ါကို သဘာဝကို ဆန့်ကျင်ပြီးကံတရားကိုပြောင်းလဲတယ်လို့ခေါ် တယ်...
Vol. 21 Ch. 308
ဘာသာပြန် = စနိုးဝှိုက်
သခင်လေး ကျို့ဟာ သူဒီကို ပန်ကိတ်ဝယ်ဖို့ လာခဲ့တယ် ဆိုတာကိုတောင် မေ့သွားခဲ့ပါပြီ..။အဲ့အချိန်မှာပဲ..သူ သံသယဖြစ်လာခဲ့တယ်..။ဒီလူက..တကယ် ရိုးရှင်းတဲ့လူတစ်ယောက် မဟုတ်ပါဘူး..။
"မင်း ငါ့နာမည်ကို ဘယ်လို သိတာလဲ.."
သူ့ရှေ့ကလူနဲ့ သူက ဘာအဆက်အသွယ်မှ မရှိဖူးသလို သူငယ်ချင်းတွေလည်း မဟုတ်ပါဘူး..။ထပ်ပြောရရင်..သူ့အဖေရဲ့ တပည့်ကလည်း..ရှန်ဟိုင်းမှာ မိတ်ဆွေ အများကြီး မရှိပေ..။
သူက ငါ့နာမည်ကို ဘယ်လိုသိတာလဲ...
အဲ့အချိန်မှာပဲ လင်းဖန်ဟာ သူ့ရဲ့ဦးခေါင်းအထက်ကို ညွှန်ပြနေတာ သတိထားမိလိုက်ပြီး..သိချင်သွားခဲ့တယ်..။
"ဒါက ဘာကို ဆိုလိုတာလဲ.."
လင်းဖန် ပြောလိုက်တယ်..။
"အပြင်ထွကိပြီး ဝင်ပေါက် မှာ ဘာရေးထားလဲ ဆိုတာကို ဖတ်ကြည့်လိုက်ပါဦး.."
သခင်လေးကျို့ ချက်ချင်း အပြင်ကို ထွက်ပြီး..ကြည့်လိုက်တယ်..။ယင်းနောက် သူအံ့ဩသင့် တဲ့ လေသံနဲ့ မေးလိုက်ပါတယ်..။
"မာစတာ လင်းလား....အဲတာက ဘာပြောချင်တာလဲ.."
လင်းဖန် ရယ်လိုက်တယ်..။
"ခင်ဗျား ကျုပ်ဘယ်သူလဲ ဆိုတာကို သိသွားပြီပေါ့..။ဒါဆို ခင်ဗျားနာမည် ကျုပ်ဘယ်လို သိလဲ ဆိုတာ မမေးနဲ့တော့..လက်ချောင်းလေး တစ်ချက်လှုပ်လိုက်တာနဲ့..ခင်ဗျား ဒီနေ့ အောက်ခံဘောင်းဘီ ဘာအရောင် ဝတ်ထားလဲ ဆိုတာပါ ပြောလိူ့ရတယ်.."
သခင်လေး..ကျို့ ပြောလိုက်တယ်..။
"မင်းက ဗေဒင်ဆရာလား။ကောင်းပြီ တစ်ခြားလူတွေကို..အရူးလုပ်နေတာ ရပ်လိုက်တော့..အခုနက ငါ့ရဲ့ကမ်းလှမ်းချက်ကို မင်းဘယ်လိုထင်လဲ..။ငါကတော့ ဒီအခွင့်အရေးကို လက် မလွှတ်ဖို့ အကြံဥာဏ်ပေးချင်တယ်..။မင်းနောင်တရနေရင်တောင် ဒီလို အခွင့်အမျိုးက နောက်တစ်ခါ ထပ်လာမှာ မဟုတ်တော့ဘူး.."
"အနီရောင်ပဲ.."
လင်းဖန် တည်ငြိမ်စွာ ပြောလိုက်တာပါ..။
သခင်လေးကျို့ရဲ့ အမူအရာဟာ ပြောင်းလဲ သွားခဲ့တယ်..။ဒါက အနည်းငယ် မယုံကြည်ဖို့ ကောင်းပါတယ်..။ဒီငနဲ အမှန်တကယ် သိနေမယ်လို့ ..သူကတယ် မထင်ထားခဲ့ပေ..။
ဒီနှစ်က တရုတ် ၁၂ ရာသီ ခွင်ထဲကမှ သူ့ရဲ့ နှစ်ပါ..။ကံကောင်းချင်း တရားတွေ ရဖို့အတွက် သူနီရောင် အောက်ခံဘောင်းဘီ ဝတ်နေရပြီး..ဒီကောင်လေးက ဒါကိုသိနေလိမ့်မယ် လို့ မထင်ထားခဲ့ပေ..။
"မင်းက ဘယ်သူလဲ.."
သခင်လေးကျို့ နောက်တစ်ခါ ထပ်မေးလိုက်တယ်..။ဒီကောင်လေးက တကယ်ကို မရိုးရှင်းပါဘူး..။အထူးသဖြငိ့..တည်ငြိမ်ပြီး ..မြဲမြံတဲ့ သူ့ရဲ့ အမူအရာတွေပါ..။
လင်းဖန် ရယ်လိုက်ပြီး ထိုင်ခုံရဲ့ နောက်ကို မှီလိုက်တယ်..။
"ကြည့်ရတာ ခင်ဗျားက ရှန်ဟိုင်းက မဟုတ်ဘူးပဲ...။ဒါဆိုရင်တော့ ခင်ဗျား ကျုပ်ကို မသိတာ ပုံမှန်ပါပဲ..ကျုပ်ခင်ဗျားကို အကြံဥာဏ်တစ်ချို့ပေးလိုက်မယ်..ဒါကလည်း ကျုပ်ရဲ့ ကမ်းလှမ်းချက်ပဲ.."
"ခင်ဗျားရဲ့ အိမ်ထောင်ရေး လမ်းကြောင်းက သိပ်ပြီး မကောင်းဘူး.။ဘေးဂျင်းကို ဖြစ်နိုင်သမျှ မြန်မြန် ပြန်ပြီး လုပ်နိုင်သမျှကိုလုပ်..။ဒါဆိုရင်တော့ မျှော်လင့်ချက် ရှိသေးတယ်.."
လင်းဖန် ပြောလိုက်တာပါ..။
သခင်လေးကျို့ ရယ်မောလိုက်တယ်..။
"မင်းဘာကို ပြောချငိတာလဲ..။ငါ့ရဲ့ အိမ်ထောင်ရေး လမ်းကြောင်းလား..။ငါ့မှာ ကောင်မလေးတောင်ဘမရှိသေးတာကို မင်းက ဒါလာပြောနေတယ်..။
"ဟီးဟီး..ခင်ဗျားမှာ...ကောင်မလေး တစ်ယောက် ရှိတယ်လို့ မပြောမိပါဘူး..။ဒါပေမဲ..ခင်ဗျားကို ရှန်ဟိုင်းရောက်အောင် တွန်းပို့လိုက်တဲ့ မိန်းကလေးနဲ့တော့ နီးစပ်တဲ့ ဆက်ဆံရေးတွေရှိနေတယ်.။ခင်ဗျားရဲ့ အိမ်ထောင်ရေး လမ်းကြောင်းက..သူမနဲ့ နီးစပ်နေပေမယ့်လည်း မြဲမြံခြင်းတော့ မရှိဘူး.."
"ငါ့ကို ရှန်ဟိုင်းရောက်အောင် တွန်းပို့လိုက်တဲ့ လူလား.."
သခင်လေးကျို့ သိချင်သွားခဲ့တယ်..။သူ့ဦးနှောက်ကို ခနလောက် ပြန်အလုပ်ပေးလိုက်တဲ့ အချိန်မှာတော့ သူကြောင်အသွားခဲ့ပါပြီ..။
ငါ့ကို ရှန်ဟိုင်းရောက်အောင် လုပ်လိုက်တဲ့ သူက..သူမမဟုတ်ဘူးလား...
"မင်းဘယ်သူလဲ..ဘာလို့ ဒါတွေကို သိနေရတာလဲ.."
အဲ့အချိန်မှာတော့ သူရွေးချယ်စရာမရှိပဲ နိုးနိုးကြားကြား ဖြစ်သွားခဲ့ပါပြီ..။ဒီလူက သူ့အကြောင်း အများကြီးသိထားပေမယ့်လည်း..သူကတော့ ဒီလူအကြောင်းကို ဘာမှ မသိထားပါဘူး..။
"သခင်လေး.."
ယင်းနောက် လီယန်ဂျင် ရောက်လာခဲ့တယ်..။သူကားထဲမှာ အကြာကြီးစောင့်နေသေးပေမယ့် သခင်လေး ကျို့ပြန်မလာသေးတဲ့ အတွက် စိတ်ပူပြီး လိုက်လာတာပါ..။သူဆိုင်ထဲရောက်လာတဲ့ အချိန်မှာ သခင်လေး ကျို့က လူတစ်ယောက်နဲ့ စကားပြောနေတာတွေ့ပြီး သိချင်သွားခဲ့တယ်..။
သခင်လေး ဘာလို့ ဒီလူနဲ့ စကားပြောနေလည်း သူမသိပေမယ့်..အခြေအနေကြည့်ရတာတော့ သိပ်မူမမှန်ပါဘူး..။
သခင်လေးကျို့ဟာ ..လီယန်ဂျင်ကို ဘာမှ ြ့ပန်မပြောပေ..။အဲ့အစား..သူ့ဘက်ကို စားပွဲပေါ်ရိုက်ချလိုက်ကာ..လေးနက်ပြီး.မြဲမြံတဲ့ လေသံနဲ့ ပြောလိုက်တယ်..။
"မင်းဘယ်သူလဲ..ဘယ်လိုဖြစ်ပြီး..ဒါတွေကို သိနေရတာလဲ.."
လင်းဖန် ပြုံးလိုက်ပြီး...
"သခင်လေး စိတ်အေးအေးထားပါဦး..ကျုပ်ခင်ဗျားကို ပြောပြီးပြီ မဟုတ်ဘူးလား..။ပန်ကိတ်ရောင်းတာအပြငိ ကျုပ်က ဗေဒင်လည်း ဟောသေးတယ်..။ပြီးတော့ ခင်ဗျားရဲ့ ကံကြမ္မာကို တွက်ချက်တာက ခက်ခဲတဲ့ အရာတစ်ခု မဟုတ်ဘူး.."
လီယန်ဂျင် ပြောလိုက်တယ်..။
"သခင်လေး..သူကတကယ် ဗေဒင်ဆရာပါ..။သူက အရမ်းတိကျတယ်လို့ ကျွန်တော် ကြားထားတယ်.."
သခင်လေးကျို့ဟာ ခေါင်းညိမ့်လိုက်ပါတယ်..။ဒါပေမဲ့ လင်းဖန်ရဲ့ တည်ငြိမ်ပြီး လေးနက်တဲ့ အမူအရာကို ကြည့်ရတာ သူ့အကြောင်း ဒီထက်အများကြီး သိနေသေးတယ်ဆိုတာ သူပြောနိုင်ပါတယ်..။
တစ်ယောက်ယောက် ပါတ်သတ်လာတဲ့ အတွပ်သူပိုပြီး တောင် သိချင်နေပါသေးတယ် .။
"မင်းခုနက ပြောတာက ဘာကို ဆိုလိုချင်တာလဲ.."
သခင်လေးကျို့ မေးလိုက်တာပါ..။
လင်းဖန် လဖက်ရည်တစ်ငုံကို သောက်ပြီး ထပ်ပြောလိုက်တယ်..။
"ကျုပ်တို့ ဖြည်းဖြည်းချင်းပြောကြတာပေါ့..။ယူလန် လဖက်ရည်တစ်ခွက် ယူလာလိုက်ပါဦး.."
သခင်လေး ကျို့ အနည်းငယ် သံသယဖြစ်ပေမယ့်လည်း ဘာမှမပြောပဲ ကြည့်ရုံသာ ကြည့်နေခဲ့ပါတယ်..။ဝူယူလန် လဖက်ရည်ခွက်လာချပေးတဲ့ အချိန်မှာ..ကျေးဇူးတင်တဲ့ အနေနဲ့ ခေါင်းညိမ့်ပြလိုက်တယ်..။ဝူယူလန် ကလှပပေမယ့်လည်း သူတစ်ချက်သာ ကြည့်လိုက်ပါတယ်..။အခုချိန်မှာ သူ့ရဲ့ အာရုံစိုက် မူတွေနဲ့..သိချင်စိတ်တွေက လင်းဖန်ဆီမှာ အပြည့်အဝ ရောက်နေခဲ့ပါပြီ..။
လီယန်ဂျင်ဟာ ဘေးနားမှာ..ရပ်နေခဲ့ပြီး ဘာမှ ဝင်မပြောခဲ့ပေ..။သူက ရှန်ဟို်င်းသား ဖြစ်တဲ့ အတွက် ပန်ကိတ်တွေနဲ့ မာစတာ လင်း အကြောင်းကို ကောင်းကောင်း သိထားပါတယ်..။မာစတာ လင်းရဲ့ ဟောပြောမူတွေက အရမ်းတိကျပါတယ်..။သို့ပေမယ့် အင်တာနက်ပေါ်မှာက နည်းနည်းဆို များများလုပ်ပြီး တင်ထားတာပါ..။
ဗေဒင်ပညာ အကြောင်းကို သိကြပေမယ့်လည်း လူများစွာက သိပ်ဂရုမစိုက်ကြပေ..။
ဘာပဲဖြစ်ဖြစ် အင်တာနက်ဆိုတာက ချဲကားထားတာတွေများပါတယ်..။ကိူယ်တိုင် ပါဝင်ထားတဲ့ လူတွေမဟုတ်ရင် သိပ်ပြီး မယုံကြည်ကြပေ..။
"မင်းခုနက ပြောတာက ဘာကို ဆိုလိုတာလဲ.."
သခင်လေး ကျို့နောက်တစ်ခါထပ်မေးလိုက်တာပါ..။
လင်းဖန် ပြုံးလိုက်တယ်..။
"ကျေးဇူးပြုပြီး ကျုပ်ကို မာစတာ လင်းလို့ ခေါ်ပေးပါ.."
သခင်လေးကျို့ ကြောင်အသွားခဲ့တယ်..။အခေအနေက ပြောင်းလဲ သွားတဲ့ ပုံပါပဲ..။အခု သူက ဖိနိပ်ခံနေရတဲ့ လူတစ်ယောက်ဖြစ်သွားပါပြီ..။သို့ပေမယ့် သူတကယ် သိချင်မိပါတယ်..။
သူ ဗေဒင်ပညာကို မယုံကြည်ပေမယ့်လည်း အခု လီယန်ဂျင်က ပြောတော့ အနည်းငယ် စိတ်ပါလာခဲ့ပါတယ်..။
လူလိမ်ထျန် အခြေအနေကို ကြည့်ပြီး စိတ်ထဲက ကျိတ်ရယ်လိုက်တယ်..။ဒီ ငနဲ မလွတ်မြောက်နိုင်တော့ဘူး ဆိုတာကို သူသိထားပြီးသားပါ..။လင်းဖန်က ထောင်ေခြာက်ဆင်နေပြီ ဆိုမှတော့ သူကျိန်းသေ ထောင်ခြောက်ထဲမှာ မိမှာပါ..။မဟုတ်ဘူး..ဒါကို ထောင်ခြောက်ဆင်တာ မဟုတ်ဘူး..ဒါက အစစ်အမှန်အပေး အယူလုပ်တာ..။
လင်းဖန် စားပွဲပေါ်ကို လက်တင်လိုက်ပြီး ခန္တာကိုယ်ကို ရှေ့တိုးလိုက်တယ်..။သူ့အကြည့်ကို သခင်လေးျကို့ပေါ်မှာ ထားလိုက်ပြီး..
"ကျုပ်ခင်ဗျားကို ပြောပြီးသွားပြီလေ..ဒါပေမဲ့ မေးရဦးမယ်..။ခင်ဗျား ကျုပ်ကို ယုံကြည်လား.."
သခင်လေးကျို့..လင်းဖန်ကိုကြည့်လိုက်ပြီး ပြန်ပြောလိုက်တယ်..။
"ငါအရင်ပြောလိုက် မယ်..ငါမင်းကို ယုံကြည်သင့်လားဆိုတာ တွေးနေတုန်းပဲ.."
လင်းဖန် ခေါင်းခါယမ်းလို်က်တယ်..။
"ဒါဆိုလည်း မေ့လိုက်တော့ ..ကျုပ်က ကျုပ်ကို ယုံကြည်တဲ့ လူတွေပဲ..ဟောပေးတာ..။ခင်ဗျားကျုပ်ကို မယုံကြည့်ဘူးဆိုရင်တော့ ပြန်လိူက်တော့.."
လီယန်ဂျင်က..အတွေ့အကြုံရှိပြီး အသိပညာရှိတဲ့ လူတစ်ယောက်ပါ..။သူ့ဘဝမှာ..ထူးဆန်းတဲ့ အရာတွေ အများကြီးကို..တွေ့ဖူးပြီးထားပါပြီ..။သူ သခင်လေး ကျို့ရဲ့ နားနားကို ကပ်ပြီး ပြောလိုက်တယ်..။
"တစ်ချို့ အရာတွေက ယုံကြည်မှ ရမယ်..။အခုရှေ့မှာ ရှိနေတဲ့လူက ဂုဏ်သတင်း အတော်ကျော်ကြားတာ..။သူဟောပြာခဲ့တဲ့ အရာတွေထဲမှာ အမှန်တကယ်ဖြစ်လာတာတွေ အများကြီးပဲ.."
လီယန်ဂျင်ဟာ သတင်းတွေကို ဖတ်အပြီးမှာ..လင်းဖန်ဆီကို လာပြီး ဗေဒင်မေးချင်ခဲ့ပါသေးတယ်..။သို့ပေမယ့် နောက်ပိုင်းမှာ လင်းဖန်ဟာ ပန်ကိတ်သာ လုပ်ပြီး..ဗေဒင်မဟောတော့ပေ..။ဒါက လီယန်ဂျင်ကို စိတ်ပျက်စေပါတယ်..။
သခင်လေးကျို့ ခေါင်းညိမ့်ပြီး လင်းဖန်ကို ကြည့်ကာ ပြောလိုက်တယ်..။
"မာစတာ လင်း ကျွန်တော် ခင်ဗျားကို ယုံကြည်ပါတယ် ."
လင်းဖန် ပြုံးလိုက်တယ်..။
"ကောင်းပြီ ဒါဆို ကျုပ်တစ်ခုထဲ ပြောလိုက်မယ်..။ခင်ဗျား ယုံကြည်တယ် ဆိုရင် ကျုပ်ပြောတာကို နားထောင်..။မဟုတ်ရင်တော့ ဖြစ်ပျက်လာတာတွေအတွက် ကျုပ်ကို အပြစ်မတင်နဲ့..။ကျုပ်သတိပေးပြီးသွားပြီ.."
"ရှန်ဟိုင်းမှာ သုံးလအထိမနေနဲ့..။အခုချက်ချင်း ရှန်ဟိုင်းကို ပြန်လိုက်..မဟုတ်ရဲ့..အိမ်ထောင်ရေးလမ်းကြောင်းက တစ်ခြားတစ်ယောက်ဆီကို ရောက်သွားလိမ့်မယ်.."
လင်းဖန် ဒါပြောပြီးနောက် ထပ်မပြောတော့ပေ..။သူ သခင်လေး ကျို့ကိုသာ ပြုံးပြီး ကြည့်နေခဲ့ပါတယ်..။
သခင်လေး ကျို့ အနည်းငယ် သံသယဖြစ်သွားခဲ့တယ်..။
"ဒါပဲလား.."
လင်းဖန် ခေါင်ညိမ့်လိုက်တယ်..။
"ဟုတယ်..ဒါပဲ.."
မဟုတ်ဘူး.. ခနနေဦး..
အဲ့အချိန်မှာပဲ သခင်လေးကျို့ ရုတ်တရက် အသိစိတ်ပြန်ဝင်လာခဲ့တယ်..။
ငါ ရှန်ဟိုင်းမှာ သုံးလနေဖို့ စိတ်ကူးထားတာ ဒီကောင် ဘယ်လိုသိနေတာလဲ...
သခင်လေးကျို့မတ်တတ်ရပ်ပြီး လင်းဖန်ကို ကြည့်လိုက်တယ်..။
"ကောင်းပြီ..ငါမင်းကို ယုံကြည်ပါတယ်..။ငါ ကျို့ထျန်ဖူက..ကျေးဇူးမတင်တတ်တဲ့ လူမျိုးမဟုတ်ဘူး..။တကယ်လို့ မင်းမှန်ကန်တယ် ဆိုရင်..ငါမင်းကို အကြွေးတင်သွားပြီ.."
လင်းဖန် ရယ်မောလိုက်တယ်..။
"ဗေဒင်ဟောခအဖြစ် ကြိုက်သလောက်သာ ပေးသွားခဲ့..။အကြွေးကိစ္စကတော့ မေ့လိုက်တေ့.."
သခင်လေးကျို့ ကြောင်အသွားခဲ့တယ်..။ယင်းနောက် သူ ရယ်မောလိုက်ပါတယ် ..။တစ်စုံတစ်ယောက်က သူ့ဆီက အကြွေးတင်မူကို..မလိုချင်ဘူးဆိုတာ ပထမဆုံး ကြုံဖူးတာပါ..။
…
သခင်လေး ကျို့ထွက်သွားပြီးနောက် မှာ လူလိမ်ထျန်..လာပြီး မေးလိုက်တယ်..။
"ဟေး ကောင်လေး..မေးက သူ့ကို ဗေဒင်တွက်ပေးလောက်အောင်..သဘောထားကောင်းနေပါလား.."
လင်းဖန် လူလိမ်ထျန်ကို တစ်ချက်ကြည့်လိုက်ပြီး..ဝူတန်ဟီကို ကြည့်လိုက်တယ်..။
"တစ်ခုခု မြင်လိုက်လား.."
ဝူတန်ဟီ ခေါင်းညိမ့်လိုက်ပါတယ်..။
"ငါ သူ့အဖေကို သိတယ်..ဒါပေမဲ့ ငါသူကို တွေ့ရတာတော့ ပထမဆုံး အကြိမ်ပဲ..။ဒါပေမဲ့ သူမင်းဆီ ဆက်သွယ်လာတာက အတော်သန်မာနေသလိုပဲ..။ဒီလို တွက်ချက်ရတာက ထူးဆန်းနေတယ်.."
လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။သူ သခင်လေး ကျို့ကို စတွေ့ကတည်းက တစ်ခုခု မူမမှန်ဘူးဆိုတာ..ခံစားနေမိတာပါ..။
တကယ်လို့ တစ်ခုခုမဖြစ်ဘူးဆိုရင် ဒီငနဲက ရှန်ဟိုင်းမှာ သုံးလလောက်နေမှာပါ..။ဒီအချိန်အတော်အတွင်းမှာ..ပြသနာတွေ အများကြီး သူတွေ့ဖို့ရှိနေပြီး .ဒီပြသနာတွေ အကုန်လုံးက လင်းဖန်နဲ့ ဆကိစပ်နေခဲ့တာပါ..။
ဒါကို နားလညိလိုက်တဲ့ အချိန်မှာ လင်းဖန် သူ့ကို ထွက်သွားဖို့ လှည့်စားခဲ့တာပါ..။
ဆုံးရှုံးမုရှိရင် အကျိုးအမြတ်လဲ ရှိရမှာပါ..။
တကယ်လို့..သခင်လေးကျို့ ရှန်ဟိုင်းမှာဆက်နေရင် သူတို့ တစ်ယောက်နဲ့တစ်ယောက် သိမှာဖြစ်ပေမယ့်လည်း..ဘေးဂျင်းမှာရှိတဲ့ အိမိထောင်ရေး ပြသနာက ကြီးမားသွားမှာပါ.။အခုဆိုရင် သူ့အတွက်က ရှန်ဟိုင်းမှာ ရှိတဲ့ ပြသနာရော..ဘေဂျင်းမှာ ရှိတဲ့ ပြသနာရော ဖြေရှင်းရာရောက်သွားပါပြီ..။
သို့ပေမယ့် လင်းဖန် အတွက်ကတော့..သူ့ဘဝမှာ အရေးကြီးတဲ့ အရာတွေ သိပ်မလိုအပ်ပေ..။တစ်ခြားလူတွေ အဆင်ပြေဖို့ကိုသာ သူစိတ်ထဲမှာ ရှိနေခဲ့တာပါ..။
ဒါကို ဘယ်လိုခေါ်ရမလဲ.....
ဒါကို..သဘာဝကို ဆန့်ကျင်ပြီး..ကံကြမ္မာကို ပြောင်းလဲတယ်လို့ ခေါ်လို့ရပါတယ်..။