ငါက ပန်ကိတ်ရောင်းတဲ့ လူတစ်ယောက်ပဲ..
Vol. 22 Ch. 316
ဘာသာပြန် = စနိုးဝှိုက်
လူအုပ်ကြီးဟာ မယုံကြည်နိုင် ဖြစ်နေကြပါပြီ..။
တိုက်ရိုက်ထုတ်လွင့်မူကနေတဆင့် ကြည့်နေခဲ့ကြတဲ့..မြို့သားတွေရော..ဆွံ့အနေခဲ့ကြပါတယ်.။
"ဘာတွေဖြစ်နေတာလဲ..။သတင်းထောက်က ကမ္ဘာ့ချန်ပီယံတွေထက်တောင် ပိုပြီး မြန်မြန် ပြေးနေသေးတာ..။လာနောက်နေတာလား.."
"ငါ အတုအယောင် ပြိုင်ပွဲတစ်ခုကို များကြည့်နေရတာလား.."
"ဘာတွေ ဖြစ်နေလဲ တစ်ယောက်ယောက် ရှင်းပြကြစမ်းပါ."
"အဲ့သတင်းထောက်က ဘယ်သူတုန်း..။ဆီဒယ်တောင် သူ့ကို ကြည့်ပြီး အံ့ဩနေပြီ.."
"ဘယ်သူသိမှာလဲ..ဟူဖေးယန် ကျော်တက်ခံရတုန်းက ငါ ဝမ်းနည်းနေတာ..။အခုတော့ ရယ်ရလို့ သေတော့မယ်.."
"ဒါက ကမ္ဘာ့အပြေးအမြန်ဆုံး လူသားတွေ ပြိုင်နေကြတာလေ...။ဒီ သတင်းထောက်ကြတော့ရော."
"ဒီငနဲက လူရော ဟုတ်ရဲ့လား.."
.
ပရိတ်သတ်တွေဟာ ကျယ်လောင်စွာ အားပေးနေခဲ့ကြတယ်..။
"စူပါမန်း..စူပါမန်း.."
"ချီးပဲ..သူက တကယ်မြန်လွန်းတယ်.."
"ဒါက မီတာ ၂၀၀ ပြိုင်ပဲလေ..။စောက်ကျိုးနဲ သတင်းထောက်က ဘာလို့ အဲလောက်တောင် မြန်နေရတာလဲ.."
နည်းပြများ ကြည့်နေသည့်နေရာတွင်..။
တရုတ်နည်းပြ၏ ဧရိယာ..။
နည်းပြဟာ ပြောလိူက်တယ်..။
"ဘာတွေ ဖြစ်နေတာလဲ.."
အမေရိကန်..ဧရိယာတွင်..။
"ဘုရားရေ..ဒါအတုအယောင်ပဲ ဖြစ်ရမယ်..။အမှန်မဖြစ်နိုင်ဘူး.."
ဂျမေကာ..။
"ဘာတွေ ဖြစ်နေတာလဲ..။ဘာလိူ့ သတင်းထောက်က ဆီဒယ်ထက် ပိုမြန်နေရတာလဲ..။မဖြစ်နိုင်တာ.."
*ဘန်း..*
ဆီဒယ်ဟာ ပန်းတိုင်း စည်းမျဥ်းကို ကျော်ဖြတ်သွားပေမယ့် အံ့ဩသင့်နေဆဲပါ..။
အစီစဥ် တင်ဆက်သူတွေဟာ အံ့ဩသင့်နေရာကနေ သတိပြန်ဝင်လာခဲ့တယ်...။သူတို့ အငြိမ်မနေ နိုင်ကြတော့ပါဘူး..။ယင်းနောက် သူတို့ အသက်ရူလိုက်ပြီး ရေရွတ်လိုက်တယိ..။
"ပထမ ရသွားတဲ့ ပြိုင်ပွဲဝင်ကတော့..ဂျမေကာ နိုင်ငံက ဆီဒယ်ပါ.."
"19.17 စက္ကန့်..။သူ့ရဲ့ ကမ္ဘာ့စံချိန်ဟောင်းကို..သူ ချိုးဖြတ်နိုင်ခဲ့ပါပြီ.."
ဆီဒယ်ဟာ ပထမရတဲ့ အတွက် အလွန်အမင်း ပျော်ရွှင်နေသင့်တာပါ..။ဒီတစ်ကြိမ်က ရင်ပြိုင်ပွဲတွေနဲ့ မတူညီပဲ ကမ္ဘာပေါ်က အမြန်ဆံူးလူတွေ စုပြီးပြိုင်တယ်လို့တောင် ပြောလို့ရပါတယ်..။သူက အမြန်ဆံူး လူသားဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်..။
သို့ပေမယ့် အခုတော့ သူလုံးဝ မပျော်ရွှင်နိုင်ပေ..။
သူ ပန်းတိုင်ကို ရောက်ပြီးတဲ့ အချိန်မှာ..လင်းဖန်ကို သံသယဖြစ်ပြီး အကူညီမဲ့စွာ ကြည့်နေခဲ့တယ်..။သူ့ကြည့်ရတာ ခုနက ဖြစ်ပျက်ခဲ့တာတွေကို သေချာနားလည်အောင် ကြိုးစားနေတဲ့ ပုံပါပဲ..။
တစ်ခြား သတင်းထောက်တွေဟာ ပြေးလာခဲ့တယ်..။
တစ်ချို့သတင်းထောက်တွေဟာ ဆီဒယ်ဆီသွားပြီး ဓာတ်ပုံတွေ ရိုက်ကြပေမယ့်..အများစုကတော့ လင်းဖန်ဆီကိုသာ ဝိုင်းအုံပြီးသွားခဲ့ကြပါတယ်..။
ခုနက ဘာတွေဖြစ်ခဲ့တာလဲ ဆိုတာ သူတို့ အကုန်မြင်လိုက်ကြပါတယ်...။
ဒီလူတွေ ဝိုင်းလာတာ မြင်တဲ့ အချိန်မှာ လင်းဖန် ပင့်သက်ရှိုက်လိုက်တယ်..။
"ခင်ဗျားတို့ ဘာလုပ်နေကြတာလဲ..။ကျုပ်က သတင်းထောက်တစ်ယောက်ပဲ..ခင်ဗျားတို့ သူ့ကို ဗီဒီယို ရိုက်သင့်တာ.."
သတင်းထောက် တစ်ယောက်ဟာ ပြန်ဖြေလိုက်တယ်..။
"ဟိုင်း..ခင်ဗျား ခုနက ပြေးသွားတာ အရမ်းမြန်တာပဲ..သိရဲ့လား.."
နိုင်ငံခြား သတင်းထောက် တစ်ယောက်ဟာ စိတ်လှုပ်ရှားစွာ ပြောလိုက်တာပါ..။သူ့ကြည့်ရတာ သတင်းကြီး တစ်ပုဒ္ကို ရလိုက်ရတဲ့ အတိုင်းပါပဲ..။ဒီလို အဖြစ်အပျက် မျိုးကို သူပထမဆုံး အကြိမ်မြင်ဖူးတာပါ..။
လင်းဖန် အံ့ဩသွားခဲ့တယ်..။
"ငါ ပြေးတာ မြန်တယ်လား..။ငါ တော့အဲလို မထင်ပါဘူး..ငါ ပုံမှန်အမြန်နှုန်းနဲ့ပဲ ပြေးခဲ့တာ.."
ပြိုင်ပွဲတစ်ခုလုံးကို ..ရှိုက်ကူးနေတဲ့ ပရိုအဆင့် ကင်မရာ မန်းတွေဟာ..လင်းဖန် အနားမှာ သတင်းထောက်တွေ ဝိုင်းအုံနေတာကို တွေ့ပြီး..ရိုက်ပြနေခဲ့တယ်..။
တိုက်ရိုက်ထုတ်လွင့်မူကတဆင့် ကြည့်နေတဲါ လူတွေဟာ လင်းဖန်ပြောတာကြားပြီး အံ့ဩသွားခဲ့ကြတယ်..။
"ချီးပဲ..ဒီငနဲက တစ်ခြားလူတွေကို ဒေါသထွက်အောင်လုပ်နေတာပဲ..။သူပြေးတာ ဘယ်လောက်မြန်လဲ ဆိုတာ သူတကယ်မသိဘူးလား..။ဒါက သူ့ရဲ့ ပုံမှန် နှုန်းပေါ့...။ပြိုင်ပွဲဝင်တွေကို ကျော်တက်သွားတာ တောင်မှပဲလေ.."
"ငါ နိုင်ငံခြားက သူငယ်ချင်းတွေက တရုတ်က အံ့ဩဖို့ကောင်းတဲ့ နိုင်ငံလို့ ပြောတဲအခါ ငါရယ်မိတယ်..။ဒါက ရူးသွပ်တယ် လို့ ထင်လို့ပေါ့..ဒါပေမဲ့ အခုအဖြစ်အပျက်ကြောင့် ငါ အသိစိတ်ဝင်သွားခဲ့ပြီ.."
"တကယ်လို့ တစ်စုံတစ်ယောက်က သာ ကင်မရာမန်းက ကမ္ဘာ့ချန်ပီယံ ထက်ပိုမြန်အောင် ပြေးသွားတယ်လို့ ပြောရင်..ငါ အဲ့လူကို စောက်ရူးလို့ ခေါ်မိမှာ..။ဒါပေမဲ့ အခု ငါ့မျက်လုံးတွေနဲ့ မြင်တာ ဆိုတော့ ယုံကြည်မှ ရတော့မယ်.."
"သောက်ရမ်း မိုက်တယ်.."
"ဆီဒယ်ကြည့်ရတာ နာကျင်နေတဲ့ ပုံပဲနော်..။သူလည်း ဒီလူကြောင့် အံ့ဩသင့်သွား မှာပဲ..။သူ ပထမရတာတောင် ပျော်တဲ့ အမူအရာ မရှိဘူး."
"ဒါပေါ့ သူ ဘယ်ပျော်ပါ့မလဲ..။တစ်ခြား ပြိုင်ပွဲဝင်တွေကို ရှုံးတာက ကင်မရာမန်း ကို ရှုံးတာထက် စာရင် တော်သေးတယ်.."
…
နိုင်ငံခြား သတင်းထောက်ဟာ မေးလိုက်တယ်..။
"အရင်တုန်းက.မင်းကိုမင်း ဒီလောက်ထိ မြန်မြန်ပြေးနိုင်တယ် ဆိုတာ သိခဲ့လား..။မင်း ပြေးခုန်ပစ်နဲ့ ပတ်သက်ပြီး..အတွေ့အကြုံတစ်ခုခု. ရှိလား.."
လင်းဖန် ပြုံးလိုက်တယ်..။
"ဟင့်အင်း..ကျုပ်အရင်က အတွေ့အကြုံမရှိဖူးဘူး..။ဒီပြိုင်ပွဲဝင်တွေက နိုင်ငံတကာ အသိအမှတ်ပြုထားတဲ့ လူတွေလေ..။ကျုပ်သူတို့ ဘယ်လို ရိုက်ချနို်င်ပါ့မလဲ..။တကယ်တော့ ကျုပ်က သတင်းထောက် မဟုတ်ဘူး..။ကျုပ်သူငယ်ချင်းတွေက ပြိုင်ပွဲဝင်တွေကို အားပေးဖို့ ခေါ်လာခဲ့တာ..။ဒါပေမဲ့ သူက ကိစ္စတစ်ခုခုကြောင့် အထဲမဝင်နိုင်ခဲ့ဘူးလေ.။ဒါကြောင့် ကင်မရာက ကျွန်တော် ဆီမှာ ရှိနေတာ.."
ချီးပဲ..
သတင်းထောက်တွေဟာ သူ့ကို လွတ်မပေးချင်ကြပေ..။
"ခင်ဗျား ဘာအလုပ်လုပ်လဲ ဆိုတာ သိပါရစေ..။ခင်ဗျားက ပရိုအဆင့်..ပြေးခုန်ပစ်ကစားသမားလား.."
လင်းဖန် ခေါင်းခါယမ်းလိုက်တယ်..။
"ကျုပ်က ပန်ကိတ်ရောင်းတဲ့ လူပဲ.."
သတင်းထောက်ဟာ ကြောင်အသွားခဲ့တယ်..။
" ??????"
နိုင်ငံခြား သတင်းထောက် နားမလည်တာ တွေ့ပြီး လင်းဖန် ထပ်ရှင်းပြလိုက်တယ်..။
"ဒါက ပါဝင်ပစ္စည်းတွေနဲ့ လုပ်ရတဲ့..ဘီစကတ်လို မုန့်တစ်မျိးပဲ..။မဟုတ်ဘူး..ပါဝင်ပစ္စည်းတွေ ပါဝင်တဲ့ ပေါင်မုန့် တစ်လုံးလိုပဲ.."
"အိုး.."
သတင်းထောက်ဟာ..အနည်းငယ် သဘောပေါက်သွားပြီး ထပ်မေးလိုက်တယ်...
"အခု ပြေးခဲ့တဲ့ အမြန်နှုန်းနဲ့ ပတ်သက်ပြီး ဘယ်လို အရလာဒ်ထွက်လာမလဲ ဆိုတာ သိရဲ့လား.."
လင်းဖန် သူတို့ကို မယုံကြည်နိုင်စွာ ကြည့်လိုက်တယ်..။
"ရလာဒ် ..ဘာရလာဒ်လဲ..။ကျုပ် ဒီလိုအရာတွေကို ဂရုမစိုက်ဘူး.. ။ခင်ဗျားတို့ သူတို့ကိုပဲ..အင်တာဗျူး သင့်တယ်..။သူတို့ ပြေးတာ အရမ်းမြန်တယ်လို့ မထင်ဘူးလား..။သူတို့ရဲ့့ အမြန်နှုန်းက အံဩစရာပဲ..။ကျုပ်တောင် သူတို့ကို မနည်းရိုက်ကူး့လိုက်ရတယ်.."
ပွဲကြည့်စင်က လူတွေဟာ အံဩနေခဲ့ကြတယ်..။သူတို့ စိတ်လှုပ်ရှားစွာ စတင်ပြီး ဆွေးနွေးလိုက်ကြပါတယ်..။သို့ပေမယ့် လင်းဖန် သတင်းထောက် တွေနဲ့ ဘာပြောနေလဲ သူတို့ မသိပါဘူး..။သို့ပေမဲ့ အဲ့အချိန်မှာ..တိုက်ရိုက်ထုတ်လွင့်မူကို ကြည့်နေတဲ့ လူတွေကတော့..ဘာတွေပြောနေလဲ ဆိုတာသိကြပါတယ်..။
"ချီးပဲ ဒီငနဲက ဘယ်လို ကြွားဝါရမလဲ ဆိုတာ သိတာပဲ..။သူက သတင်းထောက်တွေ ရှေ့မှာတောင် အေးဆေးပဲ.."
"ချီး..သူက ပန်ကိတ်ရောင်း နေတာလား..။အဲ့အစား နေရှင်နယ် ကစားသမား ဖြစ်သင့်တာ..။ဘယ်လောက် တောင် စိတ်မကောင်းစရာလဲ.."
"ပန်ကိတ်လား..ငါဘာလို့ ရင်းနှီးနေတယ်လို့ ခံစားနေရတာလဲ.."
"အာ..သူဘယ်သူလဲ ငါသိပြီ..။သူက တိတ်ဖြူလမ်းရဲ့ မာစတာ လင်းပဲ..။သူက ပန်ကိတ်ရောင်းပြီး နာမည်ကြီးနေတာ.."
"မာစတာ လင်းက ဘာလဲ..။မင်းတို့ သူ့အကြောင်းသိကြတာလား.."
အဲ့အချိန်မှာတောါ ဟူဖေးယန် ၏ဘက်တွင်.။
သူက ငါးယောက်မြောက် ပန်းဝင်တဲ့ လူဖြစ်ပါတယ်..။သူအနည်းငယ် ဝမ်းနည်းပေမယ့်လည်း အခုတော့ ဘာမှ မဖြစ်တော့ပေ..။သူ့ရဲ့ သေးငယ်တဲ့ မျက်လုံးထဲမှာ အံ့ဩမူတွေနဲ့ ပြည့်နေခဲ့ပါတယ်..။
နည်းပြဟာ ပြောလိုက်တယ်...
"ဒီလိုမျိုး တကယ်မမျှော်လင့်ထားဘူး.."
ဟူဖေးယန် ပြောလိုက်တယ်..။
"နည်းပြ ဘာကို မမျှော်လင့်ထားတာလဲ.."
နည်းပြဟာ ရယ်မောလိုက်တယ်..။
"ရလာဒ်တွေက ပြိုင်ပွဲအတွက် အရမ်းအရေးမကြီးပေမယ့်လည်း..ဒါက နိုင်ငံကို ကိုယ်စားပြုတာလေ..။ဆီဒယ်က သူ့အမြန်နှုန်းကို သိပေမယ့် ရလာဒ္က ဒီလိုဖြစ်နိုင်မယ်လို့ မထင်ထားခဲ့ဘူး..။သတင်းထောက်က ပြိုင်ပွဲဝင်မဟုတ်ပေမယ့် ကင်မရာ ထမ်းထားတာတောင် ဆီဒယ်ထက်ပိုမြန်နေသေးတယ်လေ..။ဘယ်လို ဟာသမျိုးလဲ..။ဒီတစ်ခါ အကြီးမားဆုံး အနိုင်ရသူက သတင်းထောက်ပဲ.."
ဟူဖေးယန် ရယ်မောလိုက်တယ်..။ဒီတစ်ကြိမ် သူရှုံးနိမ့်ပေမယ့်လည်း အနိုင်ရသွားတဲ့ သတင်းထောက်က တရုတ်ကပါ..။ဒါက ဒီလူ ဆီဒယ်ထက်ပိုမြန် တာထက် တရုတ်မှာ သူ့ထက်ပိုမြန်တဲ့ လူတွေ ရှိနေတယ် ဆိုတာကို ပြသနေခဲ့ပါတယ်..။