← Chapters

တစ်ခါတစ်လေ..မင်းတွက်ချက် တတ်ဖို့ လိုအပ်တယ်...

Vol. 21 Ch. 302

တစ်ခါတစ်လေ..မင်းတွက်ချက် တတ်ဖို့ လိုအပ်တယ်...

Vol. 21 Ch. 302

ဘာသာပြန် = စနိုးဝှိုက်

လင်းဖန်ဟာ တံတားအစွန်းမှာ လှဲလျောင်းနေရင်း ဆက်ပြောလိုက်တယ်..။

"တကယ်လို့ ..ငါ မင်းကိစ္စကို လုံးဝ ဂရုမစိုက်ပဲ ..ဒီမှာ..တိုက်ဆိုင်ပြ တွေ့လို့သာ လာခဲ့တာ လို့ ပြောရင် မင်းယုံကြည်ပါ့မလား.."

"ဒါက ရူးနေတာပဲ..!

ဟီရှောင်မင်..လင်းဖန်ကို ကြည့်လိုက်တယ်..။

"မင်း ငါ့ဆီက ဘာလိုချင်နေတာလဲ..။ဒီမနက် ဖြစ်ခဲ့တဲ့ အကြောင်းကို ပြောချင်လို့ လာခဲ့တာ ဆိုရင် ကျေးဇူးပြုပြီး လစ်လိုက်တော့..။ငါ့ကို လာပြီးဂရုစိုက်စရာ မလိုဘူး..."

လင်းဖန် ခေါင်းခါယမ်းလိုက်တယ်..။

"ကောင်လေး..ဘာပဲဖြစ်ဖြစ်..ငါက မင်းရဲ့ ဦးလေးလေ...ငါမင်းကို သွန်သင်ပြဖို့ တာဝန်ရှိတာပေါ့.."

ဟီရှောင်မင် ကျယ်လောင်စွာ ရယ်မောလိုက်တယ်..။

"မင်းကိုမင်း...အရမ်းတော်နေတဲ့ ပံူစံ လုပ်နေတာကို ရပ်လိုက်တော့..။ငါ့ရဲ့ ဥိီးလေး ဖြစ်ချင်ရင်တော့ မေ့လိုက်တော့..။ငါ ..ဟီရှောင်မင် က သေရမယ် ဆိုရင်တောင် မင်းကို ဘယ်တော့မှ ဦးလေး လို့ ခေါ်မှာ မဟုတ်ဘူး.."

"ငါ့အဖေနဲ့ သိတာနဲ့ပဲ မင်းပြောတာ လိုက်လုပ်မယ် လို့ ထင်မနေနဲ့..။ငါ ဟီရှောင်မင်က ပြောပြီးသား စကားကို ပြန်မရုတ်သိမ်းဘူး.."

လင်းဖန် ပြုံးလိုက်တယ်..။

"မင်းရဲ့ အဖေ ရင်ထဲမှာ မင်းက ဘယ်နေရာ လောက်ရှိနေမယ် ထင်လဲ.."

ဟီရှောင်မင် လင်းဖန်ကို ကြည့်လိုက်တယ်..။

"မင်းက ဘာကို သိချင်နေတာလဲ..။ငါပြောလိုက် မယ် သူ့ရဲ့ မျက်လုံးထဲမှာတော့ ငါက အရှုံူးသမား သက်သက်ပဲ..။ငါက တစ်နေ့နေ့ ဘာအလုပ်မှ မလုပ်တဲ့အမှိုက် တစ်စလိုပဲ..။သူက သူ့ကိုယ်သူပဲ အဓိက ထားပြီး ငါကတော့ သူ့ဘဝရဲ့ အရေးမပါတဲ့ အစိတ်အပိုင်း တစ်ခုပေါ့..။သူက သူဆူဆဲချင်တဲ့ အချိန် ဆူမယ်...ရိုက်နှက်ချင်တဲ့ အချိန်ရိုက် မယ်...ငါ...."

လင်းဖန် လက်ဝေ့ယမ်းလိုက်တယ်..။

"ငါ မင်းအဖေကို အခုခေါ်လိုက်ရင်ရော ဘယ်လိုလဲ.."

ဟီရှောင်မင် လှောင်ပြောင်လိုက်တယ်...။

"ခေါ်မနေနဲ့...ငါ့ကြောင့်သူလာ မှာ မဟုတ်ဘူး.."

"သူ လာလိမ့်မယ်.."

လင်းဖန် ပြုံးပြီး ပြောလိုက်တယ်..။

"မင်းက အရမ်း ယုံကြည်မူ ရှိနေတာပဲ.."

ဟီရှောင်မင် လင်းဖန်ကို ကြည့်လုက်တယ်..။

"ငါမင်းကို ပြောလိုက် မယ်..သူက ညတိုင်း ၉ နာရီဆိုရင် အိပ်ပြီ..။အရမ်း အရေးကြီးတဲ့ ကိစ္စဆိုရင်တောင်...နောက်တစ်ရက်ကို ချိန်းလိမ့်မယ်..။ငါ့ကိစ္စဆိုရင်တောင် သူ စောက်ဂရုတောင် စိုက်မှာ မဟုတ်ဘူး.."

လင်းဖန် ခေါင်းခါယမိးလိုက်တယ်..။

"သူ ကျိန်းသေလာလိမိ့မယ်..ဘာလို့လဲ ဆိုတော့ မင်းအဖေက ငါ့ကို ကြောက်တယ်လေ..။ငါသူ့ကိုလာဖို့ ပြောရင် သူလာမှာပဲ.."

ဟီရှောင်မင်ဟာ သူ့အဖေနဲ့ အနည်းငယ် အရှုပ်အထွေး ရှိပေမယ့် လည်း လင်းဖန်ရဲ့ စကားကြောင့် ဒေါသထွက်သွားခဲ့တယ်..။ဒါက သူ့အဖေကို စော်ကား နေသလိုပါပဲ..။

သူဖုန်းခေါ်လိုက်တယ်...အသံကတော့ ဟီရှောင်မင် ရင်းနှီးနေကြ အသံတစ်ခုပါ..။

"အကြီးအကဲဟီ...ကျွန်တော် သက်တံ တံတားမှာ..။တံတား အဆုံးမှာ ကျွန်တော်ကို လာရှာလိုက် ကျွန်တော် စောင့်နေလိုက် မယ်.."

ဒါပြောပြီး တဲ့ နောက်မှာ သူဖုန်းချလိုက်တယ်.။ယင်းနောက် သူ ဟီရှောင်မင်ကို ကြည့်လိုက်ပြီး..

"လာ တံတား အဆုံးကို ငါနဲ့ လိုက်ခဲ့..."

"ငါ အဲ့ကို သွားမှာ မဟုတ်ဘူး."

ဟီရှောင်မင် အော်လိုက်တယ်..။ရုတ်တရက် လင်းဖန်ရဲ့ လက်တွေဟာ ဟီရှောင်မင်ရဲ့ လက်မောင်း တွေကို တုတ်နှောင်လိုက်ပြီး ပြန်မတုန်းပြန်နို်င်တော့ ပါဘူး..။သူ လင်းဖန်နဲ့ အတူ တံတား အဆုံးကို လိုက်သွားခဲ့ရပါတော့တယ်..။

ကားက အဲ့မှာ ပါကင်ထိုးထားတာပါ..။

ဟီရှောင်မင်ဟာ လင်းဖန် သူ့ကို တိုက် ဆိုင်ပြီး တွေ့သွားတာ လို့ တကယ် မယုံကြည်ပါဘူး..။လင်းဖန် ဘာတွေ လုပ်ချင်နေတာလဲ ဆိုတာကို သူနားမလည်ပေ..။ဒီကောင်က သူ့ကို ပညာပေးချင်နေတာ ဖြစ်နိုင်ပါတယ်..။

ဘယ်လို ဟာသမျိုးလဲ...

"မင်း ဘာစောက်ရေး မပါတာတွေ လုပ်ချငိနေတာလဲ..။ငါမင်းရဲ့ နောက်လိုက် မဟုတ်ဘူး..။မင်းကိုယ်မင်း သိပ်အထင်ကြီး မနေနဲ့..။ဒီနည်းလမ်းက ငါ့အတွက်တော့ အသုံးမဝင်ဘူး.."

ဟီရှောင်မင် အော်လိုက်တာပါ..။

လင်းဖန်ကတော့ ဂရုမစိုက်ပေ..။သူ ကားနောက်ခန်းကို သွားပြီး ကြိုးတစ်ချောင်းကို ယူလိုက်တယ်..။ယင်းနောက် သူ ဟီရှောင်မင် ဆီ သွားလိုက်ပြီး...

"ဒီကြိုးကို ကြည့် ...ခိုင်ခံ့တယ် မလား...။ဒီကြိုးက မင်း ဝိတ်ကို ခံနိုင်မယ်လို့ ထင်လား.."

ဟီရှောင်မင် ပုခုံးတွန့်လိုက်တယ်..။

"ဘယ်လို ဟာသမျိုုးလဲ..။မင်းက အချစ်ရဲ့ စွမ်းအားတွေနဲ့ ကြိုးကို ချိုးဖြတ်နိုင်လား ကြည့်ချင်နေတာလား..။ရှည်ရှည်ဝေးဝေး ကြိုးစား မနေနဲ့။ငါတို့က ၂၁ ရာစုမှာပဲ ရောက်နေကြပြီ...ဒီအရာတွေကို ယုံကြည်နေသေးတယ်လား.."

"ငါ မင်းကို အဲလို မပြောမိပါဘူး.."

လင်းဖန် ပြုံးလိုက်တယ်..။သူကြိုးကို ဆွဲလိုက်ပြီး ဟီရှောင်မင်ကို ကြည့်လိုက်ပါတယ်..။

"မင်းခနနေကျရင် လှုပ်လို့ ရမှာ မဟုတ်ဘူးဆိုတာကို ငါသတိပေးချင်နေတာ.."

ဟီရှောင်မင် ကြောင်အပြီး မျက်နှာပြောင်းလဲ သွားခဲ့တယ်..။

"မင်းဘာလုပ်ချင်နေတာလဲ.."

လင်းဖန် တည်ငြိမ်စွာ ပြောလိုက်တယ်..။

"ငါ မင်းကို ကြိုးနဲ့ တုပ် မလို့လေ.."

"ချီးပဲ..."

ဟီရှောင်မင်ဟာ လင်းဖန် လုပ်နေတာတွေကို နားမလည်နိုင်တော့ပါဘူး..။သူ အတင်းရုန်းနေပေမယ့် လည်း လင်းဖန်နဲ့ ယှဥိရင် အရမ်းအားနည်း နေခဲ့ပါတယ်..။

"ကယ်ကြပါ...ကယ်ကြပါ.."

သူ အော်လိုက်တယ်..။

သို့ပေမယ့် အရမ်းနောက်ကျနေတော့ ဘယ်သူမှ ဒီနားကနေ မဖြတ်ကြတော့ပါဘူး..။အချိန်အတော်ကြာအော်ပြီး တဲ့နောက်မှာ သူ့ပါးစပ်ထဲကို တစ်ခုခု ရောက်လာခဲ့တယ်..။

သူ ညဥ်းညူရုံ လောက်သာ တတ်နိုင်ပြီး..ညှင်သာတဲ့ အသံအနည်းငယ် လောက်သာထွက်လာပါတောတယိ..။ယင်းနောက် လင်းဖန်ဟာ သူ့ကို တံတား နောက်ဘက်က ကွယ်ရာ တစ်ခု စီကို ခေါ်သွားခဲ့တယ်..။

"ဒီမှာ ငြိမ်ငြိမ် ထိုင်နေ..မင်းအဖေ မကြာခင် ရောက်လာလိမ့်မယ်.."

ဟီရှောင်မင်ဟာ ကြိုးကနေ လွတ်အောင် ကြိုစားပြီး ရုန်းလိုက်တယ်..။ဒီကြိုးက အတော်ကို တင်းအောင် တုတ်ထားတာဖြစ်ပြီး ဒီငနဲ က အတော်ကို သန်မာနေခဲ့တာပါ..။အဆုံးမှာတော့ သူ စိတ်လျော့လိုက်ပြီး ဒီမှာပဲ ထိုင်နေခဲ့တယ်..။

သူ့ကိုယ်ပေါ်က ကြိုးကို ကြည့်လိုက်တဲ့ အချိန်မှာ..သူ အရှက်ခွဲခံရသလို ခံစားလိုက်ရပါတယ်..။

သူက ငါ့ကို ကြိုးချည်ဖို့ ဘာလို့ ဒီနည်းလမ်းကို သုံးထားတာလဲ....

သိပ်မကြာခင်မှာပဲ..

ဟီရှောင်မင် ဆက်တိုက် ရုန်းနေတာကို ကြည့်ပြီး လင်းဖန် ပြောလိုက်တယ်..။

"ကြိုးစားနေတာ တော်လောက်ပြီ..မင်းအဖေ ကဒီနားမှာ ရောက်နေပြီ.."

ရုတ်တရက် တိတ်ဆိတ်သွားခဲ့တယ်..။

သူ့အဖေ သူ့ကို တွေ့သွားမှာကို ဟီရှောင်မင် ကြောက်ရွံ့သွားလို့လည်း ဖြစ်နိုင်ပါတယ်..။

"မာစတာ လင်း.."

ဟီချန်းဟန် သိပ်မဝေးတဲ့ နေရာကနေ နှုတ်ဆက်လိုက်တယ်..။

လင်းဖန် ပြန်ဖြေလိုက်တယ်..။

"အကြီးအကဲ ဟီ ထိုင်ပါဦး.."

ဟီချန်းဟန် ပြန်ပြောလိုက်တယ်..။

"မာစတာ လင်း ဒီမနက်ဖြစ်ခဲ့တာ အတွက်တောင်းပန်ပါတယ် ..။ကျေူဇူးပြုပြီး စိတ်ထဲကနေ မမှတ်ထားပါနဲ့.. ။သူက ကလေးပဲ ရှိသေးတော့ ယဥ်ကျေးမူတွေဘာတွေ နားမလည်သေးဘူး.."

လင်းဖန် လက်ဝေ့ယမ်းလိုက်တယ်..။

"ခင်ဗျားတောင်းပန်ဖို့ မလိုပါဘူး..။ဒီအကြောင်းကို ကျွန်တော် မေ့တောင် မေ့နေပြီ..။ကျွန်တော် တစ်ခုခု ပြောစရာ ရှိလို့ လှမ်းခေါ်လိုက်တာ..ဒါပေမဲ့ ခင်ဗျား စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားဖို့တော့ လိုအပ်လိမ့်မယ်..။

ဟီရှောင်မင်ဟာ...ထွက် မပြေးပဲ တိတ်တဆိတ်နားထောင်နေခဲ့တယ်..။မာစတာ လင်း ဘာလုပ်ဖို့ ကြိုးစားနေလဲ ဆိုတာ သူသိချင်နေခဲ့တာပါ.။

ဟီချန်းဟန် ကြောင်အသွားခဲ့တယ်. ။

"မာစတာ လင်း..ဘာဖြစ်လို့လဲ.."

သူ့အသံဟာ အနည်းငယ်ကြောက်ရွံ့ နေခဲ့တယ်..။တစ်ခုခု မကောင်းတာ ဖြစ်တော့မယ် ဆိုတာ သူသိနေတဲ့ ပုံပါပဲ..။

လင်းဖန် သက်ပြင်းချလိုက်ပြီး...

"ကျုပ်ခင်ဗျားသားရဲ့ ကံကြမ္မာကို ဒီနေ့ ဖတ်ကြည့်လိုက်တော့..ခင်ဗျားသားမှာ ပြသနာ ရှိနေတာကို တွေ့လိုက်ရတယ်.."

* တစ်ခုခု တိုက် မိသည့်အသံ.*

ဟီချန်းဟန် ကြောင်အသွားပြီး အလျင်အမြနိ မေးလိုက်ပါတယ်..။

"မာစတာ လင်း..ဘာဖြစ်လို့လဲ..။သူက ပြသနာ တစ်ခုခု တက်တော့မှာလား.."

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။

"ခင်ဗျား ကျုပ်ကို ယုံကြည်တယ် မလား.."

"အင်း.."

ဟီချန်းဟန် ချက်ချင်း ပြန်ဖြေလိုက်တာပါ..။

ဟီရှောင်မင် ပြုံးလိုက်တယ်..။ဒါက သူ့အဖေအတွက်တော့ သတင်းကောင်းတစ်ခုတောင် ဖြစ်ရင် ဖြစ်နိုင်မှာပါ..။သူ့မှာ ပြသနာ တစ်ခုခု ရှိနေရင် သူ့အဖေက ပျော်ရွှင်နေမှာ ဖြစ်ပြီး ..ထပ်ပြီး စိတ်ပူစရာ မလိုတော့ဘူး လို့တောင် တွေးနေနိုင်ပါတယ်..။

"ဒီကပ်ဆိုးကနေ ..ရှင်သန်ဖို့ သူ့အတွက် ခက်ခဲလိမ့်မယ်.."

ဟီချန်းဟန် အတွက်ကတော့ ဒီကိစ္စက အကြီးမားဆုံး အရာကြီးတစ်ခုပါ.။ဟီရှောင်မင်တောင်မှ ဒါကိုကြားပြီး ကြောင်အသွားခဲ့ပါတယ်..။

ဟီချန်းဟန် မြေကြီးပေါ်မှာ ဒူးထောက်လိုက်တယိ..။

"မာစတာ လင်း..ကျေးဇူးပြုပြီး..မင်ယန်ကို ကယ်တင်ပေးပါဦး..။ကျွန်တော့်မှာ ဒီသားတစ်ယောက်ထဲရှိတာပါ..။သူက ငယ်ငယ်လေးပဲ ရှိသေးတာ..သူ့ကို ဒီလို မဆုံးရှုံးချင်ဘူး.."

လင်းဖန် ကြည့်လိုက်တယ်..။

"အကြီးအကဲ ဟီ တစ်ခါတစ်လေအကောင်းဘက်ခြမ်းကနေ ကြည့်သင့်တယ်..။တစ်ခါတစ်လေ..တစ်စုံတစ်ယောက်ရဲ့ ကံကြမ္မာကို မပြောင်းလဲ နိုင်ဘူးလေ..။ကျွန်တော် ခန့်မှန်းတာတော့ ခင်ဗျား သူ့ကို အတော်စိတ်ပျက်နေပြီ ထင်တယ်..ဟုတ်တယ်မလား.."

ဟီရှောင်မင် တိတ်ဆိတ်သွား ခဲ့တယ်..။သူခေါင်းကို ငုံ့ထားပြီး စိတ်ထဲမှာတော့ လှောင်ပြောင်နေခဲ့တယ်..။

ဟုတ်တယ်..သူ ဒူးထောက်တယ် ဆိုတာက ငါ့ကို ဂရုစိုက် ပြီး ကြီးမြတ်ချင်ယောင် ဆောငိဖို့ အတွက်ပဲ ဖြစ်လိမ့်မယ်...။သူငါ့ကို လုံးဝ ဂရုစိုက်တာ မဟုတ်ဘူး....

ဘာတွေ ဆက်ပြောမလဲ ဆိုတာ သူနားထောင်နေခဲ့တယ်..။

ဟီချန်းဟန် ခေါင်းညိမ့်လိုက်တယ်..။

"ဟုတ်တယ်...သူကျွန်တော်ကို ..မျက်နှာပျက်စေပေမယ့်လို့ ကျွန်တော် မပြစ်မတင်ပါဘူး..။ဒါတွေ အကုန်လုံးက ကျွန်တော် ကြောင့်ဖြစ်လာခဲ့တာပဲလေ..။သူ့အမေက ကျွန်တော်တို့ကို အစောကြီး ထားခဲ့တော့ ကျွန်တော့်မှာ ဒီတာဝန်တွေကို ယူဖို့ အပြည့်အဝရှိတယ်..။သူ မူလ တန်းကျောင်းကို စတက်တော့ ကျွန်တော် အရမ်းဂုဏ်ယူခဲ့ရတာပဲ..။သူ အတန်းတွေ ကြီးလာတော့ အတော်နားလည် ရင့်ကျတ်လာပြီလို့ ထင်ခဲ့တယ်..။အဲ့တုန်းက ကျွန်တော်က ငယ်သေးတော့ သဘောကျတဲ့ လူတစ်ယောက်ယောက်နဲ့ လက်ထပ်ပြီး သူ့အတွကိ အမေရှာပေးဖို့ တောင် စဥ်းစားထားသေးတယ်..။ဒါပေမဲ့ သူက လုံးဝ ပြောင်းလဲ သွားခဲ့တယ်..။ကျုပ်သူ့ရဲ့ ခံစားချက်တွေကို မတွေးပေးမိလို့လဲ ဖြစ်နိုင်တာပေါ့..။ဒါက သူ့ကို ဝမ်းနည်းစေလိမ့်မယ်လို့ တကယ် မထင်ခဲ့မိဘူး..။အဲ့အချိန်ကနေစပြီး အခုထိ သူက အေးစက်စက် ဖြစ်သွားခဲ့တော့တာပဲ.."

"သူဘယ်လိုပဲ ပြောင်းလဲ ပြောင်းလ​ဲ..။ကျွန်တော် သူ့အပေါ်ချစ်တဲ့ အချစ်တွေကတော့ မပြောင်းလဲ ပါဘူး.."

လင်းဖန် ပြန်ဖြေလိုက်တယ်...။

"ခင်ဗျားရဲ့ ပျော်ရွင်မူတွေကို သူ့ကြောင့် စွန့်လွှတ်ခဲ့ရတာပေါ့..။သိပ်တော့ မဟုတ်သေးဘူးနော်.."

ဟီချန်းဟန်​ေ ခါင်းခါယမ်း လိုက်တယ်..။

"မဟုတ်ဘူး...မာစတာ လင်းက ကလေး မရှိတော့ နားလည်နိုင်မှာ မဟုတ်ဘူး..။သူက ကျွန်တော်ရဲ့ တစ်ဦးတည်းသော သားလေးပဲ..။သူက မကြိုက်ဖူးဆိုတာ ကျွန်တော်သိတာနဲ့ သူမနဲ့ အဆက်အသွယ် ဖြတ်ခဲ့တယ်..။ကျွန်တော်ရဲ့ ပျော်ရွင်မူအတွက်ကြောင့်နဲ့ သူ့ကိုကျွန်တော် ဝမ်းနည်းမူတွေ မရှိစေချင်ဘူး..။ကျွန်တော် သူ့ကို အများကြီး အကြွေးတငိထားမိပြီ.."

"အရင်တုန်းက..ကျွန်တော် အလုပ်တွေ အများကြီး ကြိုးစားခဲ့တယ် ဆိုတာကလည်း..သူ့ဘဝအတွက် အကောင်းဆုံး အရာတွေကို ပေးချင်လို့ပဲ..။ကျွန်တော် သူ့ကို စိုးရိမ်ပူပန်မူတွေ မပေးချင်ခဲ့ဘူး..။အခုတော့ ကျွန်တော် သိလိုက်ပြီ..သူက တစ်ခြားအရာတွေ ဘာမှ မလို အပ်ဘူး..ချစ်ချင်း မေတ္တာတွေနဲ့ ဂရုစိုက် မူတွေကိုပဲ လိုအပ်တာ..."

လင်းဖန် ကြည့်လိုက်တယ်..။

"ဒါပေမဲ့ သူက ခင်ဗျားကို မကောင်းတဲ့ ဘက်ခြမ်းကနေပဲ မြင်နေတယ် ထင်တယ်နော်.."

ဟီချန်းဟန် ပြောလိုက်တယ်..။

"မာစတာ လင်း..ဒါကလည်း အရေးမကြီးပါဘူး..။သူ့ကိုသာ ကယ်တင်ပေးပါ..သူ့အတွက် ကျွန်တော်ရဲ့ အသက်ကို ပြန်ပေးပါ့မယ်..။ကျွန်တော် နောင်တမရဘူး..။သူ့တစ်ဘဝလံူး ကျွန်တော်ကို မုန်းမယ် ဆိုရင်တောင်.. သူအသက်ရှင်နေရင် ကျွန်တော် ပျော်ရွှင်ရမှာပါ.."

ဟီရှောင်မင်ဟာ ပုန်းကွယ်နေရင်း မျက်တောင် မခတ်ပဲ ကြည့်နေခဲ့တယ်..။အခြေအနေက ဒီလို ဖြစ်လာလိမ့်မယ်လို့ သူမထင်ထားခဲ့ပါဘူး..။သူ့အဖေဆီက ဒီလို စကားမျိုးတွေ ထွက်လာတာကိုဘသူမယုံကြည်နိုင်ခဲ့ပေ..။

အရင်တုန်းက သူ့အဖေ သူ့ကို ပြောခဲ့တဲ့ မကောင်းတဲ့ စကားလုံးတွေကို ပြန်သတိရလိုက်တယ်..။

"ထွက်သွားစမ်း..မင်းလိုသားမျိုး ငါမလိုချင်ဘူး.."

"မင်းက အတော်စိတ်ပျက်ဖို့ ကောင်းတာပဲ.."

"မင်းလို ခွေးသားမျိုးကို ဘယ်လိုလုပ်ပြီး သားအဖြစ်တော်နေရတာလဲ.."

"မင်းအသက် မင်းပြန်ကြည့်ဦး...ငါ မင်းအရွယ်တုန်းကဆိုရင် အလုပ်တွေကို ကြိုးစားနေပြီ..။မင်းက အလကား အရှုံူးသမားပဲ.."

…

အခုတော့ အရာရာကို ကွဲကွဲပြားပြား နားလည်လိုကိပါပြီ..။

လင်းဖန် အကူညီအဲ့စွာ ခေါင်းညိမ့်လိုက်တယ်..

"အကြီးအကဲ ဟီ ကျွန်တော်က ခင်ဗျားရဲ့ မိတ်ဆွေ တစ်ယောက်ပါ..။ခင်ဗျား ဒီလောက်တောင် ပြောနေမှတော့ ကျွန်တော် ခင်ဗျားကို လမ်းညွှန်ပေးပါ့မယ်..။ဒီကနေ ကီလိုမိတာ ၅၀၀၀ လောက်ဝေးတဲ့ နေရာမှာဘုရားကျောင်း တစ်ခုရှိတယ်..။အဲ့ကို သွားပြီး တစ်ရက် တိတိ ဆုတောငိးပါ..။ပြီးရင် ဘာဆက်ဖြစ်မလဲ ဆိုတာတော့ ကျုပ်လည်း သေချာ မသိဘူး..။ခင်ဗျား ကံတရားပေါ်မှာပဲ မူတညိတယ်.."

အကြီးအကဲဟီ ခေါင်းခါယမ်းလိုက်တယ်..။

"ကျုပ် ဒါကို သွားလုပ်ရင်..ကျွန်တော်သား အဆင်ပြေသွားမှာမလား...ဟုတ်တယ်မလား.."

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။

"အနည်းဆုံးတော့ မျှော်လင့်ချက်ရှိသေးတာပေါ့.."

"နားလည်ပြီ.."

…

ယင်းနောက် အကြီးအကဲ ဟီ ထွက်ခွာ သွားခဲ့တယ်..။

လင်းဖန် ဖုန်း ဓာတ်မီးကို ဖွင့်လို်က်ပြီး...ဟီရှောင်မင်ကို ထိုးကြည့်လိုက်တဲ့ အချိနိမှာ ခေါငိးငုံ့ထားတာ တွေ့လိုက်ရပါတယ်..။သူ မျက်နှာ မှာတော့ မျက်ရည်တွေနဲ့ ပြည့်နှက်နေလို့ပါ..။သူ့ကြည့်ရတာ ဒီလို အဖြစ်အပျက်ကို မမျော်လင့်ထားတဲ့ ပုံပါပဲ...။

All Chapters