← Chapters

ချီးပဲ စူပါမန်းက ဒီရောက်နေပြီ..

Vol. 21 Ch. 315

ချီးပဲ စူပါမန်းက ဒီရောက်နေပြီ..

Vol. 21 Ch. 315

ဘာသာပြန် = စနိုးဝှိုက်

တိုက်ရိုက်ထုတ်လွင့်မူရဲ့ အစီစဥ်တင်ဆက်သူဟာ..စိတ်လှုပ်ရှားနေခဲ့တယ်..။အွန်လိုင်းကနေတဆင့် ကြည့်ရူသူတွေကလည်း..စိတ်ပူနေခဲ့ကြပါပြီ..။ဒါက ဘတ်စကတ်ဘောပြိုင်ပွဲ..ဘောလုံးပြိုင်ပွဲတွေနဲ့ မတူပါဘူး..။ဒါက မီတာ ၂၀၀ ပြိုင်ပွဲပါ..။နောက်ဆုံး ဆုံးဖြတ်ချက်ကို သတ်မှတ်ဖို့ စက္ကန့် ပိုင်းပဲ လိုအပ်ပါတယိ..။

"ဟူဖေးဟန် ဟာ အကောင်းဆုံးစတင်လိုက်ပါပြီ.။သူက လက်ရှိပထမ နေရာပါ..။သူ့ ရဲ့ ကိုယ်နေဟန်က အကောင်းဆုံးပုံစံ ရှိနေပြီး..အကောင်းဆုံး ပုံစံနဲ့ပဲ ရှိနေခဲ့ပါတယ်.."

"သို့ပေမယ်..ဟူဖေးယန် ဟာ တစ်ခြား ပြိုင်ပွဲဝင်တွေလောက်..ပေါက်ကွဲအား မကောင်းပါဘူး..။ဂျမေကာ အပြေးသမားဟာ..ပါဝါအ​ကောင်းဆုံးဖြစ်ပြီး..ဂျာမန် အပြေးသမား ရောဘတ်ဟာ ဒုတိယ လိုက်နေပါတယ်.. "

"အံ့ဩဖို့ကောင်းတယ်...တကယ်အံ့ဩဖို့ ကောင်ပါတယ် ခင်ဗျ.."

အစီစဥ် တင်ဆက်သူဟာ ဆက်တိုက်​​ေ​ပြာနေခဲ့တယိ..။

ဒီပြိုင်ပွဲက ပြေးခုန်ပစ် သမိုင်းကြောင်းမှာတောင် စျေးအကြီးဆုံးပြိုင်ပွဲ တစ်ခုပါ..။

ပရိတ်သတ်တွေဟာ သူတို့နဲ့..သက်ဆိုင်တဲ့ ပြိုင်ပွဲဝင်ကို ကျယ်လောင်စွာ အားပေးနေခဲ့ကြတယ်..။

"စောက်ကျိုးနဲ.."

ရုတ်တရက် အစီစဥ် တင်ဆက်သူဟာ..ချန်နယ်တိုင်းမှာ ပြသပြီး လူအများကြီး ကြည့်နေတဲ့ တိုက်ရိုက်ထုတ်လွင့်မူမှာ တတော်တဆ ဆဲဆိုမိလိုက်ပါတယ်..။

ကြည့်ရူနေသူတွေဟာ အစီစဥ်တင်ဆက်သူ ရဲ့ အသုံးအနှုန်းကြောင့် ကြောင်အသွားခဲ့ကြတယ်..။ဘာလို ရုတ်တရက်ကြီး ဒီလို ရိုင်းစိုင်းတဲ့ စကားထပြောတာလဲ..သူတို့ နားမလညိနိုင်ကြပါဘူး..။

"ကြည့်..ကောင်လေးတို့ ကြည့်လိုက်ကြဦး.."

အစီစဥ်တင်ဆက်သူဟာ ကြောင်အနေခဲ့တယ်..။သူ့ကြည့်ရတာ သရဲတစ်ယောက်ကို မြင်တွေ့နေရတဲ့ အတိုင်းပါပဲ..။

"ဒီ ...ဒီ..ကင်မရာ မန်းက ဘယ်ကနေ လာတာလဲ..။ဘာလို့ သူပြေးတာက အရမ်းတွေ မြန်နေတယ်နော်.."

ပရိတ်တွေဟာလည်း စခရင်ကို ကြည့်နေရင်းကနေ ကြောင်အသွားခဲ့ကြတယ်..။သူတို့ ပြေးလမ်းကြောင်းမှာ ဘာတွေဖြစ်နေတာလဲ ဆိုတာကို မြင်ပြီး ဆွံ့အသွားခဲ့ကြပါပြီ..။

တစ်ချို့တွေဟာ..သူတို့် မြင်နေရတာကို မယုံကြည်နိုင်လို့..သောက်နေတဲ့ အအေးတွေတောင် ပါးစပ်ထဲက ပြန်ထွက်လာခဲ့ကြပါတယ်..။

တစ်ချို့ တစ်ခုခုစားနေတဲ့ လူများဟာလည်း..​အေးခဲသွားကြပြီး သူတို့ ပါးစပ်တွေဟာ မလှုပ်တော့ပေ..။

ခန်းမထဲ၌..။

ပွဲကြည့်စင်မှာတော့..ခြူးယွန်ဟာ အစောကြီး ကတည်းက လက်လျော့နေခဲ့ပါပြီ..။သူ အထက်လူကြီးတွေကို ဘယ်လို ပြန်ပြောရမလဲ မသိတော့ပါဘူး..။သူ မာစတာ လင်းကိုသာ အနီးကပ်ကြည့်နေခဲ့တာပါ..။ပြိုင်ပွဲစတဲ့ အချိနိမှာ..သူ..ရိုက်ချက်ကောင်းတွေ ရဖို့ လက်လျော့လိုက်ပေမယ့်လည်း..သူကြောင်အသွားခဲ့တယ်..။

မာစတာ လင်းက ဗီဒီယို ကင်မရာကြီးကို ပုခုံးပေါ်မှာ ထမ်းပြီး ပြေးနေခဲ့တာပါ..။သူက ကင်မရာကို ပြိုင်ပွဲဝင် ကစားသမားတွေ ဆီမှာ ချိန်နေခဲ့ပါတယ်..။ထပ်ပြောရရင် ..သူကို့ ပိုပြီး အံ့ဩစေတာက မာစတာ လငိးရဲ့...အမြန်နှုန်းက အပြေးသမား တွေရဲ့ အမြန်နှုန်းနဲ့ အတူတူလောက်ပါပဲ..။

ဒါက ဘာကို ဆိုလိုတာလဲ...

ဒါသာ တာဝေး ပြိုင်ပွဲ ဆိုရင် သူအံ့ဩမှာ မဟုတ်ပါဘူး..။ဘာလို့ လဲ ဆိုတော့ တာဝေးပြိုင်ပွဲဆိုရင် ကစားသမားတွေက..ဖြည်းဖြည်းချင်းပဲ ပြေးပြီး..သက်လုံကို ချွေတာတတ်လို့ပါ..။ဒါဆိုရင် သတင်းထောက်တွေက ကင်မရာထမ်းပြီး ပြေးလိုက်လို့ရပါတယ်..။သို့ပေမယ့် ဒီလို အဖြစ်အပျက်ဆိုတာကတောင် ရှားပါးတဲ့အရာပါ။

သို့ပေမယ့်..အခုဟာက..မီတာ ၂၀၀ ပြိုင်ပွဲဖြစ်ပြီး..သူတို့ ပြေးနိုင်သမျှ အမြနိနှုန်းကို ထုတ်ပြီး ပြေးကြပါတယ်..။သူတို့ ပန်ဝင်ခါနီးလေ..ပေါက်ကွဲထွက်လာတဲ့ ခွန်အားနဲ့ အမြန်နှုန်းတွေက ပိုမြင့်လာလေပါပဲ..။

အားပေးနေကြတဲ့ လူတွေ အကုန်လုံး မြင်ကွင်းကြောင့်ဆွံ့အနေကြပါပြီ..။သူ့တို့ဟာ မယုံကြည်နိုင်စွာပဲ ပါးစပ်တွေကို အုပ်ထားပြီး..ဘေးနားမှာ ကင်မရာထမ်းပြီး ပြေးနေတဲ့ လူကိုသာ ကြည့်နေခဲ့ကြပါတယ်..။သူတို့ မျက်လုံးတွေကို ပွတ်ပြီး နောက်တစ်ကြိမ် ထပ်ကြည့်လိုက်တယ်..။မသိရင် သူတို့ ထင်ယောင်ထင်မှား ဖြစ်နေသလိုပါပဲ..။

ဆီဒယ်ဟာ ပြေးတဲ့အချိန်မှာ ယုံကြည်မူ အပြည့်ရှိနေပြီး လုံးဝ သက်ညှာချင်းမရှိပါဘူး..။သူဟာ အမြနိဆံူး အရှိန်နှုန်းနဲ့ ပြေးနေပြီး..တစ်လျောက်လံူးကို ခေါင်းငုံ့ထားခဲ့ပါတယ်..။သူ့ရဲ့ ဘေးနားက လူတွေ သူ့ထက်ပိုနှေးနေတာ ကို မြင်ပြီး သူပြုံးလိုက်တယ်..။သူ ပြိုင်ပွဲဝင် ငါးယောက်ကို ဖြည်းဖြည်းချင်းပဲ ကျော်တက်လာခဲ့တာပါ..။

ဟူဖေးယန်ဟာအဆင့်လေးမှာရှိနေပြီး..သူ့နေရာကို တစ်စုံတစ်ယောက်ဟာ ကျော်တက်သွားခဲ့ပါတယ်..။

ယင်းနောက် ဆီဒယယ်ခေါင်းမော့လိုက်တယ်..။သူ ကျန်နေတဲ့ ၅ မီတာကို ရှိသမျှ ခွန်အား အကုန်ထုတ်သုံးဖို့ ဆုံးဖြတ်လိုက်ပါပြီ..။

ယင်းနောက်..သူ့ရဲ့ ဘေးဘက်မြင်ကွင်းမှာ..လူတစ်ယောက်ဟာ ကပ်ပြီး လိုက်လာနေတာကို သူတွေ့လိုက်ရပါတယ်..။

"ချီးပဲ..ငါအိပ်မက်မက် နေတာလား.."

လင်းဖန်ဟာ ကင်မရာကို ထမ်းပြီး သူ့နောက်မှာ ရှိနေတဲ့..ပြိုင်ပွဲဝင် အနည်းငယ်ကို ချိန်နေခဲ့တယ်..။သူ တစ်ယောက်ချင်းစီတိုင်းကို သေချာ ချိန်နေခဲ့ပြီး..အနီးကပ် ရိုက်ချက် ရိုက်နေခဲ့ပါတယ်..။ပြိုင်ပွဲဝင်တိုင်းရဲ့ သွေးကြောတွေဟာ ထောင်နေခဲ့တယ်..။သူတို့..ရဲ့ အမူအရာတွေမှာ..စိတ်ဓာတ်ကြံခိုင်မူနဲ့ စိတ်ဆုံးဖြတ်ထားမူ တွေ ပေါင်းစပ်ပြီး ပေါ်လွှင်နေခဲ့တာပါ..။

သူ ရိုက်ကူးမူ နည်းပညာတွေ တစ်ခုမှ မသိပေမယ့်လည်း အခြေခံ အနည်းအကျင်းတော့ သိပါသေးတယ်..။

ဟူဖေးယန်ဟာ ပြေးနေရင်းကနေ လင်းဖန်ကို လှမ်းကြည့်လိုက်တယ်..။လင်းဖန် သူ့ကို တစ်စုံတစ်ယောက်က မယုံကြည်နိုင်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေတာ သတိထားမိလိုက်ပါတယ်..။

အဲအချိန်မှာတော့ ဟူဖေးယန်ဟာ အတော်ကို အံဩသင့်နေခဲ့ပါပြီ..။သူ့ကြည့်ရတာ သရဲတစ်ကောင်ကိုမြင်နေရတဲ့ အတိုင်းပါပဲ..။ဒီလူက ကင်မရာကို ထမ်းထားပြီး ဒီလောက်အမြန်နှုန်းနဲ့ ပြေးနေနိုင်တာက တကယ် မယုံကြည်နိုင်စရာပါပဲ..။ထပ်ပြောရရင်သူက သင့်တော်တဲ့ အမူအရာနဲ့ ပြေးနေတာတောင် မဟုတ်ပါဘူး..။သူက ဘေးတစောင်းပြေးနေရတဲ့ ပုံစံမျိးဖြစ်ပြီး ဒါက သူ့အရှိန်ကို လျော့ကျစေပါတယ်..။

ယင်းနောက်.. လင်းဖန် ကင်မရာကို သူ့ဘေးနားမှာ ရှိနေတဲ့ ပြင်သစ်ပြိုင်ပွဲဝင်ဆီ ချိန်လိုက်တယ်..။ယင်းနောက် သူ ပြိုင်ပွဲဝင်တွေ အားလုံးကို ချိန်လိုက်ပြီး..

"ကောင်းပြီ လုပ်လိုက်ကြစမ်းပါ..မင်းတို့ ရဲ့ အကောင်းဆံူး ပုံရိပ်တွေ ပေါ်နေအောင် ရိုက်ကူးပေးမယ်.."

လင်းဖန်ဟာ ပြေးနေရင်းကနေ ရေရွတ်လိုက်တာပါ..။

တစ်ခြားလူတွေ အတွက်ကတော့..အကောင်းဆုံး ကစားသမားတွေထဲက အကောင်းဆုံးကို ရွေးချယ်မယ့် ပြိုင်ပွဲဖြစ်ပေမယ့်လည်း လင်းဖန် အတွက်ကတော့..ကစားသမားတွေရဲ့ အကောငိးဆုံး ပုံရိပ်ကို ဖမ်းယူနိုင်ဖို့ကသာ အဓိကပါ..။

ခြူးယွန်ဟာ သူ့ကို ယုံကြည်ထားတာဖြစ်ပြီး လင်းဖန် သူ့ကို စိတ်မပျက်စေချင်ပေ..။ဒါကြောင့် လင်းဖန် အာရုံစိုက်ပြီး..ခြူးယွန်ရဲ့ အလုပ်ကို ကူညီပေးနေခဲ့တာပါ..။

ဘေးနားက လူအုပ်ကြီး တစ်ခုလံူး တိတိဆိတ်နေခဲ့တယ်..။တစ်ချို့လူတွေဟာ ဖုန်းတွေကို ကိုင်ထားကြပြီး.တစ်ခြားလူတွေကတော့..မယုံကြည်နိုင်စွာ ကြည့်နေခဲ့ကြပါတယ်..။

လင်းဖန် ကင်မရာကို ဂျမေကာ ကစားသမားဆီ ချိန်လိုက်တယ်။သူက ဒီပြိုင်ပွဲဝင်တွေထဲမှာ အမြန်ဆံူး လူတစ်ယောက်ပါ..။သူ့ရဲ့ အမြန်နှုန်းက ကြောက်စရာပါပဲ..။သူက တစ်ခြားလူတွေနဲ့ သူ့ရဲ့ ကွာဟမူကို မြင့်တက်အောင်လုပ်နေပြီး ကမ္ဘာပေါ်မှာ အမြနိဆုံး လူတစ်ယောက် ဆိုတာကို သက်သေပြနေခဲ့ပါတယ်..။

ဆီဒယ် ဟာ အားကုန်ထုတ် ပြေးနေရင်းကနေ ဘေးနားက ကင်မရာတွေကို ဖြတ်ခနဲ ကြည့်လိုက်တယ်..။သူ မျက်လုံးတွေဟာ..သံသယ နဲ့ အံ့ဩမူတွေ ချက်ချင်းပြည့်နှက်သွားခဲ့ပါတယ်..။

သတင်းထောက်က ..ကင်မရာထမ်းပြီး ဘာလို့ ဒီလောက် မြနိမြန်ပြေးနေနိုင်တာလဲ..သူနားမလည်တော့ပါဘူး..။

လင်းဖန် ဆီဒယ် သူ့ကို ကြည့်နေတာကို သိလိုက်တယ်..။ယင်းနောက် သူပြုံးပြီး ပြောလိုက်ပါတယ်..။

"မင်းက အံ့ဩစရာပဲ..။မင်းက တကယ်အမြန်ဆုံးလူသားဆိုတာ မမှားဘူး..။သူတို့ အကုန်လုံးက မင်းနောက်မှာ.."

ဆီဒယ်ဟာ..မဒရင်း ဘာသာစကားကို နားမလည်တော့..လင်းဖန် ဘာတွေပြောနေလဲ မသိပါဘူး..။

လင်းဖန် ဆီဒယ် သူပြောနေတာကို နားမလည်ဘူး ဆိုတာ သဘောပေါက်လိုက်တယ်..။ယင်းနောက် သူ အဂ်လိပ်လို ပြောလိုက်ပါတယ်..။

"ဂွတ်ဒ် ..မင်းက နံပါတ် ဝမ်းပဲ.. နံပါတ် ဝမ်း.."

ဆီဲဒယ်ဟာ လင်းဖန် ပြောတာကို နားလည်သွားပုံရပြီး ခေါင်းငုံ့ကာ ရှေ့ကို ပြေးလိုက်တယ်...။ပေါက်ကွဲထွက်လာတဲ့ ခွနိအားတွေကြောင့် သူ့သွေးကြောတွေဟာ..ထောင်နေခဲ့ပါပြီ..။လင်းဖန် ဒီလို ကစားသမားက လေးစားမူနဲ့ ထိုက်တန်တယ်လို့ ခံစား လိုက်ရတယ်..သူက ပထမနေရာရောက်နေတာတောင် အကောင်းဆုံး ကြိုးစားပြေးနေခဲ့တာပါ..။

ဒါက အတော်အံ့ဩဖို့ ကောင်းပါတယ်..။

ဆီဒယ်ဟာ သူ အသက်ရူရ ခက်ခဲလာတာကို သတိထားမိပြီး သူ့ရဲ့ ရုပ်ပိုင်ဆိုင်ရာ အကန့်အသတ်ကို ရောက်နေတာ သိလိုက်ပါတယ်..။သူ့ရဲ့ ခြေထောက်တွေကတော့ လေပေါ်မှာ ပျံဝဲနေသလိုပါပဲ..။

အဲ့အချိန်မှာတော့..

ဆီဒယ်ဟာ သူ အမြန်ဆုံး အရှိန်နှုန်းနဲ့ ပြေးရင် လင်းဖန် နောက်မှာ ကျန်ခဲ့လိမ့်မယ် လို့ ထင်နေခဲ့တာပါ..။သူဘေးနားကို ကြည့်လိုက်တဲ့ အချိန်မှာ..လင်းဖန်ကို မတွေ့ရတော့မှ..စိတ်သက်သာရာ ရသွားခဲ့တယ်..။ကြည့်ရတာ ဒီငနဲ နောက်မှာ ကျန်ခဲ့တဲ့ ပုံပါပဲ..။

သို့ပေမယ့် သူ ယုံကြည်မူရှိရှိ ခေါင်းကို မော့လိုက်တဲ့ အချိနိမှာ..မြင်လိုက်ရတဲ့ မြင်ကွင်းကို ကြည့်ပြီး မယုံကြည်နိုင်ဖြစ်သွားခဲ့ပါတယ်..။

"ဘယ်လို ဖြစ်နိုင်မှာလဲ.."

ဒီငနဲဟာ သူ့ရဲ့ ရှေ့မှာရောက်နေပြီ ဖြစ်ပြီး..ကင်မရာနဲ့ သူ့ကို ကင်မရာနဲ့ ချိန်နေခဲ့တာပါ..။

လင်းဖန်ဟာ ဆီဒယ် ခေါင်းငုံ့ပြီး အစွမ်းကုန် ပြေးတဲ့ အချိန်ကို လက်မလွှတ်ချင်ခဲ့ပါဘူး..။ဒီလို စိတ်ဓာတ်ပြတ်သားမူတွေက..မှတ်တမ်းတင်းသင့်ပါတယ်..။ဒါက တစ်ခြားလူတွေကို ပိုပြီး ကြိုးစားချင်စိတ်နဲ့ တွန်းအား ဖြစ်စေဖို့ ့လုံလောက်မှာပါ..။

ယင်းနောက် တစ်ချိန်လုံး တိတ်ဆိတ်နေတဲ့ လူအုပ်ကြီး ဆီကနေကျယ်လောင်တဲ့ အသံတွေ ထွက်လာခဲ့ပါတယ်..။

"ချီးပဲ စူပါမန်းက ဒီရောက်နေတာလားကွာ.."

All Chapters