အခြေအနေက ကြည့်ရတာပိုကောင်းလာပြှီ
Vol. 20 Ch. 286
ဘာသာပြန် = စနိုးဝှိုက်
အစကတော့ ချန်းရှင်း ဒီတိုက်ရိုက်ထုတ်လွင့်မူကို စိတ်မဝင်စားပါဘူစ.။လင်းဖန်က ကိုယ်ကျင့်တရားနဲ့ တန်ဖိုးတရားတွေ ကိုသာ ပြောနေခဲ့တာပါ..။ဒါကဘာမှအဓိပ္ပါယ် မရှိဘူးလို့သူခံစားရပါတယ်..။သို့ပေမယ့် သူ လင်းဖန်ရဲ့ ကတ်စကေး တွေကို မြင်တဲ့ အချိန်မှာ အံ့ဩသွားခဲ့တယ်..။
သူလောင်းကစား ဇာတ်ကားတွေ အများကြီးကြည့်ဖူးထားပြီး..ဒီလို စွမ်းရည်တွေ ပိုင်ဆိုင်ဖို့ကိုတောင် အိပ်မက်မက် ဖူးပါတယ်..။အခုသူ ကိုယ်တိုင်မြင်တွေနေရတာကတော့ တကယ်အံ့ဩစရာပါပဲ..။
သူ အကောင့်တစ်ခု ချက်ချငိးဖန်တီး ပြီးတော့.သူ့မှာ ကျန်ရှိနေတဲ့ နောက်ဆံူးဒေါ်လာ၁၀၀ ကို လက်ဆောင် အဖြစ်ပို့ပေးလိုက်တယ်..။
ယင်းေနာက် သူ့ကို တပည့်အဖြစ်လက်ခံဖို့ လင်းဖန်ဆိကို စာရေးပြီး မေးလိုက်ပါတယ်..။သူ့ကိုချက်ချင်း သတိထားမိလိမ့်မယ်လို့ သူထင်ထားတာပါ..။သို့ပေမယ့်.မှတ်ချက်တွေကို မြင်တဲ့ အချိန်မှာ သူကြောင်အသွားခဲ့တယ်။
"လောင်းကစား နတ်ဘုရားကြီးရယ်ကျုပ်ကိုတပည့်အဖြစ်လက်ခံပေးပါလား.."
"မာစတာ လင်း..ကျွန်တော် တကယ်သဘောကျနေပါပြီ..။နည်းလမ်း တစ်ခုလောက်ပဲ သင်ပေးပါ.."
"ကျွန်တော် အခုပဲ ဒုံးကျည်တွေ ပို့ပေးလိုက်တယ်..။ဒါက လောင်းကစား နတ်ဘုရားရဲ့ အာရုံစိုက်မူကို ရဖို့ အတွက်လေ.."
ချန်းရှင်းဟာ သူ့ရဲ့ ဒေါ်လာ ၁၀၀ က တစ်ခြားလူတွေ လှူတဲ့ ပမာဏနဲ့ ယှဥ်ရင် ဘယ်လောက်တောင် နည်းပါးလဲ ဆိုတာ နားလည်လိုက်ပါပြီ..။သို့ပေမယ့် လောင်းကစား နတ်ဘုရား တကယ်ရှိတာကို သဘောပေါက်လိုက်ပြီး..တိုက်ရိုက်ထုတ်လွင့်မူကို အာရုံပြန်စိုက်လိုက်တယ်။
တိုက်ရိုက်ထုတ်လွင့်မူက အရမ်းပေါ်ပြူလာ ဖြစ်နေတဲ့ အတွက် ကျောက်ကျန်းယန်ဟာ မှတ်ချက်ပေးလိုက်တယ်...
"ဒီမှာ မာစတာ လင်းကို ဆရာတင်ချင်နေတဲ့ လူတွေက အများကြီးပဲ..။ရူးသွပ်ဖို့ကောင်းတယ်နော်.."
လင်းဖန်ဟာ အကူညီမဲ့ သလိုခံစားရပေမယ့်လည်း စိတ်တော့ သိပ်မပူပါဘူး.။သူ အေးဆေးပဲ သွားချင်တာပါ..။သူ ဒီလူတွေရဲ့ စိတ်ထဲကို အကြောက်တရား ချက်ချင်းကြီး မရိုက်ထည့်လိုက်ချင်ပေ..။သူအသုံး မပြုရသေးတဲ့..ကျွမ်းကျင်မူတွေ အများကြီးရှိသေးတယ်...ဖြည်းဖြည်းချင်း သွားတာက ပိုကောင်းပါတယ်..။
၁၁ နာရီ။
"ဒီနေ့ အတွက် တိုက်ရိုက် ထုတ်လွင့်မူက ဒီလောက်ပါပဲ..။အားလုံးပဲ နောက်တစ်ခါလွင့်မှပဲ လာကြည့်ကြပါ.."
လင်းဖန် ပြောလိုက်တာပါ..။
"မဟုတ်ဘူး လောင်းကစား နတ်ဘုရား..။အခုမှ စလွင့်ရသေးတာလေ.."
"ဟုတ်တယ် ကြည့်လိူ့တောင် မဝသေးဘူး.."
ကြည့်ရူသူတွေဟာ ထွက်မသွးချင်ကြပေ..။ဒီမှာ ကြည့်နေရတာက တကယ် ရင်ခုန်ဖို့ကောင်းပါတယ်..။တိုက်ရိုက် ထုတ်လွင့်မူ ရပ်တော့မယ် လို့ပြောတဲ့ အချိန်မှာ သူတို့ ဝမ်းနည်းသွားခဲ့ကြတယ်..။
တိုက်ရိုက်ထုတ်လွင့်မူ ရပ်တန့်လိုက်တယ်။
လင်းဖန် သက်ပြင်းချလိုက်ပြီး..
"ဘယ်လိုခံစားရလဲ.."
ကျောက်ကျန်းယန်ဟာ အံ့ဩသင့်နေခဲ့ပါတယ်။သူ လင်းဖန်ကို ..စိုက်ကြည့်လိုက်ပြီး လက်မထောင်ပြ လိုက်တယ်။
"တကယ်မိုက်တယ် လို့ပဲ ပြောရမယ်..။တော်တော် မိုက်တယ်.."
"ငါက အဲတာကို မေးနေတာ မဟုတ်ဘူး..။ငါ သူတို့ကို ကူညီနိုင်မယ် လို့ထင်လား.."
လင်ဖန်မေးလိုက်တာပါ..။
ကျောက်ကျန်းယန် ခနလောက် တွေဝေသွားခဲ့တယ်..။
"ဒါကတော့ သူတို့ အပေါ်မှာပဲ မူတည်တယ်လို့ ထင်တယ်..။သူတို့ သေချာစဥ်းစားဖို့အတွက် အချိန်လိုအပ်တာပေါ့.."
လင်းဖန် ရယ်မောလိုက်တယ်။
"ငါလည်း ဒီလိုထင်တာပဲ..။တိုက်ရိုက်ထုတ်လွင့်မူ တစ်ခါလုပ်ရုံနံ့ မလုံလောက်ရင် ငါထပ်ခါထပ်ခါ လုပ်နေမယ်။သူတို့ လောင်းကစား ဆက်လုပ်ရလောက်အောင် ဥာဏ်ထိုင်းမယ် လို့တော့ မထင်ဘူး။
နေ့လည်စာသွားစားကြရအောင်..ပြီးမှ ဆက်ကြမယ်.."
"အာ..ပြီးမှ ဆက်လွင့်မှာလား..။ခင်ဗျား မမောသေးဘူးလား.."
"ငါက ဘာလို့ မောရမှာလဲ..ငါကထိုင်ပဲ ထိုင်နေရတာကို."
သူ ဒီလောင်းကစား မစ်ရှင်ကို ပြည့်မြောက်ချင်နေခဲ့ပါပြီ။အစကတော့ သူ မကာအို အထိသွားရမယ် ထင်ထားပေမယ့် အခုတော့ အဲလောက်ထိ မလိုတော့ပါဘူး..။ဒီနည်းလမ်းက အကောင်းဆံူး နည်းလမ်းပါပဲ..။
ကျောက်ကျန်းယန် ခေါင်းညိမ့်လိုက်တယ်..။
"ကောင်းပြီလေ.."
သူ လင်းဖန်ရဲ့ သဘောထားကို မငြင်းဆန်တော့ပါဘူး..။ထပ်ပြောရရင် လင်းဖန် ဘယ်လိုလုပ်နေလည်း ဆိုတာကို သူရှာမတွေ့သေးပေ..။သူကိုယ်တိုင်လည်း ဘေးနားကနေထိုင်ပြီး ကြည့်နေရတာကို သဘောကျနေခဲ့ပါတယ်..။
သူတို့ အနီးအနားက စားသောက်ဆိုက် တစ်ခုမှာ စားသောက်လိုက်ကြတယ်..။သူတို့ စားနေတဲ့ အချိန်မှာ..လူလိမ်ထျန်နဲ့ ကျန်တဲ့လူတွေဟာ လင်းဖန်ကို ဝိုက်ဘိုကတဆင့် ဆက်သွယ်လာကြပါတယ်..။သူတို့ဟာ လင်းဖန် ဘာတွေ စီစဥ်နေတာလဲ ဆိုတာကို သိချင်နေကြတာပါ..။
သူတို့လင်းဖန်ရဲ့ အကြံဥာဏ်ကို သိလိုက်တဲ့ အချိန်မှာ ပိုပြီး စိတ်လှုပ်ရှားသွားခဲ့ကြတယ်။
၂နာရီ။
အိမ်ထဲမှာလူအနည်းငယ် ရှိနေခဲ့ပါပြီ။
ဆိုင်က ပြင်ဆင်နေတုန်းပဲ ဖြစ်တာကြောင့် သူတို့မှာ ဘာမှ လုပ်စရာ မရှိပါဘူး..။ဒါကြောင့် သူတို့ လင်းဖန်ရဲ့ တိုက်ရိုက် ထုတ်လွင့်မူကို ကြည့်ဖို့ လာခဲ့ကြတာပါ..။
လူလိမ်ထျန် ရေရွတ်လိုက်တယ်။
"ချီးပဲ ငါမင်းကို သိလာတာကြာပြီ..လောင်းကစားလုပ်တတ်တာ တကယ်မသိခဲ့ဘူး.."
လင်းဖန် ရယ်လိုက်တယ်။
"ခငိဗျား မသိတာတွေ အများကြီး ရှိသေးတယ်.."
ဝူယူလန်ဟာ စားပွဲမှာ ထိုင်ပြီး ကတ်တွေကို ကိုင်ကြည့်နေခဲ့တယ်။
"ဒီကတ်တွေနဲ့ ဘာလုပ်ပြနိုင်မှာ မို့လို့လဲ.."
ကျောက်ကျန်းယန် စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်တယ်..။
"မင်း မမြင်ရသေးလို့ပါ..။ခနနေကျရင် မာစတာ လင်း ဘယ်လောက်တောင် ကျွမ်းကျင်လဲ သိရလိမ့်မယ်.."
လင်းဖန် ရယ်မောပြီး တိုက်ရိုက် ထုတ်လွင့်မူကို စတင်လိုက်ပါတယ်။
ကြည့်ရူသူတွေထဲမှာ လောင်းကစား သမား မပါပေမယ့်လည်း အတော် စိတ်ဝင်စားနေခဲ့ကြပါတယ်
ဒီမှာ ပြသနေတဲ့ ပြကွက်တွေက အရမ်းကို ကြမ်းတမ်းနေလို့ပါ..။
ကုမ္ပဏီတစ်ခုတွင်..။
ကျို့ဟန်..ဟာ အလုပ်ရှုပ်နေပေမယ့်လည်း..သူ့ဖုန်းဟာ ရုတ်တရက် မြည်လာခဲ့တယ်..။
"မင်းသဘောကျတဲ့ တိုက်ရိုက်ထုတ်လွင့်သူက အခု တိုက်ရိုက်လွင့်နေပြီ.."
သူက တိုက်ရိုက် ထုတ်လွင့်မူတစ်ခုတည်းကိုပဲ..အားပေးတာဖြစ်ပြီး..ဘေးနားကို တစ်ချက်ဝေ့ကြည့်လိုက်တယ်..။သူ့သူဌေး အနားမှာ မရှိတာ တွေ့တဲ့ အချိန်မှာ သူတိုက်ရိုက် ထုတ်လွင့်မူ ဝက်ဆိုက်ထဲကို ဝင်လိုက်ပါတယ်။
ကျို့ဟန်ဟာ လောင်းကစားကို စိတ်ဝင်စားပေမယ့်လည်း မာစတာ လင်းရဲ့ ထုတ်လွင့်မူကို ကြည့်ပြီး သံသယ စတင်ဝင်လာခဲ့တယ်..။ဒါက မာစတာ လင်းပြနေတဲ့ လှည့်စားမူတွေက ကြောက်စရာ ကောင်းနေလို့ပါ..။ဒါက သူ့ကို ကြောက်ရွံ့စေပါတယ်..။
အထူသဖြင့် သူပြောတဲ့ စကားကိုပါ..။
"မင်းလောင်းကစား ခုံမှာ ထိုင်ပြီး ကစားဖို့ လုပ်လိုက်တာနဲ့ မင်းရှုံးပြီပဲ.."
သူဒါကို သေချာ တွေးတာ ကြည့်လိုက်တဲ့ အချိန်မှာ ဒါအမှန်ပဲ ဆိုတာကို သိလိုက်ရပါတယ်။သူက အမြဲတမ်း အလုပ်များနေပြီး..အလုပ်တွေ ပြီးမှ သူငယ်ချင်းတွေနဲ့ တွေ့ပြီး စကားတွေ ပြောဖြစ်တာပါ..။ဒါက သူ့ကို တကယ် အကူညီဖြစ်စေပါတယ်။
သို့ပေမယ့် သူလောင်းကစား စလုပ်တဲ့ အချိန်ကစပြီး..သူ့မှာ သူငယ်ချင်း အနည်းငယ်လောက်သာ ရှိပါတော့တယ်။ဒီ သူငယ်ချင်းတွေကလည်း အစစ်အမှန် မဟုတ်ကြပါဘူး..။သူတို့က ပိုက်ဆံကြောင့်သာ တစ်ယောက်နဲ့ တစ်ယောက် ခင်မင်နေကြတာပါ..။
ထပ်ပြောရရင် မာစတာ လင်းပြောသွားတဲ့ နောက်ထပ်စကား တစ်ခွန်းကိုလည်း သူ ထောက်ခံပါတယ်။အဲတာက မင်းနဲ့ ရင်းနှီးတဲ့ လူနဲ့ ဘယ်တော့မှ လောင်ကစားအတူ မလုပ်နဲ့ ဆိုတာပါပဲ..။
ဒါက မင်းလောင်းကစား ရပ်တန့်ချင်တဲ့ အချိန်ကျရင် သူက လောင်ကစားဆက်လုပ်ဖို့ တိုက်တွနိးမှာ ဖြစ်ပြီး .ရတဲ့ နည်းနဲ့ ဆွဲဆောင်မှာပါ..။တစ်ဖက် လူအတွက်လည်း တူတူပါပဲ..။ထပ်ပြောရရင် ပိုက်ဆံ ချေးတဲ့ ငှားတဲ့ ကိစ္စကလည်း ရှုပ်ထွေးတဲ့ ပြသနာ တစ်ရပ်ပါပဲ..။အဆုံးမှာတော့..မင်းဘဝ ပျက်ရနိုင်ပါတယ်..။
မာစတာ လင်းရဲ့ စကေးတွေက ကျို့ဟန် အတွက်တော့ လောင်းကစား နတ်ဘုရား တစ်ယောက်လိုပါပဲ..။သူလိူချင်တဲ့ ကတ်ကို သူရနေခဲ့တာပါ..။ထပ်ပြောရရင် မာစတာ လင်းက ဘယ်လို လိမ်လိုရျယ် ဆိုတာတွေကိုသာ ပြသပေးနေပြီး..တစ်ခြားလူတွေကို တော့ မသင်ပေးပါဘူး..။
သူ အစကတွေးနေတာက မာစတာ လင်း တစ်ခြားလူတွေကို မသင်ပေးခင်မှာ လူသိများအောင် အရင်လုပ်ပြီး..သင်တန်းခ တိုးတောင်းဖို့ ကြိုးစားနေတာလား ဆိုတာပါပဲ..။သို့ပေမယ့် မာစတာ လင်း က တစ်ခြား လူတွေကို လောင်းကစား မလုပ်စေချင်လို့ ဆိုတာကို သူနားလည်လိုက်ပါပြီ.။
ဒီမှာ မာစတာ လင်းကို လှည့်စားမူ တစ်ကွက်လောက် သင်ပေးဖို့ ဒုံးကျည်တစ်ရာ ပေးပို့တဲ့ လူချမ်းသာတွေလည်း ရှိနေခဲ့ပါတယ်။
သို့ပေမယ့် မာစတာ လင်းဟာ လုံးဝ မသင်ပေးခဲ့ပေ..။လူကြီးဟာ ဒေါသ ထွက်ပြီး သူပေးခဲ့တဲ့ ဟာတွေ ပြန်တောင်းနေပေမယ့် ဘယ်သူမှ ဂရုမစိုက်ကြပါဘူး..။အစကတည်းက သူ့ကို ဘယ်သူမှ အတင်းမလှူခိုင်းပေ..။
သို့ပေမယ့် မာစတာလင်းဟာ သူလှူခဲ့တဲ့ အရာတွေရဲ့ တစ်ဝက်ကို ပြန်ပေးခဲ့ပါတယ်။ကျန်တဲ့ တစ်ဝက်ကိုတော့ ကုမ္ပဏီကို လှမ်းပစ်လိုက်မယ် လို့ပြောခဲ့ပါတယ်။
အဲ့အချိန်မှာပဲ မာစတာ လင်းနောက်နေတာကို သဘောပေါက်လိုက်ပြီး အားလုံး ရယ်မောလိုက်ကြပါတယ်..။
မကြာခင်မှာပဲ ၅ နာရီကို ရောက်လာခဲ့တယိ။
မာစတာ လင်း တိုက်ရိုက် ထုတ်လွင့်မူကို ရပ်တန့်လိုက်ပေမယ့် ကျို့ဟန်ကတော့ ဆက်ပြီး ကြည့်ချင်နေဆဲပါ..။သူ အရင်က လောင်းကစား လုပ်ခဲ့တဲ့ အရာတွေ အကုန်လုံးက အလိမ်အညာတွေမှနိး သဘောပေါက်လိုက်ပါပြီ..။ယင်းနောက် သူဖုန်းကို ဖွင့်ပြီး ..သူ့ဘော်ဒါတွေဆီ..ကို ဝီချပ်ကနေတဆင့် စာပို့လိုက်တယ်။
"ငါ လောင်းကစားဆက် မလုပ်တော့ဘူး..။ငါဘာလို့ လောင်းကစားကို စွန့်လွတ်လိုက်လဲ သိချင်ရင်..အားတဲ့အချိန်မှ လဖက်ရည်သောက်ရင်း ပြောကြမယ်.."