ထောင်ခြောက်ထဲကို တည့်တည့်လျောက်သွားခြင်းရဲ့ အရေးပါမူ
Vol. 20 Ch. 289
ဘာသာပြန် = စနိုးဝှိုက်
"ကျွန်တော်တို့ ရဲကို ခေါ်သင့်လား.."
ကျောက်ကျန်းယန် မေးလိုက်တာပါ..။
လင်းဖန် ခေါင်းခါယမ်းလိုက်တယ်..။
"အရင်စားကြရအောင်..အလျင်မလိုဘူး.."
သူ လုံးဝ စိတ်မပူပါဘူး.။သူအောက်မှာ ရောက်ျနပြှ ဖြစ်တဲ့ အစ်ကို လောင်ကို လုံးဝ စိတ်ထဲမထားပေ..။ဒီ အစ်ကို လောင် ဆိုတဲ့ လူ သူ့ဆီကို တကယ်လာလိမ့်မယ် လို့ပဲ မထင်ထားခဲ့တာပါ..။
သူ ဒီလူတွေ ဘယ်ကလာတဲ့ လူတွေလည်း ဆိုတာ ကို အခုထိ မသိရှိရသေးပေ..။
လူလိမ်ထျန် ပြုံးလိုက်တယ်..။
"မင်းသူတို့ကို ဖြေရှင်းဖို့ ဆိုရင် စက္ကန့်ပိုင်းလောက်ပဲ အချိန်ယူရမယ် ထင်တယ်.."
"ခင်ဗျား နောက်နေတာပဲဖြစ်ရမယ်.."
ကျောက်ကျန်းယန် မယုံကြည်နိုင်ပဲ ပြောလိုက်တာပါ..။မာစတာ လင်း ဒီလို ပြောရင် သူ ယုံကြည်ဦးမှာ ဖြစ်ပေမယိ့လည်း လူလိမ်ထျန်ကိုတော့သူမယုံကြည်ပေ.။
ကျောက်ကျန်းယန်ဟာ အစားအသောက်ကို အလင်အမြနိပဲ စားသောက်လိုက်ပြီး..ဒီပြသနာကို ဘယ်လို ဖြေရှင်းရမလဲ ဆိုတာကို တွေးတော နေခဲ့ပါတယ်..။
ယင်းနောက် လင်းဖန်ဟာ သူ့ဆီကို ဖုန်းထိုးပေးလာခဲ့ပြီး ကင်မရာကို ဖွင့်ကာ ပြောလိုက်တယ်.။
"သူတို့ကို ဗီဒီယို သွားရိုက်ပြီး..ဒီကို ဘာလုပ်ချင်နေကြတာလဲ လို့ မေးလိုက်.."
မကြာခင်မှာ ပဲ ကျောက်ကျန်းယန်ဟာ ပြန်ရောက်လာကြတယ်..။
"ကျွန်တော် အခုပဲ အောက်ကို ဆင်းပြီး မေးကြည့်တာ သူ့တို့က မာစတာ လင်းကို သတ်ချင်နေကြတယ်.."
လင်းဖန် ရိုက်ကူးထားတဲ့ ဗီဒီယိုကို ပြန်ကြည့်လိုက်တယ်..။ဗီဒီယို ထဲမှာတော့ အောက်က လူတွေဟာ အော်ဟစ်နေခဲ့ပါတယ်။
"အခုဆင်းခဲ့လိုက်..ငါတို့ မင်းကို သတ်ပစ်မယ်.."
"ကျွန်တော်တို့ တကယ်ရဲမခေါ်တော့ဘူးလား.."
ကျောက်ကျန်းယန် မေးလိုက်တာပါ..။
လင်းဖန် ဖုန်းခေါ်လိုက်တယ်။
"အရာရှိလီ..ကျေးဇူးပြုပြီး..xx အိမ်ယာနားငို လာခဲ့ပါဦး..။ဒီမှာ..ကာစီနို ကလူတစ်ချို့ ပြသနာ လာရှာနေလို့.."
"ကောင်းပြီ..အောက်ကို သွားကြမယ်.."
သူအိမ်ထဲကနေ ထွက်တဲ့ အချိန််မှာ.ဖိနပ်စဥ်ပေါ်ကနေ ကွင်းထိုး ဖိနပ် တစ်စုံကို ယူလာခဲ့ပါတယ်..။
အောက်ဘက်တွင်။
"အစ်ကို လောင် ကျွန်တော်တို့ဘယ်လောက် ကြာအောင် စောင့်ရမှာလဲ.."
ရာသီဥတုက အတော်ကို ပူပြင်းနေခဲ့တာပါ..။အစ်ကို လောင်ဟာ အချိန်ခနကြာအောင် တွေးလိုက်ပြီး..
"ငါတို့ ခနနေပြန်ကြမယ်..။ငါတို့ သူ့လိပ်စာကို သိရပြီ ဆိုမှတော့...ဂရုထဲကို ပို့ပေးလိုက်လို့ ရတာပဲ..။ဒီငနဲက လောင်းကစားကို ဆန့်ကျင်တဲ့..တို်က်ရိုက်ထုတ်လွင့်မူကို လုပ်နေတာလေ..။သူအပြစ်ပြုမိတဲ့ လူတွေ အတော်များနေလောက်ပြှီ..။ငါတို့ ဘာမှ မလုပ်ရင်တောင် သူ့ကို သတ်ချင်နေတဲ့လူတွေ ကျိန်းသေ ရှိမှာပဲ.."
လုပ်ဖော်ကိုင်ဖက်တွေဟာ ရယ်မောလိုက်ကြတယ်..။
"အစ်ကို လောင်က တကယ် အမျှော်အမြင် ရှိတာပဲ.."
"ဟေး..ငတုံး မာစတာ လင်းက ဒီရောက်နေပြီ.."
ဒါကို ကြားတဲ့ အချိန်မှာ အစ်ကိုလောင်ဟာ..လင်းဖန်ဘက်ကို ချက်ချင်းလှည့်ကြည့်လိုက်တယ်..။ယင်းနောက် သူဟာ ပြုံးလိုက်ပြီး..
"မှတ်ထားဦး..သူ့ကို မရိုက်နှက်နဲ့..။ကြောက်သွားအောင်ပဲ လုပ်..။သူက အရမ်းမောက် မာနေရင်တော့ ိှနည်းနည်းပါးပါး ရိုက်လို့ရတယ်.."
"နားလည်ပါပြီ.."
လင်းဖန် အစ်ကို လောင်ရှေ့ကို ရောက်လာတဲ့ အချိန်မှာ အစ်ကို လောင်ဟာ...လက်ကို ရှေ့ထုတ်ပြီး နှုတ်ဆက်ဖို့ လုပ်လိုက်တယ်.။သူ့ရဲ့ အကြည့်တွေကတော့ စူးရှလို့ နေခဲ့ပါတယ်..။
"မင်းက မာစတာ လင်းပဲ ဖြစ်ရမယ်.။ငါက အစ်ကိုလောင် ပါ.."
*ဖြန်း.*
"မင်းက အစ်ကိုလောင်လား.."
လင်းဖန် ဒီမေးခွန်းကို မေးလိုက်ပြီး..ယူလာတဲ့ ဖိနပ်နဲ့ အစ်ကိုလောင်ရဲ့ ပါးကို ဖြတ်ရိုက်လိုက်ပါတယ်..။အစ်ကို လောင်ရဲ့ ပါးတစ်ဖက်ဟာ နီရဲသွားပြီး ချက်ချင်း ရောင်ကိုင်းလာခဲ့တယ်..။
ကျောက်ကျန်းယန်ဟာ ကြောင်အနေခဲ့ပါတယ်..။မာစတာလင်းက ဒီလောက်အထိ တည့်တိုးဆန်လိမ့်မယ် လို့ သူမထင်ထားခဲ့ပါဘူး..ဒါက တကယ် အဆန်းကြီးပဲ..။
အစ်ကို လောင်လည်း ကြောင်အနေခဲ့တယ်.။သူ ဒီအလုပ်ကို လုပ်လာတာ ကြာပြီ ဖြစ်ပေမယ့်လည်း ဒီလို လူမျိုးကို ပထမဆံူး မြင်ဖူးတာပါ..။
ရုတ်တရက် သူ အတော်ကို ဒေါသထွက်သွားခဲ့တယ်..။သူ့မျက်လုံးဟာ ပြူးကျယ်လာပြီး တစ်ခုခု လုပ်ချင်စိတ်တွေ ပေါ်လာခဲ့ပါပြီ.။
*ဖြန်း*
သူ တစ်ခုခု ပြောဖို့ လုပ်လိုက်တဲ့ အချိန်မှာပဲ သူ့ရဲ့ ေနာက်ထပ် ပါးတစ်ဖက်ဟာ အရိုက်ခံလိုက်ရတယ်..။
"မင်းက ငါ့ကို ခြိမ်းခြောက်ချင်နေတာ ဟုတ်တယ်မလား..။မင်းလောက် တုံးအတဲ့ ကောင်မျိုး တစ်ခါမှ မတွေ့ဖူးဘူး..။မင်းက ကိုယ်တိုင်လာပြီး အဖမ်းခံတာပဲ.."
အစ်ကို လောင်ဟာ လင်းဖန်ကို မျက်တောင် မခတ်ပဲ ကြည့်နေခဲ့တယ်.။အရာရာတိုင်းက သူမထင်မှတ်ထားတာတွေ ဖြစ်လာခဲ့တာပါ..။ယင်းနောက် သူ အော်လိုက်တယ်..။
"မင်း.."
"မင်း...မင်း..ဘာဖြစ်လဲ.."
လင်းဖန် အစ်ကို လောင်ရဲ့ မျက်နှာကို ရိုက်နေတာ မရပ်တန့်ခဲ့ပေ..။သူ ဖိနပ်နဲ့ ဆက်တိုက် ရိုက်နှက်နေခဲ့ပါတယ်။အစ်ကိုလောင်ဟာ ဒီရိုက်ချက်တွေကြောင့် မူးဝေနေပြီး..သူ့မျက်နှာဟာ ရောင်ကိုင်းပြီး သွေးတွေ ထွက်လာခဲ့ပါပြီ..။
*ဖြန်း*
အစ်ကို လောင်ဟာ မူးဝေပြီး မြေကြီး ပေါ်ကို လဲကျသွားခဲ့တယ်..။
"ချီးပဲ..သူ အစ်ကို လောင်ကိုတောင် ရိုက်ရဲတယ်ပေါ့..။ချကွာ.."
လုပ်ဖော်ကိုင်ဖက်တွေဟာ..အစ်ကို လောင်ရိုက်နှက်ခံရတာကို ကြောင်အကြည့်နေရင် ကနေ အသိစိတ်ပြန်ဝင်လာခဲ့ပါတယ်..။သူတို့ ချက်ချင်း ရှေ့ကို တက်သွားလိုက်ကြတယ်..။
လူလိမ်ထျန်ဟာ ဝင် တိုက်ခိုက်ချင်ပေမယ့် လည်း လင်းဖန် တားဆီတာ ခံလိုက်ရပါတယ်..။ယင်းနောက် လင်းဖန်ဟာ ဖိနပ် နှစ်ဖက်ကို ကမ္ဘာပေါ်က အကောင်းဆုံး လက်နက်တစ်ခုလို အသုံးပြုပြီး..အကုန်လံူး မှောက်သွားအောင် ရိုက်နှက်ပါတော့တယ်..။
"အစ်ကို လောင်လား..။မင်းတို့ အားလုံးမှာ ဥိီးနှောက် မပါကြဘူးလား။ငါ့ကို လာပြ မခြိမ်းခြောက်ခင် နည်းနည်းပါးပါး စုံစမ်းကြပါလား..။ဒါဆို မင်းတို့ ငါ့ကို ခြိမ်းခြောက်ဖို့ လူလုံလုံလောက်လောက် ခေါ်လာလို့ရတာပေါ့.."
လင်းဖန် ရိုက်နှက်နေရင်း ပြောလိုက်တာပါ..။
ယင်းနောက် ရဲကား သံတွေကို ကြားလိုက်ရတယ်။
လင်းဖန် ဖိနပ်ကို သူ့အနီးအနားမှာ ရှိတဲ့..အမှိုက်ပုံးထဲကို ပစ်ထည့်လိုက်တယ်.။သူသုံးခဲ့တဲ့ လက်နက်ကို ဖုံးကွယ်ထားမှ ရမှာပါ..။
အစ်ကိုလောင် ဟာ သူလူလုံလုံလောက်လောက် ယူလာခဲ့ပေမယ့် ရှုံးနိမ့်သွားခဲ့မယ် လို့ မထင်ထားခဲ့ပါဘူး..။ယင်းနောက် သူလင်းဖန်ကို ကြည့်လိုက်ပြီး..ရဲကားသံတွေကို ကြားကာ အော်ဟစ်လိုက်တယ်..။
"မင်းက အကြောင်းပြချက် မရှိပဲ ငါတို့ကို ရိုက်နှက်ရဲတယ်ပေါ့..။ငါ မင်းကို တရားစွဲမယ်..ရဲကိုလည်းတိုင်ရမယ်.."
လင်းဖန် သူ့ကို ကြည့်လိုက်တယ်။
"အေးဆေးပေါ့ .. ရဲတွေ လာနေပြီ.."
အစ်ကိုလောင်ဟာ လုံးဝ အံ့ဩသွားခဲ့တယိ..။ဘာတွေ ဖြစ်နေမှန်း သူတကယ် နားမလည်တော့ပါဘူး..။သူ သေချာ စဥ်းစားဖို့ အချိန်တောင် သိပ်မရှိပေ..။
"ငါမင်းကို ပြောလိုက်မယ်..။ငါ တရားဥပဒေကို သိတယ်..။မင်းငါတို့ကို အကြောင်းပြချက် မရှိပဲ ရိုက်နှက်တာက တရားမဝင်ဘူး..။လက်နက်ကို ဖျောက်ပစ်တာနဲ့ လုံလောက်ပြီ ထင်နေတာလား..။ရဲတွေက သက်သေကို သေချာ ရှာကြမှာပဲ.."
အစ်ကို လောင်ဟာ သူဒီကို ဘာလာလုပ်တာလဲ ဆိုတာကို မေ့သွားပြီး တရားမျှတမူ အတွက် အော်ဟစ်နေခဲ့ပါတယ်။
…
ရဲကား အနည်းငယ်ဟာ ရပ်တန့်သွားခဲ့တယ်..။
လီရှောင်ရှမ်းလည်း ကူကယ်ရာမဲ့နေခဲ့ပါတယ်..။လင်းဖန် ဖုန်းဆက်ပြီး ဆိုတာနဲ့ ပြသနာက တစ်ခုမဟုတ် တစ်ခု ရှိနေပါပြီ။
အရင်တုန်းကလည်း လင်းဖန် ပြောခဲ့တဲ့ လူတွေမှာ အမှန်တကယ် ပြစ်မူတွေ ရှိနေခဲ့ပါတယ်။အခုလည်းသူက တစ်ခြားလူတွေကို လောင်းကစား မလုပ်ကြဖို့ တိုက်တွန်းရင်း ပိုက်ဆံတွေ အဆံူးရှုံးအောင် ကူညီပေးနေခဲ့တာပါ..။
ထပ်ပြောရရင် သူလည်း လင်းဖန် တိုက်ရိုက်ထုတ်လွင့်နေတာကို သိထားပါတယ်..။မာစတာ လင်း..ဒီလို ကျွမ်းကျင်တဲ့ လောင်းကစား လှည့်စားမူတွေကို ဘယ်ချိန်သွားသင်ထားလဲ မသိတော့ပါဘူး..။သူက လောင်းကစား တိုက်ဖျက်တဲ့ တိုက်ရိုက်ထုတ်လွင့်သူတောင် ဖြစ်လာခဲ့ပါပြီ.။ဒါက မမျှော်လင့်ထားတဲ့ အရာပါပဲ..။
အစတုန်းက သူလူကုန်ကူးမူကို တိုက်ဖျက်ခဲ့ပြီး..အခု လောင်းကစားကို တိုက်ဖျက်ဖို့ လုပ်နေခဲ့ပါပြီ..။ပုံမှန် လူတစ်ယောက်ဟာ ဒီလို အလုပ်တွေကို လုပ်နိုင်ဖို့ မဖြစ်နို်င်ပေ..။
ရဲတွေ ရောက်လာတာ မြင်တဲ့အချိန်မှာ အစ်ကို လောင်ဟာ ချက်ချင်းငိုကြွေးလိုက်တယ်။
"ရဲအရာရှိကြီးတို့...ဒီလူက ကျုပ်တို့ကို ရိုက်နှက်ခဲ့တယ်..။အမှိုက်ပုံးထဲမှာ သူသုံးခဲ့တဲ့ ဖိနပ်ရှိတယ်..။ကျုပ်သူ့ကို တရားစွဲချင်လို့.."
ဘာပဲဖြစ်ဖြစ် လီရှောင်ရှမ်းဟာ ရဲအရာရှိ ဖြစ်တဲ့အတွက် သေချာ ဖြေရှင်းပေးမှ ရမှာပါ..။မြေကြီးပေါ်မှာ လဲနေတဲ့ လူတွေ အကုန်လုံးဟာ ခန္တာကိုယ်ပေါ်မှာ တက်တူး အပြည့်နဲ့ ရှိနေကြပြီး..ဂျင်း ဘောင်းဘီကိုလည်း ဝတ်ထားခဲ့ကြပါတယ်..။
လင်းဖန် သူ့ဖုန်းမှာ ရှိတဲ့ ဗီဒီယိုကို ဖွင့်ပြလို်တယ်။
"ကျုပ်ရှင်းပြမယ်..ကျုပ်က အရင်စပြီး တိုက်ခိုက်တာ မဟုတ်ဘူး..။ဒီလူတွေက ကျုပ်အိမ်အထိလာပြီး ခြိမ်းခြောက်နေတာ."
လီရှောင်ရှမ်း ခေါင်းညိမ့်ပြီး တီးတိုး ပြောလိုက်ပါတယ်..။
"ဒီတစ်ခါကရော..ဘာလဲ.."
လင်းဖန် တည်ငြိမ်စွာ ပြန်ဖြေလိုက်တယ်..။
"ကျုပ် ခင်ဗျားကို ပြောပြီးပြီလေ..။ဒီလူတွေက ရှန်ဟိုင်း တရားမဝင် ကာစီနို ရဲ့ တာဝန်ရှိတဲ့ လူတွေပဲ..။ခင်ဗျား ဘက်က အဆင်သင့်ပဲလား.."
လီရှောင်ရှမ်း အကူညီမဲ့သွားခဲ့တယ်..။
"ဒါပေါ့.ဒါပေမဲ့..သူတို့က.တသီးတသန့် နေရာတွေ မှာဖွင့်ထားကြတာ..။အဲ့နေရာတွေက ငါတို့ ထိန်းချုပ်မူ အောက်မှာ မရှိဘူး..ပြီးတော့ သူတို့်မှာက သတင်းပေးဖို့ စပိုင်တွေလည်း ရှိသေးတယ်..။သူတို့ကို အမြစ်ဖြတ်ဖို့ဆိုတာက တကယ့်ပြသနာပဲ."
လင်းဖန် လီရှောင်ရှမ်းရဲ့ ပုခုံးကို ပုတ်လိုက်တယ်..။
"ကျုပ်ပြောလိုက်မယ်..။ခင်ဗျားသာ ဆံူးဖြတ်ချက်ချမယ် ဆိုရင် ကျုပ်သေချာ ကူညီပေးမယ်.။ပြီးမှ ကျုပ်မပြောဘူး ဆိုပြီး အပြစ်မတင်နဲ့နော်.."
ထိန်းချုပ်မူအောက်မှာ မရှိတဲ့ နေရာတွေကို ကိုင်တွယ်ဖို့က ပြသနာရှိပါတယ်။အမိန့်စာရဖို့ အတော်ခက်ခဲနိုင်ပြီး လူအများကြီးကို လညိး အပြစ်ပြုမိနို်င်ပါတယ် ။သို့ပေမယ့် လင်းဖန် ပြောတာကို ကြားပြီး လီရှောင်ရှမ်းဟာ ခေါင်းညိမ့်လိုက်တယ် ။
"စိတ်မပူနဲ့..သက်ဆိုင်တဲ့ ဒေသ ဟုတ်ဟုတ် မဟုတ်ဟုတ် တရားမဝင်တဲ့ အလုပ်ဆိုရင် ...ငါ ဘယ်သူ့ကိုမှ လွတ်ပေးမှာ မဟုတ်ဘူး.."
လင်းဖန် ရယ်လိုက်တယ်။
"ဒီငနဲမှာ အဆက်အသွယ်တွေ ရှိလိမ့်မယ်..။ဒါပေမဲ့ ကံကောင်းချင်တော့ သူက အဲလောက် ဥာဏ်မကောင်းဘူး.။သူ့ကို စစ်မေးပြီး အချုပ်ချထားလိုက်..။ခင်ခင်ဗျား အကျိုးကျေးဇူးတွေ ရလိမ့်မယ်.."
လီရှောင်ရှမ်း ပြုံးလိုက်တယ်။
မြေကြီးပေါ်မှာ လဲနေတဲ့ အစ်ကို လောင်ဟာ..ဟို ငနဲနဲ့ ရဲအရာရှိတို့ တီးတိုးပြောနေတာကို မြင်နေရတယ်..။ယင်းနောက် အခြေအနေ မကောင်းတော့တာ သူ သဘောပေါက်လိုက်တယ်။ဒီ နှစ်ယောက်ကြည့်ရတာ ရင်းနှီးတဲ့ သူငယ်ချင်းတွေလိုပါပဲ..။
လီရှောင်ရှမ်း ပြောလိုက်တယ်။
"မာစတာ လင်း..ငါမင်းကို တွေ့ပြီးကတည်းက အမူတွေ တစ်ခုပြီး တစ်ခုလိုက်နေရတာ နားတောင် မနားရတော့ဘူး.."
လင်းဖန် လီရှောင်ရှမ်းရဲ့ ပုခုံးကို ပုတ်လိုက်တယ်။
"ဒါအဆင်ပြေပါတယ်..။ဒီအမူကို လှလှပပဖြေရှင်းနိုင်ရင်သာ ကျုပ်ကို နောက်ထပ် နိုင်ငံသားကောင်း တံဆိပ်နဲ့ ဂုဏ်ပြုဖို့ သတိရပါ.."
လီရှောင်ရှမ်း ရယ်လိုက်တယ်..။
"မင်းက ဒီအတွက် မေးရဲသေးတယ်ပေါ့.."
"ဘာလို မလုပ်ရဲရမှာလဲ..။အခမ်းအနားပွဲမှာတောင် ကျုပ်မျက်နှာ ပြထားသေးတာပဲ..။ဘာတွေ ကြောက်စရာ လိုဦးမှာလဲ.."
ယင်းနောက် လီရှောငိရှမ်းဟာ လက်ဝေ့ယမ်းပြီး ပြောလိုက်တယ်..။
"သူတို့ကို စစ်မေးဖို့ ခေါ်သွားလိုက်..."
အစ်ကို လောင်ဟာ ပြန်ငြင်းခုန်လိုက်တယ်။
"သူ ငါတို့ကို ရိုက်နှက်တာ..။လက်နှက်က အမှိုက်ပုံးထဲမှာ ရှိတယ် .။ငါသူ့ကို တရားစွဲချင်တယ် ။ဒါက တရားဥပဒေရှိတဲ့ နေရာပဲ..ငါ့ကို ဒီလို လုပ်လို့ မရဘူး.."
အစကတော့ သူ ဒီငနဲကို သင်ခန်းစာပေးချင်ခဲ့တာပါ. ။သို့ပေမယ့် သူဘာမှ မလုပ်ရသေးခင်မှာပဲ..ရှုံးနိမ့်သွားခဲ့ရပါပြီ..။
ဘာတွေ ဖြစ်ကုနိတာလဲ...
လင်းဖန် ပြောလိုက်တယ် .။
"အစ်ကို လောင်..."
ရဲတွေ ခေါ်သွားတာ ခံရတဲ့ အစ်ကိုလောင်ဟာ ရုတ်တရက် ပြန်လှည့်ကြည့်လာခဲ့တယ်။
လင်းဖန် ထပ်ပြောလိုက်တယ် .။
"ကျေးဇူးပြုပြီး အနာဂတ်မှာ စာများများ ဖတ်ရမယ်နော်.."
အစ်ကို လောင်နဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ ဒါကိုကြားပြီး ဆွ့ံအသွားခဲ့ပါတယ်..။
".............."