မကစားနဲ့..
Vol. 21 Ch. 313
ဘာသာပြန် = စနိုးဝှိုက်
"သူဌေးလေး..မင်းကတော့ တကယ် အံ့ဩစရာပဲ.."
အကြီးအကဲ လိန် နဲ့ တစ်ခြားဆိုင်ပိုင်ရှင်တွေဟာ သတင်းကို ဖတ်ပြီးကြပြီး ပြောလိုက်ကြတာပါ..။
လင်းဖန် လက်ဝေ့ယမ်းလိုက်တယ်..။
"ဒါက အံ့ဩစရာလို့တော့ မဟုတ်ပါဘူး..။ဘယ်လို ပြောရမလဲတောင် မသိတော့ဘူး.."
အကြီးအကဲ ကျန်း ရယ်မောလိုက်တယ်..။
"ဒါက သူဌေးလေးရဲ့ ပန်ကိတ်က လူတိုင်းကို လွမ်းမိုးထားတယ် ဆိုတာ ပြနေတာပဲ..။တကယ်လို့ ဒါသာ အစားအသောက်ပြိုင်ပွဲဆိုရင် သူဌေးလေးရဲ့ ပန်ကိတ်က..ပြိုင်ဘက်မရှိပဲ ပထမရမှာပဲ.."
"ဟားဟား.."
လင်းဖန် ပြုံးလိုက်ပြီး..ခေါင်းခါယမ်းလိုက်တယ်..။ဒီကိစ္စက သူ့ကို ကြီးကြီးမားမား အကျိုး မသက်ရောက်စေပါဘူး..။ဒါက လိူင်ပေါ်မှာ လူပြောများပြီး..ရှာဖွေခံရဆုံးစာရင်းမှာ ခနဝင်နေတာပဲ ရှိတာပါ..။
သို့ပေမယ့် သူ့အကြောင်းက ရှာဖွေခံရဆုံး စာရင်းရဲ့ ထိပ်ဆုံးပိုင်းမှာ မဟုတ်ပါဘူး..။အရှာဖွေခံရဆုံး အကြောင်းအရာက ကမ္ဘာ့ ချန်ပီယံ ရှစ်..ပါ..။လူတိုင်းက ပထမ ဘယ်သူရမလဲ ဆိုတာကို ဆွေးနွေးနေခဲ့ကြပါတယ်..။
ဟူဖေးယန်ဟာ အရင်တစ်ခေါက်တုန်းက..ချန်ပီယံ ဖြစ်ခဲ့ပေမယ့်လည်း..အခုတော့..အသက်နည်းနည်းကြီးနေခဲ့ပါပြီ..။သိုေ့ပမယ့် ဒီတစ်ခေါက်ပြိုင်ပွဲမှာလည်း သူအနိုင်ရမယ်လို့ လူတွေအများကြီးက ယုံကြည်နေကြဆဲပါ..။
ဒီပြိုင်ပွဲမှာ ကမ္ဘာ့ချန်ပီယံ တွေအများကြီး ပါဝင်နေပြီး..တကယ်လို့ သူ ပထမ ရအောင် မစွမ်းဆောင် နိုင်ဘူး ဆိုရင်တောင်..ထပ်ဆုံးသုံနေရာတော့ ရနိုင်ပါတယ်..။
ဒါပေါ့..ဆီဒယ် ရှိနေပါတယ်..။လူအများကြီးက..ဂျမေကာ က ယှဥ်ပြိုက်သူ ဆီဒယ် ချန်ပီယံ ဖြစ်နိုင်ခြေများတယ် လို့လက်ခံထားကြတာပါ..။
နေ့လည်ဘက်..၂ နာရီတွင်..။
လင်းဖန်နဲ့ ကျန်တဲ့လူတွေဟာ ထွက်ခွာဖို့ ပြင်ဆင်နေခဲ့ကြတယ် .။
ခန်းမ ၏ အပြင်ဘက်တွင်..။
"မာစတာ လင်း..ခင်ဗျားတို့ မရောက်သေးဘူးလား.."
ခြူးယွန် ဖုန်းထဲကတဆင့် ပြောလိုက်တာပါ..။
"ကျုပ်တို့ ရောက်နေပြီ..။ကျုပ်တို့ ရုပ်ထုကြီးရဲ့ ဘေးနားမှာ ရပ်နေကြတယ်.."
လင်းဖန် ကျော်ကြားပြီး..လှပတဲ့ ရုပ်ထုကြီးကို ပြောပြလိုက်တယ်..။
ခြူးယွန် ရုပ်ထုဘက်ကို လှည့်ကြည့်ပြီး ပြောလိူကိပါတယ်..။
"အဲဒီမှာပဲနေ ဘယ်မှမသွားနဲ့.။ကျွန်တော် လာခဲ့မယ်.."
ခနကြာပြီးနောက်..။
"မာစတာ လင်း.."
ခြူယွန် လက်ဝေ့ယမ်းပြီး အော်လို်က်တယ်..။
လင်းဖန် သူ နာမည်ကိုကြားတာနဲ့ လှည့်ကြည့်လိုက်ပါတယ်..။ယင်းနောက် သူ ခြူးယွန်ဘက် လှည့်ကြည့်လိုက်တယ်..။
ခြူးယွန် အနည်းငယ် စိတ်ပူနေပြီး..
"မာစတာ လင်း အခုဝင်ကြရအောင်..။ကျုပ် ခင်ဗျားတို့ကို ခေါ်သွားပေးမယ်..။ကျုပ်တို့ အားကစား သမားတွေကိုတောင် တွေ့ရင် တွေ့ရမှာ.."
လူလိမ်ထျန် လက်ဝေ့ယမ်းလိုက်တယ်..။
"ငါ မသွားတော့ဘူး..။ငါ ပင်ပန်းနေပြီ..ဒီတိုင်း စင်ပေါ်ကနေပဲ ကြည့်တော့မယ်.."
ဝူယူန်လန် လည်း လက်ဝေ့ယမ်းလိိုက်တယ်..။
"ကျွန်မလည်း မလိုက်တော့ဘူး.."
လင်းဖန်ဟာ တစ်ခြားလူတွေ မသွားချင်တာကို ကြည့်ပြီး ပြုံးလိုက်တယ်..။
"ကောင်းပြီ ..ငါ မင်းနဲ့ ့လိုက်ခဲ့မယ်..။သူတို့ကတော့ ပွဲကြည့်စင်ကနေပဲ ကြည်ပါစေ.."
ခြူးယွန်ခေါင်းညိမ့်လိုက်ပါတယ်..။
"မာစတာ လင်း..ဒီတစ်ခေါက်က ပြိုင်ပွဲဝင်တွေ အများကြီးပါတယ်..။ဒါက စီးပွားရေးနဲ့ သက်ဆိုင်တဲ့ ပြိုင်ပွဲတစ်ခုလိုပဲ..။ဒီပြိုင်ပွဲမှာ ပါဖို့..ကမ္ဘာအနှံ့က ချန်ပီယံတွေကို ဖိတ်ေခါ်ထားတာ..။ဒါမျိုးက ပရင်တုန်းက မဖြစ်ဖူးဘူး.."
လူလိမိထျန်နဲ့ ကျန်တဲ့ လူတွေဟာ..တစ်ခြားလမ်းကသွားပြီး..လင်းဖန်ကတော့..ခြူးယွန်နဲ့ လိုက်သွားခဲ့တယ်..။
ဒီမှာ ကစားသမားတွေ အများကြီးရှိနေပြီး..အများစုကတော့ ဒီနိုင်ငံသားတွေပါ..။
ခြူးယွန် ရှေ့က လမ်းပြနေခဲ့တယ်..။
"ဒီတစ်ခေါက် ဘယ်သူက ပထမရမလဲ ဆိုတာ မပြောနိုင်ဘူ..။ကျုပ်တို့ တိုင်းပြည်က ပြေးခုန်ပစ် အားကစားကို အလေးထားပေမယ့်..ဆီဒယ် ပေါ်လာပြီးတဲ့ နောက်မှာ တစ်ခြားလူတွေ..ပထမဆုကို ရဖို့ခက်ခဲသွားကြပြီ..။ကျွန်တော်တို့ ဒီတစ်ခေါက် ထိပ်ဆုံးသုံးယောက်ထဲဝင်ဖို့့ မျှော်လင့်ရတာပဲ.."
လင်းဖန် သိချင်စွာ မေးလိုက်တယ်..။
"မင်းက အားကစား သတင်းထောက်မဟုတ်ပဲ..ဘာလို့ ဒီကို လာခွင့်ရတာလဲ.."
ခြူးယွန် ရယ်မောလိုက်တယ်..။
"ကျွန်တော်က အများကြီးကိုင်ထားတာ..။ဒီလို အားကစားပွဲတွေ ရှိရင်လည်း သတင်းလာယူတယ်..။လူတွေ အများကြီးက စောင့်ကြည့်နေတော့..ဒီတစ်ခေါက် သတင်းဌာန ကုမ္ပဏီ ဆယ်ခု ကျော်လောက် ရှိတယ်လေ.."
လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။သူတို့ ခနကြာတော့ ရောက်လာခဲ့့ကြပါပြီ..။ခြူးယွန်က သတင်းထောက် ဆိုတော့ ဘာအစစ်အဆေ မှမခံခဲ့ရပါဘူး...။လင်းဖန်လည်း သတင်းထောက်အဖြစ် ခန်းမ ထဲဝင်လာခဲ့တယ်..။
"ကြည့်လိုက်..သူက ဂျမေကာ အပြေးသမားပဲ..။သူက ကမ္ဘာ့ စံချိန်တွေကို ချိုးဖြတ်ထားတာ..။သူက လက်ရှိအကောင်းဆုံးပဲ ဘယ်သူမှ သူ့ကို..မယှဥ်နိုငဘူး..။သူ့ရဲ့ စံချိန်တွေကို သူကိုယ်တိုင်ပဲ ပြန်ချိူးဖြတ်နေတာ.."
ခြူးယွန်ဟာ..သူ့ရှေ့က အသားမဲမဲလူကို ပြောနေခဲ့တာပါ..။
"သူ့ခြေထောက်တွေက အတော် ရှည်တာပဲ.."
လင်းဖန် ပြောလိုက်တာပါ..။
ခြူးယွန် ခေါင်းညိမ့်လိုက်တယ်..။
"ဟုတ်တယ် အားကစား သမားတိုင်း ခြေထောက် ရှည်ကြတယ်လေ..။ဒါက သူတို့ကို အားသာစေတယ်..။ဂျမေကာ အစိုးရက ပြေးခုန်ပစ်ကို အလေးစား ဆောင်ရွက်ဖို့ ဆုံးဖြတ်ပြီးကတည်းက အောင်မြင်လာခဲ့တာပဲ.."
"ဒီနှစ်တွေမှာ..ဂျမေကာ နိုင်ငံကပဲ ပြေးခုန်ပစ် ပြိုင်ပွဲတွေကို စိုးမိုးထားတာ..။ဘယ်သူမှ သူတို့ကို မယှဥိနိင်ဘူး.."
လင်းဖန် ခေါင်းညိမ့်လိုက်ပြီး တစ်ခြား ကစားသမားတွေကို ကြည့်လိုက်တယ်..။သူတို့..နည်းပြတွေရဲ့ နားနေခန်းတွေပါ..ဝင်ကြည့်နေကြပါတယ် .။
ယင်းနောက် ခြုးယွန် ညွှန်ပြလိုက်ပြီး..
"ကြည့်..သူက ကျုပ်တို့နိုင်ငံရဲ့ အတော်ဆုံး ကစားသမား ဟူဖေးယန်ပဲ..။သူက အကောင်းဆုံးအချိန်မှာ ရောက်နေတာ..။ဒါပေမဲ့ သူက ဒီနိုင်ငံရဲ့ အကောင်းဆုံး ဖြစ်နေတာတောင် ထိပ်ဆုံး သုံးယောက်ထဲဝင်ဖို့ဆိုတာ ခက်ခဲနေသေးတယ်.."
လင်းဖန် ပြုံးလိုက်တယ်..။
"မင်းက အများကြီး သိနေတယ် လို့ ငါဘာလို့ ခံစားနေရတာလဲ.."
ခြူးယွန် လင်းဖန်ရဲ့ ချီးကျူးမူကို ကြားပြီး ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့တယ်..။
"ကျုပ်က သတင်းထောက်ဆိုတော့..ဗဟုသုတတွေ အများကြီး ရှိနေဖို့ လိုတယ်လေ..။ကိူယ် အင်တာဗျူးနေတဲ့ လူကိုတောင် ကိုယ်မသိရင် ဘယ်လိုတွေ ဖြစ်ကုန်မလဲ စဥ်းစားကြည့်ပါဦး.."
"မာစတာ လင်း ကျွန်တော်နဲ့ လိုက်ခဲ့ပါလား..။ကစားသမားတွေကို သွားပြီး အင်တာဗျူးရအောင်.."
ခြူးယွန် စိတ်လှုပ်ရှားစွာ ပြောလိုက်တာပါ..။
လငိးဖန် ဘာမှ လုပ်စရာ မရှိတဲ့ အတွက် ခြူးယွန်နောက်ကို လိုက်လာခဲ့တယ်..။ဒီမှာ ကစားသမားတွေကို အင်တာဗျူးနေတဲ့ သတင်းထောက်တွေများတာကြောင့် ခြူးယွန် အခွင့်အရေးတောင် မရပါဘူး..။သူ ဒီတိုင်းမတ်တတ်ရပ်ပြီး ဓာတ်ပုံသာ ရိုက်နေခဲ့ပါတယ်..။အဆုံးမှာတော့ နည်းပြတွေက သတင်းထောက်တွေကို ထွက်သွားခိုင်းတဲ့ အတွက်ပြန်ထွက်လာခဲ့ကြရပါတယ်..။
ခြူးယွန် သတင်းထောက်တွေကို မြင်ပြီးတဲ့ အတွက် စိတ်ကျေနပ်နေခဲ့တယ်..။
"မင်းရဲ့ အိပ်က ကြီးတာပဲ..။ဘာတွေ သယ်လာတာလဲ.."
လင်းဖန် မေးလိုက်တာပါ..။
ခြူးယွန် အိပ်ကို ဖွင့်ပြလိုက်တယ်..။
"ဒါက ဗီဒီယို ရိုက်တဲ့ဟာ..။ဒါက လိုင်စင်ရဖို့ ခက်ပေမဲ့ ကျွန်တော် ရအောင် လုပ်ခဲ့တယ်လေ..။ထပ်ပြောရရင် ဒီပြိုင်ပွဲက နေရာတိုင်း ချန်နယ်မှာ တိုက်ရိုက် ထုတ်လွင့်နေမှာလေ..။ပြီးတော့..တရုတ်ဗဟို ရုပ်မြင်သံကြားရဲ့ အားကစား လိုင်းမှာတောင် ထုတ်လင့်မှာ.."
"ဒီလောက်တောင်လား.."
ခြူးယွန်ပြုံးလိုက်တယ်..။
"ဟုတ််တယ်..ကျွန်တော် က အတော်ကံကောင်းနေတယ်လေ..။ဒီမှာ ဗီဒီယိူ ရိုက်ခွင့်ရှိတဲ့ လူတွေက နည်းနည်းလောက်ပဲ ရှိတယ်..အဲ့ထဲက တစ်ယောက်က ကျွန်တော်ပဲလေ.."
ယင်းနောက် ခြူးယွန် ဖုန်းကို ကြည့်လိုက်တယ်...။
"ပြိုင်ပွဲစဖို့ မိနစ် ၂၀ လောက်လိုသေးတာပဲ..။ကျွန်တော် သေချာ ရိုက်ကူးမှရမယ်..။ဘေးနားက ကင်မရာတွေကို ကြည့်လိုက်..။ထောင့်ပေါင်းစုံက နေသေချာ ချိန်းထားတာလေ..အထူသဖြင့် ညိုတစ်ခုဆိုင် လေပေါ်မှာ ပျံပြီး အရာရာတိုင်းကို ရိုက်ကူးနေတာ.."
လင်းဖန် ပြံူးလိုက်တယ်..။
"ကြည့်ရတာ ဒီကို လာတာ တန်သွားပြီထင်တယ်.."
"ဒါပေါ့..ဒီက လက်မှတ်တွေက ရဖို့ခက်ခဲတယ်လေ.။ကျွန်တော် တောင် အနည်းငယ်ပဲ ရခဲ့တာ..။ထိုင်ခုံတွေမှာ လူတွေပြည့်နေပြီ..။လူအများစုကကျုပ်တို့နိုင်ငံရဲ့ ကစားသမားတွေကို လားအားပေးကြတာပဲ.."
ပွဲကြည့်စင်မှာတော့ အနီရောင် ဝတ်ဆင်ထားတဲ့ ပရိတ်သတ်တွေ ပြည့်နေကြပြီး..သူတို့နောက်မှာတော့ ဘင်ခရာ အဖွဲ့တွေ ရှိနေခဲ့ပါတယ်..။သူတို့ဟာ တီးတိုး ဆွေးနွေးနေခဲ့ကြတယ်..။
"ဒီတစ်ခါ ချန်ပီယံ ဘယ်သူဖြစ်မလဲ မသိဘူး.."
"ငါတော့ ဟူဖေးယန် ချန်ပီယံ ဖြစ်မယ်လို့ ယုံကြည်တယ်."
"ငါတော့ မဖြစ်နိုင်ဘူး ထင်တာပဲ..။ဆီဒယ် ပဲ ရသွားလိမ့်မယ်.."
"ငါတို့ ပွဲစတာနဲ့ အရူးအမူး အားပေးရမယ်.."
"ဟုတ််တယ် ပြိုင်ပွဲမှာ ရှုံးနိမ့်ရင်တောင် အားပေးမူကတော့ ထိပ်ဆုံး အဆင့်ရှိနေသင့်တယ်လေ.."
ခနကြာပြီးနောက်..။
"မာစတာ လင်း.. ဒီ ဗီဒီရို ကင်မရာ လေးကိုင်ပေးထားပါလား..။ကျွန်တော် သင့်စင်ခန်း ခနသွားပြီး ပြန်လာခဲ့မယ်.."
"ကောင်းပြီဘေ.."
လင်းဖန်ခေါင်းညိမ့်လိုကက်တယ်..။သူ ဗီဒီယို ကင်မရာကို ပုခုံပေါ်တင်လိုက်တဲ့ အချိန်မှာ..အတော်လေးတာ တွေ့လိုက်ရပါတယ်.။
ခြူးယွန် လင်းဖန်ကို ကြည့်ပြီး ပြုံးကာပြောလိုက်တယ်..။
"မာစတာ လင်း ရိုက်ကူးချင်ရင် အောက်က ခလူတ်ကိုသာ နှိပ်လိုက်.."
ယင်းနောက် ခြူးယွန် သန့်စင်ခင်းဆီ သွားလိုက်ပါတယ်..။
သူ မတ်တတ်ရပ်ပြီး ဘေးပတ်လည်ကို ကြည့်နေခဲ့တယ်..။
"ငါတို့ ဒီမှာဟေ့.."
လူလိမ်ထျန်နဲ့ ကျန်တဲ့လူတွေဟာ ပွဲကြည့်စင်ကနေ အော်ဟစ်လိုက်ပါတယ်..။
လင်းဖန် လက်ပြန်ပြလိုက်တယ်..။
အချိန်ဖြည်းဖြည်းချင်ကုန်သွားခဲ့တယ်..။
ခြူးယွန် ပြန်မလာသေးတော့ လင်းဖန် အနည်းငာ်စိတ်ပူနေခဲ့ပါတယ်..။
ယင်းနောက် ဝန်ထမ်းတစ်ယောက် ဟာ ရောက်လာခဲ့တယ်..။
"ပြေးလမ်းပေါ်မှာ ရပ်မနေနဲ့..ပွဲကြည့်စင်ဘက်ကို သွားပါ.."
လင်းဖန် တစ်ခုခုပြန်ပြောချင်ပေမာ့်လည်း တျတ်တဆိတ်သာနေလိုက်တယ်..။သူတစ်ခုခုကို တွေးနေခဲ့တာပါ..။နောက်ဆုံးမှာ တော့ သူပြုံးလိုက်ပြီး ဗီဒီီယို ထင်မရာကို ထမ်းကာ လျောက်သွားခဲ့တယ်..။
"မာစတာ လင်း ကျွန်တော် ဒီမှာ..။ကျွန်တော်ကို လာခေါ်ဦး.."
ခြူးယွန်ဟာ အော်နေခဲ့ပြီး ဝန်ထမ်းတွေက သူ့ကို တားဆီး ထားကြပါတယ်..။
လင်းဖန် ခြူးယွန်ကို မြင်တဲ့ အချိန်မှာ ပြုံးလိုက်ပါတယ်..။
"မာစတာ လင်း..ကစားနေတာ ရပ်လိုက်တော့..ကျံန်တော်ကို လာခေါ်ဦး.."
ခြူးယွန်အော်နေခဲ့တယ်..။
"ငါက တကယ်သတင်းထောက်ပဲ..ကျေးဇူးပြုပြီး ဝင်ခွင့်ပြုပါ.."
ဝန်ထမ်းဟာ ပြန်ပြောလိုက်တယ်..။
"ပြိုင်ပွဲက စတော့မှာ..ခင်ဗျား ဝင်လို့ မရတော့ဘူး.."
အာ...
ခြူးယွန် စကားတောင် ထပ်မပြောနိုင်တော့ပါဘူး..။
သူက ဒီတိုင်း ဗိုက်နာလာလို့ သန့်စင်ခန်းသွားခဲ့တာပါ..။ပြီတော့ မာစတာ လငိးက ကင်မရာကြီး ထမ်းပြီး ဘာလုပ်ချင်နေတာလဲ...
သူ ဒီမှာ လျောက်ကစား ချင်လို့ မရပါဘူး.....