ဆယ်ကျော်သက်ဖက်တီးလေးတစ်ယောက်ကို အနိုင်မကျင့်နဲ့
Vol. 20 Ch. 290
ဘာသာပြန် = စနိုးဝှိုက်
အစ်ကို လောင်ဟာ အတော်ကို ကူညီရာ မဲ့နေခဲ့တယ်..။သူ ဒီကိုလာတာ လင်းဖန်ကို ခြိမ်းခြောက်ဖို့ ဖြစ်ပေမယ့် လည်း...လင်းဖန်က သူဘာမှ မလုပ်ခင်မှာပဲ..သူ့ကို ရိုက်နှက်ပြီး ရဲလက်ထဲကို အပ်ပြီးနေခဲ့ပါပြီ..။ထပ်ပြောရရင် သူတို့က ဘာမှ မမေးပဒ လက်ထိပ်ခဲ့ပြီး ကားထဲကို တန်းထည့်ခဲ့တာပါ..။
တကယ်လို့ အခြေအနေသာ ဒီလို ဖြစ်သွားမယ်မှန်း သိခဲ့ရင် ဒီကို လာခဲ့မှာ မဟုတ်ပါဘူး .။
ကားထဲတွင်..။
အစ်ကို လောင် ငိုပြီး ပြောလိုက်တယ်..။
"ရဲအရာရှိကြီးတို့..ခင်ဗျားတို့ လူမှားပြီး ဖမ်းလာပြီနော်..။ကျုပ်တို့က ဒီတိုင်း ရူခင်းလာကြည့်တဲ့ လူတွေပါ..။သူ့ကို ပဲ ဖမ်းသင့်တာလေ..။ကျွန်တော့် မျက်နှာကိုလည်း ကြည့်ပါဦး..ဒီအခြေအနေအထိ ရိုက်နှက်ခံထား ရတာနော်.."
သူ့ရဲ့လုပ်ဖော်ကိုင်ဘက်တွေကလည်း ကားထဲမှာ တုန်တုန်ရီရီ ဖြစ်နေခဲ့ကြတယ်..။ပထမဆုံးအနေနဲ့ သူ့တို့ အရမ်းဥာဏ်ကောင်းတယ် လို့ ထင်ထားခဲ့တဲ့ အစ်ကို လောင်ကို သံသယ ဝင်မိနေခဲ့ကြပါပြီ..။
လီရှောင်ရှမ်း သူတို့တွေကို ကြည့်လိုက်တယ်..။
"ရိုးရိုးသားသား နေကြ..။ရဲဌာကို ရောက်ရင် မေးတဲ့ဟာ ကို မကွယ်မဝှက်ပဲ ဖြေ.."
အစ်ကို လောင်ဟာ..ရဲတွေ သိမ်းဆည်းသွားခဲ့တဲ့ သူ့ရဲ့ ဗန် ကားလေးကို အကူညီမဲ့ စွာကြည့်နေခဲ့တယ်.။ဒီကားလေးက သူခက်ခက်ခဲခဲ ပိုက်ဆံတွေ ကြိုးစားရှာပြီး ဝယ်ထားရတဲ့ ကားအသစ်လေးပါ.။
…
အဲ့အချိန်...အိမ်အောက်ဘက် မှာတော့..။
ကျောက်ကျန်းယန်ဟာ ကြည့်လိုက်တယ်..။
"ဒီလူတွေက သူတို့ဟာ သူတို့ လာအဖမ်းခံ သလိုဖြစ်နေပြီနော်...။ဘယ်လောက် သနားစရာ ကောင်းလိုက်လဲ.."
လင်းဖန် ရယ်မောပြီး ခေါင်းခါယမ်း လိုက်တယ်..။
"ငါ့ရဲပ ဖိနပ်လေး ရိုက်နေရင်း ကြိုးပျက်သွားတော့ ပြန်စီးလို့ မရတော့ဘူး.။ဒါက ဖြုန်းတီးသလို ဖြစ်သွားမိပြီ.."
လူလိမ်ထျန် ပြောလိုက်တယ်.။
"မင်းရဲ့ ကျွမ်းကျင်မူတွေက တကယ်ကောင်းမွန်တာပဲ..။မင်းက ပါးကွ လက်သီးသိုင်းကို...ဖိနပ်နဲ့ တွဲပြီး သုံးပြသွားတယ်..။ဘယ်လောက်တောင် ကောင်းလိုက်တဲ့ တီထွင်မူမျိုးလဲ..."
လင်းဖန် လူလိမ် ထျန်ရဲ့ ချီးကျူးမူကို လက်ခံပါတ
ယ်.။တစ်ခါတစ်လေမှာ...အရည်အချင်းကို ပြသဖို့ ထူးထူးခြားခြားတွေ လုပ်စရာ မလိုပါဘူး..။သူ အခု လုပ်ခဲ့တဲ့ အရာနဲ့ ပတ်သက်ပြီး အတော်ကို ကျေနပ်နေခဲ့ပါတယ်..။
လင်းဖန်ဟာ ရပ်အနည်းငယ် လောက်ဆက်ပြီး..တိုက်ရိုက်ထုတ်လွင့်နေကာ..ကြည့်ရူသူတွေဟာလည်း ပိုမို မြင့်တက်လာနေခဲ့တယ်.။ပျမ်းမျှ နံပါတ်က..1.35 သန်း ရှိပြီး...အရမ်း မြင့်တက်လာပြီ ဆိုရငိ 2.5 သန်း လောက် ရှိပါတယ်..။ဒါပေါ့ အရေအတွက်က ဒီလောက်ကြီး မတိကျ ပေမယ့်လည်း လင်းဖန် ဒီလောက်ထိ အောင်မြင်နေတာကိုပဲ ကျေနပ်နေခဲ့ပါပြီ..။
သို့ပေမယ့် စမ်းသပ်ချက် ပြည့်သွားပြီ ဆိုတဲ့ အသိပေးချက် မျိုးကို အခုထိ လက်ခံ မရ ရှိသေးပါဘူး..။ကြည့်ရတာ စမ်းသပ်ချက်ပြည့်ဖို့ ဆို
ရင် ဒီထက်ပိုပြီး လုပ်ပြရမယ့် ပံူပါပဲ..။
သို့ပေမယ့် ဆိုးရွားတာက ကြည့်ရူသူတွေ ပိုပိုပြီး များလာနေတာတောင် စမ်းသပ်ချက်က မပြည့်နိုင်သေးတာပါ..။သူ စတင်ပြီး အကူညီမဲ့ သလို ခံစားလာရတယ်..။
ယင်းနောက် လင်းဖန် သူ့ရဲ့ ဝိုက်ဘို ကို ကြည့်လိုက်တဲ့ အချိန်မှာ သူ့ဆီကို များပြားလှတဲ့ သီးသန့် မက်ဆေ့တွေ ရောက်နေတာ တွေ့လိုက်ရပါတယ်..။
"ကျေးဇူးပါ မာစတာ လင်း...ကျွန်တော် ဘဝရဲ့ နိမ့်ကျနေတဲ့ အချိန်မှာ မာစတာ လင်းရဲ့ ဗီဒီယိုကို ကြည့်ခွင့်ရတာ အတော်ကံကောင်းတာပဲ..။ကျွန်တော်ရဲ့ သူငယ်ချင်းတွေက လက် မခံပဲ..ကာစီနို ကိုဆက်ပြီး သွားတာကတော့ စိတ်မကောင်းစရာပဲ..။သူတို့ ဒေါ်လာ သိန်းချီရှုံးတော့ ရဲကို တိုင်လိုက်ကြသေးတယ်လေ...ဒါပေမဲ့ ဘာမှ ထူးထူးခြားခြား ဖြစ်မလာခဲ့ပါဘူး.."
"ကျွန်တော် ခင်ဗျားရဲ့ တိုက်ရိုက်ထုတ်လွင့်မူကို ကြည့်ပြီး ကတည်းက..လောင်းကစား လုပ်တာကနေ..ထွက်ဖို့ ဆုံးဖြတ်လိုက်တာ..။တစ်ခါတစ်လေ လောင်းကစား ပြန်သွားလုပ်ချင်တဲ့ စိတ်ဖြစ်မိပေမယ့်လညိး..မာစတာ လင်းရဲ့ တိုက်ရိက်ထုတ်လွင့်မူ ေတွေကို ပြန်ကြည့်ပြီး ..ကိုယ့်စိတ်ကို ထိန်းချုပ်နိုင်ခဲ့တယ်.."
"ခင်ဗျားက ကျုပ်ဘဝကို အလင်းပြပေးတဲ့ သူပဲ.."
လင်းဖန် အစကတော့ ဒီ စာတွေကို ပြန်ဖြေပေးဖို့ လုပ်နေပေမယ့် လည်း သူ့ကို အကူညီမဲ့စေတဲ့ စာတစိစောင်ကို တွေ့လိုက်ရတယ်..။သူတို့က သူ့ကို ဆရာတင်ချင်နေကြတာဖြစ်ပြီး...သူတို့ရှုံးနိမ့်မူတွေကို ပြန်အနိင်ယူ ချင်နေကြတာပါ..။
"မာစတာ လင်း ကျွန်တော်ကို တပည့်အဖြစ် လက်ခံပေးပါလား..။ကျုပ်မှာ ရှိတဲ့ အာရာရာတိုင်း ဆုံးရှုံးနေပြီ..။ကျုပ်ဆံူးရှုံးထားတဲ့ ပိုက်ဆံလေးတွေ ပြန်ရရင် လောင်းကစား ထပ်မလူပ်တော့ဘူးလို့ ကတိပေးပါတယ်.."
"မာစတာ လင်း...လိုင်းပေါ်မှာ ရှိလား.."
"ဆရာ့ ဆရာကြီး မာစတာ လင်းရေ..ကျွန်တော် ဆုံးရှုံထားတဲ့ ပိုက်ဆံလေးတွေ ပြန်ရချင်လို့ပါဗျာ..။ကျွန်တော့်ကို ဒါလေးတောငိ အကူညီ မပေးချငိဘူးလား.."
ဒီ စာ တွေအတွက်ကတော့ လင်းဖန် အကူညီ မဲ့နေခဲ့ပါတယ်..။ဒီလူတွေက ကူညီဖို့ ဘယ်လို မှ မဖြစ်နိုင်တော့တဲ့ လူတွေ ဆိုတာ တကယ်ထင်ရှားလှပါတယ်.။သူတို့ ဆုံးရှုံးထားတာတွေ ပြန်ရမယ် ဆိုရင်တောင်...သူတို့..က လောင်းကစားလုပ်တာကို ရပ်တန့်ကြမှာ မဟုတ်ပါဘူး..။
သူ လုပ်သလောက်ကို အကောင်းဆံူး လုပ်ပြီးပါပြီ..။သူက ဗုဒ္ဓပြန်လည် မွေးဖွားလာခဲ့တဲ့ လူတစ်ယောက် မဟုတ်ပါဘူး..။သူ ဒီလူတွေကို ဂရုမစိုက် ဖို့ပဲ တတ်နိုင်ပါတော့တယ်..။
*ကလင် ကလင်*
ယင်းနောက် ဖုန်းမြည်လာခဲတယ်..။
ဒါက အမည်မသိတဲ့ ဖုန်းနံတစ်ခုပါ..။
လင်းဖန် ဖုန်းကိုင်လိုက်တယ်..။
"ဟိုင်း မင်းက..."
"ဟိုင်း မာစတာ လင်း..ကျွန်တော်က ရှန်ဟိုင်း ရုပ်မြင်သံကြားက ဂေါင်ရောင်ပါ..။ကျွန်တော်တို့ မနက်ဖြန်..လောင်းကစား ဆန့်ကျင်ရေး အစီးစဥ်တစ်ခု ရှိလို့ပါ..ပြီးတော့ ကျွန်တော်တို့ မာစတာ လင်းရဲ့ လောင်းကစား ဆန့်ကျင်ရေး တိုက်ရိက် ထုတ်လွင့်မူကို တွေ့ခဲ့ရတယ်လေ..။ဒါကြောင့် ကျွန်တော်တို့ မာစတာ လင်းကို..ဧည့်သည်အဖြစ် ဖိတ်ခေါ်ချင်လို့ပါ..။မာစတာ လင်း လာဖို့အတွက် အားရဲ့လား ခင်ဗျ.."
သူတို့ရဲ့ TV အစီအစဥ်က ညဘက် မှာ ပြသတဲ့ ရှိုးတစ်ခုပါ..။လတ်တလောမှာ ကြည့်ရူနှုန်းတွေက ကျဆင်းနေတဲ့ အတွက် သူတို့ရဲ့ ကြည့်ရူနှုန်းတွေကို မြင့်တက်စေဖို့အတွက် ..အဓိပါယ်ရှိတဲ့ ရှိုးတွေကို ပိုပြီး လုပ်ဖို့ စီစဥ်နေခဲ့တာပါ..။သူ အရှေ့မြောက်ဘက်က ..လောင်းကစား နတ်ဘုရားကို..ဧည့်သည်အဖြစ်..မခေါ်ခင်ကတည်းက အချိန်အကြာကြီး တွေးထားခဲ့တာပါ..။
အခု သူ့ကို တစ်ခြား သူငယ်ချင်းတစ်ယောက်ကပါ အကြံဥာဏ်ပေးနေတော့..သူ မာစတာ လင်းကို ဖိတ်ခေါ်ဖို့ အတွက်..ဆုံးဖြတ်ချက်ချလိုက်ပါတယ် .။
ဒီရှိုးအတွက် ပထမဆုံး ထုတ်လွင့်မူက..ပြီးဆုံးသွားပြီ ဖြစ်ပြီး အခုက ဒုတိယ ထုတ်လွင့်မူပါ..။သူတို့ ပထမ ပိုင်းထုတ်လွင့်မူတုန်းက တောင်ဘက် လောင်းကစား နတ်ဘုရား..ရီကျန်းမင် ကို..ဧည့်သည် အဖြစ်ထုတ်လွင့်ခဲ့ပါတယ်..။ဒီတစ်ကြိမ်မှာတော့..သူတို့ မြောက်ဘက် လောငိးကစား နတ်ဘုရားနဲ့အတူ မာစတာ လင်းပါထုတ်လွင့်သွားမှာပါ..။
လင်းဖန် .ဖုန်းထဲက အသံကို ကြားပြီး ရယ်မောလိုက်တယ်။TV ရိှုး တစ်ခုမှာ ထုတ်လွငိ့တာကလည်း ကောင်းမွန်တဲ့ အကြံဥာဏ်တစ်ခုပါပဲ..။ဒါက လိုင်းပေါ်မှာ တိုက်ရိုက်ထုတ်လွင့်တာထက် ပိုပြီး ကောင်းမွန်ပါတယ်..။
"ကောင်းပြီလေ ပြသနာ မရှိပါဘူး..။မနက်ဖြန် အချိန်မှီ လာခဲ့မယ်.."
လင်းဖန် သဘောတူလိုက်တယ်..။
လီဂေါင်ရောင် ပြန်ဖြေလိုက်တယ်။
"အကောင်းဆုံးပဲ..ကျွန်တော် မာစတာ လင်းကို စောင့်ဖို့ ဝင်ပေါကိမှာ တစ်ယောက်ကို စောင့်ခိုင်းထားပါ့မယ်..။ဒါက ညဘက် ရှိုးပွဲတစ်ခုလေ..ကျွန်တော်တို့ ၇ နာရီမှာ..တွေ့ကြမယ်.."
လင်းဖန် ပြန်ပြောလိုက်တယ် .။
"အိုကေ..ကျေးဇူးအများကြီး တင်ပါတယ်.."
ဖုန်းချပြီး နောက် မှာ လင်းဖန် ရယ်မောလိုကိတယ်..။ဒါက အရေးကြီးတဲ့ အခွင့်အရေး တစ်ရပ်ဖြစ်ပြီး...သူ မစ်ရှင် အောင်မြင်ဖို့ အကောင်းဆံူးကြိုးစားရမှာပါ..။မဟုတ်ရင်..သူ့မစ်ရှင်ပြီးမြောက်အောင်လုပ်ဖို့ အချိန်အတော်ကြာအောင်ယူရနိုင်ပါတယ်။
လင်းဖန် အိမ်ကနေ ထွက်ခွာဖို့ လုပ်လိုက်တယ်..။ထျန်ဟောင် စီးပွားရေးလမ်းမှာ အခြေအနေတွေ ဘယ်လို ရှိနေပြီလည်း ဆိုတာ သူတကယ် မသိပါဘူး..ဒါပေမဲ့ သူတို့ မကြာခင် အပြီးသတ်နိုင်လောက်တော့မှာပါ..။သူတို့ ဖုန်းဆက်ပြောတဲ့ အခြေအနေ အရတော့..အလှပြင်ဆင်တဲ့ နောက်ဆုံး အဆင့်ကို ရောက်နေခဲ့ပါပြီ..။
သူ ဆိုင် အနေအထားကို တစ်ချက်သွားကြည့်ချငိပါသေးတယ်။သူ့မှာက တစ်ခြား ဆိုင်ပိုင်ရှင်တွေလို ပြောင်းရွေ့ပြီး သယ်စရာ အများကြီး မရှိပါဘူး..။သူ့အရင်ဆိုင်အဟောင်းက အကုန်လုံး နီးပါးကို သယ်ယူပြီးသလောက် ဖြစ်နေခဲ့ပါပြီ..။ဒါကြောင့် သူ ဒီတိုင်း ဆိုင်ကို ဖွင့်လိုက်လို့ ရပြီး ဒါက အတော်လွယ်ကူတယိ လို့ပြောလို့ရပါတယိ..။
သူ အိမ်ထဲကနေ ထွကိလာခဲ့ပြီး..ကား မောငိးထွက်လာခဲ့တယ်..။
သူ ကားမောင်းရင်း သီချင်းညဥ်းနေခဲ့တယိ..။ဒီခံစားချက်က အရမ်း လွတ်လပ်မူရှိပါတယ်..။သူ လုပ်ချင်တဲ့ အရာကို ဘာမှ စိုးရိမ်စိတ်မရှိပဲ လုပ်လို့ ရနေခဲ့တာပါ..။
ယင်းနောက် သိပ်မဝေးတဲ့ နေရာတစ်ခုမှာ သူနဲ့ ရင်းနှီးတဲ့ အရိပ်တစိခုကို တွေ့လိုက်ရတယ်..။
"ချီးပဲ...အဲတာ ဟို ငနဲ မလား.."
ဒါက ...သူ့ကို အမြဲတမ်း ပြသနာရှာရှာနေတဲ့ မီးတောက်စစ်ပွဲ အင်ပါယာ., ဆောင်းဦးဓား ပါ..။
ဒီ ငနဲ ရှန်ဟိုင်းမှာ ရှိနေတယ် ဆိုတာကို လင်းဖန် သိထားပေမယ့်လည်း..သူ့ရှေ့ကို ရောက်လာလိမ့်မယ်လို့ တကယ်မထင်ထားခဲ့ပါဘူး..။ဆောင်းဦးဓားဟာ ပစ္စည်းတွေ ထည့်ထားတဲ့ အိတိတွေကို သယ်ထားပြီး အငှားကား တစ်စီးကို တားနေခဲ့ပါတယိ..။သူ တက္ကစီကားပေါ်ကို တက်ထိုင်တဲ့ အချိန်မှာ...တွဲလောင်းဖြစ်နေတဲ့ အထုတ်အပိုးတွေကို အတင်းထိုးထည့်နေခဲ့ပါတယ်..။
လင်းဖန် အစကတော့..ထျန်ဟောင် စီးပွားရေး လမ်းကို သွားနေတာ ဖြစ်ပေမယိ့ လည်း..အခု ဆောင်းဦးဓားကို တွေ့လိုက်ရတဲ့ အတွကိ သူဘာတွေ လုပ်နေလဲ ဆိုတာကို...လိုက်ကြည့်ချင်စိတ် ဖြစ်လာခဲ့ပါပြီ..။
ဒီ ငနဲ က အမြဲတမ်း ပြသနာ ရှာနေတဲ့ မီးတောက်ပွဲအင်းပါယာပါ..။
လင်းဖန် သူ့ကို စိတ်ဆိုးသင့်လား.....
ဆောငိးဦးဓားရဲ့ ဘဝမှာ အချိုးအကွေ့ ..အပြောင်းအလဲ တစ်ခုနဲ့ ကြုံရဖို့ ရှိနေတယ် ဆိုတာကို လင်းဖန် မြင်နေရပါတယိ ။ဒါပေါ့..ဒါက ကောင်းမွန်တဲ့ အလှည့်အပြောင်း တစ်ခုတော့ မဟုတ်ပါဘူး..။သေခြင်း ရှင်းခြင်းနဲ့တောငိ သက်ဆိုင်နေတဲ့ အရာပါ..။
သူတို့အရင်တုန်းက တိုက်ခိုက်ခဲ့တဲ့ အချိန်တွေကို ပြန်သတိရနေပါသေးတယ်..။သူတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးက အကောင်းကြီး မဟုတိပေမယ့်လည်း..သူ ဆောငိးဦးဓား အပေါ်မှာ စိတ်ဆိုးဒေါသထွက်တဲ့ စိတ်လုံးဝ ရှိမနေပေ..။
၁၅ မိနစ်ကြာပြီးနောက်..။
လင်းဖန် ဆောင်းဦးဓား အားကစာရုံတစ်ခုထဲ ဝင်သွားတာကို ကြည့်ပြီး..လိုက်ဝင်သွားလိုက်တယ်..။
ဆောင်းဦးဓား ဓာတ်လှေကားထဲ ဝငိတဲ့ အချိနိမှာ ဓာတ်လှေကားဟာ သတ်မှတ် အလေးချိန်ထက် ကျော်လွန်သွားခဲ့ပြီး..တစ်ယောက်ပြီး တစိယောက် ပြန်ထွက်ပေးလိုက်ကြရပါတယ်..။ဆောငိးဦးဓားရဲ့ အမူအရာကတော့ ပုံမှန်အတိုင်းပဲ ရှိနေပြီး ဒီကိ္စ္စတွေက သူ့ကြောင့်ဖြစ်လာတာ မဟုတ်တဲ့ အတိုင်းပါပဲ..။
အားကစားရုံထဲတွင်..။
"ဆျာ...ကတ်ပြား မရှိပဲ အထဲဝင်လို့ မရပါဘူးရှင့်.."
လင်းဖန် ရယ်မောလိုက်တယ်..။
"ခုနက ဝင်သွားတဲ့ ဖတ်တီးက ငါ့ရဲ့ သူငယ်ချင်းပဲ..။သူဘာတွေ လုပ်နေတာလဲ ဆိုတာ ကြည့်ချငိလို့ လိုက်လာခဲ့တာ.."
ဧည့်ကြို မိန်းကလေးဟာ ကြောင်အသွားခဲ့တယိ..။ယင်းနောက် သူမ ရေရွတ်လိုက်ပါတယ်..။
"ရှင့် သူငယ်ချင်းက..အတော်ကို စိတ်ပိုင်းဖြတ်ထားပြီးပြီ.."
လင်းဖန် ပြုံးလိုက်ပြီး အားကစား ခန်းမထဲကို လိုက်ဝင်သွားခဲ့တယ်..။သူ အထဲကို ရောက်တဲ့အချိန်မှာ ကြောင်အသွားခဲ့ပါတယ်..။
ဒါက တကယ် ရုပ်ဆိုးလှတဲ့ မြင်ကွင်းတစ်ခုပါ...
ဆောင်းဦးဓားရဲ့ ပိုးချည်အတွငိးခံ ဘောင်းဘီဟာ သူ့ရဲ့ တင်ပါးနှစ်ခုကြားမှာ ညှပ်နေခဲ့ပြီး..သူဟာ အပေါ်အောက်ကို ထိုင်ထ လုပ်နေခဲ့တယ်..။ဒီမြင်ကွင်းက တကယ် ကြောက်လန့်ဖို့ ကောင်းလှတဲ့ မြင်ကွင်းတစ်ခုပါ..။
ဒါပေမဲ့ ဆောငိးဦးဓားကတော့ တစ်ခြားလူတွေ တွေးမယ့် အရာတွေကို လုံးဝ ဂရုစိုက် တဲ့ပုံမပေါ်ပါဘူး..။
သူ ကြိုးစားပြီး လေ့ကျင့်ဖို့ကို စိတ်ပိုင်း ဖြတ်ပြီးထားပါပြီ..။
တစ်စုံတစ်ယောက်က ဆယ်ကျော်သက်
ဖတ်တီးလေး တစ်ယောက်ကို လာပြီး အနိုင်မကျင့်သင့်ပါဘူး.။