← Chapters

ရူးသွပ်တဲ့စျေးနှုန်း

Vol. 21 Ch. 304

ရူးသွပ်တဲ့စျေးနှုန်း

Vol. 21 Ch. 304

ဘာသာပြန် = စနိုးဝှိုက်

တိမ်ဖြူလမ်း..။

ဒီနေ့က ဆိုင်စဖွင့်ပြီးကတည်းက ဒုတိယမြောက်နေ့ပါ..။

"မဂ်လာမနက်ခင်းပါ သူဌေးလေး"

လင်းဖန် တစ်ခြား ဆိုင်ပိုင်ရှင်တွေကို နှုတ်ဆက်လိုက်တယ်..။ဆိုင်တွေပြန်ဖွင့်ပြီးတဲ့ နောက်မှာ အားလုံးရဲ့ ခံစားချက်တွေက ကောင်းမွန်နေခဲ့ပါတယ်..။သူတို့ အနာဂတ်အတွက် ယုံကြည်မူတွေရှိနေကြလို့ပါ..။မနေ့က ရောက်လာတဲ့ ကာစတန်မာ အရေအတွက်ကလည်း တကယ်ကို အံ့ဩဖွယ်ရာပါပဲ..။သူဌေးလေးရဲ့ ပန်ကိတ်ကို လူတွေ အများကြီး ဝယ်စားခဲ့ကြတာပါ..။

သူဌေးလေးရဲ့ ပန်ကိတ်တွေမှာထုတ်ပြောဖို့တောင် မလွယ်ကူတဲ့ စွမ်းရည်တွေ ရှိနေခဲ့ပါတယ်..။တကယ်လို့ တစ်စုံတစ်ယောက်ဟာ စားပြီးသွားရင်..သူ့ရဲ့ စိတ်ဝဥာဥ် ထဲအထိ စွဲလမ်းသွားတော့မှာပါ..။

ဟီချန်းဟန်နဲ့ သူ့သားရဲ့ အခြေအနေက အပြင်လူတွေနဲ့ တော့ ဘာမှ မဆိုင်ပါဘူး..။မနေ့က ဟီချန်းဟန် ရဲ့ အဖြစ်အပျက်ကို မြင်ပြီး တဲ့ နောက်မှာ..ဝမ်မင်ယန် နဲ့ ကျန်တဲ့ လူတွေဟာ ကူညီကြချင်ပေမယ့်လည်း ဘယ်လိူ ကူညီရမလဲ မသိကြပါဘူး..။ဒီနေရာမှာ ချမ်းသာခြင်းက အသုံးမဝင်ခဲ့ပေ..။

"ဆိုင်အသစ်ဆိုတော့ ဘယ်လို ခံစားရလ​ဲ.."

လင်းဖန် ဆိုင်ထဲကို လျောက်ဝင်သွားပြီး မေးလိုက်တာပါ..။ဒီဆိုင်က..အရင်ဆိုင်အဟောင်းထက် သုံးဆလောက် ပိုပြီး ကြီးမားပါတယ်..။အတွင်းပိုင်းပြင်ဆင်မူကလည်း ပိုပြီး ကောင်းမွန်အောင် ပြုလုပ်ထားခဲ့တာပါ..။

လူလိမ် ထျန် ရယ်မောလိုက်တယ်..။

"ဒါ တကယ်ကောင်းတယ်..။ဒါက ငါတို့ ဘဝတွေ မြင့်တက်လာတာကို ဖော်ပြတာပဲ..။နောက်ကျရက် ငါတို့ ကျိန်းသေ ပိုကောင်းတဲ့ နေရာကို ရောက်ကြဦးမှာ."

ကျောက်ကျန်းယန်ဟာ တိုက်ရိုက် ထုတ်လွင့်နေခဲ့တယ်..။

"ကျုပ်က လစာရနေတဲ့ လူတစ်ယောက် ဖြစ်တာတောင်..ဒီနေရာမှာပဲ နေချင်နေတယ်..။အခုက စပြီး ကျွန်တော်က မာစတာ လင်းရဲ့ အွန်လိုင်း သံတမန် ပဲ.."

ဝူယူလန် ပြုံးလိုက်တယ်..။

"ကျွန်မက မာစတာ လင်း ဆိုင်ရဲ့ ဧည့်ကြိုပေါ့.."

ဝူတန်ဟီ ရယ်မောလိုက်တယ်..။

"ငါက ဗေဒင်ဆရာပဲ.."

"လတ်တလောမှာ ငါ့ရဲ့ ဗေဒင်ပညာ တွေက တောိတော် တိုးတက်လာပြီ..။ဟုတ်တယ် မလား..အစ်ကို ဝူ.."

လူလိမ်ထျန် ပျော်ရွှင်စွာ မေးလိုက်တာပါ..။

ဝူတန်ဟီ ခေါင်းခါယမ်း လိုက်တယ်..။

"ဒါက တိုးတက် မူ သေးသေးလေးပဲ..။မင်း အများကြီး ကြိုးစားဖို့ လိုသေးတယ်.."

လင်းဖန် ထိုင်ခုံမှာ ထိုင်ပြီး လူတိုင်းနဲ့ စကားပြောနေခဲ့ပါတယ်..။အဲ့အချိန်မှာတော့..ကျောက်ကျန်းယန်ဟာ ဝင်ပေါက်မှာ ရပ်နေလို့ပါ..။သိပ်မဝေးတဲ့ နေရာတစ်ခုမှာ ဘာတွေ ဖြစ်နေတာလဲ ဆိုတာ မြင်ပြီး သူအော်လိုက်တယ်..။

"အလုပ်လုပ်ကြရအောင်...အလူပ်လုပ်ရတော့မယ်..။ဒီလူတွေ နောက်ဆုံးတော့ ​ေရာက်လာကြပြှီ.."

"နေရာ အသစ်မှာ..ခြေလှမ်း အသစ်တွေနဲ့ အတူတူ အလုပ်လုပ် လိုက်ရအောင်.."

လင်းဖန် ရယ်မောပြီး ပြောလိူက်တာပါ..။

ဝူယူလန် နဲ့ လူလိမ် ထျန်ဟာ ဆိုင်ပေါက်ကို ထွက်ကြည့်လိုက်ရာ..များပြားလှတဲ့ မြို့သားတွေ သူတို့ ဆိုင်ကို ဦးတည်လာတာ တွေ့လိုက်ရတယ်..။ဒီပမာဏက အရင်တိမ်ဖြူလမ်း ရဲ့ အ​ေရအတွက်ကိုတောင် ယှဥ်နိုင်ပါတယ် .။

…

သိပ်မဝေးတဲ့ နေရာမှာတော့..။

"ဒီဆိုင်က မနေ့ကမှ ဖွင့်ထားတာလေ..။ငါ မနေ့က ပန်ကိတ် စားရတာ အရမ်းသာက တကယ်ကို မမေ့နိင်စရာပဲ..။ရူးသွပ်ဖို့ ကောင်းတယ်.."

သက်လတ်ပိုင်း မိန်းမကြီး တစ်ယောက်ဟာ ပြောလိုက်တာပါ..။

"ငါ့ယောက်ျားပြောတာက ဒီဆိုင်ရဲ့ ပန်ကိတ်တွေက အရမ်းကောင်းတာတဲ့..။ငါ အစတုန်းက ဒါကို မယုံကြည်ခဲ့ဘူး..။ပန်ကိတ် တစ်လုံးက ဘယ်လောက်များ အရသာ ရှိနိုင်မှာ မို့လို့လဲ..။ဒါက အရသာ ရှိတယ် ဆိုရင် တောင် အကန့်အသတ် ရှိနိုင်တယ်လေ..။ငါ့ယောက်ျားက တစ်ခြား ပန်ကိတ်တွေနဲ့ မတူဘူးလို့ ပြောနေတာနဲ့..စမ်းကြည့်ဖို့ လာခဲ့တာ.."

"ဟားဟား..နင့်ရဲ့ ယောက်ျားမှန်တယ်..။နင်လည်း စားပြီးမှပဲ ဒီခံစားချက်ကို နားလည်လိမ့်မယ်.."

ဘေးနားက ဆိုင်ပိုင်ရှင်တွေဟာလည်း..သူတို့အချင်းချငိး ဆွေးနွေး နေခဲ့ကြတယ်..။

"ငါမင်းကို ပြောသားပဲ..မာစတာ လင်းရှိနေသ၍...ကားစတန်မာဆိုတာ ရှိနေမှာပဲ.."

"မနေ့က ငါ ဒီနားဝန်ူကျင်ကို လျောက်ကြည့်သေးတယ်..။လူနေထူထပ်မူက အရင်တိမ်ဖြူလမ်းကို မယှဥ်နိုင်ဘူး..ဒါပေမဲ့..ဒီနေ့ လာတဲ့ အရေအတွက်ကတော့ အရင်နေရာနဲ့ အတူတူလောက်ပဲ.."

"ဟေး..ကြည့်လိုက်ဦး..။ဟိုလူတွေက အရင်တိမ်ဖြူလမ်းက မဟုတ်ဘူးလား..။ဘာလို့ သူတို့ ဒီကိုရောက်နေတာလဲ.."

…

"မင်းတို့ တိမ်ဖြူလမ်းနားမှာ နေတာ မဟုတ်ဘူးလား..။ပန်ကိတ် တစ်ခု အတွက် ဒီကို တကယ်လာကြတာလား.."

ဆိုင်ပိုင်ရှင်တစ်ယောက်ဟာ မေးလိုက်တယ်..။

လူကြီးဟာ ရယ်မောလိုက်ပြီး..

"ဟားဟား..မင်းတို့ ဆိုင်တွေ ပြင်ဆင်နေတုန်းက ငါအိမ်ပြောင်းလာခဲ့တာလေ..။ဘာပဲဖြစ်ဖြစ် ဒီနေရာက ငါ့အလုပ်နဲ့ သိပ်ပြီး ဝေးတာ မဟုတ်ဘူး.."

ဆိုင်ပိုင်ရှင်တွေဟာ လေးစား သွားခဲ့ကြတယ်..။စွမ်းဆောင် နို်င်စွမ်းရှိတဲ့ လူတစ်ချို့ပဲ ဒီလိုမျိး လုပ်နိုင်ကြတာပါ..။

သူတို့ တကယ်လေးစား သွားကြတယ်..။

လူလိမ် ထျန်ဟာ ဆိုင်ပေါက်ဝမှာ ရပ်နေခဲ့ပြီး..

"အားလံူးပဲ ကျွန်တော် တို့ဆိုင်မှာ စည်းမျဥ်းတွေ ရှိပါတယ်..။အဲတာ ကတော့ တစ်နေ့ကို ဆယ်လုံးပဲ ရောင်းချပေးမှာပါ..။ပန်ကိတ် တစ်လံူးကို ဒေါ်လာ ၅၀ ဖြစ်ပြီးတော့ ဒါကလည်း နံပါတ် အရွေးခံရမှ ဝယ်ယူလို့ ရမှာပါ..။တစ်ချိန်တည်းမှာပဲ နံရံပေါ်က ပိုစတာ ကို ဖတ်ကြည့်လို့ရပါတယ်..။တကယ်လို့ နားလည်ခဲ့ရင် ပန်ကိတ် ဝယ်ခွင့်ရမှာပါ..။ဒါက ကျွန်တော် တို့ရဲ့ စည်းမျဥ်းတွေ ပါပဲ.."

လူလိမ် ထျန် ဒါကို ပြောပြီးတဲ့ အချိန်မှာ အားလံူး အံ့ဩသွားခဲ့ကြတယ်..။

"မဖြစ်နိုင်တာ..ဘယ်ဆိုင်ကများ ဒီလို ထူးဆန်းတဲ့ စည်းမျဥ်းတွေ ရှိလို့လဲ.."

"ဟုတ်တယ်...ငါတို့ ပိုက်ဆံ မပေးချင်တာလဲ မဟုတ်ဘူး..ဘာလို့ တစ်နေ့ကို ဆယ်လုံးပဲ ရောင်းတာလဲ.."

"ငါတော့ မဝယ်တော့ဘူး...ဒါမျိုးဆိုင်ကို ငါတစ်ခါမှ မတွေ့ဖူးဘူး.."

့မြို့သားတွေဟာ လှုပ်လှုပ်ရှားရှား ဖြစ်နေကြပြီး..သူတို့ ပြောနေတဲ့ စကားကတော့ မဝယ်တော့ဘူး ဆိုတာပါပဲ...။သို့ပေမယ့် သူတို့က ပါးစပ်ကသာ ပြောနေပြီး လူကတော့ ရပ်မြဲအတိုင်း ရပ်နေကြပါတယ်..။

သူတို့ မာစတာ လင်း အကြောင်း မသိပဲ နေမလား...

သူတို့ ဒီလို ပြောနေတာက တစ်ခြား လူတွေကို ထွက်သွားအောင်လို့ အစွမ်းကုနိကြိုးစားနေကြတာပါ..။ဘာပဲဖြစ်ဖြစ် သူတို့အတွက် ဝယ်ဖို့ အခွင့်အရေး ပိုရလေ ပိုကောင်းလေပါပဲ..။

အမှန်တကယ်ပဲ တစ်ချို့မြို့သားတွေဟာ စတင်ငြင်းခုန်လာခဲ့ကြတယ်..။

"မင်းတို့ ငါ့တို့ကို စောက်ရူးတွေများ ထင်နေတာလား..။ငါတို့ မာစတာ လင်းရဲ့ ပန်ကိတ်တွေ အကြောင်းကို မသိပဲ နေမလား.."

"ဟုတ်တယ်..အင်တာနက်က..လူတိုင်းသုံးလို့ရနေပြီလေ..။ငါတို့လည်း မာစတာ လင်းရဲ့ စည်းမျဥ်းတွေကို သိပြီးသား.."

"ငါ ဒီပန်ကိတ်အတွက် မနက် ၆ နာရီလောက်ထပြီး အိမ်ကနေ ပြေးလာခဲ့တာ..။ထွက်သွားချင်တဲ့ သူရှိရင် ထွက်သွားလိုက်..ငါ ပိုပြီး အခွင့်အရေး များတာပေါ့.."

တစ်ခြား မြို့သားတွေကတော့ သူတို့ ပြောနေတာတွေကို ဂရု မစိုက်ကြပါဘူး..။ဒီထဲက တစ်ချို့ကဘမနေ့က ပန်ကိတ် မစားလိုက်ကြရတဲ့ လူတွေပါ..။

အဲလောက်တောင် အရသာရှိလို့လား..

အလကားစားရတဲ့ အစားအသောက် ဘာမှ မရှိပါဘူး..။မနေ့က ပန်ကိတ်တွေကတော့..အခမဲ့ဖြစ်ပြီး အကန့်အသတ်လည် မရှိပေ..။ဒါကလည်း မျိုးစေ့ ကြဲချတဲ့ သဘောမျိုးပါ.။

အကြည့်..

မနေ့က ပန်ကိတ်စားသွားကြတဲ့ မြို့သားတွေလည်း ဒီမှာ ရောက်နေခဲ့ကြပါပြီ..။

သူတို့အားလုံး မနေ့ကတည်းက မာစတာလင်းရဲ့ ဆွဲဆောင်မူကို ခံခဲ့ကြရတာပါ..။အရသာက တကယ် မယုံနိုင်စရာပါပဲ..။ထပ်ပြောရရင် သူတို့က ပထမဆုံးအကြိမ်စားဖူးကြတာပါ..။အကြိမ်များစွာစားဖူးတဲ့ လူတွေတောင် ထပ်စားချင်နေကြတာ သူတို့ကတော့ လုံးဝတောင့်မခံနိုင်ကြပါဘူး..။

ရုတ်တရက်..ပွဲစားတွေဟာ စတင်အော်ဟစ်လာကြတယ်..။

"ပန်ကိတ်ရတဲ့ လူတိုင်း ဒေါ်လာ ၈၈၈ နဲ့ ပြန်ရောင်းလို့ လို့ရတယ်နော်.."

"ဒီမှာ ဒေါ်လာ ၁၀၀၀ နဲ့ ပြန်ဝယ်နေတယ်.."

မာစတာ လင်းရဲ့ ပန်ကိတ်တွေက ပွဲစားတွေ နဲ့ အတော်ကို နာမည်ကြီးပါတယ်.။မာစတာ လင်းရဲ့ ပန်ကိတ်ကို စားချင်ကြတဲ့ လူချမ်းသာ တွေမှ အများကြီးပါပဲ..

ထပ်ပြောရရင် စျေးနှုန်းကလည်းလုံဝ ကို မနည်းပါဘူး..။

ပွဲစားတစ်ယောက်ဟာ ပန်ကိတ်ကို ရူးသွပ်စရာ စျေးနှုန်းနဲ့ ရောင်းချခဲ့ဖူးပါတယ်..။

သူက လုံးဝ ညှိနှိုင်းခြင်းမရှိပဲ...ဒေါ်လာ ၁၀၀၀၀ နဲ့ရောင်းချခဲ့တာပါ..။အဆုံးမှာတော့...လူချမ်းသာ တစ်ယောက်ဟာ ဒါကို ဝယ်သွားခဲ့ပါတယ်..။

ဒါပေါ့..ဒီလို အဖြစ်အပျက် မျိုးက ရှားပါးပါတယ်..။ပုံမှန် အနေနဲ့ ဆိုရင် အများဆုံးပေါက်စျေးက ဒေါ်လာ ၃၀၀၀ ဝန်းကျင်လောက်မှာ ရှိနေခဲ့တာပါ..။

ဒါကြောင့် မာစတာ လင်း..ရဲ့ ပန်းကတိက စျေးနှုန်းသက်သာစွာနဲ့ ဝယ်ယူနိုင်ပြီး..ရူးသွပ်စရာ စျေးနှုန်းနဲ့ပြန်ရောင်းချနိုင်တဲ့ တစ်ခုထဲသော အစားအသောက်ပါ..။

ဒီစျေးနှုန်းတွေက သင့်တော်ပြီး..ထပ်တိုးတောင်းလို့ ရသေးတယ် လို့တောင် အားလုံးက ယုံကြည်ထားကြပါတယ်..။

မာစတာ လင်းဆီကနေ ပန်ကိတ် တိုက်ရိုက် ဝယ်ဖို့ဆိုတာက မဖြစ်နိုင်သလောက်ပါပဲ..။ဒီမှာ လူအများကြီး ရှိနေပြီး..တစ်နေ့ကိုမှ ဆယ်လုံးပဲ ရောင်းချပေးတာပါ..။သူတို့ တစ်ခုရချင်တယ် ဆိုရင်တော့ ကံတရား အပေါ်မှာပဲ မူတည်ပါတယ်..။

တစ်ချို့မြို့သားတွေဟာ ဒါကို အသားမကျသေးပေမယ့်လည်း မကြာခင် အသားကျသွားလိမ့််် ဆိုတာကို လင်းဖန်ယုံကြည်ထားပါတယ်..။

လင်းဖန် လဖက်ရည်သောက်ပြီး စောင့်ကြည့်နေတဲ့ အချိန်မှာ ဝူယူ့လန်နဲ့ လူလိမ်ထျန်ဟာ အလုပ်ရှုပ်နေခဲ့ကြတယ်..။

တစ်ချို့မြို့သားတွေကတော့ ပိုစတာဆီကို သွားပြီး ဖတ်ကြည့်နေခဲ့ကြပါတယ်..။

"စွယ်စုံ အမှတ် + 1 "

လင်းဖန် ညွှန်ပြလိုက်တယ်..။

"သူမ နားလည်သွားပြီ..ခနနေ ပန်ကိတ်လူပ်ပေးမယ်.."

လူလိမ်ထျန် ပြုံးလိုက်တယ်..။

"မဒမ်...ဆက်ပြီး တန်းစီစရာ မလိုတော့ဘူး.."

မိန်းမကြီးဟာ ..လူလိမ် ထျန်ကို လက်ဝေ့ယမ်းလိုက်ပြီး..

"ငါ မလိုချင်ဘူး..ဒါကစျေးကြီးလွန်းတယ်..ဒေါ်လာ ၅၀ ဆိုတာက တော်တော်များတယ်.."

ဘေးနားက လူတွေဟာ ကြောင်အသွားခဲ့ကြတယ်..။

"ချီးပဲ ခင်ဗျား မလိုချင်ရင်..ကျုပ်ကိုပေးပါလား.."

"ဒါကို ဖတ်ပြီး နားလည်တာကို ဘယ်လို ဆုံးဖြတ်တာလဲ..ငါဒါကို ဖတ်နေတာ အကြိမ်အနည်းငယ် ရှိပြီ..အခုထိ အရွေးမခံရသေးဘူး.."

ပွဲစား တစ်ယောက်ဟာ ရှေ့တက်လာခဲ့တယ်..။

"မဒမ် ကျွန်တော် ဒီပန်ကိတ်ကို ဒေါ်လာ ၃၀၀ နဲ့ပြန်ဝယ်ပါရစေ.."

မိန်းမကြီး ကြောင်အသွားခဲ့တယ်..။

"အာ..ဒေါ်လာ ၃၀၀ လား.."

နောက်ထပ် ပွဲစားတစ်ယောက်ဟာ လာကမ်းလှမ်းလိုက်တယ်..။

"ဒေါ်လာ ၄၀၀.."

"ဒေါ်လာ ၄၀၀ လား.."

မိန်းမကြီး ဒါကို ကြားပြီး အံ့ဩနေခဲ့ပါတယ်..။ဒီပန်ကိတ်တွေက ဒီလောက်အထိ စျေးကြီးနေလိမ့်မယ် လို့ မထင်ထားမိခဲ့ပါဘူး..။

ဒီလူတွေ ရူးများနေကြတာလား..

လင်းဖန် သူ့ရဲ့ စွယ်စုံအမှတ် မြင့်တက်နေသ၍ ဒီကိစ္စတွေကို လုံးဝ ဂရုမစိုက်ပေ..။ဒီမှာ လာနေတဲ့ လူအရေအတွက် အရ သူ့ရဲ့ စွယ်စုံအမှတ် ဘယ်လောက် တိုးလာနိုင်မလဲ ဆိုတာကိုပဲ သူစိတ်ဝင်စားနေခဲ့ပါတယ်..။

All Chapters