← Chapters

အတင်းပြုလုပ်တဲ့ ကြော်ငြာတစ်ခု

Vol. 20 Ch. 294

အတင်းပြုလုပ်တဲ့ ကြော်ငြာတစ်ခု

Vol. 20 Ch. 294

ဘာသာပြန် = စနိုးဝှိုက်

"ဒါဘယ်လို ဖြစ်နိုင်မှာလဲ.."

ရီကျန်းမင် အံ့ဩသွားခဲ့တယ်..။သူ ဂရုတစိုက်နဲ့ ကြည့်နေခဲ့တာပါ..။သေးငယ်တဲ့ အမူအရာလေးတွေ တောင် သူ့အကြည့်အောက်က မလွတ်သွားခဲ့ပါဘူး..။ဒါတောင် ကတ်တွေက သူ့မျက်စိ ရှေ့မှာတင် ပြောင်းလဲ သွားခဲ့ပါတယ်..။သူ့က အတွက်ကတော့ ဒါကြီးက မဖြစ်နိုင်တဲ့ အရာပါပဲ..။

အို့ယန်ရှင်း ဟာ တိတ်ဆိတ်နေခဲ့တယ်..သို့ပေမယိ့ သူ့ရဲ့ အမူအရာကနေ တဆင့် သူဘယ်လောက် တောင် အံ့ဩနေလဲ ဆိုတာကို သိနိုင်ပါတယ်..။

"ဒါက ပညာရှင်တွေ ကြားထဲကမှ ပညာရှင်ပဲ.."

အို့ယန်ရှင်းဟာ အရည်အချင်းရှိပေမယ့်လည်း နိမ့်ချပြီး နေတတ်တဲ့ လူတစ်ယောက်ပါ။တစ်ချက်ကြည့်ရုံနဲ့ သူက လောင်းကစား ဘုရင် ဆိုတာကို သိနိုင်မှာ မဟုတ်ပါဘူး..။သူဟာ လင်းဖန်ရဲ့ ပြကွက်ကြောင့် အံ့ဩသွားခဲ့ပြီး..သူက လင်းဖန်အတွက် ဘက်မဟုတ်ဘူး ဆိုတာကို သိလိုက်ပါတယ်..။

အစကတုန်းက သူနဲ့ ရီကျန်းမင်က ဒီလူငယ်လေးကို လျော့တွက် မိခဲ့ကြတာပါ..။

"ဒါ ...ဒါက.."

အစီစဥ်တင်ဆက်သူရဲ့ ပါးစပ်ဟာ ကျယ်နေခဲ့ပြီး..အံ့ဩစွာနဲ့ မျက်တောင် မခတ်ပဲ ကြည့်နေခဲ့တယ်..။

တိုက်ရိုက်ထုတ်လွင့်မူတွင်..။

"ချီးပဲ ဒါကြီးကတော့ စောက်ရမ်း ကြမ်းတမ်းသွားပြီ.."

"ဟုတ်တယ် ကတ်တွေက ငါတို့ မျကိစိရှေ့မှာတင် ပြောင်းသွားခဲ့တာ.."

"မှော်ပညာလား..။ဒါမှ မဟုတ် သဘာဝလွန် စွမး်အင်တွေလား.."

"ဒီကောင်လေး..အနက်ရောင် ဝတ်စုံ ဝတ်ပြီး..လက်ရှည်ဝတ်ထားရင် ကတ်တွေ လဲလိုက်တယ် ဆိုတာ ငါကျိန်းသေ ပြောနိုင်တယ်..။ဒါပေမဲ့..အခုက ဘာတွေ ဖြစ်နေတာလဲ...။ကတ်တွေက ဒီတိုင်းကြီး ပြောင်းသွားတာ"

"လောင်းကစားဘုရင်နှစ်ယောက်ကို လည်း ကြည့်လိုက်ဦး..သူတို့့လည်း ကြောက်ရွံ့နေကြပြီ.."

"ဟားး.ဟား မာစတာ လင်းက ကြမ်းတမ်းလွန်းတယ် နော်..။ဒါတောင် အခု မှ တစ်ကွက်ပဲ ပြရသေးတယ်.."

"ချီးပဲ..တောင်ပိုင်းနဲ့ မြောက်ပိုင်း လောင်းကစားဘုရင်တွေ တောင်အံ့ဩနေကြပြီ..။အခုကစပြီး မာစတာ လင်းနဲ့ ဘယ်သူ ကတ်ကစားရဲတော့မှာလဲ..။ဒါက ကိုယ့်သေတွင်းကိုယ် တူးနေသလိုပဲ.."

စင်အောက်တွင်..။

နောက် မှ ရောက်လာတဲ့ ဝမ်မင်ယန်ဟာ မျက်တောင်ခတ်ပြီး ပြောလိုက်တယ်။

"ငါတော့ နားမလည်နိုင်တော့ဘူး.."

သူ လင်းဖန်ရဲ့ အရည်အချင်းတွေ ဆွဲဆောငိမူကို ခံနေရပါပြီ..။လောင်းကစား နတ်ဘုရား ဆိုတဲ့ ဘွဲ့တောင် သူ့အတွက် သေးငယ်နေပါဦးမယိ.."

လင်းဖန် အတူညီစွာ ရယ်မောလိုက်တယ်..။ယင်းနောက် သူဧည့်သည်ကို ကြည့်လိုက်ပြီး..

"ကျုပ်ကတ်တွေကို ဘယ်လို ပြောင်းလိုက်လဲ မြင်လိုက်လား.."

ဧည့်သည်ဟာ ခေါင်းခါယမ်းလိုက်တယ်..။

"ဟင့်အငိး.."

ဧည့်သည်ဟာ လင်းဖန်ရဲ့ နည်းစနစ်တွေ ကြောင့် တွံ့အနေခဲ့တာပါ..။လင်းဖန် လှုပ်ရှားသမျှကို သူမြင်နေခဲ့တယ် ဆိုတာ ကျိန်ရဲပါတယ်..။ဒါပေမဲ့ ကတ်တွေက ဘာလို့ ပြောင်းသွားတာလဲ ဆိုတာကိုတော့ သူတကယ် မသိပါဘူး..။

အဲ့အချိန်မှာပဲ..လင်းဖန် လောင်းကစား ဘုရင် နှစ်ယောက်ကို ကြည့်ပြီး မေးလိုက်တယ်..။

"ခင်ဗျားတို့ရော..ကျွန်တော် ကတ်တွေကို ဘယ်လိုလဲ လိုက်လဲ တွေ့လိုက်ကြလား.."

ရီကျန်းမင် တံတွေး မျိုချလိုက်တယ်..။သူတစ်ခုခု ပြောဖို့ ကြံလိုက်ပေမယ့်လည်း..သူတကယ် ဘာမှ မမြင်ခဲ့ပါဘူး..။သူ လင်းဖန် ကတ်တွေကို လုံးဝ မပြောင်းလဲ ခဲ့ဘူးလို့တောင် သံသယဖြစ်မိပါတယ်..။

သူက ..ဒီပြပွဲရဲ့..လောင်းကစား ဘုရင်တစ်ယောက်ဖြစ်နေတဲ့ အတွက်.. သူမမြင်ခဲ့ဘူးလို့တော့ မဖြေနိုင်ပါဘူး..။

"လက်ထဲမှာ.."

သူ မသေချာတဲ့ အသံနဲ့ ပြောဖို့ စတင်လိုက်တယ်..။ဒီစကားပြီးနောက် မှာ သူဘာထပ်ပြောရမလဲ တကယ် မသိတော့ပါဘူး..။

ဒီစကားထွက်လာပြီးနောက်မှာ ဧည့်သည်ဟာ ပြောလိုက်တယ်။

"ဟုတ်တယ်..မင်းရဲ့ လက်ထဲမှာ ကတ်ရှိနေလောက်တယ်.."

လင်းဖန် ရယ်မောလိုက်ပြီး..သူ့ရဲ့ လက်တွေကို လှနိပြလိုက်ပါတယ်..။သူ့လက်ထဲမှာ ဘာတစ်ခုမှ ရှိမနေခဲ့ပါဘူး..။ယင်းနောက် သူ့လက်တွေကို ကတ်သုံးကတ်ပေါ် ပြန်တင်လိုက်တယ်..။သူ့လက်ကို ပြန်ဖယ်လိုက်တဲ့ အချိန်မှာတော့..ကတ်တွေဟာ နောက်တစ်ကြိမ် ပြောင်းနေခဲ့ပါပြီ..။

အံ့ဩတဲ့ အသံတွေ နေရာတိုင်းက ထွက်လာခဲ့တယ်..။

"သူဘယ်လို လုပ်လိုက်လဲ တစ်ယောက်ယောက် ​ပြောနိုင်တဲ့ လူရှိလား..။သူ့လက်ထဲမှာ ဘာကတ်မှ မရှိတာတော့သေချာတယ်..။ကတ်တွေက ဘာလို့ ဆက်တိုက် ပြောင်းနေတာလဲ.."

"လောင်းကစား ဘုရင် နှစ်ယောက်တောင် မမြင်နိုင်တော့ဘူးလား..သူတို့က စာအုပ်ထဲက လှည့်ကွက်တိုင်းကို.သိထားကြတယ်လေ..။ဘာလို့ ဒီအကွက်ကို မမြင်နိုင်ကြတာလဲ..။

အံ့ဩမူတွေ ရဲ့ အလယ်မှာတော့ လင်းဖန်ဟာ တည်ငြိမ်နေခဲ့ပါတယ်..။ဒါက စွယ်စုံကျမ်းက ရရှိခဲ့တဲ့ နည်းစနစ်ပါ..။ဒီနည်းစနစ်က သဘာဝတွေကို ကျော်လွနိနေပြီး မသိရင် စူပါပါဝါ ရနေတဲ့ အတိုငး်ပါပဲ..။

သူလိုချင်တဲ့ဘယ်ကတ်ကို မဆို ဖန်တီးလို့ ရပါတယိ..။နံပါတ်တစ် လောင်းကစား ဘုရင် သူ့ရှေ့ကိ​ြ ရောက်နေရင်တောင် ဘယ်လိုလုပ်သွားလဲ မြင်နိုင်မှာ မဟုတ်ပါဘူး..။

လင်ဖန် ပြောလိုက်တယ်..။

"ရုပ်မြင်သံကြားကို ကြည့်နေတဲ့ သူငယ်ချင်းတို့..မင်းတို့ မှတ်ထားရမှာက..လောင်းကစားဆိုတာ သမုဒ္ဒရာကြီးလို ကျယ်ပြောတယ် ဆိုတာပဲ..။ဒါက လှည့်စားမူ အများကြီး တွေထဲကမှ တစ်ခုပဲ ရှိသေးတယ်..။များပြားလှတဲ့ တိုက်ပွဲတွေကို တိုက်ခိုက်ခဲ့ပြီး နည်းစနစ် တွေကို ကျွမ်းကျင်ပို်င်နိုင်ထားတဲ့ လောင်းကစား ဘုရင် နှစ်ယောက်တောင် နောက်ကွယ်က အကြောင်းအရာကို မမြင်နိုင်ဘူးလေ..။ခင်ဗျားတို့ မြင်နိုင်လိမ့်မယ် ့ လို့ထင်နေတာလား.."

"ထပ်ပြောရရင် ကျုပ်က ဖြည်းဖြည်းချင်းပဲ လုပ်ပြသွားတာ..မလုပ်ခင်မှာလဲ ကတ်တွေကို ပြောင်းမယ်လို့ပြောထားသေးတယ်လေ..။ဒါ​တောင် ခင်ဗျားတို့ ့ယ်လို လုပ်သွားလဲ မြင်နိုင်လို့လား..။ကျုပ်ကတ်တွေပေါ် လက်တင်ထားပြီး ဖယ်လိုက်တာနဲ့ ကတ်တွေ ပြောင်းသွားတယ်..။ခင်ဗျားတို့သာ ကျုပ်လိုလူမျိုးနဲ့တွေ့ရင် အခွင့်အရေး ရှိမယ်လို့ ထင်နေတာလား.."

လင်းဖန် အနည်ငယ် ချဲ့ကားပြီး ပြောနေခဲ့တာပါ..။ကမ္ဘာကြီးက ကြီးပေမယိ့ လည်း သူ့လို အဆင့်အတန်းမျိုးရောက်နိုင်ဖို့ ဆိုတာက မလွယ်ကူပါဘူး..။ပြီးတော့ ဒါမျိူးက တစ်ခြားလူတွေ လိုက်လုပ်ဖို့ ၉၉ ရာခိုင်နှုန်းလောက်ကို မဖြစ်နိုင်တာပါ..။ကမ္ဘာနံပါတ် တစ် ဖြစ်တဲ့ လပ်ဗီဂတ် တောင် ဒါမျိုး မလုပ်နိုင်တာ ဖြစ်နိုင်ပါတယ်.။

ကျွမ်းကျင်မူရှိတယ် ဆိုရင်တောင် လူသားတွေ ဖြစ်တဲ့ အတွက် အကန့်အသတ်ရှိပါတယ်..။ဒါပေမဲ့ သူတို့ရှေ့မှာ ရှိနေတဲ့ ကောင်လေးက ကတ်တွေကို သူ့စိတ်ကြိုက်ပြောင်းနေခဲ့တာပါ..။ဒါက စိတ်ကူးနိုင်တာထက်ကို ပိုနေပါပြီ.။

အဲ့အချိန်မှာပဲ ရီကျန်းမင်ဟာ ကျန်တဲ့ ကတ်တွေကို သူ့လက်ထဲကို ယူလိုက်ပြီး..ဖဲထုတ်ကို ကြည့်ကာ လင်းဖန် တစ်ခုခု ဖုံးကွယ်ထားလား..ကြည့်လိုက်တယ်..။

တိုက်ရိုက်ထုတ်လွင့်မူတွင်..။

"ရီကျန်းမင်က ပေါ်ကာ ကတ်တွေကို ကြည့်လိုက်တယ်..။တကယ်လို့..ပြောင်းနေတဲ့ ကတ်တွေသာ ဖဲထုတိထဲမှာ ရှိနေရင် ကြောက်စရာပဲ..။

"အိပ်မက်မက် နေလိုက်..ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..။သူက ကတ်ကို ကိုယ်ထဲမှာ သိမ်းထားပြီး ဘယ်သူမှ မမြင်နိုင်တဲ့ နည်းလမိးနဲ့ လဲနေတာဖြစ်လောက်မယ်.."

"ဒါက သိပ်တော့ မသေချာဘူး..။မာစတာလင်းရဲ့ အမူအရာကို ကြည့်..သူက တည်ငြိမ်နေပြီး..ဖဲထုတ်စစ်တာကိုလည်း ကြောက်တဲ့ပုံမရှိဘူး.."

အစီစဥ် တင်ဆကိသူ ပြောလိုကိတယ်..။

"ဆရာရီ..အထဲမှာ ရှိနေလား.."

ရီကျန်းမင် သူ့လက်ထဲက ကတ်တွေကိုကြည့်ပြီး လင်းဖန်ကို ပြန်ကြည့်ကာ တံတွေး မျိုချလိုက်တယ်..။သူ ဖဲထုတ်ကို ချပြီး ပြောလိုက်ပါတယ်..။

"တကယ် အံ့ဩဖို့ကောင်းတယ်.."

နေရာတစ်ခုလုံး အသံတွေ ထွက်ပေါ်လာခဲ့ပါတယ်..။

"ကြည့်ရတာ ဒါတကယ်ပဲ ထင်တယ်..။ပြောင်းသွားတဲ့ ကတ်တွေကလည်း ဖဲထုတ်ထဲကပဲ..သူဘယ်လိုတွေတောင် လုပ်လိုက်တာလဲ.."

"ဘယ်သူသိမှာလဲ..အတော်အံ့ဩဖို့ကောင်းတယိ..။ဒီလို ကျွမ်းကျင်မူမျိုးနဲ့ ဆိုရင် ဘယ်လို ကာစီနိုကများ သူ့ကို အထဲဝင်ခိုင်းရဲမှာလဲ.."

သီးသ့် အဆောက်အဦးတစ်ခုတွင်..။

မိသားစု သုံးယောက်ဟာ စားပွဲပေါ်မှာ ညစာစားနေကြပြီး..TVကြည့်နေခဲ့ကြတယ်..။

"အဖေ ဒီအစီစဥ္ကို ကြည့်ဦး..အနာဂတိမှာ လောင်းကစား မလုပ်နဲ့တော့..။မာစတာ လင်းပြောတာ ကာစီနိုတွေက မင်းကို ရှုံးနိမ့်အောင်လည်း လုပ်လို့ ရသလို အနိုင်ရအောင်လည်း လုပ်လို့ရတယ်.."

သက်လတ်ပိုင်း လူကြီးဟာ TVကို်မျက်တောင် မခတ်ပဲ ကြည့်နေခဲ့တယ်..။သူက မာစတာ လင်းရဲ့ ကျွမ်းကျင်မူတွေကို သဘောကျနေပြီ ဖြစ်ပြီး..အတော်လည်း အံ့ဩဖို့ ကောင်းပါတယ်..။

အို့ယန်ရှင်းဟာ ဘေးနားမှာ တစ်ချိန်လုံး တိတ်တဆိတ်ထိုင်နေရာကနေ မေးလာခဲ့တယ်..။

"သူဘယ်လို လုပ်လိုက်တာလဲ.."

သူ တစ်ခြားလူတွေ လိမ်လည်တာကို..အများကြှီးမြင်ဖူးပေမယိ့လည်း..ဒီလိုမျိုး လုပ်တာကိုတော့ တစ်ခါမှ မမြင်ဖူးပါဘူး..။ဒါက အပြစ်အနာဆာကင်းနေပြီး ဖြည်းဖြည်းချငိး လုပ်ပြတာတောငိ..ဘာမှ မမြင်နိုင်ခဲ့ပါဘူး..။

လင်းဖန် ပြုံးလို်က်တယ်..။

"ကျုပ်တို့ ဒီကို လာခဲ့တာ လောင်းကစား တိုက်ဖျက် မူတွေကို အားပေးဖို့လေ..လိမ်လည်နည်းတွေ ပြော​ပြဖို့ မဟုတ်ဘူး..။အခု TVကြည့်နေတဲ့ လူတိုင်းသိထားသင့်တာက မဖြစ်နိုင်ပါဘူးကွာ ဆိုတဲ့ အရာတွေက တကယ်ဖြစ်နေနိုင်တယ် ဆိုတာပဲ..။ပိုပြီးနာကျငိဖို့ ကောင်းတာက ခင်ဗျားတို့ ကိုယ့်ရဲ့ကတ်ကို ကြီးပြီလို့ တွေးနေတဲ့ အချိန်မှာ ပြိုင်ဘက်က..အပွင့်နည်းနည်းလောက် သာပြီး နိုင်သွားခဲ့တာပဲ..။ကျုပ်အရင်တုန်းက တိုက်ရိုက်ထုတ်လွင့်မူမှာ ပြောထားသေးတယ် လောင်းကစား မလုပ်တော့တာက အကြီးမားဆံူး အနိုင်ရမူကြီးပဲ..။ထပ်ပြောရရင် ကျုပ်လို အဆင်အတန်းမျိုးက လူအနည်းငယ်လောက်သာ ရှိပြီး မရှိသလောက်ပဲ လို့တောငိ ပြောလို့ရတယ်.။ဒါပေမဲ့ လိမ်လည်ပြီး ကစားတဲ့ နည်းစနစ်ကို တတ်ကျွမ်းတဲ့ လူတွေက အများကြီးပဲ..။ဒါကို သာမန်လူဖြစ်တဲ့ ခင်ဗျားတို့က..မြင်နိုင်မှာ မဟုတ်ဘူး..။အားလုံးကို ပြောချင်တာက..လောင်းကစားကို မလုပ်နဲ့လို့ မပြောဘူး..လောင်းကစားကို ချမ်းသာတဲ့ နည်းလမ်းတစ်ခု အဖြစ်တော့ မတွေးမိစေနဲ့..ဒါကလုံးဝ မဖြစ်နိုင်တဲ့ အရာပဲ.."

လင်းဖန်ဟာ ဒီလို အံ့ဩဖို့ကောင်းတယ် စကားတွေကို ပြောမိလို့..သူ့ကိုယ်သူ တိတ်တဆိတ် ချီးကျူးလိုက်ပါတယ်..။တစ်ခြားလူတွေ ယုံကြည်ကြည် မကြည်ကြည် သူယုံကြည်ပါတယိ..။

ရီကျနိးမင် နဲ့ အို့ယန်ရှင်းတောငိ ဒါကို သံသယ မဖြစ်မိပါဘူး..။သူတို့ နှစ်ယောက်လုံး မာစတာ လင်းက အံ့ဩဖို့ကောင်းတယ် လို့တွေးမိလိုက်ပါတယ်..။သူတို့ တစ်ချိန်လံူး စိုက်ကြည့်နေတာတောင် ဘာမှ မမြင်နိုင်ခဲ့ပါဘူး..။

တိုက်ရိုက် ထုတ်လွင့်မူတွင်..။

"မာစတာ လင်းက တကယ်မိုက်လွန်းတယိ..။သူက ကမ္ဘာပေါ်မှာ အကောင်းဆံူးပဲ..။တစ်ခြားလူတွေ ယုံကြည်ကြည် မကြည်ကြည် ငါတော့ ယုံကြည်တယ်.."

"ငါလည်း ယုံကြည်တယ်..။မာစတာ လင်းက တကယ်အံ့ဩဖို့ကောင်းတာပဲ..။သူက ကမ္ဘာ့နံပါတ် ၁ လောငိးကစား သမားပဲ.."

"ဒီ ရှိုးက တကယ်ကောင်းမွနိတယ်.."

လင်းဖန် ဟာ အံ့ဩနေကြတဲ့ လူတွေကို ကြည့်ပြီး ထပ်ပြောလိုက်တယ်..။

ကျွန်တော် တစ်ဘဝလုံး တပည့်လက်ခံမှာ မဟုတ်သလို..ဒီကျွမ်းကျင်မူတွေကို လည်း လက်ဆငိ့ကမ်းသွားမှာ မဟုတ်ဘူး..။ဘာလို့လဲ ဆိုတော့..ဒီပညာရပ်တွေက တစ်ခြားလူတွေ အတွက် ထိခိုက်စေလို့ပဲ..။ဒါပေမဲ့ မယုံကြည်တဲ့ လူရှိရင် ကျုပ်ကို တိမ်ဖြူလမး်ကို လာရှာလို့ရတယ်..။ကျုပ်က ဗေဒင်ဟော ပြီး ပန်ကိတ်လေး ရောင်းစားတယ်လေ..။ပန်ကိတ်တွေက တကယ် အရသာရှိတယ်..စားပြီးတာနဲ့ တကယ် စိတ်ကျေနပ်သွားလိမ့်မယ်.."

ရီကျန်းမင် .. "......."

အို့ယန်ရှင်း "......."

အစီစဥ် တက်ဆက်သူဟာ လည်ချောင်းရှင်းလိုကိပြီး..

"မာစတာ လင်း ကျွန်တော်တို့....."

တိုက်ရိုက်ထုတ်လွင့်မူတွင်..။

"ဟားးဟားး...ငါတော့ ရယ်နေရပြီ..။သူတို့ မာစတာ လင်း ကြော်ငြာဝင်တာကို မရပ်နိုင်ကြဘူး.."

"မာစတာ လင်းက လောင်းကစားကို ဒီလောက်ကျွမ်းကျင်တာတောငိ ပန်ကိတ်ရောင်းစား နေသေးတယ် ..။ဘယ်လောက် နှမြောဖို့ ကောင်းလဲ.."

"ငါ့ဖင်ကြီးကို နှမြောပါလာ..။မာစတာ လင်းကို ဘာမှ သွားနှမြောစရာ မလိုဘူး..။သူကတစ်နေ့မှ ပန်ကိတ်ဆယ်လံူးပဲ ရောင်းတာ..မင်းတန်းစီရင်းနဲ့တောင် သေသွားနိုင်တယ်.."

"ဒီလို အဖြစ်အပျက်တောင် ရှိနေတာလား.."

All Chapters