မင်းရဲ့မျက်လုံးကို ကျေနပ်စေမယ်...
Vol. 21 Ch. 310
ဘာသာပြန် = စနိုးဝှိုက်..
ဝုယန်ဂန်..ရှန်ဟိုင်းကို ပြန်လာခဲ့တာက ပထမအချက်..မာစတာ လင်းကို ဂုဏ်ပြုဖို့ဖြစ်ပြီး..ဒုတိယအချက်က..အကူအညီတောင်းဖို့ အတွက်ပါ..။ဆန်းလိန်မင်က မာစတာ လင်းကို..အပြစ်ပြုမိပေမဲ့လည်း ဝုယန်ဂန်ရဲ့ သူငယ်ချငိးတစ်ယောက်အဖြစ်ရှိနေပါသေးတယ်..။ဝုယန်ဂန်ဟာ သူ့မိတ်ဆွေ သေသွားနိုင်တဲ့ ကိစ္စကို..ထိုင်မကြည့်နိုင်ပါဘူး..။သူ မာစတာ လင်း အကြံအနည်းငယ် ပေးဖို့ကိုပဲ မျှော်လင့်မိပါတယ်..
"မာစတာ လင်း.."
ဝုယန်ဂန်..အခြေအနေတစ်ခု လုံးကို ရှင်းပြဖို့ လုပ်လိုက်ပေမယ့်လည်း လင်းဖန် လက်ကာပြပြီး တားဆီးလိုက်တယ်..။
"ကျွန်တော် ဆန်းလိန်မင် ရဲ့ အခြေအနေကို သိဖို့မလိုဘူး..။ခင်ဗျားသူ့ကို ကူညီပေးချင်နေတယ် ဆိုတာ သိပါတယ်..ဒါပေမဲ့ ကျွန်တော်က နတ်ဘုရား မဟုတ်သလို..စကြာဝဠာကို ထိန်းချုပ်နေတဲ့ လူလည်း မဟုတ်ဘူး..။တကယ်လို့ ခင်ဗျား သူ့ရဲ့.ပြသနာတွေကို ဖြေရှင်းပေးချင်တယ် ဆိုရင် သူ့မှာ အခွင့်အရေး တစ်ခုပဲ ရှိတယ်.."
လင်းဖန် ပြောလိုက်တာပါ..။
ဝူယန်ဂန်ဟာ လေးနက်တဲ့ ခံစားချက်နဲ့ အတူပြောလိုက်တယ်..။
"မာစတာ လင်းက အရင်တုန်းက ဆန်းလိန်မင်ကို လမ်းညွှန်မူတွေ ပေးခဲ့ပေမယ့်.သူ နားမထောင်ခဲ့တာက ရှက်စရာပဲ..ကျွန်တော် ဒီကို ရောက်နေတာက..သူ့ရဲ့ သူငယ်ချင်းအနေနဲ့ ဖြစ်ပြီး..သူ့ကို ဒီတိုင်း မသေဆုံးစေချင်ဘူး..။သူ့လုပ်ရပ်တွေကိုလည်း သူနောင်တရနေပါပြီ.."
လင်းဖန် လက်ဝေ့ယမ်းလိုက်တယ်..။
"သူနောင်တရနေလား မရနေလား ကို ကျွန်တော် ဂရုမစိုက်ဘူး..။အကြီးအကဲ ဝု ရှန်ဟိုင်းကိုတောင် လာခဲ့တယ် ဆို်မှတော့ ကျွန်တော်..အလကား ဖြစ်အောင် မလုပ်ပါဘူး..။ကျွန်တော် တစ်ခုပဲ ပြောလိုက်မယ်..။လျော်နိုင်သလောက်ကို လျော်ပြီး တောင်းပန်..ပြီးကျရင် အပြည့်အဝ ပူးပေါင်းပေးလိုက်..။လွယ်ကူတဲ့ လမ်းကို မလိုက် မိစေနဲ့..အခွင့်အရေးက ရှိနေသေးတယ်.."
"အာ.."
ဝုယန်ဂန် ကြောင်အသွားခဲ့တယ်..။သူ လင်းဖန်ကို ကြည့်လိုက်ပြီး..
"မာစတာ လင်း..သူတကယ်လို့ တောင်းပန်ပြီး လျော်ကြေးပေးမယ် ဆိုရင် ဒေဝါလီခံရလိမ့််မယ်."
လင်းဖန် ပြုံးပြီး ခေါင်းခါယမ်းလိုက်တယ်..။
"ကျုပ်သူ့အခြေအနေကို သိထားပါတယ်..။ဒါကသာ သူ့အတွက် တစ်ခုတည်းသော နည်းလမ်းပဲ..။သူဘယ်လို ဆုံးဖြတ်မလဲ ဆိုတာကတော့ သူ့အပေါ်မှာပဲ မူတည်လိမ့်မယ်..။ခင်ဗျားကတော့ ကျုပ်ပြောသလိုသာ သူ့ကို ပြန်ပြောလိုက်..။သူ လိုက်လုပ်လုပ် မလုပ်လုပ် ခင်ဗျား အများကြီး မတွေးသင့်ဘူး..။အကြီးအကဲ ဝုက မိတ်ဆွေ တစ်ယောက်အနေနဲ့ အကောင်းဆုံး လုပ်ပေးပြီးပြီလေ.."
ဝုယန်ဂန်ဟာ အချိန်အတော်ကြာအာင် တိတ်ဆိတ်နေပြီးမှ..ခေါင်းညိမ့်လိုက်တယ်..။
"ကျုပ်လုပ်နိုင်သဘောက် လုပ်ပြီးသွားပြီလေ..။သူ ဒီလို လုပ်ထားတဲ့ အ ရာတွေ ဖော်ထုတ်ခံရမယ် လို့မထင်ထားဘူး..။မကောင်းမူ အကုသိုလ်တွေက ပြန်ရောက်လာတာပဲ.."
"အကောင်း..အဆိုး ဆိုတာက အမြဲတမ်း ပြန်ခံစားရလိမ့်မယ်..။နတိဘုရားတွေက စက်ဝိုင်းပုံစံ လုပ်ပေးထားတာလေ..။မကောင်းမူကိုလုပ်တဲ့ လူတို်င်း..ပြန်ခံစားကြရလိမ့်မယ်.."
လင်းဖန်ပြောလိုက်တယ်..။
"အကြီးအကဲ ဝု..ခင်ဗျားကို ခင်ဗျား ဒီကိစ္စမှာ မပါဝင်စေနဲ့ဦးနော်.."
"ကျွန်တော် သိပါတယ်..ဒါပေမဲ့ သူက သူငယ်ချင်းဟောင်းကြီး ဖြစ်နေတော့ ဒီတိုင်း ကြည့်မနေနိုင်ဘူးလေ..။ပြီးခဲ့တဲ့ အခေါက်က သူမာစတာ လင်း အပေါ်ဆက်ဆံ ခဲ့တာတွေ အတွက် တောင်းပန်ပါတယ်..။မာစတာ လင်း စိတ်ထဲကနေ မမှတ်ထားပါနဲ့.."
်ဘယ်လောက်ပဲ ဆိုးတဲ့ လူဖြစ်ဖြစ်..သူ့ကို အမှန်တကယ် ဂရုစိူက်ပေးတဲ့ လူတစ်ယောက် နှစ်ယောက်ကတော့ ရှိစမြဲပါ..။
…
တိမ်ဖြူလမ်းက ထွက်ခွာပြီးနောက်..။
ဝုယန်ဂန် ဖုန်းခေါ်လိုက်တယ်..။
"လိ််န်မင်.. ငါမင်း အစား မာစတာလင်းကို မေးလာပေးတယ်..။သူပြောတာက မင်းတောင်းပန်ပြီး သူတို့ိနဲ့ အပြည့်အဝ ပူးပေါင်းသင့်တယ်တဲ့..။တစ်ခြား အတွေးတွေကို မတွေးနဲ့တော့.."
ဖုန်းထဲမှာတော့ ဆန်းလိန်မင်ဟာ အချိန်အကြာကြီး တိတ်ဆိတ်နေခဲ့တယ်။ယင်းနောက် သူပြောလိုက်ပါတယ်..
"အစ်ကို ဝု..ငါ ..ငါမလုပ်.."
"မင်းဘာပြောတာလဲ..။လိန်မင်..ငါပြောတာနားထောင်..မာစတာ လင်းက..ဘယ်သူ့ကိုမှ. လိမ်ညာတာ မဟုတ်ဘူး။မင်းသာ ပူးပေါင်းမယ် ဆိုရင် အခွင့်အရေး ရှိသေးတယ်လို့ ပြောတယ်.."
ဝုယန်ဂန် သေချာပြောလို်က်တာပါ..။ဒီလို အချိန်မျိုးမှာတောင် ဆန်းလိန်မင် ခေါင်းမာနေဦးမယ် လို့ သူမထင်ထားခဲ့ပါဘူး..။အခြေအနေဟာ ထပ်ပြီ အချိန်ဆွဲထားလို့ မရတော့ပေ..။
များပြားလှတဲ့ သက်သေတွေက ရှေ့မှာရောက်နေပြီဖြစ်ပြီး သူဘာမှ လုပ်နိုင်တော့မှာ မဟုတ်ပါဘူး..။
ဆန်းလိန်မင် ပြောလိုက်တယ်..။
"ငါ လုံးဝ ဒေဝါလီ ခံမှာ မဟုတ်ဘူး..။သူတို့မှာ သက်သေတွေ ရှိတယ်နော် ငါ့မှာလည်း..အတော်ဆံူး ရှေ့နေတွေ ရှိတယ်..ငါနိုင်အောင် လုပ်ရမယ်.."
ဝုယန်ဂန် ဆွံ့အသွားခဲ့တယ်..။သူဘာပြောရမလဲ တောင် မသိတော့ပါဘူး..။ဆန်းလိန်မင်ဟာ လုံးဝ နောင်တရမယ့်ပုံမရှိပေ..။
…
တိမ်ဖြုလမ်း..။
လင်းဖန် ရယ်မောလိုက်တယ်..။ဒီကိစ္စက ဆန်းလိန်မင်ရဲ့ ကိ္စ္စပါ..။သူ့အမြင်ကတော့ ဆန်းလိန်မင်..သူပြောတာနားထောင်ရင် အခွင့်အရေး အနည်းငယ် ရှိနေသေးပေမယ့်.. နားမထောင်ရင်တော့ အဆုံးသတ်ပါပြီ..။
"မာစတာ လင်း.."
အဲ့အချိန်မှာပဲ ခြူးယံွန်ဟာ ..ဆိုင်ထဲကို ဝင်လာခဲ့တယ်..။
"သတင်းထောက် ခြူး ဘယ်လေတိုက်ပြီး ရောက်လာပြန်တာလဲ.."
လင်းဖန် ပြုံးပြီး မေးလိုက်တာပါ..။
ခြူးယွန်ဟာ လင်းဖန် အကြောင်းကို သိချင်နေခဲ့တာပါ..။အင်တာနက် ပေါ်က လင်းဖန် သတင်းတွေတောင် သူပဲ ရေးတာ များပါတယ်..။
သူ လက်မှတ်အနည်းငယ်ကို စားပွဲပေါ်မှာ ထားပြီး ပြောလိုက်တယ်..။
"မာစတာ လင်း..ရှန်ဟိုင်း ကမ္ဘာချန်ပီယံ ရှစ်ရဲ့..လက်မှတ်တွေပဲ..။ကျွန်တော် မာစတာ လင်း သွားကြည့်လို့ ရအောင် လက်မှတ်ယူလာပေးတာ.."
ခြူးယွန်က အမြဲတမ်း မာစတာ လင်းနဲ့ ရင်းနှီးဖို့ နည်းလမ်းရှာနေတာပါ..။သူ ဒီလက်မှတ်တွေကို ရတဲ့အချိန် ပထမဆုံးတွေးမိတာက မာစတာ လင်းပါပဲ.။
လင်းဖန် စားပွဲပေါ်က လက်မှတ်တွေကိုကြည့်ပြီး မေးလိုက်တယ်..။
"ဒါက ဘာပြိုင်ပွဲလဲ.."
ခြူးယွန် ပြန်ဖြေလိုက်တယ်..။
"ဒါက ပြေးခုန်ပစ် ပြိုင်ပွဲလေ...။ဒီကို နိုင်ငံပေါင်းစုံက ချန်ပီယံတွေ လာပြိုင်ကြမှာ..။မာစတာ လင်းနဲ့ ကျန်တဲ့ လူတွေ စိတ်ဝင်စားရင် သွားကြည့်သင့်တယ်..။ကျုပ်တို့ နိုင်ငံက ကိုယ်စားပြုလညိ..ဝင်ပြိုင်မှာလေ.."
"တကယ်လား.."
လင်းဖန် အစက စိတ်မဝင်စားပေးမယ့်လည်း..သူရထားတဲ့ စွမ်းရည်ကို ပြန်မှတ်မိလိုက်တယ်..။သူ ဒိီမစ်ရှင်ကို လူပ်ဖို့ လက်လျော့ထားတာပါ..။
တကယ်လို့ သူပြေးခုန်ပစ်သမား ဖြစ်လာရင်တော့ အကောင်းဆုံးပါပဲ..။ပြီးရင်..သူ့မစ်ရှင် ပြည့်မြောက်အောင်လုပ်လို့ရပါတယ်..။
ဒါပေမဲ့ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ..
ဖြစ်နိုင်ခြေ ရာခိုင်နှုန်းက ၀ မှာပါ..။
လူလိမ်ထျန်ဟာ အနားကိုလာပြီး စိတ်ဝင်စားစွာဖြင့်..
"ငါ့တစ်ဘဝလုံး..ဒီလို ပြိုင်ပွဲမျိူ တစ်ခါမှ မကြည့်ဖူးဘူး..။သွားပြီး ကြည့်ကြရအောင်.."
လင်းဖန်ကတော့ အဆင်ပြေပါတယ်..။သူ တစ်ခြား လူတွေကို မေးလိုက်တယ်..။
"မင်းတို့ရော.."
ကျောက်ကျန်းယန်လည်း စိတ်ဝင်စားနေခဲ့တယ်..။
"ကျွန်တော် လည်း သွားကြည့်ချင်တယ်..။ဘာပဲဖြစ်ဖြစ် ဒါက ချန်ပီယံရှစ်လေ..။ကိုယ့်နိုင်ငံကို သွားပြီး အားပေးသင့်တာပေါ့.."
ဝူယူလန်ကတော့ ဘာမှ မပြောပေ..။ဘာမှ လုပ်စရာ မရှိတဲ့ အတူတူ သွားကြည့်တာကလည် ဆိုးရွားတဲ့ အကြံဥာဏ်မဟုတ်ပါဘူး..။
အဆုံးမှာတော့ လင်းဖန် ခေါင်းညိမ့်ပြီး ပြောလိုက်တယ်..။
"ကောင်းပြီလေ..အားလုံးသွားချင်နေမှတော့..သွားကြရအောင်..မဟုတ်လည်း လူပ်စရာမှ သိပ်မရှိတာ.."
ခြူးယွန်ရဲ့ မျက်နှာမှာ အပြုံးတစ်ခုပေါ်လာပြီး မေးလိုက်တယ်..။
"မာစတာ လင်း အဲ့နေ့ရောက်ရင် စောစောလာခဲ့နော်..။ကျွန်တော် က သတင်းထောက်ဆိုတော့ အတွင်းထဲအထိ ခေါ်သွားပေးလို့ရတယ်.."
"ကောင်းပါပြီ.."
လင်းဖန် ဒီကမ်းလှမ်းမူကို မငြင်းပယိတော့ပါဘူး..။
ခြူးယွန် ထွက်သွားပြီးနောက်..။
လင်းဖန် ဝှိုက်ဘိုပေါ်မှာ ပိုစ့်တင်လိုက်တယ်..။
"ဟီးဟီး သဘက်ခါကျရင်..ငါ ကမ္ဘာ့ချန်ပီယံရှစ် သွားကြည့်ရတော့မယ်.။သူတို့ရဲ့ ဖျော်ဖြေမူတွေကိုတကယ်ကြည့်ချင်နေပြီ.."
သိပ်မကြာခင်မှာပဲ..မှတ်ချက်တွေဟာ ပြည့်သွားခဲ့တယ်..ဟ
"66 6 မာစတာ လင်း ခင်ဗျားလည်း တစ်ပွဲလောက်ဝင်ပြိုင်ပါလား.."
"မာစတာ လင်းတာ ဝင်ပြိုင်ရင် အကုန်လုံးကိုရိုက်ချနိုင်လိမ့်မယ်..ဟားဟာ.."
"ဟားဟား..ရယ်စရာပြောနေတယ်..။မင်းက မာစတာလင်းကို နတ်ဘုရားလို့ ထင်နေတာလား.."
"ငါလည်း ဒီပြိုင်ပွဲကို သွားကြည့်မှာ..။နိုင်ငံပေါင်းစုံက လာပြိုင်မှာ ဆိုတော့..ငါတို့ နိုင်ငံ ဘယ်အဆင့်ရမလဲ မသိဘူး.."
"ငါကတော့..ဂျမေကာ က ယှဥ်ပြိုင်သူ..ဆီဒယ် ပဲ နိုင်သွားမယ် ထင်တယ်.."
"ချီးပဲ မင်းသာ မပြောရင် ငါမေ့နေလောက်ပြီ..ဒီငနဲက လူမဟုတ်ဘူး..။တကယ်ကြောက်ဖို့ ကောင်းတယ်.."
လင်းဖန် မှတ်ချက်တွေကို ဖတ်ပြီး အကူညီမဲ့နေခဲ့တယိ..။သူလညိး တကယ်ဝင်ပြိုင်ချင်မိပါတယ်..။သူ တစ်ခါဝင်ပြိုင်ရုံနဲ့တင် မစ်ရှင်ကပြည့်သွားမှာပါ..။
သူ ပြိုင်ခွင့် မရတာကတော့ ရှက်စရာပါပဲ..။
သို့ပေမယ့် အဲ့ကိုသွားပြီး မျက်စိကို ကျေနပ်စေ တာကလည်း..ဆိုးရွားတဲ့ ရွေးချယ်မူတစ်ခုတော့ မဟုတ်ပေ..။