ရူးသွပ်တဲ့ အခြေနေတစ်ခု
Vol. 20 Ch. 300
ဘာသာပြန် = စနိုးဝှိုက်
"သခင်လေး ဟီ..ဒါက ကျွန်မပြောပြောနေတဲ့ ဆိုင်လေ...။မာစတာ လင်းရဲ့ ပန်ကိတ်တွေက အရမ်းအရသာရှိတယ်တဲ့.."
တကယ့်အဆင့်မြင့် အဝတ်အစားတွေကို ဝတ်ဆင်ထားတဲ့ မိန်းကလေး တစ်ယောက်ဟာ ပြောလိုက်တာပါ..။သူမ ကိုင်တဲ့ အိတ်တောင်မှ ဒီဇိုင်နာ တစ်ယောက် ဖန်တီးထားတဲ့ နောက်ဆုံးပေါ် အမျိူးအစားပါ..။ပုံမှန် မိန်းကလေးတစ်ယောက် က သူမကို ယှဥ်နိုင်ဖို့ ဆိုတာ မလွယ်ကူပါဘူး..။
သူမရဲ့ အချိုးအစားက..များပြားလှတဲ့ လူငယ်လေးတွေ..ချမ်းသာတဲ့ လူတွေ ဆွဲဆောင်ဖို့ လုံလောက်ပါတယ်..။
"ဒီနေ့က နေအရမ်းပူနေတာလေ...ဒါတောင် မင်းက ပန်ကိတ်စားဖို့ အတွက် ဒီခေါ်လာခဲ့တာလား..။နောက်နေတာ တော့ မဟုတ်ပါဘူးနော်.."
ဇိမ်ခံကားထဲက ထွက်လာတဲ့ ကောင်လေးဟာ ..ပြောလိုက်တယ်..။သူ အကူညီမဲ့နေခဲ့ပါပြီ...သူ့ရဲ့ ကောင်မလေး အသစ်က ဒီကို လာချင်နေတယ် ဆိုတော့ သူမငြင်ပယ်နိုင်ခဲ့ပါဘူး..။
မိန်းကလေး ဟာ ပြုံးပြီး ပြောလိုက်တယ်..။
"မပူပါဘူး...။ဒီလောက်ကြီးလည်း မပူပါဘူး.."
လီရှောင်မင်ဟာ..စမတ်ကျတဲ့ အဝတ်အစားကို ဝတ်ဆင်ထားပြီး..သူ့ရဲ့ ဆံပင်ကိုလည်း စတိုင်တကျ ပြင်ဆင်ထားပါတယ်..။မိန်းကလေး တွေိကို လိုက်တဲ့ သူ့ရဲ့ နည်းလမ်းက မကောင်းပေမယ့်လည်း.သူကိုယ်သူ ဘယ်လို ကောင်းောင်းပြင်ဆင်ရမလဲ ဆိုတာကို သိထားပါတယ်..။သူမက သူ့ထက်အနည်းငယ် အသက်ကြီး ပေမယ့်လည်း သူဒါကို လုံးဝ ဂရုမစိုက်ပေ..။
"ကောင်းပြီ..အရမ်းမပူဘူး ဆိုမှ တော့..နည်းနည်းပါးပါး ဝယ်ကြတာပေါ့.."
ဟီရှောင်မင် ပြောလိုက်တာပါ..။သူ လူအုပ်ကြီးကို မြင်လိုက်တဲ့ အချိန်မှာ...ကြောင်အသွားခဲ့တယ်..။
"ဒါက မင်းပြောပြော နေတဲ့..မာစတာ လင်းရဲ့ဆိုင် ဆိုတာလား.."
"ဟုတ်တယ်..အခုမှ ဆိုင်သစ်ဖွင့်ထားတာ..ဒီနေ့တောင် တန်းစီတဲ့ လူတွေက နည်းနည်း များတာပဲ.."
မိန်းကလေးဟာ ပါးစပ်ကို လက်နဲ့အုပ်ပြီး ရယ်မောကာ ပြောလိုက်တာပါ..။
ဟီရှောင်မင် ကြောင်အနေခဲ့တယ်..။
"ဒါက လူနည်းနည်း များတာ မဟုတ်တော့ဘူးလေ..။ဒါက လူအုပ်ကြီး ဖြစ်နေပြီ..မေ့လိုက်တော့..နောက်နေ့ကြမှ ပဲ ပြန်လာရအောင်...."
"မဟုတ်ဘူး..ငါဒီနေ့ စားချင်နေတာ..။တကယ်လို့ ဒီနေ့ဝယ်ကျွေးမယ် ဆိုရင်..တောင်းဆိုမူတစ်ခုကို လက်ခံပေးမယ်..အရမ်းစည်းမကျော်ရင်ပေါ့..."
မိန်းကလေးဟာ ပြောလိုက်တယ်..။
ဟီရှောင်မင် ရဲ့ မျက်လုံးဟာ ဒါကို ကြားပြီး အနည်းငယ် ကျယ်သွားခဲ့တယ်..။
"ကောင်းပြီလေ..မှတ်ထားလိုက်တော့..ဒါပေမဲ့ အရမ်းစည်း မကျော်ရင် ဆိုတာက ဘာကို ပြောာတာလဲ.."
မိန်းကလေးဟာ မျက်လုံး ပင့်တင်လိုက်ပြီး..
"သွားသာ ဝယ်ပေးပါ..အဲတာ ပြီးမှ ပြောပြမယ်.."
"အိုကေ အိုကေ..မင်းရဲ့ အချစ်ကလေးကိုသာ စောင့်ကြည့်နေလိုက်တော့.."
ဟီရှောင်မင် ပြောလိုက်တယ်..။အစကတော့ သူစိတ်မဝင်စားခဲ့ပေမယ့် အခုတော့ ခွန်အားတွေနဲ့ ပြည့်နှက်နေခဲ့ပါပြီ..။
ဒါက ပန်ကိတ်လေး တစ်လုံးဝယ်တာပဲလေ..ဘ
်လောက် များခက်ခဲမှာ မို့လို့လဲ....
ဒါပေမဲ့ ပန်ကိတ်တစ်ခုက အရမ်း အရသာ ရှိနိုင်ပါ့မလား....။သို့ပေမယ့် သူ ဒီအတွေးကို ထပ်မတွေးဖို့ ဆုံးဖြတ်လိုက်ပါတယ် ..။ဒါက အရေးမပါတဲ့ ပန်ကိတ် လေးတွေပါ..။
တန်းစီနေတဲ့ အရေအတွက်ကို သေချာကြည့်လိုက်တဲ့ အချိန်မှာ သူကြောင်အသွားခဲ့ပါတယ်..။လူတွေက တကယ်အများကြီး တန်းစီနေခဲ့ကြတာပါ..။
ငါ အချိန်ဘယ်လောက်ကြာအောင် တန်းစီရမှာလဲ...
သူ့ရဲ့ ဂုဏ်သိက္ခာလည်း ရှိသေးတော့ ကြားဖြတ်ပြီး တန်းစီဖို့က တကယ်မဖြစ်နိုင်ပါဘူး..။
သူ လူတန်းကြီးရဲ့ အဆုံးမှာ ရပ်လိုက်တယ်..။ယင်းနောက် သူ ကားပါကင်မှာ ရပ်နေတဲ့ ကောင်းမလေးကို လှမ်းပြုံးပြလိုက်ပါတယ်..။သူက ပန်ကိတ်လေးတစ်လံူး ဝယ်ဖို့ပဲ လိုတာပါ..။
ဒါက ဘယ်လောက် များ ခက်ခဲနိုင်မှာကြောင့်လဲ....
မိန်းကလေးဟာ ပြုံးပြီး အော်ပြောလိုက်တယ်..။
"ကံကောင်းပါစေ..."
ဟီရှောင်မင် ပြုံးလိုက်တယ်...။
မိန်းကဟော..လူအုပ်ကြားထဲမှာ ရှိနေတဲ့ ဟီရှောင်မင်ကို ကြည့်ပြီး ရယ်မောလိုက်တယ်..။ဟီရှောင်မင် ကို ထိန်းချုပ်ရတာက ထမင်းစား ရေသောက်တာထက်တောင် လွယ်ကူနေခဲ့တာပါ..။
သူက အတွေ့အကြုံ ဘာမှ မရှိတဲ့ ကလေးလေး တစ်ယောက် လိုပါပဲ..။သူစိတ်တွေကအရင်းရိုးရှငိးလွန်းလှပါတယ်..။
သူမက များပြားလှတဲ့ ကောင်လေး တွေနဲ့ ချမ်းသာတဲ့ လူတွေကို အရုပ်ကလေးတစ်ရုပ်လို အမြဲတမိးကစားခဲ့ဖူးပါတယ်..။သူမ အများကြီး..ကြိုးစားဖို့တောငိ မလိုပါဘူး..။သူမဘက်က သေးငယ်တဲ့ အကျိူးကျေးဇူးလေး ပေးလိုက်ရင်ကို ..ဒီကောင်လေးက အရမ်းတွေ ရင်ခုန်နေတော့မှာပါ..။
ဟီရှောင်မင် နောက်ဆံူးနေရာမှာ ရပ်နေရင်း သူ့ရှေ့က လူရဲ့ ပုခုံးကို လှမ်းပုတ်လိုက်တယ်..။
"ညီအစ်ကို..ခင်ဗျားရှေ့မှာ ကျွန်တော်တန်းစီလို့ရမလား..ကျွန်တော် ခင်ဗျားကို ဒေါ်လာ ၅၀ ပေးမယ်.."
သူ တစ်ယောက်ကို ဒေါ်လာ ၁၀၀ စီပေးရင် ဘယ်လောက် ကုန်ကျမလဲ ဆိုတာကို တွက်ချက်ပြီးပါပြီ..။ဒါဆိုရင် ပန်ကိတ်တစ်လုံး အတွက် ဒေါ်လာ တစ်သောင်းလောက်တောင် ကုန်ကျမှာပါ..။သူသာ တကယ်အဲ့လိုလုပ်ရင် ချမ်းသာတဲ့ လူမဟုတ်တော့ပဲ..အရူးတစ်ယောက်နဲ့သာ တူနေပါလိမ့်မယ်..။
ဒေါ်လဟ ၅၀ ဆိုတာက မှန်ကန်တဲ့ ပမာဏ ပါပဲ..။
ရှေ့မှာ ရှိနေတဲ့ မြို့သားဟာ ကြောင်အသွားခဲ့တယ်..။
ဒီလောက် တုံးတဲ့ ကောင်ရော ရှိသေးတာလား....
တန်းစီတဲ့နေရာကို ရဖို့ ဒေါ်လာ ၅၀ သုံးတာက ရူးသွပ်ရာ ကျလွနိးပါတယ်..။သူဆိုရင် ပန်ကိတ်ရတာ မရတာကိုတောင် ဂရုမစိုက်ပါဘူး..။ဒီတိုင်း မပျော်သဘော နဲ့ပဲ လာတန်းစီတာပါ..။
"ကောင်းပြီလေ.."
သူပိုက်ဆံ ပေးလိုက်တဲ့ အချိန်မှာပဲ သူ့ရှေ့က လူဟာ နေရာဖယ်ပေးလိုက်တယ်..။
သူ ပိုက်ဆံ နည်းနည်း သုံးလိုက်တာနဲ့ သူလိုချင်တဲ့ နေရာ ရခဲ့ပါတယ် .။
"ညီအစ်ကို ဒေါ်လာ ၅၀ ပေးမယ်..။ဒီနေရာကို ပေးနိုင်မလား.."
သူ ထပ်အောင်မြင်သွာခဲ့တယ်..။
"ဒေါ်လာ ၅၀ ပေးမယ်..နေရာချင်း လဲရအောင်.."
"ခင်ဗျားရှေ့ကို ကျွန်တော် လာမယ်လေ..။ဒေါ်လာ ၅၀ ပေးမယ်.."
…
ဟီရှောင်မင်ဟာ သူဒီလို နည်းလမ်းကို တွေးမိတာ အရမ်းဥာဏ်ကောင်းတယ်လို့ စဥ်းစားနေမိပါတယ်..။ဒီ အမြန်နှုန်းနဲ့ ဆိုရင်..သူရှေ့ဆံူးကို ခနလေးအတွင်းရောက်သွားတော့မှာပါ..။ဒါပေါ့..သူလည်း ပိုက်ဆံ သုံးဖို့ လိုအပ်ပါတယ်. ။
သူ့ရှေ့က လူရဲ့ ပုခုံးကို ထပ်ပြီး ပုတ်လိုက်တယ်..။
"ညီအစ်ကို နေရာချင်းလဲရအောင် ဒေါ်လာ ၅၀ ပေးမယ်.."
သူ့ရှေ့က လူဟာ လှည့်လာပြီး နှာခေါင်းရှုပ်လိုက်တယ်..။
"မင်းက ဒေါ်လာ ၅၀ နဲ့ ကြားဖြတ်တန်းစီ ချင်တာလား..။မင်း ဒီလိူစကားပြောဖို့ သတ္တိတွေ ဘယ်နားက ရလာတာလဲ.."
"ဒေါ်လာ ၁၀၀..."
လူကြီးဟာ ထပ်ပြောလိုက်တယ်..။
"ဒီဆိုင်ကို ဘယ်သူ ဖွင့်ထားတာ ထင်လို့လဲ..။ဒါက မာစတာလင်းပဲ..။သူ့ရဲ့ ပန်ကိတ်ကို ဒီလောက်ငွေပမာဏလောက်နဲ့ ဝယ်ဖို့ ဆိုတာက ဘယ်လိုမှ မဖြစ်စ်နိုင်ဘူး..။ခုနက ပါဝင်ပစ္စည်းတွေက အကန့်အသတ်နဲ့ ရှိနေတာကို တွေ့ပြီးပြီ..။ဒီက လူတိုင်း ပန်ကိတ်ရနိုင်မှာ မဟုတ်ဘူး..။ဒီတိုင်း ညိမ်ပြီးသာ တန်းစီနေ..မင်းဘယ်လောက်ပဲပေးပေး ငါနေရာ လဲပေးမှာ မဟုတ်ဘူး."
ဟီရှောင်မင် ကြောင်အသွားတယ်..။ဒီလူရူးများ ရူးနေတာလား..။ဒီလူက ပိုက်ဆံနဲ့ ကမ်းလှမး်တာတောင် ငြင်းပယ်နေခဲ့တာပါ..။ဘယ်လောက်တောင် တုံးအလိုက်လဲ..။
သူ ဒီ စောက်ရေးမပါတဲ့ပန်ကိတ်ကို မဝယ်တော့ပဲချက်ချင်းထွက်သွား လိုက်ချင်ပါတယ်..။သို့ပေမယ့်.အရမ်းစည်းမကျော်တဲ့ တောင်းဆိုမူကို ပြန်တွေးမိလိုက်တယ်..။မေ့လိုက်တော့..ဆက်ပြီး တန်းစီ ရမယ်..။ဘာပဲဖြစ်ဖြစ် ဒီနေရာက လည်း နေရာကောင်းတစ်ခုပါ..။
လက်ရှိ အမြန်နှုန်းနဲ့ ဆိုရင် သူ့အလှည့် မကြာခင် ရောက်လာနိုင်ပါတယ်..။
သူ ဒီကနေ စောင့်နေဖို့ပဲ ဆုံးဖြတ်လိုက်တယ်..။
"အာ.."
ဟီရှောင်မင်ဟာ ...ပန်ကိတ်စားပြီးတဲ့ လူတွေရဲ့ အမူအရာကို မြင်လိုက်တဲ့ အချိန်မှာ ဆွံ့အသွားခဲ့ပါတယ်..။သူတို့ ကြည့်ရတာ မူးယစ်ဆးဝါးတွေကို စားနေကြသလိုပါပဲ..။တကယ် ကြောက်လန့်ဖို့ ကောင်းတာပါ..။
ဟီေရှာင်မင်...အတွေးလွန်သွားခဲ့တယ်..။
ဒီလူတွေ စိတ်ကျန်းမာရေး မကောင်းလို့များ ဖြစ်နိုင်မလား..။ပန်ကိတ်စားပြီး ဘာလို့ ဒီလို အမူအရာတွေ ဖြစ်လာကြတာလဲ...
သူ ကြောက်လန့်သွားခဲ့ပေမယ့်လည်း ဆုလာဒ္ အကြောင်း ပြန်တွေးမိပြီး..ဆက်နေဖို့ ဆုံးဖြတ်လိုက်တယ်..။
လင်းဖန်ကတော့ အကူညီ မဲ့နေခဲ့ပါတယ်..။ပန်ကိတ်တွေရဲ့ အကျိုးဆက်က တကယ်ကို အံ့ဩဖွယ်ရာ ပါပဲ..။အရင် တစ်ခေါ် စားဖူးထားတဲ့ လူတွေက ကိုယ့်ရဲ့..စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်ပေမယ့်လည်း..အခုမှ စတင်ပြီးစားကြတဲ့ လူတွေကတော့ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ကြပါဘူး..။
ခနကြာပြီးနောက်..။
ဟီရှောင်မင်ရယ်လိုက်တယ်..နောက်ဆုံးတော့ သူရှေ့နားကိုရောက်လာခဲ့ပါပြီ..။သူ့ရှေ့ကလူပြီးရင် သူ့ရဲ့ ဆုလာဒ်ကို ရရှိတော့မှာပါ..။
"ဒီမှာ ခင်ဗျားရဲ့ ပန်ကိတ်.."
လင်းဖန် ပေးလိုက်ပြီး ထပ်ပေါင်းပြောလိုက်တယ်..။
"အားလုံးပဲ စိတ်မကောင်းပါဘူး..။ပါဝင်ပစ္စည်းတွေက ထပ်မရှိတော့ဘူး..။တကယ်လို့ ခင်ဗျား တိူ့ဆက်ပြီး စောင့်ချင်တယ် ဆိုရင်..ပါဝင်ပစ္စည်းတွေ လာပို့ဖို့တစ်ယောက်ယောက်ကို စီစဥ်ခိုင်းလိုက် မယ်.."
ဟီရှောင်မင် ရှေ့က လူဟာ သူ့ကို ကြည့်ပြီး ရယ်မောလိုက်တယ်။
"ငါ နောက်ဆံူးပန်ကိတ်ကို ရလိုက်တာပဲ..။ငါ့ရဲ့နေရာကို မင်းကို မေရာင်းမိတာကို ဘုရားသခင်ကို ကျေးဇူတင်ရမယ်..။မဟုတ်ရင် ငါဆုံးရှုံးမူကြီး ဖြစ်တော့မှာပဲ..."
ဟီရှောင်မင် ကြောင်အသွားခဲ့တယ်..။
ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲ.....
"ဟေး..မင်းစီးပွားရေး..ကို ဘယ်လိုလုပ်နေတာလဲ..။ပါဝင်ပစ္စည်းကို ...လုံလောက်အောင်တောင် မပြင်ဆင်.. ထားဘူးလား...။ငါ ဘယ်လောက် အချိန်အကြာကြီး တန်းစီနေရမှာလဲ..။မင်းရဲ့ စကားတစ်ခွန်းကြောင့် ငါ့ရဲ့ အချိန်တွေ ကုန်ဆံူးသွားပြီ..."
လင်းဖန် ဟီရှောင်မင်ကို ကြည့်လိုက်တယ်..။
"ကောင်လေး..မင်းကိုယ့်ဒေါသကို ဘယ်လိုထိန်းထားရမလဲ ဆိုတာ သင်ယူသင့်တယ်နော်..။လွယ်လွယ်ကူကူ မပေါက်ကွဲ သင့်ဘူး...."
ဟီရှောင်မင်ဟာ လင်းဖန်ကို ကြည့်လိုက်ပြီး သူ့မျက်နှာဟာ ဖြူဖျော့သွားခဲ့တယ်။။.
"မင်းကသာ ကောင်လေးပဲ..ငါမဟုတ်ဘူး..။ငါ မင်းကို ပြောလိုက် မယ်...ငါ့အတွက် ပန်ကိတ်ကို လုပ်ပေးရင် ပိုကောင်းလိမ့်မယ်နော်..။မင်းဘယ်လို လုပ်မလဲ ဆိုတာ ငါစိတ်မဝင်စားဘူး..မဟုတ်ရင် မင်းရဲ့ ဆိုင်ကို ဖျက်ဆီး ပစ်လိုက် မယ်..."
သူထပ်ပြီး သည်းမခံနိုင်တော့ပဲ..အော်ဟစ်ကာ...လှည်းကို ကန်လို်က်တယ်..။
ဆိုင်ထဲက လူတွေရော..လူအုပ်ကြီးရော ကြောင်အသွားခဲ့ပါတယ်..။
"အပြင်မှာ ဘာဖြစ်နေတာလဲ..။တစ်ခုခု ဖြစ်လို့လား.."
"ဟေး ဒီအသံက ရင်းနှီးနေတယ်နော်..။အဲ့ ငနဲ ပဲလား မသိဘူး.."
ဝမ်မင်ယန် ဟီချန်းဟန် ကို ကြည့်လိုက်တယ်..။
"အပြင်ကို ထွက်ကြည့်လိုက်ဦး..။ကြားရတာတော့ ဒီငနဲက အတော် ဒေါသ ကြီးနေတာပဲ..။သူ မဟုတ်ဘူး လို့တော့ မျှော်လင့်မိတယ်.."
ဟီချန်းဟန် အလျင်အမြန်ပဲ ထရပ်လိုက်ပါတယ်..။
"ငါသွားကြည့်လိုက် မယ်.."
…
လင်းဖန် တည်ငြိမ်စွာ ကြည့်လိုက်တယ်..။
"ကောင်လေး.. မင်းရဲ့ဒေါသကို ထိန်းသင့်တယ် အရမ်း မမောက် မာ သင့်ဘူးနော်..."
ဟီရှောင်မင်..ကတော့ မထိန်းနိုင်တော့ပါဘူး.။
ဘေးနားက မြို့သားတွေဟာ လည်း ဒေါသထွက်လာခဲ့ကြတယ်..။
"ချီးပဲ...ဒီငနဲက ဘယ်လိုဖြစ်ပြီး သူဌေးလေးကို စော်ကားရဲတာလဲ..။သူ မတောင်းပန်ဘူးဆိုရင် ဒီနေရာက နေထွက်သွားဖို့ကို မေ့လိုက်တော့..."
"ငါတို့တောင် ပန်ကိတ်မရလို့ဘာမှ မပြောဘူး..ဒီငနဲက သူေဌလေးကို စော်ကားနေတယ်..။ပါဝင်ပစ္စည်းတွေ ကုန်သွားတာက ပုံမှန်ပဲလေ..။ဒီကောင်ရူးနေတာလား.."
ဘာတွေ ဖြစ်နေတာလဲ ဆိုတာကို မြင်တဲ့ တစ်ချို့ ဆိုင်ပိုင်ရှင်တွေဟာ အော်လိုက်တယ်..။
"တစ်ယောက်ယောက် သူဌေးလေးကို ပြသနာ ရှာနေတယ်ဟေ့..အားလံူးပဲ ဒီကို လာကြ.."
ဟီရှောင်မင်ဟာ ဖြစ်ပျက်နေတာတွေကို ကြည့်ပြီး ကြောက်လန့်သွားခဲ့တယ် .။ဒီလူက တကယ် အဆက်အသွယ် တွေရှိနေတာပါ..။ယင်းနောက် သူအော်လိုက်တယ်..။
"မင်းတို့ ဘာလုပ်ချင်လို့လဲ...ငါ့အဖေဘယ်သူလဲ ဆိုတာရော မင်းတို့ သိရဲ့လား..။ငါတစ်ခုခု ဖြစ်သွားရင် မင်းတို့ ဆေးဖိုးတတ်နိုင်လား ပြန်စဥ်းစားကြ..။ငါ့အဖေက မင်းတို့ကို လွယ်လွယ်လွတ် ပေးမှာ မဟုတ်ဘူး.."
ယင်းနောက် တစ်စုံတစ်ယောက်ဟာ ပြောလိုက်တယ်..။
"မင်းကို သင်ခနိးစာ ပေးဖို့ အတွက်...ငါ သူတို့ကို ခွင့်ပြုပေးမယ်.."
ဟီရှောင်မင် ကြောင်အသွားပြီး ထပ်အောိဟစ်လိုက်ပါတယ်..။
"မင်းက ဘာကောင်မို့လို့လဲ...။မင်းကများ ငါ့ကို ဒီလို စကားမျိုး ပြောရဲတယ်လား.."
"ငါ မင်းအဖေ ပဲ.."
ဟီရှောင်မင် ထပ်ပြီး ဆဲချင်ပေမယ့်လည်း..သူ့အနားရောက်လာတဲ့ လူကို မြင်ပြီး ကြောင်အသွားခဲ့တယထယ်..။ယင်နောက် သူ့ကိုယ်သူ ပြန်ထိန်းလိုက်ပြီး..
"အဖေလား..."
သူကြောင်အနေခဲ့ပါပြီ..။
ဘာတွေဖြစ်နေတာလဲ...ဘာလို့ အဖေက ဒီရောက်နေတာတုန်း...