← Chapters

ငါမကြာခင်ပြီးတော့မှာ..

Vol. 21 Ch. 305

ငါမကြာခင်ပြီးတော့မှာ..

Vol. 21 Ch. 305

ဘာသာပြန် = စနိုးဝှိုက်

လမ်း၏ ဝင်ပေါက္ဝတွင်..။

ဟောင်ဘင်ဟာ သူ့ကုမ္ပဏီက ခေါင်းဆောင်တစ်ချို့ကို သူနဲ့ အတူခေါ်လာခဲ့တယ်..။သူ အံ့ဩတဲ့ မျက်နှာနဲ့ အခြေအနေတွေကို ကြည့်နေခဲ့ပါတယ်..။သူတကယ် မယုံကြည်နိုင်တော့ပါဘူး..။

ခေါင်းဆောင်တစ်ယောက်ဟာ ပြုံးလိုက်ပြီး..

"ငါပြောသားပဲ..ငါတို့ ဒီနေရာမှာ..စီးပွားရေးလမ်းစဖွင့်မယ် ဆိုတုန်းက မင်းတို့လူမလာမှာ ကို ကြောက်ရွံ့နေခဲ့ကြတယ်လေ..။ဒါပေမဲ့ ကြည့်စမ်းပါဦး..ဒီမှာ လူတွေမှ အများကြီးပဲ.."

ခေါင်းဆောင်တစ်ယောက်ဟာလည်း အံ့ဩပြီး ရေရွတ်လိုက်တယ်..။

"အခုမှ မနက် ၉ နာရီပဲ ရှိသေးတာကို လူတွေက တော်တော် များနေပြီ..။ကျုပ်တို့ ဆုံးဖြတ်ချက်ချခဲ့တဲ့ ငှားရမ်းခတွေက နည်းတောင် နည်းနေတယ် ထင်တာပဲ.."

ဟောင်ဘင်ဟာ အံ့ဩနေခဲ့ပေမယ့် လည်း..ဒီစကားကို ကြားတဲ့ အချိနိမှာ အလျင်အမြန် ပြန်ထိန်းချုပ်ပြီးပြောလိုက်တယ်..။

"ဒီအကြောင်းကို တွေးတောင် မတွေးနဲ့..။ငါပြောလိုက်မယ်..ဒီလိုတွေဖြစ်လာတယ် က ဆိုင်တစ်ဆိုင်နဲ့ ၁၀၀ ရာခိုင်နှုန်း ပတ်သက်နေတယ်.."

"ဘယ်ဆိုင်လဲ.."

"ငါ အရင်ကတည်းက ပြောထားခဲ့တယ်လေ..။ဘယ်ကမ်းလှမ်းမူကိုမှ လက်မခံပဲ ဒီတိုင်း တိမ်ဖြူလမ်းရဲ့ ဆိုင်တွေ အကုနိလုံးကိုသာ ဒီနေရာမှာ ငှားရမ်းလိုက်ပါလို့..။ဒီဆိုင်က မာစတာ လင်းရဲ့ ဆိုင်ပဲ..ငါထင်တာတော့..ရှငိးယု ကော်ပိုရေးရှင်း သူတို့ကို မောင်းထုတ်လိုက်တာက ကပ်ဆိုးကြီး တစ်ခုပဲ.."

မာစတာ လင်းရဲ့ ဆိုင် ဆွဲဆောင် မူတွေက သူ့မျက်စိရှေ့မှာ တွေ့နေရပြီ ဖြစ်ပြီး သူမယုံကြည်ချင်ဘူး ဆိုရင်တောင် ယုံကြည်ရပါတော့မယ်..။

လူတွေ အများကြီး သူ့ဆိုင်ရှေ့မှာ တန်းစီ နေတာက သက်သေပါပဲ..။

"ဒါက ဒုတိယ နေ့ပဲ ရှိသေးတာတောင် ကာစတန်မာတွေ အများကြီး ရှိနေပြီ..။တကယ်ကြောက်ဖို့ ကောင်းတာပဲ.."

ဟောင်ဘင် ခေါင်းခါယမ်းလိုက်တယ်..။

"ဒီဆိုင်ကို သာမန်ဆိုင်တွေနဲ့ မနှိုင်းယှဥ်မိစေနဲ့..။ပြီးတော့ ငှားရမ်းခတွေ မြင့်တင်ဖို့ကိုလည်း တွေးတောင် မတွေးလိုက်နဲ့..။ငါတို့ စျေးနှုန်းကို ဖြည်းဖြည်းနဲ့ မှန်မှန် တက်မှ ရမယ်..အရမ်းကြီး ခုန်တက်လိုက်လို့ လုံးဝ မဖြစ်ဘူး..။ငါတို့ ရှင်းယု ကုမ္ပဏီလို အမှားမျိုး ထပ်ပြီး လူပ်လို့ မဖြစ်ဘူး.."

လူတိုင်း ခေါင်းညိမ့်လိုက်ကြတယ်..။သူတို့ရှေ့က မြင်ကွင်းကို ကြည့်နေရင်း သူတို့ နောက်ဆံူးတော့ နားလည်လိုက်ပါပြီ..။

…

မိန်းမကြီးရဲ့ ပန်ကိတ်ဟာ..ပွဲစားကို ဒေါ်လာ ၉၀၀ နဲ့ ပြန်ရောင်းနိုင်ခဲ့တယ် .။

မိန်းမကြီးသာ ပန်ကိန်ကို ဆက်ကိူင်ထားရင် စျေးနှုန်းက ထောင်ကျော်သွားမှာ ဖြစ်ပေမယ့်လည်း ..ဒေါ်လာ ၉၀၀ ကပဲ သူမကို တစ်နေ့လံူး စိတ်လှုပ်ရှားနေစေဖို့ လုံလောက်နေခဲ့ပါပြီ..။ပွဲစားကလည်း ဒီကနေ တဆင့် အကျိုးအမြတ်ရရှိမှာပါ..။သူဟာ ဖုန်းကို ထုတ်ပြီး သူ့ဖောက်သည်နဲ့ ချက်ချငိး ဆက်သွယ် လိုက်ပါတယ်..။ကာစတန်မာ သဘောတူပြီး ဆိုတာနဲ့..သူငွေလွှဲခိုင်းပြီး ပန်ကိတ်ကို ချက်ချင်းပို့လိုက်တော့မှာပါ..။

ဇိမ်ခံ ဗီလာ တစ်ခုတွင်..။

ပုံမှန်လူတွေထက်ပိုပြီး ခန့်ညားတဲ့ သက်လတ်ပိူင်းအရွယ်လူကြီး တစ်ယောက်ဟာ..လူငယ်တစ်ယောက်ရဲ့ ရှေ့မှာ စိတ်လှုပ်ရှားစွာ ရပ်နေခဲ့တယ်..။

"သခင်လေး..ကျို့.., ကျွန်တော် သခင်လေး တစ်ခါမှ မစားဖူးသေးတဲ့ အရမ်း အရသာရှိတဲ့ အစားအသောက်တစ်ခုကို မှာထားတယ်..။သခင်လေး ဒါကို စားပြီးတာနဲ့..ကမ္ဘာပေါ်မှာ အကောင်းဆုံး အစားအသောက်ပဲ လို့ ထအော်မိလိမ့်မယ် လို့ အာမခံတယ်.."

ဒီလူကြီး ခေါ်နေတဲ့ .သခင်လေး ကျို့ ဟာ တော့ သိပ်ပြီး အသက် မကြီးသေးပါဘူး..။သူ့ရဲ့ အသက်က သုံးဆယ်အောက်သာ ရှိသေးပေမယ့်လည်း သူ့ ဲ့ လှုပ်ရှားမူတိုင်းက တည်ငြိမ်ပြီး မြဲမြံနေခဲ့ပါတယ်..။

"အိုး..အဲလိုလား.."

ဒီ သခင်လေး ကျို့ ရှိနေပြီ ဆိုရင်..သက်လတ်ပိုင်း လူကြီးဟာ မပေါ့ဆ ရဲပါဘူး..။သခင်လေး ကျို့ရဲ့ အဆင့်အတန်းဟာ သူယှဥ်ပြိုင်လို့ရတဲ့ အရာမဟုတ်ပေ..။ဒီသခင်လေးကျို့က အရမ်းချမ်းသာတဲ့ မိသားစုက သားတစ်ယောက်ဖြစ်ပြီး..ဒုတိယ မျိုးဆက်လည်း ဖြစ်တဲ့ လူတစ်ယောက်ပါ..။သူက သူများတွေထက် ပိုအလိုလိုက်ခံရပြီး..သူများတွေထက်လည်း အဆင့်အတန်း ပိုမြင့်ပါတယ်..။

သက်လတ်ပိုင်း အရွယ်လူကြီးက သခင်လေးကျို့ရဲ့ အဖေရဲ့ လက်အောက်က စစ်သားတစ်ယောက်ပါ..။သူ ပင်စင်ယူပြီးတာနဲ့ ..ရှန်ဟိုင်းကို ပြောင်းလာခဲ့ပါတယ်..။သခင်လေး ကျို့ ရှန်ဟိုင်းကို လာတဲ့အချိန်တိုင်း..သူ အရေးကြီးတဲ့ ဧည့်သည်အဖြစ် ဧည့်ခံနေရတာပဲ..။သူ သခင်လေး ကျို့နဲ့ ပတ်သက်ပြီး ဘာမှ မပေါ့ဆ ရဲပေ..။

အဲ့အချိန်မှာတော့ လင်းဖန် ပန်ကိတ် ဆယ်လုံးပြုလုပ်ပြီးသွားပါပြီ..။သူ ခေါင်းကို မော့လိုက်ပြီး သူ့ကို စောင့်နေကြသေးတဲ့ မြို့သားတွေကို ကြည့်လိုက်တယ်..။

"အားလုံးပဲ စိတ်မရှည်မဖြစ်ကြပါနဲ့..ကျွန်တော် ဒီနေ့ကစပြီး ဒီမှာပဲ အမြဲတမ်း ရောင်းချပေးသွားမှာပါ..။တကယ်လို့ ဒီနေ့ ဝယ်ခွင့်မရှိရင်တောင် မနက်ဖြန်ဆိုတာ ရှိသေးတယ်လေ..။တစ်နေ့တော့ ကိုယ့်အလှည့်ရောက်လာမှာပါ."

"သူဌေးလေး နည်းနည်းလောက် တိုးရောင်းလို့ မရဘူးလား.."

"ဟုတ်တယ် ဘာလို့ တစ်နေ့ အလုံး ၂၀ မရောင်းတာလဲ.."

"တကယ်လို့ အလုံး ၂၀ အဆင်မပြေရင်လည်း ၁၅ လုံးတော့ ရောင်းပေးလေ..။ဒီနေ့ လူအများကြီးကို တစ်နေ့ ဆယ်လုံးပဲ ရောင်းတာက ငါတို့ကို သတ်နေသလိုပဲ.."

လင်းဖန် ပြုံးလိုက်တယ်..။

"အားလံူးပဲ နားလည်ပေးကြပါဗျာ..။တကယ်လို့ စိတ်ဝင်စားကြမယ်ဆိုရင် နံရံကို ကြည့်ပေးလို့ ရပါတယ် .။နားလည်မယ် ဆိုရင် တန်းစီဖို့ မလိုတော့ပါဘူး..။ပြီးတော့..ဒီမှာ ဗေဒင်မေးလို့လည်း ရပါသေးတယ်..စိတ်ဝင်စားရင် လာစမ်းကြည့်လို့ရတယ်နော်.."

ဒီနေရာက မြို့သားတွေကတော့ သိပ်မသား မကျသေးပါဘူး..။တစ်နေ့ ဆယိလုံးဆိုတာက လုံးဝ မလုံလောက်ပါဘူး..။

လင်းဖန် အတွက်ကတော့ စည်းမျဥ်းကို ပြောင်းလဒဖို့ စိတ်ကူးမရှိပါဘူး..။တစ်ကယ်လို့ ပန်ကိတ်တွေကိုအများကြီး လုပ်ပေးနေရင် စျေးပေါသွားပါလိမ့်မယ်..။

…

ဗီလာထဲတွင်..။

သခင်လေး ကျို့ဟာ..သူ့ရှေ့က သေးငယ်တဲ့ အရာကို ကြည့်ပြီး လူကြီးကို ပြန်ကြည့်လိုက်တယ်..။

"ခင်ဗျား ကျုပ်ကို..လာနောက်နေတာလား.."

"သခင်လေ..ကျွန်တော် မနောက်ရဲပါဘူး..။ဒီပန်ကိတ်ကို တစ်ကိုက်ကိုက်ပြီး တာနဲ့ နားလည်သွားပါလိမ့်မယ်.."

လူကြီး အလျင်အမြနိ ရှင်းပြလိုက်တာပါ...။တစ်ချိန်တည်းမှာပဲ..သူ့မျက် နှာက ယုံကြည်မူတွေ ပြည့်နေခဲ့တယိ..။ကံကောင်းမူကြောင့် သူအရင်တစ်ခါတုန်းက ပန်ကိတ်ကို ရခဲ့ဖူးပါတယ်..။ပြီးတဲ့ နောက် မှာ သူပွဲစားကို ထပ်ရနို်င်သေးလား..မေးပေမယ့်လည်း..ပွဲစားတွေတောင် တစ်ချိန်လုံး လက်ထဲမှာ မရနိုင်ပေ..။ဒါကြောင့် ကံတရားအပေါ်မှာသာ မူတည်နေခဲ့တာပါ..။

ဒီတစ်ခါ သခင်လေး ကျို့ ဘေကျင်းကနေ လာတာနဲ့..ပွဲစား သူ့ကို ဆက်သွယ်လာတာနဲ့.. တိုက်ဆိုင်သွားခဲ့တာပါ..။

သခင်လေးကျို့ သူ့ရှေ့က ပန်ကိတ်ကိုစိတ် မပါစွာကြည့်လိုက်တယ်..။

သူ ငါ့ကို နောက်နေတာပဲ ဖြစ်ရမယ်....

ငါ့ကို ဘယ်သူ ထင်နေလို့လဲ..။ငါစားမယ် လို့များထင်နေလို့လား...။ဒါက ပန်ကိတ်လေးတစ်ခုပဲကို....

ရုတ်တရက်..

မွေးရနံ့ဟာ တဖြည်းဖြည်းချင်းထွက်လာပြီး သူ့နှာခေါင်းထဲကို ဝင်လာခဲ့တယ်..။

သူ နှာခေါင်းရှုတ်လိုက်ပါတယ်..။

မွေးရနံ့ဟာ နှာခေါင်းထဲဝင်ပြီး..နှလုံးသားထဲကို ပြည့်နှက်သွားခဲ့ပါပြီ..။

သူ ပန်ကိတ်ကို..ကိုင်ပြီး တစ်ကိုက်ကိုက်လိုက်တယ် ..။အေးစက်ပြီး မတူညီတဲ့ အမူအရာက ပြောင်းလဲ သွားခဲ့ပါပြီ..။

"ဒါက.."

လူကြီးဟာ ပြောလိုက်တယ်..။

"သခင်လေး တကယ်လို့ ဒါကိုသာ လတ်လတ်ဆတ်ဆတ်စားရရင် အရသာက ပိုပြီးတောင် ကောင်းဦးမှာ..။ဒါပေမဲ့ အခု နွေးနေသေးတော့ အရသာက သိပ်မကွာလှပါဘူး.."

လူကြီးဟာ စကားပြောနေမေယ့် သခင်လေးကျို့ကတော့ စကားတစ်လုံးမှ မပြောပါဘူး..။

ထူးဆန်းတဲ့ ပန်ကိတ်က သူ့ကို လွှမ်းမိုးနေခဲ့ပါပြီ..။သူစားဖူးသမျှ အစားအသောက်တွေနဲ့ ယှဥ်လိုက်လို့ ရှိရင်..ဒီဟာက အဆတစ်ရာ ..မဟုတ်ဘူး..အဆတစ်ထောင်လောက်တောင် ပိုပြီး သာလွန်နိုင်ပါတယ်..။

…

နေ့လည်ဘက်တွင်..။

ဗေဒင်မေးတဲ့ လူတွေပြန်သွားတဲ့ အချိန်မှာ ဆိုင်က အနည်းငယ် တိတ်ဆိတ်သွားခဲ့တယ်..။

လတ်တလောမှာ..ပန်ကိတ်ရောင်းတာက ဗေဒင်မေးတာထပ် ပိုကောင်းမွန်နေခဲ့တာပါ..။ဒီဗေဒင်ပညာကလည်း တိကျပေမယ့်..လင်းဖန်ကိုယ်တိုင်ဟောတာမဟုတ်တဲ့ အတွက်သိပ်ပြီးတော့ မယုံကြည်ကြပါဘူး ..။

တကယ်လို့ လင်ဖန်ကိုယ်တိုင်ဟောမယ်လို့သာ ကြေညာလိုက်ရင် နောက်ထပ် အဆင့်တစ်ခုကို ရောက်သွားမှာပါ..။သို့ပေမယ့်..လင်းဖန် ဗေဒင်ဟောတယ် ဆိုတာက ရှားပါးလှပါတယ်..။

ယင်းနောက် လူလိမ်ထျန်ဟာ လင်းဖန်ကို လှမ်းပုတ်လိုက်တယ်..။

"ကြည့်.."

လင်းဖန် ဖုန်းနဲ့ ကစားနေတုန်း..ခေါင်းမော့ကြည့်လိုက်တယ်..။ဒီကလေး..ဟီရှောင်မင်က ဆိုင်ရှေ့မှာ ရပ်နေပြီး သူ့ကို ကြည့်နေခဲ့ပါတယ်..။

"မင်း.အခုထွက်လာခဲ့..။ငါ မင်းကို မေးစရာ ရှိသေးတယ်.."

ဟီရှောင်မင် အောဟစ်လိုက်တယ်..။

လင်းဖန် သူ့ကို တစ်ချက်သာ ကြည့်လိုက်ပြီး ဖုန်းပြန်သုံးနေခဲ့တယ်..။သူ ဟီရှောင်မင်ကို..လျစ်လျူရူလိုက်တာပါ.။

ဟီရှောင်မင်ဟာ သူ ့လျစ်လျူရူခံလိုက်ရတာကို သဘောပေါက်လိုက်ပြီး..ခေါင်းကို ငုံ့ကာ တွေး​ေတာလိုက်တယ်..။ယင်းနောက် သူခေါင်းပြန်မော့လိုက်ပြီး..

"မာစတာ လင်း..ကျွန်တော် ခင်ဗျားကို လာရှာတယ်.."

သူ နှုတ်ဆက်တဲ့ .စကားလုံးက မာစတာ လင်းဆိုပြီး ပြောင်းလဲ သွားခဲ့ပါပြီ..။

သို့ပေမယ့် လင်းဖန်ဟာ ပြန်မဖြေခဲ့ပေ..။သူ ကိုယ်ခန္တာကို လှည့်ကာ ဟီရှောင်မင်ကို ကျောပေးထိုင်လိုက်ပြီး ဖုန်းကို ဆက်ဆော့နေခဲ့တယ်..။

ဟီရှောင်မင် အနည်းငယ် စိတ်မရှည်ဖြစ်သွားခဲ့တယ်..။ဗုဒ္ဓရုပ်ထု မတော်တဆဖြစ်တာက ငလျင်လှုပ်လို့ ဆိုတာ သူသိထားပါတယိ..။

သို့ပေမယ့် သူဒါကို မယုံကြည်ပေ..။ဘာလို့ ဒီလောက်တောင် တိုက်ဆိုင်ရတာလဲ..။အဲ့မှာ..ဗုဒ္ဓရုပ်ထု အခု တစ်ရာလောက်ရှိပေမယ့် တစ်ခုတည်း ပြုတ်ကျခဲ့တာပါ.။

သူ ဒါတွေကို ပြန်တွေးကြည့်ရင် ကြောက်ရွံ့သွားခဲ့တယ်..။

အဲ့အချိန်မှာပဲ ဟီရှောင်မင်ဟာ ရှေ့ကို တိုးပြီး လေးစားတဲ့ အသံနဲ့ ပြောလိုက်ပါတယ်..။

"အန်ကယ် လင်း..ကျွန်တော် စကားနည်းနည်းလောက် ပြောချင်လို့ပါ..။ပြောလို့ရရဲ့လား.."

လင်းဖန် ရုတ်တရက် ဖုန်းကို ချပြီး အံ့ဩသင့်တဲ့ လေသံနဲ့ ပြောလိုက်ပါတယ်..။

"အာ..ငါ့တူလေးက ဒီမှာရောက်နေတာပဲ..။ကြည့်ပါဦး..မင်းဥိီလေးက ဖုန်းနဲ့ အလုပ်ရှုပ်နေတော့ မင်းကိုတောင် သတိမထားမိဘူး..။ငါ ဂိမ်းတွေ ဆော့တာရပ်သင့်ပြီ.ထင်တယ်..။အထဲကို လာဦး..ငါ ခနနေရင် ပြီးတော့မှာ..စကားပြောကြတာပေါ့.."

ဟီရှောင်မင် လင်းဖန်ကို စိတ်ပျက်စွာကြည့်လိုက်တယ် .။သူက ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်နေခဲ့တာပါ..။

သို့ပေမယ့် ဟီရှောင်မင်ဟာ ဘာမှ မတတ်နိုင်ပေ..။

သူ မာစတာ လင်း ပြောတဲ့ အတိုင်းပဲ လိုက်လုပ်ရတော့မှာပါ..။

All Chapters