အရမ်း မောက်မာလွန်းတယ်..
Vol. 22 Ch. 319
ဘာသာပြန် = စနိုးဝှိုက်
ဒီ မတော်တဆ မူက လင်းဖန် အတွက်တော့ ဘာမှ မဟုတ်ပါဘူး..။သို့ပေမဲ့ ဒါက အင်တာနက် ပေါ်မှာ ကြီးမားတဲ့ လိှုင်း လုံးကြီး တွေကို ဖြစ်ပေါ် စေခဲ့တာပါ..။
အင်တာနက် ဆယ်လီ " မိန်းကလေး..အားလုံးကို မိန်မ အဖြစ်တော်ကောက်မယ် " ဆိုတဲ့ အကောင့် ပိုင်ရှင်ဟာ ဒီသတင်းကို ပြန်တင် ထားခဲ့ ပါတယ်..။တစ်ချိန်တည်းမှာပဲ သူက ကိုယ်ပိုင် ပို့စ် ပါတင်ခဲ့ပါသေးတယ်..။
"ကင်မရာ ကို ထမ်း ထားတဲ့ ညီအစ်ကို က ငါ့ကို ကြောင်အစေခဲ့တယ်..။လက်ရှိ ကျွန်တော် တို့ နိုင်ငံ ရဲ့ ပြေးခုန်ပစ် အားကစားမှာ..ဟူဖေးယန် အကောင်းဆုံး အချိန် တွေ ကျော်လွန် လာခဲ့ ပြီ ဖြစ်ပေမယ့် ဘယ်သူမှ အစား မထိုးနိုင်ကြသေးဘူးလေ..။ဒါပေမဲ့..ဒီ ကင် မရာ ထမ်းထားတဲ့ ညီ အစ်ကိုက ဘယ်ကနေ ထွက်ပေါ်လာခဲ့လဲ မသိဘူး..။ဒီ အမြန် နှုန်း နဲ့ဆိုရင် တစ်ခြား ဘယ်ပြိုင်ပွဲဝင်မှ လိုက်မ မှီနိုင်ဘူး ဆို တာ အာမခံလို့ ရပါတယ်..။ဆီဒယ် လို လူမျိူးကို တောင် ဘေးကို ခေါက်ထားလိုက်လို့ ရတယ် လို့ ပြောချင်တာပါ..။အား ကစား ရေးရာ ဌာနက ..ဒီ မတော်တဆ မူ အပြီးမှာ ဘာတွေ လူပ်ဆောင်ဖို့ ပြင် ဆင်ထားလဲ ဆိုတာ စောင့် ကြည့်ရမှာပဲ.."
များ ပြားလှ တဲ့ လူတွေဟာ မှတ်ချက်တွေ ရေးလာခဲ့ကြပါပြီ..။
ရှန်ဟိူင်း ကမ္ဘာ့ ချန်ပီယံ ရှစ် ပြိုင်ပွဲကို ကြည့်ခဲ့ကြတဲ့ လူတိုင်းက နိုင်ငံ ရဲ့ အားကစား ကို အောင်မြင်စေ ချင်ကြတဲ့ လူတွေချည်း ပါ ပဲ..။တစ်ချို့ လူတွေ က ဒါတွေ ကို ဂရုမစိုက် ပေမယ့် လည်း ဒီသတင်းက ဒရမ်မာ ဆန်လွန်း လှပါတယ်..။ဒါကြောင့် ဒီ သတင်းက လူများစွာ ရဲ့ စိတ် ဝင်စား မူကို ..ရနေတာ..မထူးဆန်းတော့ ပါ ဘူး..။
ကင် မရာ ထမ်းထား တဲ့ လူတစ် ယောက်က ..ကမ္ဘာ့ချန်ပီယံ တွေ ထက်တောင် ပိုလျင်မြန်စွာ .. ပြေး နိုင်ခဲ့တာ ပါ..။ဒီ လို အကြောင်း အရာ ဆိုတာက အင်တာနက် ပေါ်မှာ ဆွေး.နွေးဖို့ အကောင်း ဆံူးပါပဲ..။
ဒီပို့စ် ကို များပြား လှတဲ့ ..လူတွေဟာ..တုန့်ပြန်မူ တွေ ပေးနေ ခဲ့ကြတယ်..။
"ဒီလူ ပြော တာမှာ ဘာမှ မှားယွင်းမူ မရှိပါဘူး..။အတော်ကို နည်းလမ်းတကျ ရှိ လှပါတယ်.."
"ချီးပဲ..အရမ်း တွေ မြန်အောင် ပြေး ပြသွားတဲ့ လူက သတင်းထောက် တစ် ယောက်နော်..။သူ့ကို သာ အားကစား အဖွဲ့ ထဲ ဝင်ခိုင်းပြီး စနစ် တကျ လေ့ကျင့်ပေးရင်.. လေ ပေါ်ပျံနေ သလိူ ..ပြေးနို်င်တော့မှာ ..မ ဟုတ်ဘူး လား.."
"အားကစား အဖွဲ့အစည်းကို ..ဒီလူ ကို အဖွဲ့ ဝင်အဖြစ် ဖိတ် ခေါ်ဖို့ တောင်းဆို ကြရအောင်.."
"ဒီ ပိုစ့် ရေးသားထားတာ က ဘာတစ်ခုမှ အမှား မပါဘူး..။မိုက်တယ်.."
…
အင်တာ နက်ပေါ် မှာ ဆွေးနွေးမူ ဘယ်လာက် ပဲ များနေ များနေ..လင်းဖန် ကို ပြသနာ တက်စေတာက ..သူ့ရဲ့ မစ်ရှင်က အခုထိ မပြည့်မြောက် သေး တာပါပဲ..။
ဒါ အဓိပ္ပါယ် မရှိဘူး...
လင်းဖန်.. မြို့သား တွေး အတွက် ပန်ကိတ်တွေ လုပ် ပေးနေပေမယ့် လည်း..သူ့စိတ် ထဲမှာ တော့..ဒီကိစ္စကြီး က စွဲ နေခဲ့တာပါ...။သို့ပေမယ့် သူဘယ် လောက်ပဲ အာ ရုံ စိုက်စိုက် စွယ်စုံကျမ်း က တော့ အသံမမြည် လာခဲ့ပါဘူး..။
လူလိမ် ထျန် သူ့အနား ကို လျောက်လာပြီး မေးလိုက်တယ်..။
" မင်း ဘာတွေ တွေး နေတာ လဲ.."
လင်းဖန် ပြန် ဖြေလိုက်တယ်..။
"ခင်ဗျား နားလည် မှာ မဟုတ်ပါဘူး.."
"မင်းသာ ငါ့ကို မပြောရင် ဘယ်လို နား လည် နိုင်မှာလဲ.."
လူလိမ် ထျန် ပြန် ကန့်ကွက် လိုက်တာပါ..။
ဖြည်းညှင်းစွာ ပဲ ပန်ကိတ် ဆယ်လုံး ကို ပြုလုပ် ပြီးရောင်း ချလိုက်တယ်။
တစ်ချို့ ..မြို့သားတွေ ဟာ..နံရံ ပေါ်က ပိုစတာ ကို သွားဖတ်ပြီး နား လည်တဲ့ လူတွေ လည်း ရှိကြပါတယ်..။
"မာစတာ လင်.."
ခြူးယွန် အပြုံး လေးနဲ့ ရောက်လာခဲ့တယ်...။မနေ့က ကိစ္စကတော့ တကယ် ကို အံ့ဩဖို့ ကောင်းခဲ့တာပါ..။ပြီးတော့ .. မာစတာ လင်း ရိုက်ကူး ထားတဲ့ ဗီဒီယို ကလည်း အပြစ်ပြောစရာ ကို မရှိ ပါဘူး..။အဲ့အချိန်မှာ အဓိက အချက်က..ပြိုင်ပွဲဝင် တွေဆီမှာ မဟုတ် ပဲ..မာစတာ လင်း ဆီမှာ ရောက်နေခဲ့ ပါပြီ.။
အင်တာ နက် ပေါ်မှာ ဆွေးနွေး မူတွေ အကုန်လုံးက မာစတာ လင်း အ ကြောင်းတွေ ချည်းပါပဲ..။
လင်းဖန် အံ့ဩ သင့် တဲ့ လေသံနဲ့ မေးလိုက်တယ်..။
"မင်းက ဘယ်လိုလုပ်ပြီး ဒီီကို ရောက် လာတာ လဲ..။ဒီ နေ့က ပြိုင်ပွဲ တွေ မရှိဘူး လား.."
ခြူးယွန်ရယ်မော လိုက် ပြီး ပြန်ဖြေလိုက်တယ်..။
"ကျွန် တော် အစား တစ်ခြား တစ်ယောက်ကို လွှတ်လိုက်တယ်..။ ကျွန် တော်က ဒီနေ့ အနား ယူချင် လို့လေ..။မာစတာ လင်..ဒီနေ့ပြီး ရင် ခင်ဗျား နိုင်ငံ ရဲ့..ပြေးခုန်ပစ် အားကစား သမား ဖြစ် လာမှာလား.."
လင်းဖန် ဘာပြောရမလဲ မသိ ဖြစ်သွားခဲ့တယ်..။တကယ်လို့ စွယ်စုံ ကျမ်းသာ မစ်ရှင် ပြည့်သွားရင် သူ ဘာမှထပ်လုက် စရာ မလို တော့ပါဘူး..။သို့ပေမဲ့..စွယ်စုံကျမ်းရဲ့ မစ်ရှင်က မပြည့် မြောက် သေးတော့ သူ နိုင်ငံ လက်ရွေးစင် တစ် ယောက် လုပ်သင့်လား ဆိုတာ စဥ်းစား စရာ ပါပဲ..။
" ငါလည်း မသေ ချာ သေးဘူး..။အချိန် ကျလာမှ သေချာ ဆံူးဖြတ် တာပေါ့.."
လင်းဖန် ဆိုလို တာက သူ ဒီ မတော် တဆ မူကိြ အချိန်ခန ဆွဲ ထားပြီး အလျင်မလို ဖို့ ပါ..။အချိန်တိုင်း မှာ အရာရာတိုင်းက ပြောင်း လဲ နိုင်ပါ တယ်..။
ခြူးယွန် ပြော လိုက် တယ်..။
"မာ စတာ လင်း သာ..နိုင်ငံကိုယ်စား ပြု ရင် ကင်မရာတွေ အကုန်လုံးက မာစတာ လင်းကို ပဲ ချိန် ထား ကြမှာ..ကျိန်းသေ တယ်.."
လင်းဖန် ရယ်မောလိုက်တယ်.။
"မင်းဘာတွေ ပြောနေတာ တုန်း..။တကယ်လို့ ငါသာဝင်ပြိုင်ပြီး..တကယ် ပြေး မယ်ဆိုရင်..မင်း ငါ့ ရဲ့ အရိပ် ကိုတောင် မြင်ရမှာ မဟုတ် ဘူး.."
ခြူးယွန် ရှက် ရွ့့စွာ ရယ်မောလိုက်ပါတယ်..။မာစတာလင်း ကိုယ့်ကို ကို မနိမ့်ချပဲ ပြော လာလိမ့်မယ် လို့ သူ မထင်ထား ခဲ့ ပါဘူ..။သို့ပေမယ့် မာစတာ လင်း ပြော နိုင်တာကလည်း မမှားပေ..။သူသာ တကယ် ဝင် ပြိုင်ရင်..ပထမ နေရာကို ရမှာ ကျိန်းသေ ပါတယ်..။
"မာစတာ လင်း..ကျွန် တော် ခင်ဗျားကို လျိုဝှက်ချက် တစ် ခုပြော ပြမယ်..။ကျွန်တော် ကြားတာ ကတော့ အားကစား ကောင်စီ မှာ.ခင်ဗျားရဲ့ အကြောင်းကို ဆွေး နွေးနေကြတယ် တဲ့.."
ခြူးယွန် ပြောလိုက် တာပါ..။
"ငါ့ အကြောင်း ဆွေး နွေးနေတာလား.."
လင်းဖန် ကြောင်အသွားခဲ့တယ်..။ယင်းနောက် သူ ကျေနပ် သွား ခဲ့ပါတယ်..။ဒီလူ တွေ သူ့လို လူမျိုးကို သာ လွှတ်ပေးထားလို်က် ရင်..ဦးနှောက် မရှိတဲ့ လူတွေပါပဲ..။
"ခင်ဗျား ကို လက်ရွေး စင် ကစား သမားဖြစ်လာစေဖို့..ဟုတ်တာပေါ့ ဒါပေမဲ့ သူတို့က ဆွေးနွေး နေ ကြတုန်း ပဲ..။တစ်ချို့က ခင် ဗျား ပူးပေါင်းဖို့ သဘော တူပေမယ့်..တစ်ချို့က သဘော မတူနိုင် ကြဘူးလေ.."
လင်းဖန် ခြူးယွန်..ကို ထူးဆန်းတဲ့ အကြည့် နဲ့ ကြည့်ပြီး မေးလိုက်တယ်..။
"မင်းက ဒါတွေကို ဘယ်လို သိနေ တာလဲ.."
ခြူးယွန် ရယ်လိုက်ပြီး..
"အတင်းပြောတာ...အတင်းပြောနေ ကြတာက နေ ကြားလာ ခဲ့တာလေ.."
အတင်းပြောခြင်း ရဲ့ စွမး်အားက ကြောက် ဖို့ ကောင်းပါတယ်..။
ရုတ်တရက်..။
သိပ်မဝေး တဲ့ နေရာကနေ အသံတွေကို ကြားလိုက်ရတယ်..။
"ဒါက ကင်မရာကို ထမ်းပြီး လေအလျင်လို ပြေးပြသွား တဲ့ မာစတာ လင်းပဲ.."
"သူ တကယ် ဒီမှာ ရှိနေတာပဲ.."
"ငါ တို့ သတင်းနည်းနည်း ရဖို့လိုတယ်..။ဒါက သတင်း ကြီး ပဲ.."
လင်းဖန် နဲ့ ခြူးယွန်ဟာ သိပ်မဝေး တဲ့ နေ ရာကို ကြည့်လိုက် ကြတယ်..။သတင်းေထာက် အုပ် စု တစ်ခုဟာ..ချီတက် လာတာ တွေ့ နေရပါတယ်..။
မနေ့က ပြိုင်ပွဲ ပြီးတာမှာ..လင်းဖန် အကြောင်းကို လူတွေ ပြောကြတာက.. ဆီဒယ် နဲ့ တစ်ခြား လူတွေ ထက်သာ ပါတယ်..။
ထပ်ပြောရရင် သတင်းထောက်တွေဟာအရင်နေ့တုန်းက ကစားသမား တွေကို အင်တာဗျူးနေတုန်း သူတို့ မျက်လံူး ထဲ က စိတ်ပျက် မူ တွေကို မြင်နေရ ပါတယ်..။
သူတို့ဟာ ..လူတိုင်းရဲ့ ရယ်စရာ ဖြစ်ရတော့ မှာပါ..။
ဆီဒယ် ဆိုတာက အမြဲ တမ်း ကိုယ့်ကိုကို ယုံကြည် မူ ရှိတဲ့ လူတစ်ယောက် ပါ..။ပုံမှန် ဆိုရင် ..ဒီပြိုင်ပွဲ မှာဒီလို စံချိန်တွေ နဲ့ ပထမရတာက ကမ္ဘာ့ အမြန်ဆံူး လူသား တစ်ယောက် အဖြစ် ဂုဏ်ယူ လို့ ရနေပါပြီ..။
သို့ပေ့မယ် မနေ့က အင်တာ ဗျူးမှာ သူ့ပုံစံက ဒုတိယ ရထား တဲ့ လူတစ်ယောက် လိုပါပဲ..။သူက ကိုယ့်ကိုကို ယုံကြည်မူ မလွန်ကဲ အောင် ထိန်းချုပ်နေပုံရပါတယ်..။
ဒါတွေက ..ဗီဒီယို ထမ်းပြီး သူ့ရှေ့က ရိုက် ကူးနေတဲ့ လင်းဖန်က သူ့နှလုံးသားထဲမှာ အရိပ် မည်း တစ်ခုလို နေရာ ယူသွားခဲ့လို့ပါ..။
အဲ့အချိန်မှာတော့..လင်းဖန်ဟာ သတင်းထောက် တွေ ဝန်းရံ မူကို ခံနေရပါပြီ..။
"မာစတာ လင်း..မနေ့က ပြေးတာ အရမ်း မြန်တယ်နော်..။ခင်ဗျားရဲ့ အမြန်ဆံူး နှုန်းက ဘယ်လောက်ဖြစ်မလဲ ဗျ.."
"မာစတာလင်း..ခင်ဗျားက ဆိီဒယ် ထက် တောင် မြန်တယ် ဆိုတော့ ကိုယ့်ကိုကို အမြန်ဆံူး လူသာူ အဖြစ် ထင်မိလား ခင်ဗျ.."
"မေးပါရစေ..မာစတာလင်း.နိုင်ငံလက် ရွေးစင် အားကစား သမား တစ် ယောက် ဖြစ်လာမှာလား.."
သတင်းထောက်တွေဟာ ကင် မရာတွေကို လင်းဖန် ရဲ့ မျက်နှာ မှာ ချိန်ပြီး. တစ်ယောက်ပြီး တစ်ယောက် မေးနေခဲ့ပါတယ်..။
လင်းဖန် ကတော့ သတင်းထောက်တွေ အမေး ခံရတာကို ကျင့်သား ရနေခဲ့ပါပြီ..။ဒါက သူ့ရဲ့ ပထမ အကြိမ်မဟုတ် သလို..ဒုတိယ အကြိမ်လည်း မဟုတ်တော့ ပါဘူး.။
"ခင်ဗျား တို့ မေးစရာ ရှိရင် တစ်ယောက် ချင်းစီ မေးပါ အလျင် မလို ပါနဲ့.."
လင်းဖန် တည်ငြိမ်စွာ ပြော လိုက်တာပါ..။သူ့မှာ..အကုန်လုံးကို ဖိအား..ပေးနိုင်တဲ့ အရှိန် အဝါ ရှိပါတယ်..။
သတင်းထောက်တွေဟာ ကြောင် အသွား ခဲ့တယ်.။ယင်းနောက် တစ်စုံ တစ်ယောက် ဟာ..အော်လို်က် ပါတယ်..။
"မာစတာ လင်း..ခင်ဗျား ဘယ်လောက် မြန်မြန် ပြေးနိုင်လဲ.."
လင်းဖန် ပြုံး့လိုက်ပြီး..
"မြန်တယ်..အရမ်းကို မြန်တယ်.."
သတင်းထောက် အကူ ညီ မဲ့သွားခဲ့တယ်..။သူ့မေး ခွန်းက..အဖြေပြန် မရတာနဲ့ ဘာမှ မထူးပါဘူး..။
"မာစတာ လင်း ခင်ဗျား..နိုင်ငံ ကိုယ်စားပြု အားကစား သမား ဖြစ်လာမှာလား.."
ဒီမေးခွန်း က လူတွေ အသိချင်ဆုံး မေးခွန်း တစ်ခုပါ.။အဲ့အချိန် မှာတော့ အားလံူးဟာ အသက် မရူးပဲ အဖြေကို စောင့် နေခဲ့ကြ တယ်..။
လင်း ဖန် ဒီမေး ခွန်း ကိုဖြေဖို့ အတွက် သေချာ စဥ်းစား နေခဲ့ ပါတယ်..။
မစ်ရှင်က မပြည့်သေးတော့..သူတစ်ခုခု လွန်ပြီး ပြောမိရင်..ပြသနာ တက်နိုင် ပါတယ်..။
"ဒါ.."
လင်းဖန် ပြန်ဖြေခါ နီးမှာပဲ.လှပတဲ့ အသံတစ်ခုကို ကြား လိုက်ရတယ်..။
လင်းဖန် ရဲ့ ပါးစပ်မှာ အပြုံးေလး တစ်ခု ပေါ် လာခဲ့ပါ ပြီ..။ယင်းနောက် သူ ယုံကြည်မူ ရှိစွာ ပြော လိုက်တယ်.။
"ကျွန်တော် နိုင်ငံ ကိုယ်စားပြု ကစားသမားဖြစ်လာမှာ မဟုတ်ဘူး.."
ဟင်..
သတင်းထောက် တွေဟာ ဆွံ့အသွား ခဲ့ကြတယ်..။မာစတာလင်း ဒီလို ဆုံးဖြတ်လိမ့် မယ်လို့ သူတို့ မထင်ထားခဲ့ ကြပါဘူး.။
အဲ့အချနိနွှာတော့ လင်းဖန် ရဲ့ နှလံူးဟာ တဒုတ်ဒုတ် ခုန်နေခဲ့ ပါတယ်..။ မစ်ရှင် ပြီးမြောက် သွားပြီ..။သတင်းတွေ ပျံ့နှံ့တာ လုံလောက်တဲ့ အခြေအနေ တစ်ခုကိုရောက်သွား တဲ့ ပုံပါပဲ..။
သတင်းထောက် တစ်ယောက်ဟာ..လေးနက်စွာ မေးလိုက်တယ်..။
"မာစတာလင်း..ခင်ဗျားရဲ့ စွမ်းဆောင်ရည် တွေနဲ့ ဘာလို့ နိုင်ငံ ကို ဂုဏ်မဆောင် ပေးချင်ရတာ လဲ."
လင်းဖန် ဒီသတင်းထောက် ကို သေချာ ကြည့်ပြီး ပြန်ဖြေလိုက်တယ်..။
"ကျုပ် ပရိုအဆင့် ကစား သမားဖြစ်လာတာက ဘာမှ ကောင်းတာ မရှိဘူး..။ကျုပ်သာ ဝင်ပြိုင်မယ် ဆိုရင်..ကျုပ်က ပြိုင်ပွဲတိုင်း မှာ ပထမ ရနေပြီး..တစ်ခြား လူတွေက..ဒုတိယ နေရာ အတွက်ပဲ အမြဲတမ်း ပြိုင်နေ ကြရလိမ့်မယ်..။ဒါဆို ဘာအဓိပ္ပါယ် ရှိတော့ မှာလဲ.."
အံ့ဩသင့် သွားကြတယ်..။
သတင်းထောက် တစ်ယောက်ဟာ မေးလိုက်ပါတ
ယ်..။
"မာစတာလင်း ဒါက မောက်မာလွန်း တယ်လို့ မထင်မိဘူးလားဗျ..။ကမ္ဘာပေါ်မှာ ပြိုင်ပွဲဝင်တွေ အများကြီးရှိတယ် လေ..ခင်ဗျား အမြဲတမ်း ပထမ ရမယ် လို့ ဘယ်လို အာမခံ နိုင်တာလဲ.."
လင်းဖန် ပြုံးလိုက်တယ်..။
"ဒါက မောက်မာတာ မဟုတ်ဘူး.။ကိူယ့်ကိုကို ယုံကြည် မူရှိတာ..။ယောက်ျား တစ်ယောက်က ကိုယ့်ကိုကို ယုံကြည်ဖို့ ့ လိုတယ်လေ..။ဒါပေါ့ ကျုပ်ဘယ်လို ချဲလန့် မျိုးကို မဆို လက်ခံ နိုင်ပါတယ်..ဒါပေမဲ့ သူတို့ စိတ်ကို ကြိုပြင်ဆင် ထားဖို့တော့ လိုလိမ့်မယ်နော်..ဘာလို့လဲ ဆိုတော့ ကျုပ်က နောက်နေတာ မဟုတ်လို့ပဲ..။ကျုပ် ပြေးတာက ..ကတယ်ကို မြန်တယ်.."
ခြူးယွန်... "....."
မြို့သားများ. "......"
သတင်းထောက်များ.. "....."
စောက်ကျိုးနဲ ဒီ မာစတာ လင်း က မောက်မာ လှချည်လား....
အဲ့အချိန်မှာတော့ လင်းဖန် ရဲ့ စိတ်ထဲတွေ ဟာ စွယ်စုံ ကျမ်းရဲ့ အချက်ပေးမူ အပေါ်မှာပဲ စိတ်ရောက် နေခဲ့ပါပြီ..။နောက် ပွင့်လာ မယ့် အသိပညာက ဘာဖြစ်မလဲ ဆိုတာ သူလည်း မသိပါဘူး..။