← Chapters

လူတစ်ယောက်က အိပ်မက်တွေရှိနေဖို့ လိုအပ်တယ်...

Vol. 22 Ch. 322

လူတစ်ယောက်က အိပ်မက်တွေရှိနေဖို့ လိုအပ်တယ်...

Vol. 22 Ch. 322

သူတို့ ဖုန်းချလို်က်တယ်..။

ဝမ်မင်ယန်ဟာ အနည်းငယ် စိတ်ရှုပ်ထွေးနေခဲ့ပါတယ်..။ဘာတွေ ဖြစ်နေတာလဲ..ငါ့ညီအစ်ကိုက စိတ်ညစ်စရာ တွေ များပြီး သီချင်းတွေ ထို်င်ရေး နေတာလား..။ဝမ်မင်ယန်ဟာ ဘယ်လိုမှ မတွေးတတ်တော့ပေ..။

ယင်းနောက် သူ ကွန်ပြူတာ ကိုဖွင့်ပြီး သီချင်း ဝက်ဆိုက်ကို ကြည့်လိုက်ပါတယ်..။

ဝူရွှန်းယွဲ့ ရဲ့ အယ်လ်ဘမ်ကို နှစ်မျိုး နှစ်စားနဲ့ ဖြန့်ချီခဲ့တာ ပါ..။တစ်ခုက ဝက်ဆိုက် ထဲက ဖြစ်ပြီး နောက် တစ်ခုက အခွေ အယ်လ်ဘမ် ပါ..။လက်ရှိအခြေအနေက..ရုပ်ပိုင်း ဆိုင်ရာ အယ်လ်ဘမ်တွေက သိပ်ရေပန်း မစားတော့ တော့ပါဘူး..သို့ပေမယ့် ဒီလောက ထဲက လူတစ်ယောက် အနေနဲ့ မှတ်တမ်းတစ်ခု အဖြစ် ရုပ်ပိုင်းဆိုင်ရာ အယ်လ်ဘမ်ကို ထုတ်ဝေမှ ရမှာပါ..။ဝက်ဆိုက်ရဲ့ အရောင်းပိုင်းက .အရမ်းမများပေမယ့် လည်း အဆင်ပြေနေပါသေးတယ်..။

သူတို့ ဝက်ဆိုက်ပေါ်မှာ သင့်တော် တဲ့ နေရာတစ်ခု ကို ဝယ်ပြီး..အယ်လ်ဘမ်နဲ့ သီချင်းတွေကို ဖြန့်ချီထား ခဲ့တယ်..။ဒီ အယ်လ်ဘမ်ထဲမှာ..အရင်တုန်းက လင်းဖန် ရေးပေးထားတဲ့ မိုးကောင်းကင် သီချင်းဟာ နံပါတ် ၃ ချိတ်ပြီး..ဒေါင်းလော့ ဆွဲတဲ့ လူအရေအတွက် အများဆုံးပါ..။သို့ပေမယ့် တစ်ခြား သီချင်းတွေက..ရလာဒ် သိပ်မကောင်း ပါဘူး..။အဲ့သီချင်း တွေက..အဆင့် ၁၀..၂၀ မှာ ရှိပါတယ်..။

ဝမ်မင်ယန်ကတော့ ဒီရလာဒ် နဲ့တင် ကျနပ် နေခဲ့ပါပြီ..။ဝူရွှန်းယွဲ့က အခုမှ ပွဲဦးထွက်တာ ဖြစ်တာကြောင့်..စစချင်း ထိပ်ဆုံး ပိုင်းတွေမှာ နေရာယူဖို့ ဆိုတာက ခက်ခဲဦးမှာပါ..။

ဝူရွှန်းယွဲ့ ရဲ့ အထက်မှာ ရှိနေကြတဲ့ လူတွေက..ဝါရင့် အနုပညာ ရှင်တွေပါ..။သူတို့က အဆိုတော် ကောင်းတွေ များစွာ ဆီကလည်း အထောက်အပံ့ ရကြပါတယ်..။ဝူရွှန်းယွဲ့ဟာ သူတို့တွေ ထက် အသံပိုင်းဆိုင်ရာ ယှဥ်ပြိုင်နိုင်စွမ်း ရှိပေမယ့်လည်း နည်းပညာ နဲ့..လူသိများမူ အပိုင်းမှာ မယှဥ်နို်င်သေးပါဘူး..။

လက်ရှိအခြေအနေ အတိုင်းဆို .. အတိုင်းဆို တစ်နှစ်ခွဲ အတွင်းမှာ ဝူရွှန်းယွဲ့လည်း သူတို့ အဆင့်ကိုရောက်လာလိမ့်မယ် လို့ ဝမ်မင်ယန် မျှော်မှန်းထားပါတယ်..။သူ ရင်းနှီးထားတဲ့ ပမာဏ ဟာ မသေးငယ်ပဲ..တစ်ချို့ ဆုတံဆိပ်တွေ..အခြားအရာတွေ မှာ မူတည်ပါသေးတယ်..။

*ဒင် ဒေါင် *

"အကြီးအကဲ ဝမ် ..မာစတာ လင်းက ဒီမှာ ရောက်နေပြီ.."

ရှောင်ချန်းဟာ..တံခါးကို ဖွင့်ပြီး လင်းဖန်ကို ပါခေါ်လာခဲ့တယ်..။

ဝမ်မင်ယန် ကြောင်အသွားခဲ့တယ်..။

"စောက်ကျိုးနဲ့ ဘာတွေ ဖြစ်နေတာလဲ..။မင်း ဘာလို့ အဲလောက် တောင် အလျင်လိုနေတာတုန်း.."

"ကိစ္စအကြီးကြီး..အရမ်းကြီးမား တဲ့ အရာတစ်ခုပေါ့.."

လင်းဖန် လေးနက် တဲ့ အမူအရာနဲ့ ပြောလိုက်တယ်...။ယင်းနောက် သူ ရုံး ထိုင်ခုံမှာ ဝင်ထိုင်လိုက်ပါတယ်..။

ရှောင်ချန်းကတော့ မြင်ကွင်းကို ကြည့်ပြီး ကြောင်အနေခဲ့ပါပြီ..။သူ မာစတာ လင်းနဲ့ အကြီးအကဲ ဝမ်တို့ အရမ်းရင်းနှီးတာ ကို သိပေမယ့်လည်း.. ။

ဘယ်သူကများ..အကြီးအကဲ ဝမ်ရဲ့ ရုံခန်း ထိုင်ခုံမှာဝင်ထိုင်ရဲမှာလဲ...

သူသိသလောက် တော့ အခု မာစတာ လင်းက ပထမဆုံး လူပါပဲ.။

ဝမ်မင်ယန် ပြောလိုက်တယ်..။

"မင်း ဖုန်းထဲမှာ ပြောတဲ့ အကြောင်းအရာလား."

လင်းဖန် ပြုံးလိုက်ပြီး..

"ဒါအမှန်ပဲ..ကျိန်းသေ အဲ့အကြောင်းပဲပေါ့..။ခင်ဗျား ကူညီမှရမယ်..။ကျုပ် ရေးထားတာတွေ အကုန်လုံးကို အယ်လ်ဘမ်ထဲ ထည့်ပေးမယ်လေ.."

ဝမ်မင်ယန် အကြပ်ရိုက်သွားတယိ..။သူက သူ့ရံါ ဘဝကိုစည်းပေါ် မှာပဲ ထားတာပါ..။သူ လင်းဖန် ဲ့ သီချင်းရေး တဲ့ အရည်အချင်းကို ယုံကြည်ပေမယ့် လက်ရှိ အချိန်က အကောင်းဆုံး မဟုတ်သေးပါဘူး..။

ယင်းနောက် ဝမ်မင်ယန်ဟာ လင်းဖန်ရဲ့ ဘေးနားကိုသွားပြီး ပြောလိုက်တယ်..။

"ညီအစ်ကို ငါပြောလိုက်မယ်..။မင်း ဒီလိုမျိး မကစား သင့်ဘူးနော်..။ဝူရွှန်းယွဲ့ ရဲ့ အယ်လ်ဘမ်က မကြာသေးခင်ကမှ ထွက်ထားတာ..။လက်ရှိ ထိူးဖောက် နေတုန်းပဲ ရှိသေးတယ်..။ဒါကို ချက်ချငိးကြီး နောက်အယ်လ်ဘမ် တစ်ခု ထပ်ထုတ်လိုက်ရင်..ငါတို့ရဲ့ ဆုံးရှံး မူက အကျိုးအမြတ်ထက် ပိုများသွားလိမ့်မယ်.."

လင်းဖန် နောက် တစ်လှမ်းဆုတ်လိုက်တယ်..။

"ဘယ်နှစ်ရက် စောင့်ရမှာလဲ.."

ဝမ်မင်ယန် ငိုချင်သွားခဲ့ပါတယ်..။ဒါက ရက်ပိူင်းလောက် စောင့်ရုံ နဲ့ ရမယ့် အရာ မဟုတ်ပါဘူး..လအနည်းငယ် လောက် စောင့်မှ တော်ယုံ ကြမှာပါ..။

"သုံးလေး လ လောက်ပေါ့.."

လင်းဖန် ခနလောက် တွေးပြီး ခေါင်းခါယမ်းလိုက်တယ်..။

"ဒါက ကြာလွန်းတယ်.."

သူက မစ်ရှင် အတွက် စိတ်ပူနေလို့ မဟုတ်ပါဘူး..။အခုဟာ က ရိုးရှင်းတဲ့ မစ်ရှင် ဖြစ်နေတာကြောင့် အဲလောက် အချိန်အကြာကြီး မပေးချင်တာပါ..။

ဝမ်မင်ယန် သိချင်စွာ မေးလိုက်တယ်..။

"ညီအစ်ကို ဘာဖြစ်နေတာလဲ အတိအကျပြောစမ်းပါ.."

လင်းဖန် ဝမ်မင်ယန်ကို ..လေးနက်တဲ့ မျက်နှာနဲ့ ကြည့်ပြီး ပြောလိုက်တယ်..။

"ခင်ဗျား..နားလည်မှာ မဟုတ်ဘူး။လတ်တလော ကျုပ်ရဲ့ ဦးနှောက်ထဲမှ သီချင်းစာသားတွေ အများကြီးနဲ့ ပြည့်နေတယ်..။သီချင်း အရေအတွက် တိုရင် တော်တော် များမှာ..။ဒီ သီချင်း တွေကို ကမ္ဘာကြီးပေါ် ချပြဖို့ လိုအပ်တယ်.."

ဝမ်မင်ယန် မျက်တောင် မခတ်ပဲ စောင့်ကြည့်နေခဲ့တယ်..။ဒါက ဘယ်လို အကြောင်းပြချက် မျိုးလဲ..။

ယင်းနောက် သူ မေးလိုက် ပါတယ်..။

"ညီအစ်ကို ဒါက ဘယ်လို အကြောင်း ပြချက် မျိူးလဲ.."

"ဘာ အကြောင်း ပြချက် ဖြစ်ရမှာလဲ..။ပြောတာ လံလောက်ပြီ အချိန်တစ်လ ဟုတ်ပြီလား.."

လင်းဖန် ပြောလိုက်တာပါ..။

"ကောင်းပြီလေ.."

ဝမ်မင်ယန် ..ခေါင်းညိမ့်ပြီး ဆက်ပြောလိုက်တယ်..။

"ငါ့ညီအစ်ကို က ဒီလောက်တောင် ပြောနေပြီ ဆိုမှ တော့ အဆင်မပြေ လည်းပဲ ပြေအောင် လုပ်ပေးရတော့မှာပေါ့..။ဒီလိုမှန်း သိရင် ဝူရွှန်းယွဲ့ပို အယ်လ်ဘမ် မြန်မြန် မထုတ်ပေးပါဘူး.။ငါ မင်းရဲ့ သီချင်းတွေကို ပဲ စောင့်နေမှာပေါ့.."

လင်းဖန် ဝမ်မင်ယန် ရဲ့ ပုခုံးကို ပုတ်ပြီး ပြောလိုက်တယ်..။

"ကောင်းပြီ..ခငိဗျားက ညီအစ်ကို ကောင်းပဲ..။ကျုပ်သွားတော့ မယ်.."

လာတုန်းကလည် အလျင်စလို..ပြန်တော့လည်း အလျင်စလို ပါပဲ..။

ဝမ်မင်ယန် လှမ်းအော်ပြောလိုက်တယ်..။

"မင်း ငါ့ဆီကို ဒါ ပြောဖို့ အတွက် လာခဲ့တာလား.."

လင်းဖန် ရဲ့ အသံက တံခါးအပြန်ဘက်က နေထွက်လာခဲ့ပါတယ်..။

"ဒါပေါ့..ဘာတွေ များ ထပ်ပြောရဦမှာ လဲ..."

ဝမ်မင်ယန် အကူညီ မဲ့နေခဲ့တယ်..။သူ ဒေတာ တွေကို ..ပြန်စစ်ဆေးဖို့ လုပ်နေတဲ့ အချိန်မှာပဲ လင်းဖန် ပြန်ရောက်လာတာ တွေ့လိုက်ရပါတယ်..။

"မင်းဘာလို့ ပြန်လာတာလဲ.."

"ကျုပ် တစ်ခု မေ့ကျန်ခဲ့လို့...။ကျုပ်မေးပါရစေ..တကယ်လို့ ကျုပ်သာ..ကလေးသူငယ် လူမူ ဖူလုံရေး ကျောင်းဖွင့်မယ်ဆိုရင်..ကျုပ်မှာ အရည်အချင်း ရှိမယ် လို့ ထင်လား.."

ဝမ်မင်ယန် မေးလိုက်တယ်..။

"ဒါ တကယ်ကြီးလား.."

"ဘာတွေ ပြောနေတာတုန်း..ကျုပ်မေးပြီ ဆိုမှတော့ ..ဒါတကယ်ပေါ့.."

ဝမ်မင်ယန် ခေါင်းခါယမ်းလိုက်တယ်..။

"မင်းမှာ လုံလောက်တဲ့ အရည်အချင်းတွေ မပြည့်မှီဘူး..။ဒီလို ကျောင်းတစ်ကျောင်း ဖွင့်ဖို့က လုံလောက်တဲ့ ပိုက်ဆံ နဲ့ဝင်ငွေ လမ်းကြောင်း တစ်ခု အတည်တကျ ရှိရမယ်..။ပြီးတော့ မင်းက လူမူ ရေးရာ မှာလည်း အဆင့်အတန်း တစ်ခု ရှိရမယ်..။ဒီ အခြေအနေ သုံးခု မရှိရင်..အဆင်ပြေမှာ မဟုတ်ဘူး..။အစိုးရကလည်း မင်းကို စုံစမ်းဦးမှာ..မင်းရဲ့ အမူအကျင့်..မိသားစုနောက်ခံ..အလုပ်အကိုင် ..စသဖြင့်ပေါ့..။ဒါက အတော်ရှုပ် ထွေးတယ်..။ဘာလို့ ငါ့ကို ရုတ်တရက်ကြီး မေးတာလဲ.."

လင်းဖန် ပြုံးပြီး ပြန်ဖြေလိုက်တယ်..။

"ကျုပ်မှာ တစ်နေ့တစ်နေ့ လုပ်စရာ မရှိတော့..။အဓိပ္ပါယ်ရှိတဲ့ အရာလေး လုပ်မလား လို့.."

"ကောင်းပြီ ကောင်းပြီ မင်းလုပ်ချင်တာ လုပ်လို့ရတယ်.။မင်တကယ် လုပ်ချင်ရင် ငါ ကူပြီး လျောက်ပေးလို့ရတယ်..။ဒါပေါ့ မင်းသေချာ တွေးဖို့ တော့ လိုအပ်တယ်..။ဒါက ရိုးရှင်းတဲ့ အရာတစ်ခု မဟုတ်ဘူး..။မင်း ဒါကို စလုပ်ပြီ ဆိုတာနဲ့ အရာရာတိုင်းကို တာဝန်ယူရလိမ့်မယ်.."

ပရဟိတ လုပ်တဲ့ လူတွေ အများကြီး ရှိပေမယ့် လည်း သူတို့ အများစုက မိဘမဲ့ ဂေဟာ တို့ မသန်စွမ်း ဂေဟာ တို့ မဖွင့်ချင်ကြပါဘူး..။ဒါက ဘဝတစ်ခုလုံး တာဝန်ယူရမှာပါ..။ပိုက်ဆံက အရေးကြီးပေမယ့်လည်း..ဒီလို ဖွင့်ပြီးသွားရင် လွတ်လွတ်လပ်လပ် သွားလို့ မရတော့ပေ..။ပိုက်ဆံ အမြောက်အများ လှူလိုက်တာကသာ..သူတို့ရဲ့ ဂုဏ်သတင်းကို အမြန် မြင့်တင်ဖို့ အတွက် နည်းလမ်း ကောင်းတစ်ခုပါ..။

လင်းဖန် ခေါင်းညိမ့်ပြီး ပြောလိုက်တယ်..။

"အိုး ဟုတ်သားပဲ..။တကယ်လို့ ..အစိုးရက ဖွင့်ဖားတဲ့ မသန်စွမ်း ကျောင်း ဆိုရင်ရော..ကျုပ်လက်လွှဲယူလို့ရလား.."

"ဘယ်တစ်ခုလဲ.."

ဝမ်မင်ယန် အနည်းငယ် တွေးလိုက်ပြီး ထပ်ပြောလိုက်တယ်..။

"မင်းပြောချင်တာ ..ငါတို့ အရင်က..သွားဖူးတဲ့ နမ်ရှမ်း မိဘမဲ့ ဂေဟာ ကိုပြောတာလား.."

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..

"ဟုတ်တယ် အဲ့တစ်ခုပဲ.."

ဝမ်မင်ယန် ခနလောက် တွေးလိုက်ပြီး ပြောလိုက်ပါတယ်..

"ငါ မေးကြည့်ပေးထားမယ် လေ..။ပြသနာ တော့ မရှိလောက်ပါဘူး.။အများကြီးတော့ မမျှော်လင့်နဲ့.."

"ကောင်းပြီ ခင်ဗျားကိုပဲ..ပြသနာ ပေးရတော့မယ်..။တကယ်လို့ တစ်ခုခုလိုရင် ဖုန်းဆက်လိုက်လေ.."

ဒီလို ကလေးသူငယ် ဂေဟာ မျိုးက သူလုပ်ချင်တဲ့ အရာပါပဲ..။

လင်းဖန် အနည်းငယ် စိတ်လှုပ်ရှားနေခဲ့တယ်..။သူသာ ကလေးတွေ အကုန်လုံးကို ပါရမီ ရှင် အဖြစ် ပျိုးထောင် နိုင်ခဲ့ရင် ဒါက ကြောက်စရာပါပဲ..။ဒါပေါ့..ဒါက သူ့ရဲ့ အတွေးတွေပါ..ဘာပဲဖြစ်ဖြစ် အချိန်လိုအပ်ပါသေးတယ်..။

သူ့ရဲ့ ကျွမ်းကျင်မူတွေက ကလေးတွေ အလုံးစုံ မတတ်မြောက်နိုင်ပေမယ့်..နည်းနည်းလောက် ကျွမ်းကျင်ရင်တောင်..လူပ်ငန်းတွေရဲ့ ထိပ်ပိုင်းမှာ လုပ်ကိုင်ဖို့ အတွက် လုံလောက်ပါတယ်..။

ဒါက အတော်ခက်ခဲမှာ ဖြစ်ပေမယ့်လည်း..လူတိုင်းမှာ အိပ်မက် တစ်ခုတော့ ရှိရမှာပါ..။

All Chapters