အကူညီ တစ်ချို့ ပေးလိုက်မယ်
Vol. 21 Ch. 309
ဘာသာပြန် = စနိုးဝှိုက်
ကားထဲတွင်..။
"သခင်လေး..တကယ်ပြန်တော့ မလို့လား.."
လီယန်ဂျင် မေးလိုက်တာပါ..။
သခင်လေးကျို့ဟာ.လင်းဖန်ဟောလိုက်တာကို သိပ်မကျေနပ်ပဲ မေးလိုက်တယ်..။
"အန်ကယ်လီ သူမှန်မယ်လို့ထင်လား.."
လီယန်ဂျင်ဟာ အံ့ဩသွားတဲ့ အမူအရာဖြစ်သွားပြီးပြုံးလိုက်တယ်..။
"သခင်လေး..သာ တကယ်ယုံကြည်မယ်ဆိုရင်..ဒါကဖြစ်လာလိမ့်မယ်..။တကယ်မယုံကြည်ဘူးဆိုရင်တော့ ဖြစ်လာမှာ မဟုတ်ဘူး..."
"မဟုတ်ဘူး..ကျွန်ေတာ်ပြောချင်တာက..အန်ကယ်လီ ဆိုရင်ရော..သူ့ကို ယုံကြည်မှာလား.."
သခင်လေး ကျို့မေးလိုက်တာပါ..။
လီယန်ဂျင် လေးနက်တဲ့ အမူအရာနဲ့ ပြန်ဖြေလိုက်တယ်..။
"ကျွန်တော်ကတော့ သူ့ကို ယုံကြည်မှာ..ကျွန်တော် သူ့ကို လေ့လာကြည့်ပြီးသွားပြီ..။အရင်တုန်းက သူဟောပြောခဲ့တာတွေ အကုန်လုံး မှန်ကန်ခဲ့တာတွေ ချည်းပဲ..။တကယ်လို တစ်ချို့မတော်တဆမူတွေကိုကြားရင် ယုံကြည်နိုင်မှာတောင် မဟုတ်ဘူး.."
သခင်လေး ကျို့ေပြာလိုက်တယ်..။
"ကျွန်တော်ကို..လေယာဥ်လက် မှတ်အတွက်..ဘိုကင်လုပ်ပေးပါဦး..။ကျွန်တော် ဘေဂျင်းကို ..ပြန်တော့မယ်.."
လီယန်ဂျင် ကိူယ်တိုင်လည်း..လင်းဖန်ကို ယုံကြည်တဲ့အတွက် သခင်လေးကျို့ ဘေဂျင်းပြန်ဖု့ိကို ဘာမှ မပြောတော့ပါဘူး..။သခင်လေး ရှန်ဟိုင်းကို ရောက်လာပြီး ဒီလောက်မြန်မြန်ပြန်သွားရလိမ့်မယ်လို့ မထင်ထားခဲ့ပေ..။သို့ပေမယ့် မာစတာ လင်းပြောထားတာတွေကို သူလည်း ကြားထားတော့ မတားတော့ပါဘူး..။ဒါသာ အမှန်ဆိုရင်..အချိန်မှီမလုပ်နိုင်ရင် နောင်တရစရာတွေ ဖြစ်လာပါလိမ့်မယ်..။
များပြားလှတဲ့ ကားတွေဟာ..တစ်စီးပြီးတစ်စီး ဖြတ်ကျော်နေခဲ့တယ်...
သခင်လေးကျို့ယာ..အပြင်ဘက်မှာ ဖြတ်သွားနေတဲ့ ကားတွေကို ကြည့်ပြီး လေးနက်စွာ တွေးနေခဲ့တယ်..။
"ရှန်ဟိုင်းက မာစတာလင်း..တစ်ရက်ကျရင်တော့ ငါ ကျိန်းသေပြန်လာလည်ခဲ့မယ်.."
ဆိုင်ထဲတွင်။
ဝူတန်ဟီ လင်းဖန်ကို ကြည့်လိုက်တယ်..။
"သူ့ရဲ့ကိုယ်ပိုင် လက္ခဏာတွေကို မင်းတွက်ချက်နိုက်လိုက်လား.."
လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။
"ကျွန်တော် ဖတ်ကြည့်လိုက်တယ်..။သူက တကယ်အဆင့်အတန်း မြင့်မားတဲ့ လူတစ်ယောက်ပဲ..။သူက ကောင်းကင်ကြီးကိုတောင် လက်တစ်ဖက်တည်းဖုံးအုပ်နို်င်မယ့် ကံဇာတာရှိတယ်လို့ ပြောလို့ရတယ်.."
ဝူတန်ဟီ ရယ်မောလိုက်တယ်..။
"ဒီနေ့ပြီးရင် သူ့ရဲ့ဘဝက ဘယ်လိုဖြစ်လာမှာလဲ.."
"သူ့ဘဝလား.."
လင်းဖန် ဆက်ပြောဖို့ လုပ်နေရင်းကနေ..ရပ်တန့်လိုက်တယ်..။ယင်းနောက်သူရယ်မောလိုက်ပြီး..
"ခင်ဗျားက ဘာလို့ စိတ်ပူနေရတာလဲ.."
ဝူတန်ဟီ ဖုံးကွယ်ထားဖို့ အကြိုးစားခဲ့ပေ..။
"သူ့အဖေက ငါ့ကို ကြီးကြီးမားမား တစ်ခါကူညီဖူး ခဲ့တယ်..။သူ့အဖေရဲ့ အဆင့်အတန်းနဲ့ ငါပြန်ပေးနိုင်တဲ့ အရာဆိုလို့ မရှိဘူးလေ..။ငါဆိုတာကလည်း အကြွေးတင်နေရင် မနေတတ်တဲ့လူပဲ..ဒါကြောင့် သူ့သားမှာ ပြသနာတစ်ခုခု ရှိနေရင် ကူညီပေးချင်မိတယ်.."
လင်းဖန် ရယ်မောလိုက်တယ်..။
"ဒါလုံလောက်ပြီ..ကံကြမ္မာဆိုတာ ကောင်းကင်ဘုံရဲ့ အလိုကျပဲ..။ဘဝတိုင်းက အနိမ့်အမြင့်ဆိုတာ ရှိတယ်..။ဒါပေမဲ့ ခင်ဗျား ဒီအကြွေးကို ပြန်ဆပ်နိုင်မယ်လို့တော့ ကျွန်တော် မထင်ဘူး.."
"ကောင်းတယ်..။ဒီအကြွေးကို ပြန်မဆပ်ရတာက ပိုပြီးကောင်းမှာပါ.."
ဝူတန်ဟီ ပြုံးပြီး ပြောလိုက်တာပါ..။ယင်းနောက်သူထပ်မမေးတော့ပေ..။သူ့ရဲ့ ဗေဒင်စွမ်းရည်တွေက လင်းဖန်ကို မမှီပါဘူး..။ဒီ အကြွေးကို ပြန်မဆပ်နိုင်ဘူးဆိုတာက သခင်လေး ကျို့ ဘာပြသနာမှ ရှိမှာ မဟုတ်ဘူး လို့ဆိုလိုတာပါ..။
လူလိမ် ထျန် ဘေးနားကနေ အော်လိုက်တယ်..။
"လာ..လာ.. ကစားကြရအောင်..။ဒီတစ်ခါ ငါ သေချာ ကစားပေးမယ်."
လင်းဖန် သူ့ကို ကြည့်ပြီး..ပြောလိုက်တယ်..။
"ကိုယ့်ဟာကို တစ်ယောက်ထဲ ဆက်ကစားတော့..။ကျုပ်ခင်ဗျားကို ဆွဲမခါ်နိုင်တော့ဘူး.."
ဝူယူလန် ရယ်မောလိုက်ပါတယ်..။လူလိမ်ထျန်ရဲ့ ကျွမ်းကျင်မူတွေက တကယ် ကလေး အဆင့်မှာပဲ ရှိသေးတာပါ..။
ည အချိန်..။
…
ဟီရှောင်မင်ဟာ အိမ်အပြင်ဘက် မှာ အချိန်အကြာကြီး ရပ်နေခဲ့တယ်..။သူတိမ်ဖြူလမ်းကို သွားပြီးတဲ့ နောက် မှာ ဘုရားကျောင်းကို ထပ်သွားခဲ့ပါသေးတယ်..။သူ့အဖေ ဆက်ပြီး ဒူးထောက်နေသေးတာ မြင်တဲ့ အချိန်မှာ ပြေးသွားလိုက်ချင်ပေမယ့် သည်းခံနေခဲ့တယ်..။
အခု သူ အိမ်အပြင်ဘက်မှာ ရပ်နေတာက အထဲဝင်ပြီးသွားရင် သူ့အဖေကို ဘယ်လို မျက်နှာချင်းဆိုင်ရမလဲ ဆိုတာကို မသိလို့ပါ..။သူအရင်တုန်းက ပြောခဲ့တာတွေ လုပ်ခဲ့တာတွေကို တွေးရင် တကယ် မျက်နှာပူမိပါတယ်..။
အချိန်အတော် ကြာပြီးနောက်..။
ဟီရှောင်မင်..အိမ်ထဲဝင်သွားခဲ့တယိ..။
သူတို့ရဲ့ အိမ်အကူကလည်း အိမ်မာပါ..။သူက ခါတိုင်းဆိုရင်..အိမ်ကို မပြန်တော့ သူ့အဖေ ဘယ်လောက်တောင် အထီးကျန်နေလဲ မသိပါဘူး..။
"ပြန်လာပြီလား.."
ဟီချန်းဟန်ဟာ ဆိုဖာပေါ်မှာ သတင်းစာဖတ်နေရင်း မေးလိုက်တာပါ..။
"ဟုတ်တယ် အဖေ..ခေါင်းက နာနေသေးလား.."
ဟီရှောင်မင်ဟာ သူ့အဖေခေါင်းမှာ ပတ်တီးတွေ စီးထားတာ မြင်တဲ့ အချိနိမှာ စိတ်ပူသွားခဲ့ပါတယ်..။
ဟီချန်းဟန် ခေါင်းကိုကိုင်ပြီး ပြန်ဖြေလိုက်တယ်..။
"ဒီလောက် မဟုတ်ပါဘူး..။ဒီနေ့အလုပ်မှာ..ဂရုမစိုက် မိပဲ တစ်ခုခုနဲ့ တိုက် မိသွားလို့။..လာ စားကြရအောင်.."
အိမ်အကူဟာ ဟင်းနဲ့ ထမင်းတွေကို ပြင်ဆင်ပေးခဲ့တယ်..။အိမ်အကူဟာ အံ့ဩသင့်တဲ့ အမူအရာဖြစ်သွားခဲ့ပါတယ်..။
သူမက ဟီ မိသားစုမှာ အလုပ်လုပ်နေတာ အတော်ကြာပြီဖြစ်ပြီး ဒီသားအဖရဲ့ ဆက်ဆံရေးကို စိတ်ပူနေခဲ့တာပါ..။သူမက တစ်ခြားလူတွေထက်ပိုစိတ်ပူ ခဲ့ပါတယ်..။
အရင်တုန်းက ဆိုရင် ဟီချန်းဟန် စကားပြောရင်..ဟီရှောင်မင်က 'အင်း' လို့သာ ပြန်ပြောတတ်ပါတယ်..။သို့ပေမယ့် အခုတော့..သူက သူ့အဖေကိုတောင် စိတ်ပူနေခဲ့ပါပြီ.."
အချိန်အများစုကိုလည်း ဟီချန်းဟန်က တစ်ယောပ်ထဲပဲ ရှိနေတတ်တာပါ..။ဟီရှောင်မင်ဟာ ညဘက် ၁ နာရီ ၂ နာရီ လောက်မှသာ ပြန်လာတတ်ပါတယ်..။
ရုတ်တရက် အပြောင်းအလဲကြောင့် အိမ်အကူဟာ ပြုံးလိုက်တယ်..။
ညစာစားပွဲတွင်..။
ဒါက အတော် ငြိမ်သက်နေခဲ့တယ်..။
ဟီရှောင်မင်ဟာ ခေါင်းညိမ့်ပြီးသာ..စားသောက်နေခဲ့တယ်..။သူ့မှာ ပြောစရာ တွေ အများကြီး ရှိပေမယ့်လည်း..သူတစ်ခုမှ ပြောမထွက်ခဲ့ပါဘူး..။သူက စိတ်ခံစားမူလွယ်တဲ့ လူတစ်ယောက်လိုပဲ..တစ်ယောက်ထဲသာ တွေးတော နေခဲ့တယ်..။
အခြေအနေက ခက်ခဲခဲ့မှာပဲ...အဖေ...
သား အဖေ့ကို အရမ်းချစ်တယ် ..
ဆိုတဲ့ စကားလုံးမျိုးတွေပါ..။
သူ့ရဲ့ အမူအကျင့်အရဆိုရင် ဒီစကားတွေက ထုတ်ေပြာဖို့ ခက်ခဲလှပါတယ်..။
လက်ရှိအချိန်မှာတော့ သူ့အဖေကို အစစအရာရာနားလည်နေပြီး သူ့အရင်အပြုအမူ တွေအတွက် နောင်တ ရနေခဲ့ပါပြီ..။
အချိန်အတော်ကြာ..ချင့်ချိန်စဥ်းစားပြီး နောက်မှာတော့..
"အဖေ.."
"ဟင်.."
ဟီချန်းဟန်..ကြည့်လို်က်တယ်...။
ဟီရှောင်မင် ပြောလိုက်ပါတယ်..။
"အဖေ..သား.လုံလောက်အောင် ပျော်ပါးပြီးသွားပြီ..။သား အလုပ်ကြိုးစားချင်တယ်..။စက်ရုံတစ်ခုမှာ ဝင်ပြီး အနိမ့်ဆုံးအဆင့်ကနေ စလုပ်မယ်လေ..အဲတာ အဆင်ပြေလောက်လား.."
ဟီချန်းဟန် ရယ်မောလိုက်တယ်..။
"ဘာ..မင်းလုံလောက်အောင်.ပျော်ပါးပြီးသွားပြီဆိုတာ နားလည်သွားပြီပေါ..။အလုပ်လုပ် ချင်တာလား..? ဒါဆို..တစ်နေ့လုံး..လျောက်သွားနေတာမျိုးထပ်မလုပ်တော့ ဘူးပေါ့.."
"အဖေ..သားတောင်းပန်ပါတယ်.."
ဟီရှောင်မင် တိုးညှင်းစွာ ပြောလိုက်တာပါ..။တစိစုံတစ်ယောက်သာ သေချာ နားမထောင်ရင်ကြားရမှာ မဟုတ်ပါဘူး..။
"ဘာပြောလိုက်တယ်.."
ဟီချန်းဟန် မေးလိုက်တယ်..။
ဒါပေါ့..ဟီရှောင်မင်ဟာ ပြောပြီးသား စကားကို နှသ်ခါပြောမှာ မဟုတ်ပါဘူး..။သူပြောလိုက်တယ် ...
"အဖေ..သားစက်ရုံမှာ အလုပ်ဝင်လုပ်ချင်တယ်..။ခံင့်ပြုမှာ မဟုတ်လား..။တကယ်လို့ ခွင့်မပြုဘူးဆိုရင် တစ်ခြား တစ်နေရာရာမှာ အလုပ်ရှာလိုက်မယ်.."
ဟီချင်းဟန် ပြောလိုက်တယ်..။
"မင်းက ဘွဲ့မရသေးသလို..၁၈ နှစ်ပဲ ရှိသေးတာလေ..။ဘယ် ဌာနမှာ အလုပ်လိုချင်လို့လဲ.."
အရင်တုန်းက ဆိုရင်..ဟီရှောင်မင် ဒေါသထွက်သွားမှာပါ..။သူ စားပွဲကို ရိုက်နှက်ပြီး သူ့အဖေနဲ့..ရန်ဖြစ်မှာ ဖြစ်ပေမယ့်လည်း အခုတော့ ဘာစကား မှမပြောပေ..။သူ ခေါင်းကို သာ ငုံးထားခဲ့ပါတယ်..။
ဟီချန်းဟန် ပြောလိုက်တယ်..။
"သား လာချင်တယ်ဆိုရင် မနက်ကျရင် လာခဲ့ပြီး တင်ပြလိုက်လေ..။မှတ်ထားပါ..ဘွဲ့လက်မှတ်ဆိုတာက စာရွက်သက်သက်ပဲ..။အဖေ ဘာစာမှ မလေ့လာခဲ့ပေမယ့်လည်း..သားကို ပြုစုပျိုးထောင်ဖို့ ဒီလက်နှစ်ဖက်ပေါ်မှာပဲ..အားကိုးခဲ့တာ..။မင်းက ဒီ ဟီချန်းဟန် ရဲ့ သားဆိုမှတော့..အဖေ့ရဲ့ အဆင့်အတန်းကို ရောက်လိမ့်မယ် ဆိုတာကျိန်းသေ ယုံကြည်တယ်..။ဒါပေမဲ့ ..စာအုပ်တွေကို မကြာခနဖတ်ဖို့ကိုတော့ မှတ်ထားပါ..။အသိပညာတွေ ကြွယ်ဝမှာသာ လူမူဆက်ဆံရေးမှာ တိုးပေါက်နိုင်မှာ.."
"သား နားလည်ပါပြီ.."
ဟီရှောင်မင်..ခေါင်းညိမ့်လိုက်တယ်..။
"စား.."
ဒီနေ့အစားအသောက်တွေဟာ ဟီချန်းဟန်အတွက် အတော်ကောင်းမွန်နေခဲ့ပါတယ်..။သူ ဒီလို နေ့ရက်မျိုးကို အချိန်တွေ အကြာကြီး စောင့်နေတာ ဖြစ်ပြီး..ဒီနေ့ ရောက်လာလိမ့်မယ် လို့ မထင်ထားခဲ့ပေ..။
အိမ်အကူဟာ လည်း ဘေးနားကနေကြည့်နေပြီး..သူမပါ ကျေနပ်နေခဲ့ပါတယ်..။
…
လင်းဖန် အိပ်ယာထဲမှာ ဖုန်းသုံးနေတုန်း..မက်ဆေ့ဝင်လာခဲ့တယ်..။
"မာစတာ လင်း ကျွန်တော် ဒီနေ့ပျော်နေတယိ..။မာစတာ လင်းကို တကယ်ကျေးဇူးတင်ပါတယ်..။အဲ့ ငတုံးလေး နောက်ဆံူးတော့ အသိတရား ရသွားပြီ.."
ဟီချန်းဟန် ပြောလိုက်တာပါ..။
လင်းဖန် ဒီစာကို မြင်တဲ့ အချိန်မှာ အကြီးအကဲလဟီအတွက် ဝမ်းသာသွားပြီး ပြန်ပြောလိုက်တယ်..။
"ကောင်းပြီ..ဒီကိစ္စကို ဒီမှာပဲ ထားလိုက်ရအောင်..။ကျုပ်တို့ ထပ်မပြောကြတော့ဘူး..။ကျုပ်အခု ဂိမ်းဆော့နေတာ နောက် မှပဲ ပြောကြရအောင်.."
…
ဟီချန်းဟန် ဒီစာကို မြင်တဲ့ အချိန်မှာ အကူညီမဲ့သွားခဲ့တယ်..။သူ့ရဲ့ စိတ်လှုပ်ရှားမူနဲ့ ပျော်ရွှင်မူတွေကို မျှဝေဖို့ ဘယ်သူမှ မရှိပါဘူး..။
ဝမ်မင်ယန် နဲ့ ကျန်တဲ့ လူတွေကတော့ သွားမပြောတာက အကောင်းဆံူးပါ..။ဒီကိစ္စက လူသိနည်းလေ ကောင်းလေ ပါပဲ..။
တကယ်လို့ သူ့သားသာ ဒီကိစ္စကို သိသွားရင် ဘယ်လို တုန့်ပြန်မလဲ မပြောတတ်ပေ..။
သူ ဒီကိစ္စကို တစ်သက်လုံး လျို့ဝှက်ချက်အဖြစ်သိမ်းထားဖို့ ဆုံးဖြတ်လိူက်ပါတယ်..။
…
နောက်တစ်ရက်..။
တိမ်ဖြူလမ်းကို လာလည်ပတ်တဲ့ လူတွေဟာ များသည်ထက် များလာခဲ့တယ်..။ပန်ကိတ်တွေကို ဘယ်သူမှ မတောင့်ခံနိုင်ကြပဲ..အချင်းချင်လည်း သတင်းဖြန့်ဝေကြပါသေးတယ်..။သူတို့ အကုန်လံူးပန်ကိတ်က အရမ်းအရသာရှိတယ် ဆိုတာကို သိထားကြပြီး..တစ်စုံတစ်ယောက်ဟာ ပိုက်ဆံတောင် ဝင်နိုင်ပါသေးတယ်..။
တကယ်လို့ တစ်စုံတစ်ယောက်ဟာ..ကံေကာင်းရင် ပန်ကိတ်ဝင်ခွင့်ရမှာပါ..။ပြီးတော့ သူတို့ ပွဲစားတွေကို ရောင်းချလိုက်ရင်..ဒါက အိပ်မက်တစ်ခု လိုပါပဲ..။
ဒါက ယုံကြည်ကြည် မယုံကြည်ကြည် အမှန်တကယ် ဖြစ်နေတဲ့ အရာပါ..။
နောက်ဆုံးပန်ကိတ်ကို ပြုလုပ်ပြီးတဲ့နောက် မှာလင်းဖန် လဲလျောင်းပြီး အနားယူလိုက်တယ်..။
ဝုယန်ဂန် ရောက်လာခဲ့ပါတယ်..။
"မာစတာ လင်း..ကျွန်တော်ကို အကြံဥာဏ်လေး ပေးပါဦး.."
ဝုယန်ဂန် ဟာ ဆန်းလိန်မင် ရဲ့ အခြေအနေကို အတော်ကြီး စိတ်ပူနေခဲ့ပါပြီ..။
လင်းဖန် သူ့ကို ကြည့်ပြီး ပြောလိုက်တယ် ။
"ထိုင်ပြီး..ပြောပါဦး.."