← Chapters

ငါ့ပန်ကိတ်က အခုထိ ဒီကိုမရောက်သေးဘူးလား...

Vol. 21 Ch. 311

ငါ့ပန်ကိတ်က အခုထိ ဒီကိုမရောက်သေးဘူးလား...

Vol. 21 Ch. 311

ဘာသာပြန် = စနိုးဝှိုက်

နောက်တစ်ရက်..

လင်းဖန် တိမ်ဖြူလမ်းကို ရောက်တဲ့ အချိန်မှာတော့..လူတွေ အများကြီးဟာ တန်းစီနေကြပါပြီ..။

အကြီးအကဲ ခွေးနီကိုးလပ်ဟာ လမ်းတစ်ခုကနေ ပြေးထွက်လာခဲ့တယ်..။သူတို့ ဆိုင်ပြန်ဖွင့်ပြီးကတည်းက အကြီးအကဲ ခွေးနီကိုးလပ်ကိုဘအချိန်အများစု မတွေ့ကြရပါဘူး..။နေ့လည်ဘက်တစ်ချိန်ပဲ သူက အစာပြန်လာစား တတ်ပါတယ်..။

သိုပေမယ့်..လင်းဖန် တွေးမိတာကတော့..အကြီးအကဲ ခွေးနီကိုးလပ်က သူ့ရဲ့ ပိုင်နက်ကို သတ်မှတ်ရင်း အလုပ်ရှုပ်နေတာ ဖြစ်နိုင်ပါတယ်..။နေရာအသစ်ကို ရောက်နေပြီဆိုတော့..ဒါပေါ့..သူ့ရဲ့ ပိုက်နက်ကို သူ စိုးမိုးနိုင်အောင် ပြန်ကြိုးစား ရတော့မှာပါ..။ဒီအနီးအနား ဝန်းကျင်မှာ ရှိနေတဲ့ ခွေးတွေကလည်း အကြီးအကဲ ခွေး နီကိုးလပ် အတွက် ဘက် မဟုတ်လောက်ပါဘူး.။

"သူဌေးလေးက ဒီမှာဟေ့."

အသံအကျယ်ကြီးတစ်သံ ထွက်လာပြီး လူတိုင်းဟာ လှမ်းကြည့်လိုက်ပါတယ်..။သူတို့ မာစတာ လင်းရဲ့ ပန်ကိတ်ကို စားပြီးကတည်းက..မမေ့နိုင်ကြတော့ပါဘူး..။သူတို့ဟာ ဒီပန်ကိတ်ကို စွဲလမ်းနေကြပါပြီ..။

တစ်ခုကို ဒေါ်လာ ၅၀ က သာမန်ပန်ကိတ်အတွက် စျေးကြီးတယ် ပြောနိုင်ပေမယ့်လည်း..သူဌေးလေးရဲ့ ပန်ကိတ်ကိုတော့ ဒီလိုပြောလိူ့ မရပါဘူး..။

မြို့သားတွေဟာ.မာစတာ လင်းရဲ့ ဆိုင်ရှေ့မှာ လူတန်းကြီး အဖြစ် တန်းစီ ပြီးနေကြပါပြီ..။

တစ်နေ့ ဆယ်လုံး..။မြို့သားတွေဟာ မာစတာ လင်းကို ချစ်လည်းချစ်တယ်...မုန်းလည်း မုန်းကြပါတယ်..။သူတို့ဟာ လင်းဖန်ရဲ့ ခြေထောက်တွေကို ရိုက်ချိုးပြီး..ပန်ကိတ်လုပ်လို့ရတဲ့ လက်တွေပဲ ရှိအောင် လုပ်ချင်တဲ့ စိတ်တွေ တစ်ခါတစ်ခါ ဖြစ်မိကြတာပါ..။သို့ပေမယ့် မာစတာ လင်းရဲ့ ပန်ကိတ်တွေက အရမ်းအရသာ ရှိတဲ့ အတွက်..ချစ်လည်း ချစ်ခင်ကြပါတယ်..။

"မာစတာ လင်း.."

အဲ့အချိန်မှာပဲ လီရှောင်ရှမ်းဟာ သုတ်သုတ်ပျာပျာနဲ့ပြေးပြီး..ရောက်လာခဲ့တယ်..။

လင်းဖန် ဒီလူကို မြင်တဲ့ အချိန်မှာ အနည်းငယ် ကြောင်အသွားခဲ့ပါတယ်..။

"အရာရှိလီ..ဘာလို့ ဒီမှာရောက်နေတာလဲ.."

လီရှောင်ရှမ်း စိတ်ပူစွာပြောလို်က်တယ်..။

"မာစတာ လင်း..ကျွန်တော် ကို ပန်ကိတ်တစ်လုံးလောက် အမြန်လုပ်ပေးပါလား..။ဒီမှာ သေခြင်း..ရှင်းခြင်း အခြေအနေမှာ ရောက်နေပြီ.."

"အရာရှိ.လီ..ကျုပ်တို့ ဆက်ဆံရေးက ကောင်းတယ် ဆိုပေမယ့်လည်း..တန်းမစီပဲနဲ့ ပန်ကိတ်ကို ဒီတိုင်း မတောင်းသင့်ဘူးလေ.."

လင်းဖန် အပြုံးလေးနဲ့ ပြောလိူက်တာပါ..။ဒါပေမဲ့..ဟုတ်တာပေါ့..သူအနည်းငယ်တော့ သိချင်မိပါတယ်.။လီရှောင်ရှမ်း ဘာတွေကြုံတွေ့လာရလည်း ဆိုတာက စိတ်ဝင်စားစရာကောင်းမယ့် ပုံပါ..။

လီရှောင်ရှမ်းဟာ ချွေးတွေထွက်နေခဲ့တယ်..။သူ့မျက်နှာပေါ်မှာ မချင့်မရဲ အမူအရာနဲ့ သူပြောလိုက်ပါတယ်..။

"မာစတာ လင်း..ဒါက ကျွန်တော် အတွက် မဟုတ်ဘူး..။အခု..အဆောက်အဦးပေါ်က ခုန်ချတော့မယ့် လူတစ်ယောက် ရှိနေတယ်..သူက ဒီကမ္ဘာကြီးပေါ်က ထွက် မသွားခင် မင်းရဲ့ ပန်ကိတ်ကို စားချင်တယ် လို့ပြောနေတယ်..။သူပြောတာက ငါတို့သာ ပန်ကိတ်ကို မယူလာပေးရင် အခုချက်ချင်း ခုန်ချလိုက် မယ်တဲ့..။ဒါက ဘာအခြေအနေ မှန်းလဲ မသိဘူး..။ဒီတော့ ငါတို့ အချိန်ရအောင်လို့..သူ့ကို..ပန်ကိတ်ရင်ပေးပြီး ကယ်တင်ဖို့ ကြိုးစားဖို့ပဲ တတ်နိုင်တော့တယ်.."

လင်းဖန် လှုပ်ရှားမူတွေကို ရပ်တန့်လိုက်တယ်..။

"အရာရှိ လီ..ကျုပ်ကို နောက်နေတာတော့ မဟုတ်ပါဘူးနော်..။ဟုတ်တယ်မလား.."

လီရှောင်ရှမ်း ပြန်ဖြေလိုက်တယ်..။

"ဒီလို အကြောင်းအရာကို ငါကနောက်ပြောင်ပါ့မလား..။ရာသီဥတုက အရမ်းပူပြင်းနေတာ..တကယ်လို့ ဒီလူ ဦးနှောက်သွေးကြော ပြတ်ပြီး ပြုတ်ကျသွားရင် ဘယ်လို လုပ်မလဲ.."

ကျောက်ကျန်းယန်ဟာ တိုက်ရိုက်ထုတ်လွင့်နေရင်းအော်ဟစ်လိုက်တယ်..။

"သတင်းကြီးပဲ..တစ်ယောက်ယောက်က အဆောက်အဦးပေါ်ကနေ ခုန်ချဖို့လုပ်နေတာ...ဒါပေမဲ့ မခုန်ချခင်မှာ..သူက..မာစတာ လင်းရဲ့ ပန်ကိတ်ကို စားချင်တယ် လို့ပြောနေတယ်..။ဒါက..ဒါက.."

ကြည့်ရူသူတွေလည်း ဒါကိုကြားပြီး ကြောင်အသွားခဲ့တယ်..။

"ချီးပဲ..ဒီကမ္ဘာပေါ်မှာ ဒီလိုလူမျိုး တွေလည်း ရှိသေးတာလား..။မသေခင် မာစတာ လင်းရဲ့ ပန်ကိတ်ကို စားသွားချင်သေးတယ် ဆိုပဲ..။သူက မာစတာ လင်းရဲ့ ပရိတ်သတ်တစ်ယောက်ပဲ ဖြစ်ရမယ်.."

"မာစတာ လင်းရဲ့ ပန်ကိတ်က အတော်ကို အံ့ဩဖို့ကောင်းတာပဲ..။သေချင်နေတဲ့ လူတောင် မသေခင် ပန်ကိတ်စားသွားချင်သေးတယ်.."

"အရင်တုန်းက ဆိုရင်..လူတစ်ယောက် မခုန်ချခင်မှာ သူသဘောကျတဲ့ ဆယ်လီကို တွေ့ချင်တယ် လို့တောင်းဆိုတာ ငါမြင်ဖူးသေးတယ်..။ဒါပေမဲ့ မသေခင် ပန်ကိတ် တောင်းစား တာကတော့ ဒါပထမဆုံးပဲ.."

“…”

လင်းဖန်..ပြောလိုက်တယ်..။

"တကယ် အတည်ကြီးလား.."

လီရှောင်ရှမ်း ကြည့်ပြီး ပြောလိုက်တယ်..။

"ငါလည်း အရင်က ဒါမျူိး တစ်ခါမှ မကြုံဖူးဘူး..။မာစတာ လင်း အခုစကားမပြောနဲ့ဦး..ပန်ကိတ် အရင်ဆုံးလုပ်ပေးပါလား..ဒီလူကို ကယ်တင်ဖို့က ပိုပြီး အရေးကြီးတယ်.."

တန်းစီနေတဲ့ မြို့သားတွေဟာ လည်း စတင်ပြီးစကားပြောလာခဲ့ကြတယ်..။

"မာစတာ လင်း..အဲ့လူကို အရင်ကယ်လိုက်ပါလား..။ကျုပ်တို့က စောင့်နေလို့ ရပါတယ်..."

"ဒီနေ့ခေတ်လူတွေကတော့..ဘာလို့ သေချာ မတွေးတောနိုင်ကြတော့တာလဲ..။ဘယ်လို အရာတွေကအများ သူကို အသက် မရှင်နိုင်အောင် ဖန်တီးနေခဲ့ တာလဲ.."

တွေဝေချင်း မရှိပဲ လင်းဖန် ပြောလိုက်တယ်..။

"ကောင်းပြီ ကျုပ်တစ်ခု အရင်လုပ်လိုက် မယ်..။သူ့ဆီကို ယူသွားပေးလိူက်..လူတစ်ယောက်ရဲ့ အသက်က ပိုအရေးကြီးတာပေါ့.."

ပန်ကိတ် ပြင်ဆင်ပြီးတဲ့ နောက် မှာလီရှောင်ရှမ်းဟာ လင်းဖန်ရဲ့ လက်ကို ကိုင်ပြီး ပြောလိုက်ပါတယ်..။

"ငါကတော့ မင်းပါ လိုက်ခဲ့သင့်တယ်လို့ ထင်တယ်နော်..။တစ်ခြား မတော်တဆ တွေမဖြစ်ရအောင်.."

"ကောင်းပြီလေ.."

လင်းဖန် တွေဝေမနေပဲ သဘောတူလိုက်တယ်..။

လူတစ်ယောက်ရဲ့ အသက်ကို ကယ်တာက..လူသေတစ်ယောက်အတွက်..ဘုရား ခုနှစ်ဆူ တည်ပေးတာထက် ပိုတန်ဖိုး ရှိပါတယ်..။ဒီလို အခြေအနေမျိုးမှာ လင်းဖန်လုံးဝ တွေဝေနေမှာ မဟုတ်ပေ..။

သူတို့ ရဲကားပေါ်ကို တက်လိုက်ကြတယ်..။

တစ်ချို့မြို့သားတွေကလည်း..သူတို့ရဲ့ ကားတွေကိုမောင်းပြီး နောက်က လိုက်လာခဲ့ကြပါတယ်..။

ကျောက်ကျန်းယန် ဖုနး်ကို ကိုင်ထားရင်း..ပြောလိုက်တယ်..။

"လိုက်ခဲ့ကြ..ငါတို့လည်း အတူတူသွားကြည့်ရမယ်.."

အဆုံးမှာတော့..ဝူတန်ဟီတစ်ယောက်ထဲသာ..ဆိုင်စောင့်ဖို့ ကျန်နေခဲ့ပါတော့တယ်..။

သူတို့ သွားနေတဲ့ နေရာက အဆောက်အဦး တစ်ခု ဆီကိုပါ..။

အောက်ဘက် မြေပြင်မှာတော့ လူအုပ်ကြီးနဲ့ ပြည့်နေပြီး..သတင်းထောက်တွေတောင် ရောက်နေခဲ့ကြပါပြီ..။

ရဲကား ပြန်ရောက်လာတဲ့ အချိန်မှာတော့..။

သတင်းထောက် တစ်ယောက်ဟာ ပြောလိုက်တယ်..။

"ဟိုလူ တောင်းဆိုထားတဲ့ ပန်ကိတ်ရောက်လာပြီ.."

"ဒါက မာစတာ လင်းပဲ..မာစတာ လင်းက ကိုယ်တိုင် လိုက်လာခဲ့တယ်.."

"ဒီလူက အရင်တုန်းက..ဆန်းက်ယ်တဲ့ အရာတွေကို လုပ်ပြခဲ့တဲ့ လူလေ..။ဝိတ်ကျရောဂါသည်တွေတောင် သူ့ရဲ့ ပန်ကိတ်ကို စားချင်ကြတယ်.."

"ဒါအမှန်ပဲလား..ဝိတ်ကျရောဂါသည်တွေတောင် စားချင်ကြတယ် ဆိုတာကတော့ မဟုတိသေးဘူးနော်.."

"ဘာကို မဟုတ်ရမှာလဲ..။အဲ့သတင်းကို ငါကိုယ်တိုင်ရေးထားတာ..။အစားအသောက်နဲ့ ကျန်းမာရေး ဌာနကတောင် မာစတာ လင်းရဲ့ ပန်ကိတ်ကို စစ်ဆေးသေးတယ်..။ဒါပေမဲ့ ဘာမှ ရှာမတွေ့ဘူး.."

"အံ့ဩစရာပဲ.."

လင်းဖန် လူအုပ်ထဲမှာ ပေါ်လာတဲ့ အချိန်မှာ သတင်းထောက်တွေဟာ ရောက်လာခဲ့တယ်..။

"မာစတာ လင်း..ဒီလူက မသေခင်မှာ ခင်ဗျားရဲ့ ပန်ကိတ်တွေ စားသွားချင်တဲ့ အပေါ် ဘာပြောချင်လဲခင်ဗျ.."

"ဒီကိစ္စက ခင်ဗျား တမင်တကာ စီစဥ်ထားတာလား သိပါရစေ.."

"အရာရှိ လီ...ခင်ဗျား မာစတာ လင်းကိုပါ ခေါ်လာတာက ရဲတွေ ဒီလူပြန်ဆင်းလာအောင် မကိုင်တွယ်နိင်ဘူး ထင်လို့လားဗျ.."

လီရှောင်ရှမ် လက်ဝေ့ယမး်လိုက်တယ်..။

"ကျေးဇူးပြုပြီး..ဘေးကို ဖယ်ကြပါ..။လူ့အသက်က ပိုအရေးကြီးတယ်..။ကျေးဇူးပြုပြီး လမ်ဖယ်ကြပါ..ကျုပ်တို့ အလုပ်ကို မနှောက်ယှက်ကြပါနဲ့.."

လီရှောင်ရှမ်းဟာ သတင်းထောက်တွေကို စိတ်ပျက်နေခဲ့တယ်...။ဒီနေ့ခေတ် သတင်းထောက်တွေက သတင်းရဖို့ကိုပဲ စိတ်ဝင်စားပြီး.တစ်ခြား ဘာကိုမှ ဂရုမစိုက်ကြပါဘူး..။အထူးသဖြင့်..ဒီလိုလူတစ်ယောက်က တိုက်ပေါ်ကနေ ခုန်ချဖို့ လုပ်နေတဲ့ အချိန်မှာတောင်..သတင်းထောက် အများစုက ဒီလူခုန်ချပါစေ လို့ ဆုတောင်း နေနိုင်ပါတယ်..။

သတင်းသာ ရမယ်ဆိုရင်..သူတို့ကို မထိခိုက်သ၍ သူတို့ ဘာကိုမှ ဂရုမစိုက်ကြပါဘူး..။

ဒါပေါ့..ကိုယ်ကျိုး မကြည့်တဲ့ သတင်းထောက်တွေလည်း ရှိကြပါသေးတယ်..။သို့ပေမယ့် သတင်းပဲ စိတ်ဝင်စားတဲ့..သတင်းထောက်တွေနဲ့ စာရင် အတော်နည်းပါတယ်..။

ဥပမာအနေနဲ့ လတ်တလော ဖြစ်ပျက်သွားတဲ့ မတော်တဆ မူမှာပါ..။

ကျောင်းသူလေး တစ်ဟောက်ဟာ..ဆောက်လုပ်ရေး လုပ်ငန်းခွင်နား ကိုဖြတ်ရင်း..မတရားအကျင့်ခံခဲ့ရပါတယ်..။ဒါနဲ့တင် ဒီ မိန်းကလေး ကျောင်းသူ လေးဟာ..စိတ်ထိခိုက်ပြီး သနားဖို့ ကောင်းနေခဲ့ပါပြီ..ဒါပေမဲ့ တစ်ချို့ ကိုယ်ကျင့်တရား မကောင်းတဲ့ သတင်းထောက်တွေဟာ..သူမဘယ်သူလဲ ဆိုတာကို ဖော်ထုတ်ခဲ့ကြပါတယ်..။အဆုံးမှာတော့ သတင်းတွေ ပျံ့နှံ့သွားတဲ့အချိန်မှာ..ကျောင်းသူလေးဟာ ထပ်ပြီးတောင့်မခံနိုင်တော့ပဲ..ကိုယ့်ကိုကိုသာ အဆုံးစီရင်သွားခဲ့ ပါတော့တယ်..။

ဒီလိုမျိုး မတော်တဆမူ မျိုးတွေက အများကြီး ဖြစ်နေကြပါ..။

ကံကောင်းချင်တော့..အစိုးရက သတင်းထောက်တွေ အတွက် ပေါ်လစီ အသစ်တွေကို ချမှတ်ပေးခဲ့ပါတယ်...။ဒါပေမဲ့ ..ဟုတ်တာပေါ့..ဒီပေါ်လစီ တွေကလည်း.ဒီလို.မတော်တဆမူ တွေ ဖြစ်လာစေဖို့ကိုမတားဆီး နိုင်ပါဘူး..။

လင်းဖန် ကြည့်လိုက်တယ်..။အဆောက်အဦးရဲ့ အပေါ်ဆံူးအလွှာမှာ အမှန်တကယ်ပဲ အရိပ်တစ်ခုကို တွေ့မြင်နေရပါတယ်..။ဒါက အရမ်းမြင့်လွန်းလို့..အရိပ်က အတော်ကို ဝေဝါးနေခဲ့တာပါ..။

ခေါင်မိုးပေါ်တွင်..။

"အလျင်မလိုနဲ့..လက်ရမ်းကို ကိုင်ထား.."

ရဲအရာရှိတွေဟာ..ဘေးနားမှရှိနေပြီး ဒီလူကို ဆွဲဆောင်ဖို့ ကြိုးစားနေခဲ့တယ်..။

အောက်ဘက် မှာ ဆိုဖာကြီးတွေခံထားပေမယ့် လည်း အသုံးဝင်မှာ မဟုတ်ပါဘူး..။ဒီလိုအမြင့်ကနေ ခုန်ချရင်..လုံခြုံရေး ဆိုဖာတွေ ခံထားရင်တောင် ကျိန်းသေ သေဆုံးရမှာပါ..။

"ငါ့ ပန်ကိတ်က ဒီကို မလာသေးဘူးလား.."

လူကြီးဟာ စိတ်လှုပ်ရှားနေခဲ့တယ်..။သူက တော့ အသက် ၅၀ အရွယ်လူကြီး တစ်ယောက်ပါ..။ရဲတွေရဲ့ စုံစမ်းမူ အရတော့..ဒီလူက ဒီအဆောက်အဦးမှာ နေတာ မဟုတ်သလို..သားတွေ သမီးတွေလည်း မရှိပါဘူး..။ဒီတိုင်း တစ်ယောက်ထဲ နေတဲ့ လူတစ်ယောက်ပါ..။

ရဲတွေဟာ အကူညီမဲ့နေခဲ့တယ်..။ဒီလို လူမျိုးက ဆုံးရှုံးစရာ ဘာမှ မရှိတဲ့ အတွက် ဆွဲဆောင်ဖို့ အရမ်းခက်ခဲတယ် လို့ပြောလို့ရပါတယ်..။

"လာပြှီ..လာပြီ.."

ရဲသားဟာ အော်ပြောလိုက်တယ်..။အရာရှိ လီက ပန်ကိတ်ယူလာနေပြီ ဆိုတာ သူတို့ စကားပြောစက်ကနေ တဆင့် ကြားလိုက်ရတာပါ..။

အရေးပေါ် ဓာတ်လှေကားကနေ တဆင့် လီရှောင်ရှမ်းဟာ..ခေါင်မိုးပေါ်ကို ရောက်လာခဲ့တယ်..။

"ပန်ကိတ်က ဒီမှာ..။အရင်ဆင်းလာခဲ့ဦး.."

"မဟုတ်ဘူး..ပန်ကိတ်ကို ငါ့ဆီပစ်လိုက်..မဟုတ်ရင် ငါချက်ချင်း ခုန်ချလိုက် မယ်.."

အချိန်ခနကြာအောင်..စဥ်းစားတာတောင် အကြံဥာဏ်မှ ထွက် မလာခဲ့ပေ..။

"ကောင်းပြီ ..ကောင်းပြီ..ငါမင်းကို ပန်ကိတ်ပေးပါ့မယ်.."

"အောက်ဘက်က လူတွေ အဆင်သင့် ဖြစ်ကြပြီလား.."

လီရှောင်ရှမ်း ပြောလိုက်တာပါ..။

"အရာရှိ သူတို့အဆင်သင့်ဖြစ်ပါပြီ..။သူပန်ကိတ်စားပြီး..အသိစိတ်လွတ်သွားတဲ့ အချိန်ကြရင်..ကျံန်တော် တို့ သူ့ဆီ အမြန်သွားလိုက် မယ်.."

လီရှောင်ရှမ်း ခေါင်းညိမ့်လိုက်တယ်..။ဒီလို အခြေအနေက တကယ် ထူးဆန်းပါတယ်. ..။

သူ ပန်ကိတ်ကို ပစ်လိုက်တဲ့ အချိန်မှာ..လူကြီးဟာ..ပန်ကိတ်ကို လက်နှစ်ဖက် နဲ့ ဖမ်းပြီး ပျော်ရွှင်စွာ ရနံ့ခံလိုက်တယ်..။သူ့မျက်လုံးဟာ..အရောင်လက်နေပြီး..ခံစားချက်တွေ.ပြည့်နက်နေခဲ့ပါတယ်..။ယင်းနောက်..သူ ကိုက်လို်က်တယ်...။

"ဒါက အရမ်းကောင်းတာပဲ.."

အရသာတွေဟာ ချက်ချင်းပဲ သူ့ပါးစပ်ထဲမှာ ပေါက်ကွဲသွားခဲ့တယ်..။ဒီ ခံစားချက်က တကယ်ကို ဖော်ပြလို့ မရနိုင်ပါဘူး..။

လူသား ကမ္ဘာကြီးထဲမှာ..အရသာ အရှိဆုံးပါပဲ..။

အောက် မှာ ရှိနေတဲ့ ကယ်ဆယ်ရေး အဖွဲ့တွေဟာ..ပစ္စည်း ကိရိယာကို..အသင့်ပြင်ပြီး..လူကြီးကို ကယ်တင်ဖို့ စောင့်နေခဲ့ကြတယ်..။

သို့ပေမယ့်..အဆောက်အဦးရဲ့ အမြင့်ကြောင့် အမှန်တကယ် ကယ်တင်နိင်ဖို့ ဆိုတာက အတော်ကို ခက်ခဲလှပါတယ်..။

လီရှောင်ရှမ်းကတော့ အခြေအနေကို ကြည့်ပြီး စိတ်ပူနေခဲ့ပါပြီ..။

မြန်မြန်လုပ်.....

တကယ်လို့ ဒီလူကြီးသာ ပန်ကိတ်ကို စားလို့ ပြီးသွားရင်..ချက်ချင်း ခုန်ချတော့မှာပါ...။

သို့ပေမယ့် အဲ့အချိန်မှာပဲ..အားလုံး မထင်မှတ်ထားတဲ့ အရာတစ်ခုဟာ ဖြစ်ပျက်သွားခဲ့တယ်..။

All Chapters