← Chapters

စစ်ဆင်ရေး ပထမနေ့..

Vol. 20 Ch. 298

စစ်ဆင်ရေး ပထမနေ့..

Vol. 20 Ch. 298

ဘာသာပြန် = စနိုးဝှိုက်

များပြားလှတဲ့ မြို့သာတွေဟာ.ဆိုင်ဝင်ပေါက် မှာ စုဝေးနေခဲ့ကြတယ်..။သူတို့ စီးပွားရေး လမ်းအသစ်ဖွင့်ပွဲကို လာကြည့်ကြတာဖြစ်ပြီး အထူးသဖြင့် လူတွေ စည်ကားနေတာက သူတို့ကို သိချင်စိတ်ဖြစ်စေပါတယ်..။

တစ်ချို့ လူငယ်တွေဟာ လည်း မာစတာ လင်း ဒီကို ပြောင်းလာပြှီ ဆိုတာကို သိနေကြတဲ့ အတွက် တွေ့ချင်နေကြပါတယ်..။

ယင်းနောက် လူငယ်သုံးယောက်ဟာ မတ်တတ်ရပ်ပြီး ဆွေးနွေးနေခဲ့ကြတယ်..။

"ဒါ မာစတာ လင်းရဲ့ ဆိုင်လား..။တစ်ခုခု မှားနေတယ် လို့ ငါခံစားနေရတယ်နော်.."

"အရမ်းကြီးကောင်းနေတဲ့..ပုံတော့ မပေါ်ဘူး ဟုတ်တယ် မလား.."

"ဟုတ်တယ်..ဒီလောက်ကြီးလည်း မကောင်းပါဘူး..။ဒီဆိုင်က ဘာအတွက် ဖွင့်မှာလဲ..သူက ပန်ကိတ်ရောင်းမှာလား..ဗေဒင်ဟောမှာလား.."

"ငါလည်း သေချာ မသိဘူးလေ..သွားကြည့်ရအောင်..။ငါတို့ စမ်းကြည့်ပြီးမှ ကောင်းလား မကောင်းဘူးလား သိမှာပေါ့.."

ဒီနေ့က စစ်ဆင်ရေးရဲ့ ပထမ နေ့ဖြစ်တာကြောင့် တစ်ခြားဆိုင်ပိုင်ရှင် တွေဟာ စျေးနှုနး် လျော့ချပေးမူတွေ လုပ်နေခဲ့ပါတယ် ။

ဝူယူလန် ပိုစတာ ကို ဆိုင်အပြင်ဘက် မှာ ကတ်လိုက်တယ်..။အကုန်လုံးက အရင်တုန်းက စည်းမျဥ်းတွေ အတိုင်းပါပဲ..။ဒီ လူအုပ်အသစ်တွေ ဘယ်လိုထင်မလဲ မသိပေမယ့်...အရမ်းကြီးတော့ မဆိုးရွားလောက်ပါဘူး..။

ယင်းနောက် သူမဟာ ဝူရွှန်းယွဲ့ကို ကြည့်လိုက်ပြီး ..ဝူရွှန်းယွဲ့လည်း သူမကို ကြည့်နေခဲ့ပါတယ်..။သူတို့နှစ်ယောက်လုံး ဟာ ပြုံးနေပေမယိ့ လည်း ပြိုင်ဆို်င် နေကြရတယ် ဆိုတာ သိထားပါတယ်..။

ဘာလို့လဲဆိုတော့ လင်းဖန်မှာ မိန်းကလေး မရှိသေးသလို အိမ်ထောင်လဲ မပြုရသေးလို့ပါ..။သူမတို့ဟာ အတတ်နိုင်ဆုံးကြိုးစားပြီး လင်းဖန်ရဲ့ နှလုံးသားကို ဆွဲဆောင်ချင်နေခဲ့ကြပါတယ်..။သူတို့က သီးသန့် စကားပြောပြီး စည်းမျဥ်းတွေတောင် သတ်မှတ် ထားကြပြီး ပါပြီ..။သူမတို့ဟာ မည်သည့် လှည်းစားမူကို မှ ပြုလုပ်ဖို့ ခွင့်မပြုထားပါဘူး..။ဥပမာ လင်းဖန် မူးလာနေချိန်မှာ...ဆွဲဆောငိဖို့ ကြိုးစားတာမျိူးပါ..။

လင်းဖန်ကတော့ ဒီအကြောင်းတွေကို မသိပေ..။တကယ်လို့ သူသာ ဒီအကြောင်းကိုသိရင် ဘာပြန်ပြောရမလဲ တောင် သိတော့မှာ မဟုတ်ပါဘူး..။သူ ယောက်ျားအချငိးချင်း ပဲ သဘောကျတယ် လို့ပြောလိုက်ရင်တော့ အရာရာအဆငိပြေသွား နိုင်ပါတယ် ။သို့ပေမယ့် သူဟာ ဒီလို ကိစ္စကို ပါးစပ်က ထုတ်ပြောမှာ မဟုတ်ပေ..။

ဆိုင်ထဲတွင်..။

ဝမ်မင်ယန်ဟာ ပျော်ရွှင်စွာ စကားပြောနေခဲ့တယ်..။သူတို့က ဒီကိုလာကြည့်ကြတာ ဖြစ်ပြီး..တစ်နေ့လုံး လုပ်စရာအလုပ်တွေ ကို နောက်ကို ရွေ့ထားခဲ့ကြတာပါ..။ဒါကိုကြည့်ရင် မာစတာ လင်း ကို အလေးထားတယ် ဆိုတာ သိနိုင်ပါတယ်..။

ယင်းနောက် ဝမ်မင်ယန်ဟာ ဝုယန်ဂန်ကို တီးတိုးပြောလိုက်တယ်..။

"ခုနက ဘာပြောလိုက်တာလဲ.."

ဝုယန်ဂန် ခေါင်းငုံပြီး တီးတိုး ပြောလိုက်ပါတယ်..

"မာစတာ လင်း ပြောထားတာ မှန်တယ်..။ဆနိးလိန်မင်တော့ တကယ် ပြသနာ တက်နေပြီ.."

ဝမ်မင်ယန် ခနလောက် ကြောင်အသွားပြီးမှ ရယ်မောလိုက်ပါတယ်..။

"သူနဲ့ တကယ်ထိုက်တန်တယ်..။ဘာဖြစ်တာလဲ.."

ဝုယန်ဂန် အကူညီမဲ့ သလိုခံစားလိုက်ရတယ်..။ဝမ်မင်ယန်က ဆန်းလိန်မင် ကို မကြိုက်ပေမယ့် လည်း ဆန်းလိန်မင်က သူ့ရဲ့ သူငယ်ချင်းပါ..။တစ်ခါတစ်လေ မှာ ဒီကိစ္စက သူ့ကို ခေါငိးကိုက်စေပါတယ်..။

"အရင်တုန်းက မကောင်းတာတစ်ခုခု ဖြစ်ခဲ့ပြီး..အဲ့လူတွေက သက်သေ အပြည့်အစုံရတော့ သူ့ကို တရားစွဲချင်နေတာ..။သူသေချာ မကိုင်တွယ်နိုင်ရင် ထောင်တောင် ကျသွားနိုင်တယ်..။အနည်းဆုံးက တော့ ဆယ်နှစ်လောက်ပဲ.."

"ဒါက အတော်လေးနက်တာပဲ.."

ဝမ်မင်ယန် တီးတိုးပြောလိုက်ပါတယ်..။

"ဟုတ်တယ်."

ဝုယန်ဂန် ပြောပြီး ခေါင်းညိမ့်လိုက်တယ်..။

"တကယ်လေးနက်တယ်..။သူသာ သေချာ မကိုင်တွယ်နိုင်ရင် ကျန်တဲ့ သက်တမ်းတစ်လျောက်လုံး ထောင်ထဲမှာပဲ နေသွားရတော့မှာ.."

ဝမ်မင်ယန် ခေါင်းညိမ့်လိုက်တယ်..။

"ကျုပ်ညီအစ်ကို ဘာပြောသေးလဲ.."

"ပြီးမှ ပြောမယ်တဲ့.."

…

လင်းဖန် ဆိုင်ပေါက်ဝမှာ ရပ်ပြီး ပြုံးနေခဲ့တယ်..။ဒါက ဆိုင်စဖွင့်တဲ့ ပထမဆံူးနေရက်ပါ..။သူတစ်ခုခု ထူးခြားတာ လုပ်ချင်တော့..ပန်ကိတ် အကန့်အသတ်ကို ပယ်ဖျက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်..။

"တကယ်လို့ အနီးအနားမှာ ရှိနေတယ် ဆိုရင် အခွင့်အရေးကို လက်လွှတ်မခံနဲ့နော်..။ကျုပ်တို့ ဒီနေ့ အတွက် ပန်ကိတ်ကို အကန့်အသတ်မရှိပဲ ပြုလုပ်ပးမှာ..။ပြီးတော့ ပန်ကိတ်တိုင်းက အခမဲ့ပဲ..။ကျေးဇူးပြုပြီး လာရောက်..မြည်းစမ်းကြပါဦး.."

လင်းဖန် အော်ပြောလိုက်တာပါ..။

ဆိုင်ထဲတွင်..။

ဟီချန်းဟန် သိချငိစွာ ပြောလိုက်တယ်..။

"မင်ယန်.. မင်းပြောတာ သူ့ရဲ့ ပန်ကိတ် တွေက အရမ်းအရသာ ရှိတာဆို..။ဘာလို့ သူက အခမဲ့ ​ကျွေးမယ် လို့ ပြောနေတာလဲ.."

ဝမ်မင်ယန် ပြောလိုက်တယ်..။

"ဒါကတကယ် အရသာ ရှိတယိ ဒါပေမဲ့ ခင်ဗျားသာ မစားဘူးရင် ဘယ်လောက် အရသာရှိလဲ ဘယ်လိုလုပ်ပြီး သိမှာလဲ..။သူတို့ ပန်ကိတ်ကို တစ်ခါစားပြီး ရင် ရပ်တနိ့လို့ ရနိုင်တော့မယ် လို့ ခင်ဗျားက ထင်နေတာလား.."

"ဒါပေါ့..သူတို့ ထပ်စားကြမှာပေါ့..။တကယ် အရသာ ရှိရင် ဘယ်သူက ဝယ်မစားပဲ နေမှာလဲ.."

"ဟုတ်တယ်..ဒီနေ့က ပထမနေ့ဆိုတော့ သူတို့..အခမဲ့ စားလို့ ရတယိလေ..။နောက်တစ်ခါကြရင် ဘာဖြစ်မယ် လို့ ထင်လဲ.."

သူ ပန်ကိတ်တွေကို တစ်ကြိမ်စားဖူးပြီး အတော်လည်း အရသာရှိလှပါတယ်..။သူ စားပြီးကတည်းက အဲ့အရသာကို မမေ့တော့ပါဘူး..။တစ်ခါတစ်လေ ဆိုရင် သူအရမ်းစားချင်စိတ် ဖြစ်မိပါတယ်..။

ဟီချန်းဟန်ဟာ ဝမ်မင်ယန် ပြောတာကို သိပ်တော့နားမလည်ပါဘူး..ဒါပေမဲ့ တစ်ခုခုတော့ ထူးခြားမှာ ကျိန်းသေပါတယ်..။

အမှန်တကယ်ပဲ လင်းဖန် ပြောပြီး တဲ့ နောက် မှာ..မြို့သားတွေဟာ ရောက်လာခဲ့ပါတယ်..။

ပြီးတော့ တစ်ခြားဆိုင်ပိုင်ရှင်တွေဟာ လည်း လာပြီး ကြော်ငြာပေးနေခဲ့တယ် .။

"သူဌေးလေးက ဒီနေ့ ပတ်ကိတ်ကို အကန့်အသတ်မရှိလုပ်ပေးမှာ..။မင်းတို့ရဲ့ ကာစတန်မာတွေကို သူ့ဆီကို အမြန်လွှတ်လိုက်ကြ.."

အက်ျီရောင်းတဲ့ ဆိုင်ပိုင်ရှင်ဟာ ..ကာစတန်မာတွေကို သူ့အက်ျီ အရင်ရောင်းချ ချင်ပေမယ့်လည်း ဒါက ကာစတန်မာရဖို့ အကောင်းဆုံး နည်းလမ်း မဟုတ်ဘူး ဆိုတာကို တွေးမိလိုက်တယ်..။သူ အလျင်အမြန်ပဲ အော်လိုက်ပါတယ်..။

"အဲ့ဆိုင်က ပန်ကိတ်တွေက အရမ်းအရသာ ရှိတာ..။ဒီနေ့က အကန့်အသတ်မရှိဘူး..အခုချိနိသွားမစားပဲ နေရင် နောက်ကျ စားရတော့မှာ မဟုတ်ဘူး..."

ကာစတန်မာ ပြန်ပြောလို်က်တယ်..။

"ကျွန်တော်က အက်ျီဝယ်ဖို့လာတာ.။ပန်ကိတ်ကို သိပ်ပြီး မကြိုက်ဘူး..။အနာဂတ်မှာ ဝယ်လို့ မရဘူးဆိုရင်တောင် ပြသနာ မရှိပါဘူး.."

သူဌေးဟာ ပြောလိုက်တယ်..။

"ဆာ ဒီနေ့ မစားချင်ရင်တောင် အနာဂတ်မှာ ဒီက ပန်ကိတ်ကို စားချင်စိတ်ဖြစ်လာမှာပဲ..။ဒီလိုလုပ်လို်က်..အဲ့က ပန်ကိတ်ကိုသာ သွားစားရင် အက်ျီကို အခမဲ့ ပေးလိုက်မယ်.."

ကာစတန်မာဟာ ပြောလိုက်တယ်..။

" ဟားဟား..ကြည့်ရတာ ဒါက အပေးမယူကောင်းတစ်ခုပဲ..။ကောင်းပြီ ကျုပ်သွားပြီး မြည်းကြည့်လိုက်မယ်..ခင်ဗျားသာ ကိူယ့်စကားကို တည်ရမယ်နော်.."

ကာစတန်မာ ထွက်သံွားတဲ့ အချိန်မှာ ဆိုင်ပိုင်ရှငိ နှစ်ယောကိဟာ ရယ်မောလိုက်တယ်..။

"သူဌေးလေးက အကြာခင်မှာပဲ ကျော်ကြားတော့မှာ မြင်ယာင်သေးတယ်.."

"ဒီကာစတန်မာတွေ ပန်ကိတ်တစ်ခါစားပြီး ရင် ဘယ်လို ဖြစ်နေမလဲ စဥ်းစားလို့တောငိ မရတော့ဘူး..။သူတို့တွေ အရင်တိမ်ဖြူလမိးက ကားစတန်မာတွလို နေ့တိုင်း တန်းစီရတော့မယ်.."

"ဒါက တွေးနေဖို့တောငိ မလိုဘူး..။ကျိနိးသေ ဖြစ်လာမယ့် အရာပဲ..။အခု သူဌေးလေး လုပ်နေတာတွေက ငါတို့ရဲ့ အနာဂတ် အတွက်ပဲလေ..။တစ်ခြား လူတွေကို သွားပြောရအောင်..ဒါမှ လည်း သူတို့ ပန်ကိတ်သွားစားကြမှာ.."

သူတို့ရဲ့ မစ်ရှင်က ပန်ကိတ်တွေကို လူများများ စာကြဖို့ပါ..။

မြို့သားတွေ အတွက်တော့ လက်ရှိအချိန်ကပျော်စရာ အကောင်းဆံူး အချိန်ပါပဲ..သို့ပေမယ့်..နောက်ပိုင်း ဘာဖြစ်မလဲ ဆိုတာကတော့ သူတို့ တကယ်မသိပါဘူး..။

ခြူးယွနိဟာ မာစတာ လင်းနဲ့ တွေ့ချင်တာက ဆန်းကျယ်တယ် လို့ ခံစားရလို့ပါ..။တစ်ခြား လူတွေ မခံစားမိရင်တောင် သူခံစားမိပါတယ်..။

ဒါကြောင့် ထျန်ဟောင် စီးပွားရေးလမ်းမှာ သူ့ရဲ့ဆိုင် ပထမဆုံးဖွင့်ပြီ ဆိုတာနဲ့ အပြေးလာခဲ့တာပါ..။ဖြစ်ပျက်သမျှ အရာရာတိုင်းကို သူမှတ်တမ်းတင်ထားပါတယ်..။

"မာစတာလင်း.. ကျွန်တော်က ပထမဆုံးတနိးစီတာနော်..ကျေးဇူးပြုပြီး ပန်ကိတ်ပေးပါဦး.."

ခြူးယွန် ရယ်မောပြီး ပြောလိုက်တာပါ..။

လင်းဖန် ရယ်လိုက်တယ်..။

"သတင်းထောက်ခြူး..ဒါက ခင်ဗျားကို ပြသနာတက်စေနိုင်တယ်နော်."

ခြူးယွန် ပြုံးလိုက်ပြီး..

"မာစတာ လင်းရဲ့ အချက်အပြုတ်စွမ်းရည် တွေကိုကြားဖူးနေတာ ကြာပြီ..။အခု အမှန်တကယ် မြည်းရတော့မယ်။ဒီနေ့က ကံကောင်းတဲ့ နေ့တစ်နေ့ပဲ.."

လင်းဖန် ပန်ကိတ်တေံွကို အကန့်အသတ်မရှိပြုလုပ်ပြီး အခမဲ့ ကျွေးမယ် လို့ ပြောပေမယ့်လည်း စိတ်မဝင်စားတဲ့ လူတွေ ရှိပါသေးတယ်..။

လင်းဖန် ပန်ကိတ်ကို ပုံမှန် အတိုင်း လုပ်နေခဲ့ပြီး..ပန်ကိတ်ဖြစ်ပေါ်လာတဲ့ အချိန်မှာ..ရနံ့ဟာ လေထဲကို ပျံ့နှံသွားခဲ့တယ်..။

"ရနံ့က တကယ်ကောင်းမွနိတာပဲ.."

ဟီချန်းဟန် နဲ့ ကျန်တဲ့ လူတွေဟာ ရနံ့ကိုရပြီး ရေရွတ်လိုက်တယ်..။

ကျို့ကျို့ ကြောင်အပြီး သိချင်သွားခဲ့ပါတယ်..။

"ရနံ့က ဘယ်ကနေလာနေတာလဲ.."

ဝမ်မင်ယန် ရယ်မောလိုက်တယ်..။

"ရနံ့က ဘာမှ မဟုတ်သေးဘူး..ခနနေကျရင် အရသာကို မြည်းကြည့်လိုက်..ကမ္ဘာပေါ်က နိဗ္ဗာန်ဘုံဟာ ဘာလဲ သိသွားစေရမယ်.."

ကျန်တဲ့ လူတွေဟာ ဝမ်မင်ယနိကို မယုံကြည်စွာ ကြည့်လိုက်တယ်..။ဝမ်မင်ယန် ချဲကားနေတာလို့ သူတို့ ခံစားလိုက်ရပါတယ် ..

"ဒီမှာ.."

လင်းဖန် ပန်ကိတ်ကို ခြူးယွနိကို ပေးလိုက်တယ်..။

ခြူးယွန် ပြုံးပြီး ပန်ကိတ်ကို ယူလိုက်တယ်..။သူ အနီးကပ်ကြည့်လိုက်ပြီး..

"ဒါက အရမ်းလှတာပဲ..ဒါပေမဲ့ အရသာဘယ်လိုနေမလဲ..။မြည်းကြည့်လိုက်မယ်နော်.."

*ခရက်*

သူ တစ်ကိုက်ကိုက် လိုက်တယ်..။

ရုတ်တရက် သူ့အပြုံးတွေဟာ ရပ်တန့်သွားခဲ့ပါတယ်..။သူ့ကြည့်ရတာ ပန်ကိတ်ထဲမှာ နစ်မြောသွားတဲ့ ပုံပါပဲ..။

"အား.."

ခြူယွန်ဆီကနေ ရှက်စရာ အသံတွေ ထွက်လာခဲ့တယ်..။

သူ နတ်ဆေးလုံးများ စားမိတာလားလို့ ကိုယ့်မျက်နှာကို ပြန်ကိုင်ကြည့်လိုက်ပါတယ် ..။

"ဒီအရသာ.."

"ငါ ခံစားရတာက..ငါကိုယ်ငါ...."

အဲ့အချိန်မှာ မြို့သားတွေဟာ..သူ့ကို ကြည့်နေကြတာပါ..။ခြူးယွန် ရဲ့ အမူအရာကိုမြင်ပြီး သူတို့ မယုံကြည်နိုင် ဖြစ်သွားခဲ့ကြပါတယ်..။

ဒီလောက်ထိ ချဲကားဖို့ လိုလို့ လားကွာ...

All Chapters