← Chapters

မင်းမှန်တယ်..

Vol. 22 Ch. 320

မင်းမှန်တယ်..

Vol. 22 Ch. 320

ဘာသာပြန် = စနိုးဝှိုက်

"ရှစ်ခုမြောက် မစ်ရှင်ဟာ ပြည့် မြောက်သွား ပါပြီ..။စွယ်စုံ အမှတ် ၂၀ ရရှိပါတယ်.."

"ကိုးခုမြောက် အသိပညာကို ဖွင့်လှစ်ပေးမည်ဖြစ်ပြီး..ပိုင်ရှင် နှင့် နီးစပ်သည့် လူဆီမှ ရွေးချယ်ပေးမှာ ဖြစ်ပါတယ်.."

လင်းဖန်ဟာ ကျေနပ်နေခဲ့တယ်..။စမ်းသပ်ချက်ကတော့ ပြည့်မြောက်သွား ခဲ့ပါပြီ..။ဒါက ဘာကို ဆိုလို တာလဲ....ဒါက..သူ သိတတ်မြောက် ထားတဲ့ ပညာတွေ ပိုပို များလာပြီ လို့ ဆိုလိုတာပါ..။ဒါကို တွေး မိရုံ နဲ့တင်..ပျော်ရွှင်ရပါတယ်..။

သတင်းထောက် တွေဟာ လငး်ဖန် ရဲ့ စကားကြောင့် ဆွံ့အသွားခဲ့ကြတယ်..။လူတိုင်းက သူ့ကို မျက်တောင် မခတ်ပဲ ကြည့်နေခဲ့ကြပါတယ်..။သူတို့အင်တာဗျူး များစွာ ကို ပြုလုပ်ဖူးပေမယ့် လည်း ဒီလောက် ထိမောက်မာ တဲ့ လူကို ပထမဆုံးတွေ့ဖူးကြတာပါ..။

ဒါက..တစ်မ္ဘာလုံး မှာရှိနေတဲ့..အားကစား သမားတွေကို စိတ်ခေါ်လိုက်သလိုပါပဲ..။

ခြူးယွန်ဟာ ဘေးနားမှာ ရပ်နေခဲ့တယ်..။သူ လင်းဖန် ရဲ့ လက်မောင်း ကို ဆွဲပြီး တိုးတိုးပြောလိုက်တယ်..။

"မာစတာ လင်း..နည်းနည်းလောက် သိမ်သိမ်မွေ့မွေ့လေး ပြောပါလား..နည်းနည်းလောက်.."

လင်းဖန် တည်ငြိမ်စွာ ရယ်လိုက် တယ်..။

ဘဝဆိုတာ..ယုံကြည်မူ ရှိရှိနေရမှာ ဖြစ်ပြီး..ရဲရင့်ဖို့လည်း လိုအပ်ပါတယ်..။

သတင်းထောက်တစ်ယောက်ဟာ မေးလိုက်တယ်..။

"မာစတာလင်း ဒီစကားကို သာ တစ်ခြား ပြိုင်ပွဲဝင်တွေ ကြားရင် ဘာတွေ ဖြစ်လာမယ် လို့ထင်လဲဗျ.."

သတင်းထောက် တွေဟာ မာစတာ လင်း ပြောနေတဲ့ စကားတွေကို ကြားပြီး သူတို့ သတင်းကြီး ရပြီ ဆိုတာ သိထားကြပါတယ်..။

လင်းဖန် လက်ဝေ့ယမ်းလိုက်ပြီး..အပြုံးလေးနဲ့ ပြောလိုက်တယ်..။

"ချစ်လှ စွာသော သတင်းထောက်တို့..နိမ့်ချ နေထိုင်ခြင်း ဆိုတာ သူတော်ကောင်း တရားပဲ..။ဒါပေမဲ့ အလွနိအကျူး ဖြစ်သွားပြီ ဆိုရင်တော့ ဒါက..တမင်ဖန်တီးထားတဲ့ အတုအယောင်ဖြစ်သွားပြီ..။ကျွန်တော်က ဘယ်တော့မှ အတုအယောင် မလုပ်ဘူး..။ခုနက ကျွန်တော် ပြောခဲ့တဲ့ စကားတွေကတင်..နိမ်ချနေထိုင်မူ အဖြစ်သတ်မှတ်လို့ ရပါတယ်.."

ဟင်...

သတင်းထောက်တွေဟာ သွေးတွေ ဆူလာခဲ့ကြတယ်..။ဒီနေ့ အင်တာ ဗျူးက တကယ်ကို အံ့ဩသင့်ဖို့ကောင်းတာပါ..။

ဒီလောက်အထိ ..အထက်ဆီးကနေ ပြောဆိုဖို့ ့ိုအပ်လို့လား....

အဲ့အချိန်မှာတော့ လင်းဖန်ဟာ စွယ်စုံကျမ်းရဲ့ အချက်ပေးမူတွေကို အာရုံစိုက်နေခဲ့ပါတယ်..။ကိုးခု မြောက် အသိပညာက ဘာဖြစ်မလဲ တစ်ကယ် မပြောနိုင်ပါဘူး..။သူလတ်တစ်လော တွေ့ခဲ့တဲ့ လူတွေ အကုန်လုံးက ချမ်းသာ တဲ့ လူတွေ ချည်းပါပဲ..။သူတို့ဟာ အကြောင်းမဲ့..ချမ်းသာ လာကြတာ မဟုတ်ကြပေ..။သူတို့မှာလည်း ကိုယ်ပိုင် အထည်အချင်းတွေ ရှိကြပါတယ်..။

သတင်းထောက်ဟာ မေးလိုက်တယ်..။

"မာစတာလင်း အခု နိမ့်ချတယ် ဆိုတဲ့ စကားလုံးကို သုံးလိုက်တာလား..။ဒါပေမဲ့ ကျွန်တော်တော့ ခင်ဗျား ပြောခဲ့တဲ့ စကားတွေထဲမှာ နိမ့်ချမူကို မမြင်ခဲ့ရဘူးနော်.."

ဘေးနားက သတင်းထောက်တွေ လည်း ခေါင်းညိမ့်လိုက်ကြတယ်..။တစ်ချို့ သတင်းထောက်တွေက အတွေ့အကြုံရင့်ကျတ် နေကြတဲ့..အားကစား သတင်းထောက် တွေပါ..။ဖျော်ဖြေရေး သတင်းထောက်တွေထက် သူတို့ဟာ ပိုသမာသမတ် ရှိပြီး..အမှန်တရား ကိုလည်း လေးစား မိပါတယ်..။

ကျောက်ကျန်းယန် ဟာ..တိုက်ရိုက်ထုတ်လွင့်မူ..လုပ်နေခဲ့တယ်..။

"ကျုပ်ကတော့ မာစတာ လင်းရဲ့ စကားလုံးတွေနဲ့ ကျင့်သားရနေပြီ..။ဒီတစ်ကြိမ်လည်း သတင်းကြီး ဖြစ်ဦးမှာပဲ.."

"ဒါက ငါတို့ သိထားတဲ့ မာစတာ လင်းပဲ..။မာစတာ လင်းက အမြဲတမ်း နိမ့်ချတတ်တယ်.."

"မာစတာ လင်းပြောတာ မှန်တယ်..။သူသာ ဝင်ပြိုင်ရင် တစ်ခြားလူတွေက..ဒုတိယ နေရာကို ပဲ လုကြရလိမ့်မယ်..ဒါဆို ဘယ်သူက ကြည့်ချင်တော့မှာလဲ.."

"ဒါက စားပွဲတင် တင်းနစ် လိုပဲ..။ငါ အဲ့ပြိုင်ပွဲကို ဘယ်တော့မှ မကြည့်ဘူး..။ငါတို့ ဂျပန်နဲ့ ထိပ်တိုက်တွေ့မှ သွားကြည့်ဖြစ်တယ်..။ငါ့တို့ နိုင်ငံက စားပွဲတင် တင်းနစ်မှာဆို အမြဲတမ်း ပထမ ပဲ.."

"666 အစ်ကို ယန် မာစတာ လင်းဆီမှာ နေပြီး တိုက်ရိုက် ထုတ်လွင့်ကတည်းက..ငါ အစ်ကို ယန်ရဲ့ တိုက်ရိုက် ထုတ်လွင့်မူကို မကြည့်ပဲ မနေနိုင်ဘူး.."

"မာစတာလင်း ဘယ်လို အံ့ဩစရာ တွေပြောမလဲ စောင့်ကြည့်နေလိုက်ရအောင်.."

"မာစတာလင်း ကြောင့် ငါလည်း ကိုယ်ကျင့်တရားတွေ လေ့ကျင့်မှ ရတော့မယ်..။နိမ့်ချခြင်းက တစ်စုံတစ်ယောက်ကို တိုးတက်​စေပြီး မောက်မာခြင်းက တစ်စုံတစ်ယောက်ကို..ဆိုးရွားစေလိမ့်မယ်.."

လင်းဖန် စိတ်ရှုပ်နေခဲ့တယ်..။တစ်ခါတစ်လေ သူနိမ့်ချပြီး နေထိုင်ရင်တောင် သူများတွေ အမြင်မှာ မောက်မာ သလို ဖြစ်နေခဲ့တာပါ..။

"ချစ်လှစွာ သော သတင်းထောက် တို့..ကျွန်တော် တကယ် နိမ့်ချပြီး နေထိုင်နေတာပါ..။ခင်ဗျား တို့က ကျုပ်ကို မယုံကြည်ကြဘူး ဆိုတော့ ကျုပ် အမှန်အတိုင်းပဲ ပြောပြမယ်..။ဒါပေါ့ ခင်ဗျားတို့ ယုံကြည်ဖို့တောါ လိုလိမ့်မယ်. "

သတင်းထောက်တွေဟာ တိတ်ဆိတ်ပြီး လင်းဖန်ကို ကြည့်နေခဲ့ကြတယ်..။မာစတာ လင်း ဘာအကြောင်းပြချက် ပေးမလဲ ဆိုတာ သူတို့ သိချင်နေခဲ့တာပါ..။

လင်းဖန် ခေါင်းခါယမ်းပြီး ပြောလိုက်တယ်..။

"တကယ်တော့ ဆီဒယ်ထက် မြန်အောင် ပြေးနိုင်တယ် ဆိုတာ က ဘာမှ မဟုတ်သေးဘူး..။ဥပမာ အနေနဲ့..အမြန့်ခုန်..အရှည်ခုန်..သံလုံးပစ် နေရာတွေမှာ..ပြေးတာထက် ပိုပြီး အားသာလို့ပဲ."

လူအုပ်ကြီးဟာ တိတ်ဆိတ်သွားခဲ့တယ်..။

လူတိုင်းဟာ ပါးစပ်ကြီးဟပြီး လင်းဖန် ကို ကြည့်နေခဲ့ကြပါတယ်..။

"ဟားဟား.."

အဲ့အချိန်မှာပဲ သတင်းထောက် တစ်ယောက်ဟာ သူ ကမ္ဘာပေါ်မှာ အရယ်ရဆုံး ဟာသ တစ်ခုကို ကြားနေရသလို ရယ်မောလိုက်တယ်..။

လင်းဖန် ရဲ့ အမူ အရာဟာ တည်ကြည်သွားခဲ့ပြီး..

"မရယ်နဲ့..ကျုပ် ခင်ဗျားကို လေးလေး နက်နက် ပြောနေတာ...။ကျုပ်က နိမ့်ချထာတာပဲ..ကျုပ်မှာ တစ်ခြား အရည်အချင်းတွေ ရှိနေတာတောင် ကြွားတတ်တဲ့ လူမျိုး မဟုတ်ဘူး..။အခု ကျုပ်က ခင်ဗျားတို့ကို နိမ့်ချတယ် လို့ ပြောနေတော့ ခင်ဗျားတို့ မယုံကြည်ကြဘူး မလား..။ဒါကြောင့် အမှန်ကို ပြောပြနေတာပဲ.."

ရယ်မောနေတဲ့ သတင်းထောက်ဟာ ချက်ချင်း ပါးစပ်ပိတ်သွားခဲ့တယ်..။ယင်းနောက်..သူ လင်းဖန်ကို အံဩတဲ့ အမူအရာ နဲ့ ပြောလိုက်ပါတယ်..။

အဲ့အချိန်မှာတော့လင်းဖန်ဟာ စွယ်စုံကျမ်းကို ပဲ အာရုံ စိုက်နေခဲ့တာ ပါ..။သူ ရုတ်တရက် အံ့ဩသွားခဲ့တယ်..ဒါက လုံးဝ အဓိပ္ပါယ် မရှိပါဘူး..။

"ဝူရွှန်းယွဲ့ဟာ..ပိုင်ရှင် အပေါ်မှာ ရင်းနှီးတဲ့..ဆက်ဆံရေး တွေ ရှိနေခဲ့ပါတယ်..။ ဒါကြောင့် နောက်ထပ် အသိပညာအခန်းကို သီချင်းရေးခြင်း အသိပညာ အဖြစ်..ဖွင့်လှစ်ပေးလိုက် သည်.။"

လင်းဖန် "......"

သီချင်း ဖန်တီးရမှာလား..။

ယင်းနောက် သူကြည့်လိုက်တယ်..။

"မစ်ရှင် : သိအများ လေးစားရတဲ့ မာစတာ လင်း ဖြစ်လာစေရန်.."

"ဆုလာဒ် : စွယ်စုံအမှတ် ၂၀ ရရှိပြီး..နောက်ထပ် အသိပညာ အခန်း ဖွင့်လှစ်နိုင်မည် ဖြစ်သည်.."

"မှတ်ချက် : အကိုင်းအခွဲ အသိပညာ ဖြစ်သည့် အတွက်..ပရိုအဆင့့်ဖြစ်ရန် မလိုအပ်ပေ.."

"လက်ရှိ စွယ်စုံ အမှန် : 125 မှတ် "

သူက ရုပ်ရည် ခန့်ညာတဲ့ လူတစ်ယောက် ဖြစ်တဲ့ အတွက် လူတွေ သူ့ကို သဘောကျတာက ပုံမှန်ပါပဲ..။ဒါပေမဲ့..သူ့ကို ဒီလို အသိပညာ မျိုး ပေးဖို့ အထိ လိုအပ်လို့လား...

"မာစတာ လင်း..မာစတာလင်း.."

လင်းဖန် ကြောင်အနေတုန်း မှာပဲ..သတင်းထောက် တွေရဲ့ ခေါ်သံကို ကြားလိုက်ကြရတယ်..။

"မာစတာ လင်း ခင်ဗျားက ပြေးခုန်ပစ် အားလုံးမှာ တော်တယ် လိူ့ ပြောတယ်နော်..။ဒါပေမဲ့ ခင်ဗျားက အပြေး ကျွမ်းကျင်မူ တစ်ခုကိုပဲ ပြရသေးတာ ဆိုတော့ တစ်ခြား ကျွမ်းကျင်မူ တွေိကို ဘယ်လို သက်သေပြဖို့ စိတ်ကူးထားလဲ ခင်ဗျ.."

လင်းဖန် ပင့်သတ်ရှိုက် လိုက်ပါတယ်..။သူ ဒီအသိပညာကို နောက်ပိုင်းမှ..အေးဆေး လေ့လာရမှာ ဖြစ်ပြီး..အခု တော့ သတင်းထောက်တွေနဲ့ ဖြေရှင်းရပါဦးမယ်..။

လင်းဖန် ပြုံးလိုက်တယ်..။

"ကျုပ်က နိမ့်ချပြီး နေတဲ့ လူတစ်ယောက် ဖြစ်တဲ့ အတွက်..ဘာမှ သက်သေပြမှာ မဟုတ်ဘူး.။ပြီးတော့ ကျွန်တော် က ကြွားဝါတာကို လည်း ဘယ်တောင်ကမှ မကြိုက်နှစ်သက်ခဲ့ဘူးလေ..။ဒါပေ့ါ့ ခင်ဗျားတို့ ကျုပ်ကို သံသယ ဖြစ်နိုင်ပါတယ်..။ဒါပေမဲ့ အဲဒါနဲ့ပဲ ကျုပ်က..သက်သေပြမှာတော့ မဟုတ်ဘူး..တစ်နေ့ တစ်နေ့ကို ကျွန်တော်မှာ လုပ်စရာ တွေ ရှိသေးတယ်လေ.."

သတင်းထောက် တွေဟာ..လင်းဖန်ကို သေချာကြည့်လိုက်ကြတယ်..။သူတို့ မာစတာ လင်းကို သိပ်ပြီး မယုံကြည်ကြပါဘူး..။

ဒီမာစတာ လင်းက တကယ်ပဲ..အံ့ဩဖို့ ကောင်းတဲ့ အရည်အချင်းတွေ ရှိနေတာလား...

သတင်းထောက် တွေဟာ လင်းဖန်ရဲ့ စကားလုံးတွေ အောက်မှာ နစ်မြုပ်နေကြပါပြီ..။သူတို့ လင်းဖန်ကို သာ စောင့်ကြည့်နေကြတယ်..။

ယင်းနောက် လင်းဖန် ထပ်ပြောလိုက်တယ်..။

"ကောင်းပြီ..ကျုပ်တို့ရဲ့ အင်တာဗျူးကို ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ရအောင်..။ဒါက ဘာမှ ဂုဏ်ယူစရာ မရှိပါဘူး..။အားလုံးပြန်လို့ ရပြီ..ဗိုက်ဆာ နေတဲ့ သတင်းထောက် တွေ အတွက်ကတော့..ပိုစတာ ရှိနေတဲ့ စာသားတွေကို ဖတ်ပြီး နားလည်ရင် ပန်ကိတ်စား လို့ ရပါတယ်.."

သတင်းထောက်တွေဟာ လင်းဖန် ..ရဲ့ စကားလုံးးတွေဟာ..မောက်မာ တယ် လို့ တွေးမိကြပေမယ့်..ရွေးချယ်စရာ မရှိပဲ လက်ခံကြရတော့မှာပါ..။

အခြေအနေက အနည်းငယ်..ရှက်ကိုးရှက်ကန်း ဖြစ်နေခဲ့တယ်..။

တစ်ချို့ သတင်းထောက်တွေဟာ..ပိုစတာ ကို သွားကြည့်လိုက်ကြပါတယ်...။

"စွယ်စုံ အမှတ် + 1 "

လင်းဖန် သတင်းထောက် တစ်ယောက်ကို လက်ညိုးထိုးပြီး ပြောလိုက်တယ်..။

"မင်း နားလည်သွားပြီ..။ပန်ကိတ် တစ်လံူး အတွက် ဒေါ်လာ ၅၀ .."

ပန်ကိတ်ကို ပြုလုပ်လိုက်တယ်..။

အစောက လင်းဖန်ကို..သံသယ ဖြစ်နေတဲ့..သတင်းထောက်ဟာ ပန်ကိတ်ကို လက်ထဲက ကိုင်ထားခဲ့တယ်..။ယင်းနောက်..သူတစ်ကိုက်ကိုက် လိုက်တဲ့ အချိနိမှာ သူ့ရဲ့ အမူအရာ ပြောင်းလဲ သွားခဲ့ပါပြီ..။

.

"မာစတာ လင်း..ခင်ဗျားရဲ့ ပန်ကိတ်က.."

သတင်းထောက် ဟာ အံ့ဩသင့်နေခဲ့ပါတယ်..။

လင်းဖန် လက်ဝေ့ယမ်းလိုက် ပါတယ်..။

"သူတို့ အရသာက ပုံမှန်ပါပဲ.."

သတင်းထောက်ဟာ ကြောင်အသွားခဲ့ပါတယ်..။

"မာစတာ လင်း..ခင်ဗျားက တစ်ကယ်..နိမ့်ချတတ်တာပဲ.."

လင်းဖန် ပြုံးလိုက်တယ်..။

"နိမ့်ချခြင်းက သူတော်ကောင်းတရား တစ်ခုပဲ.လေ..။ဒါပေမဲ့ ခင်ဗျား.ကိုယ့်ကိုကို ယုံကြည်မူရှိဖို့တော့ လိုလိမ့်မယ် နော်.."

"ဒါ အမှန်ပဲ.."

သတင်းထောက်ဟာ ပြန်ဖြေလိုက်တာပါ..။

All Chapters