ငါမင်းရှေ့မှာပဲ ပေါ်တင်လုပ်ပြမယ်
Vol. 20 Ch. 293
ဘာသာပြန် = စနိုးဝှိုက်
အစီစဥ် တင်ဆက်သူဟာ ပြုံးပြီးပြောလိုက်တယ်..။
"ငါပြောနို်င်တယ်..ဒီနှစ်ယောက်ထဲမှာတစ်ယောက်ကတော့ ကျိန်းသေ ကျွမ်းကျင် အဆင့်ပဲ ဖြစ်လိမ့်မ
ယ်..။ခင်ဗျားရော ဘယ်လိုထင်လဲ.."
လောင်းကစားကို ဝါသနာပါတဲ့ ဧည့်သည်ဟာ ဒီနှစ်ယောက်ဘက်လှည့်လိုက်ပြီး ခေါင်းကနေ ခြေထောက်အဆုံး..သေချာ ကြည့်လိုက်တယ်..။
အစီစဥ် တင်ဆက်သူဟာလင်းဖန်ကို ညွှန်ပြလိုက်ပြီး..။
"ခင်ဗျား သူလို့ ထင်လား..."
ဧည့်သည်ဟာ ခေါင်းခါယမ်းလိုက်တယ်။
"ဟင့်အင်..သူ့ကြည့်ရတာ ကျောင်းသား တစ်ယောက်လိုပဲ..သန့်စင်ပြီး အပြစ်ကင်းတယ်...။သူလို့တော့ တကယ်မထင်ဘူး.."
"ဒီတစ်ယောက်လား.."
ဧည့်သည်ဟာ အနီးကပ် သေချာကြည့်ပြီးတဲ့ အချိန်ကြမှ ခေါင်းကို ညိမ့်လိုက်တယ်..။
"သူကပဲ ဖြစ်နိုင်လောက်တယ်လို့ထင်တာပဲ..."
"ဘာလို့လဲ.."
ဧည့်သည် ပြန်ဖြေလိုက်တယ်..။
"သူ့ရဲ့ လက်ချောင်းတွေက ပြတ်နေတာ တွေ့တယ်လေ..။ဒီတော့ သူက လိမ်ညာပြီး ကစားတဲ့လူ ကျိန်းသေဖြစ်နိုင်တာပေါ့.."
အို့ရှင်းယန် အကူညီမဲ့စွာ ရယ်မောလိုက်တယ်..။စောက်ရေး မပါတဲ့ အမှားလေးတစ်ခုက သူ့ဘဝကို ထိခိုက်စေခဲ့တာပါ..။ဒါက ဘဝတစ်လျောက်လုံး ကြုံတွေ့နေရတဲ့ အရာပါပဲ..။
အစီစဥ္ တင်ဆက်သူဟာ ပိုပြီး လူစိတ်ဝင်စားလာအောင် လုပ်နေခဲ့တယိ..။
"ပရိတ်သတ်ကြီးရော...ဒီနှစ်ယောက်ထဲမှာဘယ်သူကများ..လိမ်ညာကစားတံ့ လူလို့ထင်လဲ.."
တိုက်ရိုက်ထုတ်လွငိ့မူထဲမှာတော့ ကြည့်ရူသူတွေဟာ စတင်ပြီး ကျိန်ဆဲနေကြပါပြီ..။
"ဒီ အစီစဥ္တင်ဆက်တဲ့ ကောင်ရူးနေတာလား..။ဒါမှမဟုတ် သူကပဲ ငါတို့ကို ရူးတယ်လို့ ထင်နေတာလား..။သူ့ပုံစံက ငါတို့ မာစတာ လင်းကို မသိတဲ့ပုံစံမျိူးလူပ်နေတယ်.."
"ဒီအစီစဥ္ က ပိုပိုပြီးတော့ ပျင်းဖို့ကောငိးလာပြီ..။မာစတာ လင်းကြောင့်သာ မဟုတ်ရင် ဒီစောက်ကျိူးနဲ အစီစဥ္ကို ငါဘယ်တော့မှ ကြည့်မှာ မဟုတိဘူး.."
"ငါ ဒီ ပြပွဲကို ကြည့်တာက လောင်းကစားဘုရင် တွေ တစ်ယောက်နဲ့တစ်ယောက် ကျွမ်းကျင်မူချငိး ပြိုင်တာကို ကြည့်ချင်လို့ပဲ..။ဒါက လောင်းကစား နတ်ဘုရား ဇာတ်ကားတွေကို ကြည့်တာထက် ပိုကောင်းတယ်."
နောက်ဆုံးမှာတော့..အစီစဥ္ တင်ဆက်သူဟာ ထုတ်ဖော်လိုက်တယ်..။သူဟာ ကျယ်လောင်တဲ့ အသံနဲ့ ကြေညာလိုက်ပါတယိ..။
"အမှန်ကတော့ သူတို့နှစ်ယောက်စလုံး..လှည့်စားတာ ကျွမ်းကျင်းတဲ့ ပညာရှင်တွေပါ..."
ဧည့်သည်တွေဟာ ကြောင်အသွားခဲ့ကြတယိ..။ဒါကိုလည်း ဒါရိုက်တာက ညွှန်ကြားထားပြီးသားပါ..။ပိုပြီး ချဲ့ကားတဲ့ အမူအရာဖြစ်လေပိုပြီး ကောင်းမွန်လေပါပဲ..။
အစီစဥ္ တင်ဆက်သူဟာ စတင်ပြီး မိတ်ဆက်ပေးလိုက်တယ် .။
"ဒါကတော့ မြောက်ဘက် လောင်းကစား ဘုရင်..အို့ယန်ရှင်း ဖြစ်ပြီး..ဒါကတော့ လောလောဆယ် လိုင်းပေါ်မှာ..လောင်းကစား တိုက်ဖျက်ရေး တိုက်ရိုက်ထုတ်လွင့်မူနဲ့ ကျော်ကြားနေတဲ့ မာစတာ လင်းပါ."
"ဒီ ဆရာနှစ်ယောက်ကို နှုတ်ဆက်ပြီး..ရှန်ဟိုင်း..ရုပ်မြင်သံကြားကနေ ကြိုဆိုလိုက်ပါတယ်..။ဆိုရိုးစကားတွေအတိုင်းပဲ လောင်းကစား ဆိုတာက..ဆယိကြိမ်မှာ ကိုးကြိမ်လောက်က အလိမ်အညတွေနဲ့ ပြည့်နှက်နေတာလေ..။ဆရာတို့ရဲ့ အတွေ့အကြုံအရ ဆိုရင် လောင်းကစား ကို ဘယ်လို ထင်လဲ.."
အို့ယန်ရှင်း ဒီမေးခွန်းကို ဖြေမလို ပြင်နေတုန်းမှာပဲ..ရီကျန်းမင် မေးခွန်းကို ခိုးယူပြီး ဖြေလိုက်တယ်..။
"အရင်တုန်းကတော့..လောင်းကစားဟာ ဆယ်ခါမှာ ကိုးခါလောက်က အလိမ်အညာ ပါဝင်နေတယ် လို့ ပြောကြတယ်..။ဒါပေမဲ့ ဒီနေ့ခေတ်က မတူတော့ဘူး..ဆယ်ကြိမ်မှာ ဆယ်ကြိမ်လုံးက အလိမ်အညာတွေ ပါဝင်နေခဲ့ပြီ..။တကယ်လို့ မင်းသာ လောင်းကစား လုပ်နေရင်..ပိုပိုပြီး ဆုံးရှုံးလာနေပြီ ဆိုရင် အဲတာ မင်း နစ်မြုပ်မှန်းမသိ နစ်မြုပ်နေတာပဲ..။သို့ပေမယ့် မင်းကိုယ်တိုင်က ကွဲပြားခြားနားမူကို ခံစားမိလိမ့်မှာ မဟုတ်ဘူး..။အရင်အတိုင်း ပုံမှန်ပဲ လို့ ထင်နေလိမ့်မယ်.."
အစီစဥ္ တင်ဆက်သူဟာ ပြောလိုက်တယ်..။
"ဆရာရီ ..အခု နည်းပညာ တွေတိုးတက်လာတာကို ဆိုလိုတာလားဗျ..။ဒါက အရမ်းစိတ်ဝင်စား ဖို့ကောင်းတာပဲ..။လူတိုင်းက နည်းပညာ တိုးတက်တာ အရမ်းမြနိပြီး စက်ရုံတွေကို ဘယ်လို အထောက်အပံ့ပေးနေလဲ ဆိုတာ သိထားကြတယ်လေ..။လောင်းကစားမှာရော ဘယ်လို နည်းပညာတွေ ကိုသုံးလဲ ဆိုတာ တကယ် သိချင်မိတယ်.."
အို့ယန်ရှင်း ပါးစပ်ကို ဖွင့်လိုက်ပြီး ပြောဖို့ ့လုပ်လိုက်တယ်..။
"ဒီနေ့ခေတ်မှာ..."
သူမပြောရသေးခင်မှာပဲ ရီကျန်းမင်ဟာ ဖြတ်ပြောလိုက်ပြန်ပါတယ်..။
ရီကျန်းမင်..သူ့အနားက ပိုက်ဆံအိတ် တစ်လုံးကို ထုတ်ယူပြီး ပြောလိုက်တယ်..။
"ကြည့်ရတာ ပုံမှန် ပိုက်ဆံအိတ် တစ်လုံးပဲ ဟုတ်တယ် မလား..။ဒါပေမဲ့ ဒီ သာမန် ပိုက်ဆံအိတ်လေးက လောင်းကစား စားပွဲပေါ်မှာ လိမ်ညာတဲ့ နည်းလမ်းတွေ အများကြီး အသုံးပြုလို့ရတယ်...။အခု ငါ့လက်ထဲမှာ ကတ်နှစ်ကတ်ရှိတယ်နော်..လေး နဲ့ ငါး..။ငါ အခု ဒီနှစ်ကတ်ကို ...ပိုက်ဆံအိတ်ရဲ့ အပေါ်နားမှာ ထားလိုက်မယ်.. ကြည့်..အခု ဘာကတ်ဖြစ်သွားပြီလဲ.."
အစီစဥ် တင်ဆက်သူ အံ့ဩသွားခဲ့တယ်..။
"ငါး နှစ်လုံး.."
အို့ယန်ရှင်း စိတ်မသက် မသာဖြစ်သွားခဲ့တယိ..။ဒီ ရီကျန်းမင်က မေးခွန်းကောင်းကို ဘယ်လို ခိုးယူရမလဲ ဆိုတာ တကယ်သိတဲ့ လူပါ..။အဲ့အချိန်မှာတော့ လင်းဖန်ဟာ ဘယ်သူ့ကိုမှ မနှောက်ယှက်ပဲ ထိုင်နေပြီး..သူတို့ ဖျော်ဖြေတာကိုသာ ကြည့်နေခဲ့တယ်..။
တိုက်ရိုက်ထုတ်လွင့်မူထဲက..လူတွေကတော့ စိတ်မရှည်ဖြစ်နေကြပါပြီ..။
"သူငယ်ချင်း ..ငါတို့ အကုန်လုံး..ဒါက ပိုက်ဆံအိတ်မှန်း သိကြတယ်လေ..။ဒါပေမဲ့ ငါတို့က မာစတာ လင်း စကားပြောတာကို မြင်ချင်တာ..။ဒီငနဲကလည်း စကားပြောတာ ကောင်းလွနိးပါတယ်"
"ဒီကောင်က စကားပြောကောင်းတာမဟုတ်ဘူး...အဓိက မေးခွန်းကို ခိုးယူတတ်တာ.."
ရီကျန်းမင် ပြောလိုက်တယ်..
"ဒီ ပိုက်ဆံအိတ်ထဲမှာ..ဖုံးကွယ်ထားတဲ့ အစိတ်အပိုင်း ပါဝင်တယ်လေ.. ။မင်းသာ ကတ်ကို လက်နဲ့ ဖုံးပြီး အပေါ်ကို တင်လိုက်ရင် တစ်ခြား ကတ်တစ်ကတ်..ကို သူက လဲပေးလိမ့်မယ်..။နားလည်ရဲ့လား..."
ဧည့်သည်တွေဟာ ခေါင်းညိမ့်လိုက်ကြတယ်.။အစီစဥ် တင်ဆက်သူလည်း အံ့ဩနေခဲ့ပါတယ်..။
"သေးငယ်တဲ့..ပိုက်ဆံအိတ်လေးတစ်လုံးက ဒီလောက်အထိ အသုံးဝင်လိမ့်မယ် လို့ တကယ်မထင်ထားခဲ့ဘူး.."
လင်းဖန်ဟာ ထိုင်နေရင်းကနေ အတွေးတစ်ခုဟာ သူ့ခေါင်းထဲကို ဝင်လာခဲ့တယ်..။သူ ဒီနေရာကို လာပြီး တစ်ခုမှ ဝင်မပြောဘူးဆိုရင် ဒါက တကယ် မဟုတ်သေးပါဘူး..။တကယ်လို့ သူ ဘာမှ မပြောရင် သူ့ရဲ့ စွမ်စုံကျမ်း မစ်ရှင်ဟာလည်း ပြည့်လိမ့်မှာ မဟုတ်ပေ..။ဒါပေမဲ့ ဒီ ရီကျန်းမင် က လူတွေရဲ့ အာရုံစိုက်မူရအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ တကယ် သိနေခဲ့တာပါ..။သူက တစ်ခြား လူတွေကို ဘာအခွင့်အရေးမှ မပေးပါဘူး..။
အဲ့အချိန်မှာပဲ အို့ယန်ရှင်းဟာ စတင်ပြီး စကားပြောလာခဲ့တယိ..။
"ဒီလို အရာမျိုးတွေက သူငယိချင်းတွေ အချင်းချင်း မိသားစု အချငိးချင်း ကစားကြတဲ့ နေရာမှာ သုံးကြတာလေ..။သူတို့က ဒီပစ္စည်းကို ဖမ်းနိုင်ကြမှာ မဟုတ်ဘူး..။ ဒါပေမဲ့ ပိုကြီးတဲ့နေရာတွေ..ဇိမ်ခံ ကာစိီနိုတွေမှာဆိုရင်..ဒီလိုမျိူးပစ္စည်းကို စားပွဲပေါ်မှာအထားမခံကြဘူး..။ဒါကြောင့် ဒီနေ့ ခေတ်မှာက ကျွမ်းကျင်မူကိုပဲ မှီကိုရတော့တယ်..ဒါကသာ ဖမ်းမိနိုင်ဖို့ အခက်ခဲဆုံး နည်းလမ်းပဲ..။ငါ့ဘဝ တစ်လျောက်လုံး လောင်းကစား လုပ်လာခဲ့တာမှာ တစ်ကြိမ်ပဲ အဖမ်းခံခဲ့ရဘူးတယ်..။ပြီးတော့ အဲ့တစ်ချိန်ကလည်း ငါ့လပ်ချောင်းတွေ ဆုံးရှုံးခဲ့ရတဲ့ အချိန်ပဲ..."
အစီစဥ် တင်ဆက်သူဟာ ခေါင်းညိမ့်လိုက်တယ်..။
"ဆရာ ..အို့..ကျွန်တော်တို့ကို ကျွမ်းကျင်မူတွေ အကြောင်းနည်းနည်း ပြောပြပေးနိုင်မလား.."
အို့ယန်ရှင်း ပြုံးလိုက်တယ်..။နောက်ဆုံးမှာတော့ သူစကားပြောခွင့် ရခဲ့ပါပြီ..။သို့ပေမယ့် သူ့ကို အကူညီမဲ့စေတာက..သူ ပါးစပ်မဟရသေးခင်မှာပဲ ရီကျန်းမင် က ထပ်ပြီး ကြားဖြတ်ပြောလာခဲ့တာပါ..။
"ကျွမ်းကျင်မူဆိုတာက အများကြီးရှိတယ်..ကတ်တွေကို မှတ်တာတို့...ကတ်တွေပို ဝှက်ထားတာတို့..။ဒီဟာ တွေက ရိုးရှင်းတယ် လို့ထင်ရတယ် ဒါပေမဲ့...."
သူစကာမဆုံးခင်မှာပဲ လင်းဖန် အပြုံးလေးနဲ့ ဝင်ပြောလိုက်တယ်..။
"ကတ်တွေကို အမှတ်အသားလုပ်တာတွေ...ဝှက်ထားတာတွေက အခြေခံ အချက်လေးတွေပါ.။တကယ့်အစစ်အမှန် နည်းစနစ်တွေက အပြစ်အနာဆာ မရှိဘူး..ပြီးတော့ ဖမ်းမိနိုင်မှာလဲ မဟုတ်ဘူး..."
"မင်း..."
ဒီငနဲလေးက သူ့ပြောမယ့် စကားကို ခိုးယူလိမ့်မယ် လို့ ရီကျန်းမင် မထင်ထားခဲ့ပါဘူး..။သူအနည်းငယ် စိတ်အနှောက်ယှက်ဖြစ်သွားပြီး..လင်းဖန်ကို တစ်ခုခုပြောချင်ပေမယ့်..ရုတ်တရက် သူကြောင်အသွားခဲ့တယိ..။
အို့ယန်ရှင်းဟာ..ရီကျန်းမင် သူ့ဆေးသူ ပြန်သောက်လိုက်ရတာကို ကြည့်ပြီး စိတ်ထဲကနေ ကျိတ်ရယ်လိုက်ပါတယ်..။သို့ပေမယ့် တစ်ချိန်တည်းမှာပဲ သူလည်း ရီကျန်းမင်လိုမျိုး အံ့ဩသွားခဲ့တယ်..။
လင်းဖန် အပြင်ဘက် အက်ျီကို ချွတ်လိုက်တယ်..။အတွင်းဘက်ပိုင်းမှာတော့..လက်တို အက်ျီကို ဝတ်ထားပြီး..သူ့ရဲ့ လက် မောင်းတွေဟာ ချောမွေ့ပြီး ပိန်သွယ်နေခဲ့ပါတယ်..။
ယင်းနောက် စားပွဲပေါ်က ပေါ်ကာ ကတ်တွေကို ယူလိုက်ပြီး လှည့်ပတ်ကစား လိုက်တဲ့ အချိန်မှာ
ပေါ်ကာ ကတ်တွေဟာ သူ့လက်ကြားထဲမှာ သစ်ရွက်တွေလိုမျိုး ဝဲပျံနေခဲ့တယ်..။သူ့ရဲ့ ချောမွေ့ပြီး လျင်မြန်တဲ့ လက်လှုပ်ရှားမူတွေ အောက် မှာပဲ ဖဲထုတ်ဟာ နှစ်ခြမ်းကွဲသွားပြီး သူ့လက်နှစ်ဖက်ထဲကို ရောက် ပြန်ရောက်သွားခဲ့ပါတယ်..။
တိုက်ရိုက် ထုတ်လွင့်မူ အခန်းဟာ ဆူညံသွားခဲ့တယ်..။
"ချီးပဲ.666 မာစတာ လင်း..အကွက်တွေ ထုတ်သုံးနေပြီနော်..ဒါက အစပဲရှိသေးတယ်.."
"ဒါက ဘယ်လို ကုလားဖန်ထိုးတဲ့ နည်းစနစ် မျိုးလဲဟ..။တကယ် စိတ်လှုပ်ရှားစေတာပဲ.."
"အစတည်းက ငါကြည့်နေတာ ဒီရီကျန်းမင် က သူများမေးခွန်းတွေကို ပါ လု ပြီးဖြေနေတာ..။အခု မာစတာ လင်းက သူ့ကို သင်ခန်းစာ ပေးလိုက်ပြီလေ..။ဘာတတ်နိုင်သေးလဲ.."
"သေချာကြည့်ထားကြ...မာစတာလင်းက သဘာဝကိုတောင် ဆန့်ကျင်ပြလိမ့်မယ်.."
"နောက်ဆုံးတာ့ စပြီဟေ့...။မာစတာ လင်းရဲ့ ဖျော်ဖြေမူကို စောင့်နေရတာ ကြာလွန်းလို့ သေတောင် သေချင်နေခဲ့တာ.."
…
အဲ့အချိန်မှာတော့ ကြည့်ရူသူတွေတင်မကပဲ အစီစဥ်တင်ဆက်သူပါ ဆွံ့အနေခဲ့ပါပြီ..။
လင်းဖန် လက်ချာင်းတွေကို အလျင်အမြန်ပဲ လှုပ်ရှားလိုက်တဲ့ အချိန်မှာ..တစ်ဖက်ကို သုံးကတ်စီ အလျင်အမြန် ရောက်သွားခဲ့တယ်..။ယင်းနောက် သူခေါင်းကို မော့ပြီး ဧည့်သည်ကို ကြည့်လိုက်ပါတယ်..။
"ဒါ ဘာကတ်တွေလဲ..."
ဧည့်သည်ဟာ အနည်းငယ် တွေဝေနေပြီး ပြီးမှ ဖြေလိုက်တယ်..။
"ခြောက် သုံးလုံး..."
"ဒီဘက် မှာကရော.."
ဧည့်သည် ပြန်ဖြေလိုက်တယ်..။
"ရောထွေးနေတဲ့ ကတ်တွေပဲ.. ခုနှစ် , ဘုရင် , ကိုး.."
လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။
"ကောင်းပြီလေ...။အခု ကျုပ် ဖြည်းဖြည်းချငိး သွားပြီး ခင်ဗျားကို ရှုံးနိမ့်အောင်လုပ်ပြမယ်.."
အဲအချိန်မှာတော့ ကြည့်ရူသူတွေဟာ လင်းဖန် ဘာလုပ်ချင်လဲ ဆိုတာကို မသိကြပါဘူး..။
လင်းဖန် ကတ်တွေကို ထားလိူက်ပြီး လက်ကို သူ့ဘက်က ကတ်သုံးကတ်ပေါ်မှာ တင်ထားပြီး..အပြုံးလေးနဲ့ မေးလိုက်တယ်..။
"ခင်ဗျားရဲ့ ကတ်တွေကို ကျုပ်သိတယ်...ကျုပ်ရဲ့ ကတ်တွေကိုလည်း ခင်ဗျား သိနေတယ်..။အခု ဒီဖဲအတိုင်း ကျုပ်ခင်ဗျားနဲ့ တစ်ပွဲဆော့မယိ ဆိုရင် ခင်ဗျားဆော့ရဲပါ့မလား.."
ဧည့်သည်ဟာ ခနကြောင်အသွားပြီးမှ အပြုံးလေးနဲ့ ပြန်ဖြေလိုက်ပါတယ်..။
"ငါ ဆော့ရဲတယိ..။ငါက မင်းရဲ့ကတ်တွေကို မြင်ပြီးသွားပြီလေ..ပြီးတော့..မင်းရဲ့ လက်တွေကိုလည်း ကတ်ပေါ်မှာပဲ ဒီတိုင်းထားမှာ ဆိုတော့ ကတ်ပြောင်းဖို့ ဆိုတာက မဖြစ်နိုင်ဘူး.."
လင်းဖန် ရီကျန်းမင် ဘက်ကို ကြည့်လိုက်တယ်..။
"ကျွန်တော် ကတ်တွေကို ပြောင်းနိုင်တယ် လို့ ထင်လား.."
ရီကျန်းမင် တွေးလိုက်တယ်..။အခနအကြာမှာ ဒီကောင်လေး ဟာ လက် မောင်း သေးသေးနဲ့..ဘာကတ်မှ ဝှက်ထားတာ မရှိတာတွေ့လိုက်ရပါတယ်..။တကယ်လို့ ဒီကောင်လေး ခုနကလို အက်ျီလက်ရှည် ဝတ်ထားရင် ကတ်လဲနိုင်လောပါသေးတယ်..။သို့ပေမယ့် လက်ရှိ အခြေအနေကတော့ ကတ်လဲ ဖို့ိဆိုတာက မဖြစ်နိုင်ပါဘူး..။
"နိုး.."
ရီကျန်းမင် ပြန်ဖြေလိုက်တာပါ..။
တိုက်ရိုက်ထုတ်လွင့်မူထဲတွင်..။
"ချီးပဲ..ဘာတွေ ဖြစ်နေတာလဲ..။မာစတာ လင်းက ကတ်တွေကို ပေါ်တင်ပြထားတာလေ..သူ ဘယ်လိုလုပ်ပြန်ပြောင်း နိုင်တော့မှာလဲ.."
"ငါ့ဖင်ကိုသာ ပြောင်းလိုက်တော့..။သူက တကယ်လောင်းကစား နတ်ဘုရားလား..။သူ့မှာ သဘာဝလွန်စွမ်းအားတွေ ရှိနေလို့လား.."
"လိမ်ညာတဲ့ အခါမှာ...လက်ပါတဲ့ အက်ျီတွေက ဖုန်းကွယ်ပြီး လိမ်လည်လို့အကောင်းဆုံးပဲလေ..။အခု သူ့အက်ျီကို ကြည့်ဦး လက်ကတိုလွန်းလို့ ဂျိုင်းပြတ် အက်ျီလိုတောင် ဖြစ်နေပြီ..သူ ဘယ်လို ကတ်ကို ပြောင်းမလဲ တကယ် စိတ်ဝင်စားမိတယ်.."
"ဟီးဟီး..ဆောင်းဥိးဓား ဒီရောက်နေပြီ..။မာစတာ လင်း သာ တကယ် ကတ်တွေကို တကယ်ပြောင်းနိုင်ရင် သူ ချီးစားပြီး တိုက်ရိုက်လွင့်ပြလိမ့်ယမိ.."
"ဒါဆိုရင်တော့ သူတကယ် ချေးစားရလိမ့်မယ်.."
…
အစီစဥ် တင်ဆက်သူ မေးလိုက်တယ်..။
"ဆရာ အို့ရော..မာစတာ လင်း ကတ်တွေကို ပြောင်းနိုင်မယ် လို့ ထင်လား.."
အို့ယန်ရှင်း ခေါင်းခါယမ်း လိုက်တယ်..။
"အကြောင်း ပြချက်တွေ အရတော့ နည်းလမ်း မရှိဘူး..။သူ့လက်တွေ အရမ်းမြန်နေရင်တောင်..နည်းလမ်း ရှိမှာ မဟုတ်ဘူး..သူလုပ်သမျှတိုင်းကို ရှငိးရှင်းလင်းလင်း မြင်နေရမှာလေ.."
လင်းဖန် ပြုံးပြီး ဧည့်သည်ကို ပြောလိုက်တယ်..။
"ကျုပ်ခင်ဗျားရဲ့ ရှေ့မှာပဲ လုပ်ပြမယ်..။ခင်ဗျားက ယုံကြည်မူတွေ ရှိနေမှာတော့ ဘာလို့ ကျုပ်လက်ကို ဖယ်ပြီး လာမကြည့်တာလဲ.."
ဧည့်သည်ဟာ ခနလောက် သံသယဖြစ်သွားပေမယ့် လင်းဖန်ရဲ့ လက်ကို ကိုင်လိုက်ပြီး..ဖြည်းဖြည်းချငိး ဖယ်လိုက်ပါတယ်..။
ကတ်တွေ ပေါ်လာတဲ့ အချိန်မှာတော့..ကြည့်ရူနေကြတဲ့ လူတိုင်း ဆွံ့အသွားကြပါပြီ..။
ချီးပဲ...