← Chapters

စမ်းသပ်ချက် အချက်ပေးမူက ဒီမှာပဲ...

Vol. 20 Ch. 295

စမ်းသပ်ချက် အချက်ပေးမူက ဒီမှာပဲ...

Vol. 20 Ch. 295

ဘာသာပြန် = စနိုးဝှိုက်

လင်းဖန်ဟာ အရေးကြီးတဲ့ မေးခွနိးတွေ အများကြီးကို ခိုးယူဖြေဆိုခဲ့တယ်..။ဒါပေါ့ အဆုံးမှာတော့အကြီးမားဆုံးအနိုင်ရသူက သူပါပဲ..။

ရီကျန်းမင် နဲ့ အို့ယန်ရှင်းတို့အတွက်ကတော့ သူတို့ ဒီကိစ္စကြောင့် စိတ်အနှောက် မယှက် မဖြစ်ကြပါဘူး..။သူတို့ရဲ့ အကောင်းဆုံး ပြကွက်တွေကတောင် လင်းဖန် ရဲ့ ရှေ့မှ မရပ်တည်နိုင်ကြပါဘူး.။သူတို့ မပျော်ရွင်ဘူးဆိုရင် တောင် ရွေးချယ်စရာ မရှိပေ..။

စင်နောက်တွင်..။

ဒါရိုက်တာဟာ လင်းဖန်ရဲ့ လက်ကို ကိုင်ပြီးပြောနေခဲ့တယ်..။

"ဆရာ လင်း...ဆရာ့ကို တကယ်ကျေးဇူးတင်မှ ဖြစ်မယ်..။အဆုံးသတ်သွားတာကလည်း တကယ်ကို အံ့မခန်းပဲ.."

လင်းဖန် ပြုံးလိုက်တယ်..။

"အာ..ဒါဘာမှမဟုတ်ပါဘူး.။ကျွန်တော်မေးခွန်းကောင်းလေးတွေကို ယူပြီး ဖြေလိုက်လို့ပါ.."

ဒါရိုက်တာဟာ အလျင်အမြန် လက်ဝေ့ယမ်းလိုက်တယ်..။

"မေးခွန်းကောင်းတွေ ယူဖြေတာနဲ့ မဆိုင်ပါဘူး..။ဆရာလင်းမှာက တကယ့် စွမ်းရည်တွေ ရှိနေတာ..။တကယ်လို့ ဒီစွမ်းရည်တွေကို ထုတ်မသုံပဲ ထားလိုက်ရင် နှမြောစရာ ကောင်းလိမ့်မယ်..။နောက်တစ်ခါ အစီစဥ်ပြန်စ ရင်လည်း မာစတာ လင်း ဧည့်သည်အဖြစ် လာရောက်ပေးဖို့ မျှော်လင့်ပါတယ် ."

"အဲ့ကျမှ အခြေအနေကြည့်ကြတာပေါ့.."

လင်းဖန် ရယ်မောပြီး ပြောလိုက်တာပါ..။သူ့ရဲ့ စမ်းသပ်ချက်သာ ပြည့်သွားခဲ့ရင်..သူအချိနိကုန်ခံပြီး ဒီရှိုးကို လာမှာ မဟုတ်ပါဘူး..။လောင်းကစား တိုက်ဖျက်ရေး ဆိုတာကလည်း အများကြီးတော့ အကျိုးသက်ရောက် မှာမဟုတ်ပေ..။ဒီနေ့ခေတ်လူတွေက..တစ်ခုခုကို လုပ်မယ် လို့ဆုံးဖြတ်ထားရင်..ဓားနဲ့ သွားပြီး ခြိမ်းခြောက်ရင်တောင် ရပ်တန့်မှာ မဟုတ်ပါဘူး..။

အို့ယန်ရှင်း ဟာ ပျုငှာတဲ့ အမူအရာနဲ့ မေးလိုက်တယ် ..။

"ဆရာလင်း..နောက်တစ်ခါကျရင် ကျွန်တော်တို့ တစ်ယောက်ဆီက တစ်ယောက် သင်ယူလို့ရမလား.."

လင်းဖန် ပြုံးပြီး ပြန်ဖြေလိုက်တယ်..။

"ဆရာ အို့..အားတော့နာပါတယ်..။ကျွန်တော် အနာဂတ်မှာ ကတ်တွေကို သိပ်ပြီးထိတွေ့ဖို့ အစီစဥ် မရှိလို့ပါ.."

ရီကျန်းမင် ပြောလိုက်တယ်..။

"ဒါက ရှက်စရာပဲ..။ဆရာလင်းရဲ့ လောင်းကစားကျွမ်းကျင်မူတွေက..လေးစားမူနဲ့ ထိုက်တနိပါတယ်..။ဒီလို ကျွမ်းကျင်မူ အဆင့်အတန်းမျိုး ဆိုတာက..ကျွန်တော်ဘဝ တွေ့ဖူးသမျှထဲမှာ..အံ့ဩစရာ အကောင်ဆုံးပဲ..။မာစတာ လင်း ဘယ်လိုများလုပ်သလဲဆိုတာ တကယ်သိချင်နေမိတယ်.."

လင်းဖန် ဆက်ပြီး ပြုံးထားခဲ့တယ်..။

"သိချင်စိတ် မဖြစ်တာက ပိုကောင်းမယ်လို့ ကျွန်တော် ထင်တယ်နော်..။ဆရာနှစ်ယောက် လောင်းကစား တိုက်ဖျက်ရေးတွေလုပ်ဆောငိ နေပြီး...လက်တွေကိုလည်း ဆေးကြောထားပြီးပြီလေ..။တကယ်လို့ ဒါတွေကိုသာ ရောထွေးလိုက်ရင် အဓိပ္ပါယ် မရှိသလို ဖြစ်သွားလိမ့်မယ်.."

"ဟားဟား.."

လောင်းကစားဘုရင်နှစ်ယောက်ဟာ ရယ်မောလိုက်တယ်..။

"ကောင်းပြီ ကောင်းပြီ..ကျုပ်တို့မှားယွင်းပြီး တွေးနေမိတာပဲ..။ဘာပဲဖြစ်ဖြစ် ကျုပ်တို့ လုပ်ဆောင်ခဲ့တယ် ဆိုမှတော့ ရလာဒ်ကို စောင့်ကြည့်သင့်တယ်လေ..။ဒီ ရှိုးက တကယ်ကိုပေါ်ပြူလာ ဖြစ်လိမ့်မယ်..။ဒါပေမဲ့ ဆရာ လင်း ဂရုစိုက် မှရမယ်နော်..။စင်ပေါ်မှာ အများကြီး ဖော်ထုတ်လိုက်တော့..ခြိမ်းခြောက် မယ့် လူတွေ ရောက်လာနိုင်တယ်.."

"စိုးရိမ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် .။ဒါပေမဲ့ စိတ်မပူပါနဲ့...ကျုပ်က လောင်းကစားတင် ကျွမ်းကျင်တာ မဟုတ်ပဲ ကိုယ်ခံပညာလည်း ရပါတယ် .။သူတို့လာပြီး သွားပြီဆိုရင်ပြန်ထွက်သွားလို့ရမှာ မဟုတ်ဘူး.."

ဲီ ဒီ ဆရာနစ်ယောက်ဟာ အစက လင်းဖန်ကို ..အထင်သေးခဲ့ပေမယ့်လည်း အခုတော့ လေးစားမူတွေ အဖြစ်ပြောင်းသွားခဲ့ပါပြီ..။

ရီကျန်းမင်..ပြောလိုက်တယ်..။

"မာစတာ ဘာလို့ ဖုန်းနံပါတ် မလဲထားတာလဲ..။နောက်တစ်ခါ မြောက်ပိုင်းဘက်ကို လာလို့ ပြသနာကြုံရင် ကျွန်တော့်ကို သာ ဖုန်းဆက်လိုက်..။ကျွန်တော့်မှာ အဆက်အသွယ်တွေ ရှိတယ်.."

လင်းဖန်ပြုံးလိုက်တယ်..။

"ကောင်းပြီ ကျွန်တော့်နံပါတ် လည်းပေးထားမယ်..။အနာဂတ်မှာ ပြသနာ တစ်ခုခုနဲ့ ကြုံနေရရင် ဆက်သွယ်ပေါ့..။ခင်ဗျားရဲ့ လောင်းကစား တိုက်ဖျက်ရေးလုပ်ငန်းက အန္တရာယ်တွေ ဝိုင်းနေတာ..။အနာဂတ်မှာ သေချာ ဂရုစိုက်ဦး.."

သူတို့ရဲ့မျက်နှာတွေကို ကြည့်မိသလောက်တော့..သူတို့ဟာ လောင်ကစား တိုက်ဖျက်ရေးကို စိတ်ပါ လက်ပါနဲ့ လုပ်ဆောင်နေကြတာပါ..။

ရီကျန်းမင်ဟာ ကျေနပ်သဘောကျပြီး မတ်တပ်ရပ်နေခဲ့ပါတယ်..။တစ်ခြားလူတွေနဲ့ မတူစွာပဲ အို့ယန်ရှင်းကတော့ တည်ငြိမ်နေလို့ပါ..။သူက ဒီလို အတွေ့အကြုံတွေ အများကြီးဖြတ်သန်းပြီးပြီ ဖြစ်တာကြောင့် သိပ်ပြီး ရင်မခုန်တော့ပါဘူး..။

ရီကျန်းမင်ကတော့ ပြိုင်ဆိုင်လိုစိတ်ရှိတဲ့ လူတစ်ယောက်ပါ..။တကယ်လို့ လင်းဖန်သာ သူတို့ထက် အဆမတန်သာလွန်တဲ့ အရည်အချင်းရှိမနေဘူးဆိုရင်..ရီကျန်းမင် လောင်းကစား စားပွဲမှာ အဆုံးအထိတိုက်ခိုက် မှာသေချာပါတယ် .။

သူဒီ ဆရာနှစ်ယောက်ကို နှုတ်ဆက်ပြီး ထွက်လာခဲ့တယ်။

ရုပ်မြင်သံကြား ဝင်ပေါက်ဝတွင်..။

ဝမ်မင်ယန်နဲ့ ကျန်တဲ့လူတွေဟာ ရှေ့ကို တက်လာကြပြီး..။

"ညီအစ်ကို မင်းရဲ့ နည်းစနစ်တွေက သောက်ရမ်းမိုက်တယ် နော်..။ဒီနေ့တော့ ငါမင်းကို တကယ်လေးစားသွားပြီ.."

လင်းဖန် ဂုဏ်ယူနေခဲ့ပြီး..

"ဒါပေါ့ ခင်ဗျား မလေးစား လို့လည်း မရဘူးလေ..။ကျုပ်ရဲ့ လောင်းကစား ကျွမ်းကျင်မူတွေက ဟာသမှ မဟုတ်တာ..။ကျုပ်သာလောင်းကစား လုပ်မယ် ဆိုရင် ကမ္ဘာပေါ်က ကာစိီနိုတွေက ကျွန်တော့်ကို ဘန်း ကြလိမ့်မယ်.."

လူလိမိထျန် ချောင်းဆိုးပြလို်က်တယ်..။

"နိမ့်ချပြီးနေစမ်းပါ..။ဒါက ရုပ်မြင်သံကြား ဌာနမှာနော်..။ရိုးသားမူတွေကို ပြသနာတွေ ဖြစ်လာအောင် မဖန်တီးချင်စမ်းပါနဲ့.."

"ဟားဟား.."

လင်းဖန် လူလိမ်ထျနိရဲ့ ပုခံူးကို ပုတ်လိုက်ပြီး..

"ခင်ဗျားတို့ဘာပြောစရာ ရှိသေးလဲ..။ကျုပ်တို့ စားသောက်လို့ ကောင်းမယ့်အကင်ဆိုင်ကို သွားကြမလား.."

ဝူယူလန် ပြောလိုက်တယ်..။

"ရိုက်ကူးခဲ့တာက တစ်နာရီတောငိ ကျော်တာဆိုတော့ ရှင်ပင်ငန်းနေလောက်ပြီ..။ဒီနေ့အတွက်တော့ ဒီလောက်ပဲပေါ့..အိမ်ကိုပြန်ပြီး ကောင်းကောင်း အနားယူလိုက်ပါဦး.."

"ကောင်းပြီလေ..နောက်ရက်အနညိးငယ်ဆိုရင်ဆိုင်တွေ ဖွင့်လို့ရတော့မှာပါ..။အဲ့အချိနိကျမှ အတူတူ ကောင်းကောင်းမွန်မွန် ဆုံကြတာပေါ့.."

လင်းဖန် ပြောလိုက်တာပါ..။လင်းဖန် တစ်ခုခုကို သတိရလိုက်တယ်..တစ်ကယ်လို့ စမ်းသပ်ချကိပြည့်တော့မယ် ဆိုရင် သူတစ်ခုခု ပြင်ဆငိဖို့ လိုအပ်ပါတယ်..။

အဆုံးမှာတော့ သူတို့ ကိုယ့်အိမ်ကို အသီးသီး ပြန်လိုက်ကြတယ်..။လင််းဖန် အတွက်တော့ ဒီ ပရိုဂရမ်ကနေ အများကြီး အကျိုးရှိစေခဲ့ပါတယ်..။သူ အစွမ်းကုန် ကြိုးစားခဲ့တော့ နောက်နေ့ရောက်ရင် ကျိန်းသေတစ်ခုခု ထူးခြားမှာပါ..။

နောက်တစ်ရက်..။

ရှနဟိုင်း ရုပ်မြင်သံကြား ရဲ့ ရှိုးပွဲ အကြောင်း အင်တာနက်ပေါ်မှာ သတင်းတွေ တက်လာခဲ့တယ်..။

"လောင်းကစား နတ်ဘုရား ဆိုတဲ့ ဇာတ်ကားက သရုပ်ဆောင်ထားတာပါ..။အခုတော့ စစ်မှနိတဲ့ လောင်းကစား နတ်ဘုရားကို ရှာတွေ့့ခဲ့ပါပြီ.."

"ကမ္ဘာကိုတောငိ တုန်ခါနိုင်တဲ့ လောင်းကစား ကျွမ်းကျင်မူတွေဟာ ရှန်ဟိုင်းမှာ တွေ့မြင်ခဲ့ရတယ်.."

"ငါ ဖြည်းဖြည်းချင်းပဲ ပြပေးသွားမယ်..တကယ်လို့ ငါဘယ်လိုလှည့်စား လိုက်လဲ ဆိုတာ မင်းမြင်နိုင်ရင် ဒါက ငါရှုံးနိမ့်တာပဲ.."

…

သတင်းခေါင်းစဥိတွေဟာ..အံ့ဩဖို့ကောင်းနေခဲ့တယ်..။

အထူးသဖြင့် UC ကြားဖြတ်သတင်း ဌာနရဲ့..သတင်းခေါင်းစဥ်ပါ..။

"ကြားဖြတ်သတင်း..တောင်နဲ့မြောက် လောင်းကစား ဘုရင်တွေဟာ တစ်ခြား လူတစ်ယောက်ရဲ့..လောင်းကစား ကျွမ်းကျင်မူတွေကို ကြည့်ရင်း..တစ်ယောက်လက်တစ်ယောက်ကိုင်ကာ.. အားပေး နေခဲ့ကြတယ်.."

"ချီးပဲ ဒီ UC သတင်းဌာန ရဲ့ အယ်ဒီတာက..ဘာဖြစ်နေတာလဲ..။သတင်းကို ဒီလိုတွေ ဆက်ရေးနေရင် ငါမင်းကို လာသတ်ရလိမ့်မယ်.."

"မာစတာ လင်းကို ငါ့ရဲ့ ဆရာ အဖြစ် အသိမှတိပြုချင်လိုက်တာ.."

"ဘာတွေ ရေးတင်နေတာလဲ..။ငါ့မျက်လံူးနဲ့သာ မမြင်ရရင် ယုံကြည်နိုင်မှာတောင် မဟုတ်ဘူး."

"ကတ်တွေကို ပြောင်းသွားတာက အံ့ဩဖို့ကောင်းတယ်..။သူ့ကို ့ဘယ်သူက အနိုင်ရအောင် ဆော့နိုင်တော့မှာလဲ.."

…

တစ်ချို့ လူတွေဟာ လည်း ဒီသတင်းအပေါ်သံသယ ရှိကြပေမယ့် လောငိးကစား တိုက်ဖျက်သတင်းဖြစ်တာကြောင့် ဘာမှ မပြောပဲ အားပေးထောက်ခံ လိုက်ကြပါတယ်..။

ဒီတစ်ပတ်.မှာတော့ ဒါရိုက်တာ ကျို့ဟူဟာ မေးခွန်းတွေ အမေးခံနေရတယ်..။သူတို့က ဒီတစ်ပတ်က အတော်ထူးခြားနေတာကြောင့် ကျို့ဟူ ကွန်ပြူတာနဲ့ အထူးပြင်ဆင်ချက်တွေ အသုံးပြုနေလားဆိုတာ သိချင်နေခဲ့တာပါ..။

ဒီမေးခွးန်းအတွက် ကျို့ဟူရဲ့ အဖြေကတော့..

"ဘာ ကွန်ပြူတာ အထူးပြုလုပ်ချက်လဲ..ဒါတွေ အကုန်လုံး စစ်မှန်တဲ့ နည်းစနစ်တွေ ချည်းပဲ.."

ရှန်ဟိုင်း ရုပ်မြင်သံကြား..။

"အဆင့် သတ်မှတ်ချက် ထွက်လာပြီလား.."

"ထွက်လာပြီ..။ဒီရှိုးက အမြဲတမ်း အဆင့်နိမ့်နေခဲ့တာလေ..။ပထမ အပိုင်း တုနိးကလညိး သိပ်မထူးခြားဘူး..။အခု ဒုတိယ ပိုင််းမှာ အခြေနေဘယ်လိုရှိလဲ တကယ် သိချငိမိတယ်.."

"ငါတော့ ပထမ တစ်ခါထက်ပိုပြီး မြင့်လာဖို့ကို မျှော်လင့်တယ်...။ဒါပေမဲ့ ပထမတစ်ခါထက် မနိမ့်ကျသ၍ အဆင်ပြေပါတယ်.."

"ကြည့်ကြတာပေါ့..ငါလည်းမျှော့်လင့်တာပဲ.."

လူကြီးတစ်ယောက်ဟာ အဆင့်သတ်မှတ်ချက်စာရွက်ကို ကိုင်ပြီး လျောက်လာခဲ့တယိ..။

"အားလုံးပဲ..အဆင့်သတ်မှတ်ချက်တော့ ထွက်လာပြီ.."

လူတိုင်းဟာ တော့ အဆင့်သတ်မှတ်ချက် ဘယ်လောက်ရှိမလဲ ဆိုတာကို သိချင်နေကြပါပြီ..။

လူကြီးဟာ လူအုပ်ကို ကြည့်လိုက်တယ်..။ယင်းနောက် သူ့မျက်နှာမှာ အပြံူးတစ်ခု ပေါ်လာခဲ့ပြီး..

"ဒီ အပိုင်းရဲ့ အဆင့်သတ်မှတ်ချက်က..."

နောက်ဆက်တွဲ ပြောလာမယ့် အရာကို လူတွေ အကုန်လုံး ညိမ်ပြီး စောင့်နေခဲ့ပါတယ် .။

“3.85%”

အကုန်လုံး ထအော်လိုက်ကြတယ်..။

"ဘာ..အဲလောက်တောင် မြင့်သွားတာလား..။အရင်တုန်းက ဆိုရင် ၁ ရာခိုင်နှုန်းလောင်တက်တာတောင် အရမ်းထူးခြားနေတာ..။ဒုတိယ အပိူင်းက ဒီလောက်တောင် အဆင့်သတ်မှတ်ချက် မြင့်နေမယ် လို့ ့ဘယ်သူသိမှာလဲ.."

"ဒါ ပထမဆုံးပဲ.."

"ဟုတ်တယ် ငါတို့ရဲ့ရွေးချယ်မူ ဒီလောကိကောင်းလိမ့်မယ် လို့မထင်ထားခဲ့ဘူး.."

လူကြီးဟာ ပြုံးလိုက်တယ်..။

"ကောင်းပြီ အားလံူးပဲ..ဒါကိုတော့ မှတ်ထားကြ..။နောက်တစ်ပိုင်းကျရင် ငါတို့ သေချာလူပ်မှ ရမယ်။တောင်နဲ့မြောက် လောင်းကစားဘုရင်တွေနဲ့တုန်းက ရယ်စရာ ဖြစ်နေခဲ့တာလေ..မာစတာ လင်း ဝင်ပါလာမှသာ အသက်ဝင်သွားခဲ့တာ.။.ငါ့ရဲ့ ဆန္ဒကတော့ နောက်လာမယ့် ရှိုးတွေမှာ..ဒီ သတ်မှတ်ချက်ကို ကျော်လွန်ဖို့ မဟုတ်ဘူး..။ဒီတိုင်းလေး ဆက်ထိန်းထား နိုင်ဖို့ပဲ..အားလုံး လုပ်နိုင်ကြတယ် မဟုတ်လား.."

"ဟုတ်.."

အဲ့အချိနိမှာတော့ လင်းဖန်ဟာ ကြီးမားတဲ့ အခြေအနေနဲ့ တွေ့နေရပါပြီ..။ဒါကတော့ မစ်ရှင် ပြည့်မြောက်တဲ့ အသိပေးချက် မြည်လာခဲ့တာပါ..။

All Chapters