ကောင်းပြီ..ငါ့ဆီကို လာခဲ့..
Vol. 20 Ch. 287
ဘာသာပြန် = စနိုးဝှိုက်
ရက်အနည်းငယ် ကြာပြီးနောက်..။
လူအများကြီးကို အာရုံစိုက်စေနို်င်မယ့် သတင်းတစ်ပုဒ္ဟာ အင်တာနက်ပေါ်မှာ တက်လာခဲ့ပါတယ်။
" xx တိုက်ရိုက် ထုတ်လွင့်မူ ပလက်ဖောင်းဟာ အထမဆုံးအကြိမ် လောင်းကစားချန်နယ် ကို ပြုလုပ်ခဲ့ပြီး..ဒါဟာလူများစွာ ရဲ့ အာရုံစိုက် မူကို ရရှိခဲ့.."
တစ်ချိန်တည်းမှာပဲ ဘဝအတွေ့အကြုံကို ရေးချနေတဲ့ လူများစွာဟာ ရှိနေခဲ့ပါတယ်။အထူးသဖြင့်.တိုက်ရိုက် ထုတ်လွင့်မူကို ကြည့်ထားကြတဲ့ လူတွေပါ။
ဒါပေါ့ တစ်ချို့မှတ်ချက်တွေဟာ လုပ်ကြံထားကြတာ ဖြစ်ပေမယ့်လည်း လူအများစုကတော့..အတွေ့အကြုံ အစစ်အမှန်တွေကို ရေးနေကြတာပါ..။
လင်းဖန် ဒီလူတွေရဲ့ စာသားတွေကို မြင်တဲ့ အချိန်မှာ သူ့အစီစဥ် အလုပ်ဖြစ်လို့ ဝမ်းသာနေခဲ့ပါတယ်။သူ လူတစ်ချို့ရဲ့ လောင်းကစား ပြသနာကို တကယ် ဖြေရှင်းပေးနိုင်ခဲ့တာပါ..။ဒါက နှစ်ဖက်စလုံး အကျိုးရှိစေမယ့် အခြေအနေပါပဲ..။
မစ်ရှင်က ပြည့်မြောက်ကြောင်း အချက် မပြလာသေးပေမယ့် လည်း မကြာခင်ပြည့်မြောက်တော့မယ်လို့ သူယုံကြည်ပါတယ်။
xx တိုက်ရိုက်ထုတ်လွင့်မူ ပလက်ဖောင်းတွင်..လူတစ်ချို့ဟာ လည်း လောင်းကစား နဲ့ ပတ်သက်တဲ့ တိုက်ရိုက်ထုတ်ခွင့်မူတွေ လိုက်လုပ်လာခဲ့ကြပါတယ်။သို့ပေမယ့် သူတို့ လင်းဖန်လို အဆင့်အတန်းနဲ့ ကြည့်ရူနှုန်း မရှိကြပေ..။
သို့ပေမယ့်..သူတို့ရဲ့ လောင်းကစားဘဝနဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့ တိုက်ရိုပ်ထုတ်လွင့် မူတွေဟာ လူများစွာရဲ့.အာရုံစိုက်မူကို ခံနေကြရပါတယ်..။သူတို့ပြောနေကြတဲ့ အရာက သူတို့ မာစတာ လင်းရဲ့ တိုက်ရိုက်ထုတ်လွင့်မူကို ကြည့်ပြီး လောင်းကစားကို စွန့်လွတ်လိုက်တယ် ဆိုတာပါပဲ..။
လင်းဖန်ဟာ အင်တာနက်ပေါ်မှာ လူအများကြီးရဲ့ ချီးမွမ်းမူတွေကို ခံနေကြရပါတယ်..။သူ့ကြောင့် အကျိုးရှိတဲ့ လူတွေ အများကြီး ရှိကြပေမယ့်လည်း သူ့ရဲ့ မစ်ရှင်ကတော့ အခုထိမပြည့်မြောက်သေးပါဘူး..။
ဒါပေါ့..မစ်ရှင်မပြည့်မြောက်သေးရင်တောင် လူအများကြီးကို ကူညီနိုင်တဲ့ အတွက် ဝမ်းသာရပါတယ်..။
အိမ်တစ်အိမ်တွင်..။
ချန်းရှင်း ဟာ အိမ်မှာပဲ တိုက်ရိုက်ထုတ်လွင့်မူကို ကြည့်နေခဲ့ပါတယ်။သူ အိမ်မှာပဲ နေ့တိုင်းနေပြှီး မာစတာ လင်းရဲ့..တိုက်ရိုက်ထုတ်လွင့်မူကို ကြည့်နေခဲ့ပါတယ်..။သူအစကတော့ ဘာမှ သိပ်မထူးခြားပေမယ့်လည်း..ခနခနကြည့်ပြီးတဲ့နောက် မှာ..စိတ်သဘောထား ပြောင်းလာခဲ့ပါပြီ။
ရုတ်တရက် သူ့ဖုန်းဟာ မြည်လာခဲ့တယ်..။
"ညီအစ်ကို ရှင်း..ဒီနေ့ကျုပ်တို့ အတော်ကို နိုင်နေပြီနော်..။ဒီကိုလာပြီး ပူးပေါင်းချင်လား.။မင်းလည်း နိုင်လိမ့်မယ် ဆိုတာ ငါသေချာ သိနေတယိ.."
အလုပ်သမားလေးဟာ ..ချန်းရှင်းကို လောင်းကစား ပြန်လုပ်ဖို့ ဆွဲဆောငိနေခဲ့တာပါ..။
ချန်းရှင်း ပြန်ပြောလိုက်တယ်။
"ငါ လောင်းကစား မလုပ်တော့ဘူး..။ငါ့ကို လောင်းကစား လုပ်ဖိုပ ထပ်မပြောနဲ့တော့..။အရာအားလုံးက အလိမ်အညာတွေ ချည်းပဲ..."
ဖုန်းထဲက လူဟာ အံ့ဩသင့်သွားခဲ့တယ်.။
"အစ်ကို ရှင်း ..ဒါက ဘယ်လိုလုပ်ပြီး အလိမ်အညာ ဖြစ်နိုင်မှာတုန်း..။တစ်ယောက်ယောက်က ခင်ဗျားကို မဟုတ်တာ ပြောခဲ့တာလား..။သူတို့ကို မယုံကြည်နဲ့..ဒါက ခင်ဗျားရဲ့ စွမ်းဆောင်နို်င်စွမ်းမှာပဲ မူတည်တယ်.."
ချန်းရှင်း ပြန်ဖြေလိုက်တယ်..။
"မာစတာ လင်းက သူ့ရဲ့ တိုက်ရိုက် ထုတ်လွင့်မူမှာ ပြောထားတယ်..။မင်းကစားရင် ၁၀ ပွဲမှာ ၉ ပွဲ ကျိန်းသေ ရှုံးနိမ့်လိမ့်မယ်..။ငါ့ဘဝရဲ့ အချိန်တွေက ဆုံးရှုံးနေသလိုပဲ..။မာစတာ လင်းရဲ့ တိုက်ရိုက်ထုတလွင့်မူက ပေါ်ကာကတ် လှည့်စားမူတွေကို ကြည့်ပြီး ငါနောက်ဆုံးတော့ အကုန်နားလည်လိုက်ပြီ..။ကောင်းပြီ ..ငါ ဖုန်းချလိုက်တော့မယ်..။ငါ အခုတိုက်ရိုက် ထုတ်လွင့်မူကို ကြည့်နေတာ..ပြီးရင်တော့ အလုပ်လုပ်ဖို့ အလုပ်ရှာတော့မယ်.."
* တီ *
ဖုန်းချလိုက်တယ်။။
"ချီးပဲ...စောက်ရူးတွေပဲ..။အဲ့ မာစတာ လင်းကို ပြောနေတာ ဒါနဲ့ ဆိုရင် သုံးယောက်ရှိပြီ.."
သူ မာစတာ လင်း ဘယ်သူလဲ ဆိုတာ အခုထိ မသိသေးပါဘူး..။ဒါကြောင့် သူဖုန်းထဲကနေ ရိုက်ရှာ ကြည့်လိုက်တယ်..။များပြားလှတဲ့ သတင်းခေါင်းစဥ်တွေဟာ ချက်ချင်းထွက်ပေါ်လာခဲ့ပါတယ်။
အထူးသဖြင့်..."အခုချက်ချငိး လောင်းကစားကို ရပ်တန့်လိုက်" ဆိုတာဟာ လူအများကြီး မျှဝေထားခဲ့ကြပါတယ် .။
ဒီဟာကိုဖတ်ပြီးတဲ့ နောက် မှာ သူအ ရာရာတိုင်းကို နားလည်သွားခဲ့တယ်..။ပြသနာက မာစတာ လင်းဆိုတဲ့ လူက တစ်ခြားလူတွေကို လောင်းကစား လုပ်ခြင်းက နေ ရပ်တန့်ခိုင်းပြီး..သူ့ရဲ့ ထမင်းအိူးကို ရိုက်ခွဲနေခဲ့တာပါ..။
သူ ဝီချပ်ဂရု ကို ဖွင့်ပြီး သူ့ဘော်ဒါတွေကို ပြောပြလိုက်တယ်..။သူတို့က တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ကာစီနို တေွမှာ အလုပ်လုပ်နေကြတဲ့ လူတွေပါ..။
"မင်းတို့ အခြေအနေ ဘယ်လိုရှိကြလဲ..။ဟိုစောက်ရူး မာစတာ လင်းကြောင့် ထိခိုက်ကြသေးလား.."
သိပ်မကြာခင်မှာပဲ စာတွေတက်လာခဲ့တယိ..။
"ချီးပဲ သူ့နာမည်ကြားတိုင်း ငါ့မှာ ဒေါသထွက်နေရတယ်..။ငါ သူ့ရဲ့ ငွေတွေကို လိမ်ဖို့ တစ်ယောက်ယောက်ကို ငှားဖို့ လုပ်သေးတယ်..။သူက ဘာပြန်ပြောလဲ သိလား.."
"သူပြောတာက မာစတာလင်းက လောင်းကစားဆိုတာ အလိမ်အညာဖြစ်ပြီး လူတိုင်းရဲ့ ပိုက်ဆံကို လိမ်ယူနေတာလို့ ပြောတယ်တဲ့..။တကယ်စိတ်တို စရာပဲ..."
"ဒီတိုက်ရိုက်ထုတ်လွင့်မူကို ငါ့ဆီက လူအနည်းငယ်လောက်ပဲ ကြည်ခဲ့တာ..။အဲတာတောငိ ပြသနာ ရှိနေတုနိးပဲ.."
"ကြည့်ရူတဲ့ လူတွေ အကုန်လုံးက လောင်းကစား သမားတွေ မဟုတ်ဘူး..။ဒါပေမဲ့ လောင်းကစားကိုဘဘောကျတဲ့ လူတွေက..ဆက်ပြီး မလုပ်ဖို့ ဆံူးဖြတ်နေကြပြီ .။ဒါက ငါတို့အတွက် ကပ်ဆိုးကြီး လိုပဲ.."
"ငါ ရှာကြည့်ပြီးပြီ..အဲ့မာစတာ လင်းက ရှန်ဟိုင်းကပဲ..။ဘယ်သူ သင်ခန်းစာ ပေးမလဲ.."
"ဟားဟား ရှန်ဟိုင်းလား..။ငါဒေါသထွက်ပြီး နေနေရတာ အချိန်တော်တော်ကြာသွားပြီ..။ကြည့်ရတာ လောင်းကစား သမားတွေ အကုန်လုံး ဥိီးနှောက်တွေ ထိန်းချုပ်ခံလိုက်ရသလိုပဲ..သူတို့က လောင်းကစား ဆက်မလုပ်ချင်ကြတော့ဘူး.."
"ကောင်းပြီ..ငါ့တာဝန်သာ ထားလိုက်..။ငါ အဲ့ငနဲကို ကောင်းကောင်းလေး သင်ခန်းစာပေးလိုကိမယ်.."
…
နေ့လည်ဘက်တွငိ..
တိုက်ရိုက်ထုတ်လွင့်မူ ပြီးဆုံးသွားခဲ့တယိ..။
လင်းဖန် ပြောလိုက်တယ်။
"တိုက်ရိုက်ထုတ်လွင့်တာက တကယ် မဆိုးဘူး..။ဒါက လူတွေ အများကြီးကို လောင်းကစား လုပ်တာကနေ ရပ်တန့်စေလိမ့်မယ် ထင်တယ်.."
ကျောက်ကျန်းယန်ဟာ မာစတာ လင်းရဲ့ အရည်အချငိးတွေကို တကယ်လေးစား နေခဲ့ပါပြီ..။
"တကယ်မိုက်တယ်..။ကျွန်တော် ခုနက ဝိုက်ဘို ပို့စ်တွေကို ဖတိနေတာ အကုန်လုံး မာစတာ လင်းနဲ့ ဆက်စပ်နေတယိ..။ကြည့်ရတာ တကယ်အလုပ်ဖြစ်ပုံပဲ.."
ဝုယူလန် ပြုံးလိုက်တယ်..။
"လူအများကြီးက ဝိုက်ဘိုမှာ မှတ်ချကိတွေ ထားခဲ့တယ်..။ဒါပေမဲ့ ဆဲနေတဲ့ လူတွေလည်း ရှိသေးတယ်နော်..။ငါထင်တာတော့ နင် သူတို့ရဲ့ စီးပွားရေးကို ဖျက်ဆီး မိပြီထင်တယ်.."
လင်းဖန် ရယ်လိုက်တယိ။
"သူတို့ကို ဂရုစိုက်မနေနဲ့..သူတို့က တရားမဝင် ဝင်ငွေရှာနေကြတာလေ..။သူတို့ တစ်နေ့ ပြန်ခံစားကြရလိမ့်မယ်.."
*ကလင် ကလင်*
ယင်းနောက် သူ့ဖုန်းဟာ မြည့်လာခဲ့တယိ..။ဒါက အမြည်မသိတဲ့ နံပါတ်က ခေါ်လာခဲ့တာပါ..။
သူ ဖုန်းကိုင်လို်က်တယ်..။
"မင်းက တိုက်ရိုက်ထုတ်လွင့်တဲ့ မာစတာ လင်းလား."
သိပ် မကြည်မလင် ဖြစ်နေတဲ့ အသံတစ်ခုဟာဖုန်းထဲက ထွက်လာခဲ့တယ်..။ဒီအသံက သက်လတ်ပိုငိး လူကြီး တစ်ယောက်ရဲ့ အသံတစ်ခု လိုပါပဲ..။
"ဟုတ်ပါတယ်..ခင်ဗျားက.."
လင်းဖန် မေးလိုက်တာပါ..။
"မင်းကို ငါ သတိပေးလိုက်မယ်။မင်း တိုက်ရိုက်ထုတ်လွင့်တာကို ရပ်တန့်လိုက်သင့်တယ်နော်..။ငါတို့ မင်းကို စစ်ဆေးပြှီးသွားပြီ..။မင်း အစက တိမ်ဖြူလမ်းမှာ ဆိုင်ဖွင့်ပြီး အခု..ထျနိဟောင် စီးပွားရေးလမ်းကီု ပြောင်း သွားတာမလား..။အနာဂတ်မှာ ပြသနာတွေ အဖြစ်ချင်ရင် တိုက်ရိုက်ထုတ်လွင့်တာ ရပ်လိုက်ဖို့ အကြံပေးချင်တယ်..။မဟုတ်ရင်..လက်ပဲ ပြတ်မလား...လျာပဲ ပြတ်မလား..တွေးထားပေါ့ကွာ.."
လင်းဖန် ရယ်မောလိုက်ပြီး ဖုန်းကို..ညွန်ပြလိုကိတယိ..။
"တစ်ယောက်ယောက်က ငါကို ဖုန်းခေါ်ပြီး ချိန်းေခြာက်နေတယ်.."
"ငါမင်းကို ခြိမ်းခြောက်နေတယ်လို့ ထင်လို့လား..။ငါ့ကို မယုံရင် ဆက်ပြီး တိုက်ရိုက်ထုတ်လွင့်ပေါ့ကွာ..။နောင်တရ မဲ့ နေ့ရက်တွေက မကြာခင်ရောက်လာလိမ့်မယ်.."
လင်းဖန် ရယ်မောလိုက်တယ်။
"ခင်ဗျား ကြောက်နေတာလား.."
လူကြီးဟာ ကြောင်အသွားခဲ့တယ်။
"ငါက ဘာကို ကြောက်ရမှာလဲ.."
"ကျုပ်လျိုဝှက်ချက်တွေ အများကြီးကို ဖော်ထုတ်လိုက်မှာ ကြောက်နေတာလား.။လူအများကြီးသိရင် ခင်ဗျားစီးပွားရေး လုပ်ရတာ ပိုခက်ခဲသွားမယ်လေ ဟုတမတယ်မလား.."
လင်းဖန် ရယ်ပြီး ပြောလိုက်တယ်။
"ပြီးတော့ ကျုပ်ကို မခြိမ်းခြောက်နဲ့..ခင်ဗျားဘယ်သူလဲ ဆိုတာတောငိ ကျုပ်မသိဘူး.။သတ္တိရှိရင် ကျုပ်ကို လာရှာလိုက်..ခင်ဗျားကို အသေမသတ်ဘူးလို့ အာမခံပါတယ်.."
"မအိမ်လုံးလေး...မင်းက ဘဝင်မြင့်လှချေလား.။မင်းက ငါ့ကို မသိဘူးပေါ့...ငါက အစ်ကိုလောင်ပဲ.."
အစ်ကို လောက်ဟာ ဖုန်းထဲကနေ စိတ်တိုစွာ အောဟစ်လိုက်တယ်။ဒီမာစတာ လင်းက တကယ်စည်းကျော်နေခဲ့ပါပြီ..။
"အိုး အစ်ကိုလောင်လား.။စိတ်မကောင်းပါဘူး..ကျုပ်ခင်ဗျားကို မသိဘူး.."
"ကောင်းပြီ မင်းစောင့်နေလိုက်..။မင်းကိုယ်မင်း လုပ်ချင်တာလုပ်လို့ ရမယ်ထင်နေလား...ဆက်ပြီး အိပ်မက်မက်နေ..။မင်းသတ္တိရှိရင် လိပ်စာပြောလိုက်..။မဟုတ်ရင် စကားကို ဆင်ခြင်ပြော.."
အစ်ကိုလောင် ကျိန်ဆဲနေခဲ့တာပါ..။
လင်းဖန် ရယ်မောလိုက်တယ်။
"ကောင်းပြီ..ကျုပ်က xxx အဆာက်အဦးရဲ့ xx အထပ်မြောက် နေတာ..။လာခဲ့လိုက်.."
သူဖုန်းချလိုက်တယ်။
ကျောက်ကျန်းယန်ဟာ လင်းဖန်ကို ကြည့်လိုက်ပြီး..
"သူက ကာစီနိုကများ ဖြစ်နိုင်မလား.."
"ဘယ်သူသိနိုင်မှာလဲ."
လင်းဖန် ရယ်မောပြီးပြောလိုက်တာပါ..။သူ ဒါကို လုံးဝ ဂရုမစိုက်ပါဘူး..။
တစ်ချိန်တည်းမှာပဲ အစ်ကိုလောင်ဟာ. ကျသွားတဲ့ ဖုန်းကို ကြည့်နေခဲ့တယိ။
"ခွေးသား..ငါ့ကို စိန်ခေါ်ချင်နေတာပေါ့.."
သူ့ လုပ်ဖော်ကိုင်ဘက်ဟာ မေးလိုက်တယ်။
"အစ်ကိုလောင် ငါတို့ ဘာလုပ်ကြမလဲ.."
အစ်ကို လောင် သူ့ရဲ့ လုပ်ဖော်ကိုင်ဘက်ကို ကြည့်လိုက်တယ်။
"ငါ့ကို မမေးနဲ့တော့..။ငါအဲ့ကောင်ကို သင်ခန်းစာ မပေးရင် ဒီကောင် အစ်ကိုလောင် ဆိုတာ ဘယ်လိုလူလဲ သိမှာ မဟုတ်ဘူး.."
လုပ်ဖော်ကိုင်ဖက် ဟာ ပြောလိုက်တယ်..
"အစ်ကို လောင် ဒါကို လုပ်ချင်တာ သေချာရဲ့လား.။ဒါက..."
အစ်ကို လောင်ဟာ လှည့်ကြည့်လိုက်ပြီး...
"ငါ့ကို စောက်ရူးများ ထင်နေတာလား.။ငါတို့ သူ့ဆီကို အတူသွားပြီး..မျက်နှာကို ကြည့်ပြီး ငါတို့ မှတ်ထားတယ် လို့ပြောရမယ်..။ငါတို့ သူ့နောက်ကို ဆက်တိုက် လိုက် မနေရင် ဥပဒေ ချိုးဖောက်ရာ မရောက်တော့ဘူး.."
လုပ်ဖော်ကို်င်ဘက်ဟာ ခေါင်းညိမ့်ပြီး ပြုံးလိုကိတယိ။
"အစ်ကို လောင် ကတကယ် ဥာဏ်ကောင်းတာပဲ.။ကျုပ်တို့ အကုန်လံူးသာ သူ့ရှေ့မှာ ရပ်နေရင် သူကြောက်လန့်ပြီး သေသွားလောက်တယိ..ဟားဟား.."
အစ်ကို လောင်ပြုံးလိုက်တယ်.။
"မင်းငါ့ဆီက များများ သင်ယူသင့်တယ်.."