မျက်လုံးတွေကျယ်ပြီး.ပါးစပ်တွေ ပွင့်ကုန်ပြီ...
Vol. 22 Ch. 318
ဘာသာပြန် = စနိုးဝှိုက်
ရထားပေါ်မှာတော့..လိုက်ပါစီးနင်းကြသူတွေဟာ ဖူန်းတွေကို ကိုင်ထားရင်း သတင်းတွေကို ဖတ်နေခဲ့ကြပါတယ် ။
ရုတ်တရက် ကျယ်လောင်စွာ အော်သံတွေ ထွက်ပေါ်လာခဲ့တယ်..။
"ချီးပဲ..ဒါက အမှန်လား..အတုအယောင်လား.,"
ယဥ်ကျေးပျူငှာပုံရတဲ့ လူကြီးတစ်ယောက်ဟာ ဖုန်းကို ကြည့်နေရင်း..အံ့ဩသင့်စွာ ထအော်လို်က်တယ်..။သူ့ပတ်ဝန်းကျင်မှာ ရှိနေတဲ့ လူတွေကတော့ သိချင်သွားကြပြီး အံ့ဩစွာနဲ့ သူ့ကိုဝိုင်းကြည့်နေခဲ့ကြပါတယ်..။
ဒီလို လူအများနဲ့ သက်ဆိုင်တဲ့ နေရာ မှာ ထအော်တာက ရှက်ဖို့ကောင်းတဲ့ အရာပါ..။
"သောက်ကျိုးနဲ.."
သိပ်မဝေးတဲ့ နေရာတစ်ခုမှ ဖုန်းကို ကိုင်ထားတဲ့ လူတစ်ယောက်ဟာလည်း တစ်ခုခုကို မြင်ပြီး ထအော်လိုက်တယ်..။
ဘေးနားက လူတွေဟာ သိချင်လာကြပါပြီ..။သူတို့ လူကြီးရဲ့ ဖုန်းဆီကို အာရုံစိုက်လိုက်ကြတယ်..။လူကြီးဟာ သူ့ဖုန်းကို ဖုန်းကွယ်ဖို့ မကြိုးစားပါဘူး..အဲဒီအစား သူက တစ််ခြား လူတွေကိုတောင် လိုက်ပြနေပါသေးတယ်..။
"ဒါက ရှန်ဟိုင်းမှာ ကျင်းပတဲ့ ကမ္ဘာ့ချန်ပီယံ ရှစ်ပဲ..။ငါက အားကစားကို သိပ်မကြိုက်တော့ မကြည့်ဖြစ်ခဲ့ဘူးလေ..။ကြည့်ရတာ ငါတို့နိုင်ငံက ပြိုင်ပွဲဝင် ရွှေ တံဆိပ်ရသွားတာ ထင်တယ်.."
"အာ..ရွှေတံဆိပ်ရမယ် ဆိုရင်တောင် ဒီလောက်အထိ ဖြစ်နေဖို့ မလိုဘူးလေ."
"ဟေး သတင်းခေါင်းစဥ်က ဘာပြောချင်တာလဲ..။ဆီဒယ်က ပထမ နေရာရခဲ့ပေမယ့် သတင်းထောက် တစ်ယောက်ကို ရှုံးနိမ့်သွားတယ် ဆိုတာ.."
"အဲတာ ဘာလဲ.."
"ညီအစ်ကို သတင်းက ဘာပြောလို့လဲ..။ဘာလိုအံ့ဩသင့်နေရတာလဲ.."
တစ်စုံတစ်ယောက်ဟာ မေးလိုက်တာပါ..။
လူကြီးဟာ ခေါင်းမော့ပြီး ပြောလိုက်တယ်..
"ကိုယ့် ဖုန်းထဲကနေ ကိုယ်ကြည့်လိုက်ကြ..။ဒီသတင်းက နေရာတိုင်းမှာ တွေ့ရမှာပဲ..။ရှန်ဟိုင်း ကမ္ဘာ့ပြေးခုန်ပစ် ပြိုင်ပွဲမှာ..ပြိုင်ပွဲဝင် ကိုးယောက် ဝင်ပြိုင်တာ ဟူဖေးယန်က အဆင့် ငါး ပဲရတယ်..။ဆီဒယ်က အရင်စံချိန်ကို ချိူးပြီး ရွှေတံဆိပ်ရပေမယ့် မထင်မှတ်တာ ဖြစ်ပျက်သွားခဲ့တယ်လေ..။အဲက တကယ်အံ့ဩဖို့ကောင်းတယ် မြန်မြနိ ဖုန်းဖွင့်ပြီး ကြည့်လိုက်ကြ.."
လူအုပ်ကြီးဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး ဖုန်းတွေကို ထုတ်လိုက်ကြတယ်..။သူ တို့ သတင်းတွေကို မြင်လိုက်တဲ့ အချိန်မှာပါးစပ် အဟောင်းသား ဖြစ်သွားခဲ့ကြပါပြီ..။
"ဒါက တကယ်..အစစ်အမှန်ပဲလား.."
…
အနည်းငယ် အောင်မြင်တဲ့ ယောက်ျားလေး အိုင်ဒေါတစ်ယောက်..။
"ဒီတစ်ခါတော့ ငါတို့ ကျိန်းသေ ဝိုက်ဘိုရဲ့ ခေါင်းကြီးပိုင်းမှာ ပါဝင်လိုက်တယ်.."
"ဒါသေချာတာပေါ့..။ငါတို့ရဲ့ အစီစဥ္က လူအများကြီးရဲ့ အာရုံစိုက်မူကို ခံရလိမ့်မယ်..။ခေါင်းစည်းပိုင်းရမှာ ကျိန်းသေတာပေါ့..။တကယ်လို့ လုံလောက်အောင် လူသိများသွားရင် ပုံရိပ်တစ်ခုလုံးကို ပြောင်းလဲလိုက်မယ်လေ.."
"ငါ တို့ ဒီတစ်ကြိမ် ခေါင်းစည်းပိုင်း နေရာကို ရဖို့ ပိုက်ဆံ အများကြီး အကုန်ခံလိုက်ရတယ်..။ငါတို့ သတင်းဌာန အများကြီးကို ချည်းကပ်ခဲ့ရတယ်လေ.."
"မကောင်းတော့ဘူး..။ကြည့်လိုက်ဦး..ခေါင်းစည်းပိုင်းက ငါတို့ မဟုတ်ဘူးဟ.."
"ဘယ်လို ဖြစ်နိုင်မှာလဲ..။ဘယ်လို ဖြစ်ပြီး..အားကစား သတင်းက ထိပ်ပိုင်းကို ရောက်နေတာလဲ.."
"ချီးပဲ ..ငါ သရဲတစ်ကောင်ကို မြင်နေရတာလား.."
…
မြို့သားများ..။
"ချီးပဲ..ဒီ ကမ္ဘာ့ချန်ပီယံ ရှစ်ရဲ့ လက်မှတ်ကို ငါရခဲ့တာ..ဒါပေမဲ့ မကြည့်ချင်လို့ တစ်ခြားလူကို ပေးပစ်လိုက်တယ်လေ..။ဒီလို အံ့ဩစရာတွေ ဖြစ်လာမယ်လိုလ မထင်ထားခဲ့ဘူး..။ငါ သွားလိုက်ရမှာ.."
"ဒါက ဘယ်သူလဲဟ...။ဒီလောက်အထိ ကြမ်းတမ်းနေဖို့ လိုအပ်လို့လား..။သူက ဗီဒီယို ကင်မရာ သယ်ထားတာတောင်..ကမ္ဘာ့ချန်ပီယံ ထက် ပိုမြန်မြန် ပြေးနေသေးတယ်.."
"ဗီဒီယိုကို အနီးကပ် ကြည့်လိုက်..။ဆီဒယ်က အကူညီမဲ့နေတဲ့ ပုံပဲ..။သူက ဟိုငနဲကို နောက်မှာ ကျန်ခဲ့ပြီ ထင်တာ..ရှေ့မှာ တွေ့လိုက်ရတော့ သူ ထပ်ပြီးတောင် ပြေးချင်စိတ် မရှိတော့တဲ့ ပုံပဲ..ဟားးးးဟားး"
"ဟားးဟားး ရယ်ရလို့ သေတော့မယ်..။ငါသိချင်တာက ဒီပြိုင်ပွဲဝင်တွေ ဘယ်လို ဆိုက်ကိုဝင်သွားမလဲ ဆိုတာပဲ.."
"ပြောတာ တော်လောက်ပြီ..။ဆီဒယ်က စံချိန်ချိုးပြီး ပထမ ရပေမယ့်လည်း မပျော်ရွှင်ခဲ့ရဘူးလေ..။ပြိုင်ပွဲပြီးသွားတော့ သူအံ့ဩသင့်နေမှာပဲ.."
"ငါ့ဖင်ကြီးကို ကင်မရာ ထမ်းထားတဲ့ သတင်းထောက်ပါလား..။အဲတာ မာစတာ လင်းဆိုတာ ရှင်းနေတာပဲ.."
"မာစတာ လင်းက ဘာလဲ..။ဘယ်သူတုန်းဟ.."
"မင်းဟာမင်း..ဘိုင်တု မှာသွားရှာ...မာစတာ လင်းကိုတောင် မသိပဲ ဝိုက်ဘို လာသုံးမနေနဲ့..။သူက ဝိုက်ဘိုမှာ ဆယ်လီပဲ..။သူက အရမ်း နာမည်မကြီးပေမယ့် သူလုပ်တဲ့ အရာတိုင်းက တုန်လှုပ်ဖို့ကောင်းတယ်.."
"ငါ အခုတွေ့ခဲ့တာက..သူက ပန်ကိတ် ရောင်းပြီး ဗေဒင်ဟောတာတဲ့ အခုဘာလို့ သတင်းထောက် ဖြစ်နေတာလဲ.."
“…”
အင်တာနက်ပေါ်မှာ ပျံ့နှံ့နေခဲ့တယ်..။
နိုင်ငံ အားကစား အဖွဲ့အစည်းက ဝိုက်ဘိုပေါ်မှာ ဘာကြေညာချက်မှ မထုတ်သေးပါဘူး..။
အဲ့နေ့တုန်းက ကစဟးသမားတိုင်းက နာကျင်တဲ့ အမူအရာတွေ ဖြစ်နေခဲ့ကြတာပါ..။
နည်းပြတွေဟာ တိတ်ဆိတ်ပြီး မှုန်ကုတ်နေခဲ့ကြတယ်..။သူတို့ရဲ့ မျက်နှာပေါ်မှာတော့ ကူညီရာမဲ့နေတဲ့ အမူအရာတွေ တွေ့မြင်ရမှာပါ..။
သူတို့ရဲ့ ပြိုင်ပွဲဝင် ကစားသမားတွေကို ပိုပြီး အပြေးမြန်လာစေဖို့ နည်းလမ်း ပေါင်းစုံ..နည်းစနစ်ပေါင်းစုံကို..အသုံးပြုပြီး..လေ့ကျင့်ပေးခဲ့ကြပါတယ်..။သို့ပေမယ့်..သူတို့ရလိုက်တာက ကင်မရာ ထမ်းထားတဲ့ သတင်းထောက်ကို မှီအောင် အပြေးနိုင်ဘူး ဆိုတဲ့ ရလာဒ်ပါ..။
သူ့ရဲ့ အချိန်ကို သတိမထားခဲ့ကြပေမယ့် သူ ၁၉ စက္ကန့်အောက်မှာတင် ပြေးသွားတယ် ဆိုတာကိုတော့ သိထားခဲ့ကြပါတယ်..။ပြီးတော့ ကင်မရာကြီးကိုလည်း သယ်ထားသေးတာပါ..။ကင်မရာသာမပါရင် ဘာတွေ ဖြစ်လာမလဲ ဆိုတာ အံ့ဩစရာပါပဲ..။
ဒါက လူမဟုတ်တော့ဘူး..
တကယ် နာကျင်စရာပဲ..
…
တိမ်ဖြူလမ်း...
လင်းဖန် သူ့ဆိုင်ရှေ့မှာ အေးဆေး ရပ်နေခဲ့တယ်..။အရင်နေ့က ဖြစ်ပျက်ခဲ့တာတွေက လေထဲမှာ ရှိနေတဲ့ အငွေ့တွေလိုပါပဲ..။ဒါက သူ့အတွက် ဘာမှ မဟုတ်ပါဘူး..။
သူ နည်းနည်း မြန်မြန်ပဲ ပြေးခဲ့တာပါ.။ဒါက ပြသနာ ကြီးမဟုတ်ပါဘူး.။အခု သူသိချင်နေတာက သူ့ရဲ့ မစ်ရှင်ပြည့်ပြီလား ဆိုတာကို ပါပဲ.."
မစ်ရှင်ပြည့်မြောက်ဖို့ အတွက် သူ စဥ်းစားနေခဲ့ပါတယ် ။
"သူဌေးလေး မင်းက အံ့ဩဖို့ကောင်းတာပဲ.."
"ဟုတ်တယ် မနက်တုန်းက သတင်းကို ကြည့်ပြီး ငါကြောင်အသွားခဲ့တယ်..။တစ်ချက်ကြည့်ရုံနဲ့ ငါတွေးလိုက်မိတာက "ဒါသူဌေးလေး မဟုတ်ဘူးလား" ဆိုတာပဲ.."
မင်းဘယ်လိုဖြစ်ပြီး မြန်မြန်ပြေးနိုင်နေတာလဲ သူဌေးလေး.။မင်းသာ နိုင်ငံလက်ရွေးစင်ဖြစ်လာရင် ပြိုငိဘက်တွေတော့ ကြောက်ရွံ့နေကြမှာပဲ."
လငိးဖန် ရယ်မောလိုက်တယ်..။
"ဒါလည်း ဆိူးရွားတဲ့ အကြံတော့ မဟုတ်ဘူးပဲ..။ကျွန်တော် ပန်ကိတ်ရောင်းတာ ရပ်ပြီး အပြေးပဲ သွားပြိုင်ရင် ကောင်းမလား.."
မြို့သားတွေဟာ ဆွံ့အသွားကြတယ်..။
"မလုပ်ပါနဲ့ ငါတို့က နောက်နေတာပါ...။နိုင်ငံ လက်ရွေးစင်ဖြစ်တာ ဘာများကောင်းလို့လဲ..။ဒါက အရမ်း အန္တရာယ် များတယ် လို့ ငါကြားဖူးတယ်..။ပန်ကိတ်ကို ရိူးရိုးသားသားလေး ရောင်းတာက အကောင်းဆုံးပဲ.."
"ဟုတ်တယ် ဟုတ်တယ်..ပန်ကိတ်ကသာ သူဌေးလေးရဲ့ အဓိက အလုပ်ပဲ.."
လင်းဖန် ရယ်လိုက်တယ်..။သူတို့ ပြောမယ်ဆိုတာ သူသိထားပြီးသားပါ.။ သူတို့ ကို ဘယ်လို ရွေူချယ်ခိုင်း ခိုင်း ပန်ကိတ်ကိုသာ ရွေးချယ်ကြမှာပါပဲ..။
ဘေးနာက ဆိုင်ပိုင်ရှင်တွေဟာ စုဝေးလာခဲ့ကြတယ်..။သူဌေးလေးက ပိုပိုပြီး ထူးဆန်းလာတယ်လို့ သူတို့ တွေးနေခဲ့ကြတာပါ.။
သူရဲ့ ပန်ကိတ်တွေက အရသာရှိတယ်..ဗေဒင်ဟောတာလည်း တော်တယ် ..ကွန်ဖူးလည်း ကောင်းတယ်..သူက တိရစ္ဆာန်တွေကို တောင် စကားပြောနိုင်ပါတယ်..။
အကြီးအကဲ လိန်ပြောလိုက်တယ်..။
"သူဌေးလေးသာ ပြိုင်ပွဲဝင်ရင် ကျိန်းသေ ပထမရမှာပဲ.."
အကြီးအကဲ ကျိန်းပြောလိုက်တယ်..။
"သူဌေးလေးက ကင်မရာထမ်းထားတာတောင် ကမ္ဘာ့ချန်ပီယံ ထက်ပိုမြနိသေးတယ်..။သူသာ တကယ်ပြေးရင်တော့ ကြောက်စရာပဲ.."
လင်းဖန် လက်ဝေ့ယမ်းပြီး ပြုံးလိုက်ပါတယ်..။
"နိမ့်ချပြီး နေရမယ်လေ.."
သို့ပေမယ့် တစ်ခါတစ်လေ နိမ်ချပြီး နေဖို့ တိုတာက တကယ်ခက်ခဲပါတယ် ။သူ ဖုံးကွယ်ဖို့ ကြိုးစားရင်တောင် ဖုံးကွယ်လို့ရမှာ မဟုတ်ပါဘူး..။
*ကလင် ကလင်*
လင်းဖန် သူ့အဖေ ဖုန်းခေါ်လာတာကို တွေ့လိုက်ရတယ်..။
"အဖေ ..ဘာဖြစ်လို့လဲ.."
လင်းဖန် မေးလို်က်တာပါ..။
"ငါ သတင်းကြည့်ပြီးသွားပြီ..။အဲ့သတင်းထောက်က မင်းမဟုတ်လား.."
သူ အဖေရဲ့ အသံဟာ အနည်းငယ် စိတ်ခံစားချက်တွေ ပြည့်နေပြီး..မယုံကြည်နိုင်ဖြစ်နေခဲ့တယ်..။
လင်းဖန်သူ့အဖေပါ သိသွားလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။
"ဟုတ််တယ် သား သူငယ်ချင်း သတင်းထောက်တစ်ယောက်ကို ကူညီရင်း အဲလိုဖြစ်သွားတာ.."
"ကောင်းတယ် ကောင်းတယ်..မင်းအမေရော အဖေရော ကြည့်ပြီးသွားပြီ..။မင်းအလုပ်ရှုပ်နေတာလား..အဖေတို့ နောက်မှ ပြန်ခေါ်လိုက်မယ်.."
သူ ဖုန်းချလိုက်တယ်..။
လင်းဖန် သူ့မိသားစုပါ သိသွားလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး.။သူ ဘာပြောရမှန်းတောင် မသိတော့ပေ..။
ကျန်းကျို့ တွင်..။
အဖေလင်းဟာ သူ့ဖုန်ကို ပြုံးပြီး ကြည့်နေခဲ့တယ်..။
"ငါ အကြီးအကဲ လီဆီကို သွားလည်မှ ရတော့မယ် ထင်တယ်.."
…
အကြီးအကဲ လီရဲ့ ဝင်ပေါက်ဝ အရောက်မှာျော့ အဖေလင်းဟာ တံခါးကို ခေါက်လိုက်တယ်..။
"လာပြီ လာပြီ..။ဟေး..အကြီးအကဲ လင်း.ဒီနေ့မှ ဘယ်လေ တိုကိပြီး ရောက်လာတာလဲ.."
အဖေလင်း ရယ်မောလိုက်တယ်..။
"အိမ်ထဲကို ဝင်ထိုင်ဖို့ တောင်မခေါ်ျေတာ့ဘူးလား...။ဒီနေ့ အားနေတော့..ငါတို့ ညီအစ်ကို နှစ်ယောက်စကားလေး ဘာလေး ပြောကြတာပေါ့.."
အကြီး အကဲ လီဟာ အခုချိန်မှာတော့ ငြင်းပယ်ဖို့ နောက်ကျသွားပြီမှန်း နားလည်လိုကိကါတယ်..။
"ကျေးဇူးပြုပြီး ဝင်ပါဦး.."
အိမ်ထဲမှာတော့..အသက်ငါးဆယ် အရွယ် အဖိုးကြီး နှစ်ယောက်ဟာ ထိုင်လိုက်တယ်..။သူတို့ နှစ်ယောက် လုံး စကားမှ မပြောကြသေးပဲ..တစ်ယောက်ပြောတာကို တစ်ယောက်အရင်စောင့်နေခဲ့ကြပါတယ်..။
အဖေလင်းဟာ ဖုန်းကို ထုတ်ပြီး ကြည့်လိုက်တယ်..။ခနအကြာမှ သူ ရုတရက် မျက်လံူး ပြူကျယ်သွားပြီးပြောလိုက်ပါတယ်...။
"အကြီးအကဲ လီ..ဒီကို ခနလောက် လာကြည့်ပါဦး..။ကျွန်တော် ပုံရိပ်ကို သေချာ မမြင်ရလို့..။ဒါက ကျွန်တော်တို့ ကောင်လေး ဖန် မဟုတ်ဘူးလား."
"အကြီးအကဲ လင်း မျက်လံူး မကောင်းတော့ ဘူးလား..။ဘယ်လိုလုပ် ကောင်လေးဖန် ဖြစ်နိုင်မှာလဲ.."
အကြအကဲ လီဖုန်းကို ယူပြီး ကြည့်လိုက်တယ်..။သူ့အမူအရာပြောင်းသွားပြီး ခေါင်းစဥ်ကို သေချာ ဖတ်ကြည့်လိုက်ပါတယ်..။အဆုံးမှာတော့ သူ ဖုန်းကို အကြီးအကဲ လင်းဆီ တိတ်တဆိတ် ပြန်ကမ်းပေးလိုက်တယ် .။
အကြီးအကဲ လင်း မေးလိုက်တယ်..။
"အကြီးအကဲ လီ ဒါက ကျွန်တော်တို့ရဲ့ ကောင်လေးဖန် လား.."
အကြီးအကဲ လီဟာ အကြီးအကဲ လင်းရဲ့ အဓိပ္ပါယ်ပါတဲ့ အပြုံကို ကြည့်ပြီး..အချိန်အတော်ကြာ တွေဝေနေခဲ့တယ်..။ယင်းနောက် သူနောက်ဆုံးမှာ ချီးကျူးဖို့ ဆုံးဖြတ်လိုက်ပါတယ်..။
"အကြီးအကဲ လင်း ကောင်လေး ဖန်က တကယ် အံ့ဩဖို့ကောင်းတာပဲ..."
ဒီလူက သေချာ ပြင်ဆင်လာခဲ့တဲ့ ပုံပါပဲ.....
ဒီတစ်ခါတော့ သူ ရှံးနိမ့်သွားခဲ့ပါပြီ.....