စူပါမားကတ် တစ်ခုလိုအလုပ်ရှုပ်ခြင်း..
Vol. 20 Ch. 297
= စနိုးဝှိုက်
"မာစတာ လင်း.."
သိပ်မဝေးတဲ့ နေရာက နေ တစ်စုံတစ်ယောက် သူ့နာမည်ကို လှမ်းခေါ်တာကြား လိုက်ရတယ်.။
ဝမ်မင်ယန်ဟာ ရှေ့က ဦးဆောငိနေပြီး သု့နောက် မှာ လူအုပ်ကြီး ရှိနေခဲ့ပါတယ်..။သူတို့တွေ တစ်ယောက်ချင်းစီတိုင်းက ပန်းခြင်းတွေ ကိုင်ထားကြပြီး..တစ်ချို့ အကနဲ့သရုပ်ဖော်ကြတဲ့ အဖွဲ့တွေလဲ ရှိနေပါသေးတယ် .။
"ချီးပဲ..နဂါးရုပ် အက နဲ့ ခြသေ့် အကတွေ လာပြန်ပြီလား..။ငါ တို့မှာ အလုံအလောက် ရှိပြီးထားပြီးပြီလေ.."
ဝမ်မင်ယန် ဒီလို အရုပ်အက အဖွဲတွေ ခေါ်လာတာ ဘယ်နှစ်ကြိမ် ရှိပြီလဲ လင်းဖန် မှတ်တောင် မမှတ်မိတော့ပါဘူး..။
"အကြီးအကဲ ဟီ..အကြီးအကဲ ဂျင်..အကြီးအကဲ လီ..အစ်မ ကျို့ကျို့..ကြိုဆိုပါတယ် ကြိုဆိုပါတယ်.."
လင်းဖန် ပြုံးပြီး သူတို့ကိုနှုတ်ဆက်လိုက်တယ်။ယင်းနောက် ဝမ်မင်ယန် ဘက်ကို လှည့်လိုက်ပြီး...
"နဂါး အက နဲ့ ခြသေ့် အက ပဲလား..။ခင်ဗျား ဒါတွေပဲ လုပ်နေတာ မမောသေးဘူးလား.."
ဝမ်မင်ယန် ရယ်လိုက်တယ်..။
"ဒီတစ်ကြိမ်က ငါငှားလာတာ မဟုတ်ဘူး ..သူတို့ ငှားလာကြတာ..။ဒါက တောင်ဘက်က ခြသေ့်ဘုရင်ပဲ ငါတို့နိင်ငံမှာ အကောင်းဆုံးလို့ ပြောလို့ရတယ်..။ဒါတွေနဲ့ ယှဥ်ရင် အရင်တစ်ခါတွေ ငါယူလာခဲ့တာက ဘာမှ မဟုတ်ဘူး.."
"အိုး.တောင်ဘက်က ခြသေ့်ဘုရင်လား..။သူတို့က အရမ်းယဥ်ကျေးနေပြန်ပြီ.."
လင်းဖန် ရယ်မောလိုက်တယ်..။ဒါက တကယ့် အစစ်အမှန် ထုံးထမ်းစဥ်လာ တစ်ခုပါ..။ဒီမှာ အဖွဲ့နှစ်ဖွဲ့ ပါဝင်ပြီး တစ်ဖွဲ့က..ခေါင်းဘက်ခြမ်းကို..ဦးဆောင်ကာ နောက်တစ်ဖွဲ့က အမြီးပိုင်းကို ဦးဆောင်ပါတယ်..။အထူးသဖြင့် သူတို့တွေရဲ့ ကွန်ဖူးပညာ က ကောင်းမွန်ကြတာကြောင့် ကူရတာ အတော်လှပနေခဲ့ပါတယ်..။
ဟီချနး်ဟန် ပြုံးလိုက်တယ်..။
"မာစတာ လင်း..ရှန်ဟိုင်း ရုပ်မြက်သံကြားက ရိှုးပွဲမ မင်းကို တွေ့လိုက်ရသေးတယ်..။ဒါက ထပ်တနိးအဆင့် ဖျော်ဖြေမူတွေပဲ.."
လင်းဖန် လက်ဝေ့ယမ်းလိုက်တယ်..။
"ဒီလောက်ကြီး မဟုတ်ပါဘူး..။ကျွန်တော်က ဒီတိုင်း အတွေးလေးတွေကို ဝေမျှပေးတာပါ.."
"မာစတာ လင်း.."
အဲ့အချိန်မှာ ပဲ လူတစ်ယောက်ဟာ လင်းဖန် အနားကို ရောက်လာခဲ့တယ်..။လင်းဖန် သူ့ကို ကြည့်ပြီး ရေရွတ်လိုက်ပါတယ်..။
"အကြီးအကဲ ချန်းပါလား.."
ချန်းလီဟောင်ဟာ ရှက်ရွံ့နေတဲ့ အမူအရာနဲ့ လင်းဖန်ရဲ့ ရှေ့မှာ ရပ်နေခဲ့ပါတယ်.။သူ လင်းဖန် နဲ့ ပထမဆုံးတွေ့ဆုံတုန်းက ဆိုးရွားတာ တွေ ဖြစ်ခဲ့တာပါ..။
ဝမ်မင်ယန်ဟာ ချန်းလီဟောင်ရဲ့ပုခုံးကို ပုတ်ပြီး..လင်းဖန်ကို ကြည့်လိုက်တယ်..။
"ညီအစ်ကို အစကတော့ ငါတို့ သူ့ကို မခေါ်လာပဲ နေမလို့ပဲ..။ဒါပေမဲ့ သူက ဆို်င်ဖွင့်ပွဲ အကြောင်း တစ်ခြားနေရာကနေ ကြားပြီး လိုက်လာခဲ့တာ..။အခု လီဟောင်က လောင်းကစား မလုပ်တော့ဘူး..။မင်းကတော့ သိမှာ မဟုတ်ဘူး..ဒါပေမဲ့ လီဟောင်က အခုဆို ကတ်တွေ မြင်ရင်တောင် ကြောက်ရွံ့နေပြီ..။တစ်ခါတစ်လေ ငါတို့ ကတ်ကစားချင်ရင်တောင် လူသိပ်မရှိတော့ဘူး."
လင်းဖန်ပြုံးလိုက်တယ်..။
"ဒါကောင်းတယ်..လောင်းကစားကကောင်းတဲ့ အရာမဟုတ်ဘူး..။ဆက် မလုပ်ပဲ နေနိုင်ရင် အကောင်းဆုံးပဲ.."
ချန်းလီဟောင် ခေါင်းညိမ့်လိုက်တယ်..။
"ညီးအစ်ကို လင်း..ကျေးဇူးတင်ပါတယ်..။ဒါပေမဲ့ အဲ့အချိန်တုန်းက ကျုပ်ကို တကယ်ရူးသွပ်အောင် လုပ်ခဲ့တာပဲ..။အခုတော့ ကျုပ်ကတ်တွေကို ကြောက်နေပြီ..။သူတို့က ကျုပ်ကို စိတ်ပ ဆရာဝန်နဲ့ သွားတွေ့ဖို့ ပြောပေမယ့် ကျုပ်ကတော့ မလိုအပ်ဘူးလို့ထင်တယ်..။အခုလိုပဲ ကတ်တွေကို ကြောက်ရွံ့နေတော့ လောင်းကစား ထပ်မလုပ်မိတော့ဘူးပေါ့"
"ဟားဟား..."
လင်းဖန် ချန်းလီဟောင်ရဲ့ ပုခုံးကို ပုတ်လိုက်တယ်...။
"ကောင်းပြီ အတိတ်ကို အတိတ်မှာပဲ ထားခဲ့လိုက်တော့..။ဒါပေမဲ့ နောက်တစ်ခါ လောင်းကစား လုအ်ချင်စိတ် ဖြစ်လာပြီ ဆိုရင် ကျုပ်ဆီကို လာရှာလိုက်..။ကျုပ် လေးလေးနက်နက် ခင်ဗျားနဲ့ ဆော့ကစား ပေးမယ်.."
"မခြောက်လှန့်ပါနဲ့ မာစတာလင်း..။ကျုပ်က ခင်ဗျားနဲ့ နောက်တစ်ကြိမ် ကစားရမှာကို ကြောက်နေတာပါ.."
ချန်းလီဟောင် လက်ဝေ့ယမ်းပြီး ထပ်ပြောလိုက်တယ်..။
"ညီအစ်ကို လင်း..ငါ မင်းကို ဒီတစ်ခါတော့ တကယ်ကျေးဇူးတင်တယ်..။ရှန်ဟိုင်း ရုပ်မြင်သံကြားမှာ တွေ့တော့ ပိုတောင် လေးစားမိသေးတယ်..။ဒီလို ကျွမ်းကျင်မူမျိုးနဲ့ ဆိုရင်ဘယ်ငူမှ မင်းနဲ့ ဆော့ရဲမှာ မဟုတ်ဘူး.."
ဂျင်ယန်မင် ပြုံးလိုက်တယ်..။
"ငါ့သူငယ်ချင်းတွေကို ငါမင်းနဲ့ သိတယ် လို့ ပြောထားတော့..သူတို့က ငါနဲ့ လောင်းကစား မလုပ်ရဲတော့ဘူး..။ငါရှုံးသွားရင် ငါက မင်းကို ခေါ်လာပြီး သူတို့ မိသားစု ပိုင်ဆိုင်ထားတာတွေ ကုန်အောင် လုပ်မှာ ကြောက်နေကြတာ.."
ဟီချနး်ဟန် ပြောလိုက်တယ်..။
"ဒါက ဘာမှ မဟုတ်သေးဘူး..။ငါ တစ်ခြား လူတွေကို မာစတာ လင်းနဲ့ သိတယ် လို့ ပြောလိုက်တဲ့အချိန်မှာ..အရင်တုန်းက ငါနိုင်ထားတာ တွေက လိမ်ညာခဲ့တာလို့ သူတို့တွေး နေခဲ့ကြတာ..။အခု ငါ ကတ်ကစားပြီ ဆိုရင် သူတို့က ပိုက်ဆံ ထပ်မလိုက်ချင်ကြတော့ဘူး..။အလိမ်ခံရမှာကို ကြောက်နေကြပြီ.."
"ဟားဟား.."
ရယ်မောသံများ လေထဲမှာ ပျံနှံ့သွားခဲ့ပါတယ်..။
လင်းဖန် ပြုံးလိုက်တယ်..။
"ကောင်းပြီ ကောင်းပြီ..ဒီနေ့က ဆိုင်ဖွင့်တဲ့ နေ့ဆိုတော့ ဧည့်သည်တွေကို စိတ်ပျက်စေလို့ မရဘူး..ကျေးဇူးပြုပြီး ထိုင်ကြပါဦး.."
"ဒါဆိုရင်တော့ အနှောက်ယှက်ပေးမိပြီ မာစတာ လင်း.."
"တကယ်လို့ ညီအစ်ကို လင်းစိတ်ဝင်စားရင် ကျွန်တော် ဖွင့်ထားတဲ့ စီးပွားရေး လမ်းကို လာခဲ့..။မင်းအတွက် အခမဲ့ ထားပေးမယ်.."
အဲ့အချိန်မှာတော့..တစ်ခြား ဆိုင်ပိုင်ရှင်တွေဟာ အပြင်ဘက် မှာရှိနေခဲ့ပါတယ်..။
"မာစတာ လင်းက တကယ်မိုက်တယ်..။သူ့ရဲ့ မိတ်ေဆွတွေက သူဌေးတွေ ချည်းပဲ.."
"မင်းဘာလို့ အဲလို ပြောတာလဲ..မင်းသူတို့ကို သိလို့လား.."
လမ်းဝင်ပေါက်နားမှာ ရပ်ထားတဲ့ ကားတွေကို မမြင်ဘူးလား..။ဘာကားတွေလဲ ဆိုတာ သွားကြည့်လိုက်ဦး.."
လူအုပ်ကြီးဟာ လှမ်းကြည့်လိုက်ပြီး ကြောင်အသွားခဲ့တယ်..။ပါကင်ထိုးထားတဲ့ ကားတိုင်းက အဆင့်မြင့် ဇိမ်ခံကားတွေ ချည်းပါပဲ..။သူဌေးလေးက ဒီလို လူတွေနဲ့ မိတ်ဆွေ ဖြစ်နေလိမ့်မယ် လို့ သူတို့ မထင်ထားမိ ခဲ့ပါဘူး..
လမ်းဖွင့်ပွဲ အကြောင်းကို ကြားတဲ့ မြို့သားတွေလည်း ရောက်လာခဲ့ကြတယ်..။သူတို့ ကားတွေကို မြင်တဲ့ အချိန်မှာ အံ့ဩသွားခဲ့ကြပါတယ်..။ဒီလို ဇိမ်ခံကားတွေနဲ့ လာရောက်တဲ့ အထိ ဘယ်ဆိုင်ဖွင့်ပွဲက ဆွဲဆောင်မူ ရှိနေလဲ ဆိုတာကို သိချင်မိပါတယ်..။
ထပ်ပြောရရင် သူတို့ရှေ့က ခြသေ့်ရုပ်က အတော်ကြီးမားပြီး လှပနေခဲ့တာပါ..။
ဆိုင်ထဲတွင်.။
ဝူယူလန် ..လူလိမ် ထျန်နဲ့ ကျောက်ကျန်းယန် တို့ဟာ..ဝန်ထမ်းတွေ လို ပြုမူနေပြီး..လဖက်ရည်နဲ့ ရေသန့်တွေကို ဧည့်သည်တွေ အတွက်ပြင်ဆင်ပေးနေခဲ့တယ်..။
ဟီချန်းဟန်ဟာ ဝူယူလနိကို မြင်ပြီး ရယ်မောလို်က်ပါတယ်..။
"မာစတာ လင်းက တကယ်ကံကောင်းတာပဲ..။ရည်းစားက အတော် လှပတယ်.."
ဝူယူလန်ဟာ ..ဘောင်းဘီ အတိုကို ဝတ်ထားပြီး မိတ်ကပ် အနည်းငယ်ကို ့ လိမ်းထားကာ..အတော်ကို ယုံကြည်မူရှိနေခဲ့ပါတယ် .။သူမ ဒါကိုကြားလို့ ရှက်ရွံ့မူ မဖြစ်ခဲ့ပါဘူး..။
လင်းဖန် ပြုံးလိုက်တယ် .။
"အဓိပ္ပါယ် မရှိတာတွေ မပြောနဲ့ဦး.။ဟိုမှာ သူ့မ အဖေက ထိုင်နေတာ..။ခင်ဗျား စကားပြောတာ သတိထားဖို့ ့ လိုလိမ့်မယ်..။ဒါသာ လိန်ကျုံးမှာ ဆိုရင် ခင်ဗျား ပြန်စရာ လမ်းတောင် ရှိတော့မှာ မဟုတ်ဘူး.."
ဝူတန်ဟီဟာ ရယ်မောလိုက်တယ်..။
"မာစတာ လင်း..မင်းက ငါ့ကို ဟာသလုပ်နေတော့တာပဲ.."
ီဟီချနး်ဟန် နဲ့ ကျန်တဲ့ လူတွေဟာ ရယ်မောလိုက်ကြပြီး..ဝူတန်ဟီကို အနည်းငယ် လှမ်းကြည့်လိုက်ကြပါတယ် ..။ဒီလူကြီးမှာ ကြီးမားတဲ့ အရှိန်အဝါ ရှိနေတာ သူတို့ ခံစားမိပါတယ်..။မာစတာ လင်းရဲ့ စကားအတွက်ကတော့..သူတို့..သံသယရှိပြီး တစ်ဝက်လောက်သာ ယုံကြည်ပါတယ် ။
လင်းဖန်..လက်ဝေ့ယမ်းလိုက်တယ်..
"ကောင်းပြီ စိတ်မပူနဲ့..ဒါက ရှန်ဟိုင်းမှာဆိုတော့ ခင်ဗျားတို့ကို ကိုက် မစားပါဘူး.."
"ဟားးဟား.."
လူအုပ်ကြီးဟာ ထပ်မံရယ်မောလိုက်ကြပြီး အများကြီး မတွေးကြတော့ပေ..။သူတို့က မာစတာလင်းရဲ့ မိတ်ဆွေဖြစ်ပြီး ဒီလူကလညိး မာစတာ လင်းရဲ့ လူဆိုမှတော့ သူတို့က တစ်ဖက်ထဲမှာပဲ ရှိကြတာပါ..။
"မာစတာ လင်း..ကျုပ်နောက်ကျနေပြီလား.."
အဲ့အချိန်မှာပဲ နောက်ထပ်လူတစ်ယောက်ဟာ ဝင်လာခဲ့တယ်..။
ဝုယန်ဂန်...
လင်းဖန် အမြန်ရှေ့ကို ထွက်ပြီး ပြောလိုက်တယ်.
"အကြီးအက ဝု ဘေဂျငိးကနေ လာခဲ့တာလား.. ။ဆိုင်ဖွင့်ပွဲ အတွက် တကူးတက လာခဲ့ရတာ လို့ မပြောနဲ့နော်.."
ဝုယန်ဂန် ပြုံူလိုက်တယ်.။
"မာစတာ လင်း က ကျုပ်ကို မိတ်ဆွေ အဖြစ် မသတ်မှတ်ဘူးလား..။ကျုပ်ကို ဒီလိူ ပွဲကြီး ရှိနေတာတောင် မပြောဘူး..။ဝိုက်ဘိုမှာသာ ဖော်လို မလုပ်ထားရင် သိလိုက်မှာတောင် မဟုတ်ဘူး..။ကျုပ်ညျုန်းက လေယာဥ်ဘိုကင်လုပ်ပြီး မနက်ထွက်လာခဲ့တာ.."
လင်းဖန်ပြောလိုက်တယ်..။
"ခင်ဗျား အတွက် ခက်ခဲမှာပဲ..။လာထိုင်ပါဦး."
ဝုယန်ဂန် မာစတာ လင်းရဲ့ နားနားကို ကပ်ပြီး ပြောလိုက်တယ်..။
"မာစတာလင်း..ဆနး်လိန်မင် တော့ အခြေနေ မကောင်းတော့ဘူး.."
လင်းဖန် ခေါင်းညိမ့်လိုက်တယ်..ယငနောက် ဝုယန်ဂန် ရဲ့ ပုခုံးကို ပုတ်လိုက်ပြီး..
"ကျုပ်တို့ ပြီးမှ ပြောကြတာပေါ့.."
…
ဟီချန်းဟန် ပြောလိုက်တယ်..။
"အကြီးအက ဝု..ကျွန်တော်တို့ ရှေ့ဆက် နောက်ဆက်ပဲ.။ကျွန်တော်တို့လည်း အခုမှ ရောက်တာ.."
ဝုယန်ဂန် ပြုံးလိုက်တယ်..။
"မင်းတို့တွေ ကံကောင်းတာပဲ.."
ဂျင်မင်ယန် သိချင်သွားခဲ့တယိ..။
"အစ်ကို ဝု..ဘာကို ဆိုလိုတာလဲ."
ဝုယန်ဂန်..
"မာစတာလင်း..နဲ့ သိရတာ ကံကောင်းတဲ့ အရာ မဟုတ်ဘူးလား.."
လူအုပ်ကြီးဟာ ဒါကို ကြားပြီး ရယ်မောလိုက်ပါတယ်..။
"ဟုတ်တယ် ဟုတ်တယ်..ကျုပ်တို့ ကံကောင်းကြတာ.."
လင်းဖန် စိတ်ထဲကနေ ရယ်မောလိုက်တယ်..။သူပထမဆုံး ဆိုင်စဖွင့်တုနိးက..သူကို ဘယ်သူမှ လာအားပေးကြတာ မဟုတ်ပါဘူး..။ဒုတိယ တစ်ကြိမ်မှာတော့ လူတေ အများကြီး လာဂုဏ်ပြုနေကြပါပြီ..။
"အစ်ကို လင်း.."
အဲ့အချိနိမှာပဲ နောက်ထပ် အရိပ်တစ်ခု ပေါ်လာခဲ့တ
ယ်..။
အလုပ်ရှုပ်နေတဲ့ ဝူယူလန်ဟာ ဒီအသံကို ကြားပြီး လုပ်နေတာကို ရပ်တန့်လိုက်တယ်..။ယင်းနောက် သူအပြင်ကို ကြည့်လိုက်တဲ့ အချိန်မှာ အံ့ဩတဲ့ အမူအရာပေါ်လာခဲ့ပါတယ်..။
ဝူရွှန်းယွဲ့..
ဝူ မျိုးရိုး တစ်ယောက်က ထက် မြက်တဲ့ ဓားနှစ်ချောင်း လိုပါပဲ..။
ဝမ်မင်ယန် ..ညှင်သာစွာ ပြောလိုက်တယ်..။
"ခင်ဗျားတို့ ဂရုစိုက်သင့်တယ်..။သူတို့ရဲ့ ခံစားချက်တွေက ပုံမှန်မဟုတ်ဘူး.။သူတို့ကို ဟာသမလုပ်မိစေနဲ့..။ခင်ဗျားတို့ လုပ်မိရင် ..သူတို့ ကျိန်ဆဲလိမ့်မယ်..ဒါဆို ကျုပ်လညး် ဘာမှ မတတ်နိုင်ဘူး.."
လူအုပ်ကြီး ဟာ နားလည်ပြီး ခေါင်းညိမ့်လိုက်ကြတယ်..။
သူတို့ရဲ့ အဆင့်အတနိးနဲ့ ဘယ်မိနိးကလေးကျိန်ဆဲရဲမှာလဲ...
ဒါပေမဲ့ဒီမိန်းကလေးတွေက မာစတာ လင်းရဲ့ မိန်းကလေး တွေပါ..။ဒီတော့ သူတို့ ဘာမှ မလုပ်ရဲကြပါဘူး..။
သူတို့ မာစတာ လင်းဆီကရနေတဲ့ ခံစားချကိက အတော်ကို ထူးခြားပါတယ်..။ဝမ်မင်ယန်တောငိ သူတို့ကို အခုလို တိတ်တဆိတ် သတိပေးရတာပါ..။
"ကျုပ် ခင်ဗျားတို့ကို ကျုပ်ညီအစ်ကို နဲ့ မိတ်ဆက်ပေးတာက ..ခင်ဗျားတို့ကို မိတ်ဆွေ အစစ်အမှန်တွေလို့ ယုံကြည်လို့ပဲ..။ဒါပေမဲ့ ကျုပ်ညီအစ်ကို ပြသနာရှာပြီး အနှောက်ယှက်ပေးရင်တော့ ကျုပ်အဆိုးမဆိုနဲ့.."
ဒါပေါ့ ဝမ်မင်ယန် ဒီစကား ပြောခဲ့တုန်းက သူတို့ နားလည်ခဲ့ကြပါတယ်..။တကယ်တို့ သူ့ရဲ့ ညီအစ်ကို ကို ကစားမိရင် ဆက်ပြီးမိတ်ဆွေတွေ မဖြစ်နိုင်တော့ပါဘူး..။
လင်းဖန် သူ့ရှေ့က အခြေနေကို ကြည့်ပြီး အကူညီမဲ့သွားခဲ့တယ်..။သို့ပေမယ့် အဲ့အချိန်မှာပဲ များပြားလှတဲ့ မြို့သားတွေဟာ ဆိုင်ပေါက်ဝကနေပြီး သိချင်စွာ အထဲကို လှမ်းကြည့်နေကြပါတယ်..။
"ဒါက အင်တာနက်ပေါ်မှာ ပြောနေတဲ့ မာစတာ လင်းရဲ့ ဆိုင်လား.."
"ငါလည်း အဲလို ထင်တာပဲ.."
"ငါကြားတာတော့ သူတို့ရဲ့ ပန်ကိတ်တွေက အရမ်းအရသာ ရှိတယိတယ်..။အမှန်လားတော့ သေချာ မသိဘူး.."
"ငါတို့ စမ်းကြည့်ပြီးရင် သိမှာပဲ ဟာကို.."
…
လင်းဖန် ဒီနှစ်ယောက်ကို အများကြီး မပြောဖို့ ဆုံးဖြတ်လိုက်တယ်..။
"အမြန် ဧည့်သည်တွေကို ပိုစတာကပ်ပေးပါဦး.."
ဝူရွှန်းယွဲ့နဲ့ ဝူယူလန်ဟာ တစ်ချိန်တည်းဖြေလိုက်ကြတယ်..။
"လာပြီ.."
ဟီချန်းဟန် နဲ့ ကျန်တဲ့ လူတွေဟာ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ပါတယ်..။အခြေအနေက တကယ်ကို တင်းမာ နေခဲ့တာပါ..။