ဒါက မင်းကို မိုးကြိုးပစ်စေလိမ့်မယ်...
Vol. 21 Ch. 301
ဘာသာပြန် = စနိုးဝှိုက်
ဟီချန်းဟန်ဟာ လင်းဖန်ရဲ့ ရှေ့ကို ရောက်လာခဲ့ပြီး..
"မာစတာ လင်း..တောင်းပန်ပါတယ်...။သူက ကျွန်တော်ရဲ့ သားပါ.."
ပြသနာ ရှာနေတာက သူ့ရဲ့ သား ဖြစ်နေလိမ့်မယ် လို့သူမတွေးမိခဲ့ပါဘူး..။သူ ဒီငနဲ လေးကို ဘယ်လိုမှ သွန်သင်လို့မရတော့ပေ..။သူ့သားဟာ ငယ်ငယ်ရွယ်ရွယ်တုန်းက..လိမ္မာတဲ့ ကလေးတစ်ယောက် ဖြစ်ပေမယ့်လည်း ကြီးလာလေ..အမူအကျင့်ပြောင်းလဲလေ ဖြစ်လာခဲ့ပါတယ် ..။
အရင််းတုန်းက သူ့သားရဲ့ ကျောင်းအမှတ်တွေဟာ ကောင်းမွန်ခဲ့ပေမယ့် လည်း နှစ်ဝက်လောက် ရောက်တဲ့ အချိန်မှာ..ရုတ်တရက် ပြောင်းလဲ သွားခဲ့ပါတယ်..။သူက ကျောင်းကို ဆယ်ရက်လောက် ဆက်တိုက်..ပျက်ကွက်ခဲ့တာဖြစ်ပြီး...ဆရာ တွေကလည်း ဘာမှ မတတ်နိုင်ခဲ့ပေ..။
သူလည်း ဒီ အဖြစ်အပျက်တွေရဲ့ အကြောင်းပြချက်ကို သိထားပြီး တစ်ခါတစ်လေ..နောင်တရမိပါတယ်..။
ဝမ်မင်ယန်ဟာ ဆိုင်ထဲက နေထွက်လာပြီး ပြုံးလိုက်တယ်..။
"အိုး..ဒီတော့ ဟီရှောင်မင် ပေါ့.."
ဟီရှောင်မင်ဟာ ကြောင်အသွားပေမယ့်လည်း ရိုသေစွာ နှုတ်ဆက်လိုက်ပါတယ်..။
"ဟိုင်း..အန်ကယ် ဝမ်...."
ဂျင်ယန်မင်...လည် ထွက်လာခဲ့တယ်..။
"ဟိုင်း အန်ကယ် ဂျင်.."
ယင်းနောက် တစ်ခြားလူေတွပါ လိုက်ထွက်လာခဲ့ပါတယ်..။
"ဟိုင်း အန်ကယ်လီ.."
"ဟိုင်း အန်တီ ကျို့.."
…
သူ ကြောင်အတယ် ဆိုတာထက်ကို ပိုနေခဲ့ပါပြီ။
ဘာလို့ လူတွေ ဒီလာက် အများကြီးရှိနေရတာလဲ..
ဒါက ပန်ကိတ်ရောင်းတဲ့ လူတစ်ယောက် ပဲ မဟုတ်ဘူးလား..။ဘာလို့ အန်ကယ်တွေ အကုန်လုံးက ဒီကို ရောက်နေကြတာလဲ...။သူ့ရဲ့ အဖေတောင်မှ ဒီကို ရောက်နေခဲ့တာပါ..။
ဘယ်လိုဟာသမျိုးလဲ.....
ဘေနားက မြို့သားတွေဟာ ဝန်းရံလာခဲ့တယ်..။သူတို့ အချင်းချင်း တီးတိုးပြောဆို နေခဲ့ကြပါတယ်..။
"ဒီငနဲက သူဌေးလေးရဲ့ဆိုင်ကို ဖျက်ဆီး ပစ်ချင်နေတာလေ..."
"မင်းခုနက မတွေ့လိုက်ဘူးလား..။ဒီငနဲက ခုနက အတော် မောက်မာနေတာ...။သူ မာစတာ လင်းးရဲ့ လှည်းကိုတောင် ကန်လိုက်သေးတယ်..."
ဟီရှောင်မင်ဟာ အနည်းငယ်ကြောက်ရွံ့သွားပြီး ခေါင်းကို ငုံ့လိုက်တယ်..။သူ ဒီလူတွေကို မင်းတို့ စောက်လုပ် မပါဘူး လို့ ပြန်အော်လိုက်ချင်ပေမယ့်လည်း သူ့ရဲ့ ကံတရားကို လက်ခံဖို့သာ တွေးလိုက်ပါတယ်..။သူဘာမှ ထပ်မလူပ်ရဲ တော့ပါဘူး.။
ဟီချန်းဟန် ဟာ ဟီချောင်မင်ကို ကြည့်ပြီး သက်ပြင်းချလိုက်တယ်..။
"မင်း မာစတာ လင်းကို ကျိန်ဆဲ ခဲ့တာလား.."
"သား...."
ဟီရှောင်မင်ဟာ ကြောင်အနေပြီး ဘာပြန်ပြောရမလဲ မသိတော့ပါဘူး..။
"ငါ မင်းကို သတ်မိတော့မယ်..။မင်းတစ်နေ့နေ့ ဘာ အလုပ်မှ မလုပ်ပဲ ပြသနာ ပဲ လိုက်ရှာနေတယ်.."
ဟီချန်းဟန် သူ့သား ပြန်ဖြေမှာကိုတောင် မစောင့်တော့ပေ..။သူ့လက်ကို ချက်ချင်းမြောက်လိုက်ပြီး ရိုက်ဖို့ လုပ်လိုက်ပါတယ်..။
လင်းဖန် အလျင်အမြန် ဝင်တားလိုက်တယ်..။
"ခွင့်လွတ်လိုက်ပါ အကြီးအကဲ ဟီ..။ခငိဗျား ကလေးကို ဖြည်းဖြည်းချင်း သင်ပြပေးမှ ရမယ်.။ထပ်ပြောရရင် သူက အရွယ်ရောက်နေပြီလေ..ကြမ်းကြမ်းတမ်းတမ်းတွေ မဆက်ဆံ သင့်တော့ဘူး..။ဒီမှာလူအများကြီး ရှိနေတော့..သူ့ကိုလည်း မျကိနှာသာ ပေးသင့်တာပေါ့.."
ဟီရှောင်မင်ဟာ ေခါင်းမော့ပြီး လင်းဖန်ကို ကြည့်လိုက်တယ်..။သူ့အဖေရိုက် မှာကို သူလုံးဝ မကြောက်ပါဘူး..။သို့ပေမယ့် သူ့ထက် အသက်ဘယ်ောက
လောက် မှ မကြီးတဲ့ ကောင်လေးက သူ့ကို ကလေးတစ်ယောက်လို လာပြီး ဆက်ဆံတာကို အံ့ဩနေခဲ့
တာပါ..။
ဟီချန်းဟန် လက်ပြန်ချ ပြီးပြောလိူက်တယ်..။
"မာစတာ လင်း...ဒါတွေက ကျွန်တော် သင်ပြတာ ညံ့ခဲ့လို့ပါ..။တောင်းပန်ပါတယ်.."
လင်းဖန် အလျင်အမြန် ပြန်ပြောလိုက်တယ်..။
"အကြီးအကဲ ဟီ ဘာတွေ ပြောနေတာလဲ..။ကလေးတွေ ဆိုတာ အမြဲတမ်း ပျော်ပျော်နေတတ်တယ်လေ..။ခင်ဗျား ဒါကို နားလည်ဖို့ တော့လိုအပ်တယ်..။အိမ်ပြန်ရောက်တဲ့ အချိန်မှ သူ့ကို အေးအေးဆေးဆေး နားဝင်အောင်ပြောပါ..။သူ့ကို ဆူလည်း မဆူနဲ့ ရိုက်လည်း မရိုက်နဲ့..။ဖြည်းဖြည်းချင်းနားလည်အောငိပြောပြီး အလျင်လိုလို့ မရဘူးလေ.."
"မင်း ၁၈ နှစ်ပြည့် ပြီးပြီလား..."
လင်းဖန် မေးလိုက်တာပါ..။
ဟီရှောင်မင် ခေါင်းကိုသာ ငုံ့ထားပြီး ဘာမှ ပြန်မဖြေခဲ့ပေ..။
"မင်းကို မေးနေတာလေ...နားလေးနေတာလား.."
ဟီချန်းဟန် ..အော်ဟစ်လိုက်တယ်..။
ဝမ်မင်ယန် အခြေအနေကို ဝင်ထိန်းဖို့ လုပ်လိုက်ပါတယ်..။
"အကြီးအကဲ ဟီ စိတ်လျော့ပါ..သူက ဒီအရွယ်မှာ ဆိုး တာက ပုံမှန်ပဲလေ..။သူပြောင်းလဲ ဖို့ပဲ လိုအပ်နေတာပါ.."
ဟီချန်းဟန် လက်ဝေ့ယမ်းလိုက်တယ်..။သူ ဒီအကောင်ကို အခုချက်ချင်း ရိုက်နှက်ချင်နေခဲ့ပါပြီ..။
ဟီရှောင်မင် သူ့အဖေကိုတော့ ကြောက်ရွံ့နေပါသေးတယ်..။ယင်းနောက် သူ ခေါင်းမော့ပြီး ပြန်ဖြေလိုက်တယ်..။
"အင်း.."
"ကျောင်းရော ပြီးသွားပြီလား..."
လင်းဖန် ထပ်မေးလိုက်တာပါ..။
"စာလေ့လာတာကို ရပ်လိုက်တာ.."
ဟီရှောင်မင် ခေါငိးခါယမ်းပြီး ပြန်ဖြေလိုက်တယ်..။သူ့ဒေါသတွေကတော့ ပေါက်ကွဲခါနီးနေခဲ့ပါပြီ..။
လင်းဖန် ခေါင်းခါယမ်းလိုက်တယ်..။
"သူက ငယ်ရွယ်ပြီး ကောင်းမွန်တဲ့ မိသားစု နောက်ခံ ရှိတယ်လေ..။စာလေ့လာတာကို ရပ်လိုက်တာက တကယ်မကောင်းဘူး..။သူ ပိုပြီး အသိပညာတွေ ရဖို့ ကြောင်းကို ပြန်သွားသင့်တယ်.."
"ငါ စာလေ့လာရတာကို မကြိုက်ဘူး.။အဲတာက ဘာများကောင်းနေလို့လဲ...အခုလဲ ဘဝကို အေးအေးဆေးဆေး နေနေရတာပဲ မဟုတ်ဘူးလား.."
ဟီရှောင်မင် စိတ်မရှည်စွာ ပြန်ပြောလိုက်တယ်..။
ဟီချန်းဟန် ဒေါသထွက်သွားခဲ့တယ်..။
"မင်း အရိုက်ခံမှ ရမယ် ထင်တယ်..။အန်ကယ်လင်းက ကျောင်းတက်သင့်တယ်လို့ ပြောနေရင် မင်းနားထောင်လိုက်လေ..။မင်းကဘာတွေ ပြန်ငြင်းခုန် နေတာလဲ.."
ဟီရှောင်မင် လင်းဖန်ကို မကျေနပ်စွာ ကြည့်လိုက်တယ်..။
"သူက ဘယ်လို ဖြစ်ပြီး ကျွန်တော် အန်ကယ် ဖြစ်နိုင်မှာလဲ.."
*ဖြန်း..*
ရုတ်တရက် ရိုက်နှက်လိုက်တယ်..။
ဟီချန်းဟန် ဟာ ရှောင်မင်ကို ရိုက်နှက်လိုက်တာပါ..။ဟီရှောင်မင်ဟာ ခေါင်းမော့ပြီး သူ့အဖေကို မယုံကြည်နိုင်စွာ ကြည့်လိုက်တယ်..။
ဟီချန်းဟန်လည်း အနည်းငယ်ရုှုပ်ထွေး နေခဲ့တယ်..။ဒီခံစားချက်က ထုတ်ပြောဖို့ တကယ် မလွယ်ကူပါဘူး..။သူ့သား ငယ်ငယ်လေးထဲက လိုချင်တာ အကုန်လုံးကို ဖြည့်ဆီးပေးခဲ့ပြီး မပိတ်မပင်ပဲ အရာအားလုံး သည်းခံခဲ့တာပါ..။ဒါပေမဲ့ ဒီနေ့ သူ့သားက မာစတာ လင်းနဲ့ ငြင်းခုံဖို့ ကြိုးစားနေခဲ့ပါတယ်..။ဒါက မာစတာ လင်းကြောင့်ပဲ မဟုတ်ပါဘူး..သူ့သား ဒီလောက်အထိ ယဥ်ကျေးမူ မရှိုဖစ်နေလိမ့်မယ် လို့ မထင်ထားခဲ့ပေ..။
ဝမ်မင်ယန် နဲ့ ကျန်တဲ့ လူတွေလည်း ကြောင်အသွားခဲ့တယ်..။အကြီးအကဲ ဟီ သူ့သားကို ရုတ်တရက် ရိုက်နှက်လိမ့်မယ် လို့မထင်ထားခဲ့ကြပါဘူး..။
"ရှောင်မင်.."
အကြီးအကဲ ဟီ တစ်ခုခုပြောချင်ပေမယ့်လည်း..ဟီရှောင်မင်ဟာ အော်ဟစ်လိုက်တယ်..။
"ကျွန်တော့် နာမည်ကို လာမခေါ်နဲ့..။ကျွန်တော် ဘာလိုနေလဲ ဆိုတာတောင် မသိဘူးမလား..။ဒီနေ့လည်း အပြင်လူတစ်ယောက်ကြောင့် ကိုယ့်သားကို ရိုက်နှက်ပြန်ပြီလေ..။ကျွန်တော်လည်း အရွယ်ရောက်နေပြီ..။ကျွန်တော် ဘာတွေဖြစ်ချင်လဲ...ဘာတွေ ခံစားနေရလဲတစ်ခုမှ မသိဘူးမလား.."
"ကောင်းပြီ ငါသိတယ်..။ငါမင်းကို စိတ်ပျက်စေမိတဲ့ အတွက်လည်း တောင်းပန်တယ်..။ဒါပေမဲ့ ငါမင်းကို ဘာလို့ရိုက်လဲ ဆိုတာ ပြောပြမယ်..။မင်းက ဒီစပုံစံအတိုင်း တစ်ခြား လူတွေ ရှေ့မှာနေတာ ကျင့်သားရနေပြီပေါ့..ဒါပေမဲ့ ငါမင်းကို ပြောလိုက် မယ်..မင်းက အရှုံးသမား တစ်ယောက်လို ဖြစ်နေပြီ.. "
ဟီရှောင်မင် ဒေါသထွက်သွားခဲ့တယ်..။ယင်းနောက် သူပြေးထွက်သွားခဲ့ပါတယ်..။
ဟီချန်းဟန် ရုတ်တရက် လင်းဖန်ကို ကြည့်လိုက်တယ်..။
"မာစတာ လင်း တောင်းပန်ပါတယ်..။ဒါက ဟာသတွေ ဖြစ်နေခဲ့ပြီ..။ဆိုင်သစ်ဖွင့်ပွဲက ကျွန်တော်ကြောင့်..."
လင်းဖန် လက်ဝေ့ယမ်းလိုက်တယ်..။
"အကြီးအကဲ ဟီ မပြောပါနဲ့..ကျုပ်တို့က တစ်ယောက်နဲ့ တစ်ယောက်ရင်းနှီးတဲ့ မိတ်ဆွေ တွေလေ..။ခင်ဗျားရဲ့ မိသားစုမှာ ဒီလိုတွေ ဖြစ်နေလိမ့်
မယ်လို့ မထင်ထားဘူး..။ခင်ဗျားပြန်ရောက်ရင်သာ ဒေါသမထွက်ပါနဲ့..သူ့မှာ အနာဂတ်ကောင်းတွေ ရှိနေသေးတယ်..။ခင်ဗျား သက်ပြပေးတဲ့ နည်းလမ်းကို ပြောင်းဖို့ပဲ လိုအပ်တာ.."
ဟီချန်းဟန် ခေါင်းမော့လိုက်တယ်..။
"မာစတာ လင်း ကျွန်တော်သားက မျှော်လင့်ချက် ရှိသေးတာလား.."
သူ လုပ်နိုင်တဲ့ အရာရာတိုင်းကို အရင်ထဲက လုပ်ခဲ့ပြီးပါပြီ..။သူ စစ်တပ်ထဲလည်း ဝင်ဖူးပြီး..အလုပ်ပေါင်းများစွာမှာလည်း ကျင်လည်ခဲ့ဖူးပါတယ်..။သူက ကိုယ့်ကိုကို သတ်သေဖို့တောင် ကြိုးစားဖူးတဲ့ လူတစ်ယောက်ပါ..။သို့ပေမယ့် သူ့သားရဲ့ ပြသနာ ကို ဘယ်လို ဖြေရှင်းရမလဲ တကယ် မသိတေ့ပါဘူး..။
လင်းဖန် ပြုံးလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ..။
ဟီချန်းဟန်လည်း မာစတာ လင်းဘာလို့ ပြုံးမှနိး နားမလည်တော့ပါဘူး..။
…
ညဘက် အချိန်..။
တံတား တစ်ခုတွင်..။
ီဟီရှောင်မင်ဟာ အစွန်းတစ်ခုမှာ လဲလျောင်းနေခဲ့တယ်..။သူ့ရဲ့ ပိုက်ဆံအိတ် ထဲမှာ အချိန်အတော်ကြာအောင်..သိမ်းထားတဲ့..ဓာတ်ပုံလေးတစ်ပုံ ရှိနေခဲ့ပါတယ်..။
ဒါက မိသားစု ဓာတ်ပုံတစ်ခုပါ..။ဒါက မိသားစု သုံးယောက်ရဲ့ ပုံတစ်ပုံဖြစ်ပြီး..ဘယ်ဘက်အစွန်က လူရဲ့ ပုံကို ဆုပ်ဖြဲ ထားပေမယ့်..ကျန်တဲ့ အပိုင်းကတော့..အကောင်းပကတိပါပဲ..။
ဒီပုံထဲမှာ အပြစ်ကင်းစွာ ပြုံးနေတဲ့ ကောင်လေး တစ်ယောက်ဟာ..သူ့မိဘတွေရဲ့ လက်ကို ကိုင်စွဲ ထားခဲ့တာပါ..။
* ဒရစ်*
ဟီရှောင်မင် စတင်ပြီး မျက်ရည်တွေ ကျလာခဲ့ပါပြီ..။
"အမေ..သား အမေ့ကို အရမ်းလွမ်းနေပြီ..။သား အမေ့ဆီကို လာလည် ချင်တယ်.."
ဟီရှောင်ဟန်ဟာ ဒီမနက် မှာ ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာကို ပြန်တွေးပြီး ငိုနေခဲ့တယ်..။သူ့ကို ဂရုစိုက်နေတဲ့လူဘယ်သူမှ မရှိတော့ဘူးလို့ သူခံစားနေခဲ့ရပါတယ်..။
သူ့ရဲ့ ရည်းစားကလည်း သူ့ကို ပိုက်ဆံ အတွက်ကြောင့်သာ အနားမှာ ရှိနေတာကို သူသိထားပါတယ်..။သို့ပေမယ့် ဘာအကြောင်းပြချက် မှမရှိပဲ သူ့ကို အမြဲတမ်း ပျော်အောငိ ဖန်တီးပေးတဲ့ လူတစ်ယောက် ရှိခဲ့တာကို သူ မှတ်မိပါတယ်..။ဒါက သူအတိတ်ကို ပြန်ရောက်သွားမှပဲ ပြန်ပိုင်ဆိုင်ခွင့်ရမှာပါ..။
"ကောင်လေး..မင်းက မငယ်တော့ ဘူးလေ..။ဘာလို့ ဒီမှာ လာငိုနေတာလဲ.."
ယင်းနောက် တစ်စုံတစ်ယောက်ဟာ သူ့အနားလာပြီး စကားပြောခဲ့တယ်..။
ဟီရှောင်မင် ကြောင်အသွားခဲ့ပါတယ်..။ဒါဘယ်သူလဲ ဆိုတာ သူမြင်တဲ့ အချိန်မှာ သူ့အမူအရာပြောင်းသွားခဲ့တယ်..။
"မင်းငါ့ဆီကနေ ဘာလိုချင်လို့လဲ..။မင်း ငါ့အဖေနဲ့ မိတ်ဆွေတွေ ဖြစ်နေတာနဲ့ပဲ ငါမင်းကို လေးစားမယ် လို့ထင်မနေနဲ့..။အိပ်မက် ဆက်မက်နေလိုက်.."
လင်းဖန် ပြုံးလိုက်ပြီး..တံတား အစွန်းမှာ လဲလျောင်းလိုက်တယ်.။
"ငါမင်းရဲ့ လေးစားမူကို မလိုအပ်ပါဘူး..။ငါအဝေးကနေ..သိပ်ပြီး အဆင်မပြေတဲ့ ကလေးတစ်ယောက်ကို တွေ့လိုက်ရတယ်လေ..။သူက တံတားပေါ်ကနေ ခုန်ချချင်နေခဲ့တာ..။ဒါကြောင့် ငါလာဖို့ ဆုံးဖြတ်လိုက်တာပဲ..။ဘာဖြစ်လို့လဲ...မင်းကိုမင်း မှားယွင်းနေပြီလို့ ခံစားနေရလို့လား.."
ဟီရှောင်မင် မျက်ရည်တွေကို သုတ်လိုက်တယ်..။
"ဒါက မင်းနဲ့ ဘာမှ မဆိုင်ဘူး..။ငါ မင်းကို ရိုက်နှက်နိုင်တယ် ဆိုတာ ယုံလား.."
လင်းဖန် အောက်ကို ညွှန်ပြလိုက်တယ်..။
"ဘယ်လောက်ရဲရင့်လိုက်လဲ..။မင်းအာက်ကို ခုန်ချရဲလို့လား.."
"အရူးပဲ."
ဟီရှောင်မင် ကျိန်ဆဲလိုက်တယ်..။ဒီလူက အရူးတစ်ယောက်ပဲ..ဆိုတာ သူနားလည်လိုက်ပါပြီ ။
လင်းဖန် ခေါင်းခါယမ်းလိုက်တယ်..။
"မင်းက ကိုယ့်ကိုကို ဘယ်လောက်ကံကောင်းလဲ ဆိုတာ မသိတဲ့ လူတစ်ယောက်ပဲ..။မင်းက တစ်ခြားလူတွေ အတွက် မစဥ်းစားပဲ အမြဲတမး် တစ်ကိုယ်ကောင်းဆန်ခဲ့တယ်..။ငါမင်းကို မေးကြည့်မယ် မင်းအဖေဘာလို့ ဒီနေ့ မင်းကို ရိုက်နှက်လိုက်တာလဲ သိရဲ့လား.."
"ဘာလို့လဲ ဆိုတော့..ငါက စိတ်အနှောက် အယှက်ဖြစ်စရာ ကောင်းလို့လေ.."
ဟီရှောင်မင် နှာခေါင်းရုှုတ်ပြီး ပြန်ဖြေလိုက်တာပါ..။
လင်းဖန် ခေါင်းခါယမ်းလိုက်တယ်..။
"မဟုတ်ဘူး..တကယ်တော့ သူက မင်းကို ကာကွယ်ပေးခဲ့တာ.."
"စောက်ရေးမပါတာ..။ငါ့ကို ငါကွယ်တယ်တဲ့လား..။ငါက တစ်စုံတစ်ယောက်ကာကွာပေးဖို့ လိုအပ်တယ် လို့ ထင်လို့လား..."
"မင်းအဖေက ဘာလို့ ငါ့ကို အရမ်းယဥ်ကျေးနေလဲ ဆိုတာ သိရဲ့လား.."
လင်းဖန် ထပ်ပြောလိုက်တယ်.။
ဟီရှောင်မင် လင်းဖန်ကို ကြည့်လိုက်တယ်..။
"မင်းဘာပြောဖို့ ကြိုးစားနေတာလဲ.."
လင်းဖန် အကူညီမဲ့စွာ ပြောလိုက်တယ်..။
"တကယ်တော့ ငါတစ်ခါတစ်လေ မင်းအဖေက သနားစရာကောင်းတယ်လို့ ထင်မိတယ်..။သူ့ဘဝမှာ ကောင်းမွန်တဲ့ အချိန်တွေ ဆိုတာ မရှိသေလာက်ပဲ..။မင်းအမေကလည်း မင်းငယ်ငယ် လေး ကတည်းက သေသွားခဲ့တာလေ.။မင်းအဖေက ပျော်ရွှင်မူအတွက် နောက်အိမ်ထောင်ပြုဖို့ လုပ်ပေမယ့်လည်း မင်းကြောင့် စွန့်လွှတ်ခဲ့တယ်..။သူက မင်းဒီလောက်အထိ တစ်ကိုယ်ကောင်းဆန်လိမ်မယ် လို မထင်ထားခဲ့ဘူး..။သူက မင်းအတွက် အရာရာကို အနစ်နာခံပေးခဲ့တာ..။အဆုံးမှာတော့ မင်းက မင်းအဖေကို မကောင်းမြင်နေတုနိးပဲလေ..။ဒါကအတော် သနားဖို့ ကောင်းတယ်..."
ဟီရှောင်မင်ဟာ ဒေါသထွက်သွားခဲ့တယ်..။
"မင်းရူးနေလား..။ငါ့ကို ဘာပြောချင်နေတာလဲ..။ငါ့ရှေ့မှာ အရာရာသိနေတဲ့ အတိုင်း လာသရုပ်ဆောင်မနေနဲ့..။မဟုတ်ရင် မင်း မိုးကြိုး ပစ်ခံရလိမ့်မယ်.."