မင်းက ဘယ်သူကြွားတာ ပိုတော်လဲ သိချင်နေတာလား..
Vol. 21 Ch. 307
ဘာသာပြန် = စနိုးဝှိုက်..
သခင်လေး ကျို့ဟာနေပူပူကြီး ထဲမှာ ရပ်နေခဲ့တယ်..။သူဟာ ခေါင်းကို မော့ထားပြီး..ရဲရင့်ပြီး တည်ကြည်တဲ့ အကြည့်ကတော့ သူ့မျက်နှာပေါ်မှာ ရှိနေလို့ပါ..။
ဒီဆိုင်က သူ့ကို အတော်စိတ်ပျက် စေပါတယ်..။
ဒီဆိုင်က ကာစတန်မာတွေကို ဒီလိုမျိုးပဲ ဆက်ဆံတာလား....
ဒီလူတွေ..စီးပွားရေးကို ဒီတိုင်းလုပ်နေတာတော့ မဟုတ်ပါဘူးနော်...
ဒီလောက် ကြီးမားပြီး အသက်ရှင်နေတဲ့..ကာစတန်မာ တစ်ယောက်လုံ ဝင်ပေါက် မှာ ရပ်နေတာတောင်..ဘယ်သူကမှ ဂရုမစိုက်ကြပါဘူး..။
လူအိုကြီး နှစ်ယောက်အပြင် လူငယ်တစ်ယောက်လည်း အထဲမှာရှိနေပါသေးတယ်..။
သူတို့တွေ စီးပွားရေး ဘယ်လို လုပ်ရမလဲ ဆိုတာ မသိကြဘူးလား...
ဒီလူတွေ စီးပွားရေးကို ဒီတိုင်း ဆက်လုပ်နေတာတောင် အရှုံးမပေါ်ရင် အတော် အံ့ဩဖို့ကောင်းမှာပါ..။
"အဟမ်း..အဟမ်း.."
သူ ဒီဆိုက်ကို နောက်ဆုံးအခွင့်အရေး ပေးဖို့ ဆုံးဖြတ်လိုက်တယ်..။တကယ်လို့ တစ်ယောက်ယောက်သာ သူ့ကို လာပြီး ဖိတ်ခေါ်မယ်ဆိုရင် အစောက သူတို့ရဲ့ ဂရုမစိုက် မူတွေကို သူ လျစ်လျူ ရူပေးလို့ရပါတယ်..။
ဆက်တိုက် ချောင်းဆိုသံတွေဟာ ထွက်ပေါ်လာနေခဲ့တယ်..။
လင်းဖန် စတင်ပြီး ပြောလိုက်ပါတယ်..။
"လူလိမ်..ခင်ဗျား ဘယ်လိုကစားရမလဲ ဆိုတာ မသိဘူးလား..။ဘယ်သူကများ နောက်ဆုံး စကေးကို ဒီလိုသုံးလို့လဲ.."
"ငါလည်း ရွေးချယ်စရာ မရှိဘူးလေ..ယူလန်က အနားမှာ ရှိမနေတော့..ဘာမှမတတ်နိုင်ပဲ..အကုန်လုံးကို တတ်နိုင်သလောက် ပြန်တိုက်ခိုက် ရတော့တာပေါ့..။ရန်သူတွေက ဒီလောက်တောင် မြန်နေ လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ..။သူတို့က ငါတိုက်ခိုက်တာကို ရှောင်သွားခဲ့ကြတာ.."
လူလိမ် ထျန် ပြန်ရှင်းပြလို်က်တယ်။
"အပြစ်တင်တာတော့ မဟုတ်ဘူးနော်.."
ဝူယူလန်ဟာ ဝင်ပြောလိုက်တယ်..။
"ကျောက်ကျန်းယန်လည်း အနားမှာ ရှိမနေဘူးနော်..။သူက ကာကွယ်ပေးရမယ့်..ဟီးရိုးကို ကိုင်ထားပြီး ခုခံမူ ပစ္စည်းတွေကို လည်း မဝယ်ထားဘူး..။သူက တိုက်ခိုက် မူ ပစ္စည်းတွေကိုဝယ်ထားပြီး ရန်သူကို သတ်ချငိနေတာပဲ သိတယ်.."
ခနကြာပြီးနောက်..
လင်းဖန် ရေရွတ်လိုက်တယ်..။
"နတ်ဘုရား တစ်ယောက်က အသုံးမဝင်တဲ့ လူလေးယောက်ကို ကူညီပေးပြီး ဆွဲခေါ်နေရသလိုပဲ..။နောက်ခါကျရင်..ခင်ဗျားတို့ နဲ့ အတူတူ မဆော့တော့ဘူး.."
လူလိမ် ထျန် ခေါင်းခါယမိးလိုက်တယ်..။
"ငါ ဒီ ဂိမ်းကို ကစားတာ တစ်ဘဝလုံးမှာမှ ရက်ပိုင်းပဲ ရှိသေးတာလေ..။ဒီလောက် မြန်မြန်ကြီးတော့ ဘယ်ကျွမ်းကျင်မှာလဲ.."
"ခင်ဗျား မကျွမ်းကျင်တာကို ကျုပ်နားလည်ပါတယ်..။မကျွမ်းကျင်သေးရင် လေ့ကျင့်သင့်တယ်လေ..။ကျုပ်တို့ ခင်ဗျားကို ခေါ်မဆော့ရင်လည်း ပစ်ပယ်ထားတယ် လို့ပြောဦးမယ်..။အခု ခေါ်ဆော့တော့လည်း တလွဲတွေ ချညး်ပဲ.."
လင်းဖန် ပြောလိုက်တာပါ..။
ဝူယူလန်..ကြားဝင်ဖြန်ဖြေပေးလိုက်တယ်..။
"ကောင်းပြီ ကောင်းပြီ..ဟိုမှာ.အပေါက်ဝ မှာ ရပ်နေတဲ့ လူရှိနေတယ်.."
အဲ့အချိန်မှာတော့ လူတိုင်းဟာ..အပေါက်ဝကို ကြည့်လိုက်ကြပါတယ်..။
သခင်လေး ကျို့ဟာ အကုန်လုံးကို ခက်ထန်တဲ့ အကြည့်တွေနဲ့ ပြန်ကြည့်နေခဲ့တယ်..။ယင်းနောက် သူပြောလိုက်ပါတယ်..။
"ဒါက မင်းတို့ ကာစတန်မာကို ဆက်ဆံတဲ့ ပုံစံလား..။ငါ ဒီမှာ ရပ်နေတာ ဆယ်မိနစ်ရှိပြီ အဲတာကို အခုမှ လှည့်ကြည့်ကြတယ်.."
ဒီမေးခွန်းက အတော်ကို ထိရောက်တဲ့ မေးခွန်း တစ်ခုပါ..။
သို့ပေမယ့် လင်းဖန်က လူတိုင်းထက်ပိုပြီး တော့ အရေထူပါတယ်..။
"ကျွန်တော် တောင်းပန်ပါတယ်..။ကာစတန်မာ လာနေတာကို တကယ်မမြင်လို့ပါ.. အခုမှပဲ သတိထားမိတာ..။တစ်ခုခုများ လိုအပ်လို့ လားခင်ဗျ.."
"ငါ.."
သခင်လေးကျို့ ပြန်ပြောရမလဲ မသိတော့ပေ..။ဒီလောက် ခန္တာကိုယ် အကြီးကြီး ဆိုင်ပေါက်ဝမှာ ပိတ်ရပ်နေတာကိုတောင် ဒီငနဲက မမြင်ဖူးလို့ ပြောနေပါသေးတယ်..။
ဒီကောင် မျက်လုံး မပါဘူးလား...
"ငါ့ကို ပန်ကိတ်တစ်လုံးလောက် ပေးပါ.."
သခင်လေး ကျို့ဟာ ပညာအရည်းအချင်း အများကြီးရှိနေမှတော့..သူက ဂုဏ်သိက္ခာရှိတဲ့ လူတစ်ယောက်ပါ..။ဆိုင်ပိုင်ရှင်တွေက ကာစတန်မာ တွေကို ဒီလို မဆက်ဆံ သင့်ဘူးဆိုတာ ပညာပေးဖို့ သူ့မှာ နည်းလမ်းတွေရှိပါတယ်..။
လူလိမ်ထျန် ပြန်ဖြေလိုက်တယ်.။
"စိတ်မကောင်းပါဘူး..ဒီနေ့အတွက် ပန်ကိတ် အကန့်အသတ်က ရောင်းချပြီးသွားပါပြီ..။ကျွန်တော်တို့က တစ်နေ့ကို ဆယ်လုံးပဲ ရောင်းချပေးတာပါ..။တကယ်လို့ ပန်ကိတ် စားချင်တယ် ဆိုရင်..ဟိုက ပိုစတာ ကို ဖတ်ရူနိုင်ပါတယ်..။ဒါဆိုရင် ပန်ကိတ်ရရင် ရနိုင်မှာပါ.."
သခင်လေး ကျို့ဟာ ဆိုင်ထဲက လူတွေကို ကြည့်လိုက်ပြီး..ပြောလိုက်တယ်..။
"လူတိုင်းက..ကိုယ်ပိုင်..စည်းမျဥ္းတွေရှိတယ်မလား..။ငါလည်း စည်းမျဥ်တွေကို လိုက်နာတဲ့ လူတွေကို သဘောကျတယ်.."
ဒါကို ပြောပြီးနောက်..သူ နံရံပေါ်က ပိုစတာ ကို ကြည့်လိုက်တယ်..။သူ အလျင်အမြန်ပဲ စာသားတွေကို မှတ်သားလိုက်ပါတယ်...။
"ငါ ဖတ်လို့ ပြီးသွားပြီ.."
သခင်လေး ကျို့ ပြောလိုက်တာပါ..။
လူလိမ် ထျန်ဟာ လင်းဖန်ကို ကြည့်လိုက်ပြီးခေါင်းခါယမ်းလိုက်ပါတယ်..။
"ခင်ဗျား မအောင်ခဲ့ဘူး..။စိတ်မကောင်းပါဘူး..ခင်ဗျားပန်ကိတ်ရမှာ မဟုတ်ဘူး.."
"ဟင်.."
သခင်လေးကျို့ အံ့ဩသွားခဲ့တယ်..။သူ့ရဲ့ မျက်နှာ အမူအရာဟာ ပြောင်းလဲ သွားခဲ့ပြီး...
"မင်းက ငါနဲ့ကစား ချင်နေတာလား..။ငါ မအောင်မြင်ဘူးဆိုတာ မင်းဘယ်လိုသိတာလဲ.."
လင်းဖန် ပြုံးလိုက်ပြီး..သခင်လေး ကျို့ကို ကြည့်လိုက်တယ်..။
"စည်းမျဥ်းကို ကျွန်တော် သတ်မှတ်ထားတာပဲ..။ဒါပေါ့..ခင်ဗျား မအောင်မြင်ဘူးဆိုတာ ကျွန်တော်သိတာပေါ့..။ခင်ဗျား ပိုစတာ မှာရေးထားတဲ့ စာသားတွေရဲ့ အဓိပါယ်ကို နားမလည်တာ.."
သခင်လေး ကျို့ ပြုံးလိုက်တယ်..။သူဘေဂျင်းကနေ ထွက်လာပြီးကတည်းက လုပ်စရာ သိပ်ရှိတာ မဟုတ်ပါဘူး..။သူ ဒီဆိုင်ပို်င်ရှင်တွေနဲ့ ကစားဖို့ အချိန်အလုံအလောက်ရှိပါတယ်..။ယင်းနောက် သူဆိုင်ထဲကို ဝင်သွားပြီး..ခုံကို ဆွဲကာ ထိုင်လိုက်တယ်..။
"စိတ်ဝင်စားစရာပဲ..တကယ်စိတ်ဝင်စားဖို့ကောင်းတယ်..။ငါ အဆင့်မြင့်ဆိုင်ပေါင်းများစွာ ကိုသွားဖူးတယ် ဒါပေမဲ့ ဒီလို စည်းမျဥ်းမျိုးကတော့ ငါ့အတွက် ပထမဆံူးပဲ..။ဒါပေမဲ့ ငါက အဓိပါယ်မရှိတာတွေ လာပြောလို့ ရတဲ့လူမဟုတ်ဘူးနော်..။ငါ မင်းကို တစ်ခုလောက် အဆိုပြုပါရစေ..မင်းကြိုက်မကြိုက် ကြည့်တာပေါ့.."
လင်းဖန် မတတ်နိုင်စွာပဲ ရယ်မောလိုက်တယ်..။
"စိတ်ဝင်စားစရာပဲ..ခင်ဗျားကလည်း အတော်စိတ်ဝင်စားဖို့ ကောင်းတာပဲ..။ကျုပ် စျေးရောင်းခဲ့တဲ့ ကာစတန်မာတွေ အများကြီးရှိပေမယ့်..အဆိုပြုချက်ပေးတာကတော့ ခင်ဗျားက ပထမဆံူးပဲ..။ကျုပ်ခင်ဗျားကို အဆိုပြုချက်နဲ့ အကြံဥာဏ်တစ်ချို့ ပြန်ပေးမယ် ဆိုရင်ရော ဘယ်လိုလဲ.."
သခင်လေးကျို့ဟာ ဒါကို ကြားတဲ့ အချိန်မှာ အံ့ဩသွားခဲ့တယ်..။ယင်းနောက် သူရယ်မောလိုက်ပြီး..
"မင်းက တကယ်စိတ်ဝင်စားဖို့ ကောင်းတာပဲ..။ဒါပေမဲ့ လူငယ်တွေက အရမ်းမရိုင်းစိုင်း သင့်ဘူး..။ငါ မင်းထက် ရိုင်းစိုင်းတဲ့ လူငယ်လေးတွေကို မြင်ဖူးပါတယ်...ဒါပေမဲ့ အမှန်တရားက..သူတို့ တွေအကုန်လုံး သင်ခန်းစာပေးခံရပြီး ဆင်ခြင်သွားကြတာပဲ..။သူတို့ ဆီမှာ နောင်တတွေပဲ ကျန်ခဲ့တော့တယ်.."
"မင်ရဲ့ ပန်ကိတ်တွေက ကောင်းမွန်လွန်lတယ်..ငါခံစားရသလောက်တော့...မင်းရဲ့ ကျွမ်းကျင်မူတွေက..ကမ္ဘာပေါ်မှာတောင် အကောင်းဆုံးဖြစ်နိုင်တယ်..။ငါ့အတွက် အလုပ်လူပ်ပြီး ပန်ကိတ်ပြုလုပ်ပေး..။ငါမင်းကို ဘေဂျင်းမှာ ဆိုင်တစ်ဆိုင်ပေးမယ်..။ငါမင်းကို ဂရုမစိုက်ဘူး..မင်းငါ့ကို နေ့တိုင်း ပန်ကိတ်တစ်လုံး လုပ်ပေးရမယ်..ငါ့မိတ်ဆွေတွေ ခေါ်လာတို်င်း နွေးထွေးစွာ ကြိုဆိုပေးရမယ် ဘယ်လိုလဲ.."
သခင်လေးကျို့ ဒီစကားတွေကို ပွင့်ပွင့် လင်းလင်း ပြောလိုက်တာပါ..။သူ လူတွေကို ခန့်မှန်းတဲ့ အခါမှာ တိကျတာ များပါတယ်..။ဒီကလေးက အနည်းငယ် ရိုင်းစိုင်းပေမယ့်လည်း သူ့ရဲ့ ကျွမ်းကျင်မူတွေက အတော်ကို ကောင်းမွန်နေခဲ့တာပါ..။သူ ဒီကောင်လေးကိုသာ ဘေဂျင်းကို အတူပြန်ခေါ်သွားနိုင်ရင် အကောင်းဆုံးပါပဲ..။
သူသာ အဲ့မိန်းကလေးကို ပန်ကိတ်ကျွေးလိုက်ရင်..သူမလံူးဝ မေ့နိုင်တော့မှာ မဟုတ်ပေ..။တကယ်လို့ သူမထပ်စားချင်တယ် ဆိုရင် သခင်လေး ကျို့ရဲ့..စိတ်ခံစားချက်အပေါ်မှာပဲ မူတည်တော့မှာပါ...။
ဒါပြီးတဲ့ နောက်မှာ သူမ သူ့ကို ကန်ထုတ်ချင်တယ် တိုရင်တောင် နှစ်ခါပြန်စဥ်းစားရတော့မှာပါ..။
အဲ့အချိန်မှာပဲ သခင်လေးကျို့ဟာ လင်းဖန်..စိတ်မဝင်စားတာကို တွေ့လိုက်ရတယ်..။ဒါကြောင့် သူဆက်ပြီး ပြောလိုက်ပါတယ်..။
"ငါမင်းကို ဆိုင်တစ်ဆိုင်ပေးတဲ့ အချိန်ကြရင် ဝင်ငွေတွေကိုက မင်းပဲ ရမှာနော်..။ဆိုင်ကလည်း မင်းရဲ့ ဆိုင်ပဲ..ငါရွေပေးမယ့် ဆိုင်က နေရာကောင်းတစ်ခုမှာ ရှိနေတဲ့ ဆိုင်ဆိုတာကိုတော့ သိထားသင့်တယ်..။ဆိုင်တစ်ဆိုင်ထဲနဲ့ တစ်ခြားလူတွေ တစ်သက်လုံး ကြိုးစားရှာတာထက်ကို ပိုပြီး ဝင်ငွေရလိမ့်မယ်..။မင်းတောင် စိတ်မကူးထားတဲ့ ဘဝတစ်ခုကို ငါဖန်တီးပေးနိုင်တယ်..။ဘယ်လိုလဲ.."
သခင်ကျို့ရဲ့ စကားလံူးတွေက သူ့အနားမှာ ရှိတဲ့ အရာရာတိုင်းကို သူထိန်းချုပ်ထားတဲ့ ပုံပါပဲ..။
ဒီပန်ကိတ်တွေက သူ့အတွက်ပုံမှန် မဟုတ်ပါဘူး..။ဒါက တစ်ခြား အစားအသောက်တွေနဲ့ အတော်ကို ခြားနားပါတယ်..။သူ ဒီပန်ကိတ်ကို မေ့လို့ရတော့မှာ မဟုတ်ပေ..။
ဒီလို ခံစားချက် မျိုးကို အရင်တုန်းက တစ်ခါမှ မဖြစ်ဖူးပါဘူး..။
ဒါကြောင့် ပန်ကိတ်တွေက သာမှန် မဟုတ်ဘူးလို့ပြောနိုင်တာပါ..။ဒါက နတ်ဘုရားဆန်လွန်းလှပါတယ်.။
သူ အရူးတစ်ယောက် မဟုတ်ပါဘူး..။ဒီပန်ကိတ်လုပ်တဲ့ လူသာ သူ့လူဖြစ်လာရင်..သူ့ မိတ်ဆွေတွေကို ပန်ကိတ်အရင်ဆုံးကျွေးလို့ ရပါပြီ..။နောက်ပိုင်း သူတို့စားချင်တယ် ဆိုရင် သူ့ကို လာရှာရတော့မှာပါ..။ဒါက စိတ်လှုပ်ရှားစရာပါပဲ.။
လူလိမ် ထျန် သခင်လေး ကျို့ကို ကြည့်လိူက်တယ်..။ဒီကောင်လေးက ကိုယ့်ကိုကို ယုံကြည်မူ လွန်ကဲ နေခဲ့တာပါ..။
ဝူတန်ဟီဟာ သခင်ဘေး ကျို့ကို ကြည့်ပြီး မျက်လံူး အေရာင်လက်သွားခဲ့တယ်..။ဒါက သူ့ရဲ့ သူငယ်ချင်းဟောင်းကို ပြန်မြင်နေရတဲ့ အတိုင်းပါပဲ..။
ကျောက်ကျန်းယန်လည်း အံဩနေခဲ့ပါတယ်..။ဒီလူက အထက်ဆီးကနေ ပြောဆိုနေခဲ့တာပါ..။သူမာစတာလင်ဆီကို လာနေကတည်းက တွေ့နေရတဲ့ လူအများစုက အထက်စီးကပြောတဲ့ လူတွေချည်းပါပဲ..။
သူတို့ရှေ့က ဒီလူက ..သူတို့ရဲ့ အဖေတစ်ယောက်လိုမျိုးစကားပြောနေခဲ့တာပါ..။သူ ပြောနေတဲ့ အရာရာတိုင်းက ဘာပြသနာမှ မရှိတဲ့ ပုံပါပဲ..။
သို့ပေမယ့် သူ့ရဲ့ တည်ရှိမူကတော့ ဟာသမဟုတ်ပေ..တစ်ချက်ကြည့်ရုံနဲ့ တစ်လူက ပြောတဲ့ အတိုင်းလုပ်နိုင်တဲ့ လူဆိုတာ ပြောနိုင်ပါတယ်..။
ဒီလိုမျိူး ခံစားချက်က ဖော်ပြဖို့ ခက်ခဲလှပါတယ်..။ဒါက သူ ကြွားဝါဖို့ ကြိုးစားနေသလိုဖြစ်ပြီး..သူ့မျက်လုံးကို ကြည့်လိုက်တာနဲ့ ယုံကြည်မူတွေ ပျောက်ဆံူးသွားမှာပါ..။သူရဲ့ တည်ရှိမူကလည်း သန်မာလွန်းလှပါတယ်..။
"ဒါက ခင်ဗျား ရဲ့ အကြံပြုချက်လား.."
သခင်လေး ကျို့ ခေါင်းညိမ့်လိုက်တယ်..။
"ဘာလို့လဲ ..ဒါက မလုံလောက်လို့လား..။ဒီလို ကမ်းလှမ်း မူမျိုးက တစ်ခြားလူတွေ အသက်သုံသက်ရှိရင်တောင် မပေးနိုင်လောက်ဘူး ဆိုတာတော့ သိထားသင့်တယ်..။မင်း သဘောတူလိုက်တာနဲ့ ငါဘယ်လိုလူမျိုးလဲ ဆိုတာ သိခွင့်ရမှာ ဖြစ်ပြီး..ကျန်တဲ့ ဘဝတစ်လျောက်လုံး ဒီဆုံးဖြတ်ချက်အပေါ် ကျေနပ်နေလိမ့်မယ်.."
လင်းဖန် ခေါင်းခါယမ်းလိုက်တယ်..။
"ကမ်းလှမ်းမူကို ဒီလိုမျိး မပေးရဘူး..။ကိုယ့်ကိုကို အရင်တွေးကြည့်..မဟုတ်ဘူး..။ခင္ဗျားက လူဆိုးတစ်ယောက် မဟုတ်ပါဘူး ဒီတော့ အကြံဥာဏ် နည်းနည်းလောက် ပေးပါရစေ..။ကျုပ်ဆီကနေ လူတိုင်း အကြံပေးချက်ရနိုင်တာ မဟုတ်ဘူးဆိုတာတော့ သိထားသင့်တယ်..။အနာဂတ်မှာ ပြန်တွေးမိတိုင်း..ဒီနေ့ ကျုပ်ကို ကံကောင်းပြီး တွေ့ခွင့်ရတာကို ကျေးဇူးတင်နေမိလိမ့််မယ်.."
"ကျို့ထျန်ဖူ.."
လင်းဖန် ပြောလိုက်ပြီး..သူ့ရဲ့ ့လဖက်ရည်ခွက်ကို အရသာခံ သောက်လိုက်ပါတယ်...
ခင်ဗျားက ဘယ်သူက ကြွားတာပိုတော်လဲ သိချင်ရင်တော့..ရိုက်ချက် အနည်းငယ်ကို ခံနိုင်ဖို့ လိုလိမ့်မယ်....
"မင်း ငါ့နာမည်ကို သိနေတာလား.."
သခင်လေးကျို့ မျက် မှောင်ကျုတ်လိုက်တယ်..။သူ့ရဲ့ အမူအရာ လေးနက်သွားခဲ့ပါတယ်.။သူ ဒီလူငယ်လေးကို သေချာ အကဲမခတ်နိုင်လိုက်တဲ့ ပုံပါပဲ..။
ဒီကောင်လေးက မရိုးရှင်းပါဘူး..။သူ့ကြည့်ရတာ အရည်အချင်း တစ်ချို့ ရှိတဲ့ ပုံပါပဲ..။
သခင်လေး ကျို့ဟာ ဒီလို ရှန်ဟိုင်းရဲ့ လမ်းသေးသေးလေးမှာ..သူမကို်င်တွယ်နိုင်တဲ့ လူတစ်ယောက် ရှိနေလိမ့်မယ် လို့ မထင်ထားခဲ့ပေ..။