← Chapters

ရုပ်မြင်သံကြားဆီသွားရောက်ခြင်း

Vol. 20 Ch. 292

ရုပ်မြင်သံကြားဆီသွားရောက်ခြင်း

Vol. 20 Ch. 292

ဘာသာပြန် = စနိုးဝှိုက်

နောက်တစ်ရက်..။

ညနေ​ ၆ နာရီခွဲ အချိန်..။

အဆောက်အဦး၏ အောက်ဘက်တွင်..။

.

လင်းဖန် ဒေါသဖြစ်စွာ သူ့ခေါင်းကို လှည့်ပတ်ကြည့်လိုက်တယ် ။သူ့ကို တစ်ယောက်ယောက်က တိတ်တဆိတ် စောင့်ကြည့်နေတဲ့ခံစားချက် ကို သူဆက်တိုက် ရနေခဲ့ပါတယ်..။ဒီလို စောင့်ကြည့်ခံနေရတာက..တော်တော် အနှောက်အယှက် ဖြစ်စေတာပါ.။

အချိန်အတော်ကြာ ပတ်ဝန်းကျင်ကို အကဲခတ်ပြီးတာတောင် သူ့ကို ဘာက စောင့်ကြည့်နေတာလဲ ဆိုတာ ကို မမြင်နိုင်ခဲ့ပေ..။အချိန်က သိပ်မကျနိတော့ပါဘူး..။နောက်ကျလို့လည်း သိပ်တော့ မကောင်းပေ..။

သူကားမောင်းပြီး ထွက်သွားတဲ့ အချိန်မှာပဲ အရိပ်သုံးခုဟာ ပုန်းနေရာကနေ ပေါ်လာခဲ့တယ်..။

"အမြနိ ကားပေါ်တက်..။မဟုတ်ရင် ငါတို့ ဆက်ပြီး စောင့်ကြည့်ထားနိုင်မှာ မဟုတ်ဘူး.."

"ဟီးဟီး..သူက ငါတို့ကို မခေါ်ပဲ သွားချငိတယ်ပေါ့..။ဒါပေမဲ့ သူက သူမပါပဲ ငါတို့ မသွားနိုင်ဘူး ထင်နေတာလား မသိဘူး.."

…

ရှန်ဟိုင်း ရုပ်မြင်သံကြား ဌာန၏ အဓိက ဝင်ပေါက်တွငိ..။

"အစ်ကိုက ဆရာ လင်း ပဲဖြစ်ရမယ်.."

လူငယ်လေးတစ်ယောက်ဟာ ရှေ့ကိုတက်လာပြီး ချကိချင်း..လာနှုတ်ဆက်ခဲ့တာပါ..။

သူ အနည်းငယ် ကြောင်အသွားခဲတယ်..။

ဒီကောင်လေး ငါ့ကို ဆရာလင်း လို့ခေါ်လိုက်တာလား...

ဒီနာမည်က တကယ်ကို မဆိုးပါဘူး...

"အင်ဟင်.."

လင်းဖန် ဘာမှပြန်မပြောပဲ ခေါင်းသာ ညိမ့်ပြလိုက်တယ်..။

"ဆရာလင်း..အလုပ်သမား ခေါင်းဆောင် လီက..ဆရာ ဒီကိုရောက်လာရင် စဥ်နောက်ကို ခေါ်လာပေးဖို့ ကျွန်တော်ကို မှာထားတယ်..။ကျွန်တော်တို့ သယ်ပေးဖို့ တစ်ခုခု များရှိသေးလား.."

အစီအစဥ္ရဲ့ အလုက်သမားလေးဟာ မေးလိုက်တယ်။

လင်းဖန် ခေါင်းခါယမ်းလိုက်တယ်..။

"ဟင့်အင်း.."

"ရှိတယ်...ရှိတယ်..ငါတို့ကို စောင့်ဦး.."

အဲ့အချိန်မှာပဲ..အသံတစ်ခုကို သိပ်မဝေးတဲ့ နေရာကနေ ကြားလိုက်ရတယ်..။

လင်းဖန် လှည့်ကြည့်လိုက်တဲ့ အချိန်မှာ ကြောင်အသွားခဲ့ပါတယ်...။

ဒီသုံးယောက်က ဒီမှာ ဘာလာလုပ်နေတာလဲ..

လူလိမ်ထျန်ဟာ လင်းဖန်ရဲ့ ဘေးနားကို အလျငိအမြန်လာပြီး..အစီအစဥ်ရဲ့..အလုပ်သမားလေးကို ပြောလိုက်တယ်။

"ငါတို့က မာစတာ လင်းရဲ့ လက်ထောက်တွေပဲ.."

"ဟုတ်တယ်.."

ကျောက်ကျန်းယန် ဝင်ပြောလိုက်တာပါ..။

လင်းဖန် ကြည့်လိုက်တယ်..။

"ဝမ်မင်ယန် ကရော ပါမလာဘူးလား..။ဘာလို့ သူ့ကို အကြောင်းမကြားလိုက်တာလဲ.."

လူလိမ်ထျန် ကြောင်အသွားခဲ့တယ် .။သူတို့ ဝမ်မင်ယန်ကို ဆက်သွယ်ဖို့ မေ့နေခဲ့ကြတာပါ..။သူသာ ဒီလိုမှန်းသိရင် အစထဲက ဝမ်မင်ယန်ကို ဆက်သွယ်ထားပါတယ်..။

"သူတို့တွေက ကျွန်တော်ရဲ့ လက်ထောက်တွေပဲ..။ကျေးဇူးပြုပြီး..ပွဲကြည့်စဥ်မှာ သူတို့အတွက် ထိုင်ခုံစီစဥ်ပေးလိုက်ပါဦး.."

"စိတ်မပူပါနဲ့ ဆရာလင်း..ကျွန်တော်တို့ ဂရုစိုက်လိုက်ပါ့မယ်..။ကျွန်တော်တို့ အထဲကို ဝင်ကြတော့မလား..။ဒါရိုက်တာက အစီစဥ်နဲ့ ပတ်သက်ပြီး ရှင်းပြစရာ လေးတွေ ရှိနေသေးလို့ပါ.."

"ကောင်းပြီလေ.."

…

လင်းဖန် ရှန်ဟိုင်း ရုပ်မြင်သံကြားမှာ ပါဝင်ခွင့်ရတာက ဒါပထမဆုံး အကြိမ်ပါ..။သူ စဥ်နောက်ကို ရောက်တဲ့ အချိနိမှာ လူအုပ်စုတစ်ခုဟာ ရောက်နေခဲ့ကြပြီးပါပြီ..။လူလိမ် ထျန် နဲ့ ကျန်တဲ့ လူတွေက ဖိတ်ခေါ်ထားတဲ့ ဧည့်သည်တွေ မဟုတ်တဲ့ အတွကိ ဒီနေရာကို လာလို့ မရပဲ..ပွဲကြည့်တဲ့ နေရာမှာသာ ထိုင်ခုံတွေနဲ့ ထိုင်ကြရပါတယ်..။

လင်းဖန် အထဲကို ဝငိလာတဲ့ အချိန်မှာ..လူတိုင်းဟာ သူ့ကိုပဲ အာရုံစိုက်လာခဲ့တယိ..။

သက်လတ်ပိုင်း အရွယ်လူကြီးဟာ လင်းဖန်ကို မြင်ပြီး..ချက်ချငိး ပြုံးလိုက်တယ်.။

"ခင်ဗျားက ဆရာလင်း ဖြစ်ရမယ်..။ကျွန်တော်က ဖုန်းထဲကနေ လှမ်းပြီး ဆက်သွယ်ခဲ့တဲ့ လီဂေါင်ရောင်ပါ.."

"တွေ့ရတာ ဝမ်းသာပါတယ်.."

လင်းဖန် ယဥ်ကျေးစွာပဲ နှုတ်ဆက်လိုက်ပါတယ်..။

လီဂေါင်ရောင် ပြောလိုက်တယ်..။

"ဒါရိုက်တာ..ဒါက ဆရာလင်း..။ဆရာ လင်း..ဒါက အစီစဥ်ရဲ့ ဒါရိုက်တာ..ကျို့ဟူ.."

မိတ်ဆက် မူပြီး သွားတဲ့ အချိန်မှာ တစ်ယောက်နဲ့တစ်ယောကိ သိသွားခဲ့့ကြပါပြီ..။

"ဆရာလင်း ဒါက တောင်ဘက်ပိုင်းက လောင်းကစား နတ်ဘုရား ဘုရင်..ရီကျန်းမင်..ပဲ, ဆရာ ရီ ပေါ့။ဒါကတော့ မြောက်ဘက် လောင်းကစား ဘုရင် အို့ယန်ရှင်း.."

အစကတော့ ဒီပရိုဂရမ်က..ဒီနှစ်ယောက်ထဲကိုပဲ..ဖိတ်ခေါ်ဖို့ ရည်ရွယ်ထားခဲ့တယိ..။ဒီလူနှစ်ယောက် တစ်ချိန်တုနိးက လောင်းကစား လောကမှာ နာမည်ကြီးခဲ့တဲ့ လူတွေပါပဲ..။အကြောင်းအမျိုးမျိုးကြောင့်သာ..သူတို့နှစ်ယောက် ဟာ စိတ်ပြောင်းလဲသွားကြပြီ း..လောင်ကစား ဆန့်ကျင်တဲ့ လူတွေဖြစ်လာခဲ့ကြတာပါ..။အချိန်တွေဟာ ပြောင်းလဲလာပြီဖြစ်ပြီး..တစ်ချို့ကာစီနိုတွေဟာ လိမ်လည်ဖို့ ခက်ခဲ​ေနကြပါပြီ..။

ကာစီနိုသေးသေးလေးတွေ အတွက်ကတော့ ဒီနှစ်ယောက်က ဂရုမစိုက်ကြပါဘူး..။ထပ်ပြောရရင် ဒီလို ကာစီနိုသေးသေးလေတွေမှာ တစ်စုံတစ်ယောက်က အများကြီး အနိုင်ရသွားရင်တောင်..အန္တရာယ် ရှိနိုင်ပါတယ် ..။ဒါကြောင့် သူတို့ လောင်းကစား..ဆန့်ကျင်သူတွေ အဖြစ်ပြောင်းလဲ လာခဲ့ကြတာပါ..။

အတိအကျ အဖြေအတွကိ ကတော့ ဘယ်သူမှ သေချာမသိပါဘူး..။

လင်းဖန် လောင်းကစား ဘုရင် နှစ်ယောက်ကို ကြည့်လိုက်တယ်..။တောင်ဘက်ပိုင်း လောင်းကစား ဘုရင်ဟာ..သက်လတ်ပိုင်း အရွယ်ရှိပြီး..သူ့ကြည့်ရတာ..အသက်သုံးဆယ် ဝန်းကျင်ခန့်ရှိတဲ့ ပုံပေါ်ပါတယ်..။သူက အနည်းငယ် မောက် မာပြီး..မျက်နှာပေါ်မှာတော့...အေးစက် မူတွေ ရှိနေလို့ပါ..။

​မြောက်ဘက် လောင်းကစား ဘုရင် အို့ယန်ရှင်းကတော့ အသက် လေးဆယ် ငါးဆယိခန့် ရှိနေခဲ့ပါပြီ..။ဒီလူက အနည်းငယ် ထိပ်ပြောင်နေပြီး...လက်ဆယ်ချောင်း ရှိတဲ့ အထဲမှာ..လေးချောင်း ပြတ်နေခဲ့ပါတယ်..။သူဟာမျက် မှန်တပ်ထားခဲ့ပြီး..လင်းဖန်ကို နှုတ်ဆက်တဲ့ အနေနဲ့ ခေါင်းညိမ့်ပြလိုက်ပါတယ်..။

ဒီလောင်းကစား ဘုရင် နှစ်ယောက်အတွက်ကတော့..လင်းဖန်က သူစိမ်း တစ်ယောက်ပါပဲ...။အထူးသဖြင့် သူက ငယ်ရွယ်နေတဲ့ အတွကိ..လင်းဖန် မှာ...စွမ်းဆောင်ရည်တွေ ရှိနေတယ်ဆိုတာကို မယုံကြည်ပါဘူး..။သို့ပေမယ့် သူတို့က လူထု အသိအမှတ်ပြု လောင်းကစား တိုက်ဖျက်တဲ့လူတွေပါ..။သူတို့ ရုပ်မြင်သံကြားကို လာတာကလည်း သူတို့ရဲ့ဂုဏ်သတင်းကို မြင့်တင်ဖို့ ဖြစ်တာကြောင့် ဒါရိုက်တာ ဘာပဲပြောပြော နားထောင်ကြပါတယ်..။

ဒါရိုက်တာ စတင်ပြီး စကားပြောလာခဲ့တယိ..။

"ခနနေကျရင်..ဆရာ ရီကျနိးမင်က စင်ပေါ်ကို ပထမဆုံး တက်သွားရမယ်..။ပထမပိုင်းမှာ ကျန်တဲ့နှစ်ယောက်က ပရိတ်သတ်နေရာမှာပဲ...ရှိနေပေးရမယ်..။အစီအစဥ္ရဲ့တစ်ဝက်လောက်ကို ရောက် မှ ကျန်တဲ့ နှစ်ယောက်ကို စင်ပေါ်ကနေ လှမ်းပြီး ဖိတ်ခေါ်လိမ့်မယ်.."

ဒါရိုက်တာဟာ ဒီပွဲကို ဘယ်လိုလုပ်ဆောင်ရမယ် ဆိုတာကို သေချာ ရှင်းပြနေခဲ့တယ်..။လင်းဖန် လည်း ဂရုတစိုက် လိုက်နားထောင် နေခဲ့ပါတယ်..။အရေးအကြီးဆုံး အပိုင်းတွေက နောက်ပိုင်းမှာ ရောက်လာမှာပါ..။

ကျန်တဲ့ အပိုင်းတွေကတော့..သူတို့ဘာသာ စိတ်ထဲရှိတဲ့ အရာကို ပြောလို့..ရပါတယ် ..။သို့ပေမယ့်..အရေးကြီးဆုံး အချက်က ဒီအစီစဥ္မှာ..လောင်းကစားကို ကောင်းမွန်ကြောင်း မပြောမိဖို့ဖြစ်ပြီး လူတွေကို လောင်းကစား.ရှောင်ရှားအောင်လို့ ပြောကြားပေးရမှာပါ..။

…

အရာရာတိုင်းဟာ အဆင်သင့် သေချာ.ပြင်ဆင်ထားပြီးပါပြီ..။

အစီအစဥ္ စတင်ဖို့က အချိန်အနည်းငယ် လိုနေပါသေးတယ်..။

လင်းဖန် လောင်းကစား ဘုရင် နှစ်ယောက်ကို ကြည့်လိုက်တဲ့ အချိန်မှာ ကျန်တဲ့ နှစ်ယောက်ကလည်း သူ့ကို ပြန်ကြည့်နေခဲ့တယ်..။သူတို့သုံးယောကိဟာ မတ်တတ်ရပ်နေပြီး..မျက်လုံးပြူးကာ တစ်ယောက်ကို တစ်ယောက်ကြည့် နေခဲ့ပါတယ်..။

ယင်းနောက် ရီကျန်းမင်..ပါးစပ်ဖွင့် လိုကိတယ်..။

"ဒီညီအစ်ကို ကို သိပ်မရင်းနှီးဘူးနော်..."

လင်းဖန် ပြုံးလိုက်တယ်..။

"ကျွန်တော် အရင်က ကာစီနိုတွေကို မလာဘူး သလို ..လောင်းကစားလညိး မလုပ်ဖူးဘူးလေ..အဲတာကြောင့်ပါ.."

ရီကျန်းမင် အံ့ဩသွားခဲ့တယ်...။အို့ယန်ရှင်း တောင်မှ အနည်းငယ် ကြောင်အသွားခဲ့ပါတယ်..။သူတို့ နှစ်ယောက်လုံး လင်းဖန် ဒီလို ပြောလာလိမ့်မယ် လို့ မထင်ထားခဲ့ပါဘူး..။

"ဒါဆို..မင်းက.."

ရီကျန်းမင် ပြောချငိတာက...

'မင်း လောင်းကစား မလုပ်ဖူးပဲနဲ့ ခနနေကျရင် စဥ်ပေါ်မှာ ဘာလုပ်မလို့လဲ..' လို့ပါ..။

လင်းဖန် ရယ်မောလိုက်တယ်..။

"ကျွန်တော်က လောင်းကစား မလုပ်ဖူးပေမယ့် လည်း..ဖဲချပ်တွေရဲ့ ကျွမ်းကျင်မူနဲ့ နည်းပညာတွေက အများကြီး သိထားတယိလေ.."

သူတို့ နှစ်ယောက်လုံး ဆွံ့အသွားခဲ့တယိ..။သူတို့ နှစ်ယောကိစလုံးရဲ့ စိတ်ထဲမှာတော့..ဒီကောင်လေးက ဘာမှသိပ်အဖြစ် မရှိပဲ လေကျယိနေခဲ့တာပါ..။

…

အဲ့အချိန်မှာတော့..လင်းဖန် ဝိုက်ဘိုရဲ့ ပရိတ်သတ်တွေဟာ..TV ရှေ့မှာ ထိုင်ပြီး စောင့်ဆိုင်း နေခဲ့ကြပါပြီ..။

"ချီးပဲ အခုထိ မစသေးဘူးလား.."

"ဘာတွေ အလျင်လိုနေတာလဲ..။ဆယ်မိနစ်တောင် လိုနေသေးတာကို.."

"မာစတာ လင်း ဒီအစီစဥ်မှာ ဖိတ်ခေါ်ခံရလိမ့်မယ်လို့..ငါတစ်ခါမှ မတွေးခဲ့မိဘူး..။ငါကြားထားတာက..အစကတော့..တောင်ဘက်နဲ့ မြောက်ဘက်ခြမ်း လောင်းကစား ဘုရင်..တွေကိုပဲ ခေါ်မှာ ဆိုပြီး..။အခု သုံးယောက် ရှိသွားပြီဆိုတော့..သူတို့ထဲမှာ ဘယ်သူ အတော်ဆုံးဖြစ်နိုင်မလဲ.."

"ဒါပေါ့ မာစတာ လင်းက အကောင်းဆုံးပဲပေါ့..။မင်း တိုက်ရိုက် ထုတ်လွင့်မူမှာ..မတွေ့ဘူးလား..။မာစတာ လင်းရဲ့ ကျွမ်းကျင်မူတွေက ကမ္ဘာကိုတောငိ တုနိလှုပ်နိုင်တယ်.."

"ငါတော့ အဲလို မထင်ဘူးနော်..။ငါ တောင်ပိုင်းနဲ့ မြောက်ပိုင်း လောင်းကစား ဘုရင်..တွေကို လေ့လာကြည့်ပြီးသွားပြီ..။သူတို့ နှစ်ယောက်လုံးက တကယ်စောက်ကြမ်းကြီးတွေ..။အထူးသဖြင့် တောင်ပိုင်း လောင်းကစား ဘုရင်.. ရီကျန်းမင် ပဲ..။သူက အာရှတိုက် ရဲ့ လောင်းကစား ဘုရင် အဖြစ်လို့လည်း သိထားတယ်လေ..။သူ့ရဲ့ ကျွမ်းကျင်မူတွေက အမိုက်စားတွေ..။သူက ဘယ်တော့မှ အမှားမလုပ်ဘူး..နောက်ပိုင်းမှသာ..အနားယူသွားခဲ့တာ.."

"ငါကတော့ မြောက်ပိုင်း လောင်းကစားဘုရင်.အို့ယန်ရှင်း..ကပိုပြီး..ကြမ်းတယ်လို့ ထင်တယ်နော်..။သူက အသက်လည်း သိပ်မငယ်တော့...အတွေ့အကြုံရှိတဲ့ ဝါရင့်တစ်ယောက် လိုပဲ..။သူ့ရဲ့ ကျွမ်းကျင်မူက..အဆန်းကြီးနော်.."

"ဟီးဟီး သူလား...သူက ဒီလောက်ကြီး မဟုတ်ဘူးနော်..။မင်းတို့တော့ သိချငိမှ သိလိမ့်မယ်..တစ်ခါတုန်းက သူ လိမ်လည်တာကို...မိသွားခဲ့သေးတယ်လေ..ဒါကြောင့် သူ့ရဲ့ လက်ချောင်း လေးချောင်းကို အဖြတ်ခံလိုက်ရတာ..။ဒါကြောင့်..ရီကျန်းမင်က ပိုပြီး အံ့ဩဖို့ကောင်းတယ် လို့ပြောရတာပဲ.."

"ဒါ ဖြစ်နိုင်ခြေရှိတယ်.."

"အစီစဥ် စပြီဟေ့..။ဘာလို့ ရီကျန်းမင် တစ်ယောက်ပဲ စင်ပေါ်မှာ ရှိနေရတာလဲ..။တစ်ခြား နှစ်ယောက် ဘယ်ကို ရောက်သွားတာလဲ.."

…

အစီစဥ်ဟာ တရားဝင် စတင်လိုက်ပါပြီ..။

လင်းဖန်ကတော့ စင်အောက် မှာ ထိုင်နေပြီး..လုံးဝ စိတ်မပူပေ..။ရီကျန်းမင်ဟာ စင်ပေါ်မှာ အစီစဥ်တင်ဆက်သူနဲ့ အတူ စတင်နေခဲ့တယိ..။တစ်ချိန်တည်းမှာပဲ..လောင်းကစားကို စိတ်ဝင်စားတဲ့ ဧည့်သည် နှစ်ယောက်ဟာ ရီကျန်းမင်ရဲ့ ရှေ့မှာ ထိုင်ကြည့်နေခဲ့ပြီး..ကျွမ်းကျင်မူတွေကို အံ့ဩနေခဲ့ကြပါတယ်။

သူတို့ရဲ့ မျက်လုံးထဲမှာတော့ ဒီပြကွက်တွေက အံ့ဩစရာတွေပါပဲ..။

သို့ပေမယိ့ လင်းဖန်ရဲ့ မျက်လုံးထဲမှာတော့..ဒါက ကလေးကစား စရာတွေပါ..။သို့ပေမယ့် သူ့စိတ်ထဲမှာ အထင်သေးစိတ်တွေတော့ မရှိပါဘူး..ရီကျန်းမင် ရဲ့လှုပ်ရှားမူတွေက တကယ်ကောင်းမွန်နေခဲ့တာပါ..။သူ့အတွက်ကတော့...သူ ဒီလို အံ့ဩစရာ ကျွမ်းကျင်မူတွေကို ရရှိလာတယ် ဆိုတာက စွယ်စုံကျမ်းကြောင့်ပါ..။

ဧည့်သည် တစ်ယောက်ဟာ ရေရွတ်လိုက်တယ်..။

"ခင်ဗျား ဘယ်လိုလုပ်လိုက်တာလဲ.."

ရီကျန်းမင် ဂုဏ်ယူစွာ ရယ်ပြီး ပြောလိုကိတယ်..။

"ဒါတော့ ပြောလို့မရဘူးလေ..။အခုငါတို့က လောင်းကစား တိုက်ဖျက်တဲ့ အစီစဥ်မှာ ရောက်နေတာ..။ဒါပေမဲ့ တစ်ခုတော့ ပြောလို့ရတယ်..မင်းငါ့ကို နိုင်မှာတော့ မဟုတ်ဘူး..။ငါပေးချင်တဲ့ ကတ်ကို မင်းဆီကို ပေးလို့ရတယ်..။တကယ်လို့ ဒါသာ အစစ်အမှန် ဆိုရင် မင်းပိုင်ဆိုင်သမျှတွေ အကုန်ပုံပြီး လောင်းမှာလား ဆိုတာကို ပြောစမ်းပါဦး.."

ဧည့်သည်ဟာ ခေါင်းညိမ့်လိုက်တယ်..။

"ဟုတ်တယ်..ဒါပေမဲ့ ကျွန်တော် ရှုံးနိမ်တဲ့ အချိန်တုန်းက ဒါကို မမြင်နိုင်ခဲ့ဘူး..။လိမ်ညာတာတွေက တကယ်ကျွမိးကျင်လွန်းတယ်.."

အစီစဥ္ တင်ဆက်သူဟာ ပြောလိုက်တယ်..။

"လိမ်ညာကစားတာမှာ ကျွမ်းကျင်တဲ့ လူတွေက..လွယ်လွယ်ကူကူ ဖောိထုတ်လို့ မရဘူးလေ..။ကျွန်တော်တို့ရဲ့ ဧည့်သည်တွေထဲက နှစ်ယောက်ကို ဘာလို့ စင်ပေါ်ကို မဖိတ်ခေါ်တာလဲ..။သူတို့ကတည်း လိမ်ညာကစားတာ ကျွမိးကျငိတဲ့ လူတွေဖြစ်နေနိုင်တယ်လေ..။ဘယ်သူ စင်ပေါ်ကို လာချငိမလဲ..."

အဲ့အချိနိမှာပဲ အောက် မှာကြည့်ရူနေကြတဲ့ လူတွေဟာ သူ့ထက်ငါ အရင်လက်တွေ ထောင်ပြီး အော်ဟစ်လိုက်ကြတယိ..။

သို့ပေမယ့် ဒါတွေ အကုနိလုံးက စီစဥ်ထားပြီးသားတွေပါ..။အစီစဥ်တက်ဆက်သူဟာ..လင်းဖန် နဲ့ အို့ယန်ရှင်း ကို ရွေးချယ်လိုက်တယ်..။

သူတို့ိနှစ်ယောက် စင်ပေါ်ကို ရောက်သွားတဲ့ အချိန်မှာ...ရုပ်မြင်သံကြား ကြည့်နေကြတဲ့လူတွေရော..တိုက်ရိုက်ထုတ်လွင့်မူကို ကြည့်နေကြတဲ့လူ

တွေရော..စိတ်လှုပ်ရှားလာခဲ့ကြပါတယိ..။

"မာစတာ လင်း စင်ပေါ်ကို ရောက်လာပြီဟေ့..။မာစတာ လင်း အကုန်လုံးကို ဆွံ့အသွားအောင် လုပ်တာကို ကြည့်ချင်နေပြီ.."

"အိပ်မ က် ဆက် မ က်နေလိုက်..။ဒါက ရုပ်မြင်သံကြား အစီစဥ်နော်..တစ်ကိုယ်တော် ပြပွဲ မဟုတ်ဘူး..။ပြီးတော့ ဒီ ရီကျန်းမင်ကလည်း အတော်ကို တက်ကြွနေတာ..။စကားအပြောအဆိုတွေကို ဘယ်လို ထိန်းချုပ်ရမလဲ ဆိုတာကို သူတကယ်သိနေတယိ.."

"ဟီးဟီး ဒါတွေက မာစတာ လင်းရှေ့ကိုရောက်နေရင် ဘာမှဟုတ်တော့မှာ မဟုတ်ဘူး..။ငါကတော့ မာစတာ လင်းကို အပြည့်အဝ ယုံကြည်တယ်..."

All Chapters