← Chapters

အဲ့ ...  ဒါမင်းလား

Vol. 3 Ch. 33

အဲ့ ...  ဒါမင်းလား

Vol. 3 Ch. 33

မယုံနိုင်စရာပဲ!

ပါမောက္ခလီက ရှုပ်ပွနေသော လိုင်းများကို ငေးစိုက်ကြည့်ရင်း ရေရွတ်လိုက်သည်။

"ဒီပြန်ပြင်ထားတဲ့ နည်းလမ်းက စနစ်မကျပင်မယ့် သေချာ ဂရုတစိုက်ကြည့်မယ်ဆိုရင် တစ်လိုင်းချင်းစီကို အနုစိတ် လုပ်ထားတယ်ဆိုတာကို တွေ့ရလိမ့်မယ်။ တကယ်တော့ ဒီပြန်ပြင်ထားတဲ့ ပုံစံက အများလက်ခံထားတဲ့ထဲက ဖောက်ထွက်ထားတဲ့ပုံစံပဲ။ ဒါ… ဒါ လုံးဝ မယုံနိုင်စရာပဲ"

ပါမောက္ခလီက သူ့နဖူးမှ ချွေးကိုသုတ်ကာ အင်ဂျင်စက်မှ တစ်လိုင်းချင်းစီကို ကြည့်နေသည်။

သူ တဖြည်းဖြည်း ပို၍ပို၍ ထိတ်လန့်လာသည်။ သူ့အမြင်တွင် ဒီပြန်ပြင်ထားသည့် နည်းလမ်းသည် ခေတ်သစ် သိပ္ပံပညာနှင့် နည်းပညာတို့ကိုပါ ကျော်လွန်နေသည်။

ပါမောက္ခလီ၏ အံ့အားသင့်နေသော အမူအရာကို ကြည့်ရင်း လင်းလန် သိချင်စိတ်ဖြင့် မေးလိုက်မိသည်။

"ပါမောက္ခလီ… ဒီ ပြန်ပြင်ထားတဲ့ အင်ဂျင်ကို ဘယ်လိုသဘောရလဲ?"

"ပါရမီရှင်ပဲ"

အချိန်ခဏမျှ လေ့လာပြီးနောက် ပါမောက္ခလီက ချွေးများဖြင့် ရွှဲနစ်နေသော သူ့အဝတ်အစားကို သပ်သပ်ရပ်ရပ် ဖြစ်အောင်လုပ်လိုက်သည်။ထို့နောက် ပင့်သက်ရှိုက်၍ ပါမောက္ခလီက ပြောလိုက်သည်။

"ဥက္ကဋ္ဌလင်း.. ဒီအင်ဂျင်ကို ပြန်ပြင်လိုက်တဲ့ ဆရာကြီးက ဘယ်သူလဲဆိုတကာ ကျုပ်ကို မြန်မြန်ပြောပြပါ၊ ကျုပ် သူ့ကို ဆရာတင်မှ ဖြစ်မယ်။ ဒီဆရာကြီးရဲ့ အသိပညာက ဒီနယ်ပယ်မှာ လုံးဝကို ပထမပဲ"

*ဘာရယ်*

*သူ့ကို ဆရာတင်မယ်*

ပါမောက္ခလီ၏ စကားကို ကြားပြီး လင်းလန် အံ့အားသင့်သွားသည်။ ပါမောက္ခလီသည် ကားထုတ်လုပ်ခြင်းနှင့် အသစ်ပြန်လည် တပ်ဆင်သည့်နယ်ပယ်၌ ဆရာတစ်ဆူ ဖြစ်သည်ကို သူမ အသေအချာသိသည်။

တစ်ကမ္ဘာလုံးမှ ပညာရှင်များက သူ့ဆီက အပတ်တကုပ် သင်ယူချင်နေတာတောင်မှ သူက ယဲ့ဖန်ကို ဆရာတင်ချင်သည်တဲ့လား?

*ဒါ… လုံးဝ မဖြစ်နိုင်ဘူး*

"ပါမောက္ခလီ… တကယ်တော့…"

လင်းလန် ခဏမျှ တုံ့ဆိုင်းနေပြီးနောက် အားတုံ့အားနာနှင့် ပြောလိုက်သည်။

"တကယ်တော့ ဒီအင်ဂျင်ကို ဆရာတစ်ယောက်က ပြင်ထားတာ မဟုတ်ပါဘူး။ ယာဉ်မောင်းလိုင်စင်တောင် မရှိတဲ့ သာမန်လူတစ်ယောက်က ပြင်သွားတာပါ"

*ဘာရယ်*

ပါမောက္ခလီ ကြက်သေ သေသွားသည်။ ဒီလောက် ရင်သက်ရှုမောဖွယ်ကောင်းသည့် အသစ် ပြန်လည်ပြင်ဆင်သည့် နည်းလမ်းကို သာမန်လူတစ်ယောက်က သိနေသည်ဟူသည့် အချက်ကို သူ မယုံနိုင်ဖြစ်နေသည်။

"မဟုတ်ဘူး… မဖြစ်နိုင်ဘူး!"

ပါမောက္ခလီက ခေါင်းခါလိုက်ပြီး လင်းလန်အား လေးနက်စွာ ပြောလိုက်သည်။

"ဥက္ကဋ္ဌလင်း… ဒါကို ပြင်သွားတဲ့သူက သာမန်လူ လုံးဝ မဖြစ်နိုင်ဘူး။ ဒါ ထိပ်တန်းပညာရှင် တစ်ယောက်ပဲ။ သူ့ရဲ့ သိပ္ပံနည်းပညာဆိုင်ရာ အသိပညာက လူသားတွေရဲ့ ဘောင်ကို ကျော်လွန်နေတာပဲ"

ပါမောက္ခလီက လေးစားသည့်အသံဖြင့် ဆက်ပြောလာသည်။

"ဒါ ကျုပ် မြင်ဖူးသမျှထဲမှာ အကောင်းဆုံး အသစ်ပြန်လည်တပ်ဆင်ခြင်း နည်းလမ်းပဲ။ ဒီအင်ဂျင်က ကျုပ်တို့နယ်ပယ်မှာ ထိတ်လန့်အံ့ဩစရာအဖြစ် ပျံ့နှံ့သွားမှာပဲ။ ဒါ ခေတ်တစ်ခေတ် ပြောင်းသွားစေနိုင်တယ်"

….

လင်းလန် လုံးဝ မယုံနိုင်ဘဲ ထိတ်လန့်သွားရသည်။

*နယ်ပယ်တစ်ခုလုံးကို ထိတ်လန့်သွားစေနိုင်တယ်*

*ခေတ်တစ်ခေတ် ပြောင်းသွားမယ်*

*မ…မဖြစ်နိုင်ဘူး*

လင်းလန် ပျက်စီးနေသော အင်ဂျင်စက်ကို ကြည့်ကာ အတွေးနက်နေသည်။ ဒီ အသစ်ပြန်လည်တပ်ဆင်သည့် နည်းလမ်းက ကောင်းမွန်တဲ့ နည်းလမ်းမှန်း သူမ သိသော်လည်း ဒီလောက် ကောင်းလိမ့်မယ်လို့ သူမ မထင်ထားခဲ့ပေ။

"ဥက္ကဋ္ဌလင်း… ဒီအသစ်ပြန်လည်တပ်ဆင်တဲ့ နည်းလမ်းကို မူပိုင်ခွင့် မှတ်ပုံတင်ထားဖို့ ကျုပ် အကြံပေးပါရစေ။ ဒီလိုဆိုရင် ခင်ဗျား နောက်ဆို ဈေးသက်သာတဲ့ အကောင်းစားကားတွေ ထုတ်လာနိုင်မှာ"

ပါမောက္ခလီက လင်းလန်၏ ထိတ်လန့်နေသော အမူအရာကို လျစ်လျူရှုကာ ပညာရှင် ပီသစွာ အကြံပေးလိုက်သည်။

"အကောင်းစား ကားတွေ ဈေးကြီးနေရတဲ့ အကြောင်းရင်းက ထုတ်လုပ်တဲ့စရိတ် များလွန်းလို့ပါ။ ဒါပေမယ့် ဒီနည်းလမ်းနဲ့ဆို ဈေးသက်သာတဲ့ ကုန်ကြမ်းတွေကို သုံးပြီး အခုလက်ရှိ ကားတွေရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ တူညီတဲ့ ဈေးသက်သာတဲ့ အကောင်းစားကားတွေကို ထုတ်နိုင်ပြီ။ ဒီလိုဆို ကျုပ်တို့ ထုတ်လုပ်တဲ့စရိတ်ကို ၇၀% တောင် လျော့ချနိုင်ပြီ"

ထိုသို့ ပြောရင်း ပါမောက္ခလီ၏ မျက်နှာက နီသထက်နီလာသည်။

"ဈေးသက်သာတဲ့ အကောင်းစားကားတွေက တစ်ကမ္ဘာလုံးမှာ လူကြိုက်များလာမယ်လို့ ကျုပ် အာမခံရဲတယ်။ ကျုပ်တို့ ဈေးကွက်မှာ နာမည်ရလာပြီး မော်တော်ကားထုတ်လုပ်တဲ့ နယ်ပယ်တစ်ခုလုံးကိုတောင် လက်ဝါးကြီးအုပ်နိုင်နေပြီ"

ပါမောက္ခလီသည် စိတ်လှုပ်ရှားမှုကြောင့် ကတုန်ကယင် ဖြစ်လာပြီး လင်းလန်၏ မျက်လုံးလှလှလေးများသည်လည်း တောက်ပလာသည်။

*ဟုတ်တယ်*

*ဒါ လင်းကုမ္ပဏီ ထွန်းတောက်လာမယ့် အခွင့်အရေးပဲ*

"ဟူး… ကျွန်မ ရှင် ပေးတဲ့အကြံကို လက်ခံပါတယ် ဒါပေမယ့် ကျွန်မတို့ အရင်ဆုံး တီထွင်သူရဲ့ သဘောတူညီချက်ကို ရအောင် အရင်လုပ်ရမယ်"

လင်းလန် ခေါင်းညိတ်၍ ပြောလိုက်သည်။ ပျက်စီးနေသော အင်ဂျင်ကို ကြည့်ရင်း သူမမှတ်ဉာဏ်ထဲမှ ယဲ့ဖန်၏ ပုံရိပ်ကို သတိရမိသည်။ သူမအမြင်တွင် ယဲ့ဖန်က ပို၍ ထူးဆန်းလာသည်။

*သူက တစ်စုံတစ်ယောက်ရဲ့ သိချင်စိတ်ကို မြင့်တက်လာအောင် လုပ်ပေးတဲ့ ပဟေဠိလိုပါပဲလား*

*သူက ဘယ်လိုလူစားမျိုးလဲ*

*သူက လူနဲ့ မတူသလိုပဲ*

….

ကျောင်းချိန်ကုန်ပြီးနောက် ယဲ့ဖန် သူ့အိမ်သို့ လမ်းလျှောက်၍ ပြန်လာနေသည်။ သို့သော် သူ ကျောင်းပေါက်ဝမှ ထွက်လာသည်နှင့် ကြည်လင်၍ တက်ကြွရွှင်လန်းနေသော အသံလေးကို ကြားလိုက်ရသည်။

"ဖန်လေး"

*ဟင်*

ထိုအသံကို ကြားလိုက်ပြီးနောက် ယဲ့ဖန် တွေဝေသွားရသည်။ အပြစ်ကင်းစင်သော ထိုမိန်းကလေးတစ်ဦးကသာ သူ့အား ဖန်လေးလို့ ခေါ်လေ့ရှိသည်။

ယဲ့ဖန် ဘေးဘီဝဲယာသို့ လှည့်ကာ လိုက်ရှာမိသည်။ ထိုစဉ် ဝမ်းဆက်ဝတ်စုံ ဝတ်ဆင်ထားသော ကောင်မလေးတစ်ယောက် ခုန်ပေါက်မြူးထူးကာ သူ့ဆီ လှမ်းလာနေသည်ကို တွေ့လိုက်ရသည်။ ထို့နောက် သူမက ယဲ့ဖန်လက်မောင်းကို ကိုင်ကာ တောက်ပစွာ ပြုံး၍ ပြောလိုက်သည်။

"ဖန်လေး… ငါ နင့်ကို လိုက်ရှာနေတာ ကြာလှပြီ။ အခုမှပဲ တွေ့ရတော့တယ်"

ထိုမိန်းမပျိုလေးသည် အနက်ရောင်ဆံနွယ်ရှည်များနှင့် မျက်နှာဝိုင်းဝိုင်းလေး ရှိသည်။

မိန်းမချောလေး!

သူမက လှပလွန်းသည့်အတွက် ယဲ့ဖန် ရင်ခုန်သွားရသည်။ သို့သော် သူမမျက်နှာကို သတိထားလိုက်မိသောအခါ ယဲ့ဖန် တုန်လှုပ်သွားရသည်။

"ဟွမ်…ဟွမ်လေး… ဒါမင်းလား?"

ယဲ့ဖန် ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဖြစ်သွားရသည်။ ဒီကောင်မလေးသည် သူ၏ တစ်ဦးတည်းသော မိန်းမပျိုလေးနှင့် ဆင်တူလွန်းလှသည်။

သူတို့နှစ်ယောက်သည် တက်သစ်စ ပန်းပွင့်လေးကဲ့သို့ ဖြူစင်၍ ချစ်စရာကောင်းလှသည်။ သူမ ပြုံးနေသည်ကို ကြည့်ရင်း ယဲ့ဖန် လွန်ခဲ့သည့်နှစ်ပေါင်းများစွာကို ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။

ထိုစဉ်တုန်းက  သူ အားနည်းနေသေးသည်။ ဂြိုဟ်များစွာ၌ အမဲလိုက်သည့် မုဆိုးဖြစ်သည့်သူသည် နတ်ဘုရားအကြီးအကဲတစ်ဦးက စကြဝဠာအတွင်းရှိ နိုင်ငံများစွာကို ဖြတ်၍ သူ့အား လိုက်လံဖမ်းဆီးခဲ့သည်။

နောက်ဆုံး သူ ပြင်းထန်စွာ ဒဏ်ရာရကာ သေလုမြောပါး ဖြစ်ခဲ့ရသည်။ ထိုသို့ သေလုဆဲဆဲ အချိန်တွင် ရိုးသားဖြူစင်သော မိန်းကလေး ရုတ်တရက် ရောက်လာကာ သူ့ဆီ တိုးဝင်လာသော ဓားအား သူမကိုယ်ကို သုံး၍ ဟန့်တားခဲ့သည်။

နတ်ဘုရားအကြီးအကဲ၏ ဓားက သူမကိုယ်ကို ဖောက်ထွင်းသွားသောကြောင့် သူမ အဝတ်အစားတွင် သွေးများဖြင့် ရွှဲရွှဲစိုသွားသည်။

သို့သော် သူမက ထိုဓားအား သူမလက်ဖြင့် မြဲနေအောင် ဆုပ်ကိုင်ထားခဲ့သည်။ ထို့ကြောင့် နတ်ဘုရားအကြီးအကဲ သူ့ဓားအား ပြန်ဆွဲနုတ်လို့မရခဲ့ပေ။ ထိုအခွင့်အရေးကို အသုံးချကာ ယဲ့ဖန် နတ်ဘုရားအကြီးအကဲအား ခေါင်းဖြတ်သတ်လိုက်သည်။

ထိုတိုက်ပွဲ ပြီးသွားပြီးနောက် ယဲ့ဖန် စကြဝဠာအတွင်း နာမည်ကြီးလာသည်။ ထိုဖြူစင်သော ကောင်မလေး သွေးစက်လက်နှင့် သေလုမတတ် ဖြစ်နေသည်ကို ယဲ့ဖန် မှတ်မိနေသေးသည်။

မြေအောက်ကမ္ဘာသို့ သွားနေစဉ်မှာလည်း သူမက တက်သစ်စပန်းပွင့်လေးလို တောက်ပစွာ ပြုံးနေဆဲ ဖြစ်သည်။

"ဟွမ်အာက ရူးမိုက်တယ်။ ဟွမ်အာက တုံးအတယ်။ တကယ်လို့ ကျွန်မသေသွားခဲ့ရင် ကျွန်မအတွက် ဝမ်းနည်းမနေပါနဲ့။"

"ကျွန်မ အသက်ရှင်နေတဲ့အချိန်မှာဆို ကျွန်မက ရှင့်ရဲ့ မိန်းကလေးပဲ။ ကျွန်မ သေသွားတဲ့ အချိန်မှာတော့ ကျွန်မက ရှင့်ရဲ့ စိတ်ဝိညာဉ်ပါ"

"ဖန်လေး… တစ်ချိန်မှာ ရှင် စကြဝဠာရဲ့ ထိပ်ဆုံးကို ရောက်တဲ့အချိန်၊ သက်ရှိအားလုံးကို အထက်စီးကနေ ငုံ့ကြည့်နိုင်တဲ့အချိန် ရောက်လာခဲ့ရင် တစ်ခါတုန်းက ရှင့်ကို သိပ်ချစ်ခဲ့ဖူးတဲ့ ရူးမိုက်တဲ့ မိန်းကလေးတစ်ယောက် ရှိတယ်ဆိုတာ မှတ်မိနေမယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။

ထိုအချိန်တုန်းက သူမရဲ့အပြုံးက ချိုမြိန်ပြီး ဖြူစင်လှသည်။ ယဲ့ဖန်ကို ချစ်မိတာက သူမအသက်ထက် ပို၍ တန်ဖိုးရှိသလိုမျိုး ဖော်ပြနေသည်။

သူမအတွက်တော့ သူက အရာအားလုံးပင်။ ယခုအချိန်တွင် သူမ၏ ပြီးပြည့်စုံသော တောက်ပသည့် အပြုံးကို ကြည့်ရင်း ယဲ့ဖန် ပူဆွေးကာ သက်ပြင်းချလိုက်မိသည်။ သင်းကွဲဝံပုလွေတစ်ကောင်က သူချစ်ရသည့်သူကို တွေ့လိုက်ရသကဲ့သို့ တုန်ယင်လာသည်။

"ဟွမ်လေး...ဟွမ်အာ…ဒါ မင်းလား?"

All Chapters