တိမ်ဖြူလမ်းက မပြောင်းလဲသေးဘူး
Vol. 20 Ch. 291
ဘာသာပြန် = စနိုးဝှိုက်
လင်းဖန် ပြန်ထွက်သွားခဲ့တယ်..။သူ ဆောင်းဦးဓား ဘာလို့ အချိန်အတော်ကြာအောင် ပျောက်နေတာလဲ ဆိုတဲ့ အကြောင်းအရင်းကို သိပြီးတဲ့ နောက် မှာ ဆကိပြီး..မကြည့်ချင်တော့ပါဘူး.။သူ့ဘဝမှာ ဖြစ်ပေါ်နေတဲ့ ကံတရားတွေကတော့...သူ့ဘာသာ ဖြေရှင်းရမှာပါ .။
အခုချိန် သူ့ဆီကို သွားပြီး "ဟေး ဆောင်းဦးဓား..။ငါ့က မင်းရဲ့ အချစ်တော်ကြီး မာစတာ လင်းလေ.."လို့ သွားနှုတ်ဆက်ရင် သူ အသတ်ခံရနိုင်ပါတယ်..။ဒါကြောင့် သူ့ရဲ့ လုံခြံမူ အတွကိပဲ ဖြစ်ဖြစ် ဆောင်းဦးဓား အနားကို မသွားတာက ကောငိးမွန်တဲ့ ဆုံးဖြတ်ချကိတစ်ခုပါ..။
ဆောင်းဦးဓားဟာ သူ့ရဲ့ ဘောင်းဘီ နဲ့ပတ်သက်ပြီး ပြသနာ ရှိနေတာကို သူသိထားပါတယ်..။ဘာလို့လဲ ဆိုတော့ သူ့ရဲ့ တငိပါးတွေက ကြီးမားလွန်းတဲ့ အတွက် ထိုင်ထ လုပ်တဲ့ အခါမှာ..အချိ်န်မရွေး ပြဲသွားနိုင်လိုပါ ...။သို့ပေမယ့် သူလုံးဝ ဂရုမစိုက်ပေ..။ဒီလို လှောင်ပြောင်ပြီး..သရော်နေကြတဲ့ အကြည့်တွေ ကြောင့်သာ မဟုတ်ရင် ဒီနေ့လို အခြေအနေမျိုး အထိတောင် ရောက်လာနိုင်မှာ မဟုတ်ပါဘူး..။
အပြေးလေ့ကျင့်စက်..။
သူ အပြေးလေးကျင့်တဲ့ စက်ပေါ်မှာ ပြေးတဲ့ အချိန်တိုင်း အားကစား ခန်းမပိုင်ရှင် ဟာ..နာကျင်နေတဲ့ မျက်နှာနဲ့ ကြည့်နေခဲ့တယ်..။အနီးအနားမှာ ရှိနေတဲ့ တစ်ခြားလူတွေဟာလည်း...အပြေးလေ့ကျင့်စက်ကြီး ပျက်စီးသွားမှာ စိုးပြီး..ဝေးဝေးကို ရှောင်တိမိးလိုက်ကြပါတယ်..။
အားကစားခန်းမ ဝန်ထမ်းတစ်ယောက်ဟာ ရေတစ်ဗူး ယူလာပြီး ပေးလိုက်တယ်..။
"ဒီမှာ.."
"ငါ ရေ မဝယ်ထားပါဘူးး.."
ဆောင်းဦးဓားဟာ သံသယဖြစ်စွာ ပြောလိုက်တာပါ..။
ဝန်ထမ်းဟာ ပြန်ဖြေလိုက်တယ်..။
"ခင်ဗျားရဲ့ သူငယ်ချင်းက ကျုပ်တို့ကို ရေတစ်ဗူးပေးဖို့ မှာသွားလို့.."
"သူငယ်ချငိးလား.."
ဆောင်းဦးဓားဟာ ပိုပြီး သံသယဖြစ်သွားခဲ့တယိ..။အမှန်တကယ်က သူမှာ သူငယ်ချင်းတစ်ယောက် မှ မရှိပါဘူး..။ဒါပေမဲ့ သူမေ့ထားလိုက်တယ် ..ဒါက သူ့ကို ပျက်ရယ်ပြုချင်တဲ့ လူတစ်ယောက်ယောက်ပဲ ဖြစ်မှာပါ..။ရေဗူးက တော့ မသောက်ပဲ နေလိုက်ရင် ဖြူန်းတီးမူ တစ်ခုပါပဲ..။
…
ထျန်ဟောင် စီးပွားရေးလမ်း..။
"သူဌေးလေးက ဒီမှာဟေ့.."
"ဘာလို့ နောက်ကျနေတာလဲ သူဌေးလေး..။မင်းဒီဘက်ကို မလာတာတောင် အတော်ကြာနေပြီ.."
လင်းဖန် ထျန်ဟောင် စီးပွာရေးလမ်း ကိုရောက်လာတာနဲ့ ဆိုင်ပိုင်းရှငိတွေဟာ သူ့အနားကို ဝိုင်းလာခဲ့ပါတယ်..။သူတို့အားလုံးဟာ..ဆိုင်ပြင်ဆင်ဖို့ အတွက် စိတ်ပူခဲ့ကြတာဖြစ်ပြီး..အခုတော့ အတော်ကောင်းမွန်နေခဲ့ပါပြီ..။
လင်းဖန် ပြုံးလိုက်တယ် .။
"ကျုပ် တိုက်ရိုက် ထုတ်လွင့်မူ လုပ်နေလို့ပါ..။တစ်ခြားလူတွေကို ဆိုင်အလှပြင်ဆင်ဖို့ အတွက် အပ်ထားတော့ ကျွန်တော် စိတ်ပူစရာ သိပ်မရှိဘူးလေ..။အားလုံး အခြေအနေကောင်းကြတယိ မလား.."
အကြီးအကဲ ကျန်း ပြန်ဖြေလိုက်တယ်..။
"သိပ်မဆိုးပါဘူး..။ငါရွေးလိုက်တဲ့ ဆိုင်က အကြီးကြီးလေ...ဒါပေမဲ့ ဆောက်လုပ်ရေး အဖွဲ့က လူနည်းနေတော့ အချိန်မှီပြီးဖို့ မနည်းကြိုးစားနေရတယ်..။ရေ နဲ့ လျှပ်စစ်မီးတွေ တပ်ဆင်ပြီး သွားရင်တော့...မျက်နှာကျတ် နဲ့ ပန်ချီအလှ ပုံဖော်တာတွေ စလုပ်တော့မှာ.."
အကြီးအကဲ လိန်ဟာတော့ အနာဂတ်မျှော်လင့်ချက်တွေ အပြည့်နဲ့ ပြောလိုက်တယ်..။
"ငါတို့ တိမ်ဖြူလမ်းက ထွက်ခွာတုနိးက တွေဝေနေခဲ့ကြသေးတယ်..။ဒါပေမဲ့ လတ်တလော..ငါရှာဖွေမူတွေ လုပ်ကြည့်တာ.. ဒီလမ်းကို ဧည့်သည်တွေ လည်ပတ်နိုင်တဲ့ အလားအလာက အတော်ကို များနေတာ ပဲ..။ငါတို့ လုပ်ငန်းတွေ စတင်လည်ပတ်ပြီ ဆိုတာနဲ့..လူအများကြီးကို ဆွဲဆောင်နိုင်လိမ့်မယ်.."
အဲ့အချိန်မှာပဲ ကားတစ်စီးဟာ သူတို့ အနီးကို ချည်းကပ်လာခ့ဲတယ်..။
အစ်မဟောင်ဟာ အပြုံးတွေ ပြည့်နေတဲ့ မျက်နှာနဲ့ ကားပေါ်က ဆင်းလာခဲ့ပြီး...
"ငါ့မှာ သတင်းကောင်း တစ်ခုရှိတယ်.."
"ဘာသတင်းကောင်းတွေ ရှိလို့လဲ အစ်မဟောင်.."
လင်းဖန် ပြုံးပြီး မေးလိုက်တာပါ..။ဒီလူတွေနဲ့ အိမ်နီးချင်းကောင်းဖြစ်ရတာက သူ့အတွက် တကယ်ကောင်းမွန်တဲ့ အရာတစ်ခုပါပဲ..။ထပ်ပြောရရင် သူတို့တွေဟာ တိမ်ဖြူလမ်းမှာကတည်းက အချိန်အတော်ကြာအောင် အတူတူရှိနေခဲ့့ကြပြီးပါပြီ..။ပြောစရာ မလိုတော့အောင်..သူတို့ရဲ့ ဆက်ဆံရေးက စည်းလုံးကြပါတယ် .။
"မာစတာ လင်း...တစ်ခါမှ မစဥ်းစားမိတဲ့ အရာကို ပြောပြမယ်..။ကျွန်မ တိမ်ဖြူလမ်းကို..ပစ္စည်းတွေ ယူရအောင် သွားတုန်း လီဂေါင်ချန်းနဲ့ တွေ့လို့..ကျွန်မ ပစ္စည်းတွေယူသလို မျိုး တိမ်ဖြူလမ်း နာမည်ကိုပါ ယူလို့ရရင် ကောင်းမယ် လို့ပြောလိုက်တယိ .။အဲတာနဲ့ ရုတ်တရက်ကြီး လီဂေါင်ချန်းက ကျွန်မတို့ လိုချင်ရင်..တိမ်ဖြူလမိး ဆိုတဲ့ နာမည်ကို..ကျွန်မတို့ကို မေးလိုက်မယ် လို့ ပြောတယိလေ..။အဲတာနဲ့ ကျွန်မတို့ တိမ်ဖြူလမိး ဆိုတဲ့
နာမည်နဲ့ အတော် ရင်းနှီးပြီး တစ်သားတည်းကျနေတာကို တွေးမိပြီး သဘောတူလိုက်တယ်..။ကျွန်မ အခုပဲ ထျန်ဟောင် စီးပွားရေး လမ်းရဲ့ အကြီးအကဲ တွေဆီက ပြန်လာတာလေ .။သူတို့ ကလညိး အကုန်အဆငိပြေတယ် ဆိုရင် တိမ်ဖြူလမ်း ဆိုတဲ့ နာမည်ကို အသုံးပြုပေးမယ် လို့ပြောတယ်.."
အားလုံး ဒါကို ကြားပြီး ဝမိးသာ သွားကြတယ်..။
"ဒါအကောင်းဆုံးပဲ..ဒါဆို ငါတို့ တိမ်ဖြူလမိး ဆိုတဲ့ နာမည်ကို အသုံးပြုလို့ရပြီပေါ့.."
"နေရာပြောင်းနေပေမယ့်လည်း..လမ်းနာမည် မပြောင်းဘူးဆိုတော့ ဒါအတော် အဆင်ပြေတယ် လို့ ပြောလို့ရတယ်."
"ကြည့်ရတာ ရှင်းယု ကော်ပိုရေးရှင်းတောင် သူတို့မှားမှန်း သဘောပေါက်ကြပြီ ထင်တယ် .။ဒါက လျော်ကြေးငွေ သဘောမျိူး ဖြစ်လိမ့်မယ်.."
"အခုက စပြီး ငါတို့ တိမ်ဖြူလမ်းမှာ နေနေတာပဲ..။ဘာမှ မပြောင်းလဲဘူး.."
လင်းဖန် တောင်မှပဲ ရှင်းယု ကော်ပိုရေးရှင်းက ဒီလိုမျိူးပေး လိမ့်မယ် လို့မထင်ထားခဲ့မိပါဘူး..။လမ်းတစ်ခုရဲ့ အရေးပါမူကို မပြောနဲ့ဦး..အောင်မြင်ပြီးသား လမ်းနာမည်တစ်ခုကတောင် အတော် တန်ကြေးရှိပါတယ်..။သူတို့ ဒီလိုမျိုး အလွယ်တကူ ပေးလိုက်တာက..နားလည်မူကြေး ပေးတဲ့ သဘောမျိုး ဖြစ်လိမ့်မှာပါ..။
တိမ်ဖြူလမး် ..။
ဒီ စကားလုံးနှစ်လုံးက ထျန်ဟောင် စီးပွားရေး လမ်းထက် အများကြီး ပိုကောင်းပါတယ် ။
လင်းဖန် ကျေနပ်သွားခဲ့တယ် ။
"ဒီလိုဆိုမှတော့ ကျုပ်တို့ လမ်းနာမည်ကို ပြောင်းပေးဖို တစ်ယောက်ယောက်ကို ရှာမှ ဖြစ်လိမ့်မယ်..။တစ်ယောက်ယောက်က အရင်စိုက်ပေးထားလိုက်လေ..ပြီးမှ ကုန်ကျသလောက် ကျုပ်တို့ ပြန်ခွဲပြီး မေးကြမယ် ."
"ဒါ ပြသနာ မရှာဘူး.."
"မာစတာ လငိး ပေးစရာ မလိုပါဘူး..။ကျုပ်တို့ပဲ ဖြေရှင်းလိုက်ပါ့မယ်.."
"ဟုတ်တယ် မင်းက ငါတို့ကို အများကြီး ကူညီပေးပြီးသွားပြီလေ..။လမ်းနာမည်အတွက် ကုနိကျစရိတ်ပါ ထပ်တောင်းလို့ ့ဘယ်ဖြစ်မလဲ.."
"ရှင်းယု ကော်ပိုရေးရှင်း ငှားရမ်းခ တိုးတောငိးတုန်းက မာစတာ လင်းသာ မဦးဆောင်ခဲ့ရင် ငါတို့တော့..တစ်ကွဲတစ်ပြားစီ ဖြစ်နေလောက်ပြီ..။တသ်ချို့က ဆက်နေကြပြီး..တစ်ချို့က ထွက်သွားကြမှာပဲ..။ဒီလိုမျိုး ကောင်းတဲ့နေရာ ရှာတွေ့ဖို့ ဆိုတာက မဖြစ်နိုင်ဘူး.."
လင်းဖန် လက်ဝေ့ယမ်းလိုက်တယ်..။
"မဟုတ်ဘူး..ဒီငွေကို အညီအမျှခွဲရမယ်လေ.။ဘယ်သူမှ သီးသနိ့ ကင်းလွတ်ခွင့်မရှိသင့်ဘူး ဟုတ်ပြီလား.."
ကျန်တဲ့ လူတွေဟာ တစိယောက် မျက်နှာ တစ်ယောက်ကြည့်ပြီး..ပြုံးလိုက်တယ်.။
"ကောင်းပြီ ငါတို့ သူဌေးလေး ပြောတဲ့ စကားကို.နားထောင်မယ်..။အခုကစပြီး အလုပ်ကြိုးစားကြတာပေါ့.."
"ကောင်းပြီ..အခုကစပြီး အတူတကွ အလုပ်လုပ်ကြရအောင်..။တစ်ယောက်ယောက်က ပြသနာရှိနေပြီဆိုရင် ဒါအကုန်လုံးပြသနာ ရှိနေတာပဲ..။ငါတို့ အတူတကွ..စုစည်းနေသ၍ မဖြေရှင်းနိုင်တဲ့ နည်းလမ်းဆိုတာ ရှိမှာ မဟုတ်ဘူး.."
"ဟားဟား..ဆိုင်ဖွင့်လာတာ အတော်ကြာတဲ့ အထဲမှာ..မင်းတို့ကို တွေ့ရတာ အကောင်းဆုံးပဲ.."
"မဟုတ်ဘူး..မဟုတ်ဘူး..သူဌေးလေးနဲ့ တွေ့ခွင့်ရတာ အကောင်းဆုံးပဲ လို့ပြောသင့်တာ..။ဒါက တို့အတူတကွ..စုစည်း..နေတဲ့..အဓိက အကြောင်းအရင်းပဲ.."
"သူဌေးလေး..မလာခင်တုန်းက ငါတို့ကြားထဲမှာ အဖုအထစ်ကလေး တွေရှိခဲ့ကြတယ်လေ..။ဟုတ်တယ်မလား.."
"ဟားဟား.."
ဒီအချိန်မှာတော့ လူတိုင်းဟာ ပျော်ရွှင်စွာ ရယ်မောနေခဲ့ကြပါတယ်..။သူတို့တွေ..ခံစားချက်ကောင်းနေကြတယ်.။လင်းဖန် လည်း ဘေးနားမှာ ရပ်နေပြီး ရယ်မောနေခဲ့ပါတယ်..။ဒီလို ဘဝမျိူးက တကယ်အကောင်းမွန်ဆုံးပါပဲ..။
လင်းဖန် ဆိုင်တွေ အကုန်ပြန်ဖွင့်ရင် ဘယ်လိုတွေ ဖြစ်လာမလဲ ဆိုတာကို သိချင်နေခဲ့ပါပြီ..။သို့ပေမယ့် အရင်ကထက် ပိုပြီး စည်ကားလာမယ် ဆိုတာကိုတော့ သူကျိန်းသေ သိပါတယိ..။
ဒီနေ့ကစပြီး ...ထျန်ဟောင်စီးပွားရေး လမ်းကိုလဲ..တိမ်ဖြူလမ်းလို့ ခေါ်ဝေါ်ကြတော့မှာပါ..။
လင်းဖန်ဟာ လက်ရှိ ဝိုက်ဘိုပေါ်မှာ အတော်ကျော်ကြားနေပါပြီ..။ထပ်ပြောရရင်..တိမ်ဖြူလမ်းမှာလညိး သူ့ရဲ့..သစ္စာရှိ ပရိတ်သတ်တွေ ရှိပါသေးတယ်။ဒီလို သတင်းကောင်းဆိုတာက မျှဝေသင့်တဲ့ အရာပါ..။
သူ ဝိုက်ဘို ပေါ်မှာ ပို့စ်တင်လိုကိတယ်။
"ထျန်ဟောင် စီးပွားရေး လမ်းကို အခုကစပြီး တိမ်ဖြူလမ်း အဖြစ် အမည်ပြောင်းလဲ သတ်မှတ်လိုက်ပါပြီ..။ပြီးတော့ နောက်တစ်ခုက..အားလုံးပဲ ကျေးဇူးပြုပြီး ရှန်ဟိုင်း တီဗွီ မှာ..ည ၈ နာရီပြမယ့် အစီစဥ်ကို စောင့်ကြည့်ကြပါ.."
သူဖုန်းကို ပိတ်လိုက်တယ်..
သူ့ နှလုံးသားကတော့ လောလောဆယိ ကျေနပ်အားရ နေခဲ့ပါပြီ..။
နောက်တစ်နေ့ ညနေကျရင်..ပထမဆုံး အကြိမ်အဖြစ်..သူ ရုပ်မြင်သံကြားမှာ ပါဝင်ရတော့မှာပါ..။ဒါက တကယ်ကို စိတ်လှုပ်ရှားစရာ ပါပဲ..။
သူ့ ဝိုက်ဘို မှာ ပိုစ့်တင်ပြီးနောက်..ဖုန်းသံဟာ မြည်လာခဲ့တယ် ..။
ဝမ်မင်ယန်...
"ဝိုက်ဘိုမှာ ပို့စ်တင်ထားတဲ့ အဓိပ္ပါယ်က ဘာကို ဆိုလိုတာလဲ..။မင်းမနက်ဖြန် ၈ နာရီကျရင် ရှန်ဟိုင်း ရုပ်မြင်သံကြားမှာ ပါလာမှာလား.."
လင်းဖန် ရယ်မောပြီး ပြောလိုက်တယ်။
"ခင်ဗျားဘယ်လို ထင်လို့လဲ..။ကျုပ်တကယ်မိုက်တယ် မလား.။သူတို့က ကျုပ်ကို ဧည့်သည် အဖြစ်တောင် ဖိတ်ခေါ်ထားသေးတယ်..။ခင်ဗျား သေချာ စောင့်ကြည့်မှ ရမယ်နော်.."
ဝမ်မင်ယန်...
"ဘာကို စောင့်ကြည့်ရမှာလဲ..။ငါ ရိပ်သာကိုပဲ သွားနေလိုက်တော့မယ်.."
…
သူဖုန်းချလိုက်တယ်။
လူလိမ်ထျန်ဟာ ဖုန်းခေါ်ပြီး..ပြောလာခဲ့ပါတယ်..။
"မင်း မနက်ဖြန်..ရုပ်မြင်သံကြားကို..သွားဖို့လား..။ငါ့ကို မင်းနဲ့ အတူခေါ်ပါလား..."
လင်းဖန် ပြန်ဖြေလိုက်တယ်..။
"ခင်ဗျားက ဘာအတွက် လိုက်ခဲ့မှာတုန်း..။သူတို့က ခင်ဗျားကို မခေါ်ထားဘူးလေ.."
လူလိမ်ထျန် ပြန်ပြောလိုက်တယ်။
"ဒီလို မလုပ်စမ်းပါနဲ့..ဒါက ကိစ္စကြီးတစ်ခု မဟုတ်ပါဘူး..။ငါ့ကို ပိုပြီးကျယ်ပြောတဲ့ ကမ္ဘာသစ်ဆီကို လိုက်ပြပေးစမ်းပါ.."
လင်းဖန် ရယ်မောလိုက်တယ်။
"ဟီးဟီး..."
"ဟီးဟီးမလုပ်နဲ့..ငါမေးတာ ပြန်ဖြေဦး..ငါမင်းရဲ့ အိတ်ကို ကူပြီး သယ်ပေးမယ်လေ..။ရုပ်မြင်သံကြားမှာ ပါဝင်ခွင့်ရတဲ့ လူတိုင်း..သူတို့ အိတ်တွေကို သယ်ပေးတဲ့ နောက်လိုက်တွေ ရှိကြတယ်လေ..ဟုတ်တယ်မလား.."
လူလိမ် ထျန်ပြီးတဲ့နောက် မှာလည်း..ဖုန်းခေါ်ဆိုမူတွေ ဝင်လာခဲ့တယိ..။လူတိုင်းက သူနဲ့ရင်းနှီးတဲ့ လူတွေ ချည်းပါပဲ..။
သူက ဆန်းကျယ်စွာ..ပြုလုပ်နေတာကလည်း..လူတိုင်းကို သိချင်စိတ် ဖြစ်နေခဲ့ပါတယ် .။