မစ်ရှင်ကို အမြန်ဆုံး နည်းလမ်းနဲ့ပြည့်မြောက်အောင်လုပ်ခြင်း...
Vol. 22 Ch. 321
ဘာသာပြန် = စနိုးဝှိုက်
သတင်းထောက် တွေ အကုန်လုံး ပြန်သွားခဲ့တယ်..။သူတို့ထဲက တစ်ယောက်က တော့ ပန်ကိတ် ဘယ်လောက်အထိ အရသာ ရှိလဲ ဆိုတာကို သိသွားခဲ့ပါပြီ..။
ဒီသတင်းထောက် အတွက်ကတော့ လင်းဖန် အာမခံ နိုင်တာက..ဒီလူက လာတန်းစီ တဲ့ လူတွေထဲက တစ်စိတ်တစ်ပိုင်း ဖြစ်တော့မယ် ဆိုတာ ပါပဲ..။
ခြုးယွန် လင်းဖန် ကို လက်မ ထောင်ပြလိုက်တယ်..။
"မာစတာ လင်း..ခင်ဗျား ခုနက ပြောသွားတာ တွေက တကယ်ကြောက်ဖို့ ကောင်းတယ်နော်..။တစ်ခုခု ဖြစ်မှာကို ခင်ဗျား မကြောက်ဘူးလား.."
ခြူးယွန် ပဟေဠိ ဖြစ်စွာ မေးလိုက်တာပါ..။မာစတာ လင်းလုပ် ခဲ့တာ တွေကတော့ တကယ် အံ့ဩဖို့ကောင်းပါတယ်..။
လင်းဖန် သိချင်စိတ် နဲ့ မေးလိုက်တယ်..။
"ဘာဖြစ်နိုင်လို့လဲ..။ငါ ဘာမှ မလုပ်ခဲ့ဘူးလေ..အမှန်တရားကို ပဲ ပြောခဲ့တာ..။ဒါက ပြသနာ ဖြစ်လာနို်င်တယ် လို့ ငါတော့ မထင်ဘူး.."
ခြူးယွန် ဆွံ့အသွားခဲ့တယ်..။သူသာ မာစတာ လင်း အကြောင်း မသိရင် ကျိန်ဆဲမိတော့မှာပါ..။
ဒီငနဲက ဘယ်ကနေ ရောက်လာတာလဲ...
သို့ပေမယ့် သူ နောက်တစ်ခါလက်မထောင် လိုက်ပြီး ပြောလိုက်တယ်..။
"မာစတာ လင်း ကျုပ်ရှေ့မှာ ကျုပ်အဖိုး ရောက်နေရင်တောင် သူ့ကို အရှုံးပေးမှာ မဟုတ်ဘူး..။မာစတာ လင်းကို ပဲ အရှုံးပေးလိုက်မှာ.."
လင်းဖန် တည်ငြိမ်စွာ ပြောလိုက်တယ်..။
"ဘာများ အရှုံးပေးစရာ ရှိလို့လဲ..။ကမ္ဘာကြီးပေါ်မှာ မသိသေးတဲ့ အရာတွေ အများကြီး ရှိလေ..။ပြီးတော့ မကြွားဝါ ချင်တဲ့ လူတွေက လည်း အများကြီးပဲ.."
ခြူးယွန် ခေါင်းညိမ့်လိုက်တယ်..။သူ လင်းဖန်ရဲ့ စကား လက်ခံတာ ထင်ရှားပါတယ်..။
ကျောက်ကျန်းယန်ဟာ သူ့ရဲ့ ဖုန်းကို ကိုင်ထားရင်း ပြောလိုက်တယ်..။
"မာစတာ လင်း အားလုံးက တွေ့ချင်နေကြတယ်..။သူတို့က မာစတာ လင်းကို အရမ်း ကြမ်းတမ်းနေတယ်လို့ ထင်နေကြတာ.."
လင်းဖန် ဖုန်းကို လက်ဝေ့ယမ်းပြပြီး ပြောလိုက်တယ်..။
"ကျုပ်က ဘာတွေများ..ကြမ်းတမ်းနေလို့ တုန်း..ပုံမှန်ပါပဲ.."
တိုက်ရိုက် ထုတ်လွင့်မူ ထဲမှာတော့...
"မာစတာ လင်းက အရမ်း နိမ့်ချတတ်တာပဲ.."
"အခုက စပြီး..ခင်ဗျားက ကျုပ်ရဲ့ အိုဒေါ ပဲ.."
"ငါတော့ မာစတာ လင်းနဲ့ အပြင်မှာ တွေ့ရဖို့ တကယ်မျှော်လင့်မိတယ်..။အတူတူ မောက်မာ ကြတာပေါ့ ဟားဟား.."
လူလိမ်ထျန် လင်းဖန်ကို တစ်ချက်ကြည့်လို်က်တယ်..။
သူ ဒီကောင်လေး ကို တကယ်နားမလည်တော့ပါဘူး..။ တကယ် နားမလည် တာပါ..။သူတို့ အချိန်အကြာကြီး အတူတူနေလာခဲ့ပေမယ့် လည်း..ဒီကောင်လေး ဘာတွေ ထူးချွန်လည်း သူမသိပေ..။သူက အားကစားမှာတောင် ထိပ်ဆုံး အဆင့်ပါပဲ..။
လတ်တလောာ လင်းဖန် စိတ်ပူနေတာက..စွယ်စုံကျမ်းရဲ့ ကိုးခုမြောက်..မစ်ရှင် အကြောင်းပါ...။ဒီ မစ်ရှင်က သူ့အတွက် လွယ်ကူမယ့် ပုံရှိပြီး သိပ်မခက်ခဲသင့်ပါဘူး..။
.
အဲအချိန်မှာ..
အားကစား အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တွေဟာ ဆွေးနွေး နေခဲ့ကြပါတယ်..။
"ငါကတော့ အဲ့ ဗီဒီယို ထမ်းထားတဲ့ သတင်းထောက် ကို ခေါ်ယူ သင့်တယ်လို့ ထင်တယ်.။ ဒါက လက်ဆောင် တစ်ခုလိုပဲ..သူက တကယ် ပါရမီ ရှိတာကို တော့ အကုန်လုံး လက်ခံ ရလိမ့်မယ်.."
တစ်ချို့ လူတွေဟာ..လက်ခံကြပြီး တစ်ချို့ လူတွေဟာ လက်မခံနိုင်ကြပေ..။
"ဒါက ကျုပ်တို့ စည်းမျဥ်းတွေနဲ့..မကိုက်ညီဘူးလေ..။ကျုပ်တို့ အဖွဲ့မှာ ရှိနေတဲ့ ကစားသမားတိုင်းက အောက်ခြေကနေ တစ်ဆင့်ချင်း တက်လာခဲ့တဲ့ လူတွေ ချည်းပဲ..။တကယ်လု့ိ သူမြန်မြန်ပြေး နိုင်တာနဲ့ပဲ စည်းမျဥ်းတွေကို ချိုးဖောက် လိုက်ရင် ဘာတွေ ဖြစ်သွားမလဲ..။ကျုပ်တို့ ဒီကိစ္စကို ဘယ်လို ပြန်ဖြေရှင်းမှာလဲ.."
"ငါ သဘောတူတယ်..။တကယ်လို့ ဒီကိစ္စကို တစ်ခြား လူတွေ သိသွားရင် .သူတို့ မြန်မြန် ပြေးနိုင်သ၍ ှ့ဘယ်အဆင့်မှ ဖြတ်ကျော်စရာ မလိုပဲ..နိုင်ငံကစား သမား ဖြစ်လာနိုင်တယ် လို့ ထင်သွား ကြလိမ့်မယ်.."
"ကျုပ်မြင်တာကတော့..တစ်ယောက်ယောက်ကလသူ့ကိုအရင်ဆက်သွယ် ပြီး သူ့မှာ ..အလားအလာ ရှိတယ် လို့အရင်ပြောသင့်တယ်..။ပြီးတော့ သူ့ကို အောက်ခြေကနေ စပြိုင်ခိုင်းပြီး...ရလာဒ် တွေ နဲ့ အတူ စကား ပြောကြမယ်လေ.."
တစ်ယောက်ယောက်ဟာ သံသယ ဖြစ်စွာ မေးလိုက်တယ်..။
"သူက ငြင်းမယ် ဆိုရင် ရော.."
ခေါင်းဆောင်ဟာ ပြောလိုက်တယ်..။
"ဟားဟား..နိုင်ငံ လက် ရွေးစင် ဖြစ်ချင်တဲ့ လူတွေ ဆိုတာ အများကြီး ရှိတယ်..။တစ်ယောက်ယောက်ကို သာ သတင်းပေးခိုင်းလိုက်..ဒီကောင်လေး ကျေနပ်သွားမယ် ဆိုတာ ငါ အာမခံ တယ်..။သူက ကျေးဇူး တင်လွန်းလို့ ..မျက်ရည် တွေ ထွက်ကျလာအောင် တောင် ငိုနေလိမ့်မယ်..။ငါ့ကို ယုံတယ် မလား.."
"ဟားဟား.."
နေရာ တစ်ခုလုံး..ရယ်သံတွေနဲ့ ပြည့်နက်သွားခဲ့တယ်..။သူတို့ အတွက်ကတော့ ဒီကိစ္စက ဒီလိုပဲ ုဖစ်လာမှာ ကျိန်းသေ ပါတယ်..။
နောက်တစ်ရက်.။
ရှန်ဟိုင်း ကမ္ဘာ့ချန်ပီယံ ရှစ်ရဲ့ သတင်းတွေဟာအခုထိ အင်တာနက် ပေါ်မှာ ရှိနေတုန်း ပါပဲ..။
ယောက်ျားလေး အိုင်ဒေါ တစ်ယောက်..။
"ဒီနေ့တော့ ငါတို့ ရှာဖွေမူ စာရင်းမှာ ပါရမယ်..။အဲဲဒီ မာစတာ လင်းရော.တစ်ခြား ဟာတွေရော အကုန်ကျော်တက် ရမယ်ကွာ.."
"ဒါအမှန်ပဲ..ငါတို့ သတင်း ခေါင်းကြီး ပိုင်းကို ရတော့မှာ ကျိန်းသေတယ်.."
"ဒီနေ့ခေတ်မှာ..ပြိုင်ပွဲခေါင်းကြီးပိုင်းကို ပြိုင်ဆိုင်မူတွေ က အရမ်းများတယ်.။သေချာ မပြင်ဆင်ထားရင် ခေါင်းကြီးပိုင်းမှာ ရောက်ဖို့က အတော် ခက်ခဲတဲ့ အရာပဲ.."
"ကြည့်ရအောင် ငါတို့ ခေါင်းကြီးပိုင်း ရောက်နေပြီ လားလို့.."
"ခနစောင့်ပြီး ကြည့်ရအောင်.."
"ချီးပဲ..ဒီငနဲ ပဲလား.."
"ဘာတွေ ဖြစ်နေတာလဲ..ငါတို့က ဘာလို့ ခေါင်းကြီး ပိုင်းမှာ မရှိနေတာ့ဲ..။ဒီသတင်းက ဘယ်ကနေ တက်လာတာလဲ.."
"ဘာလို့ နောက်ထပ် သတင်းတစ်ခုက ဒီငနဲ နဲ့ ဆက်စပ်နေရ ပြန်တာလဲ..။သူခေါင်းကြီး ပိုင်းမှာ နေရာယူဖို့ ဘာနည်းလမ်းတွေ သုံးနေတာ လဲကွာ.,"
ဝိုက်ဘိုမှာ မနေ့က လင်းဖန် ပြောခဲ့တဲ့ သတင်းတွေ ပျံ့နှံံ့နေခဲ့တာပါ..။
"မာစတာ လင်းက ကစားသမားတွေ အကုန်လံူး ကို ရိုက်ချနိုင်တယ် လို့ပြော.."
"မာစတာ လင်းဟာ..နို်င်ငံ လက်ရွေးစင်တစ်ယောက် ဖြစ်လာမှာ မဟုတ်ပေ.."
"ကြားဖြတ်သတင်း.. မာစတာ လင်းဟာ နိင်ငံလက်ရွေးစင် ဖြစ်လာမယ့် အခွင့်အရေး ကို လက်လွတ်လိုက်တယ်..။အကြောင်း ပြချက်ကတော့.."
ခေါင်းကြီး သတင်းတွေ မှာ လင်းဖန် ရဲ့ အကြောင်းပဲ ကြီးစိုးနေခဲ့ပါတယ်..။UC သတင်းဌာန ဟာလည်း သတင်းရဲ့ ရှေ့မှာ ကြားဖြတ် ဆိုတဲ့ စကားလုံး ကိုသုံးးထား တဲ့ အတွက် အားလုံးကို..အာရုံ စိုက်မိစေပါတယ်..။
"ချီးပဲ..ဒီငနဲက မောက်မာ လှချည်လား.။သူ ပြိုင်ပွဲ မဝင်ချင်တာက အမြဲတမ်း ပထမ ရနေမှာ ကြောင့် ဆိုပဲ.."
"ငါကတော့ မာစတာ လင်းကို ယုံကြည်တယ်.."
"ချီးပဲ..ငါထင်တာတော့ ဒါက မောက်မာတာပဲ..။ငါထက်မောက်မာ တဲ့ လူမျိုး ရှိနေလိမ့်မယ် လို့ တပယ် မထင်ထားခဲ့မိဘူး.."
"သူက ကင်မရာ ထမ်းထားရင်တောင်..ဆီဒယ်ထက်ပိုမြန်တယ် ဆိုတာ လက်ခံပါတယ်..။ဒါပေမဲ့ သူက တစ်ခြား အမြင့်ခုန်နဲ့ မပစ်တွေမှာပါ ကျွမ်းကျင်တယ် ဆိုတာကတော့ အဓိပ္ပါယ် မရှိတာပဲ.."
"မင်းတို့ ယုံကြည်ကြည် မယုံကြည်ကြည် ငါကတော့ မာစတာ လင်းပြောတာကို ယုံကြည်တယ်..။
"မင်းတို့ တော်တော် တုန်းတာပဲ...။သူက သူ့ကို လာပြိုင်ချင်ရင်..စိတ်ဓာတ်ကို ပြင်ဆင်ထားလို့ ပြောထားတယ် တွေ့လား..။သူက ဖြစ်နိုင်ခြေတွေကိုပါ တွေးထားပြီးပြီ.."
…
တိမ်ဖြူလမ်း..။
ဝူယူလန်ဟာ လင်းဖန်ရဲ့ ..ခွက်ထဲကို လဖက်ရည် လောင်းထည့် ပေးလိုက်တယ်..။
"နင် မနေ့က ပြောထားတာတွေက အခု လိုင်းပေါ်မှာ ပြန့်နှံ့နေပြီ.."
လင်းဖန် မျက်ခုံးပင့်ပြီး ပြန်ဖြေလိုက်တယ်..။
"ဒါက ကြိုတွေးထားသလိုပဲလေ..။မနေ့က ငါ့ကို နိမ့်ချမူတွေက တစ်ခြားလူတွေ အတွက်ကတော့ ချဲ့ကားနေသလို ပါပဲ.."
လူလိမ် ထျန် ရယ်မောလိုက်တယ်..။
"ငါတော့ မင်းမသိဘူး ထင်တာပဲ..။အခု မင်းကို လူအများကြီးက အပြစ်တင်နေကြပြီ..။မနေ့က မင်းရဲ့စကားတွေက ဘယ်လောက်တောင် ကြမ်းတမ်ူလဲ သိရဲ့လား."
"ဒါအမှန်ပဲလား.."
လင်းဖန် အံ့ဩသွားကာ ဖုန်းကို ဖွင့်ပြီး ပြောလိုက်တယ်..။
"အာ..ချီးပဲ.လူတွေ အများကြီးက ငါ့ကို အပြစ်တင်နေကြတာပဲ..။ဒါပေမဲ့ မေ့လိုက်တော့..ဘယ်သူမှ အပြစ်တာ မခံရရင် ငါက သာမန်လူတစ်ယောက်လို ဖြစ်နေမှာပေါ့.."
"မနေ့က မင်းပြောတဲ့ စကားလုံးတွေက ပြသနာ ရှိနေတာ.."
လင်းဖန် ရယ်လိုက်တယ်..။
"ကြည့်ရတာ ငါ ဝိုက်ဘိုပေါ်မှာ ရှင်းလင်းအောင် လုပ်ရတော့မယ် ထင်တယ်.."
ဝူယူလန် ရယ်မောလိုက်ပြီး..
"ဒါက..ဖိအားတွေကို မခံစားနိင်တော့လို့..တောင်းပန်တော့မယ့် သဘောမျိုးလား.."
"ငါ ဘာလို့ တောင်းပန်ရမှာလဲ..။ငါဘာမှ လိမ်မပြောခဲ့ဘူး.."
လင်းဖန် ပို့စ်တင်လိုက်တယ်..။
"ပြေးခုန်ပစ် ပြိုင်ပွဲမှာ ဆိုရင်..ကျုပ်ကို တကယ်ယှဥ္နိုင်ကြမှာ မဟုတ်ပါဘူး.. ။ကျုပ်သာ ဝင်ပြိုင်လိုက်ရင်..အဓိပ္ပါယ် မရှိဖြစ်သွားလိမ်မယ်..။နိမ့်ချမူက တိုးတက်စေတယ်လေ...။ကျုပ်တော့ ဒီဆိုရိုးစကားကို ယုံကြည်တယ်.."
လူတိုင်းဟာ လင်းဖန်ကို ကြည့်ပြီး သက်ပြင်းချလိုက်တယ်..။ဝိုက်ဘိုမှာ ပို့စ်တင်လို့ဘာမှ ထူးမှာ မဟုတ်ပါဘူး..။သူ ဘာမှ မပြောပဲ နေတာကမှ ကောင်းပါဦးမယ်..။ခနနေ သူ အပြစ်တင်ခံရတော့မှာ ကျိန်းသေ ပါပဲ..။
မြို့သားတွေဟာ ဒီစကားလုံးတွေကို မြင်တဲ့ အချိန်မှာ စတင် ရယ်မောကာ. အပြစ်တင်လိုက်ကြတယ်..။
"သိပ်လည်း မမောက်မာနဲ့နော် မာစတာ လင်း."
"အရမ်းမောက်မာတာက မိုးကြိုး ပစ်ခံရနိုင်တယ်နော်.."
အဲ့အချိန်မှာတော့ လင်းဖန် ဒါတွေကို လုံးဝ စိတ်မပူခဲ့ပေ..။သူ တစ်ခုခု ကို အရင်လုပ်ရဦးမှာ ဖြစ်ပြီး..ဒါက..ရိုးရှင်းတဲ့ မစ်ရှင်ကို ပြည့်မြောက်အောင် လုပ်ရမှာပါ..။ဒီမစ်ရှင်က သူ့အတွက်တော့ ရိုးရှင်းလှပါတယ် ။
သူဖုန်းခေါ်လိုက်တယ်..။
လင်းဖန် : "ညီးအစ်ကို မင်ယန်..ကျုပ်မှာ သီချင်းတွေ အများကြီး ရှိတယ်.။ကျုပ် ဝူရွှန်းယွဲ့ကို အယ်လ် ဘမ် တစ်ခု ထုတ်စေချင်လို့.."
ဝမ်မင်ယန်ဟာ ဒါကို ကြားပြီးတော့ကြောင် အသွားခဲ့တယ်..။
"ဘာဖြစ်လို့လဲ..မင်းဝမ်း နည်းစရာတွေ ကြုံနေရလို့လား.."
လင်းဖန် ပြောလိုက်တယ်..။
"ကျုပ်ဖင်ကြီးကို ဝမ်းနည်းပါလား..။အတည်ပြောနေတာ.."
ဝမ်မင်ယမ် အကူညီမဲ့စွာ နဲ့ ပြောလိုက်တယ်..။
"ညီအစ်ကို ဝူရွှန်းယွဲ့ရဲ့ အယ်လ်ဘမ်က လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ..ထုတ်ဝေထားတာ.။ငါတို့ နည်းနည်း ထပ်စောင့် လို့ မရဘူးလား.,"
လင်းဖန် ပြောလိုက်တယ်..။
"စောင့်လို့ မရဘူး..။ပြောတာတော်လောက်ပြီ..နေ့လည်ကျရင် အယ်လ်ဘမ် အကြောင်း ဆွေးနွေးဖို့ ကျုပ်လာခဲ့မယ်.."
ဝမ်မင်ယန်ဟာ ငိုချင်နေပေမယ့် လည်း မျက်ရည်တွေ ကျမလာခဲ့ပါဘူး..။အယ်လ်ဘမ်ကို ဘာလို့ ရှေ့ဆက် နောက်ဆက် ထုတ်ချင်တာလဲ သူတကယ် နားမလည်နိုင်တော့ပေ..။ဒုတိယ အယ်လ်ဘမ်က လုံးဝ မပေါက် နိုင်ပါဘူး..။ဒါက ဆုံးရှုံးမူကြီး တစ်ခု ဖြစ်လာမှာပါ..။
လင်းဖန်ကတော့..နှေးနေကွေးကွေး မလုပ်ချင်ပေ..။
ဒီ ရိုးရှင်းတဲ့ မစ်ရှင် အသစ်ကို..ပြီးမြောက်အောင်လုပ်ပြီး..ဆယ်ခုမြောက် အသိပညာ ကို ဖွင့်ဖို့ ..သူ တစ်ချီတည်း အားကုန် ကြိုးစားရမှာပါ..။
ကိုးခုမြောက် မစ်ရှင်က ရိုးရှင်းလှပါတယ်..။အချိန်ဆွဲ ထား လို့ ဘာတွေများ အကျိုး ထူးမှာလဲ....။ဒါပေါ့..သူ အမြန်ဆုံး နည်း နဲ့ အဆုံး သတ်နိုင်ဖို့ ကြိုးစား သွား မှာပါ..။