အထူးယုံကြည်မူ လွန်ကဲခြင်း
Vol. 21 Ch. 306
ဘာသာပြန် = စနိုးဝှိုက်
ဆိုင်ထဲတွင်..။
"လာ လဖက်ရည် သောက်ပါဦး."
လင်းဖန် လဖက်ရည်ခွက်ကို..ဟီရှောင်မင် ရှေ့မှာ ချပေးလိုက်တယ်..။သူ့ရဲ့ အမူကတော့..တည်ငြိမ်နေခဲ့ပါတယ်..။သူတို့ ဆွေးနွေးစရာ ရှိတာတွေကို အေးအေးဆေးဆေး ဆွေးနွေးလို့ ရပါတယ်..။
ဟီရှောင်မင် လင်းဖန်ကို ကြည့်လိုက်တယ်..။သူ လင်းဖန်ကို လေးစားနေခဲ့ပါပြီ..။သူ အစတုန်းက လင်းဖန်ကို မယုံကြည်ပေမယ့် အခုယုံကြည်ပါတယ်..။ယင်းနောက် သူဘုရားကျောင်းမှာ မြင်ခဲ့တာတွေ အကုန်လုံးကို ပြန်ပြောပြလိုက်တယ်..။
လင်းဖန်ဟာ လဖက်ရည် အေးဆေးသောက်နေပေမယ့် သူ့ရင်ဘတ်ထဲမှာတော့ စိတ်လှုပ်ရှားနေလို့ပါ..။အခြေအနေက ဒီလောက်အထိ တိုက်ဆိုင်သွားလိမ့်မယ် လို့ သူမထင်ထားခဲ့ပါဘူး..။ဒီချန်းဟန် က ဟန်ဆောင် ဝတ်ပြုဖို့ ဘုရားကျောင်းသွားခဲ့တာဖြစ်ပြီး..ဟီရှောင်မင်..သူ့နောက်လိုက်သွားမှာ.ကလည်း ကျိန်းသေကြိုသိထားပါတယ် ။
အခု ဗုဒ္ဓကပါ သူ့ခေါင်းကို သွေးထွက်အောင်..လုပ်လိုက်တယ် ဆိုတော့....
ဒါကို ဘယ်လို ခေါ်ရမလဲ..
ဒါကို သွေးထွက်သံယိုတွေ ပါဝင်နေတဲ့ ကပ်ဆိုးတစ်ခုလို့ ခေါ်ရမှာပါ..။သူ့မှာ ရွေးချယ်စရာ မရှိတော့ပေ..။
လင်းဖန်တောင်မှ..အံ့ဩသွားခဲ့တယ်..။ဒါက ကောင်းကင့်ဘုံရဲ့ ကူညီမူတွေပါ..။
"အန်ကယ်လင်း ပြောခဲ့တာက ကျွန်တော် ကပ်ဆိုးကြီးနဲ့ ကြုံရဖို့ ရှိနေပြီး..အခု ကျွန်တော့် အဖေက ကြားဝင်ခံပေးနေတယ် ဆိုတော့..။ကျွန့်တော့် အဖေ သေသွားနိင်တာလား.."
ဟီရှောင်မင် သိချင်စိတ် ဖြစ်စွာ မေးလိုက်တာပါ..။သူ အဲ့နေ့တုန်းက..အကြောင်းကို ပြန်တွေးတိုင်း ကြောက်ရွံမိပြီး..တကယ်လို့ ဗုဒ္ဓရုပ်ထုသာ အနည်းငယ် ကြီးနေရင်ဘာတွေ ဖြစ်လာမလဲ မသိတော့ပါဘူး..။
ဒီအကြောင်းကို တွေးလိုက် မိတဲ့ အချိန်မှာ..ဟီရှောင်မင်ရဲ့ မျက်နှာဟာ ဖြူဖျော့သွားခဲ့တယ်..။
လင်းဖန် လဖက်ရည်ခွက်ကို ချပြီး ကြည့်လိုက်တယ်..။
"မင်းအဖေအတွက် စိတ်ပူနေတာလား.."
အရင်တုန်းကဆိုရင်တော့ ဟီရှောင်မင် မဟုတ်ဘူး ဆိုတဲ့ စကားလုံးကို တုန့်ဆိုင်းခြင်းမရှိပြောလိုက် မှာပါ..။သို့ပေမယ့် အခုအချိန်မှာတော့ သူတကယ် စိတ်ပူနေခဲ့ပါပြီ.။
"အန်ကယ်လင်း ..တစ်ခုခုဖြစ်နိုင်လား ဆိုတာသာ ကျွန်တော်ကို ပြောပြပေးပါ..။ကျွန်တော်အဖေကို ကျွန်တော် အစား ကြားဝင်ခံရတာမျိုး မဖြစ်စေချင်ဘူး."
လင်းဖန် အစကတော့ ဒီကောင်လေးကို စနောက်ဖို့ လုပ်နေပေမယ့်လည်း လွှတ်ပေးလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်.။သူ ဒီလောက်အထိ စိတ်ပူနေတာကို ကြည့်ပြီး လင်းဖန် ထပ်မညာချင်တော့ပါဘူး..။မဟုတ်ရင် မဖြစ်သင့်တဲ့ အရာတွေတောင် ဖြစ်လာနိုင်ပါတယ် ..။
လင်းဖန် ပြုံးလိုက်တယ်..။
"ကောင်းပြီ..ဒါက ဘာမှ မဟုတ်ဘူး..။သူက မင်းရဲ့ ကိုယ်စားတောင် အစားခံပြီးသွားပြီ.."
"အာ.."
ဟီရှောင်မင် အံ့ဩသွားခဲ့တယ်..။
"အဲ့မှာ ဗုဒ္ဓက ရိုက်နှက်လိုက်တာက ကျွန်တော်အစား ကြားဝင်ခံပေးလိုက်တာလား.."
လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။
"ဟုတ်တယ်..အဲတာကြောင့်လည်း..ငါမင်းအဖေကို ဘုရားကျောင်းကို သွားခိုင်းလိုက်တာပဲ..။မဟုတ်ရင် ဖြစ်ပျက်လာမယ့် အရာတွေက ကြောက်စရာကောင်းသွားနိင်တယ်..။ဒါပေမဲ..ဘုရားကျောင်းထဲမှာဆိုတော့..ဖြစ်ပျက်လာမယ့် ကပ်ဆိုးတွေ ..ဘေးအန္တရာယ် တွေကို ဗုဒ္ဓက ကူညီပြီးဘတားဆီးပေးနိုင်တယ်လေ.."
ဟီရှောင်မင် ဖြည်းညှှင်းစွာ ခေါင်းညိ်မ့်လို်က်တယ်..။သူ အန်ကယ လင်း ပြောတဲ့ အထဲမှာ အနည်းငယ် လိုအပ်ချက်တွေ ရှိနေတာကို တွေ့ရပေမယ့်လည်း လက်ရှိအခြေအနေအရ ယုံကြည်မှ ဖြစ်မှာပါ..။
"ဒါတကယ်ပဲလား.."
ဟီရှောင်မင် သေချာ အတည်ပြုနေချင်ခဲ့တယ်..။
"အနာဂတ်မှာ ဘာမှ ထပ်မဖြစ်တော့ဘူးပေါ့.."
"အင်း သီအိုရီ တွေ အရတော့ အဲလိုပဲ..ဒါပေမဲ့ လူတစ်ယောက်ရဲ့ ကံတရားက အချိန်တိုင်း ပြောင်းလဲနေနိုင်တယ် ဆိုတာကို တော့ မင်းမှတိထားရမယ်..။မင်းအဖေ အပေါ်ကို မင်း ဒီလိုတွေ ဆက်ဆံနေမယ် ဆိုရင် ကပ်ဆိုးတွေတောင်မလိုတော့ဘူး..သူ ဒေါသထွက်နေရတာနဲ့တင် ရောဂါတစ်ခုခု ရပြီး ဆေးရုံမှာ လှဲနေရလိမ့်မယ်.."
လင်းဖန် ပြောလိုက်တာပါ..။
ဟီရှောင်မင် ခေါင်းညိမ့်လိုက်တယ်..။
"ကျွန်တော် နားလည်ပါပြီ..အန်ကယ်လင်း..။ကျွန်တော် နားလည်ပါပြီ.."
ဒီမတော် တဆ မူကြောင့် သူ့အဖေ သူ့အပေါ်ထားတဲ့ ခံစားချက်တွေကို သူနားလည်လိုက်ပါပြီ..။တစ်ချိန်တည်းမှာပဲ အရင်တုန်းက သူနားမလည်ခဲ့တဲ့ အရာတွေပါ နားလည်ခဲ့တာပါ..။
သူ ခနလောက် ကြေကွဲသွားခဲ့တယ်..။
လင်းဖန် ဟီရှောင်မင်ကို ကြည့်ပြီး ပြောလိုက်ပါတယ်..။
"အများကြီး တွေးမနေနဲ့..။ပြီးပြီး သွားတာတွေက ပြီးသွားပြီ..။အိုး ဟုတ်သားပဲ...မင်းရဲ့ ဖုန်းပေးပါဦး.."
ဟီရှောင်မင်..မတော်တဆ မူအကြောင်းကို တွေးနေရင်း..လင်းဖန်ကို ဖုနး်ပေးလိုက်တယ်..။မာစတာ လင်း ဘာလုပ်ချင်တာလဲ သူမသိပါဘူး..။
လင်းဖန် ဖုန်းကို ယူလိုက်ပြီး ကြည့်လိုက်တယ်..။ယင်းနောက် သူ ပြောလိုက်ပါတယ်..။
"ဟေး..မင်းလည်း ဒီဂိမ်းကို ကစားတာပဲလား.."
"အာ.."
ဟီရှောင်မင် သူ့ကို ကြည့်ပြီး ခေါင်းညိမ့်လိုက်တယ်..။
လင်းဖန် ရယ်မောလိုက်တယ်..။
"ချမ်းသာတဲ့ လူတွေက တကယ်ကွာခြားတာပဲ..။မင်းမှာ ဟီးရိုး ရဲ့ စကင် လှလှလေးတွေနဲ့..အကုန်ဝယ်ထားတာပဲ..။ပြီးတော့ အဆင့်တွေကလည်း ၅ တွေချည်းပဲ.."
ဟီရှောင်မင် လင်းဖန်ကို ကြည့်ပြီး ပြောလိုက်တယ်..။
"အန်ကယ် ကျွန်တော်မှာ ရွှေတွေ ကျန်သေးတယ်..။ကျွန်တော် အကုန်လှမ်း ပို့ပေးလို်က်မယ်.."
"ငါ ဘယ်လို လက်ခံနိုင််မှာလဲ.."
လင်းဖန် ရယ်မောပြီး ထပ်ပြောလိုက်ပါတယ်..။
"ဒါပေမဲ့ မင်းက ငယ်ရွယ်သေးတယ်..။ကျောင်းစာကိုပဲ အဓိက ထားလုပ်သင့်တယ်..။ဒီရွှေတွေကို တော့..လောလောဆယ် ငါထိန်းသိမ်းပေးထားရမှာပေါ့.."
ဟီရှောင်မင် လင်းဖန်ကို ထူးဆန်းတဲ့ အမူအရာနဲ့ ကြည့်လိုက်ပါတယ်..။သူ့ရဲ့ ဦးလေးက တကယ်ကို အကြောင်းအကျိုး မဆီလျော်တာပါ..။
ဘာပဲဖြစ်ဖြစ် လင်းဖန် လုပ်ခဲ့တဲ့ အရာတွေက ဒီဟာတွေထက် အဆပေါင်းများစွာ ပိုတန်ကြေးရှိပါတယ်..။
အဆုံးမှာတော့ သူ့ရဲ့ အဆင့် ၅ အစီအရင်တွေနဲ့ ရွှေတွေကို လင်းဖန်ရဲ့ ဂိမ်းထဲကို လွှဲပြောင်း ပေးလိူက်တယ်..။
လင်းဖန်က ပန်းပွင့်သလို ပြုံးပျော်ရွှင်နေခဲ့ပါပြီ..။
ဟီရှောင်မင်ထွက်ခွာ သွားပြီးနောက်..။
လင်းဖန် သူ့ဖုန်းကို ကျေနပ်စွာ ဖွင့်လိုက်တယ်..။သူ့ရဲ့ ကြိုးစားမူတွေက အလကားမဖြစ်ခဲ့ပါဘူး..။သူ အကြီးအကဲ ဟီဆီ စာပို့လိုက်တယ်..။
"အကြီးအကဲ ဟီ..ဒီကိစ္စက အဆင်ပြေပြေပြီးသွားပြီ..။ခင်ဗျား ဆကိမထိန်းထားနိုင်ဘူးဆိုရငိ ပြန်လာခဲ့တော့.."
အချိန်အတော်ကြာပြီးတာတောင်...သူ အကြီးအကဲ ဟီ ဆီက စာပြန်လာတာ မတွေ့ရပါဘူး..။
ဒီပြသနာက အဆင်ပြေပြေ ဖြေရှုင်းပြီးသွားပါပြီ..။
လူလိမ်ထျန် လင်းဖန် အနားကို လာပြီး မေးလိုက်တယ်..။
"ဒီတော့ ဒီကိစ္စက ဒီတိုင်းဖြေရှင်း ပြီးသွားပြီပေါ့.."
လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။
"ဟုတ်တယ် အိုကေသွားပြီ .။တစ်ခြား လူတွေကို မပြောနဲ့ဦး.."
လူလိမ်ထျန် ခေါင်းညိမ့်လိုက်တယ်..။
"စိတ်မပူနဲ့..။ဒီကောင်လေးက တကယ်ကံကောင်းတာပဲ..ချမ်းသာတဲ့ မိသားစုကနေ မွေးလာရတာ..။ဒါကို အကြီးအကဲ ဟီကို မကျေနပ်တဲ့ အတွေးက သူ့ခေါင်းထဲ ဘယ်လိုရောက်နေတာလဲ မသိတော့ဘူး..။ငါသာ သူ့အဖေဆိုရင် မိန်းမယူပြီး နောက်တစ်ယောက်ထပ်မွေး နေလောက်ပြီ..အဲတာမှ စကားနားမထောင်သေးဘူးဆိုရင် နောက်တစ်ယောက် ထပ်မွေးမယ်.."
လင်းဖန် လူလိမ်ထျန်ကို ကြည့်ပြီး..ပြောလိုက်တယ်..။
"ခင်ဗျားက ရည်းစားပဲ အရင်ရအောင်ရှာပါဦး.."
လူလိမ် ထျန် "......."
…
နေ့လည်ဘက်တွင်..။
ဇိမ်ခံမှန်လုံကားကြီး တစ်စင်းဟာ..တိမ်ဖြူလမ်းရဲ့ ဝင်ပေါက် မှာရပ်တန့်သွားခဲ့တယ်..။
ကားထဲတွင်..။
"သခင်လေး..ကျို့..ဒါကပန်ကိတ်တွေကို ရောင်းတဲ့ ဆိုင်လေ.."
လီယန်ဂျန် ရိုသေစွာ ပြောလိုက်တာပါ..။
သခင်လေး ကျို့ရဲ့ မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာခဲ့တယ်..။ဇိမ်ခံကားဘေးက ဖြတ်သွားတဲ့ မိန်းကလေးတစ်ချို့ဟာ ကားထဲကို လှမ်းကြည့်ရင်း..သခင်လေး ကျို့ ကိုတွေ့ပြီး အကြည့်တွေ မလွှဲနိုင်ကြတော့ပါဘူ..။
သခင်လေး ကျို့ ဒီမိန်းကလေးတွေကို ပြန်ပြုံးပြလိုက်တဲ့ အချိန်မှာ..တော့ မျက်နှာတွေ နီရဲပြီး ရှက်သွားခဲ့ကြပါတယ်..။
"ငါ ဒီလို နေရာမျိုးမှာ အရမ်းအရသာ ရှိတဲ့ အစားအသောက်ရှိနေမယ်လို့ တကယ် မထင်ထားမိဘူး..။ဒီလို..ဆိုင်သေးသေးလေူက ဆိုရင်တော့့ ပြောမနေနဲ့တော့..။ငါတို့ အပြင်ပန်းကို ကြည့်ရုံနဲ့ တကယ်ခန့်မှန်းလို့ မရဘူးပဲ.."
သခင်လေး ကျို့ ကြည့်ပြီး ပြောလိုက်တာပါ..။
လီယန်ဂျင်..ပြောလိုက်တယ်..။
"သခင်လေး ဒီဆိုင်မှာက ထူးဆန်းတဲ့ စည်းမျဥ်းတွေရှိတယ်နော်..။သူတို့က တစိနေ့ကို ဆယ်လုံးပဲ ရောင်းတာ အဲ့ထက်ပိုမရောင်းဘူး..။ပြီးတော့ နောက်တစ်ခု ရှိသေးတယ် အဲတာက နံရံပေါ်က စာကို နားလည်ရင်..ပန်ကိတ် ရလိမ့်မယ်."
သခင်ဘေး ကျို့ ပြောလို်က်တယ်..။
"ခင်ဗျားပြောချင်တာက ကျွန်တော် အခုသွားဝယ်ရင် ဝယ်လို့ရမှာ မဟုတ်ဘူးပေါ့."
လီယန်ဂျင် ရှက်ရွံ့စွာ ပြုံးလိုက်တယ်..။သူ့ရှေ့မှာ ရှိနေတာက..သခင် ကျို့ပါ..။သူသာ ဝယ်လို့ ရမှာ မဟုတ်ဘူး လိုပြောလိုက်ရင် သခင်လေး ကျို့ရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်တာနဲ့ တူတူပါပဲ..။သခင်လေးကျို့က သူမလုပ်နိုင်တာ ဘာမှ မရှိဘူးလို့ ယုံကြည်ထားတဲ့ လူတစ်ယောက်ပါ..။ဒါကြောင့် သူ သခင်လေးကျို့ ရဲ့ အရည်အချင်းတွေကို နားလည်တဲ့ ပုံစံနဲ့ ပြောလိုက်တယ်.. ။
"သခင်လေး..သာမန်လူတွေ ဆိုရင်တော့ ဝယ်လို့ရမှာ မဟုတ်ဘူး..။နောကိဆုံးတစ်ကြိမ်တုန်းက လီရှိခွန် ဝယ်တာတောင် အငြင်းခံလိုက်ရတယ်.."
"လီရှိခွန်.."
သခင်လေး ကျို့ ခနလောက်တွေးလိုက်ပြီး ပြုံးလိုက်ပါတယ်...
"ခင်ဗျားပြောတာ ရှန်ဟိုင်းရဲ့ တတိယ အကြီးဆုံး ပုဂ္ဂိုလ်လား.."
လီယန်ဂျန် ခေါင်းညိမ့်လိုက်တယ်..။
"ဟုတ်ပါတယ်.."
"ဟားဟား.."
သခင်လေးကျို့ ကားတံခါးကို ဖွင့်လိုက်ပြီး ယုံကြည်မူရှိရှိ ေပြာလိုက်ပါတယ်..။
"တစ်ခြားလူတွေ မဝယ်နိုင်ဘူးဆိုတာက စွမ်းဆောင်နိုင်စွမ်း ညံ့ဖျင်းလို့ပဲ..။ဒါက ငါမဝယ်နိုင်ဘူးလို့ မဆိုလိုဘူး.."
လီဂျန်ယန်..သခင်လေး ကျို့ကို ကြည့်ပြီး အပြုံးလေးနဲ့ ပြန်ပြောလိုက်တယ်.။
"သခင်လေး ဆိုရင်တော့ ပန်ကိတ်ဝယ်နိုင်ဖို့ အခွင့်အရေး ပိုများမှာပါ.."
ယုံကြည်မူလွန်ကဲ စွာနဲ့ သခင်လေး ကျိုဟာ ပြောလိုက်ပါတယ်..။
"အခွင့်အရေး ပိုများတာ မဟုတ်ဘူး..။ငါ ကျိန်းသေရအောင်ဝယ်မှာ..။ငါ့မှာ ငွေကြေးရော..ပါဝါရောရှိတယိ..။ဒီနှစ်ခုနဲ့တောင် မလုံလောက်သေးဘူးလား.."
"ဒါ မှန်ပါတယိ.."
လီယန်ဂျင်လည်း ဒါအဓိပ္ပါယ်ရှိတယ် လို့တွေးမိလိုက်ပါတယ်။
သခင်လေး ကျို့ မာစတာ လင်းရဲ့ ဆိုင်ထဲကို ယုံကြည်မူရှိရှိ ဝင်သွားတဲ့ အချိနိမှာပဲ..လီယန်ဂျင်ရဲ့ ဖုန်းဟာ မြည်လာခဲ့တယိ..။ဘယ်သူခေါ်တာလဲ မြင်တဲ့ အချိန်မှာ သူရိုသေစွာ ဖုန်းကိုင်လိုက်ပါတယ်..။
"ခေါင်းဆောငိ.."
"လီဂျင်..ငါ့သားက ရှန်ဟိုင်းကိုလာပြီး မင်းစိတ်ပျက်အောင် လုပ်နေပြန်ပြီလား.."
လီယန်ဂျင် အလျင်အမြန်ပြန်ဖြေလိုက်တယ်..။
"အဲလိုမဟုတ်ပါဘူး..သခင်လေးက ကျွန်တော်ကိုဘသတိရလို့ လာလည်တာပါ.."
"အင်း..ဘာပဲဖြစ်ဖြစ် မင်းက သူ့ရဲ့ စီနီယာလေ..သူ့ကို ပြသနာ မရှာစေနဲ့ဦး.."
"ခေါင်းဆောင် ကျွန်တော် သခင်လေးရဲ့ စီနီယာ အုဖစ်မခံယူဝံ့ပါဘူး..။ဒါပေမဲ့ သူဒီကို ရောက်နေမှတော့ ကျိန်းသေ ဂရုစိုက်ပေးပါ့မယ်.. ။ဒါပေမဲ့ သူ့ကြည့်ရတာ ခံစားချက် သိပ်မကောင်းဘူး နဲ့တူတာ်နော်.."
"ကြည့်ရတာ သူမင်းကို မပြောဘူးနဲ့တူယယ်..။ဒါပေမဲ့ ဒါက ကောင်းတဲ့ ကိစ္စတော့ မဟုတ်ဘူး..။သူက လမ်းပေါ်မှာ ကောင်းမလေး တစ်ယောက်ရဲ့ ပစ်ပယ်မူကို ခံခဲ့ရတယ်လေ...။ဒါကြောင့် သူဘေဂျင်းမှာ နေဖို့ ရှက်နေပြီး အဲလိုဖြစ်နေတာ.."
လီယန်ဂျင် ဒါကိုကြားတဲ့ အချိန်မှာ ရယ်မောလိုက်တယ်..။ဒီမိန်းကလေးကဘယ်သူလဲ သူသိထားပါတယ်..။ယင်းနောက် သူခေါင်းဆောင်နဲ့ စကားအနည်းငယ် ပြောပြီး ဖုန်းချလိုက်ပါတော့တယ်..။
အဲ့အချိန်မှာတော့..။
သခင်လေး ကျို့ဟာ မာစတာ လင်းရဲ့ ဆိုင်ရှေ့မှာ မတ်တတ်ရပ်လိုက်တယိ။
သူ ရပ်မြဲအတိုင်းရပ်နေပြီး...ဘာမှ မပြောခဲ့ပါဘူး..။သူ ငြိမ်ငြိမ်လေးသာ စောင့်နေခဲ့တယ်..။
သူက အရင်ဆုံးစကားစပြောတတ်တဲ့ လူမဟုတ်ပေ.. ။သူက စျေးဝယ်ဖို့ လာတာဖြစ်တဲ့ အတွက်ကြောင့် ဆိုင်ရှင်တွေက နွေးထွေးစွာ ကြိုဆိုသင့်တာပါ..။
လူလိမ်ထျန်ဟာ သူ့ဖုန်းကို ကြည့်နေရင်း တစ်ချက်လှမ်းကြည့်ကာ ဖုန်းပြန်သုံးနေခဲ့တယ်..။
လင်းဖန်လည်း တစ်ချက်လှမ်းကြည့်လိုက်ပါတယ်..။သူ့အတွက်ကတော့ ဂိမ်းထဲမှာ လိုချင်တာတွေ အကုန်ရထားတဲ့ အတွက် ကျန်တာတွေ ဂရုမစိုက် ချင်တော့ပါဘူး..။ဒါကြောင့် ဒီလူကို ဂရုမစိုက်ပဲ ဂိမ်းပဲ ဆက်ဆော့နေခဲ့တယ်..။
"အာ.."
အဲ့အချိန်မှာတော့ သခင်လေး ကျို့ အံ့ဩနေခဲ့ပါပြီ..။
ဆိုင်ထဲက လူတွေက အနည်းငယ် ထူးဆန်းတဲ့ ပုံတွေပါပဲ..။ယင်းနောက် သူဝင်ပေါက် မှာရပ်နေရင်း ရည်ရွယ်ချက်ရှိရှိ အကြိမ်အနည်းငယ် ..ချောင်းဆိုးပြလိုက်တယ်..။
သို့ပေမယ့်လည်း...
ဘယ်သူမှ ဂရုမစိုက်ပေ..
ဒါက သူ့ကို အနည်းငယ် ရှက်ရွံ့စေပါတယ်..။