ဒါက ရူးသွပ်စရာပဲ...
Vol. 21 Ch. 312
ဘာသာပြန် = စနိုးဝှိုက်
လူကြီးဟာ အတွင်းဘက်ကို ပြန်ခုန်လာခဲ့တယ်..။ယင်းနောက် သူ ပလတ်စတစ် အိတ်ထဲက ပန်ကိတ်ကို ယူပြီး စားလိုက်ပါတယ်..။
"အရသာရှိတယ်..ဒါက တကယ်ကို အရသာရှိတယ်.."
လီရှောင်ရှမ်းဟာ ကြောင်အနေရာကန အသိစိတ်ပြန်ဝင်လာပြီး..တစ်ကခြား အရာရှိတွေနဲ့ အတူ..လူကြီးကို သွားဖမ်းလိုက်တယ်..။
လူကြီးဟာ တည်ငြိမ်သွားခဲ့ပြီး..
"မထိန့်လန့် ကြပါနဲ့..။ငါ ခုန်ချဖို့ ရည်ရွယ် ချက်မရှိပါဘူး.."
လူကြီးရဲ့ အမူအရာဟာ ရုတ်တရက် ပြောင်းသွားခဲ့တာက လီရှောင်ရှမ်းကို အံ့သြသင့်စေပါတယ်..။ယင်းနောက် သူတစ်ခုခုကို တွေးမိပြီး ရပ်တန့်လိုက်တယ်..။ဒီလူကြီးက ခုန်ချဖို့ လုံးဝ ရည်ရွယ်ချက်မရှိပဲ..ပန်ကိတ်စားချင်လို့သာ ကိုယ့်ကိုကို သတ်သေဖို့ ဟန်ဆောင်နေခဲ့တာပါ..။
အောက်ဘက််မှ လူတွေဟာတော့..။
"ငါထင်တာ ဒီလူလုံခြုံသွားပြီထင်တယ်.."
"ငါလည်း သေချာမမြင်ရဘူး..ဒါပေမဲ့ လူကြီးတော့ မတွေ့ရတော့ဘူး."
"ဒါက တကယ်ကြောက်ဖို့ ကောင်းတယ်..။တကယ်လို့ ဒီလူသာ ခုန်ချရင် အသားစတွေလို တစ်စစီ ဖြစ်ပြီး အဆုံးသတ်မှာပဲ.."
လင်းဖန်လည်း မတ်တတ်ရပ်နေရင်း..လူကြီး.လုံခြုံသွားမှ စိတ်သက်သာရာ ရသွားခဲ့တယ်..။သို့ပေမယ့်..လူကြီးက ပန်ကိတ်စားရဖို့ သတ်သေဟန်ဆောင်တာအတွက်တော့..ပျော်ရမလား..ဝမ်းနည်းရမလားး မသိတော့ပါဘူး..။
သိပ်မကြာခင်မှာ လီရှောင်ရှမ်းဟာ ကျန်တဲ့ လူတွေနဲ့ အောက်ကို ဆင်းလာခဲ့ကြပါတယ်..။
သတင်းထောက်တွေဟာ ရှေ့ကို တက်လာခဲ့ကြပြီး..
"ဘာလို့ တိုက်ပေါ်က ခုန်ချဖို့ လုပ်တာလဲ သိပါရစေ.."
"ခုန်ချခါနီးမှာ ဘာလို့ ပန်ကိတ်တောင်းတာလဲ သိပါရစေ..။ခင်ဗျားမှာ မိသားစုရှိလား ဗျ.."
အရာရှိလီ ကျုပ်စကား နည်းနည်းလောက် ပြောလို့ရလား.."
သတင်းထောက်တွေဟာ..ကိုယ့်ကိုကို သတ်သေတဲ့ အမူအတွက်..နောက်ဆုံးရ အချက်အလက်တွေကို လိုချင်နေခဲ့ပါတယ်..။ဒါကရှန်ဟိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာ တစ်ခုမဟုတ်ပါဘူး..။သို့ပေမယ့် ဒီလူက တိုက်ပေါ်က မခုန်ချခင်..ပန်ကိတ်တောင်တယ် ဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းသွားပါပြီ..။
လီရှောင်ရှမ်းဟာ တည်ငြိမ်နေခဲ့တယ်..။သူ ဘာမှမပြောစေချင်ပေမယ့်လညိး လူကြီးဟာ စတင်ရယ်မောနေခဲ့ပါပြီ..။
"ကျုပ်သာ ခုန်ချရင် စောက်ရူးတစ်ယောက် ဖြစ်သွားမှာပေါ့.။ကျုပ်က ပန်ကိတ်စားချင်ယုံ သက်သက်ပါ.."
လူအုပ်ကြီးဟာ ဒါကိုကြားတဲ့ အချိန်မှာ ကြောင်အသွားခဲ့တယ်..။
သတင်းထောက်တွေလည်း ကြောင်အသွားခဲ့ပါပြီ..။ယငးနောက် သူတို့ မေးလိုက်တယ်..။
"ခင်ဗျား ဘာလို့ ပန်ကိတ်ကို စားချင်တာလဲ သိပါရစေ."
လူကြီး ပြန်ဖြေလိုက်တယ်..။
"ဒါက ဝယ်ဖို့ ခက်ခဲလွန်းတယ် လေ.."
"ဒီကိစ္စက ပြည်သူလူထုကို အနှောက်အယှက် ဖြစ်စေခဲ့ပြီး..တရားဥပဒေအရ နောက်ဆက်တွဲတွေ ရင်ဆိုင်ရမယ် ဆိုတာ သိထားပါသလား ခင်ဗျ.."
လူကြီးဟာ ပြန်ဖြေလိုက်တယ်..။
"ကျုပ်သိပါတယ်..ဒီတိုင်း ထိန်းသိမ်းခံရရုံပါပဲ..။ကျုပ်ဒါကို ကျင့်သားရနေပါပြီ။ကျုပ်ပန်ကိတ်ကို ရနေသ၍တော့ ဒါက အဆင်ပြေပါတယ် .။အခည ကျုပ်ပျော်နေတယ်လေ.."
လီရှောင်ရှမ်းဟာ တိတ်တဆိတ်သာ နေနေခဲ့တယ်..။သူဒီကိစ္စကို ဘာတစ်ခုမှ မှတ်ချက်မပေးချင်ပါဘူး..။သူသာ ရဲတစ်ယောက် မဟုတ်ဘူး ဆိုရင် ဒီလူကို သေတဲ့ အထိရိုက်နှက်ပြီး နေပါပြီ..။
ကိုယ့်ကိုကို သတ်သေဖို့ လုပ်တာကို..ဟာသတစ်ခု လို့ ထင်နေတာလား....
ဒါက ဆိုးရွားတဲ့ အကျိုးဆက်တွေကို သက်ရောက်စေပါတယ်..။
ကျောက်ကျန်းဟာ လည်း..အံ့ဩနေပြီး ဖုန်းကို ထုတ်ကာ တိုက်ရိုက်ထုတ်လွင့်လိုက်တယ်..။
"အားလုံးပဲ ဒီလူက ရူးနေပြီ..။ပန်ကိတ်စားရဖို့ အတွက်ကို ဒီလူက ကိုယ့်ကိုကို သတ်သေဟန် ဆောင်ခဲ့တယ်.."
"ချီးပဲ..ဒါက ရူးသွပ်စ ရာပဲ..။ဒီလို လူမျိုးရှိလိမ့်မယ် လို့ ငါမထင်ထားခဲ့ဘူး.."
"ဒီလူ ဆယ်ရက်လောက်ပဲ အဖမ်းခံရမှာကို ငအ ကြောက်ရွံ့မိတယ်.."
…
လူကြီးကို ရဲ့တွေက ဖမ်းထားခဲ့ပါတယ်..။ယင်းနောက် သူ မာစတာ လင်းကို ပျော်ရွင်စွာ ကြည့်လိုက်ပြီး..
"ကျုပ်ဟိုကို ခနလောက်သွားချင်တယ်..။မာစတာ လင်းနဲ့ ပြောစရာလေးရှိလို့."
သတင်းထောက်တွေဟာ ကြောင်အသွားပြီး ဘာတွေဖြစ်နေလဲ စောင့်ကြည့်နေခဲ့ကြတယ်..။
လင်းဖန်လည်း ဒိီလူက ကြည့်လိုက်ပြီး ဘာပြောရမလဲ မသိတော့ပါဘူး..။နောက်ဆုံးရလာဒ်က ဒီလိူ ုဖစလာလိမ့်မယ်လို့ သူမထင်ထားခဲ့ပေ..။
"ခင်ဗျား လုပ်တာက မဟုတ်သေးဘူးနော်.."
လင်းဖန် ပြောလိုက်တာပါ..။
လူကြီးဟာ ခါးသက်စွာ ပြောလိုက်တယ်..။
"မာစတာ လင်း..မင်းငါ့ရဲ့ နာကျင်မူတွေကို နားမလည်လို့ပါ..။ငါ နှစ်လတိတိ ဆက်တိုက် တန်းစီခဲ့တယ်..။ငါအရွေးမခံရတဲ့ အခါမှာ ဘယ်လောက်ထိ နာကျင်ရသလဲ ဆိုတာကို သိရဲ့လား..။အခု ငါ ပန်ကိတ်ကို စားလို်က်တဲ့ အချိန်မှာတောင် ငါလုပ်ခဲ့တဲ့ အရာတွေက ထိုက်တန်တယ် လို့ ခံစားမိလိုက်တယ်.."
လင်းဖန် ဒီလူပြောတာကို ပြန်မငြင်းခုန်နိုင်တော့..ဘာမှ မပြောနိုင်တော့ပါဘူး..။
ဒီတော့ ဒါက သူ့အမှားလား..
ဒီတော့ သူက အကျိုးဆက်တွေကို လက်ခံရမှာလား...
သူ့ရဲ့ပန်ကိတ်ကို စားရဖို့ တစ်စုံတစ်ယောက် က ဒါမျိုး လုပ်လိမ့်မယ် လို့ မထင်ထားခဲ့ပါဘူး..။
သက်လတ်ပိုင်းလူကြီးဟာ..လင်းဖန်ကို ကြည့်ပြီး ပြောလိုက်တယ်..။
"မာစတာ လင်း..မင်းရဲ့ ပန်ကိတ်တွေက အရမ်းအရသာ ရှိလွန်းတယ်.."
လင်းဖန် ရှက်ရွံ့စွာ ပြုံးလိုက်ပါတယ် .။ဒီကိစ္စက ကြီးမားတဲ့ အရာတစ်ခု ဖြစ်လာတော့မှာပါ..။
လီရှောင်ရှမ်း လင်းဖန်ကို ခေါင်းညိမ့်ပြလိုက်တယ်..။သူ့မှာ ဘာမှ ပြောစရာ မရှိပါဘူး..။ဒီလူက ပြသနာ ရှာချင်နေခဲ့တာပါ..။တကယ်လို့ ဒီလူသာ လုံလောက်အောင် အပြစ်ပေး မခံရရင် နောက်တစ်ခါလည်း ထပ်လုပ်နို်င်ပါတယ်..။
သတင်းေထာက်တွေဟာ လင်းဖန်နားမှာ ဝိုင်းလာခဲ့ကြတယ်..။
"မာစတာ လင်း..ဒါတွေဖြစ်ပျက်ခဲ့တာကို ဘယ်လိုထင်လဲ ခင်ဗျ.."
လင်းဖန် သတင်းထောက်တွေကို ကြည့်လိုက်ပြီး..
"ဥိီးနှောက်ရှိတဲ့ လူတိုင်း ဒီလို အလုပ်ကို လူပ်ကြမှာ မဟုတ်ပါဘူး..။ဒီလောက်ပါပဲ.."
ဒီ ရူးသွပ်စရာ အကြောင်းကို ထပ်ပြီး မပြောချင်တော့ပါဘူး..။ဒီကိစ္စက သတင်းခေါင်းကြီး ပိုင်းတွေမှာ သူ့ကို နောက်တစ်ခါ ပါစေတော့မှာပါ..။
ကျောက်ကျန်းယန်ဟာ..တိုက်ရိုက်ထုတ်လွင့်ရင်း ပြောလိုက်တယ်..။
"ဒီကိစ္စက ကျုပ်ရဲ့ ပရိတ်သတ်တွေကို အမြင်ကျယ်စေလိမ့်မယ် ထင်တယ်..။ဒါမျိုးက သာမန်လူတစ်ယောက် လုပ်လို့ ရလောက်မယ့် အရာမဟုတ်ဘူး."
…
သတင်းကြီးများ..။
နောက်တစ်ရက်..။
မတော်တဆမူက လိုင်းပေါ်ကို ရောက်ရှိသွားခဲ့ပါပြီ..။
သတင်းတွေဟာ ဝိုက်ဘိုနဲ့ တစ်ခြား ပလက်ဖောင်းတွေပေါ် တက်လာခဲ့တယိ..။
"ကမ္ဘာကြီးက တကယ်ကို ကြီးတာပဲ..။မဖြစ်နိုင်တာ ဘာကိစ္စမှ မရှိဘူး..။ဒါမျိုးကိစ္စလည်း ဖြစ်လာတာပဲ.."
"ဒီကိစ္စက တကယ်ပန်ကိတ်နဲ့ သက်ဆိုင်နေတာလား.."
ပထမဆုံး နတ်ဆိုးဓား ဆိုတဲ့ အကောင့်ပိုင်ရှင်ဟာ..ပို့စ်တင်လိုက်တယ်..။
"မနေ့က အဲဒီမှာ ငါလည်းရှိတယ်.သက်လတ်ပိုင်းအ ွရွယ် လူကြီးတစ်ယောက်က ပန်ကိတ်စားရဖို့ အတွက် ကိုယ့်ကိုကို သတ်သေချင်ယောင် ဟန်ဆောင်ခဲ့တာ...။လူနာတင်ယာဥ် ..ရဲကား..မီးသတ်ကား တွေ အကုန်လုံး အဲဒီမှာ ရှိနေခဲ့တယ်..။ကယ်ဆယ်ရေး ဆိုဖာတွေ ဆိုရင် သူ့အတွက်ပြင်ဆင်ပြီးသွားပြီ..။သူက ပန်ကိတ်ကို တောင်းနေပြီး တစ်စုံတစ်ယောက်က ပန်ကိတ်ယူလာပေးတဲ့ အချိန်မှာ သူထပ်ပြီး သတ်သေဖို့ မလုပ်တော့ဘူး..။အဲ့အချိန်မှာ လူတိုင်း ကြောင်အသွားခဲ့တယ်လေ..။ဒီလို လူမျိုးလည်း ကမ္ဘာပေါ်မှာ ရှိသေးပါလား ဆိုပြီးတော့ပေါ့.."
"တစ်ချိန်တည်း မှာပဲ ငါ မာစတာလင်းရဲ့ ပန်ကိတ်တွေ အကြောင်းကို ပြောချင်သေးတယ်..။ငါ့ရဲ့ တွေ့ရှိချက်အရ မာစတာ လင်းရဲ့ ပန်ကိတ်က ဝယ်ယူဖို့ အရမ်းခက်ခဲတာပဲ..။ဝယ်ယူခွင့်ရတဲ့ဘယ်သူဖြစ်ဖြစ် ကမ္ဘာပေါ်မှာ အရသာ အရှိဆုံး အစားအစာကို ရလိုက်သလိုပဲ..။ပြီးတော့ သူတို့ အတွက်ထပ်ပြီး ကံကောင်းတာက သူတို့ရဲ့ ပန်ကိတ်ကို မစားချင်ရင်..ပွဲစားတွေကို စျေးနှုန်းမြင့်မြင့်နဲ့ ပြန်ရောင်းလို့ရသေးတယ်..။သူတို့က ဒေါ်လာ ၁၀၀၀ လောက်နဲ့ ပေးဝယ်ကြပြီး..ဒေါ်လာ ၁သောင်း လောက်နဲ့ပြန်ရောင်းကြတာ..။စျေးနှုန်းတွေက ဘယ်လောက်တောင်ရူးသွပ်ဖို့ ကောင်းလဲ တွေးမိကြရဲ့လား.."
"ဒါပေမဲ့ အဲဒီကို သွားပြီး ကံစမ်းကြဖို့ စိတ်မကူနဲ့..။ပန်ကိတ်ဝယ်ဖို့ ဆိုတာက မဖြစ်နိုင်သလောက်ပဲ..။ကိုယ့်ကိုကို သတ်သေဖို့ လူပ်ခဲ့တဲ့ လူက နှစ်လလောက် ဆက်တိုက် တန်းစီခဲ့တာကို ပန်ကိတ် မရခဲ့
ဘူး.."
…
ဒီပို့စ် တက်လာတဲ့ အချိန်မှာလူတိုင်းကြောင်အသွား ခဲ့ကြတယ်..။မာစတာ လင်းရဲ့ ပန်ကိတ်အကြောင်းကို မသိထားကြတဲ့ လူတွေအတွက်ကတော့ ဒါက အံ့ဩစရာပါပဲ..။
"ချီးပဲ..ငါတော့ မယုံကြည်နို်င်ဘူး..။ရှန်ဟိုင်းမှာ ဒီလို အံ့ဩစရာ ဆိုင်ရှိမယ်လို့ မထင်ခဲ့ဘူး.."
"ဒါအမှန်ပဲလား..။ဒီလို ဆိုင်မျိုးက တကယ်ရှိနေတာလား."
"ဒါ သတင်းအတုကြီးများလား.."
သံသယဖြစ်နေတဲ့ မှတ်ချက်တွေဟာ စတင်ပေါ်လာခဲ့တယ်..။
သို့ပေမယ့် မာစတာ လင်းရဲ့ ဆိုင်အကြောင်း သိနေတဲ့ လူတွေကတော့ ဒီသတင်းက အစစ်အမှန် ဆျုတာ သိထားကြပါတယ်..။
တစ်စုံတစ်ယောက်ဟာ သူတို့ပါးစပ်ထဲကို ပန်ကိတ်မရောက်မချင်း ဘယ်လောက် အရသာရှိလဲဆျုတာကို နားလည်နိုင်ကြမှာ မဟုတ်ပါဘူး..။
အင်တာနက် ဆယ်လီ တစ်ယောက်ဟာ ပို့စ်တင်လိုကိတယ်..။
"ဒီလို နည်းလမ်းတွေက လူထုကို အနှောက်မယှက်အတော် ဖြစ်စေတယ်..။ကိုယ့်ကိုကို သတ်သေဖို့ ကြံစည်တယ် ဆိုတာကလည်း ဆယ်ရက်လောက်ပဲ ထိန်းသိမ်းခံရမှာလေ...။ငါတို့ ဒီလိုနည်းလမ်းကိုအသုံးပြုနေတာ ရပ်တန့်သင့်ပြီ...။ဒီ မာစတာ လင်းရဲ့ ဆိုင်လည်း အပြစ်ပေးခံသင့်တယ်..။သူ့ရဲ့ ဆိုင်ကို ချက်ချင်း ပိတ်ချလိုက်သင့်တယ်.."
ဒီမတော်တဆ မူ တက်လာတဲ့ အချိန်မှာဘများပြားလှတဲ့ လူတွေက အယုံကြည်ခဲ့ကြပါဘူး..။
မာစတာ လင်း ဘယ်သူလဲ ဆိုတာ မသိတဲ့ လူှတွေဟာ..ဆယ်လီရဲ့ ပို့စ်မှာ စတင်ထောက်ခံလိုက်ကြတယ်..။
မာစတာ လင်းကို သိတဲပ လူတွေဟာလည်း များစွာရှိနေပြီး ပြန်တိုက်ခိုက်နေခဲ့ကြပါတယ်..။
"ထွက်သွား..တကယ်လို့ ဘာမှ မသိဘူးဆိုရင်လည်း ပါးစပ်ပိတ်နေလိုက်.."
"မာစတာ လင်း ဘယ်လောက်အံ့ဩဖို့ကောင်းလဲ ဆိုတာရော သိရဲ့လား..။တကယ်လို့ မသိဘူးဆိုရင်လည်း ပါးစပ်ကို ပိတ်ထားလိုက်တော့.."
"မင်းက ..မာစတာ လင်းကို အပြစ်တင်ပြီး လူသိများအောင် လုပ်ချင်နေတာပဲ..။ဘယ်လောက် အရှက်မရှိလိုက်လဲ.."
အဲ့အချိန်မှာတော့..မာစတာ လင်း မသိတာက ပွဲစားတွေဟာ..ဒီအဖြစ်အပျက်ကြောင့် အနာဂတ်မှာ ..ပန်ကိတ်စျေးနှုန်းတွေကို ထပ်တက်ဖို့ လုပ်နေတာ် ဆိုတာပါပဲ..။
တစ်စုံတစ်ယောက်က ပန်ကိတ်စားရဖို့ ကိုယ့်ကိုကိုသတ်သေဟန်ဆောင် တယ် ဆိုတော့..ပန်ကိတ်ရဲ့ စျေးနှုန်းကလည်း..ဒီထက် စျေးမြင့်လာသင့်ပါတယ်..။