ဟဲလို..ဒီကို ကြည့်လိုက်ပါဦး..
Vol. 21 Ch. 314
ဘာသာပြန် = စနိူးဝှိုက်
ခြူးယွန်ဟာ နောင်တတွေ ရနေခဲ့တယ်..။အစကတော့ သူ ဒီတိုင်းပဲ သေးပေါက်ချင်ခဲ့တာပါ..သိုပေမဲ့ သူ့ဗိုက်က ရုတ်တရက် နာလာခဲ့ပါတယ်..။ထပ်ပြောရရင် သူဝမ်းချုပ်နေခဲ့တာပါ..။အဆုံးမှာတော့ သူ့တစ်ကိုယ်လုံး ချွေးတွေ ရွှဲနေပြီး ခြေထောက်နေ ညောင်းညာတဲ့ အထိ အိမ်သာထဲမှာ ထိုင်ခဲ့ရပါတယ်..။သူ အချိန်ကို ကြည့်လိုက်တဲ့ အခါမှာ အံ့ဩသွားပြီး အမြန်ပြေးထွက်လာခဲ့ပေမယ့်လည်း..ဝန်ထမ်းရဲ့ တားဆီးခြင်းကို ခံလိုက်ရပါတော့တယ်..။
အချိန်ကို နောက်ကျတဲ့မည်သူမဆို...သတင်းထောက်ဖြစ်နေရင်တေင် အပြင်မှာပဲ ရပ်စောင့် နေရမယ် ဆိုတဲ့ စည်းမျဥ်းတစ်ခုရှိပါတယ်..။
ယင်းနောက် ခြူးယွန်ဟာ ဘာပြောရမလဲ မသိတော့ပေ..။သူ မာစတာ လင်းကို ချက်ချငိး ဖုန်းခေါ်လိုက်တယ်..။
လင်းဖန်ဟာ ခြူးယွနိ ဖုန်းခေါ်တာကို မြင်ပြီး ချက်ချင်းကောက်ကိုင်လိုက်တယ်..။
"စိတ်မပူနဲ့..ငါမင်းအတွက် အကုန်လုံး ရိုက်ကူးပေးထားမယ်..။အဆင်ပြေသွားမှာပါ.."
လင်းဖန် သူ့ကို နှစ်သိမ့်လိုက်ပါတယ်..။
ခြူးယွန် အကူညီမဲ့သွားခဲ့တယ်..။ဒါကသာ တစ်ခုတည်းသော နည်းလမ်းပါ..။
"မာစတာ လင်း..ကျွန်တော့ရဲ့ တာဝန် အကုန်လုံးက ခင်ဗျား အပေါ်မှာပဲ မူတည်တော့တယ်နော်..။ကင်မရာကို အဖွင့်အပိတ် လုပ်တတ်တယ် မလား..။ကျွန်တော် ကစားသမားတွေရဲ့ ကြောက်လန့်တဲ့ အမူအရာတွေကို ရိုက်ကူးချင်တာ.."
လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။
"ကောင်းပြီ ..ကောင်းပြီ..စိတ်မပူနဲ့..."
သူ မာစတာ လင်းရဲ့ နှစ်သိမ့်မူကို ရပေမယ့်လည်း..သူက ပရိုအဆင့်မဟုတ်တော့ အနည်းငယ် သံသယဖြစ်မိပါတယ်..။သို့ပေမယ့် သူ မာစတာ လင်းကို ယုံကြည်ရမှာပါ..။မဟုတ်ရင် သူလုပ်စရာ ရှိတာတွေကို လုပ်လို့ရတော့မှာ မဟုတ်ပါဘူး..။
တိုက်ရိုက် ထုတ်လွင့်မူတွင်..။
"ပြိုင်ပွဲက စတော့မယ်..။ကစားသမားတွေလည်း အဆင်သင့်ဖြစ်နေပြီ.."
"ဒါက ဂျမေကာ ကစားသမား ပဲ..။သူက အသားတောင် ပိုမဲလာသလိုပဲနော်..။သူ့ရဲ့ အမူအရာကို ကြည့် သူ ပိုပြီး စိတ်လှုပ်ရှား လာသလိုပဲ.."
"ဒါပေါ့..သူက စိတ်လှုပ်ရှားနေမှာပေါ့..။သူက သုံးနှစ်ဆက်တိုက်တောင် ချန်ပီယံ ဖြစ်ထားတာလေ.."
"ချီးပဲ ငါလည်း အဲ့မှာ ရှိနေသင့်တယ်..။ဒီကနေ တဆင့်ကြည့်နေရတာက အားမရဘူး.."
"မင်းသွားချင်တယ် ဆိုရင်တောင် သွားလို့ရမှာ မဟုတ်ဘူး..။လက် မှတ်ဝယ်ဖို့က ဘယ်လောက်တောင် ခက်ခဲလဲ ဆိုတာ သိရဲ့လား.."
ယင်းနောက် တိုက်ရိုက်ထုတ်လွင့်မူက အစီစဥ် တင်ဆက်သူတွေဟာ စတင်စကားပြောလာခဲ့ကြတယ်..။
"ဒီပြိုင်ပွဲကတော့..ပါဝင်ယှဥ်ပြိုင်မယ့် လူတွေ အတော်လေး များပါတယ်.."
"ဟုတ်ပါတယ်ဗျ..ပါဝင်ယှဥ်ပြိုင်တဲ့ လူအများစုက သူတို့ဘဝမှာ..ကမ္ဘာ့ချန်ပီယံ ဖြစိခဲ့ကြတဲ့ လူတွေချည်းပဲ ဆိုှတော့..ပြိုင်ပွဲက အနည်းငယ် ကြောက်ဖို့ကောင်းပါတယ်.."
"ဟူဖေးယန် ကလည်း ..ကမ္ဘာ့ချန်ပီယံ တစ်ခါဖြစ်ခဲ့ဖူးတယ်နော်..။သူက ဒီနောက်ပိုင်း သုံးနှစ်မှာ အကောင်းဆုံး မစွမ်းဆောင် နိုင်ခဲ့ပေမယ့်လည်း..သူက ကျုပ်တို့နိုင်ငံရဲ့..ဂုဏ်ယူရတဲ့ ကစားသမား ဖြစ်နေဆဲပါ..။ဒီတစ်ချိန် သူဘယ်လို အကောင်းဆုံး ဖျော်ဖြေပေးသွားမလဲ ဆိုတာကတော့ ဘယ်သူမှ မသိပါဘူး.."
"ဟူဖေးယန်က အရမ်းစိတ်အားထက်သန်နေတယ် လို့..ပြောလို့ရတယ်နော်..။ဒါပေမဲ့.ဂျမေကာ ပြိုင်ပွဲဝင်က..သူ့ရ့့..အကြီးမားဆုံး ရန်သူတစ်ယောက်ပါ..။သူက သုံးနှစ်ဆက်တိုက် ချန်ပီယံ ဖြစ်ခဲ့ပြီး ကိုယ့်စံချိန်ကိုယ် ပြန်ချိုးဖျက်နေတဲ့ လူတစ်ယောက်ပါ..။ဒါက တကယ်ကို ကြောက်ဖို့ကောင်းပါတယ်.."
"လူအုပ်ကြီးဟာ..စတင် အားပေးနေကြပါပြီ.."
"ဟုတ်ပါတယ်..လေထုကတော့ တကယ်ကြောက်စရာပါပဲ.."
…
လင်းဖန် မတ်တတ်ရပ်နေပြီး..ဗီဒီယို ကင်မရာကို ပြိုင်ပွဲဝက် ကိုးယောက် ဆီကို ချိန်လိုက်တယ်..။ဒီတစ်ကြိမ် အာရှတိုက်က တစိယောက်ထဲပါပြီး..အဲတာကတော့ သူတို့ နိုင်ငံက ဟူဖေးယန် ပါ..။
ပြေးခုန်ပစ် ပထမဆံူး လမ်းကြောင်းက ဂျင်မီ ကာတာ..ဖြစ်ပြီး သူက ပြင်သစ် နိုင်ငံကပါ..။
ဒုတိယ လမ်းကြောင်းက ဂျမေကာ ကစားသမား ဆီဲဒယ်ပါ.။သူ့ကို ကမ္ဘာပေါ်မှာ အမြန်ဆုံး လူသား အဖြစ်လညး် သတ်မှတ်လို့ ရပါတယ်..။သူက စံချိန်တွေ အများကြီးကို ချိူးဖြတ်နေပြီး ဒီထဲမှာ သူ့ရဲ့ ကိုယ်ပိုင်စံချိန်လည်း ပါဝင်ခဲ့ပါသေးတယ်..။
တတိယမြောက် လမ်းကြောင်းရဲ့ ကစားသမားကတော့ တရုတ်နိုင်ငံရဲ့ ဟူဖေးယန် ပါ..။သူက များပြားလှတဲ့ ပြိုင်ပွဲတွေမှာ ထိပ်ပိုင်းကနေ ပါဝင်ခဲ့ပါတယ်..။
…
လူအုပ်ကြီးဟာ စတင်အားပေးနေခဲ့ကြတယ်..။သူတို့အကုန်လုံးက စိတ်လှုပ်ရှား နေခဲ့ကြတာပါ..။ဒီ ပြိုင်ပွဲဝင်တွေက ကမ္ဘာပေါ်မှာ အမြန်ဆုံး လူသားတွေပါပဲ..။
"လုပ်လိူက်စမ်းပါ..ဟူဖေးယန်.."
"လုပ်လိုက်စမ်းပါ ဟူဖေးယန်.."
လူအုပ်ကြီးဟာ အကျယ်ကြီး စတင်အားပေးနေခဲ့ကြတယ်..။တစ်ခြား ပြိုင်ပွဲဝင်တွေရဲ့ ပရိတ်သတ်တွေကလည်း အားပေး နေခဲ့ကြပါပြီ..။ပရိတ်သတ် ၈၀၀၀ ကျော်လောက်ဟာ ပြိုင်ပွဲစတာနဲ့ မတ်တတ်ထလာခဲ့ကြတယ်..။
တိုက်ရိုက်ထုတ်လွင့်မူထဲတွင်..။
များပြားလှတဲ့ နိုင်ငံသားတွေဟာ သူတို့ရဲ့ ကွန်ပြူတာတွေ ဖုန်းတွေရဲ့ ရှေ့မှာ..စုဝေးနေခဲ့ကြပါပြီ..။ကမ္ဘာ့အမြန်ဆုံး လူတွေကြားတဲ့ မှာ..ဘယ်သူက နတ်ဆိုးအဆန်ဆုံးလဲ တွေ့မြင်ကြရတော့မှာပါ..
အစီစဥိတင်ဆက်သူဟာ ပြောလိုက်တယ်..။
"ဒီ မီတာ ၂၀၀ ပြိုင်ပွဲအတွက် ဆီဒယ်ရဲ့ ကမ္ဘာ့ချိန်တင် မှတ်တမ်းကတော့ 19.2 စက္ကန့်ပါ..။ဒါက လွန်ခဲ့တဲ့ နှစ်နှစ်မှာ မချိူးဖြတ်နိုင်တဲ့..မှတ်တမ်းတစ်ခုပါပဲ..။အခု ဒီပြိုက်ပွဲမှာ ချိုးဖြတ်နို်င်မလား ဆိုတာကတော့ ဘယ်သူမှ မပြောနိုင်ပါဘူး.."
"လူအုပ်ထဲမှာ ရှိနေတဲ့ လူတွေရော..အိမိမှာ တိုက်ရိုက်ထုတ်လွင့်မူ ကြည့်နေတဲ့ လူတွေပါ..စိတ်လှုပ်ရှားနေမယ်လို့..ထင်ပါတယ်.."
"ကောငိးပြီ..ပြိုင်ပွဲက စတော့မှာ ဆိုတော့ ကစားသမားတွေ အပေါ် အာရုံစိုက်လိုက်ကြရအောင်.."
ပွဲကြည့်စင်တွင်..။
လူလိမ် ထျန်ရေရွတ်လိုက်တယ်..။
"သူ ဒီမှာ ဘာလုပ်နေတာလဲ..။ခြူးယွန်ကရော ဘယ်မှာ့ဲ.."
ကျောက်ကျန်းယန် ပြဖြေလိုက်တယ်..။
"မာစတာ လင်းက ဘာလို့ ကင်မရာကြီး ကိုင်ထားတာလဲ မသိဘူး..။ခြူးယွန်က သူ့ကို ပေးပြီ ရိုက်ကူးခိုင်းထားတာ များလား.."
ဝူယူန်လန် ပြောလိုက်တယ်..။
"အဲလို ဖြစ်နေမှာပဲ ကြောက်ရတယ်.."
ယင်းနောက် ခြူးယွနိဟာ ပွဲကြည့်စင်ပေါ်ကို ရောက်လာခဲ့တယိ..။
"ကျွန်တော်က ဒိီမှာ.."
လူတိုင်းဟာ သူတို့ ခြူးယွန်ကို မြင်တဲ့ အချိနိမှာ အံ့ဩသွားခဲ့ကြပါတယ်..။
"ဘာတွေဖြစ်နေတာလဲ..။ဘာလို့ သူက ဗီဒီယို ရိုက်ကူးနေတာလဲ.."
ခြူးယွန် အကူညီမဲ့စွာဖြင့်..
"ကျွန်တော်လည်း မသိဘူး..ကျွန်တော်က သင့်စင်ခန်း သွားရင်းကနေ..ခန်းမထဲ ပြန်ဝင်ဖို့ နောက်ကျသွားတာ..။ဒါကြောင့် ဗီဒီယို အတွက်က မာစတာလင်း အပေါ်မှာပဲ မူတည်တော့တယ်.."
လူလိမ်ထျတ်ကြည့်လိုက်တယိ..။
"သူလုပ်နို်င်မယ်လို့ မင်းထင်လား.."
ခြူးယွန် ခေါင်းခါယမ်းလိုက်တယ်..။
"ကျွန်တော်လည်း မသိဘူးလေ..။သူသာ ဘာမှ မရိုက်ထားရင် ကျွန်တော် ပြန်သွားတာနဲ့ အဆူအဆဲ ခံရတော့မှာ.."
"စနေပြီ စနေပြီ.."
ကျောက်ကျန်းယန်ပြောလိုက်တယ်..။
ခြူးယွန် မြင်ကွင်းကို ကြည့်ပြီး ကြောင်အသွားခဲ့ပါတယ် ။
"ချီးပဲ..ပြိုင်ပွဲမစခင်မှာ ကစားသမားတွေကို အနီးကပ် ရိုက်ခိုင်းဖို့ မေ့သွားတယ်..။မဟုတ်ရင် ပြိုင်ပွဲစမှ ဆို ဒီလို ရိုက်ကူးဖို့ လွယ်တော့မှာ မဟုတ်ဘူး.."
ယင်းနောက်..
လင်းဖန် ကင်မရာကို ဖွင့်ပြီး ပုခုံးပေါ်တင်ထားလိုက်တယ်..။သူပြိုင်ပွဲဝင် ၉ ယောက်ဆီကို ချိနိလိုက်ပါတယ်..။
ကင်မရာမှာ အမြန်ရွှေ့ရှာမူ အနစိတွေ ပါဝင်ပြီး ဒါတွေက..ပြိုင်ပွဲဝင် ၉ ယောက်ထက် ပိုမြန်မြန် ရွှေ့လျားနိုင်ပါတယ်..။အစကနေ အဆုံးအထိ သေချာရိုက်ကူးနိုင်မှာပါ..။
လင်းဖန်..ပြိုင်ပွဲဝင်တွေက သူ့ကိုကြည့်မနေကြပဲ သူရဲ့ နေရာယူမူက ဆိုးရွားနေတာ တွေ့လိုက်ရပါတယ်..။ယင်းနောက် သူအော်လိုက်တယ်..။
"ဟဲလို..ဒီကိုကြည့် .ဒီကိုကြည့်.."
’.
သူ အဂ်လိပ်စကား ဘယ်လို ပြောရမလဲ မသိပေမယ့် ဟဲလို ဆိုတဲ့ စကားကိုတော့ ပြောတတ်ပါသေးတယိ..။
ပထမ လမ်းကြောင်းမှာ ရှိတဲ့ ဂျင်မီကာတာ ဟာ လက်ဝေ့ယမ်း ပြလိုက်တယ်..။ဒုတိယ လမ်းကြောင်းမှာ ရှိနေတဲ့ ဆီဒယ်ဟာ စိတ်လှုပ်ရှား ကြောက်ရွံ့နေတဲ့ အကြည့်နဲ့ လှမ်းကြည့်လိုက်ပါတယ်..။တတိယ လမ်းကြောင်းမှာ ရှိနေတဲ့ ဟူဖေးယန်က ပြုံးပြနေပေမယ့် သူ့အကြည့်ကတော့ လေးလေးနက်နက် ရှိနေခဲ့ပါတယ်..။
သူမှာ ပထမ ရမယ်လို့ ယုံကြည်ချက် မရှိပေမယ့်လည်း အကောင်းဆုံးကြိုးစားသွားမှာပါ..။ဆီဒယ်က သူ့အတွက် ဖိအားဖြစ်စေပြီး တစ်ခြား ပြိုင်ပွဲဝင်တွေဟာ လည်း ခေသူမဟုတ်ကြပေ..။
ပြိုင်ပွဲဟာ စတင်တော့မှာပါ..။
ပြိုင်ပွဲဝင်တွေဟာ သူ့တို့ရဲ့ ကိုယ်နေဟန်ထားကို ပြင်ဆင်နေကြပြီး..သေနတ်ဖောက်သံကို စောင့်နေခဲ့ကြတယ်..။
အဲအချိန်မှာ..တော့ လင်းဖန်ဟာ..ကင်မရာကို ကိုင်ထားပြီး လမ်းကြောင်းတွေရဲ့ ဘေးနားမှာ ရပ်နေခဲ့ပါတယ်..။
"ဟဲလို..အတူတူ..အတူတူ.."
လင်းဖန် အော်ပြောလိုက်တာပါ..။
ဟူဖေးယန် ခေါင်းမော့ပြီး တစ်ချက်လှမိးကြည့်လိုက်ပေမယ့် ..ထပ်ဂရုမစိုက်တော့ပါဘူး..။သူပြိုင်ပွဲမှာသာ အပြည့်အဝ အာရုံစိုက်ထားခဲ့ပါတယ်..။
* ဒိုင်း *
အဲအချိန်မှာ ပဲ ကစားသမားတွေဟာ ရှေ့ကို တဟုန်ထိုး ပြေးတက်သွားခဲ့ကြတယ်..။
လေထုကတော့ အထွတ်အထိပ်မှာပါ..။ခန်းမတစ်ခုလုံး အောဟစ်အားပေးသံတွေပြည့်နေပြီး..ပြိုင်ပွဲဝင်ကိုးယောက်ဟာလည်း အစွမ်းကုနိ ပြေးနေခဲ့ကြပါတယ်..။
တိုက်ရိုက်ထုတ်လွင့်မူထဲက ..အစီစဥ်တင်ဆက်သူဟာလည်း စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်တယ်..။
"ပြိုင်ပွဲ စတင်ပါပြီ.."