိမ်တော်ထိန်းအား ထပ်မံတွေ့ဆုံခြင်း၊ သန်မာလာခြင်း

Vol. 002 Ch. 154

“သခင်လေး” ရှီမာယူယူသည် ဟိန်းသံလေးအား စီးပြီးလာသည်ကို မြင်သည်နှင့် အိမ်တော်ထိန်းသည် သက်ပြင်ချသည်နှင့် ဘေးမှလူများသည် အရိုအသေပေးကြသည်။

အနည်းဆုံးတော့ ဒီနေရာမှာ လအနည်းငယ်နေသော်လည်း သူမ အဆင်ပြေနေသေးသည်။

“ဦးလေးဖူ ဒီမှာအကြာကြီးစောင့်နေရလား” ရှီမာယူယူ ဟိန်းသံလေးကိုယ်ပေါ်မှဆင်းကာ အိမ်တော်ထိန်းအား ထူလိုက်သည်။

“မစောင့်ရပါဘူး ကျွန်တော်လည်း အခုမှရောက်တာ” အိမ်တော်ထိန်းပြန်ဖြေလိုက်သည်။ အမှန်တကယ်တော့ သူမကို ဒီမှာစောင့်နေသည်မှာ ရက်အနည်းငယ်ရှိပြီဖြစ်သည်။

“အင်း ဦးလေးကို ပြင်ခိုင်းထားတဲ့ ခြင်းတွေယူလာပြီလား” ရှီမာယူယူမေးလိုက်သည်။

“ယူခဲ့ပါတယ်” အိမ်တော်ထိန်းသည် တစ်ချက်တွေးလိုက်သည်နှင့် ခြင်းပေါင်းတစ်ရာလောက်သည် တောင်ခြေတွင်ပေါ်လာသည်။ “သခင်လေး၊ အရင်တစ်ခေါက်ကလည်း အဆင့်နိမ့်ဝိညာဉ်သားရဲတွေအများကြီး ပို့ထားတယ်လေ၊ ဒီလောက်ခြင်းအများကြီး ဘာလို့လိုတာလဲ”

ရှီမာယူယူသည် ထိုခြင်းများအားကြည့်ကာကျေနပ်စွာခေါင်းညိတ်လိုက်သည်။ သူပြောသည်ကို သူမကြားသည်နှင့် ပြန်ဖြေလိုက်သည် “ပြီးခဲ့တဲ့တစ်ခေါက်က ပို့လိုက်တဲ့ ဝိညာဉ်သားရဲတွေက အဆင့်မမြင့်ကြဘူး၊ ဒီတစ်ခါတော့ အဆင့်မြင့်တဲ့ ဝိညာဉ်သားရဲတွေပြင်ထားတယ် ဦးလေးပြန်သွားရင် တချို့ကိုရွေးပြီး သားရဲထိန်းကျောင်းသူအသင်းကို ပေးလိုက်နော်၊ ကျန်တာကို ကျွန်တော်တို့ဆိုင်အတွက်ထားလိုက်၊ ပြီးတော့ ကျွန်တော့်မှာ အဆင့်ခုနှစ် ကနေ ရှစ်အထိ သူတော်စင်အဆင့်သားရဲနည်းနည်းရှိလို့ ကျွန်တော်တို့ ပျိုးထောင်လို့ရတယ်၊ ဘယ်သူမဆို စာချုပ်ချုပ်ချင်ရင် ချုပ်ခိုင်းလိုက်ပါ”

“အဆင့်ခုနှစ် ရှစ်ရှိတဲ့ သူတော်စင်သားရဲတွေ”

ကိုယ်ရံတော်များသည် သူတို့သခင်လေးပြောသော စကားများကို ကြားသော် သက်ပြင်းကြီးစွာချမိတော့သည်။

“သခင်လေး အဲလောက်များတဲ့ဝိညာဉ်သားရဲတွေကို ဘယ်ကရလဲ” အိမ်တော်ထိန်းသည် ဝိညာဉ်သားရဲများကို ဂရုမစိုက်တော့ပဲ ရှီမာယူယူ၏ လုံခြုံရေးကိုသာ စိတ်ပူတော့သည်။

“ဒီအတိုင်းရှုံးတဲ့အကောင်တွေပါ” ရှီမာယူယူပြောပြီးနောက် ဝိညာဉ်စေတီမှ ထိုဝိညာဉ်သားရဲများကို ထုတ်ပြီး ပြောလိုက်သည် “သူတို့ကို ခြင်းအတွင်းမှာပဲထားနော်”

အစပိုင်းတွင် ကိုယ်ရံတော်များသည် ရှီမာယူယူ ခြင်းတောင်းများယူခိုင်းစဉ်က ချဲ့ကားသည်ဟု ထင်ခဲ့သည်။ ထိုမျှလောက်များသော ဝိညာဉ်သားရဲများကို ထိန်းကျောင်းထားမည်ဟု မထင်ခဲ့မိပေ။

သူတို့ ဝိညာဉ်သားရဲအမဲလိုက်ခြင်း နှစ်ပေါင်းများစွာအတွေ့အကြုံအရ ဒီလောက်အများကြီးကို တစ်ခါတည်း ထိန်းကျောင်းနိုင်သည်ကို မတွေ့ဖူးပေ။

“သခင်လေးပြောတာမကြားဘူးလား၊ ဝိညာဉ်သားရဲတွေကို ခြင်းထဲထည့်” ကိုယ်ရံတော်များ မလှုပ်မယှက်ရပ်နေသည်ကို တွေ့သည်နှင့် အိမ်တော်ထိန်းလောလိုက်သည်။

“ဟုတ်ကဲ့ပါ အိမ်တော်ထိန်း”

အိမ်တော်ထိန်း တိုက်တွန်းမှပင် သူတို့ လှုပ်ရှားကြပြီး ဝိညာဉ်သားရဲများကို ခြင်းထဲစတင်ထည့်ကြလေသည်။

ရှီမာယူယူ ရယ်မောကာပြောလိုက်သည် “ဦးလေးဖူ ကျွန်တော် ဦးလေးအတွက် ဝိညာဉ်သားရဲပြင်ထားတယ်”

“ကျွန်တော့်အတွက်လား”

ရှီမာယူယူ ခေါင်းညိတ်ကာ သူ့အတွက်ပြင်ထားသော ဝိညာဉ်သားရဲအား ထုတ်လိုက်သည်။

“အဆင့်ကိုး သူတော်စင်သားရဲ”

“သိမ်းငှက်”

“ဘုရား၊ ဒါတကယ်ပဲ အဆင့်ကိုးသူတော်စင်သားရဲပဲ”

ရှီမာယူယူ အိမ်တော်ထိန်းအားကြည့်ကာ ပြောလိုက်သည် “ဒါက ကျွန်တော်ထိန်းကျောင်းဖူးတဲ့ အထဲမှာ အမြင့်ဆုံးပဲ ဦးလေးနဲ့ ဒီသားရဲနဲ့ စာချုပ်ချုပ်ရင် အဆင့်တက်ပြီး အံ့ဖွယ်သားရဲဖြစ်လာနိုင်တယ်၊ ဘယ်လိုလဲ ဦးလေးဖူ”

အိမ်တော်ထိန်းသည် သူ့အား ဂုဏ်ယူစွာဖြင့် ကလေးတစ်ယောက်ကဲ့သို့ကြည့်နေသော ရှီမာယူယူအားကြည့်လိုက်သည်။

သူသည် ရှီမာယူယူ၏ စကားလုံးများကို ငြင်းကာ ပြောလိုက်သည် “သခင်လေး ကျွန်တော်က ဘယ်လိုလုပ် ဒီအဆင့်ကိုးသူတော်စင်သားရဲကို လက်ခံရမလဲ သခင်လေးပဲ ယူထားလိုက်ပါ”

ရှီမာယူယူ အိမ်တော်ထိန်းလက်အား ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်သည် “ဦးလေးဖူ ကျွန်တော် သားရဲတွေထိန်းကျောင်းပြီး ဆိုဖီယာတောင်တန်းမှာနေနေတာ၊ ကျွန်တော်နဲ့ စာချုပ်မချုပ်ချင်တဲ့ သားရဲရှိနေမှာကို ဘာလို့စိုးရိမ်နေတာလဲ၊ ဦးလေးက တခြားဝိညာဉ်သားရဲနဲ့ စာချုပ်ချုပ်ထားတာကြာပြီဆိုတာ ကျွန်တော်သိပါတယ်၊ ရှာမတွေ့လို့ စာချုပ်မချုပ်ရတာမလား၊ အခု ကျွန်တော် ဦးလေးအတွက်အထူးတလည်ပြင်ထားတာ လက်မခံဘူးလား”

“အိမ်တော်ထိန်း သခင်လေးက ဦးလေးအတွက် အထူးတလည်ပြင်ထားတာ သူ့စိတ်ကို ဘာမခံတာလဲ”

“အား..”

သူ့ဘေးတွင်ရပ်နေသော ကိုယ်ရံတော်သည် သဘောတူရန် သံယောင်လိုက်သည်။

ရှီမာယူယူ၏ မျက်လုံးထဲမှ ရိုးသားခြင်းကိုမြင်သော် သူသည် မျက်ရည်ဝဲမိသည်။ ခေါင်းညိတ်ကာ သူပြောလိုက်သည် “ကောင်းပြီ ကောင်းပြီ သခင်လေးရဲ့ အစေခံအိုကြီးက လက်ခံပါမယ်၊ ကျေးဇူးတင်ပါတယ်၊ သခင်လေး”

(ဒီမတိုင်ခင်က သခင်လေးကဒီလောက်အဆင့်မြင့်တဲ့ သားရဲကို မထိန်းကျောင်းဖူးဘူး၊ ဒါပေမယ့် ဒီလအနည်းငယ်အတွင်းမှာ ဆိုဖီယာတောင်တန်းမှာနေရင်းနဲ့ လုပ်နိုင်လာတယ်၊ ဒီလနည်းနည်းအတောအတွင်းကို ဘယ်လောက်တောင်ကြမ်းတမ်းလိုက်မလဲ တွေးလို့်ရတယ်)

“ဒါဆို ဦးလေး စာချုပ်ချုပ်လို့ရပြီ” ရှီမာယူယူသည် သူ့အားသိမ်းငှက်ရှေ့ဆွဲခေါ်ပြီး လက်အား သိမ်းငှက်ခေါင်းပေါ်သို့ တင်ပေးလိုက်သည်။ ထို့နောက်တွင် သူမ နောက်ဆုတ်ကာ စာချုပ်ချုပ်နေသည်ကို စောင့်ကြည့်နေခဲ့သည်။

စာချုပ်အလင်းတန်းသည် လူနှင့်သားရဲအကြားတွင် ပေါ်ထွက်လာသည်။ စာချုပ်ချုပ်ခြင်း အောင်မြင်စွာပြီးဆုံးသည့်နောက်တွင် လူနှင့် သားရဲတို့သည် အလင်းအားခွဲဝေကာ အဆင့်များတက်သွားကြလေသည်။

ရှီမာယူယူသည် မြေပေါ်တွင်လဲနေသော သိမ်းငှက်အားမြင်သော် ရှီမာလိုင်နှင့် တခြားသူများအားခေါ်သွားသော ရှီမာလင်းအား တွေးမိသွားသည်။

သူတို့သည် အဆင့်တက်သွားကြကာ သိမ်းငှက်သည် အံ့ဖွယ်ဆင့်ရောက်သွားသည်။ အိမ်တော်ထိန်းသည် အဆင့်နှစ်ဆင့်တက်ကာ ဝိညာဉ်သခင်အဆင့်မှ စံတင်အဆင့် ဝိညာဉ်သခင်ဖြစ်သွားလေသည်။

“စံတင်အဆင့်ဝိညာဉ် အိမ်တော်ထိန်းက စံတင်ဝိညာဉ်အဆင့်တက်သွားပြီ”

အိမ်တော်ထိန်း၏ လက်ရှိအဆင့်အားတွေ့သည်နှင့် အားလုံးသည် စိတ်လှုပ်ရှားသွားကြသည်။

အလားတူပင်၊ အိမ်တော်ထိန်းသည်လည်း မျက်စိတစ်မှိတ်အတွင်း စံတင်အဆင့်ဝိညာဉ်ဖြစ်သွားမည်ဟု ထင်မထားပေ။ အိမ်မက်တစ်ခုကဲ့သို့ပင်။

“အင်း၊ ဦးလေးဖူကလည်း စံတင်အဆင့်ဝိညာဉ်ပဲ၊ တခြားသူတော်စင်သားရဲနဲ့ဆိုရင်၊ ရှီမာမျိုးနွယ်မှာ စံတင်အဆင့်ဝိညာဉ်နှစ်ယောက်ရှိသွားပြီ” ရှီမာယူယူသည် အိမ်တော်ထိန်းအစားပျော်မိသည်။ “ရှေ့လျောက် ရှီမာမျိုးနွယ်ကိစ္စတွေကို ဦးလေးကိုပဲ အပ်တော့မယ်၊ ဒါဆို ဘယ်သူက ဦးလေးကိုလာပြီးရန်စရဲမှာလဲ”

“သခင်လေး” ရှီမာယူယူ၏ စကားလုံးနောက်ကွယ်မှ အဓိပ္ပာယ်ကို အိမ်တော်ထိန်းသိသဖြင့် စိုးရိမ်စွာနှင့် ကြည့်လိုက်သည်။

“ဦးလေး ကျွန်တော် အဲနေရာကိုသွားရင် ရှီမာမျိုးနွယ်ကိစ္စတွေကို ဦးလေးကိုလွှဲခဲ့မှာ” ရှီမာယူယူပြောလိုက်သည် “အဘိုးဒါမှမဟုတ် ကျွန်တော်လည်းပြန်မလာရင် ရှီမာမျိုးနွယ်ကို ဦးလေးလက်လွှဲယူရမှာ”

“သခင်လေး ပြန်လာတာကို ကျွန်တော်တို့စောင့်နေမှာပါ” အိမ်တော်ထိန်းပြောလိုက်သည်။

“ကျွန်တော် အဘိုးနဲ့တခြားသူတွေကို ကယ်နိုင်ရင် သူတို့သဘောပေါ်မှာမူတည်တယ်၊ ကျွန်တော်သာ သူတို့ကို မကယ်နိုင်ရင် ရှီမာမျိုးနွယ်က တစ်သက်လုံးသခင်မရှိတာ အဖြစ်မခံနိုင်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ဆယ်နှစ်အတွင်းတော့လုပ်ကြအောင် ကျွန်တော်တို့ ဆယ်နှစ်အတွင်းပြန်မလာနိုင်ရင် ဦးလေးက ရှီမာမျိုးနွယ်ရဲ့ သခင်ပဲ၊ ဦးလေးရဲ့ လက်ရှိအားအပေါ်မှာ အခြေခံရင် မျိုးနွယ်က ခေါင်းဆောင်ဖြစ်လာနိုင်ပါတယ်”

“သခင်လေး…”

“ဦးလေးဖူ နောက်ဆံမတင်းပါနဲ့ မျိုးနွယ်တစ်ခုက ပိုင်ရှင်မရှိပဲ တစ်သက်လုံးမကျန်ခဲ့ဘူးဆိုတာ ဦးလေးသိမှာပဲ” ရှီမာယူယူပြောလိုက်သည် “ရှီမာမျိုးနွယ်ပြိုလဲတာကို ကြည့်ဖို့ ဦးလေးအစီအစဉ်မရှိဘူးမလား၊ ကျွန်တော်အပြင်မှရှိနေတုန်း ဒီနေရာနဲ့ ပတ်သတ်ပြီး ကျွန်တော့်ကို စိုးရိမ်အောင်တော့မပြောနဲ့”

“ကျွန်တော်…ဟူး ကတိပေးပါတယ် သခင်လေး” အိမ်တော်ထိန်းသည် စိတ်မပါပဲ ကတိပေးလိုက်သည်။

“အင်း ကျွန်တော်တစ်နှစ်ကြာရင် ဒီနေရာကနေထွက်သွားပြီး အဲနေရာကိုသွားတော့မယ်၊ ဦးလေးတို့အားလုံးအတွက် ဆေးနဲ့ ဝိညာဉ်သားရဲတွေအလုံအလောက် ပြင်ထားပေးမယ်၊ ဒါပေမယ့် ဦးလေး အဂ္ဂိရတ်ပညာရှင်နဲ့ သားရဲထိန်းကျောင်းသူသခင်တွေကို စုဖို့လုပ်ထားဦး” ရှီမာယူယူပြောလိုက်သည်။

“ကျွန်တော်နားလည်ပါတယ် သခင်လေး” အိမ်တော်ထိန်းပြောလိုက်သည် “အစကတည်းက ကျွန်တော်တို့ အဂ္ဂိရတ်ပညာရှင်တွေရဲ့ အကူအညီကိုတောင်းပြီးပါပြီ ဆေးအတွက်တော့ သခင်လေးစိတ်မပူပါနဲ့တော့”

“ကောင်းပါပြီ” ရှီမာယူယူပြောလိုက်သည်။

“သခင်လေး စစ်သူကြီးကိုကယ်ဖို့ပဲ အကောင်းဆုံးကြိုးစားပါ စစ်သူကြီးနဲ့ တခြားသခင်လေးတွေလည်း သူတို့အစား သခင်လေးကဒုက္ခရောက်တာကို မြင်ချင်မှာမဟုတ်ဘူးလို့ ယုံတယ်” အိမ်တော်ထိန်းသည် ရင်နာစွာဖြင့်ပြောလိုက်သည်။

သူမအား တကယ့်ဦးလေးတစ်ယောက်သဖွယ် ဂရုစိုက်သော လူအိုကြီးအား ရှီမာယူယူမြင်သော် ချိုသာစွာပြုံးလိုက်ကာ ပြောလိုက်သည် “မိသားစုတစ်ခုလုံးအတူ ကျန်ခဲ့ရင်ကောင်းတာပဲလေ၊ လူတစ်ယောက်တည်း အသက်ရှင်ကျန်ခဲ့ရင်မကောင်းဘူး၊ ဦးလေးဖူ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ၊ သူတို့ကျွန်တော့်ကို စောင့်နေတယ်၊ အရင်ပြန်လိုက်ဦးမယ်”

“ဟူး၊ သခင်လေး သွားပါ ဂရုစိုက်ပါ” အိမ်တော်ထိန်း သက်ပြင်းချလိုက်သည်။

ရှီမာယူယူသည် အိမ်တော်ထိန်းအား ဖက်ပြီးနောက်  လှည့်ကာ ဟိန်းသံလေးကျောပေါ်တွင်ထိုင်လိုက်သည်။ သူမ အိမ်တော်ထိန်းအား လက်ဝေ့ပြကာ ဆိုဖီယာတောင်တန်းဆီသို့ ဦးတည်သွားလေသည်။

အိမ်တော်ထိန်းနှင့် ကိုယ်ရံတော်များသည် ရှီမာယူယူထွက်သွားသည်ကို ကြည့်နေကြသည်။ သူမ လုံးဝပျောက်ကွယ်သွားမှပင် သူတို့ထွက်ခွာရန် စဉ်းစားမိကြသည်။

“အိမ်တော်ထိန်း ကျွန်တော်တို့မှာ သူတော်စင်သားရဲတွေများနေတာ ဘယ်လိုပြန်သယ်ကြမလဲ” ကိုယ်ရံတော်သည် ခြင်းဆယ်ခြင်းအား စိုးရိမ်စွာကြည့်လိုက်သည်။

ဒီလောက်များမည်ဟု အိမ်တော်ထိန်းထင်မထားပေ။ အစပိုင်းတွင် လူတစ်ယောက်လျှင် နှစ်ခုသယ်လျှင် ရမည်ဟု တွေးထားခဲ့သည်။ သို့သော် ဒီလောက်များမည်ထင်မထားပေ။ အကုန်သယ်ရန် မဖြစ်နိုင်ပေ။

“သခင်၊ ပြန်ဖို့ ကျွန်တော့်ပေါ်မှာထိုင်လိုက်ပါ” သိမ်းငှက်သည် ပြောပြီးသည်နှင့် အရွယ်အစားကြီးလိုက်သည်။ သူ၏ ကြီးမားသော ခန္ဓာကိုယ်သည် ခြင်းဆယ်ခြင်းအား လုံလောက်စွာသယ်နိုင်သည်။

အခုတော့ တခြားထင်မြင်ချက်မပေးပဲ အိမ်တော်ထိန်းခေါင်းညိတ်ကာ “ကောင်းပြီ မင်းတို့အားလုံးသူ့ပေါ်ကို ခြင်းတွေတင်လိုက်ကြ”

ကိုယ်ရံတော်များသည် သူတို့ဘဝတွင် သူတော်စင်သားရဲအားစီးရမည်ဟု ထင်မထားခဲ့ပေ။ ခြင်းများအားရွေ့ပြီးသော အားလုံးသည် သိမ်းငှက်ကျောပေါ်ထိုင်ကာ အင်ပါယာမြို့တော်သို့ ပြန်ကြသည်။

သူတို့ အင်ပါယာမြို့တော်သို့ပြန်သည်နှင့် အားလုံးသည် ရှီမာမျိုးနွယ်၏ သူတော်စင်သားရဲအား မျက်လုံးပြူးများဖြင့်ကြည့်ကြသည်။ ထိုသည်မှာ အားလုံး၏စိတ်ထဲတွင် ရှီမာမျိုးနွယ်၏ ပုံရိပ်ကိုစွဲထင်စေခဲ့သည်။လ

All Chapters