ဘွဲ့တစ်ခုရဲ့အရေးပါမူကိုဆွေးနွေးခြင်း..
Vol. 20 Ch. 288
ဘာသာပြန် = စနိုးဝှိုက်
အစ်ကို လောင်ရဲ့ လုပ်ဖော်ကိုင်ဘက်တွေဟာသူ့ကို လေးစားကြပါတယ်..။သူတို့တွေးတာက အစ်ကို လောင် ဒီလူကို ရိုက်နှက်တော့မယ်လို့ ထင်ထားကြတာပါ..။ဘာပဲဖြစ်ဖြစ်..နေ့ဘက်ကြီးမှာ တစ်စုံတစ်ယောက်ကို သွားပြီး ရိုက်နှက်ရင် ဖမ်းခံရနိုင်ပါတယ်..။
သို့ပေမယ့် အစ်ကိုလောင် ပြောတာကတော့ သူတို့ ဒီတိုင်း သွားလည်ပတ်မှာ ဖြစ်ပြီး..အနည်းငယ် ကြည့်ရူ ယုံလောက်ပဲ လို့ ပြောထားတာပါ..။
မကြာခင်မှာပဲ ကြီးမားတဲ့ လူအုပ်ဟာ စုမိသွားခဲ့တယိ။
လုပ်ဖော်ကိုင်ဘက်ဟာ ပြောလိုက်ပါတယ်။
"အစ်ကိုလောင် အကုန်လုံး ဒီမှာရောက်နေကြပြီ..။ကျွန်တော်တို့ အခုသွားကြတော့မလား..."
အစ်ကို လောင်ဟာ လူတွေ အများကြီးရှိနေတာကို မြင်တဲ့ အချိန်မှာ သူ့ရဲ့ လုပ်ဖော်ကိုင်ဘက်ကို ချက်ချင်း စောင့်ကန်လိုက်တယ်..။
"မင်းက သောက်ပြသနာ ရှာချင်နေတာလား..။တကယ်လို့ ရဲတွေ ငါတို့ကို မြင်သွားရင် ..ငါတို့ ဘာလုပ်ရမှာလဲ..။ငါက မင်းနဲ့ လူနည်းနည်းလောက်ပဲ လိုက်ခဲ့ဖို့ပြောတာ..။ကျန်တဲ့ လူတွေကတော့ နေခဲ့ကြ.."
သူတို့ ဗနိကားနဲ့ ထွက်ခွာ သွားခဲ့ကြတယ်..။
ဗန်ကာထဲတွငိ..။
အစ်ကို လောင် နှာခေါင်းရှုတ်လိုက်တယ်..။
"ဒီနေ့ခေတ်မှာ လူတွေက တကယ်ပြသနာ ရှာချင်နေကြတယ် ။အရင်တုန်းက လည်း သူ့ကိုယ်သူလောင်းကစား နတ်ဘုရား ဆိုတဲ့လူက ဂျန်ချန်းကနေ..ရှန်ဟိုင်းကို..ရောက်လာခဲ့သေးတယ်လေ..အဆုံးမှာ မှာ သူဘာဖြစ်သွားလဲ ကြည့်ပါလား..."
လုပ်ဖော်ကိုင်ဘက်ဟာ ရယ်မောလိုက်တယ်..။
"အဲ့ငနဲက ကျုပ်တို့ မြေအောက် ကာစီနိုကို လာပြီးကစားတာ..သူ့မှာ ရှိတဲ့ အရာရာတိုင် ရှုံးသွားခဲ့တာပဲလေ.."
"ဟုတ်တယ်...အဲ့ငနဲပဲ..။သူကိုယ်သူလောင်းကစား နတ်ဘုရားလို့ ပြောပြီး..အဆုံးမှာတော့..ကျုပ်တို့ရဲ့ လှည့်စားမူတွေနဲ့..ကျွမ်းကျင်မူတွေ အောက်မှာ ဆုံးရှုံးသွားရတာပဲလေ..။သူလိမ်ညာပြီး ကစားချင်တာတောင် ဆက် မကစားနိုင်တော့ဘူး..။ဘယ်လို အရှုံးသမား မျိုးလဲ..."
အစ်ကို လောင် ဂုဏ်ယူစွာ ပြောလိုက်တာပါ..။
သူတို့ကိုယ်သူတို့ လောင်းကစား နတ်ဘုရားလို့ ပြောနေတဲ့ လူတွေကို သူတို့ အများကြီး မြင်ဖူးကြပါတယ်..။သူတို့ကြည့်ရတာဟာ တကယ့်ဆရာကြီး စတိုင်ဖြစ်ပြီး အဆုံးမှာတော့ ဆုံးရှုံးသွားကြရတာပါပဲ..။
လုပ်ဖော်ကိုင်ဘက် တစ်ယောက်ဟာ မေးလိုက်တယ်။
"အစ်ကို လောင် ကျွန်တော်တို့ အဲ့ကို ရောက်တဲ့ အချိန်ကြရင် ဘာလုပ်ကြမလဲ..။သူက ကျွန်တော်တို့ကို ခြောင်းမြောင်းတိုက်ခိုက်ဖို့..တမင်ခေါ်ထားတာ ဖြစ်နိုင်မလား.."
အစ်ကို လောင်ဟာ သူ့ရဲ့ ပုခုံးကို ဖြည်းဖြည်းလေး ပုတ်လိုက်တယ်..။
"မင်းက တကယ်ဥာဏ်ကောင်းတာပဲ..သူ့ရဲ့ အစီစဥ်တွေကိုတောင် ကြိုတွေးနေတယ်..။သူက ငါတို့ သူ့ကို လာမရှာရဲဘူးလို့ တွေးရင်တွေးနေလိမ့်မယ်..။ဒါပေမဲ့ ငါတို့က စောက်ရူးတွေ မဟုတ်ဘူးလေ.."
သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ ခေါင်းကို ခါယမ်းလိုက်ကြတယ်..။
"ဘယ်လို ဖြစ်နိုင်မှာလဲ..သူက ငါတို့ရဲ့..အစ်ကိုလောင်ကို သိမ်ငယ်အောင် လုပ်ချင်နေတာလား..."
"ဟားဟား..ခနနေ ငါတို့ ရောက်တဲ့ အချိန်ကျရင် သေအောင် ကြောက်လန့်သွားမှာပဲ.."
"ဒါပေမဲ့ အစ်ကို လောင်..ကျွန်တော်တို့ လိပ်စာ အမှားကြီး ရထားရင်ရော ဘယ်လို လုပ်မလဲ.."
ရုတ်တရက် အားလုံးတိတ်ဆိတ်သွားခဲ့တယ်..။
အစ်ကို လောက် တောင်မှ ဒီကိစ္စကို မတွေးထားမိခဲ့ပါဘူး..။ယင်းနောက် သူကြည့်လိုက်ပြီး...
"မင်းတစ်ခုခု ပိုကောင်းတာ..မပြောတတ်တော့ဘူးလား..။လိပ်စာ အတုဆိုတာက မင်းဘာကို ပြောချင်တာလဲ..။အတု ဆိုရင်လည်း ဘာဖြစ်လဲ..ငါမင်းတို့ ကို အပြင်ကို ကားစီးဖို့ ခေါ်လာတယ် လို့ပဲ သဘောထားလိုက်ပေါ့..။ပြသနာ ရှိလို့လား..."
"မဟုတ်..ပြသနာ မရှိပါဘူး.."
"အစ်ကို လောင်က ငါတို့ကို ဒီလောင်း လိုအပ်လို့ ခေါ်လာတာကို မင်းက ဒါတွေ ပြောမနေနဲ့လေ.."
ဆိုင်ကို ပြင်ဆင်နေတဲ့ အတော်အတွင်းမှာ ကျောက်ကျန်းယန်နဲ့ ကျန်တဲ့ လူတွေဟာ..တိုက်ရိုက်ထုတ်လွင့်မူမှာ..မာစတာ လင်း ဘယ်လောက်တောင် ဆန်းကြယ်လဲ နေ့တိုင်း ကြည့်ခဲ့ကြပါတယ်။သူ့ရဲ့ လောင်းကစားနဲ့ လှည့်စားတဲ့ စွမ်းရည်တွေက..တကယ် အပြစ်အနာအဆာ ကင်းနေခဲ့တာပါ..။တစ်ခါတစ်လေမှာ လင်းဖန် မကာအိုမှာ ပိုက်ဆံတွေ အများကြီး သွားမရှာပဲ ဘာလို့ ဒီမှာ ဆိုင်ဖွင့်ထားတာလဲ ဆိုတာကို တွေးမိကြပါသေးတယ်။
သိသာစွာပဲ သူတို့ လင်းဖန်ရဲ့ အိပ်မက်တွေ ကို မသိပါဘူး..။
သူက ပျော်ရွင်တဲ့ ဘဝမှာတစ်ခု..နေပြီး..စမ်းသပ်ချက်တွေကို ..တစ်ခုပြီး တစ်ခု ဖွင့်သွားချင်ခဲ့တာပါ..။သူ အပေါင်းအသင်းတွေလည်း အများကြီး ရှိချင်ပါသေးတယ်..။
ပိုက်ဆံ အတွက်ကတော့ သူ အများကြီး ဂရုမစိုက်ပါဘူး..။ဒါက သူ့အတွက် လုံးဝ မသုံးမဝင်ပေ..။
ဝူယူလန် ရယ်မောလိုက်တယ်။
"ဒီနေ့ အိမ်မှာပဲ စားကြရအောင်..။ကျွန်မ အားလုံးအတွက် အရသာ ရှိတာတွေ ချက်ကျွေးမယ်.."
လင်းဖန် အံ့ဩသွားခဲ့တယ်။
"မင်းက ချက်ပြုတ်တတ်တယ်လား.."
ဝူယူလန်ဟာ လင်းဖန်ကို ကြည့်လိုက်ပြီး..
"ငါ လိန်ကျုံးမှာ ရှိနေတုနိးက..နေ့တိုင်း ချက်ပြုတ်ခဲ့တာလေ.."
"အလုပ်မှာရော..မီးဖိုခန်းမှာရော..စွမ်းဆောငိ နိုင်စွမ်းတွေ ရှိတယ်..။အနာဂတ်မှာ ဝူယူလန်ရဲ့ ယောက်ျားကတော့ ကျိန်းသေ ကံကောင်းမှာပဲ.."
ကျောက်ကျန်းယန်ဟာ ပြောလိုက်ပြီး..လင်းဖန်ကို ကြည့်လိုက်တယ်..။
"မာစတာ လင်း...အမ်..."
ဝူယူလန်က မာစတာ လင်း အပေါ်မှာ ခံစားချက်တွေ ရှိနေတာ သူသိထားပါတယ်.။သူဒါကို တွေးမိလိုက်ပြီး..မာစတာ လင်းက ရှားရှားပါးပါး ပြုစုခံရမယ့် လူဆိုတာကို သဘောပေါက်လိုက်ပါတယ်..။
တကယ်လို့ လင်းဖန်သာ ကျောက်ကျန်းယန် တွေးနေတာကို သိရင်..သေလောက်အောင်ကြောက်ရွံ့သွားခဲ့မှာပါ..။ကျောက်ကျန်းယန် သူ့ကို ဒီလောက်တောင် အထင်ကြီးနေလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။
လူလိမ် ထျန်ဟာ လင်းဖန်ကို လူရောဟုတ်ရဲ့လား လို့ အနီးကပ်သေချာ ကြည့်နေခဲ့တယ်..။တစ်ခါတစ်ရံမှာ..သုက အရမ်းထူးခြားတဲ့ အရာတွေကို အမှတ်မထင် လုပ်ပြတတ်ပါတယ်။
*ကလင် ကလင်*
"အိုးဒါက ခုနက ခေါ်ထားတဲ့ တစ်ယောက်ပဲ.."
လင်းဖန် ရွေရွတ်လိုက်တာပါ။
ကျောက်ကျန်းယန် ကြောင်အသွားခဲ့တယိ..။
"သူတို့ ဒီကို တကယ်ရောက်နေတာလား.."
"ဘယ်သူသိမှာလဲ.."
လင်းဖန် ဖုန်းကို ကိုင်လိုက်တဲ့အချိန်မှာ.လှောင်ပြောင်တဲ့ အသံတစ်ခုကို ကြားလိုက်ရပါတယ်။.
"မာစတာ လင်း ရေ..အောက်ကို တစ်ချက် ငုံ့ကြည့်ပါဦး.."
လင်းဖန် လေသာခန်းကို သွားပြီး အောက်ကို ငုံကြည့်လိုက်တယ်..။လူတစ်ခုဟည သူ့ကို မော့ကြည့်နေတာ မြင်တဲ့ အချိန်မှာ သူကြောင်အသွားခဲ့ပါတယ်..။
"အစ်ကိုလောင်..အဲ့ ငနဲက အပေါ်မှာ ရှိနေတာပဲ.."
အစ်ကို လောင်ဟာ ရယ်မောလိုက်ပြီး..
"ဟားဟား မာစတာ လင်း..မင်းက ကိုယ့်လိပ်စာ ကိုယ် အစောကြီး ဖော်ထုတ်ရအောင် အတော် တုံးအတာပဲ..။ငါတို့ တက်လာရမလား..မင်းဟာ မင်း ဆင်းလာခဲ့မလား..။ငါတို့ လုံခြုံတဲ့ တစ်နေရာကို သွားပြီး စကားပြောလို့ ရတယ်နော်..။ငါတို့ တက်လာရမယ် ဆိုရင် အရှက်ရစရာတွေ ဖြစ်သွားနိုင်တယ်.."
လင်းဖန် ဖုန်းချလိုက်ပြီး..လှမ်းအော်လိုက်တယ်..။
"ဟေး..စောက်ရူးတွေ..ငါ့ကို ခနစောင့်ဦး.. ။ငါ နေ့လည်စာ အရင်စားလိုက်ဦးမယ်.."
"ချီးပဲ..အစ်ကိုလောင် သူက ငါတို့ကို စောက်ရူးတွေကို ခေါ်နေတယ်..။အဲ့ကောင်ကို သတ်ရအောင်.."
"ဘောပဲ..ဒီကောင်က..အရိုက်ခံချင်နေတာ ထင်တယ်..။ဖြစ်နိုင်တာ သူက ငါတို့ ဘယ်သူလဲ ဆိုတာ သိနေတာ များလား.."
"ဘာတွေ စောင့်နေဦးမှာလဲ..။အခုတက်သွားပြီး အဲ့ကောင်ကို သင်ခန်းစာပေးကြမယ်.."
"ပါးစပ်ပိတ်ထား.."
အစ်ကိုလောင်ဟာ လက်ဝေ့ယမ်းပြီး လှောင်ပြောင်လိုက်တယ်။
"ဒီ ငနဲက ဥာဏ်ကောင်းသားပဲ..။သူက ငါတို့ကို အပေါ်ကို မြှားခေါ်ပြီး..ရဲခေါ်ဖို့ လုပ်နေတာ.ဒါဆိုရင် ငါတို့ အဖမ်းခံရလိမ့်မယ်..။ကစားတာတော့ ကောင်းပါတယိ ...ဒါပေမဲ့ ငါတို့ ့ဘယ်သူလဲဆိုတာ ဒီကောင် မသိလောက်ဘူ..။ဒီမှာ စောင့်နေရအောင်..သူ ဆင်းမလာဘူးလို့တော့ ငါ မယုံကြည်ဘူး.."
ကျန်တဲ့ လူတွေဟာ အစ်ကိုလောင် ရဲ့ စကားကြောင့် သဘောပေါက်သွားခဲ့ပြီး..သူ့ကို အံ့ဩစွာကြည့်လိုက်ပါတယ် .။
"အစ်ကိုလောင်က တကယ်အံ့ဩဖို့ကောင်းတာပဲ..။ငါတို့ ဒါကို မတွေးလိုက် မိဘူး.."
"ငါတို့ သူဆီကို သွားပြီး ရိုက်နှက်နေတုန်း ရဲတွေလာရင် အဖမ်းခံရမှာ ကျိန်းသေတယိ.."
"ဒါအမှန်ပဲ ဒီမှာနေပြီး သူဆင်းလာတဲ့ အချိန်အထိစောင့်ကြရအောင်.."
အစ်ကို လောင်ဟာ ပျော်ရွင်စွာ ခေါင်းညိမ့်လိုက်တယ်..။ယင်းနောက် သူ့လူတွေကို လေးနက်စွာ ကြည့်လိုက်ပြီး..
"မင်းတို့ အားလံူး တည်တည်ငြိမ်ငြိမ် ရှိရမယ် ဆိုတာ သေချာမှတ်ထားကြ။ဒီလို အခြေအနေမျိုးနဲ့ တွေ့ကြုံတဲ့ အချိန်မှာ အလျင်စလို ဆံူးဖြတ်ချက်ချလို့ မရဘူး..။ဘာလုပ်ရမလဲ ဆိုတာ သေချာတွေးတောရမယ်.."
လုပ်ဖော်ကိုင်ဖက်တွေဟာ သူတို့ ..အစ်ကိုလောင် ဆီက သင်ယူစရာတွေ အများကြီး ရှိသေးတယ် လို့တွေးလိုက် မိကြပါတယ်။
"ငွေကြေ မန်နေဂျာ ရှောင်ဂျိီက ဘာလို့ မင်းတို့ထက် လွယ်လွယ်ကူကူ အလုပ်လုပ်ရပြီး..လစာပိုရနေလဲ ဆိုတာ မငိးတို့ သိကြလား.."
အစ်ကိုလောင် မေးလိုက်တာပါ..။
လုပ်ဖော်ကိုင်ဖက်တွေဟာ ခေါင်းညိမ့်လိုက်ပြီး..တစ်ယောက်ဟာ ပြန်ဖြေလိုက်တယ်။
"သူက တက္ကသိုလ်က ဘွဲ့ရပြီးသား ဖြစ်လို့လေ.."
အစ်ကိုလောင် ခေါင်းညိမ့်လိုက်တယ်။
"ဒါ အမှန်ပဲ..ငါတို့ရဲ့ ကာစီနို ရဲ့ အကြွေးတွေက..နေ့တိုငိးတက်နေတာ..လနဲ့ နှစ်နဲ့ တက်နေတာ မဟုတ်ဘူး..။ဒါကို သေချာ ထိန်းညှိနိုင်ဖို့ လိုအပ်တယ်လေ..။မူလ တန်းလောက် အောငိထားတဲ့..လူက ဒီဟာတွေကို လုပ်ဖို့ ဥာဏ်မှီမယ် ထင်လို့လား.."
သူတို့ ခေါင်းယမ်းလိုက်ကြတယ်..
"ငါတို့ နားမလည် နိုင်ကြဘူး..အဲတာက အရမ်းခက်ခဲတယ်..။ငါတို့ အဲဒီ..ငွေကြေးဖောင်းပွမူ နဲ့ အတိူးနှုန်းတွေကို နားလည်ဖို့ ကြိုးစားတိုင်း သတ်နေသလိုပဲ.."
အစ်ကိုလောင် ရယ်ေမာလိုက်တယ်။
"ဒါကြောင့် အနာဂတ်မှာ မင်းတို့ကို ဦးနှောက်ပိုသုံးဖို့ ပြောနေရတာပေါ့..။လေ့လာတာက ကောင်းတဲ့ အလုပ်ပဲ..။ရှောင်ဂျီဆိုတာကလည်း ငယ်ငယ်ကတည်းက ဒါတွေတတ်လာတာမဟုတ်ဘူးလေ..။သူ့ရဲ့ ဘွဲ့လက် မှတ်ကြောင့်သာ ခန့်အပ်ခံရတာ..။ဟုတ်တယ်မလား.."
"အစ်ကိုလောင် ကျွန်တော်တို့ သိပါပြီ.။အနာဂတ်မှာ စာကို များများ ဖတ်ပါ့မယ်.."
"အစ်ကို လောင် အရင်တုန်းက ကျုပ်တို့ တိုးတက်ဖို့ လိုတယ် လို့ပြောခဲ့တာ အံ့ဩစရာ မရှိတော့ဘူး..။ဒီနေ့ခေတ်မှာ အင်တာနက်ပေါ်က ငွေချေးစနစ်တွေ များလာပြီ..။သူတို့က ကျွန်တော်တို့လို ပဲ လုပ်စားနေကြတာမလား..။ဒါပေမဲ့ သူတို့ရဲ့ တရားမဝင်အလုပ်က မသိရင် တရားဝင် အလုပ်တစ်ခုလိုပဲ.."
အစ်ကို လောင်ခေါင်းညိမ့်လိုက်တယ်..။
"ဒီစကားက သိပ်ကို မှန်တယ်..။အနာဂတ်မှာ စာကို များများဖတ်..။ငါတို့ ဒီငနဲကို မရိုက်နှက်သလို နှောက်လည်း မနှောက်ယှက်ဘူး..။ဒါက သူ့ကို ဆိုက်ကို ဝင်သွားစေမှာ ဖြစ်ပြီး..တိုက်ရိုက်ထုတ်လွင့်မူရဲ့..ကပ်ဆိုးကို နားလည်သွားစေရမယ်.."
"နားလည်ပါပြီ.."
"ဒီကောင် ကြောက်လို့ တုန်နေလောက်ပြီ.."
"အစ်ကို လောင်..သူက နေ့လည်စာ စားဦးမယ် လို့ပြောနေတယ်လေ..။ကျွန်တော် ဒီမှာ စောင့်ကြည့်ထားလိုက် မယ်..။အစ်ကို လောင်တို့..အရင်သွားပြီး တစ်ခုခု စားလိုက်လေ.."
အစ်ကို လောင် ပြန်ဖြေလိုက်တယ်..။
"ကောင်းပြီ..ဒါဆိုလည်း ဒီမှာ စောင့်နေလိုက်ဦး..။ငါတို့ အရင်တစ်ခုခုသွားစားပြီး..မင်းအတွက် စားကောင်းတာ တစ်ခုခု ယူလာခဲ့မယ်.."