အံ့ဩမူ...
Vol. 22 Ch. 317
ဘာသာပြန် = စနိုးဝှိုက်
လေထုဟာ အထွတ်အထိပ်ကို ရောက်နေခဲ့တယ်..။ပွဲကြည့်စင်ပေါ်က လူတွေ အတွက်ကတော့ သူတို့ ဒီမြင်ကွင်းကို ဘယ်တော့မှ မေ့မှာ မဟုတ်တော့ပါဘူး..။
ဆီုဒယ်ဟာ သူ့ရဲ့ စံချိန်အဟောင်းကို ချိုးဖြတ်ပြီး ..ပထမ နဲ့ ပန်းဝင်ခဲ့ပေမယ့် လည်း ပျော်ရွှင်နေတဲ့ပုံ မရှိပေ..။
သတင်းထောက် တွေ သူ့ကို ဝိုင်းလာတာ မြင်တဲ့ အချိန်မှာတော့ သူ အကူညီမဲ့နေခဲ့တယ်..။တကယ်လို့ အဲ့လူသာ မရှိတော့ရင် သူ့ရဲ့ ရလာဒီအပေါ် သူတကယ် ကျေနပ်မိမှာပါ..။
သူက ကိုယ့်ရဲ့ စံချိန်ကို ပြန်ချိုးပြီး ပထမနဲ့ ပန်းဝင်ခဲ့တဲ့ လူတစ်ယောက်ပါ..။တစ်ခြား လူတွေရဲ့ မျက်လုံးထဲမှာတော့ သူက စံချိန်အသစ်တင်နိုင်ခဲ့တဲ့ လူဖြစ်ပေမယ့်လည်း..ကင်မရာထမ်းထားတဲ့ လူတစ်ယောက်ကိုတောင် နိုင်အောင် မပြေးနိုင်ခဲ့ဘူး ဆိုတာ သူသိပါတယ် ..။တကယ်လို့ တစ်ခြား လူတွေသာ ဒါကို ကြားရင် ဟာသ တစ်ခုဖြစ်လာတော့မှာပါ..။
လင်းဖန်ဟာ မေးခွနိးတွေ အများကြီးကို မေးခံနေထပြီး ဘယ်လိုပြန်ဖြေရမလဲ ဆိုတာတောင် မသိတော့ပါဘူး..။
သူ မေးခွန်းတွေကို တည်တည်ငြိမ်ငြိမ် ပြန်ဖြေပေးနေခဲ့တယ်..။သူ ဘယ်လောက်မြန်မြန်ပြေးခဲ့လဲ ဆိုတာကို စိတ်မဝင်စားပဲ..နိမ့်ချတဲ့ လူတစ်ယောက် အနေနဲ့သာ ပြောဆိုခဲ့ပါတယ်..။
ယင်းနေုာက် လင်းဟာ အခွင့်အရေး တစ်ခုရှာပြီး အလျင်အမြန် ရှောင်ထွက်လာခဲ့ပါတယ်..။
.
နိုင်ငံခြားသား သတင်းထောက်တွေဟာ..လင်းဖန်ကိုစိတ်ပူစွာ ကြည့်လိုက်တယ်..။ဗီဒီယို ကင်မရာ ထမ်းထားတဲ့ လူက ဘာလို့ ဒီလောက်တောင် မြန်နေတာလဲ သူတို့ နားမလည် ကြတော့ပါဘူး..။
"နည်းပြ ကျွန်တော် တို့ သူ့လိုလူမျိုးကို..နိုင်ငံအသင်းထဲကို ခေါ်သင့်တယ်နော်..။ကျုပ်တို့ စားပွင်တင် တင်းနစ်လိုပဲ ရွှေတံဆိပ်တွေ ဆက်တိုကိဆွတ်ခူး နို်င်လိမ့်မယ်.."
ဟူဖေးယန် ပြောလိုက်တာပါ..။
နည်းပြဟာ ခေါင်းညိမ့်လိုက်တယ်..။
"အလျင်မလိုဘူး..။ဒီပြိုင်ပွဲ ပြီးသွားမှ ငါသူနဲ့ စကားသွားပြောလိုက်မယ်.."
ဟူဖေးဟန်ဟာ တဖြည်းဖြည်း ဝေးသွားတဲ့ လင်းဖန်ကို ကြည့်နေခဲ့တယ်..။
"သူ ဒီလောက် မြန်မြန်ပြေးနိုင်မယ်လို့ မထင်ထားခဲ့ဘူး..။သူက တော်တော် မြန်တာပဲ.."
ပွဲကြည့်စင်တွင်..။
ခြူးယွန်ဟာ..အသိစိတ်ပြန်ဝင်လာပြီး လင်းဖန်ကို ကြည့်လိုက်တယ်..။
"မာစတာ လင်းက ဘာလို့ ဒီလောက်တောင် မြန်တော့ဲ.."
လူလိမ် ထျန် မျက်မှောင် ကျုတ်လိုက်တယ်..။
"ငါက ဘယ်သူ့ကို သွားမေးရမှာလဲ..။ငါ သူနဲ့ ရင်းနှိးတာ အတော်ကြာပြီ ဒါပေမဲ့ သူအပြေးမြန်တာ တစ်ခါမှ မသိခဲ့ဘူး.."
ကျောက်ကျန်းယန်ဟာ သူ့ဖုန်းကို ကိုင်ထားရင်းကနေ ရေရွတ်လိူက်တယ်..။
"အရမ်းကြောက်ဖို့ ကောင်းတယ်။ငါတော့ မာစတာ လင်း ကြောင့် ဆွံ့အနေပြီ.."
တိုက်ရိုက် ထုတ်လွင့်မူ ထဲတွင်..။
"အစ်ကို ယန်..မင်းတစ်ယောက်ထဲ မဟုတ်ဘူး..။ငါတို့ အကုန်လုံး လညး် အံ့ဩနေကြတာပဲလေ.."
"ချီးပဲ မာစတာ လင်းက တော်တော်ကြမ်းတမ်းတယ်..။လက်ဆောင် များများပို့ကြရအောင်.."
"666..အနာဂတ်မှာ ငါ မာစတာ လင်းကို ပဲ အားပေးတော့မယ်။ကျန်တဲ့ လူတွေကို ဘယ်သူ့မှ အားမပေးတော့ဘူး.."
ဝူယူလန်ဟာ ပင့်သတ်ရှိုက်နေခဲ့တယ်..။ဖြစ်ပျက်ခဲ့တဲ့ အရာတွေ ကြောင့် အံ့ဩနေတယ် ဆိုတာ ထင်ရှားပါတယ်..။ဒါက တကယ်ကြောက်ဖို့ ကောင်းတာပါ..။
…
လင်းဖန် သတင်းထောက်တွေကို..မြင်တဲ့ တည်တည်ငြိမ်ငြိမ် ပြန်ဖြေခဲ့ပါတယ်..။ဘာပဲဖြစ်ဖြစ် သူ့ရဲ့ မစ်ရှင်ကို ပြည့်အောင်လုပ်ဖို့ လိုအပ်ပါသေးတယ်..။
ဒီ မတော်တဆ ပြီးရင် သူ့မစ်ရှင် ပြည့်မြောက်မယ်လို့ ဘယ်သူမှ မပြောနိုင်သေးပါဘူး..
ယင်းနောက် လင်းဖန် တိတ်တဆိတ်ထွက်လာခဲ့တယ်..။
စင်နောက်တွင်..။
ခြူးယွန်ဟာ လင်းဖန်ရဲ့ လက်ကို ဆုပ်ကိုင်လိုက်ပြီး..
"မာစတာ လင်း..ဘယ်လို လုပ်လိုက်တာလဲ.."
လင်းဖန် ပြုံးလိုက်တယ်..။
"ဒါက ရိူးရှင်းတယ်..။ငါ့စိတ်ထဲမှာ တစ်ခုပဲ ရှိခဲ့တယ် လေ..အဲတာက ကစားသမားတွေရဲ့ အမူအရာကို..သေချာ ရိုက်ကူးဖို့ပဲ.."
ခြူးယွန်ဟာ အနည်းငယ် စိတ်ရှုတ်သွားခဲ့တယ်..။ဒါက သူလိုချင်တဲ့ အဖြေတစ်ခု မဟုတ်ခဲ့ပါဘူး..။
လူလိမ် ထျန်ဟာ လင်းဖန်ရဲ့ လက်ကို ရိုက်လိုက်တယ်..။
"မသိရင် သူတို့က ငါတို့နဲ့ အမြန်နှုန်းတူတူပဲ လို့တောင် ထင်ရတယ်..။မင်းက ဘယ်လိုဖြစ်ပြီး အဲလောက်မြန်နေရတာလဲ.."
လင်းဖန် ပြုံးလိုက်တယ်..။
"နောက်ထပ် အစီစဥ်တွေက ဘာတွေလဲ.."
ခြူးယွန် ပြန်ဖြေလိုက်တယ်..။
"နောက်ပြိုင်ပွဲက လှံပစ်ပြိုင်ပွဲကို သွားကြည့်မှာ.."
လင်းဖန် အနည်းငယ် တွေးလိုက်ပြီး ..ဆက်မနေတော့ဖို့ ဆုံးဖြတ်လိုက်တယ်..။ထပ်ပြောရရင် ဒီလောက်နဲ့တင်..သူ့ရဲ့ မစ်ရှင်ပြည့်မြောက်ဖို့ လုံလောက်နေသင့်ပါပြီ..။
"ကြည့်လိုက်ဦး..ငါ ဗီိဒီယို ရိုက်ကူးထားတာ ဘယ်လိုနေလဲ.."
လင်းဖန်ဟာ..ဗီဒီယို ကင်မရာကို ခြူးယွန်ဆီပေးပြီး မေးလိုက်တာပါ..။
ခြူးယွန်ဟာ..ကင်မရာကို ကြည့်ပြီး အံ့ဩသွားခဲ့တယ်..။
"အံ့ဩစရာပဲ.. တကယ် အံ့ဩစရာပဲ.."
လင်းဖန် ရယ်မောလိုက်တယ်..။သူ ဒီလောက်ကြိုးစားထားတဲ့ အရာက အံဩဖို့ ကောင်းတာ ပုံမှန်ပါပဲ..။
…
တစ်ချို့ သတင်းပလက်ဖောင်းတွေဟာ...ဒီမတော်တဆ မူကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကြတယ်..။ပြိုင်ပွဲမှာ အမြန်ဆုံး ဖြစ်ခဲ့တဲ့လူသားက တစ်ခြား လူတွေနဲ့ မတူပါဘူး..။
တစ်ချို့ သတင်းသမားတွေ ဆိုရင်..သတင်းရဲ့ ပထမ အပိုင်းကို တောင် ရေးပြီးထားကြပါပြီ..။ဒီပြိုင်ပွဲက တကယ်အံ့ဩဖို့ ကောင်းခဲ့တာပါ..။လူတိုင်း အနိုင်ရမယ် လို့ ထင်ထားတဲ့ ကစားသမားက ဆီဒယ်ဖြစ်ပြီး..အမှန်တကယ်ပဲ သူချံပီယန် ဖြစ်လာခဲ့ပါတယ်..။
သူတို့ ခန့်မှန်းချက်က မှန်တယ်လိူ့ ပြောရမှာပါ..။ဆီဲဒယ်က အမှန်တကယ်ပဲ..စံချိန်ဟောင်းကို ချိူးပြီး..ချန်ပီယံ ဖြစ်လာခဲ့ပါတယ်..။ထပ်ပြီး အံ့ဩဖို့ကောင်းတာက..ဘေးနားမှာ ကင်မရာထမ်းနေတဲ့ လူတစ်ယောက် ရှိနေတာပါပဲ..။
ဒါက တကယ်အံဩဖို့ကောင်းနေခဲ့တာပါ..။
ဒီပြိုင်ပွဲ တိုက်ရိုက် ထုတ်လွင့်မူကို လူတိုင်းကြည့်နေကြမှာ မဟုတ်ပဲ..။သတင်းတွေ တက်လာမှသာ..သူတို့ အံ့ဩသွားခဲ့့ကြရမှာပါ..။
ဟူဖေးယန် အနိုင်မရရှိခဲ့ပေမယ့်လည်း..ပြသနာ သိပ်မရှိတော့ပေ။ဒါကဆီဒယ်ကို..ကင်မရာထမ်းပြီး အနိုင်ပြေးခဲ့တဲ့ လူက သူတို့ နိင်ငံသား ဖြစ်နေလို့ပါ..။
တစ်ချို့ ခန်းမမှာ ရှိနေတဲ့ သတင်းထောက်တွေဟာ ချက်ချင်း ဖုန်းခေါ်လိုက်ကြတယ်..။
"အယ်ဒီတာ ခေါင်းဆောင်..အညွှန်းကို အမြန်ပြန်ပြောင်းရေးလိုက်တော့..။အရင် အညွှန်းက ဘာမှ မမှား ပေမယ့်လည်း အခြေအနေက ပြောင်းလဲ သွားခဲ့ပြီ.."
အယ်ဒီတာ ခေါင်းဆောင် ပြန်ဖြေလိုက်တယ်..။
"ဆီဒယ်က ..စံချိန်အဟောင်းကို ချိူးဖြတ်ပြီး..ပထမ ရသွားတယ်ဆို..။ဒါ ငါတို့ ခန့်မှန်းထားတဲ့ အတိုင်းပဲလေ.။ဘာတွေများ ပြောင်းလဲသွားလို့လဲ.."
သတင်းထောက်ဟာ ပြန်ဖြေလိုက်တယ်..။
"အယ်ဒီတာ ခေါင်းဆောင်..။ကျွန်တော် ဗီဒီယို ပို့ပေးလိုက်မယ်.. သေချာ ကြည့်လိုက်ဦး..။ပြေးလမ်းဘေးနားမှာ ရှိနေတဲ့ ငနဲကို သေချာကြည့်ထား..။သူက ကင်မရာထမ်းထားတာတောင် ဆီဒယ်ထက်မြန်ရောအာင် ပြေးနိုင်တယ်.."
အယ်ဒီတာ ခေါင်းဆောင် ကြောင်အသွားခဲ့တယ်..။
"မင်းအိပ်ပျော်နေတာလား..။မင်းနောက်နေတာပဲ ဖြစ်ရမယ်.."
သတင်းထောက်ဟာ ပြန်ဖြေလိုက်တယ်..။
"ကျွန်တော် နောက်နေတာ မဟုတ်ဘူး..။ဗီဒီယိုကို ကြည့်ပြီးရင် ခေါင်းဆောင် နားလည်သွားမှာပါ..။ကျွန်တော် ဒီမှာ အင်တာဗျူး လိုက်ဦးမယ်.."
အယ်ဒီတာ ခေါင်းဆောင်ဟာ အစက မယုံြကြည်ပေမယ့်လည်း..ဗီဒီယို ကို ကြည့်ပြီးတဲ့ နောက်မှာ အံ့ဩသွားခဲ့တယ်..။
ချီးပဲ ဒါတကယ်ကြီးဟ...
ယင်းနောက် သူအသိစိတ်ပြန်ဝင်လာပြီး..ဇာတ်ညွှန်းကို ပြောင်းလဲ လိုက်တယ်..။သတင်းရဲလ အဓိက အကြောင်းအရင်းက ဆီဒယ်မဟုတ်တဲ့ အတွက် အရင်ကြိုရေးထားတဲ့ဟာက အသုံးမဝင်တော့ပါဘူး..။
ဟူဖေးယန်ဟာ နဂိုကတည်းက ပထမ နေရာကို မမှန်းခဲ့တာပါ..။သူတို့ကြားက ကွာဟချက်က ကြီးမားလွန်းနေခဲ့ပါတယ်..။ဆီဒယ် ရဲ့ ပထမနေရာကို ယှဥ်ပြိုင်နို်င်စွမ်းရှိတဲ့ တစ်ယောက်သောလူက နောက်ထပ် အသားမဲ ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ပေမယ့် သူလည်း ဆီဒယ်ကို မယှဥ်နိုင်ခဲ့ပါဘူး..။သို့ပေမယ့်လည်း ဗီဒီယို ကိုကြည့်တဲ့ လူတိုင်းဟာ အမြန်ဆုံးက ကင်မရာ ထမ်းထားတဲ့ သတင်းထောက် ဆိုတာ မြင်ကြရမှာပါ..။
နောက်တစ်ရက်..။
ညလယ်လောက်မှာ..သတင်းအသစ်တွေဟာ စတင်တက်လာခဲ့တယ်..။
မနက်ခင်းမှာတော့ သတင်းတွေဟာ ပေါက်ကွဲ ထွက်လာခဲ့ပါပြီ..။
များပြားလှတဲ့ လူတွေဟာ သတင်းကို ဖတ်ချိန်တုန်းက သံသယ ရှိခဲ့ကြပေမယ့် လည်း ဗီဒီယို ကို ကြည့်ပြီး တဲ့ အချိန်မှာတော့..ကြောင်အသွားခဲ့ကြပါပြီ..။
စောက်ကျိုးနဲ..မဖြစ်နိုင်တာကြီး....